[Unicode]တရားမ၀င်ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း ရောင်းဝယ်မှုပပျောက်ရေး
ဒေါက်ထွေး(ဆေး/မန်း)
ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ သုံးစွဲခြင်းကြောင့် ကမ္ဘာ့ပြည်သူလူထုအတွက် ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးအဘက် ဘက်က ထိခိုက်ပျက်စီးမှုများရှိသဖြင့် အဆိုပါပစ္စည်းများ သုံးစွဲမှုထိန်းချုပ်ရေးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကဦးဆောင်ပြီး ဆောင်ရွက် လျက်ရှိသည်ကို အများသိရှိကြပြီးဖြစ်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးထိန်းချုပ်ရေးအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးစာချုပ်အဖွဲ့ WHO/FCTC (Framework Convention on Tobacco Control)ကိုတည်ထောင်ပေးခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများ လိုက်နာဆောင်ရွက်ကြရမည့် လုပ်ငန်းများ၊ လမ်းညွှန်များ၊ ပြဋ္ဌာန်းချက်များ၊ နည်းဗျူဟာများကိုလည်း ထုတ်ပြန်ပေးထားသည်။
နောက်ဆက်တွဲထုတ်ပြန်ပေးထားသည့် လမ်းညွှန်လုပ်ငန်းများစွာရှိသည့်အနက် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ တရားမ၀င် ရောင်းဝယ်ဖောက်ကားမှုများကို ဖယ်ရှားအဆုံးသတ်စေရန်ဟူသော အချက်တစ်ခုလည်းပါဝင်ပါသည်။
တရားမ၀င်ရောင်းဝယ်ဖောက်ကားမှုဆိုတာ ဘာလဲ။
သတ်မှတ်ထားသော ကုန်ပစ္စည်းများကို သက်ဆိုင်ရာနိုင်ငံအစိုးရဌာနများက တရားဝင်ခွင့်ပြုချက်မရရှိဘဲ အရောင်းအ၀ယ်ပြုလုပ်ခြင်းကို ခေါ်ဆိုပါသည်။ ထုတ်လုပ်ရေး၊ဖြန့်ချိရောင်းချရေးလုပ်ငန်းတစ်ခုက ကုန်ပစ္စည်းတစ်ခုခုကို ရောင်းချမည်ဆိုလျှင် ထိုကုန်ပစ္စည်းကို သက်ဆိုင်ရာဌာနတွင် မှတ်ပုံတင်ခြင်း၊ ရောင်းဝယ်ခွင့်အတွက် ကျသင့်သည့် အခွန်ဆောင်ခြင်း စသည်များပြုလုပ်ပြီးမှ တရားဝင်ရောင်း ချခွင့်ရှိသည်။ မှတ်ပုံတင်ထားခြင်းမရှိသော ကျသင့်အခွန်ဆောင်ထားခြင်းမရှိသော ကုန်ပစ္စည်းကိုရောင်းချလျှင် အရေးယူနိုင်သည်။
များသောအားဖြင့် အခြားနိုင်ငံတစ်နိုင်ငံမှ တင်သွင်းရောင်းချသော သို့မဟုတ် အခြားနိုင်ငံသို့တင်ပို့ရောင်းချသော ကုန်ပစ္စည်းများကို တရားမ၀င် ကုန်သွယ်မှုပြုလုပ်လေ့ရှိကြသည်။
မဆလခေတ်က မြန်မာနိုင်ငံအတွင်းသို့ တရားဝင်တင်သွင်းခွင့်မပေးသဖြင့် ထိုင်း-မြန်မာနယ်စပ်မှ ခိုးသွင်းလာသော ကုန်ပစ္စည်းများကို မြန်မာနိုင်ငံသားများက ၀ယ်ယူလိုကြသောအခါ ရောင်းချခြင်း၊ ၀ယ်ယူခြင်းပြုလုပ်ကြသည့် မှောင်ခိုဈေးကွက်ဟူ၍ဖြစ်ပေါ်လာခဲ့သည်။
ယနေ့ခေတ်တွင်လည်း အစိုးရက တရားဝင်မှတ်ပုံတင်ပြီး သတ်မှတ်စည်းကမ်းများနှင့်အညီ တင်သွင်းခွင့်၊တင်ပို့ခွင့်၊ ရောင်းချ ၀ယ်ယူခွင့် ပြုထားစေကာမူ အချို့သောကုန်ပစ္စည်းများနှင့် ပတ်သက်၍ မှောင်ခိုဈေးကွက်ဆိုသည်မှာ ရှိနေဆဲဖြစ်ပါသည်။ နမူနာအားဖြင့် ပြည်တွင်းမှ ရှားပါးသားရိုင်းတိရစ္ဆာန်နှင့် ၄င်းတို့၏အစိတ်အပိုင်း(နမူနာ ဆင်စွယ်၊ ကျားအရေခွံစသည်)များ ပြည်ပသို့ တင်ပို့ရောင်းချခြင်း ပြည်ပမှ အရက်မျိုးစုံနှင့် စီးကရက်မျိုးစုံ တင်သွင်းရောင်းချခြင်း စသည်တို့ဖြစ်သည်။ တရားဝင်မှတ်ပုံတင်လိုင်စင်ယူပြီး တင်သွင်းရောင်းချခွင့်ရှိ ပါလျက်နှင့် မှောင်ခိုဈေးကွက်အဖြစ် တင်သွင်းရောင်းချရခြင်းမှာ အကြောင်းရှိပေသည်။
အသိသာအထင်ရှားဆုံးသော အကြောင်းရင်းကား အခွန်ဆောင်ရမည်ကို ရှောင်ကြဉ်လိုခြင်းကြောင့်ပေတည်း။
မှောင်ခိုဈေးကွက်စီးကရက်
နိုင်ငံခြားမှတင်သွင်းရောင်းချလိုသော ကုန်ပစ္စည်းရှိလျှင် ကုန်သည်အနေဖြင့် သက်ဆိုင်ရာနှင့် နှီးနွှယ်ဝန်ကြီးဌာနများ၊ ဦးစီးဌာနများတွင် တရားဝင်လျှောက်ထားခြင်း၊ ခွင့်ပြုချက်ရယူခြင်း၊လိုင်စင်ရယူခြင်း စသည်တို့ကို သတ်မှတ်အခကြေးငွေပေးဆောင်၍ ပြုလုပ်ရသည်။ ကုန်ပစ္စည်းများနှင့် ပတ်သက်၍ သတ်မှတ်အခွန်အကောက်များ၊ ရောင်းဝယ်ခွန်များကို ပေးဆောင်ရသည်။ ပြည်တွင်းရှိ ဆိုင်များပေါ်တွင် တင်၍ ရောင်းချသောအခါ ထိုကုန်ပစ္စည်းတိုင်းကို တစ်ခုချင်းစီအလိုက် နမူနာအားဖြင့် နိုင်ငံခြားအရက်တစ်ပုလင်းစီပေါ် သို့မဟုတ် နိုင်ငံခြား စီးကရက်တစ်ဘူးချင်းစီအပေါ်တွင် အခွန်ဆောင်ထားပြီးကြောင်းသိစေသည့် သတ်မှတ်အခွန်တံဆိပ်ကို ကပ်ထားပေးပြီးမှ ရောင်းချခွင့်ရှိပေသည်။
နိုင်ငံခြားမှနာမည်ကြီးသည့်ကြော်ငြာကိုလည်းကောင်း၊ လူသိများ လူကြိုက်များသော အမှတ်တံဆိပ်ရှိသည့်ကုမ္ပဏီကြီးတစ်ခုမှ ထုတ်လုပ် ရောင်းချသည့် စီးကရက်တစ်မျိုးကိုလည်းကောင်း ပြည်တွင်းသို့ တင်သွင်းရောင်းချမည်ဆိုလျှင် ပထမဦးစွာ ထိုပစ္စည်းကို တင်သွင်းခွင့် လျှောက်ထားရမည်။ သက်ဆိုင်ရာက ခွင့်ပြုချင်မှပြုမည်။ ခွင့်ပြုလိုက်လျှင်လည်း စီးကရက်ဆေးလိပ်ဟူသော ပစ္စည်းသည် အများပြည်သူ အတွက် အခြေခံစားကုန်မဟုတ်၍ အခွန်ငွေကို မူလထုတ်လုပ်ကုန်ကျသည့် တန်ဖိုးထက် အဆ(၄-၅)ဆလောက် ကောက်လေ့ရှိ၍ တန်ဖိုးမြင့်သွားသည်။ ထိုတန်ဖိုးအတိုင်း သုံးစွဲသူက ၀ယ်ယူသုံးစွဲကြသည်။ ထားတော့။ သည်အတိုင်းက ပုံမှန်ဟုပဲ ထားလိုက်တော့။ တင်သွင်းရောင်းချသူကလည်း ဥပဒေစည်းကမ်းနှင့်အညီ ၀ယ်ရောင်းသည်။ နိုင်ငံတော်ကလည်း ရသင့်ရထိုက်သည့် လိုင်စင်ကြေးတွေ အခွန်အကောက်တွေရရှိသည်။ (စကားချပ် - ဒီလိုရရှိသည့် စီးကရက်အခွန်၊ အရက်ခွန်စသည်တို့က ပြည်သူလူထု၏ လူမှုရေး၊ ကျန်းမာရေးစသည်တို့အတွက် အသုံးပြုခြင်းဖြစ်သည်။ တိုင်းပြည်ဘဏ္ဍာငွေရရှိစေသည့် လုပ်ရပ်ဟူ၍ ဆိုချင်ဆိုနိုင်သည်။)
ပြဿနာမရှိ ဆိုပါတော့။
ပြဿနာရှိသည်က ဤသို့ဖြစ်၏။
အဆိုပါ စီးကရက်အမျိုးအစားရောင်းသူက နယ်စပ်မှ တရားမ၀င်ခိုးယူတင်သွင်းလိုက်သောအခါ သူ့အတွက်လိုင်စင်ကြေး၊ မှတ်ပုံတင်ကြေး အခွန်ဆောင်ရခြင်း မရှိတော့၍ အရင်းအနှီးစိုက်ထုတ်ရမှုသက်သာသွားသည်။ ခိုးသွင်းလာသော(အခွန်ဆောင်ပြီး တံဆိပ်လည်း ကပ်မထားသော) စီးကရက်များကို ဆိုင်ပေါ်တင်၍ ရောင်းချသောအခါ တရားဝင်တင်သွင်းသော စီးကရက်များဈေးနှုန်း အတိုင်းပင် ရောင်းချလေ့ရှိခြင်းကြောင့် သူ့အတွက်အမြတ်အစွန်းများစွာကျန်ပေတော့သည်။ ၀ယ်ယူသုံးစွဲသူကလည်း အခွန်တံဆိပ်ကပ် ထားခြင်း ရှိ၊မရှိ သတိထားကြည့်ခြင်းလည်းမရှိ၊ သိလည်း မသိ၊ သိလည်း လက်ခံပြီး ၀ယ်ယူသုံးစွဲကြသဖြင့် မှောင်ခိုဈေးကွက် စီးကရက် က အရောင်းအ၀ယ်ဖြစ်လျက်ရှိပေသည်။
တစ်ခါတစ်ရံ အကြောင်းတစ်ခုခုကြောင့် သို့မဟုတ် လုံးဝတင်သွင်းမှုမရှိတော့ခြင်းကြောင့် တရားဝင်တင်သွင်းရောင်းချသည့် အဆိုပါ တံဆိပ်နှင့် စီးကရက်က ဈေးကွက်ထဲတွင် ပြတ်လတ်သွားတာမျိုးဖြစ်လျှင် တရားမ၀င် ရောင်းသူက ဈေးနှုန်းကို မြှင့်ပစ်လိုက်လျှင် ဈေးတက်သွားတာမျိုးလည်း ဖြစ်သွားနိုင်ပေသည်။
အကယ်၍ ရောင်းချမည့်သူက သူ့အတွက် ကုန်ကျစရိတ်နည်းသွားခြင်းကြောင့် မှောင်ခိုစီးကရက်ကို ဈေးလျှော့၍ရောင်းခဲ့လျှင်လည်း ဈေးသက်သက်သာသာနှင့် ရ၍ဆိုကာ ၀ယ်ယူသုံးစွဲမှုများလာနိုင်သောကြောင့် ဆေးလိပ်သောက်ရန် အားပေးသလိုဖြစ်၍ ဆေးလိပ် သောက်သူအရေအတွက်များပြားလာပေလိမ့်မည်။ မှောင်ခိုဈေးကွက်စီးကရက်ရောင်းဝယ်မှုကြောင့် အကျိုးသက်ရောက်မှုက ၀ယ်ယူ သုံးစွဲသူများ ငွေကြေးပိုမိုကုန်ကျခြင်းကြောင့် မိသားစုအသုံးစရိတ်လျော့နည်းသွားရခြင်းအပြင် နိုင်ငံတော်အတွက်လည်း အခွန်အကောက် လျော့နည်းသွားရပေသည်။
ဤနည်းတူပင် ပြည်တွင်းမှာ စက်ရုံလာတည်၍ စီးကရက်များထုတ်လုပ်ပြီး ပြည်ပသို့ပြန်လည်ရောင်းချသောအခါ မှောင်ခိုဈေးကွက်မှ ရောင်းချတင်ပို့ခြင်းကြောင့် နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်ငွေများမရဘဲ ဆုံးရှုံးရပေသည်။
သို့ဖြစ်ရာ စီးကရက်အပါအ၀င် ဆေးရွက်ကြီးထွက်ပစ္စည်းများ မှောင်ခိုဈေးကွက်ပပျောက်ရေးမှာ မဖြစ်မနေ အရေးကြီးလှသည်ဟုဆိုရ ပါမည်။
ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း မှောင်ခိုဈေးကွက်ပပျောက်ရေး WHO/FCTC နောက်ဆက်တွဲ ပြဋ္ဌာန်းချက်
၂၀၀၃ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယခုအခါ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၈၂နိုင်ငံပါဝင်သည့် WHO/FCTC ကဖော်ပြပါနောက်ဆက်တွဲပြဋ္ဌာန်း ချက်ကို ၂၀၁၂ခုနှစ်တွင် ထုတ်ပြန်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများကလည်း သဘောတူညီကြောင်း လက်မှတ်ရေးထိုးခဲ့ကြရာ မြန်မာနိုင်ငံကလည်း ၂၀၁၃ခုနှစ် ဇန်န၀ါရီလ ၁၀ရက်က လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။
ပြဋ္ဌာန်းချက်အရ ၂၀၁၈ခုနှစ် စက်တင်ဘာလ ၂၅ ရက်မှစ၍ သဘောတူလက်မှတ်ရေးထိုးထားသော အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အထူးအားစိုက်ဆောင်ရွက်ရမည်(Enforcement)ဟုလည်း ဆိုထားပါသည်။
အထူးအားဖြင့် စီးကရက်မှောင်ခိုဈေးကွက်မှာ နိုင်ငံတကာ ၀င်ပေါက်၊ ထွက်ပေါက်များမှတစ်ဆင့် ဖြတ်ကျော်ရောင်းဝယ် နေကြခြင်းဖြစ်ရာ ကုန်ပစ္စည်းစီးဆင်းသည့်လမ်းကြောင်းကို စောင့်ကြပ်ကြည့်ရှုစစ်ဆေးတားဆီးနိုင်ရေးဖြစ်သည်။
မှောင်ခိုရောင်းချမည့် စီးကရက်၊ ဆေးလိပ်များနှင့် အခြားသော ဆေးရွက်ကြီးထွက်ပစ္စည်းအမျိုးမျိုး စတင်ထုတ်လုပ်သည့် မူလအရင်းခံ နိုင်ငံမှသည် စီးဆင်းရာ ခရီးလမ်းကြောင်းပြောင်းပေးရန်၊ ခေတ္တဖြတ်သန်းရာ လမ်းကြောင်း၊ ခရီးလမ်း၏ ပန်းတိုင်ရည်မှန်းချက်နေရာ စသည်တို့တွင် သေသေချာချာပိတ်ဆို့ အရေးယူနိုင်ရေးဖြစ်သည်။ ထို့သို့ဆောင်ရွက်သည့်အခါ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုရှိရေး ကလည်း အရေးကြီးလာပေသည်။
ကိုဗစ်(၁၉) ကပ်ရောဂါကာလအတွင်း ဆေးလိပ်မှောင်ခိုဈေးကွက်ကိစ္စ ကိုင်တွယ်ဖြေရှင်းခြင်း
ယခုကဲ့သို့ ကမ္ဘာ့ကပ်ရောဂါကြီးတစ်ခု ဖြစ်ပွားနေချိန်ကာလတွင် စီးကရက်အပါအ၀င် ဆေးရွက်ကြီးထွက်ပစ္စည်းများ မှောင်ခိုရောင်းချနေ ကြမှုများအား ပိတ်ပင်တားဆီးကာကွယ်ရေးလုပ်ငန်းမျာမှာလည်း အရေးကြီးလှပေသည်။ ဤခေါင်းစဉ်ဖြင့် နိုင်ငံတကာပညာရှင်များက Virtual နည်းဖြင့်ဆွေးနွေးပွဲတစ်ခုလုပ်ခဲ့ကြသည်။ တောင်အာဖရိက၊ အိန္ဒိယနိုင်ငံများနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ The Union အဖွဲ့ စသည်တို့မှ ပညာရှင်များလည်း ဆွေးနွေးခဲ့ကြသည်။ အတွေ့အကြုံများ မျှဝေဖလှယ်ခဲ့ကြသည်။
ယခုကာလတွင် ဆေးလိပ်မှောင်ခိုကိစ္စကို ပပျောက်အောင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံအစိုးရများအတွက် အခွန်ငွေများမရဘဲ ဆုံးရှုံးနေရ မှုများ ကာကွယ်နိုင်ကာ အခွန်ငွေ ပိုမိုရရှိလာသဖြင့် ကိုဗစ်ထိန်းချုပ်ရေး မဟာဗျူဟာများအတွက် တစ်စိတ်တစ်ပိုင်းအားဖြည့်နိုင်မည် ဖြစ်သည့်ပြင် နိုင်ငံတကာပူးပေါင်း၍ မှောင်ခိုဈေးကွက်စီးဆင်းရာ လမ်းကြောင်းကို ဖော်ထုတ်နိုင်ကြမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။
The Union မှ ညွှန်ကြားရေးမှူး ဒေါက်တာ တာရာဆင်းက ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသုံးစွဲခြင်းသည် ဆေးလိပ်ကုမ္ပဏီကြီး များက လည်ပတ်မောင်းနှင်ပေးနေသော ကာကွယ်၍ရနိုင်သည့် ကပ်ရောဂါတစ်ခုမျှသာဖြစ်ကြောင်း၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်း သုံးစွဲမှု ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွင် ထိုပစ္စည်းတရားမ၀င်ရောင်းချမှုပပျောက်ရေးလုပ်ငန်းသည် တစ်ကမ္ဘာလုံးတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသုံးစွဲမှု အဆုံးသတ်စေရေးအတွက် များစွာအထောက်အကူဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံနှင့် မှောင်ခိုစီးကရက်ဈေးကွက်
ယေဘုယျအားဖြင့် မည်သည့်နိုင်ငံတွင်မဆို ထုပ်ပိုးဘူးခွံပေါ်၌ ကျန်းမာရေးအန္တရာယ်သတိပေးရုပ်ပုံလွှာနှင့် စာတန်းသတ်မှတ်ထားသည့် မျက်နှာပြင်ပမာဏအတိုင်းမပါရှိသည့် စီးကရက်ဘူးများ၊ ဆေးလိပ်အထုပ်များ ရောင်းချခြင်းသည် ဥပဒေချိုးဖောက်ခြင်းဖြစ်သလို နိုင်ငံခြားမှ တင်သွင်းသော စီးကရက်ဘူးများတွင် ထိုအတိုင်းပါရှိရမည့်အပြင် ရောင်းခွန်တံဆိပ်လည်းမပါလျှင် ထိုရောင်းဝယ်မှုသည် မှောင်ခိုဈေးကွက်ဖြစ်သည်။
နိုင်ငံခြားလုပ်စီးကရက်အမျိုးမျိုးသာမက Vape ဆေးလိပ် အငွေ့ရှူသော E စီးကရက်တံဆိပ်အမျိုးမျိုးတို့ကိုလည်း ဈေးဆိုင်များတွင် ပေါ်တင်ရောင်းချနေကြမှုများ၊ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်အင်တာနက်မှတစ်ဆင့် အိမ်တိုင်ရာရောက် ပို့ဆောင်ရောင်းချမှုများကိုလည်း မြန်မာနိုင်ငံအတွင်း တွေ့ရှိနေရပြီဖြစ်သည်။
ကမ္ဘာပေါ်တွင် ၂၀၀၇ စာရင်းများအရ မှောင်ခိုဈေးကွက်တွင်း ရောင်းဝယ်ခဲ့ကြသော စီးကရက်အရေအတွက် ရာခိုင်နှုန်းမှာ ၁၁၆ ရာခိုင်နှုန်းခန့်ရှိပြီး နိုင်ငံအစိုးရအများအတွက် နစ်နာဆုံးရှုံးခဲ့ရသည့် အခွန်ငွေကြေးပမာဏ အမေရိကန် ဒေါ်လာ ၄၀ ဒသမ ၅ဘီလီယံခန့် ရှိမည်ဟု ခန့်မှန်းထားကြသည်။
မြန်မာနိုင်ငံတွင် ၂၀၁၆ခုနှစ် စာရင်းနှင့်နှိုင်းယှဉ်လျှင် ၂၀၀၇ခုနှစ်၌ မှောင်ခိုစီးကရက်ရောင်းဝယ်မှုက ၁၄၂ရာခိုင်နှုန်းအထိ တက်လာ ကြောင်း၊ သို့သော် စုစုပေါင်း ရောင်းဝယ်မှု၏ ၁ရာခိုင်နှုန်းအောက်တွင်သာရှိကြောင်း သိရသည်။ ၂၀၁၈ခုနှစ်အတွင်း မြန်မာနိုင်ငံ အတွင်း စီးကရက်လိပ်ရေပေါင်း ၈ ဒသမ ၂ ဘီလီယံသုံးစွဲခဲ့ကြရာ မှောင်ခိုဈေးကွက်မှ ၀ယ်ယူမှုက အလိပ်ရေ တစ်ဘီလီယံအောက်တွင်သာရှိ သည်ဟု သိရသည်။
မြန်မာနိုင်ငံအတွင်းမှ အိမ်နီးနားချင်းနိုင်ငံများသို့ မှောင်ခိုစီးကရက်များ တင်ပို့ရောင်းချမှုများလည်းရှိကြောင်း၊ အထူးသဖြင့် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ခ်ျနိုင်ငံများသို့ဖြစ်ကြောင်း သိရသည်။ နိုင်ငံခြားဖြစ်စီးကရက်များရော ပြည်တွင်းဖြစ် စီးကရက်များရော ပါပါသည်ဟုဆိုသည်။
၂၀၁၆ - ၂၀၁၈ခုနှစ်အတွင်း အိန္ဒိယအကောက်ခွန်ဌာနက မြန်မာနိုင်ငံမှ မှောင်ခိုတင်သွင်းလာသော စီးကရက်ပမာဏ မြောက်များစွာ ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
စီးကရက်ဆေးလိပ်များသာလျှင်မက အခြားသော ဆေးရွက်ကြီးထွက်ပစ္စည်းများ မှောင်ခိုရောင်းဝယ်မှုများရှိနေရာ ၂၀၁၈ခုနှစ်က ထိုင်း-မြန်မာ နယ်စပ်တွင် မြန်မာနိုင်ငံမှတင်သွင်းသော နိုင်ငံခြားအမှတ်တံဆိပ် စီးကရက်ကာတွန်း ၅၀အပြင် မြန်မာနိုင်ငံအတွင်း စိုက်ပျိုးသော ဆေးရွက်ကြီးအထုပ်ပေါင်း ၉၉၂၀၀၊ ကွမ်းထဲတွင်ထည့်စားရသည့် ဆေးရွက်ကြီးငုံဆေးဘူးပေါင်း ၇၂၀တို့ကို ထိုင်းအာဏာပိုင်တို့က ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။
အခြားသော စစ်တမ်းတစ်ခုအရ မြန်မာနိုင်ငံအတွင်း မှောင်ခိုဈေးကွက်မှ ၀ယ်ယူသောက်သုံးခဲ့ကြသော ဆေးလိပ်၊ စီးကရက်အလိပ် ရေပေါင်း ၄၆သန်းဟု ခန့်မှန်းထားရာ အားလုံးသုံးစွဲမှု၏ သုည ဒသမ ၆ ရာခိုင်နှုန်းခန့်ရှိနေကြောင်း သိရပါသည်။ မှောင်ခိုဝယ်ရောင်း ခြင်းဖြစ်၍ အခွန်ငွေများ ဆုံးရှုံးနစ်နာခဲ့ရာ ၂၀၁၇ခုနှစ်တွင် ကျပ်သန်းပေါင်း ၆၀၀ဖြစ်ကြောင်းသိရသည်။ အခွန်အမျိုးအစား တစ်မျိုးတည်း ကိုသာ မူတည်၍တွက်ထားခြင်းဖြစ်ပြီး ၂၀၁၇ခုနှစ်အတွင်း ဆေးလိပ်မှ အခွန်ဆုံးရှုံးရမှု ၁ ရာခိုင်နှုန်းအောက်တွင် ရှိသည်ဟုလည်း သိရပေသည်။
သည့်အပြင် ဈေးသက်သာ၍ ဆေးလိပ်သုံးစွဲသူ များပြားလာခြင်းကြောင့် ပြည်သူလူထုကျန်းမာရေး ထိခိုက်ခြင်း၊ အရွယ်မတိုင်မီ သေဆုံးရခြင်းများ များပြားလာလျက်ရှိနေပါသည်။ သို့ဖြစ်ရာ စီးကရက်၊ ဆေးလိပ်နှင့် ဆေးရွက်ကြီး တရားမ၀င်မှောင်ခိုရောင်းဝယ်မှု ပပျောက်စေရေး သက်ဆိုင်ရာဌာနများ၊ ပြည်သူများအားလုံး ပူးပေါင်း၍ ဥပဒေအတိုင်း ကြပ်မတ်ထိရောက်စွာ ၀ိုင်းဝန်းတိုက်ဖျက်ကြရမည် ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။
***၂၇ - ၄ - ၂၀၂၁ (အင်္ဂါနေ့)ထုတ် စံတော်ချိန်သတင်းစာ (The Standard Time Daily) တွင်ပါရှိသောဆောင်းပါးဖြစ်သည်။
[Zawgyi]တရားမ၀င္ေဆးလိပ္ႏွင့္ ေဆးရြက္ႀကီးထြက္ပစၥည္း ေရာင္းဝယ္မႈပေပ်ာက္ေရး
ေဒါက္ေထြး(ေဆး/မန္း)
ေဆးလိပ္ႏွင့္ ေဆးရြက္ႀကီးထြက္ပစၥည္းမ်ား သံုးစြဲျခင္းေၾကာင့္ ကမ႓ာ့ျပည္သူလူထုအတြက္ က်န္းမာေရး၊ စီးပြားေရး၊ လူမႈေရးအဘက္ ဘက္က ထိခိုက္ပ်က္စီးမႈမ်ားရိွသျဖင့္ အဆိုပါပစၥည္းမ်ား သံုးစြဲမႈထိန္းခ်ဳပ္ေရးကို ကမ႓ာ့က်န္းမာေရးအဖြဲ႔ႀကီးကဦးေဆာင္ၿပီး ေဆာင္ရြက္ လ်က္ရိွသည္ကို အမ်ားသိရိွၾကၿပီးျဖစ္သည္။
ကမ႓ာ့က်န္းမာေရးအဖြဲ႔၊ ေဆးလိပ္ႏွင့္ ေဆးရြက္ႀကီးထိန္းခ်ဳပ္ေရးအျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရးစာခ်ဳပ္အဖြဲ႔ WHO/FCTC (Framework Convention on Tobacco Control)ကိုတည္ေထာင္ေပးခဲ့ၿပီး အဖြဲ႔ဝင္ႏိုင္ငံမ်ား လိုက္နာေဆာင္ရြက္ၾကရမၫ့္ လုပ္ငန္းမ်ား၊ လမ္းၫႊန္မ်ား၊ ျပ႒ာန္းခ်က္မ်ား၊ နည္းဗ်ူဟာမ်ားကိုလည္း ထုတ္ျပန္ေပးထားသည္။
ေနာက္ဆက္တြဲထုတ္ျပန္ေပးထားသၫ့္ လမ္းၫႊန္လုပ္ငန္းမ်ားစြာရိွသၫ့္အနက္ ေဆးလိပ္ႏွင့္ ေဆးရြက္ႀကီးထြက္ပစၥည္းမ်ား တရားမ၀င္ ေရာင္းဝယ္ေဖာက္ကားမႈမ်ားကို ဖယ္ရွားအဆံုးသတ္ေစရန္ဟူေသာ အခ်က္တစ္ခုလည္းပါဝင္ပါသည္။
တရားမ၀င္ေရာင္းဝယ္ေဖာက္ကားမႈဆိုတာ ဘာလဲ။
သတ္မွတ္ထားေသာ ကုန္ပစၥည္းမ်ားကို သက္ဆိုင္ရာႏိုင္ငံအစိုးရဌာနမ်ားက တရားဝင္ခြင့္ျပဳခ်က္မရရိွဘဲ အေရာင္းအ၀ယ္ျပဳလုပ္ျခင္းကို ေခၚဆိုပါသည္။ ထုတ္လုပ္ေရး၊ျဖန႔္ခ်ိေရာင္းခ်ေရးလုပ္ငန္းတစ္ခုက ကုန္ပစၥည္းတစ္ခုခုကို ေရာင္းခ်မည္ဆိုလ်ွင္ ထိုကုန္ပစၥည္းကို သက္ဆိုင္ရာဌာနတြင္ မွတ္ပံုတင္ျခင္း၊ ေရာင္းဝယ္ခြင့္အတြက္ က်သင့္သၫ့္ အခြန္ေဆာင္ျခင္း စသည္မ်ားျပဳလုပ္ၿပီးမွ တရားဝင္ေရာင္း ခ်ခြင့္ရိွသည္။ မွတ္ပံုတင္ထားျခင္းမရိွေသာ က်သင့္အခြန္ေဆာင္ထားျခင္းမရိွေသာ ကုန္ပစၥည္းကိုေရာင္းခ်လ်ွင္ အေရးယူႏိုင္သည္။
မ်ားေသာအားျဖင့္ အျခားႏိုင္ငံတစ္ႏိုင္ငံမွ တင္သြင္းေရာင္းခ်ေသာ သို႔မဟုတ္ အျခားႏိုင္ငံသို႔တင္ပို႔ေရာင္းခ်ေသာ ကုန္ပစၥည္းမ်ားကို တရားမ၀င္ ကုန္သြယ္မႈျပဳလုပ္ေလ့ရိွၾကသည္။
မဆလေခတ္က ျမန္မာႏိုင္ငံအတြင္းသို႔ တရားဝင္တင္သြင္းခြင့္မေပးသျဖင့္ ထိုင္း-ျမန္မာနယ္စပ္မွ ခိုးသြင္းလာေသာ ကုန္ပစၥည္းမ်ားကို ျမန္မာႏိုင္ငံသားမ်ားက ၀ယ္ယူလိုၾကေသာအခါ ေရာင္းခ်ျခင္း၊ ၀ယ္ယူျခင္းျပဳလုပ္ၾကသၫ့္ ေမွာင္ခိုေဈးကြက္ဟူ၍ျဖစ္ေပၚလာခဲ့သည္။
ယေန့ေခတ္တြင္လည္း အစိုးရက တရားဝင္မွတ္ပံုတင္ၿပီး သတ္မွတ္စည္းကမ္းမ်ားႏွင့္အညီ တင္သြင္းခြင့္၊တင္ပို႔ခြင့္၊ ေရာင္းခ် ၀ယ္ယူခြင့္ ျပဳထားေစကာမူ အခ်ိဳ႕ေသာကုန္ပစၥည္းမ်ားႏွင့္ ပတ္သက္၍ ေမွာင္ခိုေဈးကြက္ဆိုသည္မွာ ရိွေနဆဲျဖစ္ပါသည္။ နမူနာအားျဖင့္ ျပည္တြင္းမွ ရွားပါးသားရိုင္းတိရစၧာန္ႏွင့္ ၄င္းတို႔၏အစိတ္အပိုင္း(နမူနာ ဆင္စြယ္၊ က်ားအေရခြံစသည္)မ်ား ျပည္ပသို႔ တင္ပို႔ေရာင္းခ်ျခင္း ျပည္ပမွ အရက္မ်ိဳးစံုႏွင့္ စီးကရက္မ်ိဳးစံု တင္သြင္းေရာင္းခ်ျခင္း စသည္တို႔ျဖစ္သည္။ တရားဝင္မွတ္ပံုတင္လိုင္စင္ယူၿပီး တင္သြင္းေရာင္းခ်ခြင့္ရိွ ပါလ်က္ႏွင့္ ေမွာင္ခိုေဈးကြက္အျဖစ္ တင္သြင္းေရာင္းခ်ရျခင္းမွာ အေၾကာင္းရိွေပသည္။
အသိသာအထင္ရွားဆံုးေသာ အေၾကာင္းရင္းကား အခြန္ေဆာင္ရမည္ကို ေရွာင္ၾကဉ္လိုျခင္းေၾကာင့္ေပတည္း။
ေမွာင္ခိုေဈးကြက္စီးကရက္
ႏိုင္ငံျခားမွတင္သြင္းေရာင္းခ်လိုေသာ ကုန္ပစၥည္းရိွလ်ွင္ ကုန္သည္အေနျဖင့္ သက္ဆိုင္ရာႏွင့္ ႏွီးႏႊယ္ဝန္ႀကီးဌာနမ်ား၊ ဦးစီးဌာနမ်ားတြင္ တရားဝင္ေလ်ွာက္ထားျခင္း၊ ခြင့္ျပဳခ်က္ရယူျခင္း၊လိုင္စင္ရယူျခင္း စသည္တို႔ကို သတ္မွတ္အခေၾကးေငြေပးေဆာင္၍ ျပဳလုပ္ရသည္။ ကုန္ပစၥည္းမ်ားႏွင့္ ပတ္သက္၍ သတ္မွတ္အခြန္အေကာက္မ်ား၊ ေရာင္းဝယ္ခြန္မ်ားကို ေပးေဆာင္ရသည္။ ျပည္တြင္းရိွ ဆိုင္မ်ားေပၚတြင္ တင္၍ ေရာင္းခ်ေသာအခါ ထိုကုန္ပစၥည္းတိုင္းကို တစ္ခုခ်င္းစီအလိုက္ နမူနာအားျဖင့္ ႏိုင္ငံျခားအရက္တစ္ပုလင္းစီေပၚ သို႔မဟုတ္ ႏိုင္ငံျခား စီးကရက္တစ္ဘူးခ်င္းစီအေပၚတြင္ အခြန္ေဆာင္ထားၿပီးေၾကာင္းသိေစသၫ့္ သတ္မွတ္အခြန္တံဆိပ္ကို ကပ္ထားေပးၿပီးမွ ေရာင္းခ်ခြင့္ရိွေပသည္။
ႏိုင္ငံျခားမွနာမည္ႀကီးသၫ့္ေၾကာ္ျငာကိုလည္းေကာင္း၊ လူသိမ်ား လူႀကိဳက္မ်ားေသာ အမွတ္တံဆိပ္ရိွသၫ့္ကုမၸဏီႀကီးတစ္ခုမွ ထုတ္လုပ္ ေရာင္းခ်သၫ့္ စီးကရက္တစ္မ်ိဳးကိုလည္းေကာင္း ျပည္တြင္းသို႔ တင္သြင္းေရာင္းခ်မည္ဆိုလ်ွင္ ပထမဦးစြာ ထိုပစၥည္းကို တင္သြင္းခြင့္ ေလ်ွာက္ထားရမည္။ သက္ဆိုင္ရာက ခြင့္ျပဳခ်င္မျွပဳမည္။ ခြင့္ျပဳလိုက္လ်ွင္လည္း စီးကရက္ေဆးလိပ္ဟူေသာ ပစၥည္းသည္ အမ်ားျပည္သူ အတြက္ အေျခခံစားကုန္မဟုတ္၍ အခြန္ေငြကို မူလထုတ္လုပ္ကုန္က်သၫ့္ တန္ဖိုးထက္ အဆ(၄-၅)ဆေလာက္ ေကာက္ေလ့ရိွ၍ တန္ဖိုးျမင့္သြားသည္။ ထိုတန္ဖိုးအတိုင္း သံုးစြဲသူက ၀ယ္ယူသံုးစြဲၾကသည္။ ထားေတာ့။ သည္အတိုင္းက ပံုမွန္ဟုပဲ ထားလိုက္ေတာ့။ တင္သြင္းေရာင္းခ်သူကလည္း ဥပေဒစည္းကမ္းႏွင့္အညီ ၀ယ္ေရာင္းသည္။ ႏိုင္ငံေတာ္ကလည္း ရသင့္ရထိုက္သၫ့္ လိုင္စင္ေၾကးေတြ အခြန္အေကာက္ေတြရရိွသည္။ (စကားခ်ပ္ - ဒီလိုရရိွသၫ့္ စီးကရက္အခြန္၊ အရက္ခြန္စသည္တို႔က ျပည္သူလူထု၏ လူမႈေရး၊ က်န္းမာေရးစသည္တို႔အတြက္ အသံုးျပဳျခင္းျဖစ္သည္။ တိုင္းျပည္ဘ႑ာေငြရရိွေစသၫ့္ လုပ္ရပ္ဟူ၍ ဆိုခ်င္ဆိုႏိုင္သည္။)
ျပႆနာမရိွ ဆိုပါေတာ့။
ျပႆနာရိွသည္က ဤသို႔ျဖစ္၏။
အဆိုပါ စီးကရက္အမ်ိဳးအစားေရာင္းသူက နယ္စပ္မွ တရားမ၀င္ခိုးယူတင္သြင္းလိုက္ေသာအခါ သူ႔အတြက္လိုင္စင္ေၾကး၊ မွတ္ပံုတင္ေၾကး အခြန္ေဆာင္ရျခင္း မရိွေတာ့၍ အရင္းအႏွီးစိုက္ထုတ္ရမႈသက္သာသြားသည္။ ခိုးသြင္းလာေသာ(အခြန္ေဆာင္ၿပီး တံဆိပ္လည္း ကပ္မထားေသာ) စီးကရက္မ်ားကို ဆိုင္ေပၚတင္၍ ေရာင္းခ်ေသာအခါ တရားဝင္တင္သြင္းေသာ စီးကရက္မ်ားေဈးႏႈန္း အတိုင္းပင္ ေရာင္းခ်ေလ့ရိျွခင္းေၾကာင့္ သူ႔အတြက္အျမတ္အစြန္းမ်ားစြာက်န္ေပေတာ့သည္။ ၀ယ္ယူသံုးစြဲသူကလည္း အခြန္တံဆိပ္ကပ္ ထားျခင္း ရိွ၊မရိွ သတိထားၾကၫ့္ျခင္းလည္းမရိွ၊ သိလည္း မသိ၊ သိလည္း လက္ခံၿပီး ၀ယ္ယူသံုးစြဲၾကသျဖင့္ ေမွာင္ခိုေဈးကြက္ စီးကရက္ က အေရာင္းအ၀ယ္ျဖစ္လ်က္ရိွေပသည္။
တစ္ခါတစ္ရံ အေၾကာင္းတစ္ခုခုေၾကာင့္ သို႔မဟုတ္ လံုးဝတင္သြင္းမႈမရိွေတာ့ျခင္းေၾကာင့္ တရားဝင္တင္သြင္းေရာင္းခ်သၫ့္ အဆိုပါ တံဆိပ္ႏွင့္ စီးကရက္က ေဈးကြက္ထဲတြင္ ျပတ္လတ္သြားတာမ်ိဳးျဖစ္လ်ွင္ တရားမ၀င္ ေရာင္းသူက ေဈးႏႈန္းကို ျမႇင့္ပစ္လိုက္လ်ွင္ ေဈးတက္သြားတာမ်ိဳးလည္း ျဖစ္သြားႏိုင္ေပသည္။
အကယ္၍ ေရာင္းခ်မၫ့္သူက သူ႔အတြက္ ကုန္က်စရိတ္နည္းသြားျခင္းေၾကာင့္ ေမွာင္ခိုစီးကရက္ကို ေဈးေလ်ွာ့၍ေရာင္းခဲ့လ်ွင္လည္း ေဈးသက္သက္သာသာႏွင့္ ရ၍ဆိုကာ ၀ယ္ယူသံုးစြဲမႈမ်ားလာႏိုင္ေသာေၾကာင့္ ေဆးလိပ္ေသာက္ရန္ အားေပးသလိုျဖစ္၍ ေဆးလိပ္ ေသာက္သူအေရအတြက္မ်ားျပားလာေပလိမ့္မည္။ ေမွာင္ခိုေဈးကြက္စီးကရက္ေရာင္းဝယ္မႈေၾကာင့္ အက်ိဳးသက္ေရာက္မႈက ၀ယ္ယူ သံုးစြဲသူမ်ား ေငြေၾကးပိုမိုကုန္က်ျခင္းေၾကာင့္ မိသားစုအသံုးစရိတ္ေလ်ာ့နည္းသြားရျခင္းအျပင္ ႏိုင္ငံေတာ္အတြက္လည္း အခြန္အေကာက္ ေလ်ာ့နည္းသြားရေပသည္။
ဤနည္းတူပင္ ျပည္တြင္းမွာ စက္ရံုလာတည္၍ စီးကရက္မ်ားထုတ္လုပ္ၿပီး ျပည္ပသို႔ျပန္လည္ေရာင္းခ်ေသာအခါ ေမွာင္ခိုေဈးကြက္မွ ေရာင္းခ်တင္ပို႔ျခင္းေၾကာင့္ ႏိုင္ငံေတာ္အတြက္ ရသင့္ရထိုက္ေသာ အခြန္ေငြမ်ားမရဘဲ ဆံုးရႈံးရေပသည္။
သို႔ျဖစ္ရာ စီးကရက္အပါအ၀င္ ေဆးရြက္ႀကီးထြက္ပစၥည္းမ်ား ေမွာင္ခိုေဈးကြက္ပေပ်ာက္ေရးမွာ မျဖစ္မေန အေရးႀကီးလွသည္ဟုဆိုရ ပါမည္။
ေဆးလိပ္ႏွင့္ ေဆးရြက္ႀကီးထြက္ပစၥည္း ေမွာင္ခိုေဈးကြက္ပေပ်ာက္ေရး WHO/FCTC ေနာက္ဆက္တြဲ ျပ႒ာန္းခ်က္
၂၀၀၃ခုႏွစ္တြင္ စတင္ဖြဲ႔စည္းခဲ့ၿပီး ယခုအခါ အဖြဲ႔ဝင္ႏိုင္ငံေပါင္း ၁၈၂ႏိုင္ငံပါဝင္သၫ့္ WHO/FCTC ကေဖာ္ျပပါေနာက္ဆက္တြဲျပ႒ာန္း ခ်က္ကို ၂၀၁၂ခုႏွစ္တြင္ ထုတ္ျပန္ခဲ့ၿပီး အဖြဲ႔ဝင္ႏိုင္ငံမ်ားကလည္း သေဘာတူညီေၾကာင္း လက္မွတ္ေရးထိုးခဲ့ၾကရာ ျမန္မာႏိုင္ငံကလည္း ၂၀၁၃ခုႏွစ္ ဇန္နဝါရီလ ၁၀ရက္က လက္မွတ္ေရးထိုးခဲ့ၿပီးျဖစ္သည္။
ျပ႒ာန္းခ်က္အရ ၂၀၁၈ခုႏွစ္ စက္တင္ဘာလ ၂၅ ရက္မွစ၍ သေဘာတူလက္မွတ္ေရးထိုးထားေသာ အဖြဲ႔ဝင္ႏိုင္ငံမ်ားအေနျဖင့္ အထူးအားစိုက္ေဆာင္ရြက္ရမည္(Enforcement)ဟုလည္း ဆိုထားပါသည္။
အထူးအားျဖင့္ စီးကရက္ေမွာင္ခိုေဈးကြက္မွာ ႏိုင္ငံတကာ ၀င္ေပါက္၊ ထြက္ေပါက္မ်ားမွတစ္ဆင့္ ျဖတ္ေက်ာ္ေရာင္းဝယ္ ေနၾကျခင္းျဖစ္ရာ ကုန္ပစၥည္းစီးဆင္းသၫ့္လမ္းေၾကာင္းကို ေစာင့္ၾကပ္ၾကၫ့္ရႈစစ္ေဆးတားဆီးႏိုင္ေရးျဖစ္သည္။
ေမွာင္ခိုေရာင္းခ်မၫ့္ စီးကရက္၊ ေဆးလိပ္မ်ားႏွင့္ အျခားေသာ ေဆးရြက္ႀကီးထြက္ပစၥည္းအမ်ိဳးမ်ိဳး စတင္ထုတ္လုပ္သၫ့္ မူလအရင္းခံ ႏိုင္ငံမွသည္ စီးဆင္းရာ ခရီးလမ္းေၾကာင္းေျပာင္းေပးရန္၊ ေခတၲျဖတ္သန္းရာ လမ္းေၾကာင္း၊ ခရီးလမ္း၏ ပန္းတိုင္ရည္မွန္းခ်က္ေနရာ စသည္တို႔တြင္ ေသေသခ်ာခ်ာပိတ္ဆို႔ အေရးယူႏိုင္ေရးျဖစ္သည္။ ထို႔သို႔ေဆာင္ရြက္သၫ့္အခါ ႏိုင္ငံတကာ ပူးေပါင္းေဆာင္ရြက္မႈရိွေရး ကလည္း အေရးႀကီးလာေပသည္။
ကိုဗစ္(၁၉) ကပ္ေရာဂါကာလအတြင္း ေဆးလိပ္ေမွာင္ခိုေဈးကြက္ကိစၥ ကိုင္တြယ္ေျဖရွင္းျခင္း
ယခုကဲ့သို႔ ကမ႓ာ့ကပ္ေရာဂါႀကီးတစ္ခု ျဖစ္ပြားေနခ်ိန္ကာလတြင္ စီးကရက္အပါအ၀င္ ေဆးရြက္ႀကီးထြက္ပစၥည္းမ်ား ေမွာင္ခိုေရာင္းခ်ေန ၾကမႈမ်ားအား ပိတ္ပင္တားဆီးကာကြယ္ေရးလုပ္ငန္းမ်ာမွာလည္း အေရးႀကီးလွေပသည္။ ဤေခါင္းစဉ္ျဖင့္ ႏိုင္ငံတကာပညာရွင္မ်ားက Virtual နည္းျဖင့္ေဆြးေနြးပြဲတစ္ခုလုပ္ခဲ့ၾကသည္။ ေတာင္အာဖရိက၊ အိႏၵိယႏိုင္ငံမ်ားႏွင့္ ကမ႓ာ့က်န္းမာေရးအဖြဲ႔၊ The Union အဖြဲ႔ စသည္တို႔မွ ပညာရွင္မ်ားလည္း ေဆြးေနြးခဲ့ၾကသည္။ အေတြ့အႀကံဳမ်ား မ်ွေဝဖလွယ္ခဲ့ၾကသည္။
ယခုကာလတြင္ ေဆးလိပ္ေမွာင္ခိုကိစၥကို ပေပ်ာက္ေအာင္ေဆာင္ရြက္ျခင္းျဖင့္ ႏိုင္ငံအစိုးရမ်ားအတြက္ အခြန္ေငြမ်ားမရဘဲ ဆံုးရႈံးေနရ မႈမ်ား ကာကြယ္ႏိုင္ကာ အခြန္ေငြ ပိုမိုရရိွလာသျဖင့္ ကိုဗစ္ထိန္းခ်ဳပ္ေရး မဟာဗ်ူဟာမ်ားအတြက္ တစ္စိတ္တစ္ပိုင္းအားျဖၫ့္ႏိုင္မည္ ျဖစ္သၫ့္ျပင္ ႏိုင္ငံတကာပူးေပါင္း၍ ေမွာင္ခိုေဈးကြက္စီးဆင္းရာ လမ္းေၾကာင္းကို ေဖာ္ထုတ္ႏိုင္ၾကမည္ျဖစ္ေၾကာင္း ေဆြးေနြးခဲ့ၾကသည္။
The Union မွ ၫႊန္ၾကားေရးမွဴး ေဒါက္တာ တာရာဆင္းက ေဆးလိပ္ႏွင့္ ေဆးရြက္ႀကီးထြက္ ပစၥည္းသံုးစြဲျခင္းသည္ ေဆးလိပ္ကုမၸဏီႀကီး မ်ားက လည္ပတ္ေမာင္းႏွင္ေပးေနေသာ ကာကြယ္၍ရႏိုင္သၫ့္ ကပ္ေရာဂါတစ္ခုမ်ွသာျဖစ္ေၾကာင္း၊ ေဆးလိပ္ႏွင့္ ေဆးရြက္ႀကီးထြက္ ပစၥည္း သံုးစြဲမႈ ကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္းတြင္ ထိုပစၥည္းတရားမ၀င္ေရာင္းခ်မႈပေပ်ာက္ေရးလုပ္ငန္းသည္ တစ္ကမ႓ာလံုးတြင္ ေဆးလိပ္ႏွင့္ ေဆးရြက္ႀကီးထြက္ပစၥည္းသံုးစြဲမႈ အဆံုးသတ္ေစေရးအတြက္ မ်ားစြာအေထာက္အကူျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။
ျမန္မာႏိုင္ငံႏွင့္ ေမွာင္ခိုစီးကရက္ေဈးကြက္
ေယဘုယ်အားျဖင့္ မည္သၫ့္ႏိုင္ငံတြင္မဆို ထုပ္ပိုးဘူးခြံေပၚ၌ က်န္းမာေရးအႏၲရာယ္သတိေပးရုပ္ပံုလႊာႏွင့္ စာတန္းသတ္မွတ္ထားသၫ့္ မ်က္ႏွာျပင္ပမာဏအတိုင္းမပါရိွသၫ့္ စီးကရက္ဘူးမ်ား၊ ေဆးလိပ္အထုပ္မ်ား ေရာင္းခ်ျခင္းသည္ ဥပေဒခ်ိဳးေဖာက္ျခင္းျဖစ္သလို ႏိုင္ငံျခားမွ တင္သြင္းေသာ စီးကရက္ဘူးမ်ားတြင္ ထိုအတိုင္းပါရိွရမၫ့္အျပင္ ေရာင္းခြန္တံဆိပ္လည္းမပါလ်ွင္ ထိုေရာင္းဝယ္မႈသည္ ေမွာင္ခိုေဈးကြက္ျဖစ္သည္။
ႏိုင္ငံျခားလုပ္စီးကရက္အမ်ိဳးမ်ိဳးသာမက Vape ေဆးလိပ္ အေငြ့ရႉေသာ E စီးကရက္တံဆိပ္အမ်ိဳးမ်ိဳးတို႔ကိုလည္း ေဈးဆိုင္မ်ားတြင္ ေပၚတင္ေရာင္းခ်ေနၾကမႈမ်ား၊ ေဖ့စ္ဘြတ္ခ္ လူမႈကြန္ရက္အင္တာနက္မွတစ္ဆင့္ အိမ္တိုင္ရာေရာက္ ပို႔ေဆာင္ေရာင္းခ်မႈမ်ားကိုလည္း ျမန္မာႏိုင္ငံအတြင္း ေတြ့ရိွေနရၿပီျဖစ္သည္။
ကမ႓ာေပၚတြင္ ၂၀၀၇ စာရင္းမ်ားအရ ေမွာင္ခိုေဈးကြက္တြင္း ေရာင္းဝယ္ခဲ့ၾကေသာ စီးကရက္အေရအတြက္ ရာခိုင္ႏႈန္းမွာ ၁၁၆ ရာခိုင္ႏႈန္းခန႔္ရိွၿပီး ႏိုင္ငံအစိုးရအမ်ားအတြက္ နစ္နာဆံုးရႈံးခဲ့ရသၫ့္ အခြန္ေငြေၾကးပမာဏ အေမရိကန္ ေဒၚလာ ၄၀ ဒသမ ၅ဘီလီယံခန႔္ ရိွမည္ဟု ခန႔္မွန္းထားၾကသည္။
ျမန္မာႏိုင္ငံတြင္ ၂၀၁၆ခုႏွစ္ စာရင္းႏွင့္ႏိႈင္းယွဉ္လ်ွင္ ၂၀၀၇ခုႏွစ္၌ ေမွာင္ခိုစီးကရက္ေရာင္းဝယ္မႈက ၁၄၂ရာခိုင္ႏႈန္းအထိ တက္လာ ေၾကာင္း၊ သို႔ေသာ္ စုစုေပါင္း ေရာင္းဝယ္မႈ၏ ၁ရာခိုင္ႏႈန္းေအာက္တြင္သာရိွေၾကာင္း သိရသည္။ ၂၀၁၈ခုႏွစ္အတြင္း ျမန္မာႏိုင္ငံ အတြင္း စီးကရက္လိပ္ေရေပါင္း ၈ ဒသမ ၂ ဘီလီယံသံုးစြဲခဲ့ၾကရာ ေမွာင္ခိုေဈးကြက္မွ ၀ယ္ယူမႈက အလိပ္ေရ တစ္ဘီလီယံေအာက္တြင္သာရိွ သည္ဟု သိရသည္။
ျမန္မာႏိုင္ငံအတြင္းမွ အိမ္နီးနားခ်င္းႏိုင္ငံမ်ားသို႔ ေမွာင္ခိုစီးကရက္မ်ား တင္ပို႔ေရာင္းခ်မႈမ်ားလည္းရိွေၾကာင္း၊ အထူးသျဖင့္ အိႏၵိယႏွင့္ ဘဂၤလားေဒ့ခ္်ႏိုင္ငံမ်ားသို႔ျဖစ္ေၾကာင္း သိရသည္။ ႏိုင္ငံျခားျဖစ္စီးကရက္မ်ားေရာ ျပည္တြင္းျဖစ္ စီးကရက္မ်ားေရာ ပါပါသည္ဟုဆိုသည္။
၂၀၁၆ - ၂၀၁၈ခုႏွစ္အတြင္း အိႏၵိယအေကာက္ခြန္ဌာနက ျမန္မာႏိုင္ငံမွ ေမွာင္ခိုတင္သြင္းလာေသာ စီးကရက္ပမာဏ ေျမာက္မ်ားစြာ ဖမ္းဆီးရမိခဲ့သည္ဟု သိရသည္။
စီးကရက္ေဆးလိပ္မ်ားသာလ်ွင္မက အျခားေသာ ေဆးရြက္ႀကီးထြက္ပစၥည္းမ်ား ေမွာင္ခိုေရာင္းဝယ္မႈမ်ားရိွေနရာ ၂၀၁၈ခုႏွစ္က ထိုင္း-ျမန္မာ နယ္စပ္တြင္ ျမန္မာႏိုင္ငံမွတင္သြင္းေသာ ႏိုင္ငံျခားအမွတ္တံဆိပ္ စီးကရက္ကာတြန္း ၅၀အျပင္ ျမန္မာႏိုင္ငံအတြင္း စိုက္ပ်ိဳးေသာ ေဆးရြက္ႀကီးအထုပ္ေပါင္း ၉၉၂၀၀၊ ကြမ္းထဲတြင္ထၫ့္စားရသၫ့္ ေဆးရြက္ႀကီးငံုေဆးဘူးေပါင္း ၇၂၀တို႔ကို ထိုင္းအာဏာပိုင္တို႔က ဖမ္းဆီးရရိွခဲ့ေၾကာင္း သိရသည္။
အျခားေသာ စစ္တမ္းတစ္ခုအရ ျမန္မာႏိုင္ငံအတြင္း ေမွာင္ခိုေဈးကြက္မွ ၀ယ္ယူေသာက္သံုးခဲ့ၾကေသာ ေဆးလိပ္၊ စီးကရက္အလိပ္ ေရေပါင္း ၄၆သန္းဟု ခန႔္မွန္းထားရာ အားလံုးသံုးစြဲမႈ၏ သုည ဒသမ ၆ ရာခိုင္ႏႈန္းခန႔္ရိွေနေၾကာင္း သိရပါသည္။ ေမွာင္ခိုဝယ္ေရာင္း ျခင္းျဖစ္၍ အခြန္ေငြမ်ား ဆံုးရႈံးနစ္နာခဲ့ရာ ၂၀၁၇ခုႏွစ္တြင္ က်ပ္သန္းေပါင္း ၆၀၀ျဖစ္ေၾကာင္းသိရသည္။ အခြန္အမ်ိဳးအစား တစ္မ်ိဳးတည္း ကိုသာ မူတည္၍တြက္ထားျခင္းျဖစ္ၿပီး ၂၀၁၇ခုႏွစ္အတြင္း ေဆးလိပ္မွ အခြန္ဆံုးရႈံးရမႈ ၁ ရာခိုင္ႏႈန္းေအာက္တြင္ ရိွသည္ဟုလည္း သိရေပသည္။
သၫ့္အျပင္ ေဈးသက္သာ၍ ေဆးလိပ္သံုးစြဲသူ မ်ားျပားလာျခင္းေၾကာင့္ ျပည္သူလူထုက်န္းမာေရး ထိခိုက္ျခင္း၊ အရြယ္မတိုင္မီ ေသဆံုးရျခင္းမ်ား မ်ားျပားလာလ်က္ရိွေနပါသည္။ သို႔ျဖစ္ရာ စီးကရက္၊ ေဆးလိပ္ႏွင့္ ေဆးရြက္ႀကီး တရားမ၀င္ေမွာင္ခိုေရာင္းဝယ္မႈ ပေပ်ာက္ေစေရး သက္ဆိုင္ရာဌာနမ်ား၊ ျပည္သူမ်ားအားလံုး ပူးေပါင္း၍ ဥပေဒအတိုင္း ၾကပ္မတ္ထိေရာက္စြာ ဝိုင္းဝန္းတိုက္ဖ်က္ၾကရမည္ ျဖစ္ေၾကာင္း တင္ျပလိုက္ရပါသည္။
***၂၇ - ၄ - ၂၀၂၁ (အဂၤါေန့)ထုတ္ စံေတာ္ခ်ိန္သတင္းစာ (The Standard Time Daily) တြင္ပါရိွေသာေဆာင္းပါးျဖစ္သည္။
No comments:
Post a Comment