[Unicode]ပံ့သကူမှတ်စု (၁)
#Buddhism_article
#ဘာသာရေးဆောင်းပါး
#ဗုဒ္ဓဘာသာအမြင်
(ဘာသာတရားအဆုံးအမတစ်ခုအောက်မှာနေထိုင်ကြတာ အကြောက်တရားမကင်းတဲ့ လူ့သဘာဝဆိုသော်ငြား မိမိကိုးကွယ်ယုံကြည်ရာ ဘသာတရားအကြောင်းကို ဂဃနဏသိနေ၊ လိုက်နာ၊ နှစ်သက်နေဖို့လိုပါတယ်။ မိရိုးဖလာမို့ကိုးကွယ်နေတာမျိုးတော့မဖြစ်သင့်ပါဘူး။ ယုံကြည်မှုမခိုင်မာရင် ဘာသာပြောင်းကိုးကွယ်တာတွေဖြစ်လာမှာပါပဲ။ ကျွန်တော်ကတော့ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ပြီး သည်ဘာသာတရားအဆုံးအမအောက်မှာ နေထိုင်ရတာကိုနှစ်သက်ပါတယ်။ မိရိုးဖလာဘာသာဝင်တစ်ဦးအဆင့်ထက်တော့ ကျော်လွန် အောင် ကြိုးစားနေသူပါ။ ဆရာဝင်းသိန်းဦးရေးတဲ့ ဘာသာရေးဆောင်းပါးများဟာ ကျွန်တော့်စိတ်ဘ၀င်မှာ မှတ်သားထားထိုက် တယ်လို့ထင်တာကြောင့် သူငယ်ချင်းများလည်းဖတ်ရှုနိုင်အောင် တစ်ပုဒ်ပြီး တစ်ပုဒ်ဝေငှပေးမှာဖြစ်ကြောင်းပါ။)
(၁) သဘာဝလွန်စွမ်းအားရှင်များ
အချို့သောပုဂ္ဂိုလ်တို့တွင် သဘာဝလွန်စွမ်းအင် (Super Natural Power) ဟုခေါ်သည့် သာမန်လူတို့မစွမ်းဆောင်နိုင်သော၊ မျက်မှောက်ခေတ် သိပ္ပံနည်းပညာဖြင့်ဖော်ထုတ်၍ မရနိုင်သေးသော စွမ်းအင်များကို ပိုင်ဆိုင်ထားလေ့ရှိကြသည်။ ယင်းပုဂ္ဂိုလ်တို့အနက် အချို့မှာ တစ်စုံတစ်ရာသော နည်းစနစ်အတိုင်း ကျင့်ကြံအားထုတ်၍ ရရှိလာကြသူများ ရှိသကဲ့သို့ အချို့မှာမူ အလိုအလျောက် ရရှိလာကြခြင်းဖြစ်ကြောင်း ၄င်းတို့ကိုယ်တိုင် ထုတ်ဖော်ပြောကြားချက်အရ သိရှိရသည်။
ယင်းကိုနားမလည်သူတို့က ထိုပုဂ္ဂိုလ်တို့အား သာမန်လူတို့ထက် ထူးကဲမြင့်မြတ်သူများဟု ထင်မှတ်တတ်ကြသည်။ ဘာသာခြား အချို့က ထိုပုဂ္ဂိုလ်တို့အား ဖန်ဆင်းရှင်၏ တမန်တော်များအဖြစ်လည်းကောင်း၊ ထာဝရဘုရားသခင်က သီးခြားကောင်းချီးပေးမှုကို ခံယူရသူများအဖြစ်လည်းကောင်း ယူဆကိုးကွယ်တတ်ကြသည်။ ထို့အတူပင် ဗုဒ္ဓဘာသာဝင်ဟု အမည်ခံထားသော်လည်း ဗုဒ္ဓ သာသနာတော်အဆုံးအမကို ဂဃနဏမသိသူတချို့က ယင်းပုဂ္ဂိုလ်မျိုးကို သီလ၊သမာဓိ၊ ပညာနှင့် ပြည့်စုံသူများဟု ထင်မှတ်ယုံကြည် ကိုးစားတတ်ကြသည်။
အကယ်စင်စစ် ယင်းစွမ်းအင်များသည် အရှည်သဖြင့် တည်မြဲလေ့မရှိကြပေ။ အထူးသဖြင့် ယင်းစွမ်းအင်မျိုးကို အလိုအလျောက်ရရှိလာ သည်ဆိုသူများမှာ ကာလအပိုင်းအခြား တစ်ခုအထိသာ စွမ်းဆောင်နိုင်ကြသည်။ သဘာဝလွန်စွမ်းအင် ပိုင်ဆိုင်မှုသည် သီလ၊သမာဓိ၊ ပညာပြည့်စုံမှုနှင့် မည်သို့မျှသက်ဆိုင်ခြင်း မရှိသည်ကိုလည်း တွေ့ရှိရသည်။
ရုရှနိုင်ငံတွင် တစ်ခေတ်တစ်ခါက တန်ခိုးကြီးခဲ့သော ဘုန်းတော်ကြီး ရပ်စပြူတင်၏အဖြစ်က ယင်းအချက်အတွက် ထင်ရှားသောပြယုဂ် တစ်ခုပင်ဖြစ်သည်။ ရပ်စပြူတင်သည် မည်သည့်ဆရာဝန်ကမျှ ကုသမပေးနိုင်၍ လက်လျှော့ထားရသော ဇာဘုရင်၏သားငယ်တွင် စွဲကပ်နေသည့်ရောဂါကို သူ၏သဘာဝလွန်စွမ်းအားဖြင့်ကုသပေးနိုင်ခဲ့သည်။ ဇာဘုရင်၏ မျက်နှာသာပေး ကိုးကွယ်ဆည်းကပ်ယုံကြည်မှု ကိုရလာသည့်အလျောက် နိုင်ငံရေးတွင်ပါ ၀င်ရောက်စွက်ဖက်နိုင်လောက်အောင် သြဇာကြီးမားခဲ့သည်။ သို့သော် နောက်ပိုင်းတွင် သူ၏သီလ၊ သမာဓိ၊ပညာကင်းမဲ့မှုက ဖုံးဖိမရအောင် ပေါ်လွင်လာခဲ့သည်။ အာဏာရှင် အသိုင်းအ၀ိုင်းအတွင်းမှ မိန်းမပျိုနန်းတွင်းသူများ နှင့် ကာမဂုဏ်ကြူးချင်တိုင်း ကြူးခဲ့သည်။ သူ့ကိုမလိုလားသူတို့က အဆိပ်ကျွေးသတ်ခဲ့သော်လည်း တစ်ခါစားရုံဖြင့် လူ ၃၀သေစေနိုင် သော အဆိပ်က သူ့အားမည်သို့မျှ အကျိုးမသက်ရောက်စေခဲ့ပေ။ အဆိပ်ပြီးနေသော သဘာဝလွန်စွမ်းအားရှင် ရပ်စပြူတင်အား နောက်ဆုံး၌ နန်းတွင်းသူတစ်ဦးနှင့် မျှားခေါ်ကာ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံ သတ်ဖြတ်သောအခါတွင်မှ မိုက်ဇာတ်တုံးခဲ့ရတော့သည်။
(၂) သဘာဝလွန်စွမ်းအားသည် အံ့သြစရာမဟုတ်ပါ
သတ္တ၀ါတိုင်း၌ ရုပ်တရားနှင့်နာမ်တရားတို့ တွဲဖက်တည်ရှိနေပေသည်။ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် ကို တစ်စုံတစ်ရာသော ဦးတည်ချက် အား စွမ်းဆောင်နိုင်စေရန်လေ့ကျင့်ယူ၍ရသကဲ့သို့ နာမ်တရားတည်းဟူသော စိတ်ကိုလည်း လေ့ကျင့်ယူ၍ ရနိုင်သည်။ သို့သော် ရုပ်စွမ်းအင်နှင့် စိတ်စွမ်းအင်တို့ကို သူ့နေရာနှင့်သူ နေသားတကျ သုံးစွဲတတ်ဖို့ အရေးကြီးသည်။
ပမာဆိုရသော် ရပ်တည်နေသော ဘောလုံးတစ်လုံးအား ရုပ်ခန္ဓာကိုသုံး၍ ရွေ့လျားအောင် လုပ်ဆောင်၍ရနိုင်သလို စိတ်စွမ်းအင်ဖြင့် လည်း လုပ်ဆောင်နိုင်ပါသည်။ သို့သော် ပေးဆပ်ရသော အရင်းအနှီးမှာမူ များစွာ ကွာခြားလှသည်ကို တွေ့ရှိရပေမည်။ လက်ဖြင့်တွန်း လိုက်ပါက စက္ကန့်ပိုင်းအတွင်း ရွေ့လျားသွားနိုင်သော ဘောလုံးကို စိတ်စွမ်းအင်သုံး၍ ရွေ့လျားသွားစေလိုပါလျှင် နှစ်၊လ ရှည်ကြာစွာ အချိန်ကုန်ခံ၍ စိတ်ကို လေ့ကျင့်ရပေလိမ့်မည်။ ဤနေရာတွင် ရရှိမည့်တန်ဖိုးနှင့် ပေးဆပ်ရသည့် အရင်းအနှီးမကာမိသည်ကို သတိပြုသင့်သည်။ လောကတွင် အဆန်းတကြယ်လုပ်ဆောင်နိုင်တိုင်း အကျိုးမရှိပါချေ။ ပညာဉာဏ်ကိုသုံး၍ လုပ်သင့်မလုပ်သင့်၊ တန်၏မတန်၏နှိုင်းချိန်သင့်သည်။
ရုပ်စွမ်းအင်သုံးကာ အလွယ်တကူလုပ်၍ရနိုင်သည့် အလုပ်မျိုးအတွက် ရုပ်စွမ်းအင်ကိုသာ အားကိုးရပေလိမ့်မည်။ လွယ်သည်ကို ခက်အောင်လုပ်ခြင်းသည် ပညာမဲ့သူတို့၏ အလုပ်သာဖြစ်သည်။ ထို့အတူ ရုပ်စွမ်းအင်ကိုသုံး၍ အလွယ်တကူရနိုင်သည်များကို စိတ်စွမ်းအင်သုံး၍ ရယူပြနိုင်သူများအား ဘာသာရေးဆိုင်ရာ ကိုးစားထိုက်သူများဟု ယုံကြည်ဆည်းကပ် ကိုးကွယ်နေသူများမှာလည်း လူမိုက်ကို ကိုးကွယ်သည့်ပညာမဲ့များသာဖြစ်ပေသည်။
(၃) သမာဓိစွမ်းအင်
အချို့က သဘာဝလွန်စွမ်းအားရှင်များ၏ စိတ်တန်ခိုးဖြင့် ဖန်တီးပြမှုများကို သမာဓိစွမ်းအင်ဟု ထင်မှတ်တတ်ကြသည်။အကယ်စင်စစ် သမာဓိဆိုသည့်ဝေါဟာရကို ဗုဒ္ဓအလိုတော်ကျ ဖွင့်ဆိုရသော် လောကဓံတရားရှစ်ပါးကို မတုန်မလှုပ် ရင်ဆိုင်နိုင်စွမ်းရှိသော သတ္တိထူးပင် ဖြစ်ပေသည်။ သမ္မာသမာဓိဟုလည်း ဆိုနိုင်သည်။
သမာဓိနှင့်ပြည့်စုံသောသူသည် သဘာဝလွန်စွမ်းအင်များနှင့် ပြည့်စုံချင်မှ ပြည့်စုံပေလိမ့်မည်။ သို့သော် ဘ၀တစ်သက်တာတွင် လာဘ်ရ ခြင်း၊ မရခြင်း၊ အခြွေအရံရှိခြင်း၊ အခြွေအရံမဲ့ခြင်း၊ ချီးမွမ်းခံရခြင်း၊ကဲ့ရဲ့ခံရခြင်း၊ ချမ်းသာခြင်း၊ ဆင်းရဲခြင်းတို့နှင့် ကြုံတွေ့ရသည့် အခါ တိုင်း တုန်လှုပ်ချောက်ချားခြင်းမရှိဘဲ ရဲဝံ့စွာရင်ဆိုင်နိုင်စွမ်းရှိကြသည်ကို တွေ့ရပေသည်။
ယင်းသို့ သတ္တိထူးနှင့် ပြည့်စုံရန်မှာ အထက်ကဆိုခဲ့သည့် သဘာဝလွန်စွမ်းအားများ ပိုင်ဆိုင်လာအောင်ကြိုးပမ်းရသည်ထက် အဆ များစွာ ခက်ခဲပေသည်။ တန်ဖိုးလည်းကြီးမားလှပေသည်။ သမာဓိနှင့်ပြည့်စုံခြင်းသည် စိတ်ပိုင်းဆိုင်ရာ အမြင့်မြတ်ဆုံး စွမ်းအင်နှင့် ပြည့်စုံခြင်းပင်ဖြစ်ရာ ပေးဆပ်ရသည့် အရင်းအနှီးနှင့် ထိုက်တန်သောတန်ဖိုးကို ရရှိနိုင်ပေသည်။
သမာဓိနှင့်ပြည့်စုံသူသည် မိမိကိုယ်ကို ကောင်းမြတ်အောင် ပြုစုပျိုးထောင်နိုင်စွမ်းရှိသူဖြစ်သည်။ သူ၏ပတ်ဝန်းကျင်ကိုလည်း စည်ပင် တိုးတက်အောင် ဆောင်ကြဉ်းပေးနိုင်သူဖြစ်သည်။ အရာရာ၌ ဝေဖန်သုံးသပ်ဆုံးဖြတ်ရာတွင် အဂတိတရားကင်းရှင်းစွာဆောင်ရွက်တတ် သည်ဖြစ်ရာ ထိုသို့သောပုဂ္ဂိုလ်မျိုးအား ချဉ်းကပ်နည်းနာခံယူခြင်းသည် ပညာရှိကို မှီဝဲဆည်းကပ်ခြင်းတည်းဟူသော မင်္ဂလာတရားနှင့် ပြည့်စုံသည့် လုပ်ရပ်ပင်ဖြစ်ပေတော့သည်။
(၄) ဓမ္မဂုဏ်အင်နှင့် သဘာဝလွန်ဖြစ်ရပ်များ
သဘာဝလွန်ဖြစ်ရပ်များကို ဗုဒ္ဓဓမ္မ၏ ဂုဏ်တော်များနှင့် ဆက်စပ်ပြောဆိုရေးသားခြင်းသည် ပညာမဲ့တို့၏လုပ်ရပ်သာ ဖြစ်ပေသည်။ အစ,အလယ်,အဆုံးကောင်းခြင်း၊ ကိလေသာအညစ်အကြေးကို ဖယ်ရှားနိုင်ခြင်း၊ ကာလ ဒေသမရွေး ကောင်းကျိုးချမ်းသားကိုပေးခြင်း၊ စိစစ်ဝေဖန်လေ့လာ မှတ်ကျောက်တင်ခံနိုင်ခြင်း၊ စိတ်ဝယ်ကပ်ဆောင် လိုက်နာကျင့်သုံးခြင်းဖြင့် အကျိုးရှိခြင်း၊ ပညာရှိသူတိုင်း သိမြင် ခံစား နားလည်နိုင်ခြင်းတည်းဟူသော မြင့်မြတ်သည့် ဂုဏ်အင်္ဂါတို့နှင့်ပြည့်စုံသော ဗုဒ္ဓသာသနာတော်လာ ဓမ္မတရားတော်တို့၏ အာနိသင်ကို ရပ်စပြူတင်ကဲ့သို့ သူတော်ယောင် လူယုတ်မာတို့ပင် စွမ်းဆောင်နိုင်သည့် သဘာဝလွန်စွမ်းအင်များနှင့် နှိုင်းဆခြင်းမှာကား အမြင်မတော် ဆင်တော်ကို ခလောက်တပ်သကဲ့သို့ ဖြစ်နေချေတော့သည်။
(၅) ဓမ္မတရားတော် ရွတ်ဖတ်ခြင်း
ဗုဒ္ဓမြတ်စွာ ဟောကြားခဲ့သော ဓမ္မဒေသနာတော်တို့ကို ရွတ်ဖတ်နေရုံဖြင့် အကျိုးထူးခံစားရမည်ဟူသော အယူအဆမျိုးသည် ပင်ရင်းမူလ ဗုဒ္ဓသာသနာတော်၌ မရှိခဲ့ချေ။ ဓမ္မဒေသနာမှန်သမျှလိုက်နာကျင့်သုံး အကောင်အထည်ဖော်ခြင်းဖြင့်သာ ကောင်းကျိုးချမ်းသာကိုရရှိခံစား ကြရပေလိမ့်မည်။ ရွတ်ဖတ်နာယူခြင်း၊နားလည်သဘောပေါက်ခြင်းနှင့် လိုက်နာကျင့်သုံးခြင်းတို့ကို တစ်ဆက်တစ်စပ်တည်း ဆောင်ရွက် ကြပါမှ ဗုဒ္ဓဓမ္မဒေသနာတော်တို့၏အကျိုးကို ပြည့်ဝစွာ ရရှိခံစားကြရပေမည်။ အချို့က ဗုဒ္ဓဓမ္မဒေသနာတော်တို့၏အနက်အဓိပ္ပာယ်ကို နားလည်သဘောပေါက်စရာမလိုဘဲ ရွတ်ဖတ်နေရုံ၊ကြားနာနေရုံဖြင့် မင်္ဂလာရှိမည်၊ ကောင်းကျိုးရမည်ဟု ထင်မှတ်မှားနေကြသေးသည်ကို ၀မ်းနည်းဖွယ်တွေ့ရှိရပေသည်။ ထိုပုဂ္ဂိုလ်တို့အနေနှင့် ဗုဒ္ဓမြတ်စွာဟောကြားခဲ့သည့် မင်္ဂလာရှိရာအကြောင်းတရား(၃၈)ပါးကို ပြန်လည် လေ့လာသင့်ကြပေသည်။ ဗုဒ္ဓမြတ်စွာက မင်္ဂလသုတ်တွင် ‘ငါဘုရားဟောကြားခဲ့သည့် ဓမ္မတရားတော်တို့အား အနက်အဓိပ္ပာယ် နားလည်စရာမလိုဘဲ အသံကြားရရုံဖြင့် မင်္ဂလာရှိ၏’ ဟုမဟောကြားခဲ့ပါချေ။ ထို့အပြင် ဒွန်းစဏ္ဍားနှင့်တူသော ဥပသကာ၏ အင်္ဂါရပ်များ တွင် အသံကိုကြားရုံဖြင့် မင်္ဂလာရှိ၏ဟု ယူဆတတ်ခြင်းဟူသော အချက်တစ်ရပ်ကို ဗုဒ္ဓမြတ်စွာကိုယ်တိုင် ထည့်သွင်းဟောကြားခဲ့သည်ကို လည်း သတိပြုအပ်လှပေသည်။
(၆) အမျှော်စိတ်နှစ်မျိုး
ဘာသာရေးဆိုင်ရာကျင့်စဉ်များကို လိုက်နာဆောင်ရွက်သူတိုင်း၌ ဤမည်သောကျင့်စဉ်ကို လိုက်နာဆောင်ရွက်ခြင်းဖြင့် တစ်စုံတစ်ခုသော အကျိုးရလဒ်ကို ရလိမ့်အံ့ဟူသည့်အမျှော်စိတ် ရှိကြစမြဲဖြစ်သည်။ သို့ရာတွင် အမျှော်စိတ် နှစ်မျိုးနှစ်စားရှိသည်ကိုကား မမေ့အပ်ပါချေ။ ပညာဉာဏ်ပြည့်စုံသူတို့၏အမျှော်စိတ်သည် ကြောင်းကျိုးသင့်အမျှော်စိတ်ဖြစ်ပြီး ပညာဉာဏ်ချို့တဲ့သူတို့၏ အမျှော်စိတ်မှာမူ ကြောင်းကျိုးမဲ့ အမျှော်စိတ်သာ ဖြစ်သည်။
ဖြစ်နိုင်၏ မဖြစ်နိုင်၏၊ လောကဓမ္မနိယာမနှင့် ညီညွတ်မှုရှိ၏ မရှိ၏ မချင့်ချိန်ဘဲ မိမိဖြစ်ချင်သည့် ဦးတည်ချက် တစ်ခုတည်းကိုသာသိပြီး၊ မိမိလုပ်ဆောင်မှုသည် မိမိဦးတည်ချက်ပန်းတိုင်နှင့် စပ်ဆိုင်မှုမရှိခြင်းကို နားမလည်သူတို့၏ အမျှော်စိတ်မျိုးသည် ကြောင်းကျိုးမဲ့အမျှော် စိတ်ပင် ဖြစ်ပေသည်။
မိမိရည်မှန်းချက်ပန်းတိုင်ကို သတ်သတ်မှတ်မှတ်ချထားသလို မိမိလုပ်ဆောင်ချက်သည်လည်း ယင်းပန်းတိုင်သို့ရောက်ရှိစေနိုင်သည့် အကြောင်းတရား အမှန်အကန်ဖြစ်ကြောင်း လောကဓမ္မနိယာမတို့နှင့် နှိုင်းဆသုံးသပ်ပြီးမှ ထားရှိအပ်သော အမျှော်စိတ်မျိုးသည်သာ ကြောင်းကျိုးသင့်အမျှော်စိတ် မည်ပေသည်။
(၇) ကြောင်းကျိုးမဲ့အမျှော်စိတ်၏ အန္တရာယ်နှစ်မျိုး
ဗုဒ္ဓဓမ္မတရားတော်တို့အား အကြောင်းသင့်အကျိုးသင့် သိရှိနားလည်အောင်ရှင်းမပြဘဲ မျှော်လင့်ချက်တစ်ခုကိုသာပေးပြီး ပုံမှန်ဝတ်မပျက် ရွတ်ဖတ်စေခြင်းသည် ကာယကံရှင်အတွက်ရော သာသနာတော်အတွက်ပါ အန္တရာယ်ကြီးမားလှပေသည်။ ထိုပုဂ္ဂိုလ်များအနေနှင့် ပုံမှန် ၀တ်မပျက်ရွတ်ဖတ်ရင်း နောင်ကာလကြာရှည်သော် ဘာသာရေးအသိ ရင့်ကျက်လာလိမ့်မည်ဟု စိတ်ကူးယဉ်၍မရပါချေ။ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ဗုဒ္ဓသာသနာတော်၏ ဆန့်ကျင်ဘက်အစွန်းတစ်ဖက်ဖက်သို့ ကျရောက်နစ်မွန်းသွားကြသည်ကသာ များလှပေသည်။
(၈) လက်ယာစွန်းရောက် ယုံမှားမှု
ဗုဒ္ဓဓမ္မအဆိုအဆုံးအမတို့အား အနက်အဓိပ္ပာယ်သိရှိနားလည်ခြင်းမရှိဘဲ ဂန္ဓာရီဂိုဏ်းသားတို့၏ ဂါထာမန္တန်ဆန်ဆန် ရွတ်ဖတ်နေရာမှ တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုပုဂ္ဂိုလ်၏အတိတ်ကပြုခဲ့သည့် ကံ-ဉာဏ်-၀ီရိယ အစွမ်းကြောင့်မျှော်လင့်ထားသလို ဖြစ်လာတတ်သည့်အခါမျိုး လည်းရှိတတ်ပါသည်။ သို့သော် ထိုပုဂ္ဂိုလ်မှာ မိမိ၏ ကံ-ဉာဏ်-၀ီရိယ အကျိုးကိုခံစားရသည်ဟု မယူဆဘဲ ဗုဒ္ဓဓမ္မတရားတော်တို့အား အနက်အဓိပ္ပာယ်မသိဘဲ ကြောင်းကျိုးမဲ့အမျှော်စိတ်ဖြင့် ရွတ်ဖတ်ခြင်းကြောင့်သာ ဖြစ်သည်ဟု နက်ရှိုင်းစွာ ယုံကြည်သွားတတ်ပေသည်။ ထိုအခါ ယင်းပုဂ္ဂိုလ်အနေနှင့် ဗုဒ္ဓ၀ါဒသည် လိုက်နာကျင့်သုံးစရာမလိုဘဲ ဓမ္မတရားတော်များကို ဂါထာမန္တရားသဖွယ် အသုံးပြုရုံဖြင့် လိုရာ ပြီးမြောက်စေသည့်လမ်းစဉ်ဟု ထင်မှတ်မှားကာ အဓိပ္ပာယ်မဲ့ ရွတ်ဖတ်ခြင်းသံသရာမှ ရုန်းမထွက်နိုင်ဘဲ ရှိနေတတ်ကြသည်။ ယင်းယုံမှားမှု မျိုးသည် မဟာယာနဗုဒ္ဓဘာသာဂိုဏ်းခွဲတစ်ချို့၌ ထိုးဖောက်နေရာယူလာခဲ့ရာ ကျင့်ကြံအားထုတ်စရာမလိုဘဲ ဗုဒ္ဓဓမ္မတရားတော်များရွတ် ဖတ်ရုံမျှဖြင့် မဂ်ဖိုလ်နိဗ္ဗာန်ကိုပင် မျက်မှောက်ပြုနိုင်သည်ဆိုသောအယူအဆ ထွန်းကားလာခဲ့သည်ကို အထင်အရှား တွေ့ရှိနိုင်ပေသည်။
(၉) လက်ဝဲစွန်းရောက် ယုံမှားမှု
ဗုဒ္ဓဓမ္မအဆိုအဆုံးအမတို့အား အနက်အဓိပ္ပာယ်မသိဘဲ ရွတ်ဖတ်သရဇ္ဈာယ်နေသူတို့သည် ၄င်းတို့မျှော်လင့်ထားသကဲ့သို့ ဖြစ်မလာ သည့်အခါ ကြောင်းကျိုးမဲ့ ယုံကြည်တတ်သော မိမိ၏အပြစ်ကို မိမိမမြင်တတ်ကြဘဲ ဗုဒ္ဓသာသနာတော်အပေါ် အပြစ်ပုံချတတ်ကြသည်။
ထိုပုဂ္ဂိုလ်ခမျာမှာ မူလကပင် ဗုဒ္ဓဓမ္မတရားတော်တို့အား ဂါထာမန္တရားသဖွယ် ရွတ်ဖတ်သရဇ္ဈာယ်ခြင်းသည် ဗုဒ္ဓ၀ါဒ၏ ကျင့်စဉ်တစ်ခုဟု ထင်မှတ်မှားခဲ့ပေရာ ၄င်းမျှော်လင့်ထင်မှတ်ထားသကဲ့သို့ ဖြစ်မလာသောအခါတွင် ‘ဗုဒ္ဓ၀ါဒဆိုတာအလကားပါ’ ဟု ပုတ်ခတ်ပြောဆိုလျက် သာသနာတော်ကို စွန့်ပယ်ကျောခိုင်းသွားတတ်ကြပေသည်။
(၁၀) မျက်မှောက်ခေတ်လူငယ်နှင့် အနာဂတ်သာသနာ
သိပ္ပံပညာတိုးတက်ထွန်းကားမှု အဆင့်ဆင့်သည် ဗုဒ္ဓသာသနာတော်အဆုံးအမ မည်မျှမှန်ကန်သည်ကို သက်သေပြနေသကဲ့သို့ရှိလာပေ သည်။ ဗုဒ္ဓသာသနာတော်ထွန်းကားပြန့်ပွားမှုကို လိုလားသူတိုင်း သိပ္ပံပညာတိုးတက်မှုကို ကြိုဆိုအပ်ပေသည်။
သိပ္ပံပညာ မည်မျှထွန်းကားလာပါစေ၊ ဗုဒ္ဓဟောကြားတော်မူခဲ့သည့် ဓမ္မနိယာမ၊ဗီဇနိယာမ၊ ကမ္မနိယာမ၊စိတ္တနိယာမ၊ ဥတုနိယာမတည်းဟူ သော နိယာမတရားငါးပါး၏ ဘောင်းအတွင်းမှာပင် ရှိနေမည်သာဖြစ်ရာ အနတ္တဒေသနာသည်ကား ခိုင်မာသည်ထက် ခိုင်မာနေမည် သာပင်။
သို့သော် မျက်မှောက်ခေတ်လူငယ် အတော်များများမှာ ဗုဒ္ဓသာသနာတော်အဆုံးအမကို တိတိပပနားလည် သဘောပေါက်ခြင်းမရှိကြ ချေ။ အထက်ကဆိုခဲ့သော လက်ယာအစွန်းရောက်ယုံမှားမှုနှင့် လက်ဝဲအစွန်းရောက်ယုံမှားမှုတို့ကိုသာ သူတို့ပတ်ဝန်းကျင်တွင် အများ အားဖြင့် တွေ့မြင်နေကြရပေရာ စစ်မှန်သောဗုဒ္ဓသာသနာတော်ကြီး ဆက်လက်တည်တံ့ခိုင်မြဲပြန့်ပွားရေးအတွက် အသိတရားရှိသူတို့က ၀ိုင်းဝန်းကြိုးပမ်းကြပါမှ တော်ရုံကျပေလိမ့်မည်။
၁၉၈၀ ပြည့်လွန်နှစ်များတွင် အရှိန်အဟုန်ကောင်းစွာ ဖွံ့ဖြိုးတိုးတက်လာခဲ့သော အရှေ့တောင်အာရှကျွန်းနိုင်ငံတစ်ခုရှိ မှတ်တမ်းများအရ သူတို့နိုင်ငံတွင် သိပ္ပံပညာထွန်းကားမှုနှင့် ဗုဒ္ဓဘာသာကိုးကွယ်မှု ပြောင်းပြန်အချိုးကျခဲ့ကြောင်း တွေ့ရှိရသည်။
လူငယ်အများစုမှာ သိပ္ပံပညာကိုသာ အထင်ကြီးကိုးစားလာကြပြီး ဗုဒ္ဓသာသနာတော်အားကျောခိုင်းလာကြသည်ဟုဆိုသည်။
အကယ်စင်စစ် ယင်းသို့ဖြစ်ရခြင်း၏အကြောင်းရင်းမှာ သူတို့ဆီတွင် စစ်မှန်သောဗုဒ္ဓသာသနာ မထွန်းကားခဲ့ဘဲ ထိုလူငယ်တို့ထက် အလျင်ကျသော မျိုးဆက်မှာလည်း ကြောင်းကျိုးမဲ့ အမျှော်စိတ်ကိုအခြေခံခဲ့သည့် အမည်ခံဗုဒ္ဓဘာသာဝင်များသာ ဖြစ်ခဲ့သောကြောင့်ပင် ဖြစ်သည်။
အချုပ်ဆိုရသော် အသိဉာဏ်နှင့် မယှဉ်သောယုံကြည်မှုမျိုးသည် သာသနာကွယ်ပရာ အကြောင်းတရားတစ်ရပ်ဖြစ်သည် ဆိုခြင်းကို ကျွန်ုပ်တို့အလေးအနက်သတိပြုအပ်ပေတော့သည်။
၀င်းသိန်းဦး
(ဓမ္မရံသီ၊အမှတ် - ၆၀၊ ၁၉၉၄ ခုနှစ်၊ ဒီဇင်ဘာလ)
[Zawgyi]ပံ့သကူမွတ္စု (၁)
#Buddhism_article
#ဘာသာေရးေဆာင္းပါး
#ဗုဒၶဘာသာအျမင္
(ဘာသာတရားအဆံုးအမတစ္ခုေအာက္မွာေနထိုင္ၾကတာ အေၾကာက္တရားမကင္းတဲ့ လူ႔သဘာဝဆိုေသာ္ျငား မိမိကိုးကြယ္ယံုၾကည္ရာ ဘသာတရားအေၾကာင္းကို ဂဃနဏသိေန၊ လိုက္နာ၊ ႏွစ္သက္ေနဖို႔လိုပါတယ္။ မိရိုးဖလာမို႔ကိုးကြယ္ေနတာမ်ိဳးေတာ့မျဖစ္သင့္ပါဘူး။ ယံုၾကည္မႈမခိုင္မာရင္ ဘာသာေျပာင္းကိုးကြယ္တာေတျြဖစ္လာမွာပါပဲ။ ကြၽန္ေတာ္ကေတာ့ ဗုဒၶဘာသာဝင္တစ္ေယာက္ျဖစ္ၿပီး သည္ဘာသာတရားအဆံုးအမေအာက္မွာ ေနထိုင္ရတာကိုႏွစ္သက္ပါတယ္။ မိရိုးဖလာဘာသာဝင္တစ္ဦးအဆင့္ထက္ေတာ့ ေက်ာ္လြန္ ေအာင္ ႀကိဳးစားေနသူပါ။ ဆရာဝင္းသိန္းဦးေရးတဲ့ ဘာသာေရးေဆာင္းပါးမ်ားဟာ ကြၽန္ေတာ့္စိတ္ဘ၀င္မွာ မွတ္သားထားထိုက္ တယ္လို႔ထင္တာေၾကာင့္ သူငယ္ခ်င္းမ်ားလည္းဖတ္ရႈႏိုင္ေအာင္ တစ္ပုဒ္ၿပီး တစ္ပုဒ္ေဝငွေပးမွာျဖစ္ေၾကာင္းပါ။)
(၁) သဘာဝလြန္စြမ္းအားရွင္မ်ား
အခ်ိဳ႕ေသာပုဂၢိုလ္တို႔တြင္ သဘာဝလြန္စြမ္းအင္ (Super Natural Power) ဟုေခၚသၫ့္ သာမန္လူတို႔မစြမ္းေဆာင္ႏိုင္ေသာ၊ မ်က္ေမွာက္ေခတ္ သိပၸံနည္းပညာျဖင့္ေဖာ္ထုတ္၍ မရႏိုင္ေသးေသာ စြမ္းအင္မ်ားကို ပိုင္ဆိုင္ထားေလ့ရိွၾကသည္။ ယင္းပုဂၢိုလ္တို႔အနက္ အခ်ိဳ႕မွာ တစ္စံုတစ္ရာေသာ နည္းစနစ္အတိုင္း က်င့္ႀကံအားထုတ္၍ ရရိွလာၾကသူမ်ား ရိွသကဲ့သို႔ အခ်ိဳ႕မွာမူ အလိုအေလ်ာက္ ရရိွလာၾကျခင္းျဖစ္ေၾကာင္း ၄င္းတို႔ကိုယ္တိုင္ ထုတ္ေဖာ္ေျပာၾကားခ်က္အရ သိရိွရသည္။
ယင္းကိုနားမလည္သူတို႔က ထိုပုဂၢိုလ္တို႔အား သာမန္လူတို႔ထက္ ထူးကဲျမင့္ျမတ္သူမ်ားဟု ထင္မွတ္တတ္ၾကသည္။ ဘာသာျခား အခ်ိဳ႕က ထိုပုဂၢိုလ္တို႔အား ဖန္ဆင္းရွင္၏ တမန္ေတာ္မ်ားအျဖစ္လည္းေကာင္း၊ ထာဝရဘုရားသခင္က သီးျခားေကာင္းခ်ီးေပးမႈကို ခံယူရသူမ်ားအျဖစ္လည္းေကာင္း ယူဆကိုးကြယ္တတ္ၾကသည္။ ထို႔အတူပင္ ဗုဒၶဘာသာဝင္ဟု အမည္ခံထားေသာ္လည္း ဗုဒၶ သာသနာေတာ္အဆံုးအမကို ဂဃနဏမသိသူတခ်ိဳ႕က ယင္းပုဂၢိုလ္မ်ိဳးကို သီလ၊သမာဓိ၊ ပညာႏွင့္ ျပၫ့္စံုသူမ်ားဟု ထင္မွတ္ယံုၾကည္ ကိုးစားတတ္ၾကသည္။
အကယ္စင္စစ္ ယင္းစြမ္းအင္မ်ားသည္ အရွည္သျဖင့္ တည္ၿမဲေလ့မရိွၾကေပ။ အထူးသျဖင့္ ယင္းစြမ္းအင္မ်ိဳးကို အလိုအေလ်ာက္ရရိွလာ သည္ဆိုသူမ်ားမွာ ကာလအပိုင္းအျခား တစ္ခုအထိသာ စြမ္းေဆာင္ႏိုင္ၾကသည္။ သဘာဝလြန္စြမ္းအင္ ပိုင္ဆိုင္မႈသည္ သီလ၊သမာဓိ၊ ပညာျပၫ့္စံုမႈႏွင့္ မည္သို႔မ်ွသက္ဆိုင္ျခင္း မရိွသည္ကိုလည္း ေတြ့ရိွရသည္။
ရုရွႏိုင္ငံတြင္ တစ္ေခတ္တစ္ခါက တန္ခိုးႀကီးခဲ့ေသာ ဘုန္းေတာ္ႀကီး ရပ္စျပဴတင္၏အျဖစ္က ယင္းအခ်က္အတြက္ ထင္ရွားေသာျပယုဂ္ တစ္ခုပင္ျဖစ္သည္။ ရပ္စျပဴတင္သည္ မည္သၫ့္ဆရာဝန္ကမ်ွ ကုသမေပးႏိုင္၍ လက္ေလ်ွာ့ထားရေသာ ဇာဘုရင္၏သားငယ္တြင္ စြဲကပ္ေနသၫ့္ေရာဂါကို သူ၏သဘာဝလြန္စြမ္းအားျဖင့္ကုသေပးႏိုင္ခဲ့သည္။ ဇာဘုရင္၏ မ်က္ႏွာသာေပး ကိုးကြယ္ဆည္းကပ္ယံုၾကည္မႈ ကိုရလာသၫ့္အေလ်ာက္ ႏိုင္ငံေရးတြင္ပါ ၀င္ေရာက္စြက္ဖက္ႏိုင္ေလာက္ေအာင္ ၾသဇာႀကီးမားခဲ့သည္။ သို႔ေသာ္ ေနာက္ပိုင္းတြင္ သူ၏သီလ၊ သမာဓိ၊ပညာကင္းမဲ့မႈက ဖံုးဖိမရေအာင္ ေပၚလြင္လာခဲ့သည္။ အာဏာရွင္ အသိုင္းအဝိုင္းအတြင္းမွ မိန္းမပ်ိဳနန္းတြင္းသူမ်ား ႏွင့္ ကာမဂုဏ္ၾကဴးခ်င္တိုင္း ၾကဴးခဲ့သည္။ သူ႔ကိုမလိုလားသူတို႔က အဆိပ္ေကြၽးသတ္ခဲ့ေသာ္လည္း တစ္ခါစားရံုျဖင့္ လူ ၃၀ေသေစႏိုင္ ေသာ အဆိပ္က သူ႔အားမည္သို႔မ်ွ အက်ိဳးမသက္ေရာက္ေစခဲ့ေပ။ အဆိပ္ၿပီးေနေသာ သဘာဝလြန္စြမ္းအားရွင္ ရပ္စျပဴတင္အား ေနာက္ဆံုး၌ နန္းတြင္းသူတစ္ဦးႏွင့္ မ်ွားေခၚကာ ေသနတ္ျဖင့္ ပစ္ခတ္လုပ္ႀကံ သတ္ျဖတ္ေသာအခါတြင္မွ မိုက္ဇာတ္တံုးခဲ့ရေတာ့သည္။
(၂) သဘာဝလြန္စြမ္းအားသည္ အံ့ၾသစရာမဟုတ္ပါ
သတၲဝါတိုင္း၌ ရုပ္တရားႏွင့္နာမ္တရားတို႔ တြဲဖက္တည္ရိွေနေပသည္။ ရုပ္ပိုင္းဆိုင္ရာ ခႏၶာကိုယ္ ကို တစ္စံုတစ္ရာေသာ ဦးတည္ခ်က္ အား စြမ္းေဆာင္ႏိုင္ေစရန္ေလ့က်င့္ယူ၍ရသကဲ့သို႔ နာမ္တရားတည္းဟူေသာ စိတ္ကိုလည္း ေလ့က်င့္ယူ၍ ရႏိုင္သည္။ သို႔ေသာ္ ရုပ္စြမ္းအင္ႏွင့္ စိတ္စြမ္းအင္တို႔ကို သူ႔ေနရာႏွင့္သူ ေနသားတက် သံုးစြဲတတ္ဖို႔ အေရးႀကီးသည္။
ပမာဆိုရေသာ္ ရပ္တည္ေနေသာ ေဘာလံုးတစ္လံုးအား ရုပ္ခႏၶာကိုသံုး၍ ေရြ့လ်ားေအာင္ လုပ္ေဆာင္၍ရႏိုင္သလို စိတ္စြမ္းအင္ျဖင့္ လည္း လုပ္ေဆာင္ႏိုင္ပါသည္။ သို႔ေသာ္ ေပးဆပ္ရေသာ အရင္းအႏွီးမွာမူ မ်ားစြာ ကြာျခားလွသည္ကို ေတြ့ရိွရေပမည္။ လက္ျဖင့္တြန္း လိုက္ပါက စကၠန႔္ပိုင္းအတြင္း ေရြ့လ်ားသြားႏိုင္ေသာ ေဘာလံုးကို စိတ္စြမ္းအင္သံုး၍ ေရြ့လ်ားသြားေစလိုပါလ်ွင္ ႏွစ္၊လ ရွည္ၾကာစြာ အခ်ိန္ကုန္ခံ၍ စိတ္ကို ေလ့က်င့္ရေပလိမ့္မည္။ ဤေနရာတြင္ ရရိွမၫ့္တန္ဖိုးႏွင့္ ေပးဆပ္ရသၫ့္ အရင္းအႏွီးမကာမိသည္ကို သတိျပဳသင့္သည္။ ေလာကတြင္ အဆန္းတၾကယ္လုပ္ေဆာင္ႏိုင္တိုင္း အက်ိဳးမရိွပါေခ်။ ပညာဉာဏ္ကိုသံုး၍ လုပ္သင့္မလုပ္သင့္၊ တန္၏မတန္၏ႏိႈင္းခ်ိန္သင့္သည္။
ရုပ္စြမ္းအင္သံုးကာ အလြယ္တကူလုပ္၍ရႏိုင္သၫ့္ အလုပ္မ်ိဳးအတြက္ ရုပ္စြမ္းအင္ကိုသာ အားကိုးရေပလိမ့္မည္။ လြယ္သည္ကို ခက္ေအာင္လုပ္ျခင္းသည္ ပညာမဲ့သူတို႔၏ အလုပ္သာျဖစ္သည္။ ထို႔အတူ ရုပ္စြမ္းအင္ကိုသံုး၍ အလြယ္တကူရႏိုင္သည္မ်ားကို စိတ္စြမ္းအင္သံုး၍ ရယူျပႏိုင္သူမ်ားအား ဘာသာေရးဆိုင္ရာ ကိုးစားထိုက္သူမ်ားဟု ယံုၾကည္ဆည္းကပ္ ကိုးကြယ္ေနသူမ်ားမွာလည္း လူမိုက္ကို ကိုးကြယ္သၫ့္ပညာမဲ့မ်ားသာျဖစ္ေပသည္။
(၃) သမာဓိစြမ္းအင္
အခ်ိဳ႕က သဘာဝလြန္စြမ္းအားရွင္မ်ား၏ စိတ္တန္ခိုးျဖင့္ ဖန္တီးျပမႈမ်ားကို သမာဓိစြမ္းအင္ဟု ထင္မွတ္တတ္ၾကသည္။အကယ္စင္စစ္ သမာဓိဆိုသၫ့္ေဝါဟာရကို ဗုဒၶအလိုေတာ္က် ဖြင့္ဆိုရေသာ္ ေလာကဓံတရားရွစ္ပါးကို မတုန္မလႈပ္ ရင္ဆိုင္ႏိုင္စြမ္းရိွေသာ သတၲိထူးပင္ ျဖစ္ေပသည္။ သမၼာသမာဓိဟုလည္း ဆိုႏိုင္သည္။
သမာဓိႏွင့္ျပၫ့္စံုေသာသူသည္ သဘာဝလြန္စြမ္းအင္မ်ားႏွင့္ ျပၫ့္စံုခ်င္မွ ျပၫ့္စံုေပလိမ့္မည္။ သို႔ေသာ္ ဘ၀တစ္သက္တာတြင္ လာဘ္ရ ျခင္း၊ မရျခင္း၊ အေႁခြအရံရိျွခင္း၊ အေႁခြအရံမဲ့ျခင္း၊ ခ်ီးမြမ္းခံရျခင္း၊ကဲ့ရဲ့ခံရျခင္း၊ ခ်မ္းသာျခင္း၊ ဆင္းရဲျခင္းတို႔ႏွင့္ ႀကံဳေတြ့ရသၫ့္ အခါ တိုင္း တုန္လႈပ္ေခ်ာက္ခ်ားျခင္းမရိွဘဲ ရဲဝံ့စြာရင္ဆိုင္ႏိုင္စြမ္းရိွၾကသည္ကို ေတြ့ရေပသည္။
ယင္းသို႔ သတၲိထူးႏွင့္ ျပၫ့္စံုရန္မွာ အထက္ကဆိုခဲ့သၫ့္ သဘာဝလြန္စြမ္းအားမ်ား ပိုင္ဆိုင္လာေအာင္ႀကိဳးပမ္းရသည္ထက္ အဆ မ်ားစြာ ခက္ခဲေပသည္။ တန္ဖိုးလည္းႀကီးမားလွေပသည္။ သမာဓိႏွင့္ျပၫ့္စံုျခင္းသည္ စိတ္ပိုင္းဆိုင္ရာ အျမင့္ျမတ္ဆံုး စြမ္းအင္ႏွင့္ ျပၫ့္စံုျခင္းပင္ျဖစ္ရာ ေပးဆပ္ရသၫ့္ အရင္းအႏွီးႏွင့္ ထိုက္တန္ေသာတန္ဖိုးကို ရရိွႏိုင္ေပသည္။
သမာဓိႏွင့္ျပၫ့္စံုသူသည္ မိမိကိုယ္ကို ေကာင္းျမတ္ေအာင္ ျပဳစုပ်ိဳးေထာင္ႏိုင္စြမ္းရိွသူျဖစ္သည္။ သူ၏ပတ္ဝန္းက်င္ကိုလည္း စည္ပင္ တိုးတက္ေအာင္ ေဆာင္ၾကဉ္းေပးႏိုင္သူျဖစ္သည္။ အရာရာ၌ ေဝဖန္သံုးသပ္ဆံုးျဖတ္ရာတြင္ အဂတိတရားကင္းရွင္းစြာေဆာင္ရြက္တတ္ သည္ျဖစ္ရာ ထိုသို႔ေသာပုဂၢိုလ္မ်ိဳးအား ခ်ဉ္းကပ္နည္းနာခံယူျခင္းသည္ ပညာရိွကို မွီဝဲဆည္းကပ္ျခင္းတည္းဟူေသာ မဂၤလာတရားႏွင့္ ျပၫ့္စံုသၫ့္ လုပ္ရပ္ပင္ျဖစ္ေပေတာ့သည္။
(၄) ဓမၼဂုဏ္အင္ႏွင့္ သဘာဝလြန္ျဖစ္ရပ္မ်ား
သဘာဝလြန္ျဖစ္ရပ္မ်ားကို ဗုဒၶဓမၼ၏ ဂုဏ္ေတာ္မ်ားႏွင့္ ဆက္စပ္ေျပာဆိုေရးသားျခင္းသည္ ပညာမဲ့တို႔၏လုပ္ရပ္သာ ျဖစ္ေပသည္။ အစ,အလယ္,အဆံုးေကာင္းျခင္း၊ ကိေလသာအညစ္အေၾကးကို ဖယ္ရွားႏိုင္ျခင္း၊ ကာလ ေဒသမေရြး ေကာင္းက်ိဳးခ်မ္းသားကိုေပးျခင္း၊ စိစစ္ေဝဖန္ေလ့လာ မွတ္ေက်ာက္တင္ခံႏိုင္ျခင္း၊ စိတ္ဝယ္ကပ္ေဆာင္ လိုက္နာက်င့္သံုးျခင္းျဖင့္ အက်ိဳးရိျွခင္း၊ ပညာရိွသူတိုင္း သိျမင္ ခံစား နားလည္ႏိုင္ျခင္းတည္းဟူေသာ ျမင့္ျမတ္သၫ့္ ဂုဏ္အဂၤါတို႔ႏွင့္ျပၫ့္စံုေသာ ဗုဒၶသာသနာေတာ္လာ ဓမၼတရားေတာ္တို႔၏ အာနိသင္ကို ရပ္စျပဴတင္ကဲ့သို႔ သူေတာ္ေယာင္ လူယုတ္မာတို႔ပင္ စြမ္းေဆာင္ႏိုင္သၫ့္ သဘာဝလြန္စြမ္းအင္မ်ားႏွင့္ ႏိႈင္းဆျခင္းမွာကား အျမင္မေတာ္ ဆင္ေတာ္ကို ခေလာက္တပ္သကဲ့သို႔ ျဖစ္ေနေခ်ေတာ့သည္။
(၅) ဓမၼတရားေတာ္ ရြတ္ဖတ္ျခင္း
ဗုဒၶျမတ္စြာ ေဟာၾကားခဲ့ေသာ ဓမၼေဒသနာေတာ္တို႔ကို ရြတ္ဖတ္ေနရံုျဖင့္ အက်ိဳးထူးခံစားရမည္ဟူေသာ အယူအဆမ်ိဳးသည္ ပင္ရင္းမူလ ဗုဒၶသာသနာေတာ္၌ မရိွခဲ့ေခ်။ ဓမၼေဒသနာမွန္သမ်ွလိုက္နာက်င့္သံုး အေကာင္အထည္ေဖာ္ျခင္းျဖင့္သာ ေကာင္းက်ိဳးခ်မ္းသာကိုရရိွခံစား ၾကရေပလိမ့္မည္။ ရြတ္ဖတ္နာယူျခင္း၊နားလည္သေဘာေပါက္ျခင္းႏွင့္ လိုက္နာက်င့္သံုးျခင္းတို႔ကို တစ္ဆက္တစ္စပ္တည္း ေဆာင္ရြက္ ၾကပါမွ ဗုဒၶဓမၼေဒသနာေတာ္တို႔၏အက်ိဳးကို ျပၫ့္ဝစြာ ရရိွခံစားၾကရေပမည္။ အခ်ိဳ႕က ဗုဒၶဓမၼေဒသနာေတာ္တို႔၏အနက္အဓိပၸာယ္ကို နားလည္သေဘာေပါက္စရာမလိုဘဲ ရြတ္ဖတ္ေနရံု၊ၾကားနာေနရံုျဖင့္ မဂၤလာရိွမည္၊ ေကာင္းက်ိဳးရမည္ဟု ထင္မွတ္မွားေနၾကေသးသည္ကို ၀မ္းနည္းဖြယ္ေတြ့ရိွရေပသည္။ ထိုပုဂၢိုလ္တို႔အေနႏွင့္ ဗုဒၶျမတ္စြာေဟာၾကားခဲ့သၫ့္ မဂၤလာရိွရာအေၾကာင္းတရား(၃၈)ပါးကို ျပန္လည္ ေလ့လာသင့္ၾကေပသည္။ ဗုဒၶျမတ္စြာက မဂၤလသုတ္တြင္ ‘ငါဘုရားေဟာၾကားခဲ့သၫ့္ ဓမၼတရားေတာ္တို႔အား အနက္အဓိပၸာယ္ နားလည္စရာမလိုဘဲ အသံၾကားရရံုျဖင့္ မဂၤလာရိွ၏’ ဟုမေဟာၾကားခဲ့ပါေခ်။ ထို႔အျပင္ ဒြန္းစ႑ားႏွင့္တူေသာ ဥပသကာ၏ အဂၤါရပ္မ်ား တြင္ အသံကိုၾကားရံုျဖင့္ မဂၤလာရိွ၏ဟု ယူဆတတ္ျခင္းဟူေသာ အခ်က္တစ္ရပ္ကို ဗုဒၶျမတ္စြာကိုယ္တိုင္ ထၫ့္သြင္းေဟာၾကားခဲ့သည္ကို လည္း သတိျပဳအပ္လွေပသည္။
(၆) အေမ်ွာ္စိတ္ႏွစ္မ်ိဳး
ဘာသာေရးဆိုင္ရာက်င့္စဉ္မ်ားကို လိုက္နာေဆာင္ရြက္သူတိုင္း၌ ဤမည္ေသာက်င့္စဉ္ကို လိုက္နာေဆာင္ရြက္ျခင္းျဖင့္ တစ္စံုတစ္ခုေသာ အက်ိဳးရလဒ္ကို ရလိမ့္အံ့ဟူသၫ့္အေမ်ွာ္စိတ္ ရိွၾကစၿမဲျဖစ္သည္။ သို႔ရာတြင္ အေမ်ွာ္စိတ္ ႏွစ္မ်ိဳးႏွစ္စားရိွသည္ကိုကား မေမ့အပ္ပါေခ်။ ပညာဉာဏ္ျပၫ့္စံုသူတို႔၏အေမ်ွာ္စိတ္သည္ ေၾကာင္းက်ိဳးသင့္အေမ်ွာ္စိတ္ျဖစ္ၿပီး ပညာဉာဏ္ခ်ိဳ႕တဲ့သူတို႔၏ အေမ်ွာ္စိတ္မွာမူ ေၾကာင္းက်ိဳးမဲ့ အေမ်ွာ္စိတ္သာ ျဖစ္သည္။
ျဖစ္ႏိုင္၏ မျဖစ္ႏိုင္၏၊ ေလာကဓမၼနိယာမႏွင့္ ညီၫြတ္မႈရိွ၏ မရိွ၏ မခ်င့္ခ်ိန္ဘဲ မိမိျဖစ္ခ်င္သၫ့္ ဦးတည္ခ်က္ တစ္ခုတည္းကိုသာသိၿပီး၊ မိမိလုပ္ေဆာင္မႈသည္ မိမိဦးတည္ခ်က္ပန္းတိုင္ႏွင့္ စပ္ဆိုင္မႈမရိျွခင္းကို နားမလည္သူတို႔၏ အေမ်ွာ္စိတ္မ်ိဳးသည္ ေၾကာင္းက်ိဳးမဲ့အေမ်ွာ္ စိတ္ပင္ ျဖစ္ေပသည္။
မိမိရည္မွန္းခ်က္ပန္းတိုင္ကို သတ္သတ္မွတ္မွတ္ခ်ထားသလို မိမိလုပ္ေဆာင္ခ်က္သည္လည္း ယင္းပန္းတိုင္သို႔ေရာက္ရိွေစႏိုင္သၫ့္ အေၾကာင္းတရား အမွန္အကန္ျဖစ္ေၾကာင္း ေလာကဓမၼနိယာမတို႔ႏွင့္ ႏိႈင္းဆသံုးသပ္ၿပီးမွ ထားရိွအပ္ေသာ အေမ်ွာ္စိတ္မ်ိဳးသည္သာ ေၾကာင္းက်ိဳးသင့္အေမ်ွာ္စိတ္ မည္ေပသည္။
(၇) ေၾကာင္းက်ိဳးမဲ့အေမ်ွာ္စိတ္၏ အႏၲရာယ္ႏွစ္မ်ိဳး
ဗုဒၶဓမၼတရားေတာ္တို႔အား အေၾကာင္းသင့္အက်ိဳးသင့္ သိရိွနားလည္ေအာင္ရွင္းမျပဘဲ ေမ်ွာ္လင့္ခ်က္တစ္ခုကိုသာေပးၿပီး ပံုမွန္ဝတ္မပ်က္ ရြတ္ဖတ္ေစျခင္းသည္ ကာယကံရွင္အတြက္ေရာ သာသနာေတာ္အတြက္ပါ အႏၲရာယ္ႀကီးမားလွေပသည္။ ထိုပုဂၢိုလ္မ်ားအေနႏွင့္ ပံုမွန္ ၀တ္မပ်က္ရြတ္ဖတ္ရင္း ေနာင္ကာလၾကာရွည္ေသာ္ ဘာသာေရးအသိ ရင့္က်က္လာလိမ့္မည္ဟု စိတ္ကူးယဉ္၍မရပါေခ်။ တစ္ေန့ေန့ တစ္ခ်ိန္ခ်ိန္တြင္ ဗုဒၶသာသနာေတာ္၏ ဆန႔္က်င္ဘက္အစြန္းတစ္ဖက္ဖက္သို႔ က်ေရာက္နစ္မြန္းသြားၾကသည္ကသာ မ်ားလွေပသည္။
(၈) လက္ယာစြန္းေရာက္ ယံုမွားမႈ
ဗုဒၶဓမၼအဆိုအဆံုးအမတို႔အား အနက္အဓိပၸာယ္သိရိွနားလည္ျခင္းမရိွဘဲ ဂႏၶာရီဂိုဏ္းသားတို႔၏ ဂါထာမႏၲန္ဆန္ဆန္ ရြတ္ဖတ္ေနရာမွ တိုက္တိုက္ဆိုင္ဆိုင္ပင္ ထိုပုဂၢိုလ္၏အတိတ္ကျပဳခဲ့သၫ့္ ကံ-ဉာဏ္-ဝီရိယ အစြမ္းေၾကာင့္ေမ်ွာ္လင့္ထားသလို ျဖစ္လာတတ္သၫ့္အခါမ်ိဳး လည္းရိွတတ္ပါသည္။ သို႔ေသာ္ ထိုပုဂၢိုလ္မွာ မိမိ၏ ကံ-ဉာဏ္-ဝီရိယ အက်ိဳးကိုခံစားရသည္ဟု မယူဆဘဲ ဗုဒၶဓမၼတရားေတာ္တို႔အား အနက္အဓိပၸာယ္မသိဘဲ ေၾကာင္းက်ိဳးမဲ့အေမ်ွာ္စိတ္ျဖင့္ ရြတ္ဖတ္ျခင္းေၾကာင့္သာ ျဖစ္သည္ဟု နက္ရိႈင္းစြာ ယံုၾကည္သြားတတ္ေပသည္။ ထိုအခါ ယင္းပုဂၢိုလ္အေနႏွင့္ ဗုဒၶဝါဒသည္ လိုက္နာက်င့္သံုးစရာမလိုဘဲ ဓမၼတရားေတာ္မ်ားကို ဂါထာမႏၲရားသဖြယ္ အသံုးျပဳရံုျဖင့္ လိုရာ ၿပီးေျမာက္ေစသၫ့္လမ္းစဉ္ဟု ထင္မွတ္မွားကာ အဓိပၸာယ္မဲ့ ရြတ္ဖတ္ျခင္းသံသရာမွ ရုန္းမထြက္ႏိုင္ဘဲ ရိွေနတတ္ၾကသည္။ ယင္းယံုမွားမႈ မ်ိဳးသည္ မဟာယာနဗုဒၶဘာသာဂိုဏ္းခြဲတစ္ခ်ိဳ႕၌ ထိုးေဖာက္ေနရာယူလာခဲ့ရာ က်င့္ႀကံအားထုတ္စရာမလိုဘဲ ဗုဒၶဓမၼတရားေတာ္မ်ားရြတ္ ဖတ္ရံုမ်ျွဖင့္ မဂ္ဖိုလ္နိဗၺာန္ကိုပင္ မ်က္ေမွာက္ျပဳႏိုင္သည္ဆိုေသာအယူအဆ ထြန္းကားလာခဲ့သည္ကို အထင္အရွား ေတြ့ရိွႏိုင္ေပသည္။
(၉) လက္ဝဲစြန္းေရာက္ ယံုမွားမႈ
ဗုဒၶဓမၼအဆိုအဆံုးအမတို႔အား အနက္အဓိပၸာယ္မသိဘဲ ရြတ္ဖတ္သရဇၩာယ္ေနသူတို႔သည္ ၄င္းတို႔ေမ်ွာ္လင့္ထားသကဲ့သို႔ ျဖစ္မလာ သၫ့္အခါ ေၾကာင္းက်ိဳးမဲ့ ယံုၾကည္တတ္ေသာ မိမိ၏အျပစ္ကို မိမိမျမင္တတ္ၾကဘဲ ဗုဒၶသာသနာေတာ္အေပၚ အျပစ္ပံုခ်တတ္ၾကသည္။
ထိုပုဂၢိုလ္ခမ်ာမွာ မူလကပင္ ဗုဒၶဓမၼတရားေတာ္တို႔အား ဂါထာမႏၲရားသဖြယ္ ရြတ္ဖတ္သရဇၩာယ္ျခင္းသည္ ဗုဒၶဝါဒ၏ က်င့္စဉ္တစ္ခုဟု ထင္မွတ္မွားခဲ့ေပရာ ၄င္းေမ်ွာ္လင့္ထင္မွတ္ထားသကဲ့သို႔ ျဖစ္မလာေသာအခါတြင္ ‘ဗုဒၶဝါဒဆိုတာအလကားပါ’ ဟု ပုတ္ခတ္ေျပာဆိုလ်က္ သာသနာေတာ္ကို စြန႔္ပယ္ေက်ာခိုင္းသြားတတ္ၾကေပသည္။
(၁၀) မ်က္ေမွာက္ေခတ္လူငယ္ႏွင့္ အနာဂတ္သာသနာ
သိပၸံပညာတိုးတက္ထြန္းကားမႈ အဆင့္ဆင့္သည္ ဗုဒၶသာသနာေတာ္အဆံုးအမ မည္မ်ွမွန္ကန္သည္ကို သက္ေသျပေနသကဲ့သို႔ရိွလာေပ သည္။ ဗုဒၶသာသနာေတာ္ထြန္းကားျပန႔္ပြားမႈကို လိုလားသူတိုင္း သိပၸံပညာတိုးတက္မႈကို ႀကိဳဆိုအပ္ေပသည္။
သိပၸံပညာ မည္မ်ွထြန္းကားလာပါေစ၊ ဗုဒၶေဟာၾကားေတာ္မူခဲ့သၫ့္ ဓမၼနိယာမ၊ဗီဇနိယာမ၊ ကမၼနိယာမ၊စိတၲနိယာမ၊ ဥတုနိယာမတည္းဟူ ေသာ နိယာမတရားငါးပါး၏ ေဘာင္းအတြင္းမွာပင္ ရိွေနမည္သာျဖစ္ရာ အနတၲေဒသနာသည္ကား ခိုင္မာသည္ထက္ ခိုင္မာေနမည္ သာပင္။
သို႔ေသာ္ မ်က္ေမွာက္ေခတ္လူငယ္ အေတာ္မ်ားမ်ားမွာ ဗုဒၶသာသနာေတာ္အဆံုးအမကို တိတိပပနားလည္ သေဘာေပါက္ျခင္းမရိွၾက ေခ်။ အထက္ကဆိုခဲ့ေသာ လက္ယာအစြန္းေရာက္ယံုမွားမႈႏွင့္ လက္ဝဲအစြန္းေရာက္ယံုမွားမႈတို႔ကိုသာ သူတို႔ပတ္ဝန္းက်င္တြင္ အမ်ား အားျဖင့္ ေတြ့ျမင္ေနၾကရေပရာ စစ္မွန္ေသာဗုဒၶသာသနာေတာ္ႀကီး ဆက္လက္တည္တံ့ခိုင္ၿမဲျပန႔္ပြားေရးအတြက္ အသိတရားရိွသူတို႔က ဝိုင္းဝန္းႀကိဳးပမ္းၾကပါမွ ေတာ္ရံုက်ေပလိမ့္မည္။
၁၉၈၀ ျပၫ့္လြန္ႏွစ္မ်ားတြင္ အရိွန္အဟုန္ေကာင္းစြာ ဖြံ႔ၿဖိဳးတိုးတက္လာခဲ့ေသာ အေရ႔ွေတာင္အာရွကြၽန္းႏိုင္ငံတစ္ခုရိွ မွတ္တမ္းမ်ားအရ သူတို႔ႏိုင္ငံတြင္ သိပၸံပညာထြန္းကားမႈႏွင့္ ဗုဒၶဘာသာကိုးကြယ္မႈ ေျပာင္းျပန္အခ်ိဳးက်ခဲ့ေၾကာင္း ေတြ့ရိွရသည္။
လူငယ္အမ်ားစုမွာ သိပၸံပညာကိုသာ အထင္ႀကီးကိုးစားလာၾကၿပီး ဗုဒၶသာသနာေတာ္အားေက်ာခိုင္းလာၾကသည္ဟုဆိုသည္။
အကယ္စင္စစ္ ယင္းသို႔ျဖစ္ရျခင္း၏အေၾကာင္းရင္းမွာ သူတို႔ဆီတြင္ စစ္မွန္ေသာဗုဒၶသာသနာ မထြန္းကားခဲ့ဘဲ ထိုလူငယ္တို႔ထက္ အလ်င္က်ေသာ မ်ိဳးဆက္မွာလည္း ေၾကာင္းက်ိဳးမဲ့ အေမ်ွာ္စိတ္ကိုအေျခခံခဲ့သၫ့္ အမည္ခံဗုဒၶဘာသာဝင္မ်ားသာ ျဖစ္ခဲ့ေသာေၾကာင့္ပင္ ျဖစ္သည္။
အခ်ဳပ္ဆိုရေသာ္ အသိဉာဏ္ႏွင့္ မယွဉ္ေသာယံုၾကည္မႈမ်ိဳးသည္ သာသနာကြယ္ပရာ အေၾကာင္းတရားတစ္ရပ္ျဖစ္သည္ ဆိုျခင္းကို ကြၽႏ္ုပ္တို႔အေလးအနက္သတိျပဳအပ္ေပေတာ့သည္။
၀င္းသိန္းဦး
(ဓမၼရံသီ၊အမွတ္ - ၆၀၊ ၁၉၉၄ ခုႏွစ္၊ ဒီဇင္ဘာလ)
No comments:
Post a Comment