Friday, February 8, 2019

ဖျော်ရည်နှင့် ဖျော်ယမကာ (Non-alcoholic Beverages & Alcoholic Beverages)


          ဖျော်ရည် (Non-alcoholic Beverages) ကို ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ထည့်သွင်းခြင်းနှင့် မထည့်သွင်းခြင်း (Carbonated & Non-Carbonated) နည်းဖြင့် ပြုလုပ်ပါသည်။ ဖျော်ရည်ကို ယေဘုယျအားဖြင့် အုပ်စုခွဲ၍ လေ့လာပါလျှင်-


၁။       နို့၊ နို့အချဉ်၊ နို့ခဲ၊ ဒိန်ချဉ်

၂။       ကော်ဖီ (အစစ်နှင့် အသင့်ဖျော်)

၃။       လက်ဖက်ရည် (လက်ဖက်ခြောက်မှုန့်မှ တိုက်ရိုက်ဖျော်ခြင်းနှင့် အသင့်ဖျော်ခြင်း)

၎။       အသီးဖျော်ရည် (သဘာဝနှင့် ရနံ့သွင်းဖျော်ရည်)

၅။       ဖျော်ရည်ပျော့ (Soft Drinks or Non-intoxication Drinks)

၆။       အင်အားဖြည့်ဖျော်ရည်နှင့် လန်းဆန်းဖျော်ရည် (Energy Drinks and Refreshment Drinks)

၇။       ရေအမျိုးမျိုး – လေသွင်းရေ (Aerated Water)၊ သတ္တုရည် (Mineral Water)၊ စိမ့်စမ်းရေ (Spring Water)၊ ပိုကောင်းအောင် ပြုပြင်ထားသော ရေအမျိုးမျိုး (Enhanced Waters) တို့ ပါဝင်ပါသည်။

အဖျော်ယမကာ (Alcoholic Drink) အပိုင်းတွင်မူ






၁။       အရက် (Alcohol)

၂။       ဘီယာ (ဥပမာများ – Lager, Ale, Stout, Diet, Draft)

၃။       ဝိုင် [Stilled, Sparking (Champagne), Fortified Wine]


၎။       အရက်ပြင်း (Distilled Spirits) တို့ ပါဝင်ပါသည်။

          ဖျော်ရည်ကို ရေငတ်ပြေစေရန်နှင့် လန်းဆန်းမှုရှိစေရန် သောက်သုံးလေ့ရှိပါသည်။ ဖျော်ရည်တွင် အရက်အနည်းငယ်မျှ မပါဝင်ပေ။ ပုလင်း (သို့) စည်သွတ်ဘူး (သို့) ဖန်ခွက်အတွင်း ထည့်သွင်းပြီး အစားစားချိန်နှင့် အစာနှင့် မတွဲဖက်ဘဲလည်း သောက်သုံးလေ့ ရှိပါသည်။ အမေရိကန်တွင်မူ Virgin Drink ဟု ခေါ်ဆိုပြီး ဝ.၅% အရက် (ထုထည်အားဖြင့်) ပါဝင်နိုင်သည်ဟု သတ်မှတ်ပါသည်။

          ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့သွင်းဖျော်ရည် [ဥပမာ – အပျော့စားဖျော်ရည် (Soft Drinks)] တွင် အရက်မပါဝင်ဘဲ အေးနေအောင် ပြုလုပ်ပြီးမှသာ သောက်သုံးပါသည်။ လူသိများသော Soft Drinks မှာ colas, flavoured water, sparkling water, iced tea, sweet tea, lemonade, squash နှင့် Fruit Punch တို့ ပါဝင်ပါသည်။ အများအားဖြင့် အချိုဓာတ်သွင်းခြင်း၊ အနံ့ထည့်ခြင်း၊ အသီးအက်ဆစ်ထည့်ထားခြင်း၊ အရောင်သွင်းခြင်း၊ CO2 ကို တိုက်ရိုက်သွင်းခြင်းနှင့်အတူ ဓာတုနည်းဖြင့် ကြာရှည်ခံ ပြုလုပ်ထားပါသည်။

          ဒေသအခေါ်အဝေါ်ဖြင့် Soft Drinks ကို အမည်အမျိုးမျိုးဖြင့် ခေါ်လေ့ရှိပါသည်။ (ဇယား – ၁)



Carbonated Drinks အမျိုးအမည်အချို့မှာ-



၁။       ကိုလာ (Cola)

၂။       Root Beer

၃။       ဂျင်း(ချင်း) အရက် (Ginger Ale)

၎။       အားဖြည့်ဖျော်ရည် (Tonic)

၅။       လီမွန်ဖျော်ရည် (Lemonade)

၆။       ဆော်ဒါရည် (Soda Water)

၇။       ဆိုင်ဒါ (Cider) တို့ဖြစ်သည်။

          Carbonated Soft Drink တွင် အဓိကအားဖြင့် ရေ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ သကြား၊ အနံ့၊ အရောင်နှင့် အက်ဆစ်တို့ပါဝင်သည်။

Non-carbonated Soft Drink (အရက်မပါဝင်) တွင် ပါဝင်သော ဖျော်ရည်အမျိုးအမည်တွင်-

၁။       အသီးဖျော်ရည် (Fresh, Canned, Blended or Shake)

၂။       သောက်ရေသန့်နှင့် သတ္တုရည် (Mineral Water)

၃။       နို့အမျိုးမျိုး

၎။       လက်ဖက်ရည်နှင့် ဆေးဖက်ဝင်လက်ဖက်ခြောက် (Herbal Tea)

၅။       ကော်ဖီအမျိုးမျိုးတို့ ပါဝင်ပါသည်။

No comments: