Thursday, May 3, 2012

ဆက်ဆံချိန်မှာ နာကျင်တာ (၃)

လင်-မယား ဆက်ဆံတဲ့အခါ မနာသင့်ဘဲ နာတယ်ဆိုတာ စာ ၂ ပုဒ် ရေးထားပါတယ်။ အဲလိုအချိန်မျိုးမှာ နာတယ်ဆိုတဲ့နေရာတွေဟာ Labia မိန်းမကိုယ်နှုတ်ခမ်း၊ Vagin (ဗဂျိုင်းနား) နဲ့ Pelvic areas တင်ပါးဆုံတွင်း နေရာတွေ ဖြစ်တယ်။ ဒီနေရာတွေမှာ Sexual intercourse လိင်ဆက်ဆံမှုပြုတဲ့အခါ နာလာတဲ့ ဆေးဝေါဟာရ Dyspareunia စကားလုံးက ဂရိကနေလာတယ်။ “မိတ်လိုက်တဲ့အခါ ဆိုးဝါးတာ” လို့ အဓိပ္ပါယ်ရတယ်။ ရှေးဟောင်း (ဟီဘရူး) စာတွေထဲမှာ ဒီလိုဖြစ်နေသူနဲ့ လင်မယား ကွာရှင်းခွင့်ပြုတယ်လို့ ပါတယ်။

အမျိုးသမီး ဘယ်နှစ်ယောက်မှာ ဒီဝေဒနာခံစားနေရသလဲ မပြောနိုင်ဘူး။ စာရင်းကောက်ဘို့ ခက်ခဲသလို နာတယ်ဆိုတဲ့ အတိုင်းအတာကိုလဲ ခွဲခြားဘို့ ခက်တယ်။ နောက်ပြီး ဆရာ-လူနာ ဆက်ဆံရေးမှာလဲ ပွင့်လင်းမှု နည်းနေသေးတာက အနောက်နိုင်ငံမှာပါ ရှိနေသေးတယ်။ လေ့လာမှုတခုအရ အမျိုးသမီး ၆ဝ% မှာ အခုဖြစ်ဖြစ် အရင်တုံးကဖြစ်ဖြစ် ဒီလို နာတာမျိုးကို ခံစားနေရတယ်။ တဝက်လောက်က ဆရာဝန်ဆီမလာကြဘူး။

Causes လိင်ဆက်ဆံရေး ပြဿနာတွေထဲမှာ အဖြစ်များတဲ့ အခြေအနေတခု ဖြစ်တယ်။ နောက်ပိုင်းမှာ ပိုပြီး အဖြစ်လာတယ်လို့ ယူဆတယ်။ ဖြစ်နိုင်ခြေအကြောင်း ၃ မျိုးရှိတယ်။
၁။ Changes in sexual behavior လိင်အမူအကျင့်တွေ ပြောင်းလာလို့၊
၂။ Increase in sexually transmitted diseases (STDs) လိင်ကတဆင့်ကူးစက်ရောဂါတွေပိုဖြစ်လာလို့ နဲ့
၃။ Increased willingness to discuss sexual behavior ဆရာဝန်ကိုပြောဘို့ ပိုပြီးပွင့်လင်းမှုရှိ လာကြလို့။

Symptoms ရောဂါလက္ခဏာတွေ

• Sharp or burning pain နာပုံနာနည်းက စူးရှိပြီး ပူလောင်သလို နာတယ်။
• Pain on entry အများဆုံးက ကျားလိင်အင်္ဂါ ဝင်စဉ်မှာနာတယ်။
• Deep pain ဒုတိယအများဆုံးက အတွင်းနက်ရာနေရာမှာ နာတယ်။
• Muscle spasms, cramps ပူးတွဲခံစားရတတ်တာတွေကတော့ ကြွက်သားတွေ တုံလှုတ်နေသလို၊ တင်းကြပ်နေသလို နာတာတွေ ဖြစ်တယ်။

Types နာနည်းက မတူကြပါ -
• Primary pain လိင်ဆက်ဆံမှု စရှိဘူးကတည်းက နာတတ်သူ၊
• Secondary pain တချို့အချိန်တွေမှာနာပြီး တချို့အချိန်တွေမှာ မနာဘူး၊
• Complete pain လိင်ဆက်ဆံမှုဖြစ်စဉ် တလျှောက်လုံး နာတာကို အပြည့်အဝနာခြင်းလို့ သတ်မှတ်တယ်။
• Situational pain ဆက်ဆံဘက်တယောက်နဲ့နေမှသာဖြစ်ဖြစ်၊ အနေအထား-ပုံစံတမျိုးသုံးမှဖြစ်ဖြစ် နာပေမဲ့ ကျန်တဲ့ အခြေအနေတွေမှာ မနာဘူး။
• Superficial-entrance pain ကျား-လိင်အင်္ဂါ စပြီးထိုးသွင်းမှု အစပိုင်းမှာ နာခြင်း။
• Deep thrust pain (ဗဂျိုင်းနား) အတွင်းဆုံးမှာ အထက်က သားအိမ်ဝရှိတယ်။ သူ့ကိုထိမှသာနာတယ်။
• Psychological cause တချို့မှာ ရုပ်ပိုင်းနဲ့မဆိုင်ဘဲ စိတ်ကနာနေတာလဲရှိတယ်။

လိင်ဆက်ဆံတာနဲ့ဆက်စပ်ပြီး အရင်ကနဲ့မတူတဲ့ နာတာမျိုး၊ သွေးဆင်းတာမျိုး၊ အဖြူစသည် ဆင်းလာတာမျိုးရှိရင် ဆရာဝန်ပြပါ။ Diagnosis ရောဂါသေခြာအောင် အခြေအနေကို ဒေါင့်စုံအောင်မေးမယ်။ နောက်ကြောင်းရာဇဝင်လဲ မေးမယ်။ စစ်ဆေးမှုတွေ ဆက်လုပ်မယ်။
1. Lubrication လိင်ဆက်ဆံမှု အစပိုင်းမှာ လိင်အင်္ဂါစိုစွပ်လာရတယ်။ အဲလိုဖြစ်တာ မရှိရင်၊ နည်းရင်နာမယ်။ ဟော်မုန်း အပြောင်းအလဲ (သွေးဆုံးချိန်) နဲ့ တချို့ဆေးဝါးတွေကနေလဲ ဖြစ်စေနိုင်တယ်။
2. Inflammation at the vulvar opening မိန်းမကိုယ်အဝ ရောင်နေတာ ရှိသလား။
3. Painful spasms of the vagina အထဲထိထိုးသွင်းမှုကို ခုခံနေတဲ့ ကြွက်သားတွေ တုန်ခါနေမှု ရှိသလား။ ဆရာဝန်ရဲ့ စမ်းသပ်တဲ့ လက်ချောင်း ညင်ညင်သာသာ ထည့်တာတောင် နာမယ်။
4. (ဗဂျိုင်းနား) တလျှောက်လုံးမှာ နာတာဆိုရင် Vulvar muscle degeneration မိန်းမကိုယ်-ကြွက်သား အားနည်းခြင်း၊ Fungal (မှို = ဖန်းဂတ်စ်) Parasitic (ပါရာဆိုက် = ကပ်ပါးကောင်) Bacterial (ဗက်တီးရီးယား) စတဲ့ Vaginal infection ပိုးဝင်တာတခုခု ဖြစ်နိုင်တယ်။
5. ဆီးသွားပေါက်နေရမှာသာနာရင် Inflammation of the urethra ဆီးလမ်းရောင်တာ ဖြစ်နိုင်တယ်။
6. Deep thrust pain အတွင်းနေရာနာတာဆိုရင် Endometriosis သားအိမ်ရောဂါ၊ Adhesions အထဲမှာ တခုနဲ့တခု ကပ်တွယ်နေတာ၊ သားအိမ်ပုံစံမူမှန်ဖြစ်တာ၊ Sagging of the ovaries or Fallopian tubes မျိုးဥအိမ်နဲ့ သားအိမ်ပြွန်တွေ တွဲကျနေတာ ဖြစ်နိုင်တယ်။
7. အလည်နေရာနာတာက သားအိမ်ကနာတာဖြစ်မယ်။ ဘေးတဖက်စီမှာနာတာဆိုရင် Tubes သားအိမ်ပြွန်တွေ Ovaries မျိုးဥအိမ်တွေနဲ့ Ligaments အရွတ်တွေမှာ နာတာဖြစ်မယ်။

ဆရာဝန်ကနေ ဒါတွေလုပ်မယ်။
• Physical exam ဝမ်းဗိုက်၊ မိန်းမကိုယ်၊ မွေးလမ်း၊ ခါးအောက်ပိုင်း၊ စအို။
• Pap smear (ပက်ပ်-စမီးယား) ယူပြီး ဓါတ်ခွဲခန်းမှာ စမ်းမယ်။
• CT scan or an MRI of the pelvis တင်ပါးဆုံနေရာ ဒါတွေရိုက်မယ်။
• Urethrogram ဆီးသွားပြွန် ဓါတ်မှန်။
• Cystogram ဆီးအိမ် ဓါတ်မှန်
• Cystoscopy ဆီးအိမ်ထဲ ကရိယာထည့်ကြည့်တာ။

Treatment ကုသနည်းများ
Lubricating gels ဆက်ဆံမှုမပြုခင်မှာ ချောဆီကို ဗဂျိုင်းနား အဝနဲ့ အတွင်းထဲမှာ သုတ်လိမ်းပါ။ Water-soluble lubricants အမျိုးအစားကိုသာ သုံးပါ။ မဟုတ်ရင် (ကွန်ဒွမ်) ပေါက်ပြဲစေနိုင်တယ်။ လိင်စိတ်ဖြစ်ပေါ်မှု အားနည်းနေရင် Foreplay လိင်ဆက်ဆံခြင်း ပဌမအဆင့်အတွက် အချိန်ပေးပါ။ ဒါမှမဟုတ် Sex toys လိင်-ကရိယာတွေဖြစ်တဲ့ Vibrators တုံခါကရိယာ၊ Dildos ကျားအင်္ဂါအတုတွေကိုလဲ သုံးနိုင်တယ်။

Medical Treatment ဆေးဝါးများ
(၁) အဝနေရာမှာနာတာ -

• Atrophy သွေးဆုံးပြီဆိုရင် နည်းလာတဲ့ ဟော်မုန်းကြောင့် မိန်းမကိုယ်၊ မွေးလမ်းတွေက ခြောက်ပြီး ပါးလာတယ်။ ဟော်မုန်းအစားထိုးကုသမှု လုပ်နိုင်တယ်။ Estrogen vaginal cream ကအမြန်ဆုံးနည်း ဖြစ်တယ်။
• Urethritis ဆီးသွားပြွန်ရောင်တာဆိုရင် Antibiotics ပဋိဇီဝဆေးပေးမယ်။
• Vaginismus (ဗဂျိုင်းနား) နေရာကကြွက်သားတွေက စိတ်ကနေလုပ်တာ မဟုတ်ဘဲ အလိုလိုတင်းကြပ်တဲ့ရောဂါ ဆိုတာရှိတယ်။ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံမှု ကြုံဘူးရင်၊ အလိုမတူပြုကျင့်တာ ကြုံဘူးရင်ဖြစ်တတ်တယ်။ Behavioral therapy စိတ်ကုသနည်းနဲ့ Vaginal relaxation exercises လေ့ကျင့်ခန်းနည်းတွေ လုပ်ပေးမယ်။
• Vaginal strictures ရောဂါတခုခုကြောင့် ခွဲစိတ်ကုသခံရတာ၊ ဓါတ်ကင်ထားတာ၊ သွေးဆုံးသွားတာတွေကနေ (ဗဂျိုင်းနား) ကျဉ်းနေနိုင်တယ်။ Estrogen ဟော်မုန်းသုံးနိုင်တယ်။ Surgical techniques ခွဲစိတ်ပြုပြင်ပေးနိုင်တယ်။
• Interstitial cystitis နာတာရှည် ဆီးအိမ်ရောဂါဖြစ်နေရင် Cystoscopy ကရိယာနဲ့စစ်ဆေးမယ်။ Amitriptyline, Nifedipine, Elmiron ဆေးတွေပေးမယ်။ ဆီးအိမ်ကို Dimethyl sulfoxide (DMSO) ဆေးသုံးမယ်။ Transcutaneous electric stimulation (TENS) လျှပ်စစ်နည်း၊ Acupuncture အပ်စိုက်နည်းတွေနဲ့ ကုနိုင်တယ်။
• Endometriosis (အင်ဒိုမီထရီယိုးဆစ်) ရောဂါ အဖြစ်မနည်းပါ။ သားအိမ် (ဆစ်ရှူး) က တခြားနေရာတွေမှာ ရှိနေတဲ့ရောဂါ ဖြစ်တယ်။ ရာသီလာရင်လဲ အတော်နာမယ်။ ဆက်ဆံရင်လဲနာတယ်။ ကုသနည်းအတိုင်း လုပ်ရမယ်။ ကုသရခက်တယ်။ ရေးထားပါတယ်။
• Vulvovaginitis မိန်းမကိုယ် နဲ့ ဗဂျိုင်းနားရောင်ခြင်းဖြစ်တာက ပြန်ပြန်ဖြစ်တတ်တယ်။ ဆေးတွေနဲ့ ကုနိုင်တယ်။ Sexually transmitted diseases (STDs) လိင်ကတဆင့် ကူးစက်ရောဂါတွေကို လင်မယား နှစ်ယောက်လုံး စစ်ဆေး ကုသပါ။

(၂) အတွင်းနက်ရာမှာနာတာ
• Pelvic adhesions တင်ပါးဆုံအတွင်းမှာ (တစ်ရှူး) တွေ တွယ်ကပ်မှု ရှိနေရင် ခွဲစိတ်ပြုပြင်ရမယ်။
• Uterine retroversion သားအိမ်ပုံစံ အနေမမှန်ရင် Ovarian cysts မျိုးဥအိမ်အကျိတ်၊ Pelvic inflammatory disease (PID) အတွင်းအင်္ဂါတွေရောင်ခြင်း၊ Endometriosis (အင်ဒိုမီထရီယိုးဆစ်) Retroversion of the uterus တွေစစ်ဆေးကုသရမယ်။

Prevention ဘယ်လိုကာကွယ်မလဲ
• Perfumed soaps ရေမွှေးပါဆပ်ပြာတွေ မသုံးပါနဲ့။
• Douching မွေးလမ်းကြောင်းကို ဆေးတွေနဲ့ဆေးကြောတာ မလုပ်ပါနဲ့။
• Vaginal perfumes မွေးလမ်းနေရာ ရေမွှေးမသုံးပါနဲ့။
• Bubble baths ရေဘူပေါင်းထစေတဲ့ရေကန်မှာ ရေမချိုးပါနဲ့။
• Scented or tinted toilet papers သန့်ရှင်းရေးသုံး (တစ်ရှူး) စက္ကူကိုလဲ အမွှေးနံ့သာပါတာ မသုံးပါနဲ့။
• Panty liners or tight synthetic undergarments အတွင်းခံအမျိုးမျိုးဟာ ဆန်းပြားတာ၊ တင်းကြပ်တာတွေ မဝတ်ပါနဲ့။

ဒေါက်တာတင့်ဆွေ
(၈-၄-၂ဝ၁၂ )

ဒေါက်တာတင့်ဆွေ - ဆက်ဆံချိန်မှာ နာကျင်တာ (၃)

No comments: