Monday, May 24, 2021

Kason Fillmoon Day

 [Unicode]ကဆုန်လပြည့် ဗုဒ္ဓနေ့🙏🙏🙏 


==================== 




#ကဆုန်လပြည့်နေ့

#ဗုဒ္ဓနေ့

#အထိမ်းအမှတ်နေ့

(ဗုဒ္ဓဘာသာဝင်များအတွက် နေ့ထူးနေ့မြတ်ထား အလေးပေးတဲ့ နေ့လေးတစ်ရက်ဖြစ်ပြီး ဥပုသ်သီတင်းစောင့်တည်လိုသူများအတွက် ဘုန်းကြီးကျောင်းကိုသွားကြသောနေ့ရက်တစ်ရက်လည်းဖြစ်ပါတယ်။ ဘုရားစေတီပုထိုးများဖွင့်လှစ်ထားချိန်ကတော့ လူတွေကြိတ်ကြိတ် တိုးသွားဖူးကြတဲ့ရက်တစ်ရက်ပေါ့။ သည်လပြည့်နေ့အကြောင်း အထူးတလည်မရေးတော့ပေမယ့် ပြန်အမှတ်ရစေသောငှာ ဆရာတော် ကြီးများပြောပြတဲ့ အကျဉ်းချုပ်အကြောင်းအရာအချို့ကို ကူးယူဝေငှလိုက်ပါတယ်။)


ကဆုန်လပြည့်နေ့ကတော့ ဗုဒ္ဓဘာသာဝင်များအတွက် နေ့ထူးနေ့မြတ် တစ်ရက်ဖြစ်ပြီး ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင် နိဗ္ဗာန် နန်း ဆိုသည်နှင့်အညီ သဗ္ဗညုမြတ်စွာဘုရားနှင့် စပ်လျဉ်း၍ ထူးခြားချက် လေးမျိုးနှင့် ပြည့်စုံတဲ့အတွက် ဤနေ့ကို 'ကဆုန်လပြည့် ဗုဒ္ဓနေ့' ဟု အမွှန်းတင်ခေါ်ဆိုကြခြင်း ဖြစ်ပါတယ်။ မြန်မာ့ရိုးရာ ၁၂လရာသီပွဲတော်များအနက် ကဆုန်လ၌ ညောင်ရေသွန်းပွဲတော်ကို ရိုးရာပွဲတော်အဖြစ် အစဉ်အလာ သတ်မှတ်ခဲ့ကြပါသည်။ 


ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင် နိဗ္ဗာန် နန်း ဆိုသည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ ဖြစ်လာရသည့် အကြောင်းအရာများကတော့ 


- ဘုရားလောင်းတော် သုမေဓာရှင်ရသေ့ကို ဤဘဒ္ဒကမ္ဘာတွင် လေးဆူမြောက် ဂေါတမဘုရားစင်စစ်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာ မြတ်စွာဘုရားထံမှ နိယတဗျာဒိတ်တော် ခံယူတဲ့နေ့က ကဆုန်လပြည့်နေ့ ဖြစ်ခြင်း 


- ဂေါတမဘုရားလောင်းတော် ဖြစ်လာမယ့် သိဒ္ဓတ္ထမင်းသား ဖွားမြင်ခဲ့တဲ့နေ့ကလည်း မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့်နေ့ပဲ ဖြစ်ခြင်း 


- ဂေါတမဘုရားလောင်း ဗောဓိပင်အောက်မှာ မြတ်စွာဘုရားအဖြစ် ပွင့်ခဲ့တဲ့ နေ့ရက်ကလည်း မဟာသက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့်နေ့ပဲ ဖြစ်ခြင်း 


- ဂေါတမ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူခဲ့တဲ့နေ့ကလည်း မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့်နေ့ပဲ ဖြစ်ခြင်း တို့ကြောင့် ပဲ ဖြစ်ပါတယ်။ 🙏🙏🙏 


ကဆုန်လပြည့်နေ့မှာဆိုရင် မြတ်စွာဘုရား ဘုရားပွင့်တော်မူခဲ့သည့် ပရိဘောဂစေတီထိုက်သော ဗောဓိပင်ကို ရေသွန်းလောင်းလေ့ရှိကြပြီး ဗောဓိပင်သည် သဗ္ဗညုတဉာဏ်တော်ကိုရ၍ ဘုရားဖြစ်တော်မူရာ ဌာနဖြစ်ခြင်း၊ ဖွားဘက်တော် ခုနှစ်ပါးတွင် စားရင်းဝင်ဖြစ်ခြင်းတို့ ကြောင့် ထူးခြားပါသည်။ ဤသို့ မြတ်စွာ ဘုရားနှငိ့ တိုက်ရိုက်ဆက်စပ်နေသည့် ဗောဓိပင်၌ ရေသွန်းလောင်းပူဇော်ခြင်း အစဉ်အလာကို ခေတ်အဆက်ဆက်ပြု လုပ်လာခဲ့ကြပါသည်။ 


ကဆုန်လပြည့်နေ့ကို မြန်မာနိုင်ငံတွင်သာမက ဗုဒ္ဓဘာသာကိုးကွယ်ကြသောနိုင်ငံများဖြစ်ကြသည့် သီရိလင်္ကာ၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယား၊ လာအို နိုင်ငံတို့တွင်လည်း ပွဲတော်များကျင်းပပြုလုပ်ကြပါတယ်။ ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့မှာတော့ အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက်နေ့ Vesak Universal Holiday နေ့အဖြစ် ကုလသမဂ္ဂကသတ်မှတ်ခဲ့ပါတယ်။  


ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ ကောင်းမှုကုသိုလ်များ ပြုလုပ်နိုင်ပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ လိုရာဆန္ဒတွေပြည့်ဝကြပါစေလို့ တောင်းဆုခြွေလျက် 🙏🏻🙏🏻🙏🏻 


#kason_fullmoonday #Buddha #SHARE


“ဗုဒ္ဓနေ့တွင် ဗုဒ္ဓရဲ့ ဥဒါန်းကျူးရင့်သံများ”

•••••••••••••••••••••••••••••••••••••

ကဆုန်လပြည့် ဗုဒ္ဓနေ့ဟာ လောကသားအားလုံးရဲ့ ကယ်တင်ရှင် သဗ္ဗုညုဘုရားရှင်လို့ ခေါ်တဲ့ အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်ပေါ်ထွန်းတဲ့ နေ့မြတ်ပါပဲ။ 

ဒီနေ့မှာပဲ ဘုရားရှင်ဟာ မိမိရဲ့ဘ၀ဖြစ်စဉ် အစအလယ်အဆုံး အရေးပါဆုံးသော ကြွေးကြော်သံများကျူးရင့်ခဲ့တော်မူခဲ့တာပါ။ဒီနေ့ဟာ 

ဘုရားရှင်ရဲ့ ကြီးမြတ် တဲ့ မဟာကရုဏာတော် စတင်ဖြစ်ပေါ်တဲ့နေ့ပါပဲ။


ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့ဘ၀မှာ သံသရာတစ်ဖက် ကမ်းကို တစ်ကိုယ်တည်း ကူးနိုင်စွမ်းရှိပါလျှက် အတ္တမဆန် မဟာကရုဏာ အကြံတော်ဖြစ်သည်မှာ...


❖ “ငါဟာ အလိုတော်ရှိလျှင် ဒီနေ့ပင် သာဝကရဟန္တာဖြစ် နိုင်တယ်။ 

ဒီပင်္ကရာဘုရားရှင်ထံမှာ မထင်မရှားအသွင်နဲ့ လွတ်မြောက်မှုနိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ အကျိုးမရှိပေ။ 

ဘုရားဖြစ်အောင် အားထုတ်ပေအံ့...၊သဒ္ဓါ၊ ပညာ၊ ၀ီရိယအားအစွမ်းရှိတဲ့ ယောင်္ကျားမြတ်ဖြစ်ပါလျှက် တစ်ကိုယ်တည်း သံသရာမှ ကူးမြောက်လို့ မည်သို့မျှ အကျိုးမရှိ။ 

ဘုရားဖြစ်အောင် အားထုတ်ပြီး သတ္တ၀ါအပေါင်းကို ကယ်တင်ပေအံ့...။မြင့်မြတ်တော်မူသောဒီပင်္ကရာဘုရားရှင် ထံမှာ အသက်ကိုရင်းကာ တံတားခင်းပြုအပ်တဲ့ အဓိကာရ ကောင်းမှုကြောင့် ကိုယ်တိုင်ဘုရားဖြစ်ပြီးလျှင် သတ္တ၀ါ အပေါင်းကိုသံသရာဆင်းရဲမှ ထုတ်ဆယ် ကယ်တင်ပေအံ့...။”ဟူ၍ ကြီးမြတ်တဲ့မဟာကရုဏာတော်ဖြင့် ဘုရားဆုပန်ကြွေးကြော်ခဲ့တာဟာ ဒီနေ့မဟာ ကဆုန်လပြည့်နေ့မှာပါ။


❖အလောင်းတော်သိဒ္ဓတ္ထမင်းသား ဖွားမြင်လို့ ခြေလှမ်းတော် ခုနှစ်ခုမြောက်မှာ ရဲရဲရင့်ရင့် ကျူးရင့်တော်မူသည်မှာ..

“ငါဟာ လူသုံးပါးတွင် အမြတ်ဆုံးဖြစ်၏။”

“ငါဟာ လူသုံးပါးတွင် အကြီးအကဲဖြစ်၏။”

“ငါဟာ လူသုံးပါးတွင် အချီးမွမ်းအပ်ဆုံးသူဖြစ်၏။”

“အခု ပဋိသန္ဓေနေရခြင်းဟာ ငါ့အတွက်နောက်ဆုံးပဲ။”

“ယခုအခါ ငါ့အဖို့ရာ နောက်ဘ၀သစ်ဖြစ်ဖို့ဆိုတာ မရှိတော့။”ဟု ဒီနေ့မဟာ ကဆုန်လပြည့်နေ့မှာ ရဲရင့်စွာကျူးးရင့်တော် မူခဲ့ပါတယ်။


❖ထို့အပြင် ဗောဓိပင်ရင်းမှာ “ဘုရားစင်စစ်”ဖြစ်တော်မူပြီးနောက် မနသာဥဒါန်းကျူးရင့်တော်မူသည်မှာ...

“ဘ၀ဖန်ဖန် ခန္ဓာဝဋ်မပြတ် ယောနိလေးထွေ ပဋိသန္ဓေဖြစ်ပွား ရခြင်းဟာ ဆင်းရဲလှတယ်။ ဒါကြောင့် ငါဟာ ဘ၀များစွာ သံသရာမှာ

တဏှာလက်သမားကို ဖွေရှာလျှက် ဘုရားဖြစ်တဲ့အထိ သံသရာရဟတ် ကျင်လည်ကျက်စားခဲ့ရလေပြီ။ ဒီမှာ တဏှာလက်သမား..၊ 

ငါဟာ အခု ဘုရားအဖြစ်ရောက်လို့ မဂ်လေးတန်ပုဆိန်ဖြင့် သင့်ကို အမြစ်ပြတ် ခုတ်လိုက်ပြီးတဲ့အတွက် သင် ခန္ဓာအိမ်ထပ်မဆောက်နိုင်တော့ပါ။ 


သင့်ရဲ့ ကိလေသာဒိုင်းမြားတွေကို အငွေ့ပါမကျန် ဖျက်ဆီး လိုက်ပြီ။ အ၀ိဇ္ဇာအိမ်အထွတ်ကို မုန့်မုန့်ညက်ညက် ချေဖျက်အပ်ပြီ။ 

ကိလေသာကင်းစင် ငါ့စိတ်အစဉ်သည် နိဗ္ဗာန်ခွင် အအေးဓာတ်သို့ သက်ဝင်မိလေပြီ။ တဏှာကုန်ရာ အာသ၀က္ခယစတုတ္ထမက်ဖိုလ်သို့ 

ဆိုက်ရောက်ခဲ့လေပြီ။” ဟူ၍ အောင်လံတစ်ဆူ ကြွေးကြော်တော်မူခဲ့သည်မှာလည်း ကဆုန်လပြည့်မဟာ ယနေ့အခါပင် ဖြစ်ပါတယ်။


❖ထို့နောက် ၄၅ ငါးဝါကာလတစ်လျှောက် တရားသောက်ရေ တိုက်ကျွေးခဲ့ပြီး နောက်ဆုံး အချိန် ညောင်စောင်းပလ္လင်မှာ ကြီးမြတ် တဲ့ကရုဏာဖြင့် နောက်ဆုံးမှာကြားကျူးရင့်တော် မူခဲ့သည်မှာ...

“ချစ်သားချစ်သမီးတို့..၊ ငါဘုရား နောက်ဆုံးမှာကြားလိုသည်မှာ.. သင်္ခါရတရားတို့ဟာ ဖြစ်တတ်ပျက်တဲ့တဲ့ သဘောရှိလေတယ်။ မမေ့မလျော့မပေါ့မဆ အပ္ပမာဒခေါ်ငြား သတိရားနဲ့သာ လက်ကိုင်ထား နေ့ရစ်ခဲ့ပေတော့...”ဟု နောက်ဆုံးစကား ၀င့်ကြွားဆုံးမတော်မူခဲ့သည်မှာ ကဆုန်လပြည့်အချိန်အခါပင် ဖြစ်ပါတယ်။


ဒါကြောင့် ကဆုန်လပြည့်ဗုဒ္ဓနေ့ဟာ လူသားမဟာ ရှင်မြတ်စွာရဲ့ ရဲရဲတောက်ဥဒါန်းစကား ကြုံးဝါးတော်မူခဲ့တဲ့နေ့လို့ ပြောရင် မမှားပါဘူး။ 

ဗုဒ္ဓဘာသာဝင်သူတော်စင်များ ဗုဒ္ဓဘုရားရဲ့ ကြုံးဝါးသံများဖြင့် ပြည့်လျှံနေတဲ့ ကဆုန်လပြည့်နေ့မှာ အနန္တကျေးဇူးရှင် 

ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ မဟာကရုဏာဂုဏ်တော်ကို အာရုံပြုကြည်ညိုကာ ပူဇော်ကြခြင်းဖြစ်တယ်။


ဒါကြောင့် ဗုဒ္ဓနေ့မှာ ဗုဒ္ဓရဲ့အဆုံးအမသတိတရားတော်ကို လိုက်နာပွားများပြီး ခန္ဓာအလီလီ တည်ဆောက်နေတဲ့ တဏှာလက်သမားကို ပါးသထက်ပါးအောင် လှီးဖြတ်ကာ အငြိမ်းဓာတ်တည်ရာ မြတ်နိဗ္ဗာန်ကို ဆိုက်ဝင်ပျော်နိုင်ကြပါစေသတည်း....။ ။


-【ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ】


[Zawgyi]ကဆုန္လျပၫ့္ ဗုဒၶေန့🙏🙏🙏 


==================== 




#ကဆုန္လျပၫ့္ေန့

#ဗုဒၶေန့

#အထိမ္းအမွတ္ေန့

(ဗုဒၶဘာသာဝင္မ်ားအတြက္ ေန့ထူးေန့ျမတ္ထား အေလးေပးတဲ့ ေန့ေလးတစ္ရက္ျဖစ္ၿပီး ဥပုသ္သီတင္းေစာင့္တည္လိုသူမ်ားအတြက္ ဘုန္းႀကီးေက်ာင္းကိုသြားၾကေသာေန့ရက္တစ္ရက္လည္းျဖစ္ပါတယ္။ ဘုရားေစတီပုထိုးမ်ားဖြင့္လွစ္ထားခ်ိန္ကေတာ့ လူေတြႀကိတ္ႀကိတ္ တိုးသြားဖူးၾကတဲ့ရက္တစ္ရက္ေပါ့။ သည္လျပၫ့္ေန့အေၾကာင္း အထူးတလည္မေရးေတာ့ေပမယ့္ ျပန္အမွတ္ရေစေသာငွာ ဆရာေတာ္ ႀကီးမ်ားေျပာျပတဲ့ အက်ဉ္းခ်ဳပ္အေၾကာင္းအရာအခ်ိဳ႕ကို ကူးယူေဝငွလိုက္ပါတယ္။)


ကဆုန္လျပၫ့္ေန့ကေတာ့ ဗုဒၶဘာသာဝင္မ်ားအတြက္ ေန့ထူးေန့ျမတ္ တစ္ရက္ျဖစ္ၿပီး ဗ်ာဒိတ္၊ ဖြားျမင္၊ ေဗာဓိပင္၊ စံဝင္ နိဗၺာန္ နန္း ဆိုသည္ႏွင့္အညီ သဗၺၫုျမတ္စြာဘုရားႏွင့္ စပ္လ်ဉ္း၍ ထူးျခားခ်က္ ေလးမ်ိဳးႏွင့္ ျပၫ့္စံုတဲ့အတြက္ ဤေန့ကို 'ကဆုန္လျပၫ့္ ဗုဒၶေန့' ဟု အမႊန္းတင္ေခၚဆိုၾကျခင္း ျဖစ္ပါတယ္။ ျမန္မာ့ရိုးရာ ၁၂လရာသီပြဲေတာ္မ်ားအနက္ ကဆုန္လ၌ ေညာင္ေရသြန္းပြဲေတာ္ကို ရိုးရာပြဲေတာ္အျဖစ္ အစဉ္အလာ သတ္မွတ္ခဲ့ၾကပါသည္။ 


ဗ်ာဒိတ္၊ ဖြားျမင္၊ ေဗာဓိပင္၊ စံဝင္ နိဗၺာန္ နန္း ဆိုသၫ့္ ကဆုန္လျပၫ့္ ဗုဒၶေန့ ျဖစ္လာရသၫ့္ အေၾကာင္းအရာမ်ားကေတာ့ 


- ဘုရားေလာင္းေတာ္ သုေမဓာရွင္ရေသ့ကို ဤဘဒၵကမ႓ာတြင္ ေလးဆူေျမာက္ ေဂါတမဘုရားစင္စစ္ျဖစ္လိမ့္မည္ဟု ဒီပကၤရာ ျမတ္စြာဘုရားထံမွ နိယတဗ်ာဒိတ္ေတာ္ ခံယူတဲ့ေန့က ကဆုန္လျပၫ့္ေန့ ျဖစ္ျခင္း 


- ေဂါတမဘုရားေလာင္းေတာ္ ျဖစ္လာမယ့္ သိဒၶတၴမင္းသား ဖြားျမင္ခဲ့တဲ့ေန့ကလည္း မဟာသကၠရာဇ္ ၆၈ ခု၊ ကဆုန္လျပၫ့္ေန့ပဲ ျဖစ္ျခင္း 


- ေဂါတမဘုရားေလာင္း ေဗာဓိပင္ေအာက္မွာ ျမတ္စြာဘုရားအျဖစ္ ပြင့္ခဲ့တဲ့ ေန့ရက္ကလည္း မဟာသကၠရာဇ္ ၁၀၃ ခု၊ ကဆုန္လျပၫ့္ေန့ပဲ ျဖစ္ျခင္း 


- ေဂါတမ ျမတ္စြာဘုရား ပရိနိဗၺာန္စံေတာ္မူခဲ့တဲ့ေန့ကလည္း မဟာသကၠရာဇ္ ၁၄၈ ခု ကဆုန္လျပၫ့္ေန့ပဲ ျဖစ္ျခင္း တို႔ေၾကာင့္ ပဲ ျဖစ္ပါတယ္။ 🙏🙏🙏 


ကဆုန္လျပၫ့္ေန့မွာဆိုရင္ ျမတ္စြာဘုရား ဘုရားပြင့္ေတာ္မူခဲ့သၫ့္ ပရိေဘာဂေစတီထိုက္ေသာ ေဗာဓိပင္ကို ေရသြန္းေလာင္းေလ့ရိွၾကၿပီး ေဗာဓိပင္သည္ သဗၺၫုတဉာဏ္ေတာ္ကိုရ၍ ဘုရားျဖစ္ေတာ္မူရာ ဌာနျဖစ္ျခင္း၊ ဖြားဘက္ေတာ္ ခုႏွစ္ပါးတြင္ စားရင္းဝင္ျဖစ္ျခင္းတို႔ ေၾကာင့္ ထူးျခားပါသည္။ ဤသို႔ ျမတ္စြာ ဘုရားႏွငိ့ တိုက္ရိုက္ဆက္စပ္ေနသၫ့္ ေဗာဓိပင္၌ ေရသြန္းေလာင္းပူေဇာ္ျခင္း အစဉ္အလာကို ေခတ္အဆက္ဆက္ျပဳ လုပ္လာခဲ့ၾကပါသည္။ 


ကဆုန္လျပၫ့္ေန့ကို ျမန္မာႏိုင္ငံတြင္သာမက ဗုဒၶဘာသာကိုးကြယ္ၾကေသာႏိုင္ငံမ်ားျဖစ္ၾကသၫ့္ သီရိလကၤာ၊ ထိုင္းႏိုင္ငံ၊ ကမ႓ောဒီးယား၊ လာအို ႏိုင္ငံတို႔တြင္လည္း ပြဲေတာ္မ်ားက်င္းပျပဳလုပ္ၾကပါတယ္။ ၁၉၉၉ ခုႏွစ္ ဒီဇင္ဘာလ ၁၃ ရက္ေန့မွာေတာ့ အျပည္ျပည္ဆိုင္ရာ ရံုးပိတ္ရက္ေန့ Vesak Universal Holiday ေန့အျဖစ္ ကုလသမဂၢကသတ္မွတ္ခဲ့ပါတယ္။  


ကဆုန္လျပၫ့္ ဗုဒၶေန့မွာ ေကာင္းမႈကုသိုလ္မ်ား ျပဳလုပ္ႏိုင္ၿပီး စိတ္ခ်မ္းသာ ကိုယ္က်န္းမာနဲ႔ လိုရာဆႏၵေတျြပၫ့္ဝၾကပါေစလို႔ ေတာင္းဆုေႁခြလ်က္ 🙏🏻🙏🏻🙏🏻 


#kason_fullmoonday #Buddha #SHARE


“ဗုဒၶေန့တြင္ ဗုဒၶရဲ့ ဥဒါန္းက်ူးရင့္သံမ်ား”

•••••••••••••••••••••••••••••••••••••

ကဆုန္လျပၫ့္ ဗုဒၶေန့ဟာ ေလာကသားအားလံုးရဲ့ ကယ္တင္ရွင္ သဗၺုၫုဘုရားရွင္လို႔ ေခၚတဲ့ အျမင့္ျမတ္ဆံုး ပုဂၢိုလ္ေပၚထြန္းတဲ့ ေန့ျမတ္ပါပဲ။ 

ဒီေန့မွာပဲ ဘုရားရွင္ဟာ မိမိရဲ့ဘ၀ျဖစ္စဉ္ အစအလယ္အဆံုး အေရးပါဆံုးေသာ ေႂကြးေၾကာ္သံမ်ားက်ူးရင့္ခဲ့ေတာ္မူခဲ့တာပါ။ဒီေန့ဟာ 

ဘုရားရွင္ရဲ့ ႀကီးျမတ္ တဲ့ မဟာကရုဏာေတာ္ စတင္ျဖစ္ေပၚတဲ့ေန့ပါပဲ။


ဘုရားအေလာင္းေတာ္ သုေမဓာရွင္ရေသ့ဘ၀မွာ သံသရာတစ္ဖက္ ကမ္းကို တစ္ကိုယ္တည္း ကူးႏိုင္စြမ္းရိွပါလ်ွက္ အတၲမဆန္ မဟာကရုဏာ အႀကံေတာ္ျဖစ္သည္မွာ...


❖ “ငါဟာ အလိုေတာ္ရိွလ်ွင္ ဒီေန့ပင္ သာဝကရဟႏၲာျဖစ္ ႏိုင္တယ္။ 

ဒီပကၤရာဘုရားရွင္ထံမွာ မထင္မရွားအသြင္နဲ႔ လြတ္ေျမာက္မႈနိဗၺာန္ကို မ်က္ေမွာက္ျပဳဖို႔ အက်ိဳးမရိွေပ။ 

ဘုရားျဖစ္ေအာင္ အားထုတ္ေပအံ့...၊သဒၶါ၊ ပညာ၊ ဝီရိယအားအစြမ္းရိွတဲ့ ေယာက်ၤားျမတ္ျဖစ္ပါလ်ွက္ တစ္ကိုယ္တည္း သံသရာမွ ကူးေျမာက္လို႔ မည္သို႔မ်ွ အက်ိဳးမရိွ။ 

ဘုရားျဖစ္ေအာင္ အားထုတ္ၿပီး သတၲဝါအေပါင္းကို ကယ္တင္ေပအံ့...။ျမင့္ျမတ္ေတာ္မူေသာဒီပကၤရာဘုရားရွင္ ထံမွာ အသက္ကိုရင္းကာ တံတားခင္းျပဳအပ္တဲ့ အဓိကာရ ေကာင္းမႈေၾကာင့္ ကိုယ္တိုင္ဘုရားျဖစ္ၿပီးလ်ွင္ သတၲဝါ အေပါင္းကိုသံသရာဆင္းရဲမွ ထုတ္ဆယ္ ကယ္တင္ေပအံ့...။”ဟူ၍ ႀကီးျမတ္တဲ့မဟာကရုဏာေတာ္ျဖင့္ ဘုရားဆုပန္ေႂကြးေၾကာ္ခဲ့တာဟာ ဒီေန့မဟာ ကဆုန္လျပၫ့္ေန့မွာပါ။


❖အေလာင္းေတာ္သိဒၶတၴမင္းသား ဖြားျမင္လို႔ ေျခလွမ္းေတာ္ ခုႏွစ္ခုေျမာက္မွာ ရဲရဲရင့္ရင့္ က်ူးရင့္ေတာ္မူသည္မွာ..

“ငါဟာ လူသံုးပါးတြင္ အျမတ္ဆံုးျဖစ္၏။”

“ငါဟာ လူသံုးပါးတြင္ အႀကီးအကဲျဖစ္၏။”

“ငါဟာ လူသံုးပါးတြင္ အခ်ီးမြမ္းအပ္ဆံုးသူျဖစ္၏။”

“အခု ပဋိသႏၶေနရျခင္းဟာ ငါ့အတြက္ေနာက္ဆံုးပဲ။”

“ယခုအခါ ငါ့အဖို႔ရာ ေနာက္ဘ၀သစ္ျဖစ္ဖို႔ဆိုတာ မရိွေတာ့။”ဟု ဒီေန့မဟာ ကဆုန္လျပၫ့္ေန့မွာ ရဲရင့္စြာက်ူးးရင့္ေတာ္ မူခဲ့ပါတယ္။


❖ထို႔အျပင္ ေဗာဓိပင္ရင္းမွာ “ဘုရားစင္စစ္”ျဖစ္ေတာ္မူၿပီးေနာက္ မနသာဥဒါန္းက်ူးရင့္ေတာ္မူသည္မွာ...

“ဘ၀ဖန္ဖန္ ခႏၶာဝဋ္မျပတ္ ေယာနိေလးေထြ ပဋိသႏၶေျဖစ္ပြား ရျခင္းဟာ ဆင္းရဲလွတယ္။ ဒါေၾကာင့္ ငါဟာ ဘ၀မ်ားစြာ သံသရာမွာ

တဏွာလက္သမားကို ေဖြရွာလ်ွက္ ဘုရားျဖစ္တဲ့အထိ သံသရာရဟတ္ က်င္လည္က်က္စားခဲ့ရေလၿပီ။ ဒီမွာ တဏွာလက္သမား..၊ 

ငါဟာ အခု ဘုရားအျဖစ္ေရာက္လို႔ မဂ္ေလးတန္ပုဆိန္ျဖင့္ သင့္ကို အျမစ္ျပတ္ ခုတ္လိုက္ၿပီးတဲ့အတြက္ သင္ ခႏၶာအိမ္ထပ္မေဆာက္ႏိုင္ေတာ့ပါ။ 


သင့္ရဲ့ ကိေလသာဒိုင္းျမားေတြကို အေငြ့ပါမက်န္ ဖ်က္ဆီး လိုက္ၿပီ။ အဝိဇၨာအိမ္အထြတ္ကို မုန႔္မုန႔္ညက္ညက္ ေခ်ဖ်က္အပ္ၿပီ။ 

ကိေလသာကင္းစင္ ငါ့စိတ္အစဉ္သည္ နိဗၺာန္ခြင္ အေအးဓာတ္သို႔ သက္ဝင္မိေလၿပီ။ တဏွာကုန္ရာ အာသ၀ကၡယစတုတၴမက္ဖိုလ္သို႔ 

ဆိုက္ေရာက္ခဲ့ေလၿပီ။” ဟူ၍ ေအာင္လံတစ္ဆူ ေႂကြးေၾကာ္ေတာ္မူခဲ့သည္မွာလည္း ကဆုန္လျပၫ့္မဟာ ယေန့အခါပင္ ျဖစ္ပါတယ္။


❖ထို႔ေနာက္ ၄၅ ငါးဝါကာလတစ္ေလ်ွာက္ တရားေသာက္ေရ တိုက္ေကြၽးခဲ့ၿပီး ေနာက္ဆံုး အခ်ိန္ ေညာင္ေစာင္းပလႅင္မွာ ႀကီးျမတ္ တဲ့ကရုဏာျဖင့္ ေနာက္ဆံုးမွာၾကားက်ူးရင့္ေတာ္ မူခဲ့သည္မွာ...

“ခ်စ္သားခ်စ္သမီးတို႔..၊ ငါဘုရား ေနာက္ဆံုးမွာၾကားလိုသည္မွာ.. သခၤါရတရားတို႔ဟာ ျဖစ္တတ္ပ်က္တဲ့တဲ့ သေဘာရိွေလတယ္။ မေမ့မေလ်ာ့မေပါ့မဆ အပၸမာဒေခၚျငား သတိရားနဲ႔သာ လက္ကိုင္ထား ေန့ရစ္ခဲ့ေပေတာ့...”ဟု ေနာက္ဆံုးစကား ၀င့္ႂကြားဆံုးမေတာ္မူခဲ့သည္မွာ ကဆုန္လျပၫ့္အခ်ိန္အခါပင္ ျဖစ္ပါတယ္။


ဒါေၾကာင့္ ကဆုန္လျပၫ့္ဗုဒၶေန့ဟာ လူသားမဟာ ရွင္ျမတ္စြာရဲ့ ရဲရဲေတာက္ဥဒါန္းစကား ႀကံဳးဝါးေတာ္မူခဲ့တဲ့ေန့လို႔ ေျပာရင္ မမွားပါဘူး။ 

ဗုဒၶဘာသာဝင္သူေတာ္စင္မ်ား ဗုဒၶဘုရားရဲ့ ႀကံဳးဝါးသံမ်ားျဖင့္ ျပၫ့္လ်ွံေနတဲ့ ကဆုန္လျပၫ့္ေန့မွာ အနႏၲေက်းဇူးရွင္ 

ဘုရားရွင္ကိုယ္ေတာ္ျမတ္ရဲ့ မဟာကရုဏာဂုဏ္ေတာ္ကို အာရံုျပဳၾကည္ညိုကာ ပူေဇာ္ၾကျခင္းျဖစ္တယ္။


ဒါေၾကာင့္ ဗုဒၶေန့မွာ ဗုဒၶရဲ့အဆံုးအမသတိတရားေတာ္ကို လိုက္နာပြားမ်ားၿပီး ခႏၶာအလီလီ တည္ေဆာက္ေနတဲ့ တဏွာလက္သမားကို ပါးသထက္ပါးေအာင္ လွီးျဖတ္ကာ အၿငိမ္းဓာတ္တည္ရာ ျမတ္နိဗၺာန္ကို ဆိုက္ဝင္ေပ်ာ္ႏိုင္ၾကပါေစသတည္း....။ ။


-【ေရႊစမ္းေျမ အရွင္ကဝိဓဇသာရ】

No comments: