Saturday, May 15, 2021

ရောင်းမစွံတဲ့ Dead Stock ပြသနာ ကို ဖြေရှင်းကြမယ် .

 [Unicode]ရောင်းမစွံတဲ့ Dead Stock ပြသနာ ကို ဖြေရှင်းကြမယ်




စီးပွားရေး လုပ်ငန်းတစ်ခုအနေနဲ့ Product တစ်ခုခုကိုကိုယ်တိုင် ထုတ်လုပ်ပြီး ရောင်းချ တော့မယ်ဆိုရင်ပဲ ဖြစ်ဖြစ် လက်ကား အနေနဲ့ယူပြီး ပြန်လည်ရောင်းချမယ် ဆိုရင်ပဲ ဖြစ်ဖြစ် ကြုံရတတ် တဲ့အခက်အခဲက Dead Stock လို့ ခေါ်တဲ့ ရောင်းမစွံပဲ ကျန်နေခဲ့ တဲ့ Product တွေ ပဲဖြစ်ပါတယ်။ Dead Stock တွေ ရှိနေပြီ ဆိုတာဟာ မိမိ လုပ်ငန်းအတွက် ဆိုးကျိုးတွေကို သာ ဖြစ်စေလေ့ရှိပါတယ်။ရောင်းမထွက်တော့တဲ့ Dead Stock ရှိနေခြင်းအတွက်အဓိက ပြသနာ ကတော့ ငွေလည်ပတ်မှု က Dead stock ရှိရင် ရှိသလောက်ပမာ ဏ နည်းသွားတာဖြစ် တဲ့အတွက် လုပ်ငန်းရဲ့အမြတ်ကို ကျဆင်းစေပါတယ်။ ဒါ့အပြင် အဲဒီ Dead stockသာ ရောင်းထွက် လို့ရတဲ့ ငွေနဲ့Product ထပ်ဝယ်ပြီး ထပ်ရောင်း ရင် ရမယ့် အမြတ် ကို ပါ ဆုံးရှုံး နေတာဖြစ်တဲ့အတွက် မိအေးနှစ်ခါ နာ ဆိုသလို ရမယ့် အမြတ် လဲ မရတဲ့ အပြင် ငွေ အိပ် သွားတဲ့ ပြသနာကိုပါကြုံရတာဖြစ်ပါတယ်။

.

ဥပမာဆိုရရင် အထည် ၁ထည်ကို ၁၀၀၀၀ ကျပ်နဲ့ အထည် ၁၀၀ ဝယ်ကာ တစ်ထည်ကို ၁၀၀၀ အမြတ်တင်ပြီး ၁၁၀၀၀ နဲ့ ရောင်းမယ်ဆိုပါတော့။ ဒါဆိုရင် ၁ ထည်ကို အမြတ် ၁၀၀၀ ကျပ်နဲ့ ၁၀ ဆိုရင် ၁၀၀၀၀ ကျပ် အထည် ၁၀၀ ကို ၁၀၀၀၀၀ ကျပ် အမြတ် ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ အထည် တစ်ရာ မှာ တစ်ထည် တည်းသော အထည်လေးကပဲ ရောင်းမထွက်ပဲ Dead Stock ဖြစ်သွားတယ်ဆိုပါတော့ ဒါဆိုရင် အဲဒီတစ်ထည် စာ ၁၀၀၀၀ ကျပ်က ငွေအိပ်သွားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရောင်းမထွက်ပဲ ဖြစ်သွားတဲ့အတွက် ရောင်းထွက် ထားတဲ့ အထည် ၁၀ ထည်စာ အမြတ် ဟာလုပ်ငန်းအတွင်း ဝင်မလာတော့ပဲ ဖြစ်တာပါပဲ။ ဒီတော့ ဒီလုပ်ငန်းမှာ အထည်လေး ၁၀ ထည်လောက်ပဲ Dead Stock ဖြစ်သွားမယ်ဆိုရင် ကျန်တဲ့ အထည် ၉၀ ရောင်းထားတဲ့ အမြတ်အားလုံး ဟာ ပလုံ သွားတယ်ဆိုတဲ့ သဘောပဲဖြစ်ပါတယ်။ ဒီလောက်ဆိုရင် Dead Stock ဟာ ဘယ်လောက်ကြောက်ဖို့ကောင်းတယ်ဆိုတာ သိရှိရိပ်စား မိလောက်ပြီထင်ပါတယ်။

.

ဒီထက်ပိုပြီး စိုးရိမ်ရတာကတော့ Expired Date ရှိတဲ့ သက်တမ်းကုန်ဆုံးတတ်တဲ့ Product တွေ သာ ဖြစ်လို့ကတော့ ငွေအိပ်ရုံတင်မကပဲ မြတ်ပြီးသာ အမြတ် ထဲကနေပါ ပြန်လည် ဆုံးပါး သွားနိုင်တာ မျိုးတွေ ဖြစ်လာနိုင်တဲ့အတွက် လုပ်ငန်းတစ်ခု အတွက် Dead Stock ရှိနေတဲ့ ပမာဏ ဟာ သိပ်ကို အရေး ကြီး လှပါတယ်။ ဒီပိုစ့်မှာတော့ ဒီလို ရောင်းမစွံတဲ့ ကုန်ပစ္စည်းတွေ ရှိမနေအောင် ဘယ်လို ဆောင်ရွက်သင့်တယ်ဆိုတာကို မျှဝေပေးမှာ ဖြစ်ပါတယ်။

.

အရင်ဆုံး အနေနဲ့ Dead stock ဆိုတာ ကိုဖြစ်မလာအောင် ကြိုတင်ကာကွယ် လို့ ရမယ့် နည်းလမ်းလေးတွေကို အရင်ပြောပြချင်ပါတယ်။ ဒီလို လုပ်ငန်းကို အထိနာစေတဲ့ ရောင်းမစွံ ပစ္စည်းတွေ ဟာ ဖြစ်ပေါ်မလာဘူးဆိုရင်တော့ အကောင်းဆုံး ပဲဖြစ်ပါတယ်။ ဒီတော့ ဒီလို ရောင်းမစွံ Dead Stock တွေ ဖြစ်မလာအောင် ဒီလိုအချက်လေးတွေကို လုပ်ဆောင် ကြည့်နိုင်ပါတယ်။

.

Warehouse and Inventory Analysis တွေ ပြုလုပ် ပြီး သုံးသပ်မယ်။

.

လုပ်ငန်းတွေ အတွက် ပြန်လည်ရောင်း ချမယ့် Product တွေကို WH မှာ သိုလှောင် ထားပြီး Inventory တွေ အနေနဲ့စာရင်းသွင်းထားရလေ့ရှိပါတယ်။ ဒီလို စာရင်းသွင်း ရာမှာ ပုံမှန် အဝင် အထွက် စာရင်း မှတ် ရုံလောက်သာ မဟုတ်ပဲ ဒီ ပစ္စည်း အဝင် အထွက်တွေကို Analysis တွေ ပြုလုပ်ပြီး လစဉ် Report တွေ ထုတ်ဖို့ လိုပါတယ်။ အဓိ ကအားဖြင့်တော့ Fast Moving Items, Slowing Moving Items and Deadstock Report စတာတွေကို လစဉ် အတွက် သုံးသပ်ထုတ်လုပ်ဖို့လိုအပ်ပါတယ်။

.

Fast Moving Items Report ဆိုတာကတော့ တစ်လ အတွင်းမှာ အရောင်းရ အကောင်း ဆုံး Product တွေကို ဆွဲထုတ်ပြီး လေ့လာတာပဲဖြစ်ပါတယ်။ ဒီနေ ရာ မှာ တစ်ခါ ပြန်ပြီး သုံးသပ်ဖို့လိုတာက ဒီလအတွက် အရောင်း ရဆုံးတွေက ဟိုးအရင် လတွေ တုန်းကရော အရောင်း ရဆုံးတွေ ဖြစ်ရဲ့လားဆိုတာပါပဲ။ အစဉ် အမြဲ အရောင်းရ ဆုံး စာရင်းဝင်နေတယ် ဆိုရင်တော့ ဒါဟာ မိမိcustomer တွေ ရဲ့ပုံမှန် အားပေးတဲ့product တွေ အဖြစ်သတ်မှတ် နိုင်ပြီး အရေအတွက်များများ လက်ကား ဈေးနဲ့ ရအောင်ဝယ်တာ၊ ပိုဝယ်ယူ သိုလှောင်ထားတာတွေကို ရဲ ရဲ ကြီးလုပ်နိုင်ပါတယ်။ ဒါမှ မဟုတ် ဒီ တစ်လ အရောင်းရဆုံးတွေဟာ အရင်တုန်းက အရောင်း ရဆုံး စာရင်း ဝင်တွေ မဟုတ်ပဲ ခုတလောမှ အရောင်းသွက်လာတာတွေ ဆိုရင်တော့ Product တွေဟာ ရာသီ အချိန်ကာလ ပွဲတော် တစ်ခုခုကြောင့်လား ၊ ဒါမှ မဟုတ် မိမိတို့လုပ်ငန်းက အပြောင်းအလဲ တစ်ခုခု လုပ်ဆောင်လို့လား Marketing စနစ် အသစ် တစ်ခု လုပ်ဆောင်ခဲ့တာလား Promotion and discount တွေ ကြောင့်လား ဆိုတာကို ပြန်သုံးသပ်ဖို့လိုပါတယ်။

.

Slow Moving Items တွေ အဖြစ်သတ်မှတ် ဖို့ကတော့ စံနှုန်းတွေ Standard တွေ မိမိ သက်ဆိုင်ရာ Product nature အလိုက် ချမှတ် ဖို့လိုအပ်ပါတယ်။ Purchase ဝယ်ယူ ပြီး inventory အဖြစ် စတင်ရောင်းချ တဲ့ အချိန် ကနေ ဘယ်နှစ်လ အတွင်း စုစုပေါင်း ဝယ်ယူ ထားတဲ့ ပမာ ဏ ရဲ့ ရာခိုင်နှုန်းမည်မျှသာ ရောင်းထွက်မယ် ဆိုရင် ဒါကို Slow moving items အဖြစ်သတ်မှတ် မယ်စသဖြင့် ဖြစ်ပါတယ်။

.

Slow Moving Items တွေကို ကြိုတင်သိမြင်နေနိုင်ပြီး Slow Moving Items အဖြစ်မှာ ပဲ ရောင်းစွံအောင် လုပ်နိုင်မယ်ဆိုရင် Dead stock ဘဝ ကို Product တွေ ကမရောက် ရှိနိုင်ပါဘူး။ ဒီအတွက် Slow Moving Items တွေ ဘယ်လောက်ပမာဏ ရှိ ရင် ဘယ်လို နည်းလမ်းတွေ သုံး ပြီး Slow Moving Items တွေကို ထုတ်မလဲ ဖြို မလဲ ဆိုတာ သတ်မှတ် ထားပြီး အဲဒီ ပမာဏကိုရောက် တာနဲ့သတ်မှတ်နည်းလမ်းတွေကို လုပ်ဆောင် ဖို့လိုအပ်ပါတယ်။

.

.

Supplier ရဲ့New Product Information တွေကို အချိန် နဲ့တပြေးညီ ရယူနေမယ်။

.

တစ်ခါတစ်လေကျတော့ မိမိ လုပ်ငန်းရဲ့Dead stock တွေ ဟာ. Supplier ကြောင့် လဲ ဖြစ်ပေါ် တတ်ပါသေးတယ်။ ဥပမာ မိမိ က supplier ဆီက. Product တစ်ခုကို လက်ကား ရယူပြီး ဖြန့်နေတယ်ဆိုပါစို့။ ဖြန့်နေဆဲ ကာလမှာ ပဲSupplier က ပိုကောင်းတဲ့ ပိုဈေးသက်သာ တဲ့ အမျိုးအစား တူ. Product တစ်ခုကို သာ version မြင့်ထုတ်လိုက်မယ် ဆိုရင် မိမိ လက် ဝယ် ရှိနေတဲ့Version အနိမ့် Product က ရောင်းအား ကျသွားကာ Dead stock. တွေ ဖြစ်လာ ဖို့ အလားအလာ မြင့်မားလာမှာ ဖြစ်ပါတယ်။

.

ဥပမာ မိတ်ဆွေ ကဖုန်းအရောင်းဆိုင် တစ်ဆိုင် ဖွင့် မယ်ဆိုပါစို့။ အခုလို ဖုန်းအမျိုးအစားတွေ မကြာခဏ ထွက်နေတဲ့အချိန်မှာ ဘယ်ဖုန်းအမျိုးအစား အသစ် ထွက်တော့မယ်ဆိုတဲ့ information ကို မရထားပဲ Stock တွေ ပိတ်မိထားမယ်ဆိုရင်.Dead stock ပြသနာကို ကြုံ ဖို့အတော်နီး စပ်မှာ ဖြစ်ပါတယ်။

.

.

Customer တွေ ရဲ့အကြိုက်တွေ၊ Behavior တွေ ကိုသေချာ လေ့လာထား ပြီး Demand အများ ဆုံး Product များကိုသာ တင်သွင်းမယ်။

.

စီးပွားရေး စလုပ်မယ်ဆိုရင် အရေးတကြီး စဉ်းစားရတဲ့ မေးခွန်း တစ်ခု ရှိပါတယ်။ ဒါကတော့ ဘာကို ဘယ်သူ့ ကိုရောင်း မှာ လဲ ဒါမှမဟုတ် ဘယ်သူ့ ကို ဘာရောင်းမှာ လဲ ဆိုတာပဲ ဖြစ်ပါတယ်။ ဒီနှစ်ခုမှာ မှ customer တွေ ရဲ့ အကြိုက်နဲ့ Behavior ကိုသေချာလေ့လာပြီး demand များနေတဲ့ Product အမျိုးအစား ကို တင်သွင်း ရောင်းချတာက ပို ပြီးရောင်း စွံ ဖို့ လွယ်ကူ စေမှာ ဖြစ်ပါတယ်။ ဒ့ါအပြင် ဒါဟာ Dead Stock တွေ ဖြစ်ပေါ်မှုကို လည်း လျော့နည်းစေပါလိမ့်မယ်။

.

.

.

ကြိုတင်ကာကွယ်လို့ မရပဲ Dead Stock တွေ ဖြစ်လာပြီဆိုရင်တော့…

.

တကယ်လို့ နည်းအမျိုးမျိုးနဲ့ ကာကွယ် ဆောင်ရွက်ပါလျက်နဲ့ Dead stock တွေ ဖြစ်ပေါ်လာပြီ ဆိုရင်တော့ Dead Stock တွေကို ဖြို ဖို့ လုပ်ဆောင်ရတော့မှာဖြစ်ပါတယ်။

.

အရင်ဆုံး ဘယ်လို အချက်တွေ နဲ့ ကိုက် ညီသွား ပြီဆိုရင် Dead Stock အဖြစ် သတ်မှတ် မလဲဆိုတာကို အရင် Policy သတ်မှတ်ဖို့ လိုအပ်ပါတယ်။ ဥပမာ စတင်ဝယ်ယူ ထားချိန်ကနေ အချိန်ကာလ မည်မျှကြာသည် အထိ ရောင်းမထွက် ရင်၊ ဝယ်ယူထားတဲ့ ပမာဏ ရဲ့ ဘယ်လောက်ရာခိုင်နှုန်းသာ သတ်မှတ် အချိန်ကာလအတွင်းရောင်းထွက် သေးရင် စသဖြင့် ဖြစ်ပါတယ်။

.

ဒီလို Policy တွေ နဲ့ ကိုက်ညီလို့Dead Stock ဖြစ်သွားပြီ ဆိုရင်တော့ ဒီ Dead stock ကိုဖြို ဖို့ နည်းလမ်းတွေ အဆင့်ဆင့် ဆက်လက်သတ်မှတ်ရမှာ ဖြစ်ပါတယ်။

.

ရုံးခွဲတွေ ဆိုင်ခွဲတွေ ကို ဖြန့်ပို့မယ်။

.

တကယ်လို့ မိမိ လုပ်ငန်းက ဆိုင်ခွဲတွေ ရုံးခွဲတွေ ရှိတယ်ဆိုရင်တော့ တစ်ဆိုင်က Dead Stock ကို ရောင်းထွက်နိုင်မယ့် အခြား ဆိုင် တစ်ခုခုကို ပြောင်းရွေ့ပြီး ရောင်းချစေတာမျိုး ဖြစ်ပါတယ်။ နေရာ မတူ တဲ့ အတွက် Customer အမျိုးအစား မတူ ပဲ တစ်ဆိုင်မှာ ရောင်းမထွက် တဲ့ Product တွေ ဟာနောက် ထပ် တစ်နေရာမှာ ရောင်းထွက်သွား နိုင်ခြေလဲ ရှိပါတယ်။ ဒါပေမယ့် ဒီလို လုပ်ဆောင် အောင်မြင်ဖို့ကတော့ ပြောင်းရွေ့ ရောင်းချမယ့် ဆိုင်က ရရှိထားတဲ့ customer အမျိုးအစား ကိုလည်း နားလည်ထားဖို့ လိုအပ်ပါတယ်။

.

.

အရင်က ဝယ်ဖူးတဲ့ customer တွေကို ဆက်သွယ် ကြည့်မယ်။

.

အရင်တုန်းက ကိုယ့်ဆိုင် ကနေ Dead Stock ဖြစ်နေတဲ့ Product အမျိုးအစားကို ဝယ်ယူ ဖူး တဲ့ customer တွေကို ဆက်သွယ်ကြည့်ကာ ရောင်းချ ဖို့ ကြိုးစားတာမျိုးဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို လုပ်ဆောင်ဖို့ ကတော့ မိမိ ဆိုင်က customer တွေ ရဲ့Data တွေ ရှိနေဖို့ လိုအပ်ပါတယ်။

.

.

Supplier နဲ့ ညှိနှိုင်း ချိတ်ဆက် ပြီး Stock တွေ ပြန်လဲလှယ်မယ်။

.

ကျွန်တော် အထည်တွေ ရောင်း တုန်းက လဲ ဒီလို Dead Stock ဖြစ်လို့ အခက်အခဲတွေ့ရတဲ့ အခြေအနေကို ကြုံခဲ့ရဖူးပါတယ်။ နောက်ဆုံးမှာတော့ အထည် ချုပ်တဲ့ Supplier နဲ့ ညှိနှိုင်း ချိတ်ဆက်ပြီး လစဉ် ကျန်ရှိနေတဲ့ Dead Stock တွေကို အရောင်းသွက်တဲ့ အထည်တွေ နဲ့ ပြန်လည် လဲလှယ်ပေးတာမျိုး ရရှိခဲ့ကာ ဖြေရှင်းနိုင်ခဲ့ပါတယ်။ Supplier ကလဲ ကိုယ်စားလှယ်တွေ နယ်အနှံမှာ ရှိတဲ့အတွက်တစ်နေရာက မကြိုက်တဲ့ အထည်ဒီဇိုင်းကို ကြိုက်လောက်တဲ့ အခြား တစ်နယ်ကို ပို့ ပေးပြီး ရောင်းပေးနိုင်တဲ့အတွက် ဒီလို Dead Stock ကို လဲလှယ်နိုင် ဖို့ ခွင့်ပြု ပေးနိုင်တာဖြစ်ပါတယ်။ ဒီလို ဖြေရှင်းဖို့ ကလဲ ဆိုခဲ့သလို Supplier က အင်အားတောင့်တင်း ဖို့ လိုအပ်ပါတယ်။ သိုမ့ဟုတ် Supplier နဲ့Relation ကောင်းမွန်ဖို့ လိုအပ်ပါတယ်။

.

.

Customer တွေ ရဲ့Demand တွေ တက်လာအောင် လုပ်ပြီး ရောင်း ထုတ်မယ်။

.

ဒါကတော့ အတော်များများ ကလုပ်လေ့ရှိတဲ့ နည်းလမ်းပဲဖြစ်ပါတယ်။ customer တွေ ရဲ့demand ဝယ်လိုအား ဆိုတာက Price ဆိုတဲ့ဈေးနှုန်းနဲ့ ချိတ်ဆက်နေတာဖြစ် ပါတယ်။ ဒီတော့ ဈေးလျော့ပေးတာ Discount ပေးတာ Buy 1 get 1ပေးတာ အစရှိတဲ့ Promotion နည်းလမ်းတွေ ကိုသုံး ပြီး Dead Stock တွေကို ထုတ်ဖို့ ဆောင်ရွက်နိုင်ပါတယ်။ အချို့ တွေ မှာတော့ ဂိုဒေါင် ရှင်း အနေနဲ့ ကြိုက်တာယူ ဘယ်လောက် ဆိုပြီး လုပ်ဆောင်တာမျိုးတွေ ဟာလည်း Dead Stock ရှင်းတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

.

.

Bundling လုပ်တာ သိုမ့ဟုတ် အရောင်းသွက် ပစ္စည်းတွေ နဲ့ တွဲရောင်းတာ

.

ဒါကတော့ Marketing နည်းစနစ် တစ်ခုလဲဖြစ်ပါတယ်။ဥပမာ မီးဖိုချောင်သုံး ပစ္စည်း တွေ ဖြစ်တဲ့ လျှပ်စစ်မီးဖို ၊ ဇွန်း၊ ပန်းကန် စတာတွေကို set လိုက်ဖြစ်စေ Package အလိုက်ဖြစ်စေ တွဲ ပြီး ရောင်းချ တာဖြစ်ပါတယ်။ ဒီလို Set ထဲမှာ Dead Stock ကိုပါ ငွေရင်း ဈေးလောက်နဲ့ ထည့် ပေးပြီး ရောင်းချ စေတာဖြစ်ပါတယ်။ ဒီအခါမှာအရောင်းသွက် ပစ္စည်း လူကြိုက်တဲ့ ပစ္စည်းတွေ လဲပါ set လိုက်ဖြစ်တဲ့အတွက် ဈေးလဲသက်သာ တဲ့အခါမှာ customer တွေက ဝယ်ယူတတ်ကြလေ့ရှိပါတယ်။

.

.

CSR လုပ်ပြီး Brand ကိုမြှင့်တင်တာ..

.

တကယ်တော့ Dead Stock တွေကို အမြတ် မထိ ပဲ ရှင်းထုတ် နိုင်တာကတော့ အကောင်းဆုံး ဖြစ်ပါတယ်။ ဒုတိယ ကတော့ အမြတ်တော့ မရဘူး ဒါပေမယ့် အရင်း ပြန်ရတဲ့ နည်းက လဲ သိပ်မဆိုးလှပါဘူး။ ဒါပေမယ့် တစ်ခါတစ်လေမှာ ဘယ်လို မှ ရောင်းထွက်ဖို့လဲ မသေချာ တော့သလို Expired date လို မျိုး သက်တမ်း ကုန်ဆုံး ပျက်စီးတော့ မယ်အခါ မှာတော့ CSR အနေနဲ့ အလှူဒါန လိုအပ်သူတွေကို ပြုလုပ်ပေးပြီး လုပ်ငန်းရဲ့Brand ကို မြှင့်စေတာဖြစ်ပါတယ်။ ဥပမာ ငှက်ဖျား ဆေးတွေတင်သွင်းတဲ့ လုပ်ငန်းက ဆေးတွေ မရောင်း ရလို့ ပျက်စီးတော့မယ့် သက်တမ်းကုန်ခါနီးမှာ ငှက်ဖျားရောဂါ ဒေသ ကလူတွေကို အခမဲ့ ထိုးပေး တာမျိုးဖြစ်ပါတယ်။ ဒီနေရာမှာ သတိပြုရမှာက သက်တမ်းကုန် ပျက်စီးတော့ မှ လှူတာမဟုတ်ပဲ တကယ်အသုံးဝင်နေသေးတဲ့ အခြေအနေမှာ လှူဒါန်းမှ သာ အဆင်ပြေမှာ ဖြစ်ပါတယ်။ မဟုတ်ရင် တော့ ဒါဟာ Business Ethic အရ ဆိုးကျိုးများသာ ဖြစ်ပေါ်စေမှာပါ။

.

.

ဒီလောက်ဆိုရင်တော့ Dead stock တွေနဲ့ ပတ်သတ်ပြီး ဘယ်လို ရှင်းထုတ်နိုင်မယ်ဆိုတာကို ကြံဆနိုင်လောက်ပြီလို့ ယူဆပါတယ်ခင်ဗျား။

.

.

.

Kaung Hein Soe – Strategic

Professional Management Trainer



[Zawgyi]ရောင်းမစွံတဲ့ Dead Stock ပြသနာ ကို ဖြေရှင်းကြမယ်





.


.


.


.


.


.


.


.


.

.


.


.


.

.


.


.

.

.


.


.


.


.


.


.

.


.


.

.


.


.

.


.


.

.


.


.

.


.


.

.


.

.

.



No comments: