Friday, February 22, 2019

ချဉ်စပ်ကဏန်းဟင်း - ရတနာရှစ်မျိုး ကောက်ညှင်းပူတင်း - ငါးကင် - မအူပင်ထမင်းပေါင်း

ငါးကင်



ပါဝင်ပစ္စည်းများ
တီလားဗီးယားငါး  -  ၁ ကောင်
ခရုဆီ  -  စားပွဲဇွန်း ၁ ဇွန်း
ငရုတ်ကောင်းမှုန့်  -  အနည်းငယ်
ကြက်သွန်ဖြူ  -   ၆ မြွှာ
ချင်း  -  အနည်းငယ်
နံနံပင်  -  များများ
ပင်စိမ်းရွက်  -  အနည်းငယ်
ဖက်ဖယ်ရွက်  -  အနည်းငယ်
ရှမ်းနံနံ  -  အနည်းငယ်
စပါးလင်  -  ၁ ချောင်း
ဆား  -  အနည်းငယ်
သကြား  -  အနည်းငယ်
ငရုတ်သီး  -  ၁၀ တောင့်ခန့်
ဆီ  -  စားပွဲဇွန်း ၂ ဇွန်း

ပြုလုပ်နည်း
၁။ ငါးကို သေချာဆေးကြောသန့်စင်ပြီး ရေစင်အောင် စစ်ထားပါ။
၂။ ငါးကို ဓားဖြင့် မွှန်းထားပါ။
၃။ ကြက်သွန်ဖြူ၊ နံနံပင်၊ ချင်း၊ ငရုတ်သီး၊ ပင်စိမ်းရွက်၊ ငရုတ်သီး၊ ဖက်ဖယ်ရွက်နှင့် ရှမ်းနံနံတို့ကို ကြိတ်ပြီး ခရုဆီ၊ ဆား၊ သကြား၊ ငရုတ်ကောင်းမှုန့်နှင့် ဆီတို့ကို ထည့်ပြီး အနှစ်ဖြစ်အောင် လုပ်ပါ။
၎။ အနှစ်ရပြီဆိုလျှင် ငါးကို နယ်ပါ။ စပါးလင်ကို ထုခြေပြီး ငါးဗိုက်ထဲ ထည့်ပါ။
၅။ အရသာစိမ့်ဝင်သွားစေဖို့ ၁ နာရီခန့် နှပ်ထားပါ။
၆။ အရသာနပ်ပြီးသွားပြီဆိုလျှင် အပူချိန် 180˚C အပူပေးထားတဲ့ Oven ထဲ ထည့်ပြီး ကင်ပါ။
၇။ မီးသွေးအကင်ဖိုဖြင့်  ကင်မည်ဆိုလျှင် ကင်နေစဉ် ငါးအသားများ မခြောက်သွား အောင် ဆီဖြင့် သုတ်ပေးပါ။
၈။ အနံ့မွှေးပြီး ငါးလည်းကျက်ပြီဆိုလျှင် ကြိုက်နှစ်သက်ရာ ဆော့စ်ဖြင့် တွဲပြီး သုံးဆောင်နိုင်ပါပြီ။
......................
အံ့ဝင့်ထွဋ်

ရတနာရှစ်မျိုး ကောက်ညှင်းပူတင်း 
(EIGHT-TREASURES RICE PUDDING)
(八寶飯)
.....................


 နှစ်သစ်မှာ ချမ်းသာခြင်းသုခအပြည့်ရစေဖို့ ရတနာရှစ်မျိုး ကောက် ညှင်းပူတင်းလေး လုပ်စားကြပါတယ်။ တရုတ်နှစ်ကူးအစားအစာတစ်မျိုး ဖြစ်ပေမယ့် နေ့ကြီးရက်ကြီးတွေမှာလည်း တည်ခင်းလေ့ရှိပါတယ်။

ပါဝင်ပစ္စည်းများ
• ကောက်ညှင်းပေါင်း - ၁ ပန်းကန်
• ပဲယို - ၁ ပန်းကန်
• နှစ်သက်ရာအသီးခြောက် - ၈ မျိုး


ပြုလုပ်နည်း
၁။ ပန်းကန်လုံးတစ်လုံးအောက်မှာ ဆီအနည်းငယ်လူးပေးပါ။ သစ်သီးခြောက်များကို ခင်းထားပါ။
၂။ သစ်သီးခြောက်များအပေါ်မှာ ကောက်ညှင်းပေါင်းတစ်ဝက် ခင်းပါ။
၃။ အလယ်မှာ ပဲယိုထည့်ပြီး ကျန်သစ်သီးခြောက်နှင့် ကောက်ညှင်းတို့ကို ထည့်ပါ။
၎။ ပေါင်းအိုးထဲ ရေထည့်ပြီး ကောက်ညှင်းပန်းကန်ကို ထည့်၍ မိနစ် ၃၀ ခန့် ပေါင်းပေး ပါ။
၅။ ပေါင်းအိုးထဲမှာ မတည်ခင်းခင်အချိန်အထိ ပူနွေးနေအောင် ထည့်ထားပါ။
၆။ တည်ခင်းမည့်အချိန်မှာ ပန်းကန်ပြားတစ်ချပ်ပေါ် ပေါင်းထားတဲ့ ကောက်ညှင်းပန်းကန် ကို မှောက်ချပြီး အပေါ်မှလိုသလို အလှဆင်ကာ တည်ခင်းနိုင်ပါပြီ။
ဂ စပျစ်ခြောက်ဝါ/နီ၊ စွန်ပလွံသီး၊ လိမ္မော်သီး၊ သလဲသီး၊ ရက်စ်ဘယ်ရီခြောက်၊ မက်မန်းခြောက် တို့ဖြင့် ကိတ်ပုံစံဖန်တီးထားခြင်းသာ ဖြစ်ပါတယ်။
ဂ တည်ခင်းမည့်အရေအတွက်ပေါ်  မူတည်ပြီး ချိန်ဆပြုလုပ်ပါ။
......................
Sofia

Spicy Sweet & Sour Crab ချဉ်စပ်ကဏန်းဟင်း



ကဏန်း                                - ၇၅၀ ဂရမ် ( သန့်ရှင်းထားပါ)
ကြက်သွန်ဖြူ                          - ၃၅ ဂရမ် (နုပ်နုပ်စဉ်းထားပါ)
ချင်း                                     - ၃၅ ဂရမ် (နုပ်နုပ်စဉ်းထားပါ)
ကြက်သွန်နီ                            - ၁၂၀ ဂရမ် (နုပ်နုပ်စဉ်းထားပါ)
ငရုတ်သီးစိမ်း (နီ+စိမ်း)              - ၁၀ တောင့် (နုပ်နုပ်စဉ်းထားပါ)
တရုတ်ပဲငါးပိ                            - စားပွဲဇွန်း ၁ ဇွန်း
ကြက်သွန်မြိတ်                           - ၂ ပင် (ပါးပါးလှီးထားပါ)
နံနံပင်                                       - ၂ ပင်
ကြက်ဥ                                      - ၄ လုံး
ပြောင်းဖူးမှုန့်                                 - စားပွဲဇွန်း ၁ ဇွန်း+ရေ စားပွဲဇွန်း ၄ ဇွန်း
ရေ                                             -  ၆၀၀ မီလီလီတာ

Sauce အတွက်လိုအပ်တာတွေကတော့….
ခရမ်းချဉ်သီးဆော့စ်                     - စားပွဲဇွန်း ၈ ဇွန်း
ငရုတ်သီးဆော့စ်                         - စားပွဲဇွန်း ၄ ဇွန်း
ဗီနီကာ                                     - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
Kikomanပဲငံပြာရည်                     - စားပွဲဇွန်း ၂ ဇွန်း
သကြား                                     - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ငရုတ်ကောင်းအဖြူ                       - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
အရသာမှုန့်                                 - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်ပုံ
1. ပထမဦးဆုံး ပန်းကန်လုံးကြီးထဲကို ခရမ်းချဉ်သီးဆော့စ်၊ ငရုတ်သီးဆော့စ်၊ ပဲငံပြာရည်၊ ဗီနီကာ၊ သကြား၊ အရသာမှုန့်၊ ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး မွှေထားပါ။
2. သန့်ရှင်းထားတဲ့ ကဏန်းကိုခြောက်သွားစေဖို့အတွက် တစ်ကောင်ချင်းစီကို kitchen paper ဖြင့် သုတ်ထားပါ။ ရေခြောက်သွားဖို့ အရေးကြီးပါတယ်။ ကြော်တဲ့အခါမှာ ရေကျန်ပါက ဆီပေါက်တက်ပါတယ်။
3. ကဏန်းကြော်ဖို့ ဒယ်အိုးထဲဆီထည့်ပါ။ ဆီပူလာရင် ကဏန်းထည့်ပြီး ကြော်ပါ။ ကဏန်းအရောင်ပြောင်းရင် ဆယ်ထားပါ။
4. ချက်မဲ့ဒယ်အိုးအကြီးထဲ ဆီထည့်ပြီး အပူပေးပါ။ ဆီပူလျှင် ကြက်သွန်နီနဲ့ချင်းထည့်ပြီး ဆီသတ်ပါ။
5. ကြက်သွန်ပျော့လာရင်တော့ ကြက်သွန်ဖြူထည့်ပြီး ဆီသတ်ပါ။ ပြီးလျှင် ပဲငါးပိထည့်ပြီး မွှေပေးပါ။
6. ပြီးလျှင် စပ်ထားတဲ့ဆော့စ်နဲ့ရေထည့်ပါ။ ဆော့စ်ပျစ်လာသည်အထိ ချက်ရပါမယ်။
7. ဆော့စ်ပျစ်လာရင် ကြော်ထားတဲ့ ကဏန်းထည့်ပြီး ချက်ပါ။
8. ဆော့စ်ပိုပြီးပျစ်ဖို့အတွက် ပြောင်းဖူးမှုန့်ကို ရေဖျော်ပြီး ထည့်ပါ။
9. ဆော့စ်ပျစ်ပျစ်ဆူနေတဲ့အချိန်မှာ ကြက်ဥခေါက်ပြီး ထည့်ပါ။ ကြက်ဥကျက်ခါနီးမှ မွှေပေးပါ။
10. ပြီးလျှင် ပန်းကန်ထဲထည့်ပြီး နံနံပင်နဲ့ ကြက်သွန်မြိတ်ဖြူးပါ။ ကြိုက်နှစ်သက်ပါက ငရုတ်သီးစိမ်း ပါပါးလှီးပြီး ထည့်နိုင်ပါတယ်။

(By MyintOoTha)

မအူပင်ထမင်းပေါင်း
=============


[ပါဝင်ပစ္စည်းများ]
ကြက်သွန်ဖြူ - ငါးမြှောင့် (နုပ်နုပ်စဉ်းထားပါ)
ကြက်သွန်နီဥအသေး - ၄ လုံး (နုပ်နုပ်စဉ်းထားပါ)
ပေါ်ဆန်းမွှေးဆန် - ၂ ခွက်ခွဲ(ရေစင်အောင်ဆေးထားပါ)
ကောက်ညှင်းဆန် - ၁ ခွက်ခွဲ(ရေစင်အောင်ဆေးထားပါ)
မက်ဂီပဲငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်း
Maggi ခရုဆီ - ထမင်းစားဇွန်း ၁ ဇွန်း
ကိုက်လန် - ၃ ပင်(အပိုင်းငယ်လေးများဖြစ်အောင်ဖြတ်ထားပါ)
ပဲပြားအမာ - ၁ ပြား(အတုံးသေးကလေးများတုံးထားပါ)
မုန်လာဥနီ - ၁ လုံး(အတုံးသေးသေးများတုံးထားပါ)
ပုဇွန်ခြောက် - ထမင်းစားဇွန်း ၁ ဇွန်း
နာနတ်ပွင့် - ၂ ပွင့်
ဆား - လက်ဖက်ရည်ဇွန်းတစ်ဝက်
သစ်ဂျပိုးခေါက် - တစ်လက်မအရွယ်(တစ်ချောင်း) (အစိတ်ကလေးများဖြစ်အောင် ထုထောင်းထားပါ)
ပဲပိစပ်ဆီ - ထမင်းစားဇွန်း ၅ ဇွန်း
.
[ပြုလုပ်ပုံအဆင့်ဆင့်]
၁။ ပထမဦးဆုံး ဟင်းချက်ဒယ်အိုးကို မီးဖိုပေါ်တင်ပြီး မီးဖွင့်ပါ။
၂။ ဒယ်အိုးထဲသို့ ဆီသုံးဇွန်းထည့်ပြီး ဆီပူလာလျှင် နုပ်နုပ်စဉ်းထားတဲ့ ကြက်သွန်နီများကို ဆီသတ်ပါ။
၃။ ဆီမွှေးလာလျှင် ဆန်၊ ကောက်ညှင်းဆန်၊ သစ်ကြမ်းပိုးခေါက်၊ နာနတ်ပွင့်တို့ထည့်ပြီး သမအောင်မွှေပါ။
၎။ ပြီးရင် MAGGI ပဲငံပြာရည် နှင့် MAGGI ခရုဆီ တစ်ဇွန်းစီထည့်ပြီး မွှေပေးပါ။
၅။ အဲဒီနောက် ဒယ်အိုးထဲမှ ၄င်းတို့အားလုံးကို ထမင်းပေါင်းအိုးထဲသို့ ပြောင်းထည့်ပြီး ရေ ၆၀၀ မီလီ ထည့်ကာ ကျက်သည်အထိချက်ထားပါ။
၆။ ထမင်းချက်ထားချိန်မှာ ဒယ်အိုးကို မီးဖိုပေါ်မှာတင်ပြီး ဆီ ၂ ဇွန်းထည့်ပါ။
၇။ ဆီပူလာသောအခါ အသင့်တုံးထားတဲ့ ပဲပြားတုံးကလေးများကို ထည့်ပြီး မီးပြင်းပြင်းနှင့် ကြော်ပါ။
၈။ ပဲပြားများ အဝါရောင်သမ်းပြီး ကျက်သွားတဲ့အခါ ဆယ်ပြီး ဇလုံတစ်ခုထဲမှာ ထည့်ထားပါ။
၉။ ဒယ်အိုးထဲသို့ ဆီ ၁ ဇွန်းထည့်ပြီး ကြက်သွန်ဖြူဆီသတ်ပါ။
၁၀။ အနံ့မွှေးလာလျှင် မုန့်လာဥထည့်ပြီး မွှေပေးပါ။
၁၁။ ထို့နောက် ကိုက်လန်များကိုပါထည့်ကြော်ပြီး မွှေပေးပါ။
၁၂။ ကြော်ပြီးသားပဲပြားများကို ဒယ်အိုးထဲသို့ထည့်ပြီး အားလုံးရောမွှေပါ။
၁၃။ အဲဒီနောက် အားလုံးကို ပန်းကန်ပြားထဲသို့ ထည့်ထားပါ။
၁၄။ ပေါင်းအိုးထဲမှ ထမင်းကျက်သောအခါ ကြော်ထားသည်များကို ထမင်းပေါင်းအိုးထဲထည့်ပြီး သမအောင်မွှေပါ။
၁၅။ ပြီးရင်တော့ အားလုံးကို စားမည့်ပန်းကန်ပြားထဲထည့်ပြီး စားသုံးနိုင်ပါပြီနော်။

No comments: