Wednesday, February 13, 2019

စိတ်မ၀င်စားရင် ထွက်သွားလိုက်ပါ …👉🏻👉


➖➖➖➖➖➖➖➖➖➖➖➖

Htain Lin Kyaw (HR)

အလုပ်တစ်ခု အတွက် ၀န်ထမ်းရွေးချယ်တဲ့အခါ
အင်တာဗျူး မှာကျွန်တော်အမြဲတမ်းရွေးချယ်ဖြစ်တာက

🔹Attitude
🔹Skill
🔹Knowledge ပါပဲ ။

ဒီအပေါ်မှာ အတွေ့အကြုံ နဲ့ပေါင်းစပ်လို့ Competency Level ပေါ်ချိန်ဆပြီး ၀န်ထမ်းရွေးချယ်ရေးကို လုပ်ပါတယ် ။ လူနဲ့ အလုပ်နဲ့ကိုက်သလား ( Person – Job Fit) ၊ လူနဲ့ အဖွဲ့အစည်း အံဝင်ခွင်ကျဖြစ်သလား ( Person – Organization Fit ) ဒီနှစ်ချက်ကို ကြည့်ပြီး ဦးစားပေးရွေးချယ်ရပါတယ် ။

ဒါနဲ့ဆက်စပ်ပြီး အလုပ်အင်တာ ဗျူးခဲ့တဲ့ အတွေ့အကြုံ တစ်ယောက် ကြုံရတာလေးကို မျှဝေပေးချင်ပါတယ် ။

ဝန်ထမ်းတွေခန့်အပ်ဖို့ စဉ်းစားတဲ့အခါ ပထမဆုံး ရွေးချယ်ဖို့ စဉ်းစားဖြစ်ရင် Attitude ပဲ … ဘာကြောင့်လဲ ဆိုတော့ စိတ်ဓာတ်မှ မကောင်းရင် ဘာမှ ဆက်လုပ်လို့ မရတော့ဘူး .. စိတ်ဓာတ်က အစပဲ ၊ Skill ဘယ်လောက်ရှိရှိ ၊ Knowledge ဘယ်လောက်ကောင်းကောင်း အခြေခံ ဒီအချက်မရှိရင် အလုပ်မှာ ပြသာနာ တတ်တာများတယ် .. စိတ်ပိုင်းဆိုင်ရာကလည်း အင်တာဗျူးချိန် နာရီဝတ် ၊တစ်နာရီအတွင်းမှာ သိနိုင်ဖို့က မလွယ်ကူပါဘူး ၊ ကိုယ့်ရှေ့တောင် အင်တာဗျူးတိုင်းကောင်းအောင်နေကြတာပါပဲ …

Attitude ပိုင်းကလည်း စစ်ဆေးဖို့ အခက်ခဲဆုံး အခြေအနေတွေမှာ ရှိတယ် .. တော်တော်များများက  Big Five ၊DISC လို  Personality Test တွေ ၊ Psy Test  တွေ စစ်ဆေးကြပေမဲ့ ဒါကလည်း အခြေခံကျလွန်းတဲ့ ကိုယ်ရေးကိုယ်သွေးတွေကို ပဲ ခန့်မှန်းလို့ရနိုင်ပါတယ်။ နောက်တစ်ချက်က စစ်ဆေးတဲ့ သူတွေက ကျွမ်းကျင်ပညာရှင် မဟုတ်ကြတော့ အတိအကျ သိနိုင်ဖို့လည်း မလွယ်ပြန်ဘူး ။ ဒီတော့ စိတ်ဓာတ်ပိုင်း ကောင်းမကောင်းဆိုတာက တွဲလုပ်ကြည့်မှ သိမယ့် အခြေအနေ ဖြစ်နေတယ် ။ ကျွန်တော်တို့ ဒီပြသာနာကို  အမြဲတမ်း Risk ယူနေရတယ် ။

 နောက်တစ်ချက်က အလုပ်ပေါ်မှာထားတဲ့ စိတ်  ( Passion) ပဲ ။ စိတ်ပါဝင်စားမှု ၊စိတ်အားထက်သန်ခြင်း ဒီအချက် က အရေးကြီးတယ် ၊ တကယ်လုပ်ကိုင်ချင်တဲ့ စိတ်မရှိဘူးဆိုရင် ဘယ်လောက်တတ်အောင်သင်သင် မတတ်လာဘူး ၊ လုပ်လည်း မလုပ်နိုင်ဘူး ၊ လုပ်နိုင်လည်း မကောင်းဘူး ၊ ကောင်းအောင် လုပ်လည်း မပြည့်စုံနိုင်ပါဘူး ။

တစ်ချို့တွေက အခြေအနေ အမျိုးမျိုးကြောင့် လုပ်ငန်းခွင်ထဲ ရောက်လာတဲ့အခါ အစကတည်းက စိတ်ပါဝင်စားမှု မရှိတဲ့ လုပ်ငန်းခွင် ၊ဌာန နေရာတွေမှာ လုပ်နေတတ်ကြတယ် ။ ကြာလာတော့လည်း ကျွမ်းကျင်မှု တော့ အထိုက်အလျှောက်ရှိတတ်ကြပါတယ် ၊ဒါပေမဲ့ စိတ်ပါဝင်စားမှု ပါမလာတာကို တော်တော်များများ တွေ့ရတတ်ပါတယ် ။

ဒီလို အခြေအနေမျိုးမှာ ရှိတဲ့ ၀န်ထမ်းနဲ့ ကြုံဆုံရတဲ့အခါ အကြံပေးဖြစ်တာလေးကို မျှဝေချင်ပါတယ် ။ အလုပ်မှာကိုယ်လုပ်ရတဲ့ အလုပ်တစ်ခုအပေါ်မှာ စိတ်ပါဝင်စားမှု ၊ စိတ်အားထက်သန်မှု နဲ့ ဆက်လက်သင်ယူလေ့လာလိုစိတ်မရှိဘူး ဖြစ်နေရင်တော့ ဆက်မလုပ်စေချင်ပါဘူး ။ အကြောင်းအမျိုးမျိုးကြောင့် ဒီအလုပ်တစ်ခု လုပ်ကိုင်ရတဲ့အခါ မိမိအနေနဲ့ အဆုံးစွန်ထိ အောင်မြင်နိုင်မှာ မဟုတ်လို့ပါ ။

 အောင်မြင်တဲ့ သူတွေ တော်တော်များများဟာ သူတို့ အလုပ်အပေါ်မှာ တန်ဖိုးထားကြသလို ၊ စိတ်ပါဝင်စားစွာလည်း လုပ်ကိုင်တတ်ကြပါတယ် ။ ဒီတစ်ခုတည်းအပေါ်မှာ စွဲမြဲ အာရုံစိုက်လုပ်ကိုင်နိုင်မှု ကြောင့် သူတို့ အောင်မြင်လာတာကို တွေ့ရတတ်ပါတယ် ။

ဒီတော့ စာဖတ်သူများအနေနဲ့ မိမိလုပ်ကိုင်ရတဲ့ အလုပ်ကို စိတ်ပါဝင်စားမှု မရှိဘူးဆိုရင် …  ကျွမ်းကျင်ကောင်း ကျွမ်းကျင်ပါလိမ့်မယ် ၊ အောင်မြင်မှာတော့ မဟုတ်နိုင်ပါဘူး ။ ကြာလာတာနဲ့အမျှ မိမိလည်း ပိုပြီးပင်ပန်းလာနိုင်ပါတယ် ။ တစ်ခု ဆွေးနွေးလိုတာကတော့ အသက်အရွယ်အရသော်လည်းကောင်း ၊ လုပ်ငန်း၊ ဌာန တစ်ခုမှာ ကာလတစ်ခု အထိ တာဝန်ယူဆောင်ရွက်ခဲ့ပြီးသူများဖြစ်နေပြီဆိုရင်တော့  သင့်အနေနဲ့ တစ်ခြား နယ်ပယ်တစ်ခုကို ပြောင်းရွေ့ပဲ မစဉ်းစားပဲ စိတ်ပါဝင်စားမှုကို ပိုများလာအောင် အား ထုတ်သင့်ပါတယ် ။  သင် ပြောင်းလဲ နိုင်ဖို့အတွက် ဒါက အကောင်းဆုံးနည်းလမ်းပါ ။

ဒါကြောင့် မိမိအသက်မွေးဝမ်းကြောင်းအတွက် သေချာစွာ ရွေးချယ်ဖို့လိုသလို ၊ ရွေးချယ်မှုကလည်း မှန်ကုန်ဖို့ လိုပါတယ် ၊ တော်တော်များများက မိမိ စိတ်အားထက်သန်တဲ့ အရာကို မရှာဖွေဘူးဖြစ်နေတတ်ကြပါတယ် ။ တတ်ကျွမ်းနားလည်သူ များနဲ့ တိုင်ပင်ကြည့်ပါ ။ မိမိ စိတ်ပါဝင်စားမှုကို ရှာဖွေ တွေ့ ရှိလာမှာဖြစ်ပါတယ် ။

အဲ့လို မှ မဟုတ်ပဲ အဆင်ပြေတာ ၀င်လုပ်နေရင်း စိတ်မ၀င်စားဘူးဖြစ်နေရင်တော့ လက်ရှိနေရာကနေ ထွက်သွားတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ် ….

ထိန်လင်းကျော်  (HR)

No comments: