Saturday, May 5, 2012

သတင်း...


HIV ဝေဒနာရှင် ခုနစ်သောင်းကျော် ဆေးဝါကုသခွင့် မရသေး
  

မြန်မာနိုင်ငံရှိ HIV ဝေဒနာရှင် ခုနစ်သောင်းကျော်မှာ ဆေးဝါးကု သခွင့်မရရှိသေးကြောင်း HIV/AIDS ဝေဒနာရှင်များအား ကုသ စောင့်ရှောက်ပေးနေသည့် အေးမြေ မတ္တာဖောင်ဒေးရှုင်း ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက ပြောသည်။ဇန်နဝါရီ ၂၅ ရက်နေ့က ရွှေ့ဂုံတိုင်ရှိ တော်ဝင်နှင်းဆီ၌ကျင်းပ သော HIV/AIDS ကာကွယ်ရေး ကုသေ ရးနှင့် ပြုစုစောင့်ရှောက်ရေး အတွက် ဂီတဖျော်ဖြေပွဲပြုလုပ်သည့် အကြောင်း စာနယ်ဇင်းရှင်းလင်းပွဲတွင် ၄င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့၏ စစ်တမ်းထုတ်ပြန်ချက်အရကမ္ဘာ ပေါ်၌HIV/AIDSဝေဒနာရှင်ပေါင်း ၃၄ သန်းကျော်ရှိပြီးမြန်မာနိုင်ငံအတွင်း ၌ ဝေဒနာရှင် ၂၃၇ဝဝဝ ရှိသည့် အနက်မှ တစ်သိန်းကျော်ကိုသာ ဆေးဝါး ကုသမှုပြုလုပ်ပေးနိုင်သေးသည် ဟု ဆိုသည်။”ကျွန်တော်တို့အဖွဲ့အစည်း တွေ အနေနဲ့ ဝေဒနာရှင်တွေကိုတစ်နိုင်ငံလုံးအတိုင်း အတာထိတော့ ပံ့ပိုးပေး နိုင်မှုမရှိဘူး၊ အဲဒါကလည်း ဆေးဝါး စရိတ်အခက်အခဲကြောင့် ပဲဖြစ်ပါတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်ကပြောသည်။

ထိုသို့ဖြစ်ရခြင်းမှာလည်း ယခင်က မြန်မာနိုင်ငံအတွင်းရှိ HIV/AID ဝေဒနာရှင်များအတွက် ဆေးဝါးကုသစရိတ် ရန်ပုံငွေကို 3D fund က ထောက်ပံ့ပေးခဲ့ပြီး နောက်ပိုင်း၌ Global Fun နှင့်ချိတ် ဆက်ပေးခဲ့ကာ  ၄င်းကိုယ်စား Global Fund ကသာ ဆက်လက်ထောက်ပံ့ပေး နေခဲ့ရာမှ ပြီးခဲ့သည့်နှစ်မှ စတင်၍ Global Fund ကလည်း မြန်မာနိုင်ငံအတွင်းမှ HIV/AID ဝေဒနာ ရှင်များအတွက် ထောက်ပံ့ပေးနေသည့် ရန်ပုံငွေ များကို ရပ်ဆိုင်းလိုက်သည်ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

”ဝေဒနာရှင်တွေကို ထောက်ပံ့ရတဲ့ဆေးဈေးက တစ်လစာကို အနည်းဆုံး နှစ်သိန်းနီးပါးလောက်ရှိတယ်၊ ဝေဒနာရှင်တွေ အကုန်လုံး ကို ကူညီဖို့ဆိုရင် ပြည်တွင်းရော ပြည်ပကပါ အကူအညီတွေ ဒီထက်ပို လိုအပ်ဦး မှာပါ”ဟု လူမှုရေးလုပ် ငန်းများလုပ်ကိုင်ဆောင်ရွက်နေသည့် ဒေါက်တာသန်းအေးကပြောသည်။

လက်ရှိအခြေအနေ ၌ ပြည်တွင်းမှ HIVဝေဒနာရှင် များအတွက် ဆေးဝါးထောက်ပံ့မှုကို နိုင်ငံတော်ပိုင်းက တစ်နှစ်လျှင် ဝေဒနာရှင် တစ် ထောင်ကျော် အတွက် ထောက်ပံ့ ပေးပြီး ကျန်သည့်ဝေဒနာရှင်များကို မူပြည်တွင်း/ပြည်ပမှ အစိုးရမဟုတ်သည့်အဖွဲ့အစည်းများက ကူညီလှူ ဒါန်းထောက်ပံ့ပေးကြကြောင်း HIV/AIDS ဝေဒနာရှင်များကို ကုသပေးနေသည့် ဝေဘာဂီဆေးရုံကြီး၏ အငြိမ်းစား ဆေးရုံ အုပ်ဟောင်း ဒေါက်တာအောင်လွင်ကပြောသည်။

စံကျော်၊ မိုးမြင့်မြတ် (ရန်ကုန်၊ ဇန်နဝါရီ ၂၈)

Popular - HIV ဝေဒနာရှင် ခုနစ်သောင်းကျော် ဆေးဝါကုသခွင့် မရသေး


HIV/AIDS ကြောင့် သေဆုံးမှုများ လျော့ကျလာ

HIV/AIDS ရောဂါ ဖြစ်ပွားမှုကြောင့် သေဆုံးသူ ဦးရေ ပြည်တွင်းမှာ လျော့ကျ လာတယ်လို့ စစ်တမ်း ကောက်ယူမှုတွေ အရ သိရပါတယ်။ ဒီလို စစ်တမ်းကောက်ယူကာ ဆောင်ရွက်မှုတွေကို ပြည်တွင်းမှာ ၁၉၉၂ ခုနှစ်က စတင်ကာ ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင် ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီလို ဆောင်ရွက်ရာမှာ HIV ဗိုင်းရပ်ပိုး ကူးစက်မှု လျော့နည်းစေဖို့နဲ့ အဆိုပါ ဗိုင်းရပ်ကြောင့် ဖြစ်ပေါ်လာတဲ့ AIDS ရောဂါ မဖြစ်ပွား စေဖို့ ကဏ္ဍတွေ ခွဲခြား လုပ်ဆောင်ခဲ့ ကြတာ ဖြစ်ပါတယ်။

အဲ့ဒီ အတွက် ၁၉၉၂ ခုနှစ်ရဲ့ မှတ်တမ်းတွေအရ နှစ်စဉ်ရောဂါ ဖြစ်ပွားမှုတွေ လျော့ကျလျက် ရှိလာပြီး ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်မှာတော့ ယခင် ကာလတွေနဲ့ နှိုင်းယှဉ်တဲ့အခါ ဖြစ်ပွားမှု နှုန်းတွေ သိသိသာသာ ကျဆင်းလာ ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ရောဂါကြောင့် ဖြစ်ပွားမှုတွေ ကျဆင်းလာခဲ့ မှုသာမက အခုနောက်ပိုင်း နှစ်တွေ မှာတော့ အဆိုပါ ရောဂါကြောင့် သေဆုံးသူ ဦးရေတွေပါ လျော့နည်း လာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို လျော့ကျ လာမှုတွေဟာ အဖွဲ့အစည်း အသီးသီး ကနေ ရောဂါဖြစ်ပွားမှု များပြားရာ နေရာအလိုက် ပညာပေးမှုတွေ၊ နှစ်သိမ့် ဆွေးနွေးမှု တွေနဲ့ ကာကွယ် စောင့်ရှောက်မှု တွေကို ထိထိရောက်ရောက်ဆောင် ရွက်ပေး နိုင်မှုတွေကြောင့် ဖြစ်ပါတယ်။ အဲ့ဒီလို ဆောင်ရွက်မှုတွေကို တိုင်းဒေသကြီး ပြည်နယ် အလိုက် ရောဂါဖြစ်ပွား နိုင်ချေ၊ ကူးစက်မှု ဖြစ်နိုင်ချေရှိတဲ့ ဒေသတွေကို ဦးစားပေး ဆောင်ရွက် ခဲ့တာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

MRTV-4 - HIV/AIDS ကြောင့် သေဆုံးမှုများ လျော့ကျလာ 

No comments: