Friday, May 18, 2012

WordPress နဲ့ Blog တစ်ခုတည်ဆောက်ခြင်း



Blog တွေခေတ်စားနေခဲ့တာတော့ကြာပါပြီ။ Blog တည်ဆောက်ချင်သူတွေအတွက် ဖော်ပြလိုက်ပါတယ်။
WordPress မှာ Blog (Free) တစ်ခု တည်ဆောက်ဖို့အတွက် ပထမဆုံး WordPress.com ကိုသွားပါ။
Sign Up လုပ်ရန် -
(၁) Get Started Here ဆိုတဲ့ Button အောက်က Sign Up ဆိုတဲ့  Link ကိုနှိပ်ပါ။
(၂) Username နေရာမှာ ကိုယ်ပေးချင်တဲ့ နာမည်ကိုပေးပါ။ (Login ၀င်သည့်အခါ သုံးရမည့်နာမည်ဖြစ်သည်။)
(၃) Password နေရာမှာ ကိုယ်ပေးချင်တဲ့ password ကိုပေးပါ။( Login ၀င်သည့်အခါ သုံးရမည့် password ဖြစ်သည်။)
(၄) Confirm နေရာမှာ အပေါ်မှာပေးခဲ့တဲ့ Password နဲ့တူအောင် ရိုက်ထည့်ပေးပါ။
(၅) Email address နေရာမှာတော့ ကိုယ့်ရဲ့ Email ကိုရိုက်ထည့်ပါ။ Email ပေးတဲ့အခါ အပြည့်အစုံထည့်ပေးပါ။ ဥပမာ - anzartone@gmail.com
(၆) ပြီးရင် Check box လေးကို အမှန်ခြစ်ရင်ခြစ်ပါ။
(၇) Sign Up ဆိုတဲ့ ၀ါကြန့်ကြန့် Button ကြီးကိုနှိပ်ပါ။
(၈) ကိုယ့်ရဲ့ Email ကိုဖွင့်ပြီး WordPress ကပို့လိုက်တဲ့ Activate Email ကိုဖွင့်ရပါမယ်။
(၉) ဖွင့်ပြီးရင် Email ထဲက Activate Account ဆိုတာကို နှိပ်လိုက်ပါ။
(၁၀) WordPress ပွင့်လာပါလိမ့်မယ်။ WordPress ရဲ့ညာဘက်အပေါ်ထောင့်နားမှာရှိတဲ့ ကိုယ့်ရဲ့နာမည်ပေါ်ကို Mouse တင်လိုက်ပါ။ Box တစ်ခုပေါ်လာပါလိမ့်မယ်။
(၁၁) အဲဒီထဲကမှ Register a Blog ကိုနှိပ်ပါ။
(၁၂) Blog Address ရဲ့အောက်က Box ထဲမှာ ကိုယ်ပေးချင်တဲ့ Blog Address အမည်ကိုပေးပါ။ နာမည်ကို WordPress က Checking လုပ်ပြီးရှိပြီးသားနဲ့ မရတဲ့နာမည်တွေဆိုရင် အနီရောင်Button ကြီးပေါ်လာပြီး ပြပါတယ်။ အဲဒီအခါ နာမည်ကို ပြန်ပြင်ပြီး ပေးရပါမယ်။
(၁၃) ပြီးရင် Name Your Blog ရဲ့အောက်က Box ထဲမှာ My Blog ဆိုတဲ့စာကိုတွေ့ရပါလိမ့်မယ်။ အဲဒီ Mg Blog ကို ဖျက်ပြီး ကိုယ်ပေးချင်တဲ့နာမည်ကို ပေးပါ။ My Blog ကိုမဖျက်လည်း ဘာမှမဖြစ်ပါဘူး။
(၁၄) ပြီးရင် အောက်ဆုံးထိသွားပြီး Create Blog ဆိုတဲ့ ၀ါကြန့်ကြန့် Burton ကိုနှိပ်လိုက်ပါ။
(၁၅) name.wordpress.com is yours ဆိုပြီး ပေါ်လာရင်တော့ ပြီးသွားပါပြီ အဲဒီစာအောက်က Visit your Dashboard ကိုနှိပ်ပြီး Post တွေတင်နိုင်ပါပြီ။

No comments: