Monday, February 4, 2019

ZMA အကြောင်းသိကောင်းစရာ


+++++++++++++++++++++
ZMA ဆိုတာကတော့ zinc,magnesium နဲ့  Vitamin B6 သုံးခုပေါင်းထားတဲ့ဖြည့်စွက်ဗီတာမင်တစ်မျိုးဖြစ်ပါတယ်။ သူကလည်းတားမြစ်ဆေး(Steriods)များလိုတောင်အစွမ်းထက်တယ်လို့ ဆိုကြပါတယ်။ ခန္ဓာကိုယ်မှာသဘာဝအတိုင်းထုတ်လုပ်တဲ့ကျားဟော်မုန်း(Testrosterone) ပမာဏကို ၃၀% လောက်ထိမြှင့်တင်ပေးပါတယ်။
ကျာ်းဟော်မုန်းဟာအင်မတန်မှအရေးပါပါတယ်။ သူ့ ကို Testrosterone လို့ ခေါ်ပါတယ်။ ကျွန်တော်တို့ ခန္ဓာကိုယ်မှရှိတဲ့အမွှေးအမျှင်တွေသန်စွမ်းမှု၊ ကြွက်သားကြီးထွားမှု၊ အသံသြောခြင်း၊ အသားအရေလှခြင်း၊စိတ်ပိုင်းဆိုင်ရာအခြေအနေ၊မိမိကိုယ်ကိုယုံကြည်မှုရှိခြင်းစတဲ့ ယောက်က်ျားစွမ်းဆောင်ရည်အားလုံးကို Testrosterone ကထိန်းချုပ်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒီZMA ကိုချံပီယံတစ်ချို့ သောက်ကြပါတယ်။ Supplement ရောင်တဲ့ဆိုင်တွေကတော့တင်တောင်မတင်သေးပါဘူး။ ဒီကောင်လေးက ဈေးလည်းပေါတယ်။ ဗီတာမင်လေးသုံးမျိုးပဲဆိုတော့ side effect လည်းမရှိပါဘူး။ဒီတော့ ဒီZMA ဆိုတာဘာလည်းဆိုတာကိုလေ့လာကြည့်ကြပါစို့ ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zinc (ဇင့်)
ဇင့်ဓာတ်ဟာခန္ဓာကိုယ်မှာအရေးကြီးတဲ့ဇီဝဖြစ်စဉ်အားလုံးမှာပါဝင်ပါတယ်။ ဇင့်နဲ့  မက်ဂ္ဂနီစီယမ်ချွေးထွက်များတဲ့ရာသီဥတုနဲ့ အစားအစာထဲကလုံလောက်စွာမရရင်ချို့တဲ့နိုင်ပါတယ်။ ခန္ဓာကိုယ်ကချွေးထွက်တိုင်းမှာလည်းဇင့်ဓာတ်တွေဆုံးရှုံးစေပါတယ်။
ဇင့်ဓာတ်ချို့ တဲ့ရင် ကိုယ်ခံစွမ်းအားနဲ့ အားကစားစွမ်းဆောင်ရည်ကိုများစွာကျဆင်းစေပါတယ်။ဇင့်ဓာတ်ချို့တဲ့ပါကဆံပင်ကျွတ်ခြင်း၊ သန္ဓေမအောင်နိုင်ခြင်း၊ မြုံခြင်း၊ အရေပြားတင်းရင်းမှုလျော့နည်းခြင်း၊ အာရုံကြောအားနည်းခြင်းနဲ့ စိတ်ကျခြင်းတို့ ကိုဖြစ်စေနိုင်ပါတယ်။
ဇင့်ဓာတ်ဟာကျာ်းဟော်မုန်းထုတ်လုပ်မှုကိုများစွာတက်စေပါတယ်။ ဇင့်ဓာတ်ပေါများတဲ့အသီးအနှံတွေကတော့ တရုတ်ဆီးသီး၊ မက်မွန်သီး၊ ငှက်ပျောသီး၊ ထောပတ်သီး၊ ဘယ်ရီသီးနဲ့ စတော်ဘယ်ရီသီးများမှာများစွာပါဝင်ပါတယ်။ ဒီမှာတော့ ဈေးသက်သာပြီးဝယ်ရလွယ်ကူတဲ့ငှက်ပျောသီးကိုပဲအဓိကထားပြီးစားကြပါတယ်။ငှက်ပျောသီးမှာဇင့်ဓာတ်ပေါကြွယ်ဝစွာပါဝင်ပါတယ်။
ရှေးခေတ်လူကြီးသူမတွေကတော့မြန်မာအမျိုးသမီးများကို ထောပတ်သီးတို့ မက်မွန်သီးတွေပေါ်ချိန်ဆို အသီးစိုက်ခင်းတွေအနား မသွားအောင်ကိုဆုံးမကြပါတယ်။ ဒီလောက်ဆိုဇင့်ဓာတ်ရဲ့အသုံးဝင်ပုံကိုသိပြီထင်ပါတယ်။
ဇင့်ဓာတ်ကို ပရိုတိန်းဖွဲ့ စည်းတဲ့အချိန်မှာလည်းအသုံးပြုပါတယ်။ ဆဲလ်တွေကြီးထွာတဲ့နေရာမှာလည်းအရေးပါပါတယ်။ ဇင့်ဓာတ်ချို့တဲ့ရင်တော့ကျာ်းဟော်မုန်းထုတ်လုပ်မှုကိုပါကျဆင်းစေပါတယ်။ တစ်ကိုယ်ရေအာသာဖြေတဲ့နေရာမှာဇင့်ဓာတ်ကိုများစွာဆုံးရှုံးစေပါတယ်။ ဒါကြောင့်အားကစားသမားများမှာဇင့်ကိုသောက်သုံးပေးဖို့ အထူးလိုအပ်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Magnesium(မက်ဂ္ဂနီစီယမ်)
မက်ဂ္ဂနီစီယမ်ဟာခန္ဓာကိုယ်မှာရှိတဲ့ ဇီဝဖြစ်စဉ်၃၀၀လောက်မှာအရေးပါပါတယ်။ အရိုးအဆစ်များကိုကြီးထွားစေတယ်။ ကိုယ်ခံအားကိုကောင်းမွန်စေပါတယ်။ အာရုံကြောနဲ့ စိတ်ပိုင်းဆိုင်ရာခံစားမှုများကိုလည်းကောင်းမွန်စေပါတယ်။ ကြွက်သားတွေ Contract လုပ်တဲ့နေရာမှာလည်းအရေးကြီးပါတယ်။
အင်နာဂျီထုတ်လုပ်တဲ့နေရာမှာလည်းအရေးပါပါတယ်။ ညအချိန်မှာ Growth hormones ထွက်စေတဲ့ပမာဏကိုလည်းမြှင့်တင်ပေးပါတယ်။ ကျောက်ကပ်စွမ်းဆောင်ရည်ကိုလည်းကောင်းမွန်စေပါတယ်။
မက်ဂ္ဂနီစီယမ်ဓာတ်ချို့တဲ့ရင် insomnia လို့ ခေါ်တဲ့အိပ်ချိန်မမှန်ခြင်းကိုဖြစ်ပေါ်စေနိုင်ပါတယ်။ သွေးပေါင်ချိန်တက်မယ်။အင်ဆူလင်တုံပြန်မှုအားကိုလျော့ကျစေမှာဖြစ်ပါတယ်။ အယ်မွန်သီး၊ အစေ့အစံများ၊ သီဟိုဠ်စေ့များနဲ့ ပဲအမျိုးမျိုးတို့ မှာ မက်ဂ္ဂနီစီယမ်ဓာတ်များစွာပါဝင်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Vitamin B6 (Pyridoxal phosphate) ဗီတာမင်ဘီ ၆
Vitamin B6 ဆိုတာအင်ဇိုင်းတစ်မျိုးပါပဲ။ သူမရှိရင်ပရိုတိန်းဘယ်လောက်စားစားခန္ဓာကိုယ်က အင်နာဂျီမရနိုင်ပါဘူး။ပရိုတိန်းဖွဲ့ စည်းဖို့ နဲ့ အင်နာဂျီထုတ်ယူဖို့ Coenzymes တစ်ခုအနေနဲ့ လုပ်ဆောင်ပါတယ်။ B6 ဟာ Folic acid နဲ့  B12 ပေါင်းပြီးတော့ကြွက်သားတွေထဲကိုအမိုင်နိုအက်စစ်တွေဆွဲသွင်းပါတယ်။
ကြွက်သားကြီးထွားဖို့ အရေးပါတဲ့ဗီတာမင်တစ်ခုဖြစ်ပါတယ်။ သွေးနီဥပမာဏကိုလည်းတိုးပွားစေပါတယ်။ အာရုံကြောများနဲ့  အလေးမတဲ့အချိန်မှာ Concentration ကောင်းဖို့ လည်းကူညီပါတယ်။ Preworkout supplement များမှာတော့ B-Complex တွေပါဝင်ပါတယ်။ ဗီတာမင် ဘီအုပ်စုများဟာ Preworkout အတွက်လည်းအလွန်အရေးပါကြပါတယ်။
ဗီတာမင်ဘီ၆ကိုအသားနဲ့ ငါးအမျိုးမျိုး၊ ကြက်သား၊အမဲသား၊ ငှက်ပျောသီး၊ ထောပတ်သီး၊ ဟင်းနုနယ်၊ နေကြာဆီနဲ့ အစေ့အဆန်များမှာကောင်းစွာပါဝင်နေပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ZMA ဘယ်လိုအလုပ်လုပ်သလည်း
ဒီဗီတာမင်တစ်ခုစီဟာမတူညီတဲ့လုပ်ငန်းဆောင်တာများလုပ်ဆောင်ပါတယ်။ အားလုံးပေါင်းလိုက်တဲ့အချိန်မှာတော့ ခန္ဓာကိုယ်မှာရှိတဲ့ဟော်မုန်း ပမာဏများ၊ ကိုယ်ခံစွမ်းအား၊ Energy level နဲ့  recovery rate ကိုများစွာတက်စေပါတယ်။
ZMA ကို testrosterone booster လို့ လည်းအချို့ကခေါ်ကြပါတယ်။ နိုင်ငံတစ်ကာမှာတော့ GYM စဆော့ပြီဆိုတာထက် ပရိုတိန်းထက် ဗီတာမင်များမှီဝဲရန်ညွှန်းကြပါတယ်။ ဒီမှာလည်း ZMA ကိုသောက်တဲ့သူအနည်းငယ်ရှိပါတယ်။ ချံပီယံများလည်းတချို့သောက်ကြပါတယ်။
အမေရိကန် NCAA ကလုပ်တဲ့လေ့လာမှုမှာတော့ ဘောလုံးကစားသမားများကို ညမအိပ်ခင် ၈ပတ်တိုက်ကျွေးတဲ့အချိန်မှာတော့ ZMA သောက်သောသူများမှာ ကျာ်းဟော်မုန်းပမာဏကို ၃၀%ထိမြင့်တက်နေတာတွေ့ ရပါတယ်။ အလေးမတဲ့သူများအဖို့ ဒီထက်တောင်တက်နိုင်ပါတယ်။ Muscle strength ကိုတော့ ZMA မသောက်တဲ့သူများထက်၂.၅ဆတောင်တက်စေတာတွေ့ ရပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကြွက်သားတွေပျက်စီးခြင်းကိုလည်းလျော့ချပေးပါတယ်
ခန္ဓာကိုယ်မှာအားကစားလုပ်အလေးမတဲ့အခါတိုင်းကြွက်သားတွေကိုယ်တိုင်ဟာသူတို့ ကိုယ်တိုင်အင်နာဂျီထုတ်လုပ်ဖို့ ဖြိုခွဲရပါတယ်။ ခန္ဓာကိုယ်မှာအမိုင်နိုအက်စစ်နဲ့  ဂလူးဂိုစ်လုံလုံလောက်လောက်မရပဲအလေးမတဲ့အခါမှာကြွက်သားမျှင်တွေကိုပိုပျက်စီးစေပါတယ်။ ခန္ဓာကိုယ်မှာဖြစ်တာနဲ့ ပျက်တာဟာအချိန်တိုင်းဓွန့် တွဲနေပါတယ်။ ZMA ဟာကြွက်သားမျှင်တွေပျက်စီးခြင်းကိုလည်းအထိုက်အလျောက်ကာကွယ်ပေးပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကိုယ်ခံစွမ်းအားကိုလည်းကောင်းမွန်စေပါတယ်
ZMA ဟာကိုယ်ခံစွမ်းအားကိုအကောင်းဆုံမြှင့်တင်ပေးပါတယ်။ GYM ဆော့တဲ့သူများအနေနဲ့  Training များလွန်းတဲ့အခါမှာဖြစ်တဲ့အိပ်ချိန်မမှန်ခြင်းကိုကာကွယ်ပေးပါတယ်။ တချို့ကစောပြီးအိပ်ကြတယ်။တချို့ ကနောက်ကျမှအိပ်ပျော်တတ်ကြတာတွေဖြစ်ကြတယ်။ ဒါတွေကိုကာကွယ်ပေးပါတယ်။
ညအချိန်၁၂ နာရီကျော်တဲ့အခါမှာ HGH ခေါ်ကြီးထွားဟော်မုန်းကိုများစွာထုတ်လုပ်ပါတယ်။ ဒီလိုအိပ်ချိန်မမှန်ခြင်းဖြင့်ခနာကိုယ်က ကြီးထွားဟော်မုန်းထုတ်လုပ်ခြင်းကိုကမောက်ကမဖြစ်စေပါတယ်။
ကျွန်တော်တို့ ညအိပ်စက်တဲ့အခါမှာ REM နဲ့  nREM ဆိုပြီးတော့နှစ်ပိုင်းရှိပါတယ်။ ဒီတစ်ခုစီဟာ ၄၅မိနစ်ခန့် ကြာပါတယ်။ နှစ်ခုပေါင်းရင်တစ်နာရီခွဲမှတစ်ပတ်လည်ပါတယ်။ ဒါကို အိပ်ချိန် Cycle တစ်ပတ်ပြည့်တယ်လို့ ခေါ်ပါတယ်။ ဒီလိုတစ်ပတ်ပြည့်မှဦးနောက်ကိုအနားပေးရာရောက်ပါတယ်။
ညအချိန်မှာလည်း HGH ကောင်းစွာထွက်ဖို့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့ အလွန်အရေးပါပါတယ်။ ZMA မှာပါတဲ့ မက်ဂ္ဂနီစီယမ်ဓာတ်ကအိပ်ချိန်မှန်ဖို့ ကောင်းကောင်းကြီးအကူအညီပေးပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အဆီပမာဏကိုလည်းကျဆင်းစေပါတယ်
ZMA ဟာခန္ဓာကိုယ်မှာရှိတဲ့သိုင်းရွိုက်ဟော်မုန်းပမာဏကိုလည်းမြင့်တက်စေပါတယ်။ လေ့လာမှုတစ်ခုမှာ ဇင့်ဓာတ်ကိုလေးပတ်လောက်ပေးလိုက်တဲ့အချိန်မှာတော့ ကျာ်းဟော်မုန်းကော၊သိုင်းရွိက်ဟော်မုန်းပမာဏရောမြင့်တက်စေတာကိုတွေ့ ရပါတယ်။
သိုင်းရွိုက်ဟော်မုန်းဟာ ခန္ဓာကိုယ်မှာရှိတဲ့ဇီဝဖြစ်စဉ်အားလုံးကိုထိန်းချုပ်ပါတယ်။ ဇီဝဖြစ်ပျက်မှုမြန်လေလေ အဆီပမာဏနည်းလေလေဖြစ်ပါတယ်။ ညဏ်ရည်ဖွံဖြိုးမှုကိုလည်းအားကောင်းစေပါတယ်။ အမြဲတမ်းလန်းဆန်းနေဖို့ ကိုလည်းကူညီပေးပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ZMA အသုံးပြုခြင်းဧ။်ဆိုးကျိုးများ
ZMA ဟာဗီတာမင်လေးသုံးမျိုးပေါင်းထားတဲ့အားဆေးလေးတစ်မျိုးပါပဲ။ ဆိုးကျိုးကတော့လုံးဝကိုမရှိပါဘူး။ ကျွန်တော်တို့ ကတော့စာရေးသူဆိုတော့ ဆိုးကျိုးတွေထည့်မရေးလို့ မရပါဘူး။ ဆောင်ရန်ရှောင်ရန်တစ်ချို့ပဲရှိပါတယ်။
ZMA ကိုညအိပ်ခါနည်း နာရီဝက်နဲ့ လေးဆယ့်ငါးမိနစ်အလိုမှာသောက်တာကအကောင်းဆုံးဖြစ်ပါတယ်။ ဒီအချိန်မှာအစာအိမ်ထဲမှာအစာမရှိတော့စုပ်ယူမှုပိုအားကောင်းစေပါတယ်။ ညအချိန်မှာလည်းနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါတယ်။
ဇင့်ဟာ ခန္ဓာကိုယ်က ကယ်လစီယမ်ဓာတ်စုပ်ယူခြင်းကိုလျော့ကျစေပါတယ်။ ဒါကြောင့်အစားအစာများ၊ နွားနို့ ချိန်ခဲ၊ ထောပတ်စတဲ့အစားအစာတွေနဲ့ တွဲမသောက်သင့်ပါဘူး။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မဂ္ဂနီစီယမ်ဓာတ် ၃၅၀mg ထက်ကျော်ပြီးသောက်သုံးရင်တော့ဝမ်းပျက်ဝမ်းလျောဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့်အစာနဲ့ ဝေးဝေးသောက်သင့်ပါတယ်။ နှလုံးရောဂါတို့ အရိုးပွရောဂါရှိတဲ့သူများကတော့ဆရာဝန်နဲ့ တိုင်ပင်ပြီးမှာသောက်သင့်ပါတယ်။ ဗီတာမင် ဘီ၆ ကိုတော့တစ်နေ့ ကို၁၀၀mg ထက်မကျော်လွန်သင့်ပါဘူး။
ဇင့်ဓာတ်ကိုတော့၆၀mg လောက်ပဲသောက်သုံးသင့်ပါတယ်။ဒီထက်ကျော်သွားရင် ကော့်ပါးဓာတ်ချို့တဲ့ခြင်းဖြစ်စေနိုင်ပါတယ်။ ဒီပမာဏလောက်ကဆေးငါးလုံးဆယ်လုံးပမာဏလောက်ရှိပါတယ်။ တစ်လုံးနှစ်လုံးသောက်ရုံနဲ့ တော့ပြသနာမရှိနိုင်ပါဘူး။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ZMA ကိုနိုင်ငံတကာမှာတော့ Bodybuilder တိုင်းလိုလိုသောက်ကြပါတယ်။ အားကစားသမားတစ်ယောက်ဆိုရင်တော့ဒီလိုအားဆေးတွေလောက်တော့မှီဝဲသင့်ပါတယ်။ Bodybuilding မှာအဓိကကတော့ဖြည့်စွက်အာဟာရတွေကတော့မပါမနေပါပဲ။
နိုင်ငံတစ်ကာမှာရောမြန်မာပြည်မှာရော Bodybuilders အများစုက ဒီလို Supplement တွေမသောက်ဘူးဆိုပြီးပဲပြောကြတယ်။ GYM မှာနိုင်ငံခြားက Bodybuilder တစ်ယောက်တွေ့ ဘူးတယ်။ supplement ဆိုတာတွေမကောင်းဘူး၊ ငါတို့ ကသဘာဝအစားအစာတွေကိုပဲအားကိုးတယ်တဲ့။ ပြီးလည်းပြီးရော GYM လည်းဆော့ပြီးရော ပရိုတိန်းဗူးကြီးမော့သောက်သွားတာ။ ဒီလိုလည်းတွေ့ ဘူးလို့ ပါ။ အားဆေးလောက်ကတော့ခုခေတ်မှာဘယ် ချံပီယံမှမကင်းနိုင်ကြပါဘူး။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တကယ်တော့ကျွန်တော်တို့ ဒီ Supplement တွေက Chemical တွေမဟုတ်ပါဘူး။ ဥပမာ ပရိုတိန်းမှုန့် များဆိုရင် နွားနို့ ကနေစစ်ထုတ်ထားတာပါ။ ဒီလိုအားဆေးတွေကစ တတ်နိုင်သမျှသဘာဝကရတဲ့ပဲ၊ပြောင်းဖူး၊ အစေ့အဆန်များနဲ့ အသီးအနှံစတာတွေကနေထုတ်လုပ်ထားတာပါ၁၀၀% သဘာဝအတိုင်းတော့လည်းမဟုတ်ပါဘူး။
အလှပြင်ပစ္စည်းတွေကအစသဘာဝကရတဲ့အပင်တွေသစ်ဥသစ်ဖုတွေကရတဲ့ပစ္စည်းတွေနဲ့ လုပ်ထားတာတွေကဈေးပိုများပါတယ်။ငါးကြီးဆီဆိုရင် ဆော်လမွန်ငါးတို့ ကနေအများစုထုတ်လုပ်ပါတယ်။ ဒါကြောင့် Bodybuilding မှာသုံးတဲ့ supplement တွေဈေးမတရားကြီးပါတယ်။
ZMA ဆိုလည်းဆေးဆိုင်မှာဇင့် မဂ္ဂနီစီယမ် နဲ့ ဗီတာမင်ဘီ၆ ပေးပါဆိုပြီးစပ်သောက်လို့ ရပါတယ်။သုံးမျိုးပေါင်းမှတစ်ထောင်လောက်ဆိုသောက်ပေတော့ပဲ။ ဒါပေမယ့်ဒီဆေးဆိုင်မှာရောင်တဲ့ဟာတွေက Chemical တွေများပါတယ်။ ဓာတ်ခွဲခန်းမှာထုတ်လုပ်ထားတာတွေများပါတယ်။
ဒါကြောင့်Bodybuilding အတွက်ထုတ်ထားတဲ့supplement တွေကသဘာဝကနေရနိုင်သလောက်အသားငါးစတာတွေကထုတ်လုပ်ထားတဲ့အတွက်ဆိုးကျိုးတွေထွေထွေထူးထူးမရှိကြပါဘူး။ Supplement တွေဝယ်ရင်လည်းယုံကြည်စိတ်ချရတဲ့သူ၊ အကောင်းဆုံးတံဆိပ်များကိုရွေးဝယ်စေချင်ပါတယ်။
Bodybuilding ဆိုတာသိတဲ့အတိုင်းပဲငွေသုံးနိုင်တဲ့သူရယ်။ ပရိုတိန်းသောက်နိုင်တဲ့သူ၊ supplement ကောင်းကောင်းသုံးနိုင်တဲ့သူကခြေတစ်လှမ်းလောက်သာကြတာပါပဲ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒီလိုsupplement တွေအကြောင်းရေးတော့ကိုအောင်ကိုမင်းတော့ဆဲတာတွေတော့ခံရတာပေါ့။ အများစုကလက်လှမ်းမှီသလောက်ပဲလက်တို့ ပြီးသုံးကြတာလေ။ ကျွန်တော်ကခုမှထရေးတော့လည်းနည်းနည်းတော့ပြောခံရတာပေါ့။ နောက်လည်း Lipo6,CLA,BCAA,Insulin,HGH သုံးတာတွေတင်ပေးပါဦးမယ်။
ဒီZMA ကလည်းတားမြစ်ဆေးလောက်နီးနီးအစွမ်းထက်ပါတယ်။WADA တို့ NCAA တို့ကလည်းဘန်းမထားပါဘူး။ ဗီတာမင်သုံးမျိုးပေါင်းလေးပဲဆိုတော့side effect လည်းမရှိပါဘူး။ဒါကြောင့်ဒီZMA လေးသုံးဖို့ တိုက်တွန်းချင်ပါတယ်။ အားလုံးပဲကျန်းမာကြပါစေဗျာ။


အောင်ကိုမင်း(ဆေးတက္ကသိုလ်)

No comments: