Tuesday, February 12, 2019

Redmi Note 7 Camera Review



48 MP, f/1.8 Camera ဟာ Redmi Note 7 ပေါ် Fan တွေရဲ့စိတ်ဝင်စားမှုကို မြင့်တက်စေခဲ့တဲ့ Main Selling Point ဆိုရင်လဲ မမှားပါဘူး။ Real Life Camera Performance ကို ခဏမေ့ထား၊ P2P Mid-range ဖုန်းတစ်လုံးမှာ ခုလို Camera Spec ကို ထည့်ပေးနိုင်တယ်ဆိုတာကိုက Xiaomi ကနေခွဲထွက်လာတဲ့ Redmi အတွက် အတော်ကောင်းတဲ့ First Impression ပါပဲ။ ဆိုတော့ကာ လက်တွေ့ဘဝမှာရော မျှော်မှန်းထားသလောက် ကောင်းမွန်အသုံးတည့်ရဲ့လားဆိုတာကို ဒီ Camera Review မှာ အသေးစိတ်ရှင်းပြသွားပါ့မယ်။
(အောက်က ပုံတစ်ပုံချင်းစီမှာလည်း Caption တွေ တပ်ပေးထားပါတယ်)

လက်ရှိအချိန်မှာတော့ Redmi Note 7 64/6 GB ကို မြန်မာငွေ ၃သိန်း၇သောင်း၅ထောင် ကျပ်ကျသင့်ပြီး Blue & Black အရောင်နှစ်မျိုးရပါလိမ့်မယ်။ Review Unit တွေထောက်ပံ့ပေးတဲ့ Mobile Image ကိုလည်း အထူးကျေးဇူးတင်ပါတယ်။ အသေးစိတ်သိချင်ရင်တော့ ကိုယ်တိုင်စုံစမ်းမေးမြန်းကြပါလေ။

- Things u need to know (Revision)

2019 မှာ Smartphone Camera နဲ့ပတ်သက်ပြီး စိတ်ဝင်စား၊ လေ့လာနေသူတွေအတွက်
-Pixel Binning
Camera Sensor ပေါ်က Pixel ၄ ခုကိုပေါင်းပြီး Pixel အကြီးတစ်ခုအဖြစ်သုံးတာ (48/4=12 MP)
-Image Stacking
တူညီတဲ့ Scene တစ်ခုကို အလင်း၊ အမှောင်အမျိုးမျိုးနဲ့ ပုံအများကြီးရိုက်ပြီး ပုံတစ်ပုံအပေါ်ထပ်တာ (Google HDR+, Night Mode)
-Upscaling
ပုံ ၄ ပုံကိုထပ်ပြီး ဓာတ်ပုံရဲ့ Resolution ကို မြှင့်တာ (12x4=48 MP)
ဆိုပြီး အဓိကသိထားသင့်တဲ့ အခေါ်အဝေါ် ၃ ခုရှိပါတယ်။
သူ့မှာပါတဲ့ 48 MP နဲ့ပတ်သက်ပြီး ရှင်းလင်းချက်ကိုတော့ Page မှာ Pin Post အနေနဲ့ တင်ထားပြီးမို့ အသေးစိတ်ထပ်မရှင်းတော့ပါ။ ကဲ.... Review စကြတာပေါ့။

- Camera Interface

အရင်က Redmi Device တွေမှာ ပါဝင်ဖို့ဆိုတာ စိတ်ကူးမယဉ်ရဲခဲ့တဲ့ Feature ၂ ခုကို Note 7 မှာ စပြီးမြင်တွေ့ခဲ့ရတယ်။ ပထမတစ်ခုက 2018 ရဲ့ Mi Flagship Device တွေမှာပဲထည့်ပေးခဲ့တဲ့ Night Mode Feature ပါ။ MIUI 10.2.8.0 Stable Update တင်ပြီးတဲ့သူတွေအနေနဲ့ Night Mode ကို စပြီးအသုံးပြုနိုင်မှာပါ။ ဒုတိယတစ်ခုကတော့ Shutter Speed ကို 32 sec အထိ Support လုပ်တဲ့ Manual Mode ပါ။ ဒီလို အပိုဆောင်း Feature တွေအပြင် 48 MP Mode ကိုလဲ Manual Mode ရဲ့ အပေါ်ဘားမှာ ထည့်သွင်းပေးထားပါတယ်။

- Day Light Quality

Redmi Note 7 Camera ရဲ့ Image Quality ကို Mid-range ဖုန်းတစ်လုံးထက် ပိုကောင်းတယ်လို့ သတ်မှတ်ချင်မိတယ်။ အားနည်းချက်အနေနဲ့ Dual PDAF ပါတဲ့ Camera တွေထက် Auto focus ပိုင်းမှာ နဲနဲနှေးပေမယ့် Day Time မှာတော့ Focus အောက်တာမျိုး မကြုံခဲ့ရ။ ပြီးတော့ သူ့ရဲ့ Dynamic Range က ပုံမှန်အနေအထားဆိုတာထက် မပို။ (ဒီအချက်ကလည်း HDR on ပြီးရိုက်ရင် အဆင်ပြေတယ်)

အပေါ်ကအချက်တွေကို ဖယ်လိုက်ရင် Note 7 နဲ့ရိုက်တဲ့ Photo တွေရဲ့ Detail နဲ့ Sharpness ပိုင်းကို အတော်ကျေနပ်အားရမိတယ်။ Color ပိုင်းမှာလည်း တစ်ခါတစ်လေ အနီ၊ စိမ်းပြာတို့လို အရောင်တွေမှာ Saturate နဲနဲဖြစ်တတ်တာကလွဲရင် Color မှန်တဲ့ဘက်ကိုသွားတယ်။ ဒီတော့ Meizu 16x, Mi 8 SE တို့လို Upper Mid-range ဖုန်းတွေနဲ့ယှဉ်ရင်တောင်  P2P ပိုင်းမှာ အတန်ကြီးတန်တယ်လို့ ဆိုချင်ပါတယ်။

- 48 MP Mode

Software Bug လား၊ SD 660 ရဲ့ Limitation ကြောင့်လားပဲ။ 48 MP Mode ကို ၆ခေါက်လောက်သုံးရင် ၂ခေါက်လောက်က Camera App Crash ဖြစ်သွားတာမျိုး ကြုံရတယ်။ ရိုက်တဲ့အခါမှာလည်း 2 sec လောက် လက်ငြိမ်ငြိမ်ထားရပြီး Processing Time နဲ့ဆိုရင် Total 3-4 sec လောက်ထိ ကြာပေမယ့် ရလာတဲ့ Result ကလည်း အားရစရာပါ။

48 MP Photo တွေဟာ 12 MP ထက် Zoom ပိုဆွဲတာခံနိုင်ပြီး Detail ပိုင်းမှာလည်း ပိုကောင်းတာတွေ့ရတယ်။ သတိထားမိတာက 48 MP မှာ Zoom ဆွဲရိုက်ရင်တောင် ထွက်လာတဲ့ Image က Crop ဖြစ်မသွားပဲ 48 MP အနေနဲ့ ထွက်လာတာပါ။ Size အနေနဲ့လည်း ဓာတ်ပုံတစ်ပုံကို 16 MB လောက်ထိ ရှိသွားနိုင်လို့ တော်ရုံဆိုရင် 12 MP Mode ကိုပဲသုံးတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

- Low Light Quality

Redmi Note 7 Camera အနေနဲ့ Low Light မှာလဲ တိုးတက်မှုတစ်ချို့ကို တွေ့မြင်ခဲ့ရတယ်။ Noise နဲတာ၊ Detail နဲ့ Color ပိုင်းကို ထိန်းထားနိုင်တာကသူ့ရဲ့အားသာချက်ပေါ့။ အလင်းစုတဲ့နေရာတွေမှာ အလင်းဖွာတာ၊ Dynamic Range ပိုင်းအနည်းငယ်အားနည်းတာ၊ အလင်းအားနည်းတဲ့အခါမျိုးမှာ Auto Focus မပြတ်ဖြစ်တတ်တာ စတဲ့ အားနည်းချက်တစ်ချို့ကိုတော့ ကြုံရနိုင်ပါတယ်။

- Night Mode

ပထမဆုံး Night Mode ပါတဲ့ Stable Update မို့လားပဲ။ သူ့ရဲ့ Image Quality ကို ထင်ထားသလောက် အားမရခဲ့။ Auto Mode မှာလို Light Burn ဖြစ်တာတွေ မရှိတော့သလို Detail ပိုင်းမှာလည်း ပိုကောင်းလာတာမှန်ပေမယ့် Noise ပိုများပြီး ဓာတ်ပုံရဲ့ တစ်ချို့မှောင်တဲ့အပိုင်းတွေမှာ ကြည့်ရပိုဆိုးတာမျိုး ဖြစ်သွားတတ်တယ်။

- AI

Redmi Note 7 Camera မှာ မသုံးဖြစ်ဆုံးအပိုင်းဆိုတာတော့ ဝန်ခံပါတယ်။ Color ပိုင်းမှာ Saturate ပိုဖြစ်တာကလွဲရင် ထူးခြားမှုမရှိဘူးခံစားရလို့ ပိတ်ထားဖြစ်တာများတယ်။ ဓာတ်ပုံဆို Color စိုမှကြိုက်သူတွေအတွက်တော့ အဆင်ပြေပါလိမ့်မယ်။ တိုးတက်ဖို့ လိုအပ်သေးတာဖြစ်နိုင်သလို Redmi Series မို့ အဖြစ်သဘောထည့်ထားလည်း ဖြစ်နိုင်ပါတယ်။ Xiaomi ဖုန်းတွေရဲ့ Camera ပိုင်းဟာ Software Update နဲ့အတူ ပိုပိုကောင်းလာတတ်တာမို့ Note 7 ရဲ့ Night Mode ကိုလည်း ဒီထက်ပိုပြီးတိုးတက်လာဖို့ မျှော်လင့်ပါတယ်။

- Google Camera with Night Sight

Note 7 မှာ အားအရဆုံးအချက်တစ်ခုဆိုရင်လည်း မမှားပါဘူး။ Xiaomi ဖုန်းအများစုမှာ Camera2api မပါတာကြောင့် 3rd Party Camera App တွေသုံးချင်ရင် Bootloader Unlock လုပ်ရလေ့ရှိပေမယ့် Note 7 မှာတော့ Camera2api တစ်ခါတည်းပါဝင်တာကြောင့် Google Camera ကို Apk Install လုပ်ရုံနဲ့ တန်းပြီးအသုံးပြုနိုင်မှာပါ။ (လက်ရှိ Note 7 အတွက် အဆင်အပြေဆုံး G Cam Apk ကို Down နိုင်မယ့် Link ကို အောက်မှာထည့်ပေးထားပါတယ်။ စမ်းသုံးကြည့်ဖို့လည်း တိုက်တွန်းချင်ပါတယ်။)

https://drive.google.com/file/d/1bGXWUsxHNmHk2NyFH-Nl5UVK7CLQW0AD/view

G Cam ကို မသုံးခင် အရင်ဆုံး သူ့ရဲ့ Setting ထဲမှာ လိုအပ်တာတွေ ချိန်ညှိထားရင် ပိုအဆင်ပြေပါလိမ့်မယ်။ အရင်ဆုံး Grid Type ကို ဖွင့်သုံးခြင်းအားဖြင့် ဓာတ်ပုံရိုက်တဲ့အခါ အထောက်အကူပေးပါလိမ့်မယ်။ ဒုတိယတစ်ချက်က Advanced ထဲက HDR+ Control ကို On ပေးပါ။ ဒါမှ ဓာတ်ပုံရိုက်တဲ့အခါ HDR+ ကို လိုသလိုစိတ်ကြိုက် အဖွင့်အပိတ်လုပ်နိုင်မှာပါ။ တတိယတစ်ချက်အနေနဲ့ Video Stabilization ကို On ပေးပါ။ Video ရိုက်တဲ့အခါ EIS Support ရအောင်လို့ပါ။

နောက်ဆုံးတစ်ချက်က အရေးအကြီးဆုံးဖြစ်ပါလိမ့်မယ်။ Setting ရဲ့ထိပ်ဆုံးမှာ BSG MOD Setting ဆိုတာရှိပါတယ်။ အဲဒီထဲက Night Sight Parameters ထဲမှာ Shutter Speed 1/10 sec ထားဖို့ Recommend ပေးပါတယ်။ စမ်းကြည့်သလောက် Tripod မသုံးပဲ လက်နဲ့ကိုင်ရိုက်ရင်တောင် ပုံထွက်မဝါးသွားပဲ အကောင်းဆုံး Quality ရနိုင်တဲ့ အနေအထားလို့ ယူဆမိတာကြောင့်ပါ။ HDR+ Parameter မှာတော့ 1/15 sec လောက်ဆို အဆင်ပြေပြီလို့ ယူဆပါတယ်။ Frame Limit ကိုတော့ 5-15 ကြား စိတ်ကြိုက်စမ်းသပ်ကြည့်ဖို့ အကြံပြုပါတယ်။ ပိုကောင်းတဲ့ Portrait Shot တွေရိုက်ကူးနိုင်ဖို့ Disable Zoom နဲ့ Enhance HDR+ နှစ်ခုစလုံးကို On ထားရင် ပိုအဆင်ပြေပါလိမ့်မယ်။

ဘာကြောင့် ဒီလောက်ထိ G Cam Set up ကို ရှင်းပြနေရသလဲဆိုတော့ သူ့ရဲ့ Amazing Low Light Quality ကြောင့်လို့ ဖြေရမှာပါ။ G Cam ရဲ့ HDR+ Enhanced နဲ့ရိုက်တဲ့ Image တွေဟာ Stock Camera ရဲ့ Night Mode နဲ့ မတိမ်းမယိမ်းရှိနေလို့ပါ။ G Cam ရဲ့ Night Sight အစွမ်းကတော့ အောက်ကပုံတွေမှာမြင်ရတဲ့အတိုင်း အံ့မခန်းပါပဲ။ (Day Time မှာတော့ Stock Camera ရဲ့ HDR Photo တွေမှာ Dynamc Range ပိုကောင်းတာ တွေ့ရတယ်။)

- Manual Mode

G Cam ရဲ့ Night Sight ကို Natural မဆန်ဘူးလို့ ယူဆတဲ့သူတွေကတော့ Tripod နဲ့ Manual Mode သေချာပေါက် ကိုင်ရမှာပါ။ ကျွန်တော်စမ်းနေတဲ့ Review Unit ရဲ့ MIUI Version မှာတော့ Manual Mode မှာ White Balance Bug ရှိနေလို့ Camera App ကို Clear Data ခဏခဏလုပ်ရပေမယ့် WB ကောင်းတဲ့အချိန်မျိုးမှာတော့ ISO 200, SS 4 sec or ISO 100, SS 8 sec နဲ့ရိုက်ရင် G Cam ရဲ့ Night Sight နဲ့ တန်းတူမှာ Noise ပိုနဲ၊ Natural Color ပိုဆန်တဲ့ Quality ကို ရိုက်ကူးနိုင်ပါလိမ့်မယ်။

- Portrait

5 MP Depth Sensor ကို သုံးထားတဲ့ သူ့ရဲ့ Portrait Mode က Edge Detection အတော့်ကိုကောင်းတာ တွေ့ရတယ်။ (Well done, Redmi)G Cam သုံးသူတွေအတွက်တော့ ပိုကောင်းတဲ့ Low Light Portrait Photo တွေကို ရိုက်ကူးနိုင်ပါလိမ့်မယ်။ Mi Series တွေမှာပါတဲ့ Light Trail ဘာညာပါမလာတာတော့ စိတ်မကောင်းစရာ။

- Video

Redmi Note 7 ရဲ့ Camera Compromise လုပ်တဲ့အချက်ကို Video အပိုင်းမှာ သိသိသာသာ မြင်တွေ့ရတယ်။ သူ့ရဲ့ Stock Camera မှာ 1080p ကို 60 fps ထိပဲ Maximum Support ပေးထားတယ်။ ဒါပေမယ့် Stabilization ကောင်းကောင်း နဲ့ Quality ပိုကောင်းတာလိုချင်ရင်တော့ 30 fps Mode ကို သုံးရမှာပါ။

Quality အနေနဲ့ အဆိုးကြီးမဟုတ်ပေမယ့် Noise များတာရယ်၊ Low Light မှာ Detail တွေ သိသိသာသာ ကျတာရယ်ကတော့ Video အရိုက်များသူတွေတွက် Impression Down စရာပါ။ 4K ရိုက်ချင်သူတွေတွက်တော့ EIS Support ပါတဲ့ G Cam ကိုသုံးတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ Audio Recording အပိုင်းကတော့ လက်ခံနိုင်လောက်တဲ့ အနေအထားမှာရှိပါတယ်။

- Selfie

Xiaomi ရဲ့ 20 MP Selfie Camera သုံးနေကျသူတွေအတွက်တော့ Note 7 ရဲ့ 13 MP Camera ကို သိပ်ပြီးအားရလိမ့်မယ်မထင်။ အလင်းကို Sensitive ဖြစ်လွန်းတဲ့အတွက် Image Quality အနေနဲ့ မဆိုးဘူးဆိုရုံ အနေအထားမှာပဲရှိတယ်။ Portrait ရိုက်လို့ရတယ်ဆိုပေမယ့် Mi Series တွေမှာလို Portrait Effect တွေတော့ ပါမလာ။ Low Light မှာတော့ Display ကို Flash Light အဖြစ်သုံးနိုင်မယ်။

Selfie Video အနေနဲ့ 1080p, 30 fps ထိရိုက်ကူးနိုင်ပေမယ့် Stabilization မပါတာကိုတော့ သဘောမကျ။ ဒီတော့ ထုံးစံအတိုင်း Stabilization အတွက် G Cam ကိုပဲ အားကိုးရမှာပါ။ (ဒါတောင် 60 fps ရိုက်ရင် အဆင်မပြေ) ဒီတော့ Selfie Camera ကို အသားပေးသုံးချင်သူတွေ၊ Vlog ရိုက်ချင်သူတွေအတွက်တော့ Redmi Note 7 က အဆင်ပြေမှာမဟုတ်ပါ။


ဆိုတော့ကာ Review လည်း အတော်ရှည်ပြီမို့ အနှစ်ချုပ်ပါတော့မယ်။ True 48 MP Camera မဟုတ်တာကလွဲရင် Redmi Note 7 ဟာ Camera ပိုင်းမှာ ထင်ထားတာထက် ပိုကောင်းခဲ့တယ်ဆိုရမှာပါ။ ခုလိုပြောလို့ သူ့ Camera က Flagship Level တွေကို တက်ယှဉ်နိုင်မယ်လို့ မဆိုလိုဘူးနော်။ သို့ပေမယ့် ပေးရတဲ့ဈေးမှာတော့ Camera ပိုင်းနဲ့ပတ်သက်ပြီး ပြန်ရတဲ့စိတ်ကျေနပ်မှုဟာ တန်တယ်ဆိုတာထက် အများကြီးပိုနေပါပြီ
(G Cam ကတော့ အပိုဆုလာဘ်ပေါ့) နောက်နောင်မှာလည်း Camera အသားပေးလို့ယူဆတဲ့ Review Unit ရတဲ့ဖုန်းတွေမှာ ခုလို Detail Camera Review တွေ ခွဲထုတ်ရှင်းပြပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ ဒါကြောင့် Redmi Note 7 Full Review လာတဲ့အခါမှာလည်း စောင့်မျှော်အားပေးကြပါဦး။

Htet Oo Naing (PLANET X)

"Observe here. Trust Yourself."

No comments: