ဆံပင်တွေကို အရောင်စုံခြယ် ထားတဲ့ပုံစံမျိုးစုံ၊ နှစ်သက်ရာတက် တူးဆေးမင်ကြောင်တွေ ထိုးထား ပြီးအချွန်အတက်တွေ ဝတ်ဆင် ထားတဲ့ လူငယ်တစ်စု။ သူတို့က တနင်္လာနေ့တိုင်း ည ၇ နာရီ လောက်မှာ ရန်ကုန်မြို့ ဆူးလေမီး ပွိုင့်ထောင့်ကို စုရပ်လုပ်ပြီး အမြဲ ဆုံတွေ့လေ့ရှိကြတယ်။ သူတို့ကို ခေတ်စကားနဲ့ဆိုရင် Punk တွေလို့ ခေါ်ကြတယ်။ ရှေးရိုးစွဲရှိသူတွေက တော့ အနက်ရောင်တွေ ဝတ်လေ့ရှိ တဲ့သူတို့ကိုတွေ့ရင် ပေါ့ပျက်ပျက် နိုင်တဲ့ လူငယ်တစ်စုလို့သတ်မှတ် လေ့ရှိပေမယ့် သူတို့နဲ့စကားပြော ကြည့်ရင်၊ သူတို့ရဲ့ လုပ်ဆောင်ချက် တွေက လူတွေထင်မှတ်မထားတာ တွေလည်းရှိပါတယ်။
”Punk ဆိုတာလူတော်တော်များများထင်နေကြတဲ့ ခေတ်ရေစီး ကြောင်းအရခဏတဖြုတ်ပေါ်လာပြီးအလွယ်တကူပျောက်ကွယ်သွား မယ့် ပေါ်ပင်ယဉ်ကျေးမှု တစ်ခုမ ဟုတ်ဘူး။ ဘဝကို ကိုယ်တိုင်ရွေးချယ်ပြီးလျှောက်လှမ်းရမယ့် ဘဝ နေထိုင်မှု ပုံစံတစ်ခုဖြစ်တယ်”လို့ သူတို့ထဲက တစ်ယောက်က ပြော ပါတယ်။
”ကျွန်တော်တို့က ဂိုဏ်းမဟုတ် ဘူး။ အဖွဲ့အစည်း မဟုတ်ဘူး။ နိုင်ငံရေးပါတီလည်း မဟုတ်ဘူး။ ကိုယ်ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင် ခံယူချက်၊ ကိုယ်ပိုင်အယူအဆ တွေနဲ့ သီးခြားရပ်တည်နေတဲ့ လူ နေမှုတစ်ခုဖြစ်တယ်။ ဒါကို အချို့ လူတွေက Punk ဆိုတာ ပေါ့ပျက် ပျက် လူရမ်းကားလူငယ်တစ်စုလို့ သမုတ်ကြတယ်”လို့ သူက ဆက် ပြောတယ်။
တကယ်တော့ သူတို့အဖွဲ့မှာ Punk တွေချည်းပဲ ပါဝင်တာမ ဟုတ်ဘဲနဲ့ Anarchists ၊ Atheists တွေလည်းပါဝင်ပါတယ်။ အဓိက ကတော့ ကိုယ်ပိုင်ခံယူချက်နဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းကျောင်းမယ် ဆိုပြီးခွဲထွက်လာကြတဲ့ လူငယ်တွေ လို့ပြောမယ်ဆိုရင်လည်း
ရပါတယ်။
အခုတော့ Food Not Bombs ဆိုတဲ့လှုပ်ရှားမှုကို သူတို့စတင်နေ ပါတယ်။ တနင်္လာနေ့ညတိုင်းမှာ ရန်ကုန်မြို့လယ်မှာရှိတဲ့ တောင်း ရမ်းစားသောက်သူတွေ၊ ချို့တဲ့သူ တွေ၊ နာမကျန်းဖြစ်နေသူတွေကို အဲ့ဒီ လူငယ်တစ်စုကသူတို့မှာ ရှိတဲ့ ပိုက်ဆံတွေစုပြီး အစားအ သောက်တွေဝယ်ပြီး လှူဒါန်းတဲ့ လှုပ်ရှားမှုပါ။ တချို့ဆင်းရဲနွမ်းပါး သူတွေဆို တနင်္လာနေ့ရောက် တိုင်း သူတို့အဖွဲ့ကိုမျှော်နေလေ့ရှိ ကြတယ်။
”စိတ်တူတဲ့လူငယ်တွေ စုပြီး စလုပ်ဖြစ်ကြတာ။ ကျွန်တော်တို့ အနေနဲ့ ငွေကြေးအများကြီးမတတ် နိုင်ပါဘူး။ ဒါပေမဲ့ရှိတဲ့ လူငယ်ေ လး တွေစုပြီး သူတို့ရှိတဲ့ပိုက်ဆံတွေနဲ့ အစားအစာတွေ ဝယ်တယ်။ ပြီး တော့ ခုလို လိုက်ဝေပေးတာပါပဲ။ အများကြီးမဟုတ်တောင် သူတို့ မိသားစုတွေအတွက် တစ်ရက်စာ ကို လုံလုံလောက်လောက် စား သောက်စေချင်တယ်။ နောက်တစ် ခုက ကျွန်တော်တို့ကအစား အစာ တွေကို လမ်းဘေးမှာ နွမ်းနွမ်းပါး ပါး ရောင်းနေရတဲ့သူတွေဆီက ဝယ်တာများတယ်”လို့ Food Not Bombs ကို လုပ်ဆောင်နေတဲ့ ကိုသီဟက ရှင်းပြပါတယ်။
သူတို့တွေကလူစုံ၊ အစားအ သောက်နဲ့ ရေသန့်တွေဝယ်ပြီးတာ နဲ့ ဆူးလေမီးပွိုင့်ကနေ စထွက်ပြီး ရွှေဘုံသာလမ်းဘက်ကို သွားတယ်။ အဲ့ဒီကနေမှတစ်ဆင့် ဘူတာကြီး ဘက်ကို ပြန်လာပြီး လမ်းတစ် လျှောက်က နွမ်းပါးသူတွေကို အ စားအသောက်တွေ ဝေပေးတာ ပါ။ နွမ်းပါးသူ အမျိုးသမီးတစ်ယောက် ဆိုရင် သူတို့တွေကို ရင်းရင်းနှီးနှီး နဲ့ ”ဒီနေ့ မောင်လေးတို့ နောက်ကျ တယ်နော်”လို့ေ တာင် နှုတ်ဆက် လိုက်ပါသေးတယ်။
သူတို့အဖွဲ့ဟာ အ စားအသောက်တွေ လိုက်ဝေရင် သွားရာ လမ်းတစ်လျောက်မှာ ပြန့် ကျဲနေတဲ့ အမှိုက်တွေကိုကောက်ပြီး အမှိုက် ပုံလေးတွေ လုပ်ပေးခဲ့ကြ တယ်။ လာမသိမ်းတဲ့ အမှိုက်တွေနဲ့ ပုံထားတဲ့အမှိုက်တွေကိုတော့ သူတို့ အလုပ်မဟုတ်ဘူး စည်ပင်ရဲ့ အလုပ် လို့ပြောတယ်။ လမ်းပေါ်မှာ ပြန့်ကျဲနေတာကိုပဲ စည်းကမ်းတ ကျ လမ်းဘေးပုံပေးကြတယ်။
အဲ့ဒီလို အစားအသောက်တွေ လိုက်ဝေ၊ အမှိုက်တွေလိုက်ကောက် ပြီးတာနဲ့Sakura Towerရှေ့က ပလက်ဖောင်းပေါ်မှာအား လုံးပြန်ဆုံကြ၊ တစ်စုတည်းဝိုင်းထိုင်ကြပြီးရှေ့ဆက်လုပ်မယ့် အကျိုးပြုလုပ် ငန်းတွေအတွက် ဆွေးနွေးကြသ လိုဗဟုသုတရစေမယ့်
အတွေးအခေါ်တိုးတက်စေမယ့် စကားဝိုင်းတစ်ခုကို လည်းလုပ်ကြတယ်။
တကယ်တော့ သူတို့ရဲFood Not Bombs လှုပ်ရှားမှုဟာ တိတ် တဆိတ်နဲ့ပဲ ကိုယ့်ပတ်ဝန်းကျင် သေးသေးလေးကို အကျိုးပြုနေတဲ့ လှုပ်ရှားမှုဆိုရင်လည်း မမှားပါဘူး။ အဲ့ဒီလို အကျိုးပြုလှုပ်ရှားမှုထဲမှာ မြန်မာပြည်က လူငယ်တွေတင် မ ဟုတ်ဘဲ အင်္ဂလန်၊ ပြင်သစ်၊ ချက် စတဲ့ဥရောပနိုင်ငံကနေ မြန်မာ ပြည်မှာအလုပ်လာလုပ်နေ သူတွေ ကပါ ဝင်ပြီးပူးပေါင်းဆောင်ရွက် ပေးနေတာကိုလည်း တွေ့ရပါတယ်။
”ဒီလှုပ်ရှားမှုက နယ်နိမိတ်မရှိ ဘူး။ ဘယ်နိုင်ငံသားဆိုတာမရှိဘူး။ လူသားတွေဖြစ်တဲ့အတွက် လူသား တွေအချင်းချင်း အပြန်အ လှန်အကျိုးပြုဖို့ပဲဖြစ်တယ်။ အမျိုးသား၊ အမျိုးသမီးအားလုံးပါတယ်။ မန္တ လေးမှာလည်း ကျွန်တော်တို့ရဲ့ Food Not Bombs လှုပ်ရှား မှုရှိ တယ်။ ဒီလှုပ်ရှားမှုမှာ နိုင်ငံခြား သားတွေပါတယ်။ သူတို့ဒီရောက် တဲ့အခါ သူတို့ကို ကျွန်တော်တို့က ကူညီတယ်။ ကျွန်တော်တို့တွေ သူတို့နိုင်ငံတွေကို ရောက်တဲ့အခါ မှာ လည်းသူတို့က ကျွန်တော်တို့ကို ကူညီမယ်။Food Not Bombs ဆို တာ သူတို့နိုင်ငံတွေမှာလည်း ရှိပါ တယ်”လို့ ကိုသီဟက ဆက်ပြော ပြတယ်။
သူတို့ဟာ အတွေးအခေါ် လွတ်လပ်သူတွေလို့ ခံယူထားသူ တွေဖြစ်လို့ ”ကျွန်တော်တို့တွေ မ နှစ်သက်တာတွေကလူသား မဆန် မှုတွေ၊ မတရားမှုတွေ၊ လူအချင်းချင်းအနိုင်ကျင့်စော်ကားမှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ အထက် အောက်ဖိနှိပ်မှုတွေနဲ့ အကျင့်ပျက် ခြစားမှုတွေအစရှိတဲ့ လူ့အခွင့်အ ရေး ချိုးဖောက်မှုတွေပဲ ဖြစ်တယ်။လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုကို တန်ဖိုးထားတယ်။ စစ်ပွဲတွေ၊ ဖက် ဆစ်ဝါဒနှင့် နာဇီလက်သစ်တွေ၊ အရင်းရှင်ဝါဒတွေ၊ လိင်ခွဲခြားမှု တွေ၊ လူမျိုးရေးခွဲခြားမှုတွေ၊ သ ဘာဝပတ်ဝန်းကျင် ဖျက်ဆီးမှုတွေ၊ တိရစ္ဆာန် ညှဉ်းပန်းနှိပ်စက်မှုတွေ၊ အာဏာရှင်ဝါဒနဲ့ စစ်ဝါဒတွေ၊ ပြီး တော့ အကြမ်းဖက်ဝါဒတွေ အား လုံးဟာကျွန်တော်တို့ မနှစ်သက် တာတွေဖြစ်တယ်”လို့ သူတို့ထဲက တစ်ယောက်က ပြောပြတယ်။
သူတို့အနေနဲ့ ခုလိုလှုပ်ရှားမှု တွေဟာ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို တန်ဖိုးထားပြီး လူသားချင်းစာနာ တဲ့ လှုပ်ရှားမှုဖြစ်သလို လူငယ်တွေ ဗဟုသုတနဲ့ အသိဥာဏ်ပြည့်ဝလာ ဖို့ကိုလည်းBook Not Bombs ဆို တဲ့ လှုပ်ရှားမှုကို စတင်တော့မယ် လို့လည်း သူတို့က ပြောပါတယ်။
‘Book Not Bombs ဆိုတာ က လူစည်ကားရာတွေမှာ စာအုပ် စင်လေးတွေ လိုက်ထားပေးဖို့ ရည် ရွယ်တာပါ။ ဘူတာလို၊ အချို့ဆိုင် တွေလို နေရာမျိုးမှာ စာအုပ်စင် လေးတွေ ထားပေးမယ်။ စာအုပ် ဖတ်ချင်တဲ့သူက စာအုပ်တွေကို ယူဖတ်လို့လည်းရတယ်။
တကယ် လို့ အခြားနေရာမှာစာအုပ်စင်လေး တွေ့ရင် ပြန်ထားပေးလို့ရတယ်။ ကိုယ့်အိမ်မှာကိုယ်ဖတ်ပြီးလို့ စာ အုပ်လေးတွေရှိရင်လည်း ကြိုက်တဲ့Book Not Bombs စာအုပ်စင်မှာ ပြန်ထားလို့ရမယ်။ အဓိကရည်ရွယ် ချက်ကတော့ လူငယ်တွေစာများ များဖတ်ပြီး
အတွေးအခေါ်တွေ တိုးတက်လာဖို့ပဲ ဖြစ်ပါတယ်” လို့ ကိုသီဟက ပြောပါတယ်။
ပြီးခဲ့တဲ့ လပိုင်းက မြန်မာနိုင်ငံ မှာရေကြီးရေလျှံမှုတွေဖြစ်တုန်းကလည်းသူတို့အဖွဲ့တွေဟာ သူတို့ တတ်တဲ့ ဂီတပညာနဲ့ ရန်ကုန်မြို့ လမ်းမတွေမှာအလှူခံခဲ့ပြီးရေဘေး သင့်ပြည်သူတွေအတွက် တစ်ဖက် တစ်လမ်းက အကူအညီအထောက် အပံ့ရအောင်လည်း
လုပ်ဆောင် ပေးခဲ့ကြပါတယ်။ ရန်ကုန်မြို့မှာအခုလိုအစားအသောက်တွေ တတ် နိုင်သလောက်ဝေငှတာတွေ အမှိုက် ကောက်တာတွေ လုပ်ပေးနေတဲ့ အပြင် တစ်ခါတစ်ရံမှာရန်ကုန်မြို့ ကမဟုတ်တဲ့ ချို့တဲ့ကလေးတွေအ တွက်လည်း စာရေးကိရိယာတွေ၊ အစားအေ သာက်တွေ ပေးကမ်းမှု တွေလုပ်ကြပါတယ်။
လူအများကပေါ့ပျက်ပျက်နေ တယ်လို့ အထင်ခံရတဲ့ ဒီလူငယ် တွေက တကယ်တော့သူတို့ကိုအ မြင်နဲ့ဆုံးဖြတ်တဲ့သူတွေထက်ကိုသူ တို့ယုံကြည်ချက် သူတို့ခံယူချက် တွေနဲ့ ဆက်ပြီးသူတို့ရဲ့ လူလူချင်းအကျိုးပြုလုပ်ငန်းတွေကိုဆက်ပြီးလုပ်ဆောင်သွားဦးမှာဖြစ်တယ်လို့ ဆုံးဖြတ်ထားကြပါတယ်။
တနင်္လာညများဆို လယ်သာ အင်္ကျီအနက်၊ ဖင်ကျပ်ဘောင်းဘီ တွေနဲ့ ထိုးထိုးထောင်ထောင်ဆံပင် တွေ၊ ဆေး မင်ကြောင် မျိုးစုံနဲ့ မြင် နေကျပုံစံ မဟုတ်တဲ့လူငယ်တွေ ကို ဆူးလေမီးပွိုင့်နားမှာ မြင်ကြ ရပါလိမ့်မယ်။ သူတို့ဟာ အုပ်စုဖွဲ့ မူးယစ်ရမ်းကားဖို့ မဟုတ်ပါဘူး။
အသံသေးအသံကြောင်တွေနဲ့ ပတ်ဝန်းကျင်ကို နှောင့်ယှက်ဖို့လည်း မဟုတ်ပါဘူး။ လူ့တန်ဖိုးဆိုတာ အ ပေါ်ယံအဝတ်အစား အသွင် အပြင် တွေနဲ့သာ ဆုံးဖြတ်နိုင်တာမဟုတ် ဘူးလို့ သူတို့သက်သေပြနေတာလို့ ယူဆနိုင်ပါတယ်။
တကယ်တော့ Food Not Bombs ဆိုတာ လောကရဲ့ တစ် ထောင့် တစ်နေရာကနေ လူသား တန်ဖိုးအတွက် တနိုင်တပိုင်ကွက် လပ်လေးကိုဖြည့်ပေးနေတဲ့ လူသား ချင်းစာနာမှု လက်တွေပါပဲ။ မေး ခွန်းတွေရှိပါလိမ့်မယ်။
ပုတ်ထုတ်မလား။ ဆုပ်ကိုင် မလား။
Credit:
www.popularmyanmar.com
No comments:
Post a Comment