Wednesday, May 2, 2012

ဒီနေ့ ငါ့စိတ် မော်ဒယ်လ်အသစ်


မနက်ဖြန်စိတ်က
ဒီနေ့စိတ်ထက်
အရည်အသွေး
ပိုကောင်းသွားရင်
မနက်ဖြန်မှာ
ကိုယ့်စိတ်မော်ဒယ်လ်
ပိုမြင့်သွားတာပေါ့။

နေ့တိုင်းနေ့တိုင်း
ကိုယ့်စိတ်ကို
မော်ဒယ်လ်သစ်သည်ထက် သစ်၊
မြင့်သည်ထက် မြင့်အောင်
ကြိုးစားသွားရမှာပါပဲ။

အရေးအကြီးဆုံးကတော့
"ဒီနေ့" ပါ။

လောလောဆယ်
ကိုယ်နေနေရတာ
ဒီနေ့ဖြစ်လို့
ဒီနေ့ကိုယ့်ရဲ့စိတ်
မော်ဒယ်လ်သစ်နေဖို့၊
မော်ဒယ်လ်မြင့်နေဖို့
အဓိကပါပဲ။
                   အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
Credit: စိတ်အားဖြည့် ဓမ္မပန်းပွင့် - အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ) စာအုပ်လေးမှ

No comments: