Friday, May 14, 2021

အကြော်ဆိုင်ကလို ကြော်စားကြမယ်

 [Unicode]အကြော်ဆိုင်ကလို ကြော်စားကြမယ်

ပဲပင်ပေါက် ပုစွန်ခွက်ကြော်




ပါဝင်ပစ္စည်းများ

ပဲပင်ပေါက် ၅၀ကျပ်သား၊ ပဲမှုန့် ၇၅ ကျပ်သား၊ ဆန်မှုန့် ၁၅ကျပ်သား၊ ကောက်ညှင်းမှုန့် ၅ကျပ်သား၊ ဆား သင့်ရုံ၊ ပုစွန်ဆိတ် ၂၅ကျပ်သား၊ ကြက်သွန်နီဥကြီး ၂၅ကျပ်သား။


ပြင်ဆင်ပြုလုပ်ပုံ

ပဲပင်ပေါက် ရေဆေးပြီး စစ်ထားပါ။ ပုစွန်ဆိတ်များကိုလည်းရေဆေး၍ နှာမောင်းကို ကပ်ကြေးဖြင့် ဖြတ်လှီးပြီးလျှင် ရေစစ်ထားပါ။ ထို့နောက် ပဲမှုန့်၊ ဆန်မှုန့်၊ ဆားတို့ကို အရည်မပျစ်မကျဲ ဖျော်ထားပြီးလျှင် ပုစွန်၊ ပါးပါးလှီးထားသော ကြက်သွန်နှင့် ပဲပင်ပေါက်တို့ကို ရောနယ်ထားပါ။ စားဆော်ဒါ အနည်းငယ်ထည့်ပါ။ မုန့်ကြော်လိုသောအခါ ဆီဒယ်အိုးကိုပူအောင်တည်၍ အကြော်ကြော်မည့် ယောက်ခွက်ကိုဆီပူတွင် ခေတ္တနှစ်ထားပြီး ပူလာသောအခါ ၄င်းခွက်ထဲသို့ ပဲပင်ပေါက်၊ပုစွန်ဆိတ်များထည့်၍ ကြော်ပါ။ နီရောင်သမ်းလာလျှင် ဆယ်ယူ၍ ဆီစစ်ထားပါ။ သုပ်စားလိုက စားနိုင်သည်။ သို့မဟုတ် ပုစွန်ခွက်ကြော်အတိုင်း စားနိုင်သည်။


ပုစွန်ငပေါင်းကြော်




ပါဝင်ပစ္စည်းများ

ပုစွန်ဆိတ်အရွယ်တော် ၁ ပိဿာ၊ ဆီ ၁ပိဿာ ၅၀ကျပ်သား၊ ဆန်ကြမ်းမှုန့် နို့ဆီဘူး ၄လုံး၊ ကောက်ညှင်းမှုန့် နို့ဆီဘူး ၂လုံး၊ စားဆော်ဒါ သင့်ရုံ၊ ဆား သင့်ရုံ၊ ဖီးကြမ်းငှက်ပျောသီး ၂လုံး။


ပြင်ဆင်ပြုလုပ်ပုံ

ဆန်နှစ်ကို ခပ်ပျစ်ပျစ်ဖျော်၍ ရေအထပ်ထပ်ဆေးထားသော ပုစွန်ဆိတ်များထည့်ပါ။ သမသွားသောအခါ ကြွေဇွန်းတစ်ဇွန်းစီ ခပ်၍ ဒယ်ပက်ပက်တွင် ကြော်ပါ။

သို့မဟုတ် ဘူးသီးကြော်ကြော်သကဲ့သို့ ဆန်နှစ်နှင့်ပုစွန်များရောနယ်ပြီး ဒယ်အိုးစောက်စောက်တွင်လည်း နီရောင်သမ်းလာအောင် ကြော်စားနိုင်ပါသည်။


ကြက်သွန်ငပေါင်းကြော်




ပါဝင်ပစ္စည်းများ

ကြက်သွန်နီဥကြီး ၁ ပိဿာ၊ ဆီ ၁ပိဿာ ၅၀ကျပ်သား၊ ဆန်ကြမ်းမှုန့် နို့ဆီဘူး ၄လုံး၊ ကောက်ညှင်းမှုန့် နို့ဆီဘူး ၂လုံး၊ စားဆော်ဒါ သင့်ရုံ၊ ဖီးကြမ်းငှက်ပျောသီး ၂လုံး။


ပြင်ဆင်ပြုလုပ်ပုံ

ကြက်သွန်နီဥကြီးများကို အခွံနွှင်ပြီး ရေဆေးပါ။ ပါးပါးလှီးပြီးလျှင် ဆန်ခါတွင် ဖြန့်ထားပါ။ ဆန်နှစ် ခပ်ပျစ်ပျစ်ဖျော်၍ ကြက်သွန်များထည့်နယ်ပြီးကြော်ပါ။ စားဆော်ဒါမထည့်ဘဲ ငှက်ပျောသီးထည့်နယ်လျှင်လည်း  ဖြစ်နိုင်ပါသည်။


[Zawgyi]အေၾကာ္ဆိုင္ကလို ေၾကာ္စားၾကမယ္

ပဲပင္ေပါက္ ပုစြန္ခြက္ေၾကာ္




ပါဝင္ပစၥည္းမ်ား

ပဲပင္ေပါက္ ၅၀က်ပ္သား၊ ပဲမႈန႔္ ၇၅ က်ပ္သား၊ ဆန္မႈန႔္ ၁၅က်ပ္သား၊ ေကာက္ၫွင္းမႈန႔္ ၅က်ပ္သား၊ ဆား သင့္ရံု၊ ပုစြန္ဆိတ္ ၂၅က်ပ္သား၊ ၾကက္သြန္နီဥႀကီး ၂၅က်ပ္သား။


ျပင္ဆင္ျပဳလုပ္ပံု

ပဲပင္ေပါက္ ေရေဆးၿပီး စစ္ထားပါ။ ပုစြန္ဆိတ္မ်ားကိုလည္းေရေဆး၍ ႏွာေမာင္းကို ကပ္ေၾကးျဖင့္ ျဖတ္လွီးၿပီးလ်ွင္ ေရစစ္ထားပါ။ ထို႔ေနာက္ ပဲမႈန႔္၊ ဆန္မႈန႔္၊ ဆားတို႔ကို အရည္မပ်စ္မက်ဲ ေဖ်ာ္ထားၿပီးလ်ွင္ ပုစြန္၊ ပါးပါးလွီးထားေသာ ၾကက္သြန္ႏွင့္ ပဲပင္ေပါက္တို႔ကို ေရာနယ္ထားပါ။ စားေဆာ္ဒါ အနည္းငယ္ထၫ့္ပါ။ မုန႔္ေၾကာ္လိုေသာအခါ ဆီဒယ္အိုးကိုပူေအာင္တည္၍ အေၾကာ္ေၾကာ္မၫ့္ ေယာက္ခြက္ကိုဆီပူတြင္ ေခတၲႏွစ္ထားၿပီး ပူလာေသာအခါ ၄င္းခြက္ထဲသို႔ ပဲပင္ေပါက္၊ပုစြန္ဆိတ္မ်ားထၫ့္၍ ေၾကာ္ပါ။ နီေရာင္သမ္းလာလ်ွင္ ဆယ္ယူ၍ ဆီစစ္ထားပါ။ သုပ္စားလိုက စားႏိုင္သည္။ သို႔မဟုတ္ ပုစြန္ခြက္ေၾကာ္အတိုင္း စားႏိုင္သည္။


ပုစြန္ငေပါင္းေၾကာ္




ပါဝင္ပစၥည္းမ်ား

ပုစြန္ဆိတ္အရြယ္ေတာ္ ၁ ပိႆာ၊ ဆီ ၁ပိႆာ ၅၀က်ပ္သား၊ ဆန္ၾကမ္းမႈန႔္ ႏို႔ဆီဘူး ၄လံုး၊ ေကာက္ၫွင္းမႈန႔္ ႏို႔ဆီဘူး ၂လံုး၊ စားေဆာ္ဒါ သင့္ရံု၊ ဆား သင့္ရံု၊ ဖီးၾကမ္းငွက္ေပ်ာသီး ၂လံုး။


ျပင္ဆင္ျပဳလုပ္ပံု

ဆန္ႏွစ္ကို ခပ္ပ်စ္ပ်စ္ေဖ်ာ္၍ ေရအထပ္ထပ္ေဆးထားေသာ ပုစြန္ဆိတ္မ်ားထၫ့္ပါ။ သမသြားေသာအခါ ေႂကြဇြန္းတစ္ဇြန္းစီ ခပ္၍ ဒယ္ပက္ပက္တြင္ ေၾကာ္ပါ။

သို႔မဟုတ္ ဘူးသီးေၾကာ္ေၾကာ္သကဲ့သို႔ ဆန္ႏွစ္ႏွင့္ပုစြန္မ်ားေရာနယ္ၿပီး ဒယ္အိုးေစာက္ေစာက္တြင္လည္း နီေရာင္သမ္းလာေအာင္ ေၾကာ္စားႏိုင္ပါသည္။


ၾကက္သြန္ငေပါင္းေၾကာ္



ပါဝင္ပစၥည္းမ်ား

ၾကက္သြန္နီဥႀကီး ၁ ပိႆာ၊ ဆီ ၁ပိႆာ ၅၀က်ပ္သား၊ ဆန္ၾကမ္းမႈန႔္ ႏို႔ဆီဘူး ၄လံုး၊ ေကာက္ၫွင္းမႈန႔္ ႏို႔ဆီဘူး ၂လံုး၊ စားေဆာ္ဒါ သင့္ရံု၊ ဖီးၾကမ္းငွက္ေပ်ာသီး ၂လံုး။


ျပင္ဆင္ျပဳလုပ္ပံု

ၾကက္သြန္နီဥႀကီးမ်ားကို အခြံႏႊင္ၿပီး ေရေဆးပါ။ ပါးပါးလွီးၿပီးလ်ွင္ ဆန္ခါတြင္ ျဖန႔္ထားပါ။ ဆန္ႏွစ္ ခပ္ပ်စ္ပ်စ္ေဖ်ာ္၍ ၾကက္သြန္မ်ားထၫ့္နယ္ၿပီးေၾကာ္ပါ။ စားေဆာ္ဒါမထၫ့္ဘဲ ငွက္ေပ်ာသီးထၫ့္နယ္လ်ွင္လည္း  ျဖစ္ႏိုင္ပါသည္။

No comments: