Monday, May 21, 2012

Gmail Inbox


USB Flash Drive နဲ့ ကွန်ပျူတာကိုသော့ခတ်မယ်
တကယ်လို့ သင်ဟာ ကွန်ပျူတာကို Password ရိုက်ပြီး Login ၀င်ရမှာပျင်းရင်၊ password တွေမေ့တတ်ရင်၊ ဒါမှမဟုတ် သူများက ကိုယ့် Password ကို hacked လုပ်မှာစိုးရင် ပိုပြီးလုံခြုံတဲ့နည်းနဲ့ သင့်ရဲ့ကွန်ပျူတာကို Locked လုပ်ထားလို့ရပါတယ်။ လိုအပ်တာ ကတော့ USB Stick တစ်ခုတည်းပါ။ စစချင်း Run ထဲမှာ Syskey လို့ရိုက်လိုက်ပါ။ Box (Securing the Window XP Account Database) တစ်ခုကျလာပါလိမ့်မယ်။ အဲဒီမှာ Encryption ကို Enabled ဖြစ်နေအောင် ထားပေးပြီး Update ကိုနှိပ်ပါ။ Store Startup Key on Floppy Disk ကိုရွေးပါ။ 

ပြီးရင် My Computer > Right Click > Manage>Disk Management ထဲမှာသင့်ရဲ့ Stickကို Righclick>Change Drive Letter and Path> Change မှာ A: လို့ပြောင်းပေးရလိုက်ဖို့လိုပါတယ်။ Confirm လာမေးရင် Yes ကိုနှိပ်၊ ဒါဆိုရင် သင့် Stickဟာ Driver Letter ပြောင်းသွားပါပြီ။ ပြီးရင် ခုနက Store Startup Key on Floppy Disk မှာ OK နှိပ်ပေးပါ။ Box သုံးခုကျလာလိမ့်မယ်။ OK ချည်းပဲနှိပ် လိုက်ပါ။ ပြီးရင် ကွန်ပျူတာကို Restart ချလိုက်ပါ။ Box တစ်ခုကျလာပါလိမ့်မယ်။ Insert & Key ဆိုပြီးတော့ စာသားတွေပါဝင်ပါတယ်။ Stick မရှိရင် Windows ထဲဝင်မရတော့တဲ့သဘောပါ။ အတော်လေးအသုံးတည့်ပြီး အထာကျပါတယ်။ အထူးသတိထားရမှာက အဲဒီထဲက StartKey.Key ဆိုတဲ့ File ကိုမဖျက်မိစေဖို့ပါပဲ။

Microsoft Word က Data တွေကို JPEG ဓာတ်ပုံအနေနဲ့သိမ်းမယ်
Micrsoft  Word 2007 နဲ့ရေးထားတဲ့စာကို ဓာတ်ပုံပုံစံ လုပ်ထားချင်တယ်၊ ဓာတ်ပုံဖိုင် JPEG နဲ့ Save ထားချင်တယ်၊ ဘာမှ Software မလိုဘဲ Windows မှာပါတဲ့ Paint နဲ့ပဲအသုံးပြုလို့ရတဲ့ နည်းလမ်းကို ရှင်းပြလိုက်ပါတယ်။ အရင်ဆုံးပြောင်းချင်တဲ့ စာမျက်နှာကိုဖွင့်ပါ။ ထိပ်ဆုံးမှာ Cursor ချပြီး အားလုံး Select ဖြစ်အောင်လုပ်ပါတယ်။ (ပုံတွေကိုပါ လုပ်ရမှာပါ။ Select ဖြစ်သွားရင် Invert Color ဖြစ်သွားပါ တယ်။) Select လုပ်ပြီး Right Click လုပ်ပြီးနောက် Copy ကိုနှိပ်ပါတယ်။ Run မှာ mspaint လို့ရေးပြီး Paint ကိုဖွင့်ပါတယ်။( mspaint ဒါမှမဟုတ် pbrush လို့လည်းရေးနိုင်ပါတယ်။ All Programs ထဲက Accessories ထဲမှာလည်း Paint ဆိုပြီးရှိပါတယ်။)

Paint ရဲ့ Edit Paste ကိုနှိပ်ပေးလိုက်ပါ။ (Crtl+V ကိုနှိပ်ရုံနဲ့လည်း ရပါတယ်။) ခုနက ကူးလိုက်တဲ့ ပုံစံအတိုင်း ပေါ်လာမှာပါ။ Save as ကိုနှိပ်ပြီး JPEG ဖိုင်အမျိုးအစားကိုရွေး save ပေးလိုက်ရုံပါပဲ။

စိတ်ကြိုက်အသံအသုံးပြုပြီး ကွန်ပျူတာပိတ်မယ်
ကွန်ပျူတာ Windows ကို Shut Down လုပ်လိုက်ရင် Speaker ကနေ 'ကောင်းသောညပါ' ဆိုပြီး မိမိနှစ်သက်ရာအသံထွက်လာအောင် ဖန်တီးထားလို့ရပါတယ်။ ဒီလိုကွန်ပျူတာ Windows တက်လာတိုင်း Shut Down လုပ်တိုင်း ကိုယ့်စိတ်ကြိုက် အသံထွက်စေချင်တယ် ဆိုရင် Microphone ကို ကွန်ပျူတာ Sound Card ရဲ့ Mic အပေါက်မှာတပ်၊ ပြီးတော့ Start>Program>Accessories> Entertainment> Sound Record လုပ်ထားပါ။ ပြီးရင် ကိုယ်ကြိုက်တဲ့ အသံစဖန်တီးပါ။ ကိုယ့်အသံဖြစ်ဖြစ်၊ အိမ်က သားသား၊မီးမီး၊ တူ တူမလေးတွေအသံဖြစ်ဖြစ်ပေါ့။ စိတ်ကြိုက်ပြောင်းပြီးရင် ဖိုင်ကို သိမ်းထားလိုက်ပါ။ ပြီးရင် Control Panel>> Sound and Audio Device မှာ Exit Windows ဆိုတာကိုတွေ့ပါမယ်။ အောက်က Sound မှာ အသံကိုရွေးဖို့ Browse ကိုရွေးလိုက်ပါ။ ခုနက သိမ်းထားတဲ့ အသံဖိုင်ကိုပြန်ခေါ်၊ OK နှိပ်လိုက်ပါ။ ဒါဆိုရင် ကွန်ပျူတာဖွင့်တိုင်း၊ပိတ်တိုင်း မိမိစိတ်ကြိုက်အသံနဲ့ နှုတ်ဆက်တာကိုကြားရပါလိမ့်မယ်။

ဖိုင်တွေလုံခြုံစေဖို့ ရုပ်ဖျက်ပြီးသိမ်းထားမယ်
ဆော့ဖ်ဝဲအသုံးပြုထားတဲ့ဖိုင်မှန်သမျှဟာ အဲဒီဆော့ဖ်ဝဲရဲ့ Extension နဲ့အဆုံးသတ်ပါတယ်။ ဥပမာ - Ebook စာအုပ်တွေဆိုရင် (.pdf)၊ စာစီစာရိုက်ဆော့ဖ်ဝဲ(Pagemaker)ဆိုရင် (.pmd)၊ Photoshopဆိုရင် (.psd),(.jpg)စတဲ့အဆုံးသတ် Extension တွေပါဝင်ပါတယ်။ အဲဒီExtension တွေကို ဖော်ပြထားလို့ရသလို ဖျောက်ထားလို့လည်းရပါတယ်။
-       ပထမဆုံး My Computer ကိုကလစ်နှိပ်ပြီး အထဲဝင်ပါ။
-       Folder Options ကိုသွားပါ။( Tools အောက်မှာရှိပါတယ်။)
-       အဲဒီထဲက File Type ကိုကလစ်နှိပ်ပါ။ (အဲဒီအခါမှာ ဖိုင်ရဲ့ extension တွေတစ်ခုချင်းစီအလိုက်ပေါ်လာပါလိမ့်မယ်။)
-       အခုဖုံးကွယ်ထားမယ့်ဖိုင်တစ်ခုကို Extension ပြောင်းပေးပါ။ ဥပမာ ကိုယ်က .pmd နဲ့စာရိုက်ထားတဲ့ Page တစ်ခုကို ဖျောက်ထားချင်ရင် အဲဒီ .pmd နေရာမှာ .pdf စသဖြင့်ပြောင်းလဲပေးလိုက်ပါ။
-       ပြီးရင် Extension ဖော်ထုတ်ထားတာကို ပြန်ပြီးဖျောက်ပစ်လိုက်ပါ။
-       အဲဒီအခါမှာ ကိုယ့်ဖိုင်ဟာ ကိုယ်တောင်မှ မမှတ်မိနိုင်တဲ့ ဖိုင်အမျိုးအစားတစ်ခုအနေနဲ့ပြောင်းလဲသွားပါလိမ့်မယ်။

No comments: