Friday, October 16, 2015

အမေရိကမှာ ခေတ်စားနေတဲ့ လေထုထဲမှာလိင်ဆက်ဆံ ရတဲ့ ကစားနည်း (သို့) Air Sex



လိင်တူချစ်သူဖြစ်နိုင်မဖြစ်နိုင် ဒီအင်န်အေနှင့် စစ်ဆေးခြင်းက ၇၀ရာခိုင်နှုန်းမှန်ကန် 

လူတစ်ယောက်ဟာ ဆန့်ကျင်ဘက်လိင်စိတ်ဝင်စားသူလား (ဒါမှမဟုတ်) လိင်တူချစ်သူလားဆိုတာကို သိပ္ပံပညာရှင်တွေက ကြိုတင်ခန့်မှန်နိုင်ပြီဖြစ်ပြီး သူတို့ရဲ့ဟောကိန်းက ၇၀ရာခိုင်နှုန်းမှန်ကန်တယ်လို့ သိရပါတယ်။

လိင်စိတ်ဝင်စားမှုဟာ ဇီဝဗေဒကို အခြေခံထားတယ်ဆိုတာ သိခဲ့ကြတာတော့ အတော်ကြာပါပြီ။ လိင်တူချစ်သူ ဖြစ်ရခြင်းဟာ မျိုးရိုးဗီဇနဲ့တိုက်ရိုက် ပတ်သက်နေလို့ပါ။ လူတွေရဲ့ မျိုးရိုးဗီဇဟာ မွေးကတည်းက သတ်သတ်မှတ်မှတ် ပါလာပြီးသားဖြစ်တဲ့အတွက် မျိုးရိုးဗီဇပေါ်မှာ ပါလာတာတွေက အချိန်ကြာလာတာနဲ့အမျှ ဘယ်လောက်ပြောင်းလဲသွားနိုင်တယ်ဆိုတာ ဖြစ်လာပါတယ်။

“ကျွန်တော်တို့ သိလိုက်တာကတော့၊ မော်လီကျူး ဖန်တီးသူတွေ ပေါ်မှာအခြေခံပြီး လိင်ပိုင်ဆိုင်ရာ အနေအထားပြောင်းလဲခြင်းအတွက် ပထမဆုံးအကြိမ် ဟောကိန်းထုတ်နိုင်ခြင်းတစ်ရပ်ပါ။” လို့ ကယ်လ်ဖိုးနီးယားတက္ကသိုလ်မှ ဒေါက်တာ Tuck Ngun ကပြောသွားပါတယ်။

ထပ်တူညီတဲ့ အမွှာတွေက အမြဲတမ်းတော့မဟုတ်ပေမဲ့ တူညီတဲ့ လိင်ပိုင်းရှိလေ့ရှိပါတယ်။ ဒီရှာဖွေတွေ့ရှိမှုက လိင်တူချစ်သူ ဖြစ်ရခြင်းရဲ့ မျိုးရိုးဗီဇပိုင်းဆိုင်ရာ ညွှန်းကိန်းတစ်ခုရှိတယ်လို့ သိပ္ပံပညာရှင်တွေရဲ့ ယုံကြည်မှုဆီကို ဦးဆောင်သွားပါတယ်။

ဒေါက်တာ Ngun နဲ့ အဖွဲ့ဟာ အရွယ်ရောက် အမျိုးသားအမွှာပေါင်း ၄၇တွဲရဲ့ မျိုးရိုးဗီဇတွေကို လေ့လာခဲ့တာဖြစ်ပြီး ၃၇တွဲမှာ တစ်ယောက်က လိင်တူချစ်သူဖြစ်နေပြီး ကျန်တစ်ယောက်က ဆန့်ကျင်ဘက်လိင်ချစ်သူ ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။ ကျန် ၁၀တွဲကတော့ လိင်တူချစ်သူတွေဖြစ်နေပါတယ်။

“လိင်ပိုင်းဆိုင်ရာ စွဲဆောင်မှုက လိင်တူချစ်သူတွေရဲ့ဘ၀အတွက် အခြေခံကျတဲ့အချက်တစ်ခုဖြစ်ပါတယ်။ မျိုးရိုးဗီဇနဲ့ မော်လီကျူးဆိုင်ရာ အဆင့်တွေအကြောင်း ဒီ့ထက်တော့လည်း မသိသေးပါဘူး။ ဒီသုတေသနရပ်က ကျွန်တော်တို့ကိုကျွန်တော်တို့ ဘာဆိုတာနဲ့ ကျွန်တော်တို့က ဘာကြောင့်ဒီလိုဖြစ်ရတယ်ဆိုတာကို ပိုမိုသိရှိနားလည်လာအောင် ကူညီပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်။” လို့ ဒေါက်တာ Ngun ကပြောခဲ့ပါတယ်။
သူတို့ရဲ့ စမ်းသပ်မှုက ၇၀ရာခိုင်နှုန်းမှန်တယ် ဆိုဦးတော့၊ မမှန်တဲ့ဘက်ကလည်း ၃၀ရာခိုင်နှုန်းရှိနေပါသေးတယ်။

Skyler - သစ်ထူးလွင်
Ref:Daily Mail

လိင်တူချစ်သူအား သံအမတ် ခန့်အပ်ရေး ပြင်သစ် အစိုးရ ပယ်ဖျက်

 (ပဲရစ်၊ အောက်တိုဘာ ၁၂)

 လိင်တူစုံမက်သူ တစ်ဦးအား သံအမတ်ခန့်အပ်ရေး အစီအစဉ်ကို ပြင်သစ် အစိုးရမှ ပယ်ဖျက်လိုက်သည် ဟု ပြင်သစ်မီဒီယာ များကဆို သည်။

 ပြင်သစ်သမ္မတ ဖရန်ဆွာ ဟော်လန်ဒေးမှ ပုပ်ရဟန်း မင်း ကြီးစိုးစံ ရာဗာတီကန်နိုင်ငံ ဆိုင်ရာ ပြင်သစ်သံ အမတ်အဖြစ် အဆိုပါ လိင်တူ ချစ်သူအား အဆိုပြုထားမှု ကို ပယ်ဖျက်လိုက်ခြင်းဖြစ်သည်။
လောရင့်စတက်ဖင်နီ အမည် ရ သမ္မတ ၏နိုင်ငံရေးရာ ကျွမ်းကျင် သူ အကြံပေး ကက်သလစ်ခရစ် ယာန်တစ်ဦးအား အဆိုပြု ထားပြီးမှ ယင်းသို့ ပယ်ဖျက် လိုက်ခြင်းဖြစ်ရာ လိင်တူမေတ္တာရှင် အယူဝါဒကို မနှစ်မြို့သူ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အတွက် စိတ်သက်သာရာ ရဖွယ်ဖြစ်သည်။

လွန်ခဲ့သည့် ၉ လခန့် က တည်းက ဗာတီကန် နန်းတော်ထံ အဆိုပြုလွှာ တင်သွင်းခဲ့ခြင်းဖြစ်ရာ နန်းတော်မှ လက်ခံ မခံ အတိ အကျ အကြောင်း ပြန်ကြားခြင်း မရှိသဖြင့် ယခုကဲ့သို့ ဆုံးဖြတ်လိုက် ခြင်းဖြစ်ကြောင်း အေအက်ဖ်ပီ သတင်း တစ်ရပ်ကဆိုသည်။
အလီဆေး နန်းတော် ပြင်သစ် လွတ်မြောက်ရေးနေ့စဉ် အဆိုအရ ယင်းသို့ ပယ်ဖျက်လိုက်ခြင်းကြောင့် လောရင့် ၏ ဗာတီကန်သံ အမတ် ဖြစ်ရေးနိဋ္ဌိတံသွားပြီဖြစ်သည်။

လွန်ခဲ့သည့်လ ပုပ်ရဟန်းမင်း ကြီး၏ အမေရိကန်ခရီးစဉ်အတွင်း ၄င်းက လိင်တူ လက်ထပ်ရေး လိုင်စင် ထုတ်ပေးရန် ငြင်းပယ်မှု ကြောင့် အကျဉ်းကျ ခံနေရသူ ကင် တပ်ကီတရားရုံး စာရေးအား အကျဉ်း ထောင်သို့ သွားရောက်တွေ့ဆုံခဲ့ ရာ ရဟန်းမင်းကြီး ၏ လိင်တူဝါဒ အပေါ် မနှစ်ခြိုက်မှု ပိုမိုပေါ်လွင် လာခဲ့သည်ဟုဆိုသည်။
 ပြင်သစ်သံ အမတ်ကိစ္စနှင့် စပ်လျဉ်း၍ ဗာတီကန် နန်းတော် ပြောခွင့်ရက ”ရဟန်းမင်းကြီး အနေနဲ့ လိင်တူချစ်မှုရေးရာ ကို ကြောက်တာ မဟုတ်ပါဘူး။ သံ အမတ်ကိုငြင်းရခြင်း က လောက အလိုတော်အရပါ။ မင်းကြီးရဲ့အလို တော်အရ မဟုတ်ပါဘူး။ ပုဂ္ဂိုလ်ရေး မုန်းတာ တို့ဘာတို့လည်း မပါပါဘူး။ ဗာတီကန်နန်းတော် လက်မခံနိုင် တာက ၂ဝ၁၃ ပြင်သစ်လိင်တူ ထိမ်း မြားခြင်း ဥပဒေကိုပါ” ဟုဆိုသည်။

သံအမတ် လျာထားခံရသူ စတက်ဖင်နီမှာ ၂ဝဝ၁ နှင့် ၂ဝဝ၅ ခုနှစ်များအတွင်း ဗာတီကန် ဆိုင်ရာ ပြင်သစ်ဒုသံအမတ် အဖြစ် တာဝန် ထမ်းခဲ့ ဖူးသကဲ့သို့ ယင်းအား သံ အမတ်ကြီးအဖြစ် ခန့်အပ်မှု ကိုလည်း ပြင်သစ် ကက်သလစ် သာသနာ ပိုင်က ထောက်ခံ ခဲ့ပြီးဖြစ် သည်။ ကမ္ဘာပေါ်တွင် လိင်တူစုံမက်သူ အများဆုံးရှိရာနိုင်ငံမှာ နယ်သာလန် ဖြစ်ပြီး ယင်းနောက်တွင် သြစ တြေးလျ၊ ကနေဒါနှင့် ဒိန်းမတ် တို့ အသီးသီး ရှိကြသည်။

လိင်ပိုင်းဆိုင်ရာ စိတ်ကျေနပ်မှု ရရှိသွားတဲ့ မျက်နှာ အနေအထား ကို ဓါတ်ပုံ ရိုက်နိုင်မယ့် Selfie Stick ထွက်ပေါ်လာ 


အမျိုးသမီး အနုပညာရှင်တစ်ယောက်ဟာ အမျိုးသမီးတွေကို တစ်ယောက်ထဲ စိတ်ဖြေဖျောက်တဲ့အခါ လိင်ပိုင်းဆိုင်ရာ စိတ်ကျေနပ်မှု ရရှိသွားတဲ့ မျက်နှာ အနေအထား ကို ဓါတ်ပုံရိုက်ကူးနိုင်မယ့် Selfie Stick တစ်ခုကို တီထွင်ပြီး မိတ်ဆက်ပြသခဲ့ပါတယ်။

ဒီ Selfie Stick ဟာ တစ်ကယ်ပဲ ဈေးကွက်ထဲ ရောက်လာမှာလား ဆိုတာမသိရသေးပေမယ့်လည်း လူမှုကွန်ရက် အသုံးပြုသူတွေကတော့ စိတ်ဝင်စားသွားကြပြီး အမျိုးသမီး အချို့လည်း "သိပ်ကောင်းတဲ့အတွေး" ပဲလို့ သတ်မှတ်ခဲ့ကြပါတယ်။

လက်ရှိမှာတော့ ထို Selfie Stick ဟာ ၀က်ဘ်ဆိုက် တစ်ခု ၊ Twitter အကောင့် တစ်ခု နဲ့ YouTube စာမျက်နှာ တစ်ခုမှာပဲ ပြသ မိတ်ဆက်ထားတာဖြစ်ပြီး ဘယ်လို ၀ယ်ယူရမယ်ဆိုတဲ့ အသေးစိတ် ကိုတော့ မသိရှိသေးပါဘူး။

ဒီ Selfie Stick ရဲ့ ထူးခြားချက်ကတော့ အမျိုးသမီး တွေ ကိုယ့်ဘာသာကိုယ် စိတ်ဖြေဖျောက်တဲ့ ကိရိယာ နဲ့ တွဲဖက်ထားတဲ့အတွက် အချို့ကလည်း ဒီ Selfie Stick ကို အပြင်းအထန် ဝေဖန်ခဲ့ကြပါတယ်။ တစ်ချို့ကလည်း နည်းပညာ အမြင်နဲ့ သာကြည့်ဖို့ တိုက်တွန်းထားကြတာကို တွေ့ရပါတယ်။

ထို Selfie Stick ကို ထို အနုပညာရှင် အမျိုးသမီးက ဘယ်လို မိတ်ဆက်ပြသထားတယ်ဆိုတာကိုတော့ အောက်ပါ ဗီဒီယို မှာ ကြည့်ရှုနိုင်ပါတယ်။

Mario - သစ်ထူးလွင်
Ref : Mirror

အမျိုးသမီးတွေ လဲလျောင်းလျက်ရှိတဲ့ ပုံစံအနေအထား နဲ့ချစ်တင်းနှောခြင်းဟာ ကိုယ်ဝန်ရဖို့အခွင့်အလမ်းများစေ 

ချစ်တင်းနှောတဲ့ အကြောင်းကို ပြောမယ်ဆိုရင်တော့ လူတိုင်းမှာ သဘောကျတဲ့ ပုံစံအနေအထား(Position) တစ်ခုစီတော့ ရှိကြမှာပါ။ ဒါပေမယ့်လည်း ဘယ်လို ပုံစံအနေအထား (Position) က သင်တို့ကို ကိုယ်ဝန် ရဖို့ အဆင်ပြေစေမှာလဲ?

ခေတ်သစ်နေ့စဉ်ဘ၀တွေရဲ့ ဖိအားအရ အိမ်ထောင်ရှင် ဇနီးမောင်နှံတွေဟာ မိသားစု တစ်ခုဖြစ်လာဖို့ အစီအစဉ်ကိုတစ်ဖြည်းဖြည်း ချင်း အချိန် ဆွဲလာ ခဲ့ကြပါတယ်။ နောက်ဆုံး ရလဒ်တစ်ခုကတော့ ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ ခု ခန့်ဟာ မျိုးပွားခြင်းဆိုင်ရာ ပြဿနာ တွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ ပျမ်းမျှအားဖြင့်တော့ စုံတွဲ ၄ တွဲမှာ ၁ တွဲခန့်ဟာ ကလေး မရတဲ့ ပြဿနာတွေ ကြုံနေရပါတယ်။

သင့်ရဲ့ ကလေးရနိုင်မယ့် အခွင့်အရေးကို ပိုမိုကောင်းမွန်လာစေဖို့အတွက် သင်လုပ်နိုင်တာလေးတွေတော့ရှိပါတယ်။ အစားအသောက် ပိုမိုစားသုံးတာမျိုး ၊ အရက်သောက်ပြီး ကာမဆန္ဒ ရယူတာမျိုး ၊ ကဖိန်းမှီဝဲမှုကို လျှော့ချတာမျိုးတွေပေါ့။

ဒါပေမယ့်လည်း မျိုးပွားခြင်း ဆိုင်ရာ ကျွမ်းကျင်သူ တစ်ယောက်ဖြစ်တဲ့ ဒေါက်တာ Marilyn Glenville က ပြောတာတော့ စုံတွဲတွေရဲ့ ချစ်တင်းနှောတဲ့ ပုံစံအနေအထားနဲ့ ချစ်တင်းနှောအပြီးမှာ ရှိနေတဲ့ ပုံစံအနေအထားတို့ဟာ ကိုယ်ဝန်ရစေဖို့အတွက် အထောက်အကူဖြစ်စေတယ်ဆိုတာပါပဲ။

သူမပြောခဲ့တဲ့အကြောင်းအရာကတော့ အမျိုးသားရဲ့ သုတ်ပိုး(Sperm) ဟာ အမျိုးသမီး အင်္ဂါအတွင်းကနေ သားအိမ်ပြွန်အတွင်းဝင်ရောက်နိုင်မှ ကိုယ်ဝန်ရမှာ ဖြစ်တဲ့အတွက် အမျိုးသမီးတွေ လဲလျောင်းလျက်ရှိတဲ့ ပုံစံအနေအထား ဟာ ကိုယ်ဝန် ရယူဖို့အကောင်းဆုံးဖြစ်ပါတယ်တဲ့။ "အမျိုးသားတွေ အပေါ်စီးကနေတဲ့ ပုံစံအနေအထားဟာ အမျိုးသမီးတစ်ယောက်ကိုယ်ဝန်ရှိလာစေဖို့ အကောင်းဆုံးအခွင့်အရေးပါပဲ" လို့ သူမက DailyMail သတင်းဌာနကို ပြောပြခဲ့ပါတယ်။

ဒါပေမယ့် သူမက သတိပေးပြောပြခဲ့တာကတော့ ဒီ သီအိုရီ ကို သက်သေပြနိုင်ဖို့တော့ သိပ္ပံနည်းကျလေ့လာထားမှုတွေမရှိပါဘူးတဲ့။ "အချိုးကျတွက်ချက်ကြည့်မယ်ဆိုရင် အဲဒီ ပုံစံအနေအထားဟာ အမျိုးသား ရဲ့ သုတ်ပိုးကို အမျိုးသမီးရဲ့ သားအိမ်အ၀အထိ ရောက်သွားနိုင်စေပါတယ်" လို့ ဒေါက်တာ Glenville က ဆိုပါတယ်။

အမျိုးသမီက အထက်စီးကနေတဲ့ ပုံစံအနေအထားနဲ့ အမျိုးသားက အမျိုးသမီးနောက်မှာရှိနေတဲ့ ပုံစံအနေအထားတို့ကတော့ အမျိုးသမီးရဲ့ သားအိမ်ပြွန်အတွင်း သုတ်ပိုးဝင်ရောက်ဖို့ခဲယဉ်းစေတယ်လို့လည်း သူမရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဒါ့အပြင် အိမ်ထောင်ရေးသုခလို့ ဆိုကြတဲ့ အမျိုးသား ရော အမျိုးသမီးပါ ချစ်တင်းနှောခြင်းမှာ စိတ်ကျေနပ်မှု ရရှိကာ ပြီးမြောက်ခြင်းဟာလည်း အရေးကြီးတယ်လို့ သူမကဆိုပါတယ်။

အမျိုးသမီး ရဲ့ စိတ်ကျေနပ်မှု ရရှိခြင်းဟာ ပြီးပြည့်စုံတဲ့ လေဟာနယ်တစ်ခုကို ဖြစ်ပေါ်စေပြီး အမျိုးသမီး အင်္ဂါအတွင်း ၀င်ရောက်လာတဲ့ သုတ်ပိုးတွေကို သားအိမ်ဝအထိ စုပ်ယူနိုင်စွမ်းရှိသွားစေတယ်လို့ ဒေါက်တာ Glenville က ထည့်သွင်းရှင်းပြခဲ့ပါတယ်။

Mario - သစ်ထူးလွင်
Ref : Dailymail


အမေရိကမှာ ခေတ်စားနေတဲ့ လေထုထဲမှာလိင်ဆက်ဆံ ရတဲ့ ကစားနည်း (သို့) Air Sex 

 
Air Sex ဆိုတဲ့ ထူးဆန်းတဲ့ အားကစားတစ်မျိုးဟာ အမေရိက မှာ ခေတ်စားနေပါတယ်။ ဒါပေမယ့် အဲဒီ အားကစားနည်းမှာ ဘာတွေပါဝင်နေပါသလဲ?

လေထုထဲမှာ လိင်ဆက်ဆံခြင်းလို့ အဓိပ္ပာယ်ရတဲ့ Air Sex ရဲ့ အခြေခံ စည်းမျဉ်းတွေကတော့ စင်မြင့်ပေါ်ကို တက်လာပြီး လေထဲမှာ လိင်ဆက်ဆံ ပြရတာ ဖြစ်ပါတယ်။စင်အောက်ကနေ ပရိတ်သတ်တွေကတော့ ထို လေထုထဲက လိင်ဆက်ဆံမှု ကိုကြည့်နေမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပြိုင်ပွဲဝင်သူဟာ စင်ပေါ်မှာ အ၀တ်အစားတွေ ချွတ်ထားစရာ မလိုပါဘူး။ ထို အားကစားနည်းကိုတော့ ဂျပန် နိုင်ငံမှာ စတင်တည်ထွင်ခဲ့တာ ဖြစ်တယ်လို့ သိရပြီး အမျိုးသားဖြစ်စေ ၊ အမျိုးသမီး ဖြစ်စေ ကိုယ်နဲ့ လိင်ဆက်ဆံမယ့် ပါတနာ မရှိပဲ လေထဲမှာ ပဲ လိင်ဆက်ဆံနေတဲ့ ပုံကို လုပ်ပြရမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲဝင်နေစဉ်မှာတော့ ဂီတ သံစဉ်တွေနဲ့ ပံ့ပိုးပေးထားမှာ ဖြစ်ပြီး လှုပ်ရှားမှုတွေ ၊ Position တွေနဲ့ မျက်နှာအနေအထားတွေကိုတော့ လိုတာထပ်ပိုပြီး သဘာဝ ဆန်အောင် ချဲ့ကားဖန်တီးရမှာပါ။

Air Sex အားကစားနည်းဟာ အမေရိက မှာတော့ ၂၀၀၇ ခုနှစ်က စတင် ရေပန်းစားလာခဲ့တာဖြစ်ပြီး တစ်လကို ၂ ကြိမ် နှုန်းလောက်နဲ့ တက္ကဆက်ပြည်နယ် ၊ Austin မြို့က Alamo Drafthouse ဆိုတဲ့ခန်းမ မှာ ကျင်းပလေ့ရှိပါတယ်။ အမေရိက နိုင်ငံ တစ်ဝှမ်းမှာရှိတဲ့ ပြိုင်ပွဲဝင် အယောက် ၃၀ ၊ ၄၀ ခန့်ကတော့ ပြိုင်ပွဲကျင်းပ တိုင်းမှာ ပါဝင်ယှဉ်ပြိုင်လေ့ရှိကြပါတယ်။

ထို ပြိုင်ပွဲမှာတော့ အသက် ၃၄ နှစ်အရွယ် ဟာသ သရုပ်ဆောင် Chris Trew က အစီအစဉ်ကြေညာသူ အဖြစ် ပုံမှန် ဆောင်ရွက်ပြီး အခုလည်းထို ပြိုင်ပွဲကို Air Sex - The Movie ဆိုတဲ့ နာမည်နဲ့ပဲ မှတ်တမ်းရုပ်ရှင် တစ်ခု ဖန်တီးထုတ်လုပ်သွားဦးမယ်လို့ သိရပါတယ်။

"တစ်ကမ္ဘာလုံးက လိင်ဆက်ဆံတာနဲ့ပတ်သက်ရင် Serious ဖြစ်တတ်ကြပါတယ်။ဒါကြောင့်ပဲ ငါတို့ဟာ ဒီပွဲအတွင်းမှာ လုပ်ခဲ့တာကို ကျေနပ်နေကြတာပါ။ ငါတို့ဟာလည်း လိင်ဆက်ဆံခြင်းကို ထူးဆန်းတယ် ၊ အနှောင့်အယှက်ဖြစ်တယ် ၊ ရယ်ရတယ် လို့ သတ်မှတ်ပြီး ငါတို့ရဲ့ ရယ်စရာ ပြိုင်ပွဲအတွင်းမှာ ဖန်တီးမှု တွေကို လုပ်နိုင်ခဲ့တာပါ" လို့ Chris က ဆိုပါတယ်။

Chris ရဲ့ ပြောကြားချက်အရတော့ သူ့အနေနဲ့ ဒီပြိုင်ပွဲမှာ လာရောက်ယှဉ်ပြိုင်ခဲ့သူတွေနဲ့ တစ်ခါမှ လိင်ဆက်ဆံခဲ့ခြင်း မရှိပေမယ့် ပြိုင်ပွဲဝင် အချို့ကတော့ ပြိုင်ပွဲဝင်ပြီးတဲ့အခါမှာ ရည်းစားတွေ ဖြစ်သွားကြတာ ရှိသလို ၊ လက်ထပ်လိုက်ကြတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

Mario - သစ်ထူးလွင်
Ref : Mirror


 

No comments: