Saturday, May 22, 2021

"ဗြဟ္မစိုရ်တရားနှင့် လူမှုဆက်ဆံရေး"

 [Unicode]"ဗြဟ္မစိုရ်တရားနှင့် လူမှုဆက်ဆံရေး"

•••••••••••••••••••••••••••••••••••••••••

#ဘာသာရေးဆောင်းပါး

#မနာပဒါယီ_အရှင်ဝိစိတ္တ

#လူမှုဆက်ဆံရေး




အသက်အရွယ်တစ်ခုရလာတာနဲ့ လူပေါင်းစုံနဲ့ဆက်ဆံရတဲ့ အရေအတွက်ကလည်း များသထက်များလာတယ်။ တစ်ခါတလေ ကိုယ့်ဘက်က အကောင်းဆုံးဆက်ဆံပေါင်းသင်းပေးပေမယ့် ဘာကြောင့်အဆင်မပြေသလဲ တွေးမိတဲ့အခါလည်းရှိတယ်။ 

ဘုန်းဘုန်းတို့ တရားပွဲတစ်ခုမှာ ဒကာမကြီးတစ်ယောက်က သူ့ရဲ့အတွေ့အကြုံလေးကို လျှောက်ပါတယ်။ 


“အရှင်ဘုရား… တပည့်တော်ဟာ အသက်အရွယ် ကြီးရင့်လာတာနဲ့အမျှ ဖြတ်သန်းခဲ့ရတာတွေလည်း များပြီ၊တွေ့ကြုံခဲ့ရတာတွေလည်း များပြီ၊ ဆက်ဆံခဲ့ရသူတွေလည်း တော်တော်စုံခဲ့ပြီဘုရား။ အထူးသဖြင့် အကျင့်စရိုက်အမျိုးမျိုး ရှိတဲ့သူတွေနဲ့အများကြီး တွေ့ကြုံဆက်ဆံ ခဲ့ရပါတယ်။ အခုလည်းဆက်ဆံတုန်း၊ နောင်လည်း ဆက်ဆံနေရဦးမှာပါ။ ဒါပေမယ့် အရှင်ဘုရားရေ… လူတွေက အမျိုးမျိုး ဆိုတော့ တပည့်တော်ဘက်က ဘယ်လိုပဲကြိုးစား ဆက်ဆံဆက်ဆံ လူမှုဆက်ဆံရေးမှာ အဆင်မပြေလှဘူးဘုရား..။ တပည့်တော်လည်း ကြိုးစား တာပဲ မှန်ကန်ပြီး အကျိုးရှိတဲ့ လူမှုဆက်ဆံရေး မဖြစ်ခဲ့ဘူးဘုရား…။ အဲဒါ… အရှင်ဘုရားအနေနဲ့ ဘုရားအဆုံးအမနဲ့ ကိုက်ညီမယ့် လူမှု နယ်ပယ်မှာ အကောင်းဆုံး ဆက်ဆံနိုင်မယ့် ဆက်ဆံနည်းလေးရှိရင် တပည့်တော်မကို မိန့်ကြားပေးပါဘုရား“ လို့ လျှောက်ဖူးပါတယ်။ “အင်း… ရှိပါတယ် ဒကာမကြီး…၊ ဗြဟ္မစိုရ်တရားလေး လက်ကိုင် ထားပြီး ဆက်ဆံကြည့်ပါ၊ အားလုံးနဲ့ အဆင်ပြေသွားပါလိမ့်မယ်“ လို့ ဘုန်းဘုန်း အနေနဲ့ အဖြေပေးလိုက်ပါတယ်။


ဟုတ်ပါတယ်။ လောကမှာ လူအမျိုးမျိုး၊ အကျင့်စရိုက်အမျိုးမျိုး၊ သဘောထားအမျိုးမျိုးရှိတဲ့ အတွက်ကြောင့် စိတ်တွေလည်း အမျိုးမျိုး ဖြစ်နေကြပြီး လူမှုဘ၀ဆက်ဆံရေးဟာ တစ်ဦးနဲ့တစ်ဦး အဆင်ပြေပြေ ရှိဖို့မလွယ်လှပါဘူး။ ဒါပေမယ့် လွယ်အောင်ဆက်ဆံလို့တော့ ရပါတယ်။ အဲဒါက ကိုယ့်ကိုယ်ကို အရင်ပြုပြင်ပြီး ကိုယ်ကိုယ်တိုင်ရဲ့ စိတ်ထဲမှာ ရှိရမယ့် တရားလေးများကို တည်ရှိအောင် ကြိုးစားရယူကာ ဆက်ဆံကြည့်တဲ့ နည်းလေးပါ။ ဒီနည်းကို ဗြဟ္မစိုရ်တရား လက်ကိုင်ထားပြီး ဆက်ဆံတဲ့နည်းလို့ အလွယ်ပြောနိုင်ပါတယ်။ တကယ်တော့ လောကမှာ လူတွေအမျိုးမျိုး ရှိတယ်လို့ ပြောနေကြပေမယ့် မြန်မာ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အမေရိကန်၊ အင်္ဂလန်စတဲ့ အမည်နာမတွေကိုမသုံးဘဲ မနုဿဘုံလို့ခေါ်တဲ့ လူ့ဘုံမှာရှိတဲ့ လူသားတွေလို့သာ ပြောလိုက်ရင် လူအမျိုးအစား အများကြီး မရှိတော့ပါဘူး။ လူအမျိုးမျိုးလည်း မကွဲတော့ပါဘူး။ အသားအရောင်၊ အဖြူအမည်း၊ ဆံပင်အမွေး အဖြူအနီစတာတွေဟာ အရေပြားပေါ်မှာ ဖြစ်လာတဲ့ ကွဲပြားခြားနားမှုများသာဖြစ်ပြီး ပခုံးနှစ်ဘက်ကြားက ခေါင်းပေါက်လာကြကာ ရုပ်နာမ်နှစ်ပါးခန္ဓာငါးပါးနဲ့ ဖွဲ့စည်းထားတဲ့ လူလို့သာနားလည်လိုက်ရင် လူအမျိုးအစား မများတော့ပါဘူး။ တိတိကျကျ ခွဲခြားလိုက်ရင် လေးမျိုးပဲ ရှိပါတယ်။ အဲဒီလေးမျိုးက..


၁။ ကိုယ်နဲ့တန်းတူဖြစ်တဲ့သူ

၂။ ကိုယ့်အောက်နိမ့်ကျတဲ့သူ

၃။ ကိုယ့်ထက်သာတဲ့သူ

၄။ ကိုယ့်နဲ့တန်းတူလည်းမဟုတ်၊ နိမ့်ကျတာလည်းမဟုတ်၊ 

သာတာလည်းမဟုတ်တဲ့ ကြားဖြစ်တဲ့သူတို့ပဲဖြစ်ပါတယ်။


ဆိုတော့ကား ဘယ်လောက်ပဲလူတွေ အမျိုးမျိုးရှိနေပါစေ ဒီလေးမျိုးထဲမှာပဲ သွားပြီးအကျုံးဝင်ပါတော့တယ်။ အဲဒီတော့ ဒီလူလေးမျိုးကိုပဲ အဆင်ပြေအောင် ဆက်ဆံနိုင်မယ်၊ ဆက်ဆံလိုက်မယ်ဆိုရင် လူမှုဘ၀ဆက်ဆံရေးဟာ အားလုံးအဆင်ပြေသွားမှာပါ။ ကောင်းပါပြီ။ ဒီလူလေးမျိုးကို ဘယ်လိုစိတ်ထား၊ ဘယ်လိုတရားတွေနဲ့ လိုက်ကိုင်ထား ဆက်ဆံကြမလဲဆိုရင် ခုနပြောခဲ့တဲ့ ဗြဟ္မစိုရ်တရား လက်ကိုင်ထားပြီး ဆက်ဆံကြည့်ဖို့ပါပဲ။ ဗြဟ္မစိုရ်ဆိုတာ ဗြဟ္မစရိယဆိုတဲ့ ပါဠိစကားလုံးကို တိုက်ရိုက်မြန်မာမှုပြုထားခြင်း ဖြစ်ပါတယ်။


ဗြဟ္မစရိယ = မြတ်သောအကျင့်လို့ အဓိပ္ပါယ်ယူနိုင်သလို ဗြဟ္မာ့ပြည်ရောက်ကြောင်း အကျင့်လို့လည်း နားလည်နိုင်ပါတယ်။ ဗြဟ္မ= မြတ်သော၊ တစ်နည်းအားဖြင့် ဗြဟ္မာတို့နဲ့ သက်ဆိုင်သော၊ စရိယ= အကျင့်လို့ တစ်လုံးချင်းအဓိပ္ပါယ် ဖွင့်ဆိုနိုင်ပါတယ်။ ဒီဗြဟ္မစရိယခေါ် ဗြဟ္မစိုရ်တရား လေးပါးရှိပါတယ်။ ဒီလေးပါးက…


၁။ မေတ္တာ

၂။ ကရုဏာ

၃။ မုဒိတာ

၄။ ဥပေက္ခာ

ဆိုတဲ့ တရားလေးပါးပါပဲ။ မေတ္တာက ချစ်ခင်ခြင်း အကျိုးလိုလာခြင်းလို့ အဓိပ္ပါယ်ရပြီး ကရုဏာကတော့ သနားခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ မုဒိတာကတော့ သူတပါးကြီးပွား တိုးတက်မှုအပေါ် ၀မ်းမြောက်ခြင်းဖြစ်ပြီး ဥပေက္ခာကတော့ အပြစ်လည်းမဖြစ်၊ အချစ်လည်းမဖြစ်၊ တစ်နည်းအားဖြင့် ကုသိုလ်လည်းမဖြစ်၊ အကုသိုလ်လည်းမဖြစ်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ဒီတော့ကား လူအမျိုးမျိုးမရှိ လေးမျိုးပဲရှိတဲ့ လူမျိုးများကို ဒီတရားလေးပါးပဲ လက်ကိုင်ထား ဆက်ဆံကြည့်နိုင်မယ်ဆိုရင် လူမှုနယ်ပယ် ဆက်ဆံရေးဟာ သေချာပေါက် အဆင်ပြေသွားမှာပါ။


♦ ပထမဆုံး တန်းတူဖြစ်တဲ့သူ။ တန်းတူဖြစ်တယ်ဆိုတာ ကိုယ်နဲ့အသက်အရွယ်၊ ရာထူးဌာနန္တရ၊ ဂုဏ်အားဖြင့် တန်းတူဖြစ်တဲ့သူကို ပြောတာပါ။ 

ဒီလို အစစအရာအရာ တူညီနေတဲ့ အတူဖြစ်နေတဲ့ သူတွေကို တွေ့ရင် မေတ္တာတရားလက်ကိုင်ထားပြီး ဆက်ဆံကြည့်ရမယ်တဲ့။ ဆက်ဆံကြည့်ပါပေါ့…။ အဲလို မေတ္တာတရား မထားနိုင်ဘူးဆိုရင်တော့ သူနဲ့ကိုယ်ဟာ အကုန်တူနေတဲ့အတွက် သူ့ထက်ငါသာအောင် ပြိုင်ဆိုင်တတ်ကြပါတယ်။

ပြိုင်လာပြီဆိုရင်တော့ မကောင်းတော့ပါဘူး။ ပညာတွေပြိုင်၊ ရာထူးတွေပြိုင်၊ မာနတွေပြိုင်စသဖြင့် လုပ်လာတတ်ကြပါတယ်။ ပြိုင်ရင်းပြိုင်ရင်းနဲ့ 

အနိုင်ရအောင် မဟုတ်တဲ့နည်းတွေ သုံးလာတတ်ပါတယ်။ 


♦ ခဏအနိုင်ရဖို့အတွက် သံသရာနဲ့အပြိုင် ပေးဆပ်ရတဲ့အထိ လုပ်လာတတ်ပါတယ်။ ဒီအခါမှာ ပြိုင်ရင်းပြိုင်ရင်း အရှုံးတွေဖြစ်ကာ အပါယ်ခရီးမှာ လုံးလုံးနစ်တတ်ကြပါတယ်။ ဘာပဲဖြစ်ဖြစ် သူများနဲ့ ပြိုင်တာမကောင်းပါဘူး။ သို့သော် ကိုယ့်ကိုယ်ကိုတော့ ပြိုင်နေရပါမယ်။ ယနေ့ငါနဲ့ မနက်ဖြန်ငါဟာ မတူအောင် ပြိုင်နေရပါမယ်။ မကောင်းတဲ့ ဘက်မှာမဟုတ် ကောင်းတဲ့ဘက်တွေမှာပါ။ ယနေ့ငါဟာ ကံငါးပါးမလုံသေးပေမယ့် မနက်ဖြန်ငါကတော့ ကံငါးပါးလုံစေရမယ်လို့ ပြိုင်ရပါမယ်။ 


♦ ယနေ့ငါဟာ ကိုယ်ကျင့်တရား မကောင်းပေမယ့် မနက်ဖြန်ငါကတော့ ကိုယ်ကျင့်တရားကောင်းရမယ်လို့ ပြိုင်ရပါမယ်။ ယနေ့ငါဟာ ဒါန၊ သီလ၊ ဘာဝနာ အလုပ်တွေကို ဒီလောက်ပဲ လုပ်နိုင်သေးပေမယ့် မနက်ဖြန်ငါကတော့ ဒီထက်ပိုပြီး လုပ်နိုင်ရမယ့်လို့ ပြိုင်ရပါမယ်။ ဒီနေ့ငါဟာ စိတ်ထားလေးတွေကို ဒီလောက်ပဲ ပြုပြင်နိုင်သေးပေမယ့် မနက်ဖြန်ငါကတော့ ဒီထက်ပိုပြီး ပြုပြင်နိုင်ရမယ်လို့ ပြိုင်ရပါမယ်။ ဒါက ကိုယ့်ရဲ့ သံသရာကောင်းရေးအတွက် ပြိုင်ရမှာကို ပြောတာပါ။ သူတပါးတွေနဲ့ကတော့ ပြိုင်ဖို့မလိုပါဘူး။ တူလာရင် မေတ္တာနဲ့ ဆက်ဆံတတ်ဖို့ပဲ လိုပါတယ်။ သူ့အကျိုးကို ကြည့်တတ်မြင်တတ်အောင် ကြိုးစားပေးဖို့ပဲ လိုပါတယ်။ ဒါဆိုရင် တန်းတူဖြစ်တဲ့သူတွေနဲ့ ဆက်ဆံရာမှာ အခက်အခဲ မရှိနိုင်တော့ပါဘူး။ ဒါကြောင့် ကိုယ်နဲ့တန်းတူဖြစ်တဲ့သူကို မေတ္တာတရား လက်ကိုင်ထားပြီး ဆက်ဆံကြည့်ဖို့၊မေတ္တာမထားနိုင်က ပြိုင်လာနိုင်ပြီး ပြိုင်လာရင် အပြစ်ဖြစ်လာတတ်တဲ့အတွက် မပြိုင်ကြဖို့ ဆိုခြင်းဖြစ်ပါတယ်။


♦ နောက် ကိုယ့်အောက်နိမ့်ကျတဲ့သူ။ ဒီနိမ့်ကျတယ်ဆိုရာမှာလည်း 

အသက်အရွယ်၊ ရာထူးဌာနန္တရ၊ ဂုဏ်အားဖြင့် နိမ့်ကျတာကို ပြောတာပါ။ 

ဒီလို ကိုယ့်အောက်နိမ့်ကျတဲ့သူကိုတော့ ကရုဏာတရားလက်ကိုင်ထားပြီး 

ဆက်ဆံကြည့်ပါတဲ့။ ကရုဏာဆိုတာ သနားခြင်းကို ပြောတာပါ။ အဲလို ကိုယ့်အောက်နိမ့်ကျတဲ့သူတွေနဲ့ ဆက်ဆံတဲ့အခါမှာ သနားခြင်း ကရုဏာတရား မထားနိုင်ရင် အနိုင်ယူလာတတ်၊ အနိုင်ကျင့်လာတတ်ပါတယ်။ အနိုင်ကျင့်လာပြီဆိုရင်လည်း မကောင်းတော့ပါဘူး။ နိုင်ထက်စီးနင်းလုပ်တာ မတရားဖိနှိပ်မှုပြုတာ၊ တစ်ဘက်သူကို အကျပ်အတည်း ဒုက္ခဖြစ်အောင်လုပ်တာ စတာတွေဟာ အကုသိုလ်အပြစ်တွေနဲ့ ဆက်ဆံနေပြီး အပါယ်လားစေနိုင်တဲ့အထိ ဖြစ်တတ်ပါတယ်။


သေချာစဉ်းစားကြည့်ရင် ကိုယ့်လောက်မှမတော်၊ ကိုယ့်လောက်မှ အရည်အချင်းမရှိ၊ ကိုယ့်လောက်မှ ကံအကျိုးပေးမကောင်းလို့ ကိုယ့်အောက်ရောက်နေကာ ကိုယ့်ထက်နိမ့်ကျနေသူကို ဘာကြောင့် အနိုင်ယူကြတော့မှာလဲ…၊ သူ့ကိုနိုင်လို့ကော ကိုယ့်အတွက် ဘာအကျိုးဖြစ်သွားမှာလဲ..၊ ကိုယ့်လောက်မှ မရှိဘဲ အစစအရာရာ နိမ့်ကျနေသူကို အနိုင်ယူတော့ကော ကိုယ်ကဘာတွေ ရသွားမှာလဲ…စသဖြင့် စဉ်းစားစရာတွေပါ။ 


ဒါပေမယ့် ရသွားတာတစ်ခုတော့ ရှိလိမ့်မယ်။ ကိုယ့်အောက်နိမ့်ကျသူကို အနိုင်ယူလိုက်တဲ့ ဒေါသကြောင့်အကုသိုလ်အပြစ်ဖြစ်သွားပြီး ဒေါသရဲ့

နောက်ဆက်တွဲအဖြစ် နောင်တနဲ့ သောကတွေ ရသွားပါလိမ့်မယ်။ ဒါဟာ ကရုဏာမထားနိုင်ဘဲ အနိုင်ယူလိုက်ခြင်းရဲ့ ဆိုးကျိုးပါ။ ဒါကြောင့် ကိုယ့်အောက်နိမ့်ကျသူကို အနိုင်မယူဘဲ သနားခြင်း ကရုဏာတရား လက်ကိုင်ထားပြီး ဆက်ဆံနိုင်မယ်ဆိုရင် ဒီလိုသူမျိုးများရှိတဲ့ လူမှုနယ်ပယ် ဆက်ဆံရေးဟာ အဆင်ပြေသွားမှာပါလို့ ဆိုရခြင်းဖြစ်ပါတယ်။


♦ ကိုယ်ထက်သာသူနဲ့ ဆက်ဆံဖို့ကတော့ မုဒိတာတရား အထူးလိုအပ်ပါတယ်။ မုဒိတာဆိုတာ ၀မ်းမြောက်ပေးတာ၊ အတူပျော်ရွှင် ကျေနပ်ပေးတာကို ပြောတာပါ။ ကိုယ့်ထက် အသက်သိက္ခာဂုဏ်ဝါ၊ ရာထူးဌာနန္တရ စသည်သာသူကို ဆက်ဆံတဲ့အခါ ဒီမုဒိတာက အလွန်အရေးပါပါတယ်။ မုဒိတာတရား ထားနိုင်မှ အဆင်ပြေအောင် ဆက်ဆံနိုင်ပါတယ်။ မုဒိတာတရား မထားနိုင်ဘူးဆိုရင်တော့ သူနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ "ဣဿာနဲ့ မစ္ဆရိယ" တရားတွေက ၀င်ရောက်နေရာ ယူသွားတတ်ပါတယ်။ 


ဣဿာဆိုတာ သူတပါးအပေါ်မှာ မနာလိုဖြစ်တာ၊ မစ္ဆရိယဆိုတာက မိမိမှာရှိတာကို ၀န်တိုတာပါ။ နှစ်ခုလုံးမကောင်းပါဘူး။ စာပေက ဒီတရားနှစ်ပါးကို အတွင်းရန်သူနှစ်ဦးလို့ ဆိုပါတယ်။ ဒီအတွင်းရန်သူ နှစ်ဦးကိုယ့်သန္တာန်မှာဖြစ်ပြီဆိုရင် သူတို့က ကိုယ့်ကိုအရင်နှိပ်စက်တော့တာပါပဲ။ ဒီလိုနှိပ်စက်ခံရတော့ ကိုယ်ကလည်း ဒီနှစ်ပါးရဲ့ စေ့ဆော်စေခိုင်းချက်နဲ့ သူတပါးအပေါ်မှာလည်း ဒုက္ခပေးနှိပ်စက်မိပြန်ပါတယ်။ ဒီတရားနှစ်ပါးဟာ ကိုယ့်ကိုလည်း ပူလောင်စေတတ်သလို သူတပါးကိုလည်း ပူလောင်စေတတ်ပါတယ်။ 


ဒါကြောင့် ဒီတရားတွေ မ၀င်အောင် အမြဲကြိုးစားရပါတယ်။ ဒီတရားဝင်လာတာဟာ ခုနပြောခဲ့တဲ့ မုဒိတာတရား မရှိလို့၊ မုဒိတာတရား ခေါင်းပါးလို့ဖြစ်တာပါ။ ဒါကြောင့် မုဒိတာ ပွားနိုင်အောင် ကြိုးစားပါလို့ ဆိုရခြင်းဖြစ်ပါတယ်။ 


♦ အပြောလွယ်သလောက် အလုပ်ခက်တာ ဒီမုဒိတာ တရားပါ။ 

များသောအားဖြင့် လူတွေဟာ ကရုဏာတရား ဖြစ်ဖို့လွယ်သလောက် မုဒိတာတရားပွားပေးဖို့ ခက်တတ်ကြပါတယ်။ ခက်လို့ မပြုပြင်ဘူး ဒီတိုင်းထားလိုက်မယ်ဆိုရင် ပိုလို့သာ ဆိုးစေပါလိမ့်မယ်။ ဒါကြောင့် ကိုထက်သာတဲ့ သူတွေနဲ့ အဆင်ပြေအောင် ဆက်ဆံနိုင်ဖို့ သူတပါးရဲ့ တိုးတက်မှုအပေါ်၊ အောင်မြင်မှုအပေါ်၊ အစစအရာရာ ၀မ်းမြောက်ဝမ်းသာ ပေးနိုင်အောင် မုဒိတာတရား လက်ကိုင်ထားပြီး ဆက်ဆံကြည့်ဖို့လိုပါတယ်။ ဒီလိုဆိုရင် လူမှုနယ်ပယ်မှာ အဆင်ပြေသွားပါလိမ့်မယ်။


တစ်ချို့ကျတော့ မေတ္တာထား ဆက်ဆံပေးလို့လည်းမရ၊ ကရုဏာတရားထားပေးလို့လည်း မဖြစ်၊ မုဒိတာပွားပေးလို့လည်း အဆင်မပြေတဲ့ ဟိုဟာလည်းမဟုတ် ဒါလည်းမဟုတ်တဲ့ ကြားဖြစ်နေတဲ့ သူတွေလည်း ရှိပါတယ်။ ဒီလိုသူမျိုးကိုတော့ ဥပေက္ခာတရား လက်ကိုင်ထားပြီး ဆက်ဆံကြည့်စေချင်ပါတယ်။ အဆင်ပြေသွားပါလိမ့်မယ်။ ဥပေက္ခာဆိုတာ ပြီးပြီးရော သူဟာသူ ဖြစ်ချင်ရာဖြစ်ဆိုပြီး လျစ်လျူ ရှုပစ်လိုက်တာမျိုး မဟုတ်ပါဘူး။ တစ်ဘက်သူကို အမှီပြုပြီး ကုသိုလ်လည်း မဖြစ်၊ အကုသိုလ်လည်း မဖြစ်အောင် နေလိုက်တာပါ။ ငါကောင်းရဲ့သားနဲ့ ငါ့အပေါ်ဒီလိုလုပ်တာ တော်ပြီကွာ ဒင်းထိုက်နဲ့ဒင်းပဲ ရှိပါစေဆိုတဲ့ ကိုယ်အလိုမကျလို့ လှည့်မကြည့်ဘဲ ပြစ်ထားတာမျိုး မဟုတ်ပါဘူး။ သူ့အပေါ် အမုန်းတရားလည်း မထား၊ အချစ်တရားလည်း မထားဘဲ ကိုယ့်ကိုယ်ကို အပြစ်မဖြစ်အောင် နေလိုက်တဲ့ သဘောကို ဥပေက္ခာလို့ ဆိုနိုင်ပါတယ်။


တစ်ခါတစ်ရံမှာ တစ်ချို့သူတွေဟာ ဘယ်လိုပဲ ကိုယ့်ဘက်က လိုက်လျောသီးခံ အမျိုးမျိုးကြိုးစား ဆက်ဆံပေမယ့် အဆင်မပြေကြပါဘူး။ ဒီလိုသူမျိုးကို အတင်းအဓမ္မလိုက်ပြီး ကြိုးစားဆက်ဆံနေရရင်လည်း သူကဘာမှဖြစ်မှာမဟုတ်ဘူး ကိုယ်သာအကုသိုလ်တွေ တိုးလာတတ်ပါတယ်။ ဒါကြောင့် ဒီလိုသူမျိုးကျတော့ “အေးလေ… သတ္တ၀ါတွေဆိုတာ သဗ္ဗေသတ္တာ ကမ္မဿကာ ဆိုတဲ့အတိုင်း သူကံနဲ့သူဖြစ်နေတာပါလား၊ အဲဒီလို မတူညီတဲ့ ကံတွေနဲ့ နေသူတွေကို ငါက တူအောင်လိုက်ညှိနေလည်း ငါပဲအကုသိုလ်တွေ တိုးနေတော့မှာပဲ၊ သူ့ကိုအမှီပြုပြီး အကုသိုလ်လည်း မဖြစ်အောင် ကုသိုလ်လည်းမဖြစ်အောင် ငါဘာသာငါနေတာပဲ ကောင်းပါတယ်..“ ဆိုတဲ့ စိတ်လေးနဲ့ပဲ နေနိုင်အောင် ကြိုးစားလိုက်ရင် ဒီလို ကြားကျနေတဲ့သူအပေါ်မှာလည်း အဆင်ပြေအောင် တွေးတတ် နေတတ်၊ ဆက်ဆံတတ်သွားမှာပါ။


အချုပ်အားဖြင့် လူအမျိုးမျိုး အကျင့်အမျိုးမျိုး စိတ်အမျိုးမျိုး ရှိနေတယ်လို့ ဘယ်လောက်ပင် ပြောကြပါစေ၊ လူမျိုးတွေ ဘယ်လိုပဲကွားပြားကြပါစေ၊ အနှစ်သာရ အဆင့်အတန်းနဲ့ ခွဲလိုက်ရင် လေးမျိုးပဲ ရှိတဲ့အတွက် ဒီလူလေးမျိုးကို အဆင်ပြေအောင် ကြိုးစားကာ လူမှုနယ်ပယ်မှာ လူတွေကို အမှီပြုပြီး အကုသိုလ်မဖြစ်အောင် ဆက်ဆံနိုင်ဖို့ အမြတ်ဆုံး ဆက်ဆံနည်းဖြစ်တဲ့ ဗြဟ္မစရိယခေါ် မြတ်သောဗြဟ္မစိုရ် အကျင့်တရားကိုသာ အသုံးပြု ဆက်ဆံတတ်ကြဖို့ပဲ ဖြစ်ပါတယ်။ ဒီဗြဟ္မစိုရ်တရားဟာ ဗြဟ္မပြည်ရောက်ကြောင်း မြတ်သောအကျင့်ကောင်း ဖြစ်ပေမယ့် လူ့ဘောင်အဖွဲ့အစည်းတွင်လည်း ရှိသင့်တဲ့တရား၊ လက်ကိုင်ထားသင့်တဲ့ တရားဖြစ်ပါတယ်။


ဒီဗြဟ္မစိုရ်တရားတွေ မရှိတော့ဘူး၊ ခေါင်းပါးသွားပြီဆိုရင်တော့ အဲဒီလူ့အဖွဲ့အစည်း၊ အဲဒီနေရာ၊ အဲဒီပတ်ဝန်းကျင်၊ အဲဒီမြို့ရွာ၊ အဲဒီတိုင်းနိုင်ငံဟာ ငြိမ်းချမ်းရေးတွေလည်း ခေါင်းပါးကုန်တော့တာပါပဲ။ တစ်ဦးနဲ့တစ်ဦး ဆက်ဆံရေး အဆင်မပြေ ဖြစ်တော့တာပါပဲ။ တစ်ဦးနဲ့တစ်ဦး အဆင်မပြေ ရန်ငြိုးတွေဖြစ်လာရင် စစ်ပွဲတွေလည်း ဖြစ်လာကြတော့တာပါပဲ။ ယနေ့ကမ္ဘာလောကကြီးကို ကြည့်ရင် ဟိုနိုင်ငံဒီနိုင်ငံ လူအချင်းချင်း စစ်ပွဲတွေကိုပဲ ဆင်နွဲနေကြတာကို တွေ့နိုင်ပါတယ်။ ဒါဟာ ဗြဟ္မစိုရ်တရား ခေါင်းပါးနေကြောင်းကို ပြသနေသလိုပါပဲ။ ဒီဗြဟ္မစိုရ်တရား မရှိတော့ဘူးဆိုရင် လူအချင်းချင်း ပြိုင်ဆိုင်ဖို့လည်း ၀န်မလေးတော့ပါဘူး။ အနိုင်ယူဖို့လည်း ၀န်မလေးတော့ပါဘူး။ အကောက်ကြံဖို့လည်း ၀န်မလေးတော့ပါဘူး။ အပြန်အားဖြင့် ဒီတရားတွေ အားကောင်းနေမယ်၊ ဒီတရားတွေအတိုင်း လက်နာကျင့်သုံးနေမယ်၊ တစ်ဦးအပေါ်တစ်ဦး မေတ္တာလေးတွေ၊ ကရုဏာလေးတွေ၊ မုဒိတာလေးတွေနဲ့ ဆက်ဆံပြီး နောက်ဆုံးမရတော့တဲ့အခါ ဥပေက္ခာလေးနဲ့ နေနိုင်အောင် ကြိုးစားနိုင်ကြမယ်ဆိုရင် ကိုယ်ကိုယ်တိုင်လည်း ငြိမ်းချမ်းလာ၊ သက်သောင့်သက်သာ ရှိလာမှာ ဖြစ်တဲ့အပြင် လူဘောင်အဖွဲ့အစည်းကြီးဟာလည်း ငြိမ်းချမ်းလာမယ်၊ အဆင်ပြေလာမယ်၊ သာယာဝပြောလာမယ်ပေါ့။


ဒါကြောင့် ကိုယ်ကိုယ်တိုင်ရော တပါးသူတွေပါ အဆင်ပြေပြေ ရှိစေပြီး လူမှုနယ်ပယ် တစ်ခုလုံး အဆင်ပြေစွာ ဆက်ဆံနိုင်ကြဖို့၊ လူအမျိုးမျိုးနဲ့ ဘာပြဿနာမှ မဖြစ် ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ကြဖို့၊ အကုသိုလ်အဖြစ်နည်းပြီး ကုသိုလ်တရားတွေ တိုးပွားနိုင်စေဖို့၊ မမြတ်တဲ့အကျင့်တွေ ပျောက်ပြီး မြတ်တဲ့အကျင့်တွေ ရောက်စေဖို့ ဗြဟ္မစိုရ်တရား လက်ကိုင်ထားပြီး ကြိုးစားဆက်ဆံကြဖို့ “ဗြဟ္မစိုရ်တရားနဲ့ လူမှုဆက်ဆံရေး“ ဆိုတဲ့ ဒီစာစုလေးဖြင့် သတိပေး တိုက်တွန်းလိုက်ရပါတယ်။


-【မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

-【စာရိုက်ပူဇော်သူ - Admin Team ofYoung Buddhist Association


[Zawgyi]"ျဗဟၼစိုရ္တရားႏွင့္ လူမႈဆက္ဆံေရး"

•••••••••••••••••••••••••••••••••••••••••

#ဘာသာေရးေဆာင္းပါး

#မနာပဒါယီ_အရွင္ဝိစိတၲ

#လူမႈဆက္ဆံေရး




အသက္အရြယ္တစ္ခုရလာတာနဲ႔ လူေပါင္းစံုနဲ႔ဆက္ဆံရတဲ့ အေရအတြက္ကလည္း မ်ားသထက္မ်ားလာတယ္။ တစ္ခါတေလ ကိုယ့္ဘက္က အေကာင္းဆံုးဆက္ဆံေပါင္းသင္းေပးေပမယ့္ ဘာေၾကာင့္အဆင္မေျပသလဲ ေတြးမိတဲ့အခါလည္းရိွတယ္။ 

ဘုန္းဘုန္းတို႔ တရားပြဲတစ္ခုမွာ ဒကာမႀကီးတစ္ေယာက္က သူ႔ရဲ့အေတြ့အႀကံဳေလးကို ေလ်ွာက္ပါတယ္။ 


“အရွင္ဘုရား… တပၫ့္ေတာ္ဟာ အသက္အရြယ္ ႀကီးရင့္လာတာနဲ႔အမ်ွ ျဖတ္သန္းခဲ့ရတာေတြလည္း မ်ားၿပီ၊ေတြ့ႀကံဳခဲ့ရတာေတြလည္း မ်ားၿပီ၊ ဆက္ဆံခဲ့ရသူေတြလည္း ေတာ္ေတာ္စံုခဲ့ၿပီဘုရား။ အထူးသျဖင့္ အက်င့္စရိုက္အမ်ိဳးမ်ိဳး ရိွတဲ့သူေတြနဲ႔အမ်ားႀကီး ေတြ့ႀကံဳဆက္ဆံ ခဲ့ရပါတယ္။ အခုလည္းဆက္ဆံတုန္း၊ ေနာင္လည္း ဆက္ဆံေနရဦးမွာပါ။ ဒါေပမယ့္ အရွင္ဘုရားေရ… လူေတြက အမ်ိဳးမ်ိဳး ဆိုေတာ့ တပၫ့္ေတာ္ဘက္က ဘယ္လိုပဲႀကိဳးစား ဆက္ဆံဆက္ဆံ လူမႈဆက္ဆံေရးမွာ အဆင္မေျပလွဘူးဘုရား..။ တပၫ့္ေတာ္လည္း ႀကိဳးစား တာပဲ မွန္ကန္ၿပီး အက်ိဳးရိွတဲ့ လူမႈဆက္ဆံေရး မျဖစ္ခဲ့ဘူးဘုရား…။ အဲဒါ… အရွင္ဘုရားအေနနဲ႔ ဘုရားအဆံုးအမနဲ႔ ကိုက္ညီမယ့္ လူမႈ နယ္ပယ္မွာ အေကာင္းဆံုး ဆက္ဆံႏိုင္မယ့္ ဆက္ဆံနည္းေလးရိွရင္ တပၫ့္ေတာ္မကို မိန႔္ၾကားေပးပါဘုရား“ လို႔ ေလ်ွာက္ဖူးပါတယ္။ “အင္း… ရိွပါတယ္ ဒကာမႀကီး…၊ ျဗဟၼစိုရ္တရားေလး လက္ကိုင္ ထားၿပီး ဆက္ဆံၾကၫ့္ပါ၊ အားလံုးနဲ႔ အဆင္ေျပသြားပါလိမ့္မယ္“ လို႔ ဘုန္းဘုန္း အေနနဲ႔ အေျဖေပးလိုက္ပါတယ္။


ဟုတ္ပါတယ္။ ေလာကမွာ လူအမ်ိဳးမ်ိဳး၊ အက်င့္စရိုက္အမ်ိဳးမ်ိဳး၊ သေဘာထားအမ်ိဳးမ်ိဳးရိွတဲ့ အတြက္ေၾကာင့္ စိတ္ေတြလည္း အမ်ိဳးမ်ိဳး ျဖစ္ေနၾကၿပီး လူမႈဘ၀ဆက္ဆံေရးဟာ တစ္ဦးနဲ႔တစ္ဦး အဆင္ေျပျပေ ရိွဖို႔မလြယ္လွပါဘူး။ ဒါေပမယ့္ လြယ္ေအာင္ဆက္ဆံလို႔ေတာ့ ရပါတယ္။ အဲဒါက ကိုယ့္ကိုယ္ကို အရင္ျပဳျပင္ၿပီး ကိုယ္ကိုယ္တိုင္ရဲ့ စိတ္ထဲမွာ ရိွရမယ့္ တရားေလးမ်ားကို တည္ရိွေအာင္ ႀကိဳးစားရယူကာ ဆက္ဆံၾကၫ့္တဲ့ နည္းေလးပါ။ ဒီနည္းကို ျဗဟၼစိုရ္တရား လက္ကိုင္ထားၿပီး ဆက္ဆံတဲ့နည္းလို႔ အလြယ္ေျပာႏိုင္ပါတယ္။ တကယ္ေတာ့ ေလာကမွာ လူေတြအမ်ိဳးမ်ိဳး ရိွတယ္လို႔ ေျပာေနၾကေပမယ့္ ျမန္မာ၊ တရုတ္၊ ဂ်ပန္၊ ကိုရီးယား၊ အေမရိကန္၊ အဂၤလန္စတဲ့ အမည္နာမေတြကိုမသံုးဘဲ မႏုႆဘံုလို႔ေခၚတဲ့ လူ႔ဘံုမွာရိွတဲ့ လူသားေတြလို႔သာ ေျပာလိုက္ရင္ လူအမ်ိဳးအစား အမ်ားႀကီး မရိွေတာ့ပါဘူး။ လူအမ်ိဳးမ်ိဳးလည္း မကြဲေတာ့ပါဘူး။ အသားအေရာင္၊ အျဖဴအမည္း၊ ဆံပင္အေမြး အျဖဴအနီစတာေတြဟာ အေရျပားေပၚမွာ ျဖစ္လာတဲ့ ကြဲျပားျခားနားမႈမ်ားသာျဖစ္ၿပီး ပခံုးႏွစ္ဘက္ၾကားက ေခါင္းေပါက္လာၾကကာ ရုပ္နာမ္ႏွစ္ပါးခႏၶာငါးပါးနဲ႔ ဖြဲ႔စည္းထားတဲ့ လူလို႔သာနားလည္လိုက္ရင္ လူအမ်ိဳးအစား မမ်ားေတာ့ပါဘူး။ တိတိက်က် ခြဲျခားလိုက္ရင္ ေလးမ်ိဳးပဲ ရိွပါတယ္။ အဲဒီေလးမ်ိဳးက..


၁။ ကိုယ္နဲ႔တန္းတူျဖစ္တဲ့သူ

၂။ ကိုယ့္ေအာက္နိမ့္က်တဲ့သူ

၃။ ကိုယ့္ထက္သာတဲ့သူ

၄။ ကိုယ့္နဲ႔တန္းတူလည္းမဟုတ္၊ နိမ့္က်တာလည္းမဟုတ္၊ 

သာတာလည္းမဟုတ္တဲ့ ၾကားျဖစ္တဲ့သူတို႔ပဲျဖစ္ပါတယ္။


ဆိုေတာ့ကား ဘယ္ေလာက္ပဲလူေတြ အမ်ိဳးမ်ိဳးရိွေနပါေစ ဒီေလးမ်ိဳးထဲမွာပဲ သြားၿပီးအက်ံဳးဝင္ပါေတာ့တယ္။ အဲဒီေတာ့ ဒီလူေလးမ်ိဳးကိုပဲ အဆင္ေျပေအာင္ ဆက္ဆံႏိုင္မယ္၊ ဆက္ဆံလိုက္မယ္ဆိုရင္ လူမႈဘ၀ဆက္ဆံေရးဟာ အားလံုးအဆင္ေျပသြားမွာပါ။ ေကာင္းပါၿပီ။ ဒီလူေလးမ်ိဳးကို ဘယ္လိုစိတ္ထား၊ ဘယ္လိုတရားေတြနဲ႔ လိုက္ကိုင္ထား ဆက္ဆံၾကမလဲဆိုရင္ ခုနေျပာခဲ့တဲ့ ျဗဟၼစိုရ္တရား လက္ကိုင္ထားၿပီး ဆက္ဆံၾကၫ့္ဖို႔ပါပဲ။ ျဗဟၼစိုရ္ဆိုတာ ျဗဟၼစရိယဆိုတဲ့ ပါဠိစကားလံုးကို တိုက္ရိုက္ျမန္မာမႈျပဳထားျခင္း ျဖစ္ပါတယ္။


ျဗဟၼစရိယ = ျမတ္ေသာအက်င့္လို႔ အဓိပၸါယ္ယူႏိုင္သလို ျဗဟၼာ့ျပည္ေရာက္ေၾကာင္း အက်င့္လို႔လည္း နားလည္ႏိုင္ပါတယ္။ ျဗဟၼ= ျမတ္ေသာ၊ တစ္နည္းအားျဖင့္ ျဗဟၼာတို႔နဲ႔ သက္ဆိုင္ေသာ၊ စရိယ= အက်င့္လို႔ တစ္လံုးခ်င္းအဓိပၸါယ္ ဖြင့္ဆိုႏိုင္ပါတယ္။ ဒီျဗဟၼစရိယေခၚ ျဗဟၼစိုရ္တရား ေလးပါးရိွပါတယ္။ ဒီေလးပါးက…


၁။ ေမတၲာ

၂။ ကရုဏာ

၃။ မုဒိတာ

၄။ ဥေပကၡာ

ဆိုတဲ့ တရားေလးပါးပါပဲ။ ေမတၲာက ခ်စ္ခင္ျခင္း အက်ိဳးလိုလာျခင္းလို႔ အဓိပၸါယ္ရၿပီး ကရုဏာကေတာ့ သနားျခင္းလို႔ အဓိပၸါယ္ရပါတယ္။ မုဒိတာကေတာ့ သူတပါးႀကီးပြား တိုးတက္မႈအေပၚ ၀မ္းေျမာက္ျခင္းျဖစ္ၿပီး ဥေပကၡာကေတာ့ အျပစ္လည္းမျဖစ္၊ အခ်စ္လည္းမျဖစ္၊ တစ္နည္းအားျဖင့္ ကုသိုလ္လည္းမျဖစ္၊ အကုသိုလ္လည္းမျဖစ္ျခင္းလို႔ အဓိပၸါယ္ရပါတယ္။ ဒီေတာ့ကား လူအမ်ိဳးမ်ိဳးမရိွ ေလးမ်ိဳးပဲရိွတဲ့ လူမ်ိဳးမ်ားကို ဒီတရားေလးပါးပဲ လက္ကိုင္ထား ဆက္ဆံၾကၫ့္ႏိုင္မယ္ဆိုရင္ လူမႈနယ္ပယ္ ဆက္ဆံေရးဟာ ေသခ်ာေပါက္ အဆင္ေျပသြားမွာပါ။


♦ ပထမဆံုး တန္းတူျဖစ္တဲ့သူ။ တန္းတူျဖစ္တယ္ဆိုတာ ကိုယ္နဲ႔အသက္အရြယ္၊ ရာထူးဌာနႏၲရ၊ ဂုဏ္အားျဖင့္ တန္းတူျဖစ္တဲ့သူကို ေျပာတာပါ။ 

ဒီလို အစစအရာအရာ တူညီေနတဲ့ အတူျဖစ္ေနတဲ့ သူေတြကို ေတြ့ရင္ ေမတၲာတရားလက္ကိုင္ထားၿပီး ဆက္ဆံၾကၫ့္ရမယ္တဲ့။ ဆက္ဆံၾကၫ့္ပါေပါ့…။ အဲလို ေမတၲာတရား မထားႏိုင္ဘူးဆိုရင္ေတာ့ သူနဲ႔ကိုယ္ဟာ အကုန္တူေနတဲ့အတြက္ သူ႔ထက္ငါသာေအာင္ ၿပိဳင္ဆိုင္တတ္ၾကပါတယ္။

ၿပိဳင္လာၿပီဆိုရင္ေတာ့ မေကာင္းေတာ့ပါဘူး။ ပညာေတြၿပိဳင္၊ ရာထူးေတြၿပိဳင္၊ မာနေတြၿပိဳင္စသျဖင့္ လုပ္လာတတ္ၾကပါတယ္။ ၿပိဳင္ရင္းၿပိဳင္ရင္းနဲ႔ 

အႏိုင္ရေအာင္ မဟုတ္တဲ့နည္းေတြ သံုးလာတတ္ပါတယ္။ 


♦ ခဏအႏိုင္ရဖို႔အတြက္ သံသရာနဲ႔အၿပိဳင္ ေပးဆပ္ရတဲ့အထိ လုပ္လာတတ္ပါတယ္။ ဒီအခါမွာ ၿပိဳင္ရင္းၿပိဳင္ရင္း အရႈံးေတျြဖစ္ကာ အပါယ္ခရီးမွာ လံုးလံုးနစ္တတ္ၾကပါတယ္။ ဘာပဲျဖစ္ျဖစ္ သူမ်ားနဲ႔ ၿပိဳင္တာမေကာင္းပါဘူး။ သို႔ေသာ္ ကိုယ့္ကိုယ္ကိုေတာ့ ၿပိဳင္ေနရပါမယ္။ ယေန့ငါနဲ႔ မနက္ျဖန္ငါဟာ မတူေအာင္ ၿပိဳင္ေနရပါမယ္။ မေကာင္းတဲ့ ဘက္မွာမဟုတ္ ေကာင္းတဲ့ဘက္ေတြမွာပါ။ ယေန့ငါဟာ ကံငါးပါးမလံုေသးေပမယ့္ မနက္ျဖန္ငါကေတာ့ ကံငါးပါးလံုေစရမယ္လို႔ ၿပိဳင္ရပါမယ္။ 


♦ ယေန့ငါဟာ ကိုယ္က်င့္တရား မေကာင္းေပမယ့္ မနက္ျဖန္ငါကေတာ့ ကိုယ္က်င့္တရားေကာင္းရမယ္လို႔ ၿပိဳင္ရပါမယ္။ ယေန့ငါဟာ ဒါန၊ သီလ၊ ဘာဝနာ အလုပ္ေတြကို ဒီေလာက္ပဲ လုပ္ႏိုင္ေသးေပမယ့္ မနက္ျဖန္ငါကေတာ့ ဒီထက္ပိုၿပီး လုပ္ႏိုင္ရမယ့္လို႔ ၿပိဳင္ရပါမယ္။ ဒီေန့ငါဟာ စိတ္ထားေလးေတြကို ဒီေလာက္ပဲ ျပဳျပင္ႏိုင္ေသးေပမယ့္ မနက္ျဖန္ငါကေတာ့ ဒီထက္ပိုၿပီး ျပဳျပင္ႏိုင္ရမယ္လို႔ ၿပိဳင္ရပါမယ္။ ဒါက ကိုယ့္ရဲ့ သံသရာေကာင္းေရးအတြက္ ၿပိဳင္ရမွာကို ေျပာတာပါ။ သူတပါးေတြနဲ႔ကေတာ့ ၿပိဳင္ဖို႔မလိုပါဘူး။ တူလာရင္ ေမတၲာနဲ႔ ဆက္ဆံတတ္ဖို႔ပဲ လိုပါတယ္။ သူ႔အက်ိဳးကို ၾကၫ့္တတ္ျမင္တတ္ေအာင္ ႀကိဳးစားေပးဖို႔ပဲ လိုပါတယ္။ ဒါဆိုရင္ တန္းတူျဖစ္တဲ့သူေတြနဲ႔ ဆက္ဆံရာမွာ အခက္အခဲ မရိွႏိုင္ေတာ့ပါဘူး။ ဒါေၾကာင့္ ကိုယ္နဲ႔တန္းတူျဖစ္တဲ့သူကို ေမတၲာတရား လက္ကိုင္ထားၿပီး ဆက္ဆံၾကၫ့္ဖို႔၊ေမတၲာမထားႏိုင္က ၿပိဳင္လာႏိုင္ၿပီး ၿပိဳင္လာရင္ အျပစ္ျဖစ္လာတတ္တဲ့အတြက္ မၿပိဳင္ၾကဖို႔ ဆိုျခင္းျဖစ္ပါတယ္။


♦ ေနာက္ ကိုယ့္ေအာက္နိမ့္က်တဲ့သူ။ ဒီနိမ့္က်တယ္ဆိုရာမွာလည္း 

အသက္အရြယ္၊ ရာထူးဌာနႏၲရ၊ ဂုဏ္အားျဖင့္ နိမ့္က်တာကို ေျပာတာပါ။ 

ဒီလို ကိုယ့္ေအာက္နိမ့္က်တဲ့သူကိုေတာ့ ကရုဏာတရားလက္ကိုင္ထားၿပီး 

ဆက္ဆံၾကၫ့္ပါတဲ့။ ကရုဏာဆိုတာ သနားျခင္းကို ေျပာတာပါ။ အဲလို ကိုယ့္ေအာက္နိမ့္က်တဲ့သူေတြနဲ႔ ဆက္ဆံတဲ့အခါမွာ သနားျခင္း ကရုဏာတရား မထားႏိုင္ရင္ အႏိုင္ယူလာတတ္၊ အႏိုင္က်င့္လာတတ္ပါတယ္။ အႏိုင္က်င့္လာၿပီဆိုရင္လည္း မေကာင္းေတာ့ပါဘူး။ ႏိုင္ထက္စီးနင္းလုပ္တာ မတရားဖိႏိွပ္မႈျပဳတာ၊ တစ္ဘက္သူကို အက်ပ္အတည္း ဒုကၡျဖစ္ေအာင္လုပ္တာ စတာေတြဟာ အကုသိုလ္အျပစ္ေတြနဲ႔ ဆက္ဆံေနၿပီး အပါယ္လားေစႏိုင္တဲ့အထိ ျဖစ္တတ္ပါတယ္။


ေသခ်ာစဉ္းစားၾကၫ့္ရင္ ကိုယ့္ေလာက္မွမေတာ္၊ ကိုယ့္ေလာက္မွ အရည္အခ်င္းမရိွ၊ ကိုယ့္ေလာက္မွ ကံအက်ိဳးေပးမေကာင္းလို႔ ကိုယ့္ေအာက္ေရာက္ေနကာ ကိုယ့္ထက္နိမ့္က်ေနသူကို ဘာေၾကာင့္ အႏိုင္ယူၾကေတာ့မွာလဲ…၊ သူ႔ကိုႏိုင္လို႔ေကာ ကိုယ့္အတြက္ ဘာအက်ိဳးျဖစ္သြားမွာလဲ..၊ ကိုယ့္ေလာက္မွ မရိွဘဲ အစစအရာရာ နိမ့္က်ေနသူကို အႏိုင္ယူေတာ့ေကာ ကိုယ္ကဘာေတြ ရသြားမွာလဲ…စသျဖင့္ စဉ္းစားစရာေတြပါ။ 


ဒါေပမယ့္ ရသြားတာတစ္ခုေတာ့ ရိွလိမ့္မယ္။ ကိုယ့္ေအာက္နိမ့္က်သူကို အႏိုင္ယူလိုက္တဲ့ ေဒါသေၾကာင့္အကုသိုလ္အျပစ္ျဖစ္သြားၿပီး ေဒါသရဲ့

ေနာက္ဆက္တြဲအျဖစ္ ေနာင္တနဲ႔ ေသာကေတြ ရသြားပါလိမ့္မယ္။ ဒါဟာ ကရုဏာမထားႏိုင္ဘဲ အႏိုင္ယူလိုက္ျခင္းရဲ့ ဆိုးက်ိဳးပါ။ ဒါေၾကာင့္ ကိုယ့္ေအာက္နိမ့္က်သူကို အႏိုင္မယူဘဲ သနားျခင္း ကရုဏာတရား လက္ကိုင္ထားၿပီး ဆက္ဆံႏိုင္မယ္ဆိုရင္ ဒီလိုသူမ်ိဳးမ်ားရိွတဲ့ လူမႈနယ္ပယ္ ဆက္ဆံေရးဟာ အဆင္ေျပသြားမွာပါလို႔ ဆိုရျခင္းျဖစ္ပါတယ္။


♦ ကိုယ္ထက္သာသူနဲ႔ ဆက္ဆံဖို႔ကေတာ့ မုဒိတာတရား အထူးလိုအပ္ပါတယ္။ မုဒိတာဆိုတာ ၀မ္းေျမာက္ေပးတာ၊ အတူေပ်ာ္ရႊင္ ေက်နပ္ေပးတာကို ေျပာတာပါ။ ကိုယ့္ထက္ အသက္သိကၡာဂုဏ္ဝါ၊ ရာထူးဌာနႏၲရ စသည္သာသူကို ဆက္ဆံတဲ့အခါ ဒီမုဒိတာက အလြန္အေရးပါပါတယ္။ မုဒိတာတရား ထားႏိုင္မွ အဆင္ေျပေအာင္ ဆက္ဆံႏိုင္ပါတယ္။ မုဒိတာတရား မထားႏိုင္ဘူးဆိုရင္ေတာ့ သူနဲ႔ဆန႔္က်င္ဘက္ျဖစ္တဲ့ "ဣႆာနဲ႔ မစၧရိယ" တရားေတြက ၀င္ေရာက္ေနရာ ယူသြားတတ္ပါတယ္။ 


ဣႆာဆိုတာ သူတပါးအေပၚမွာ မနာလိုျဖစ္တာ၊ မစၧရိယဆိုတာက မိမိမွာရိွတာကို ၀န္တိုတာပါ။ ႏွစ္ခုလံုးမေကာင္းပါဘူး။ စာေပက ဒီတရားႏွစ္ပါးကို အတြင္းရန္သူႏွစ္ဦးလို႔ ဆိုပါတယ္။ ဒီအတြင္းရန္သူ ႏွစ္ဦးကိုယ့္သႏၲာန္မွာျဖစ္ၿပီဆိုရင္ သူတို႔က ကိုယ့္ကိုအရင္ႏိွပ္စက္ေတာ့တာပါပဲ။ ဒီလိုႏိွပ္စက္ခံရေတာ့ ကိုယ္ကလည္း ဒီႏွစ္ပါးရဲ့ ေစ့ေဆာ္ေစခိုင္းခ်က္နဲ႔ သူတပါးအေပၚမွာလည္း ဒုကၡေပးႏိွပ္စက္မိျပန္ပါတယ္။ ဒီတရားႏွစ္ပါးဟာ ကိုယ့္ကိုလည္း ပူေလာင္ေစတတ္သလို သူတပါးကိုလည္း ပူေလာင္ေစတတ္ပါတယ္။ 


ဒါေၾကာင့္ ဒီတရားေတြ မ၀င္ေအာင္ အၿမဲႀကိဳးစားရပါတယ္။ ဒီတရားဝင္လာတာဟာ ခုနေျပာခဲ့တဲ့ မုဒိတာတရား မရိွလို႔၊ မုဒိတာတရား ေခါင္းပါးလို႔ျဖစ္တာပါ။ ဒါေၾကာင့္ မုဒိတာ ပြားႏိုင္ေအာင္ ႀကိဳးစားပါလို႔ ဆိုရျခင္းျဖစ္ပါတယ္။ 


♦ အေျပာလြယ္သေလာက္ အလုပ္ခက္တာ ဒီမုဒိတာ တရားပါ။ 

မ်ားေသာအားျဖင့္ လူေတြဟာ ကရုဏာတရား ျဖစ္ဖို႔လြယ္သေလာက္ မုဒိတာတရားပြားေပးဖို႔ ခက္တတ္ၾကပါတယ္။ ခက္လို႔ မျပဳျပင္ဘူး ဒီတိုင္းထားလိုက္မယ္ဆိုရင္ ပိုလို႔သာ ဆိုးေစပါလိမ့္မယ္။ ဒါေၾကာင့္ ကိုထက္သာတဲ့ သူေတြနဲ႔ အဆင္ေျပေအာင္ ဆက္ဆံႏိုင္ဖို႔ သူတပါးရဲ့ တိုးတက္မႈအေပၚ၊ ေအာင္ျမင္မႈအေပၚ၊ အစစအရာရာ ၀မ္းေျမာက္ဝမ္းသာ ေပးႏိုင္ေအာင္ မုဒိတာတရား လက္ကိုင္ထားၿပီး ဆက္ဆံၾကၫ့္ဖို႔လိုပါတယ္။ ဒီလိုဆိုရင္ လူမႈနယ္ပယ္မွာ အဆင္ေျပသြားပါလိမ့္မယ္။


တစ္ခ်ိဳ႕က်ေတာ့ ေမတၲာထား ဆက္ဆံေပးလို႔လည္းမရ၊ ကရုဏာတရားထားေပးလို႔လည္း မျဖစ္၊ မုဒိတာပြားေပးလို႔လည္း အဆင္မေျပတဲ့ ဟိုဟာလည္းမဟုတ္ ဒါလည္းမဟုတ္တဲ့ ၾကားျဖစ္ေနတဲ့ သူေတြလည္း ရိွပါတယ္။ ဒီလိုသူမ်ိဳးကိုေတာ့ ဥေပကၡာတရား လက္ကိုင္ထားၿပီး ဆက္ဆံၾကၫ့္ေစခ်င္ပါတယ္။ အဆင္ေျပသြားပါလိမ့္မယ္။ ဥေပကၡာဆိုတာ ၿပီးၿပီးေရာ သူဟာသူ ျဖစ္ခ်င္ရာျဖစ္ဆိုၿပီး လ်စ္လ်ူ ရႈပစ္လိုက္တာမ်ိဳး မဟုတ္ပါဘူး။ တစ္ဘက္သူကို အမွီျပဳျပီး ကုသိုလ္လည္း မျဖစ္၊ အကုသိုလ္လည္း မျဖစ္ေအာင္ ေနလိုက္တာပါ။ ငါေကာင္းရဲ့သားနဲ႔ ငါ့အေပၚဒီလိုလုပ္တာ ေတာ္ၿပီကြာ ဒင္းထိုက္နဲ႔ဒင္းပဲ ရိွပါေစဆိုတဲ့ ကိုယ္အလိုမက်လို႔ လွၫ့္မၾကၫ့္ဘဲ ျပစ္ထားတာမ်ိဳး မဟုတ္ပါဘူး။ သူ႔အေပၚ အမုန္းတရားလည္း မထား၊ အခ်စ္တရားလည္း မထားဘဲ ကိုယ့္ကိုယ္ကို အျပစ္မျဖစ္ေအာင္ ေနလိုက္တဲ့ သေဘာကို ဥေပကၡာလို႔ ဆိုႏိုင္ပါတယ္။


တစ္ခါတစ္ရံမွာ တစ္ခ်ိဳ႕သူေတြဟာ ဘယ္လိုပဲ ကိုယ့္ဘက္က လိုက္ေလ်ာသီးခံ အမ်ိဳးမ်ိဳးႀကိဳးစား ဆက္ဆံေပမယ့္ အဆင္မေျပၾကပါဘူး။ ဒီလိုသူမ်ိဳးကို အတင္းအဓမၼလိုက္ၿပီး ႀကိဳးစားဆက္ဆံေနရရင္လည္း သူကဘာမျွဖစ္မွာမဟုတ္ဘူး ကိုယ္သာအကုသိုလ္ေတြ တိုးလာတတ္ပါတယ္။ ဒါေၾကာင့္ ဒီလိုသူမ်ိဳးက်ေတာ့ “ေအးေလ… သတၲဝါေတြဆိုတာ သဗၺေသတၲာ ကမၼႆကာ ဆိုတဲ့အတိုင္း သူကံနဲ႔သူျဖစ္ေနတာပါလား၊ အဲဒီလို မတူညီတဲ့ ကံေတြနဲ႔ ေနသူေတြကို ငါက တူေအာင္လိုက္ၫွိေနလည္း ငါပဲအကုသိုလ္ေတြ တိုးေနေတာ့မွာပဲ၊ သူ႔ကိုအမွီျပဳျပီး အကုသိုလ္လည္း မျဖစ္ေအာင္ ကုသိုလ္လည္းမျဖစ္ေအာင္ ငါဘာသာငါေနတာပဲ ေကာင္းပါတယ္..“ ဆိုတဲ့ စိတ္ေလးနဲ႔ပဲ ေနႏိုင္ေအာင္ ႀကိဳးစားလိုက္ရင္ ဒီလို ၾကားက်ေနတဲ့သူအေပၚမွာလည္း အဆင္ေျပေအာင္ ေတြးတတ္ ေနတတ္၊ ဆက္ဆံတတ္သြားမွာပါ။


အခ်ဳပ္အားျဖင့္ လူအမ်ိဳးမ်ိဳး အက်င့္အမ်ိဳးမ်ိဳး စိတ္အမ်ိဳးမ်ိဳး ရိွေနတယ္လို႔ ဘယ္ေလာက္ပင္ ေျပာၾကပါေစ၊ လူမ်ိဳးေတြ ဘယ္လိုပဲကြားျပားၾကပါေစ၊ အႏွစ္သာရ အဆင့္အတန္းနဲ႔ ခြဲလိုက္ရင္ ေလးမ်ိဳးပဲ ရိွတဲ့အတြက္ ဒီလူေလးမ်ိဳးကို အဆင္ေျပေအာင္ ႀကိဳးစားကာ လူမႈနယ္ပယ္မွာ လူေတြကို အမွီျပဳျပီး အကုသိုလ္မျဖစ္ေအာင္ ဆက္ဆံႏိုင္ဖို႔ အျမတ္ဆံုး ဆက္ဆံနည္းျဖစ္တဲ့ ျဗဟၼစရိယေခၚ ျမတ္ေသာျဗဟၼစိုရ္ အက်င့္တရားကိုသာ အသံုးျပဳ ဆက္ဆံတတ္ၾကဖို႔ပဲ ျဖစ္ပါတယ္။ ဒီျဗဟၼစိုရ္တရားဟာ ျဗဟၼျပည္ေရာက္ေၾကာင္း ျမတ္ေသာအက်င့္ေကာင္း ျဖစ္ေပမယ့္ လူ႔ေဘာင္အဖြဲ႔အစည္းတြင္လည္း ရိွသင့္တဲ့တရား၊ လက္ကိုင္ထားသင့္တဲ့ တရားျဖစ္ပါတယ္။


ဒီျဗဟၼစိုရ္တရားေတြ မရိွေတာ့ဘူး၊ ေခါင္းပါးသြားၿပီဆိုရင္ေတာ့ အဲဒီလူ႔အဖြဲ႔အစည္း၊ အဲဒီေနရာ၊ အဲဒီပတ္ဝန္းက်င္၊ အဲဒီၿမိဳ႔ရြာ၊ အဲဒီတိုင္းႏိုင္ငံဟာ ၿငိမ္းခ်မ္းေရးေတြလည္း ေခါင္းပါးကုန္ေတာ့တာပါပဲ။ တစ္ဦးနဲ႔တစ္ဦး ဆက္ဆံေရး အဆင္မေျပ ျဖစ္ေတာ့တာပါပဲ။ တစ္ဦးနဲ႔တစ္ဦး အဆင္မေျပ ရန္ၿငိဳးေတျြဖစ္လာရင္ စစ္ပြဲေတြလည္း ျဖစ္လာၾကေတာ့တာပါပဲ။ ယေန့ကမ႓ာေလာကႀကီးကို ၾကၫ့္ရင္ ဟိုႏိုင္ငံဒီႏိုင္ငံ လူအခ်င္းခ်င္း စစ္ပြဲေတြကိုပဲ ဆင္ႏြဲေနၾကတာကို ေတြ့ႏိုင္ပါတယ္။ ဒါဟာ ျဗဟၼစိုရ္တရား ေခါင္းပါးေနေၾကာင္းကို ျပသေနသလိုပါပဲ။ ဒီျဗဟၼစိုရ္တရား မရိွေတာ့ဘူးဆိုရင္ လူအခ်င္းခ်င္း ၿပိဳင္ဆိုင္ဖို႔လည္း ၀န္မေလးေတာ့ပါဘူး။ အႏိုင္ယူဖို႔လည္း ၀န္မေလးေတာ့ပါဘူး။ အေကာက္ႀကံဖို႔လည္း ၀န္မေလးေတာ့ပါဘူး။ အျပန္အားျဖင့္ ဒီတရားေတြ အားေကာင္းေနမယ္၊ ဒီတရားေတြအတိုင္း လက္နာက်င့္သံုးေနမယ္၊ တစ္ဦးအေပၚတစ္ဦး ေမတၲာေလးေတြ၊ ကရုဏာေလးေတြ၊ မုဒိတာေလးေတြနဲ႔ ဆက္ဆံၿပီး ေနာက္ဆံုးမရေတာ့တဲ့အခါ ဥေပကၡာေလးနဲ႔ ေနႏိုင္ေအာင္ ႀကိဳးစားႏိုင္ၾကမယ္ဆိုရင္ ကိုယ္ကိုယ္တိုင္လည္း ၿငိမ္းခ်မ္းလာ၊ သက္ေသာင့္သက္သာ ရိွလာမွာ ျဖစ္တဲ့အျပင္ လူေဘာင္အဖြဲ႔အစည္းႀကီးဟာလည္း ၿငိမ္းခ်မ္းလာမယ္၊ အဆင္ေျပလာမယ္၊ သာယာဝေျပာလာမယ္ေပါ့။


ဒါေၾကာင့္ ကိုယ္ကိုယ္တိုင္ေရာ တပါးသူေတြပါ အဆင္ေျပျပေ ရိွေစၿပီး လူမႈနယ္ပယ္ တစ္ခုလံုး အဆင္ေျပစြာ ဆက္ဆံႏိုင္ၾကဖို႔၊ လူအမ်ိဳးမ်ိဳးနဲ႔ ဘာျပႆနာမွ မျဖစ္ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ေနႏိုင္ၾကဖို႔၊ အကုသိုလ္အျဖစ္နည္းၿပီး ကုသိုလ္တရားေတြ တိုးပြားႏိုင္ေစဖို႔၊ မျမတ္တဲ့အက်င့္ေတြ ေပ်ာက္ၿပီး ျမတ္တဲ့အက်င့္ေတြ ေရာက္ေစဖို႔ ျဗဟၼစိုရ္တရား လက္ကိုင္ထားၿပီး ႀကိဳးစားဆက္ဆံၾကဖို႔ “ျဗဟၼစိုရ္တရားနဲ႔ လူမႈဆက္ဆံေရး“ ဆိုတဲ့ ဒီစာစုေလးျဖင့္ သတိေပး တိုက္တြန္းလိုက္ရပါတယ္။


- မနာပဒါယီ အရွင္ဝိစိတၲ (ဒိုက္ဦး)

- စာရိုက္ပူေဇာ္သူ - Admin Team ofYoung Buddhist Association

No comments: