Tuesday, November 4, 2014

ခရီးသွားတော့မယ်ဆိုရင် ရှောင်ရန်၊ ဆောင်ရန်များ



အထူးသဖြင့် ခရီးဝေးသွားတော့ မယ်ဆိုရင်တော့ သတိထားဖို့ လိုပါတယ်။ မိမိအနေနဲ့ ခဏခဏ ခရီမသွားတဲ့ သူဆိုရင်တော့ ပိုမိုပြီးတော့ ဂရုစိုက် သင့်ပါတယ်။

(၁) သံပုရာသီးဆောင်ပါ

သံပုရာသီးဟာ အမူးအမော ပြေစေရုံသာမကဘဲ တစ်ခြားသော ဘေးအန္တရာယ် အတွက်လည်း ကောင်းမွန်စေပါတယ်။ ဥပမာ - ကားစီးလို့ မူးတာ အန်တာ ဖြစ်တာနဲ့ သံပုရာသီးကို ချက်ချင်းပဲ ရှုရှိုက်လိုက်ပါ။ နောက်တစ်နည်း သံပုရာသီးဖြင့် နဖူးစတဲ့ နေရာတွေကို ပွတ်နိုင်ပါတယ်။

(၂) အလွယ်တကူ စားလို့ရမယ့် မုန့်တစ်ခုခုဆောင်ထားပါ

မိမိက အစားအစာတိုင်းကို မကြိုက်တတ်ဘူး ဒါမှမဟုတ် အစားရှောင်တတ်တဲ့ သူတွေရင် ခရီးဆောင် အိတ်ထဲမှ ပေါင်မုန့်ကဲ့သို့ အလွယ်တကူ စားနိုင်မယ့် အစားအစာတွေကို သယ်သွားဖို့ မမေ့ပါနဲ့။

(၃) ဆေးဝါးများဆောင်ထားပါ

အကြောင်းတစ်ခုခုကြောင့် ထိမိခိုက် မိတာ ဖြစ်ဖြစ် ၊ နေမကောင်း ဖြစ်တာ ဖြစ်ဖြစ် အဲအတွက်ဆေးဝါးများ ဆောင်ထား ခြင်းဖြင့် မိမိ အတွက်လည်း ကောင်းသလို တစ်ခြားသူ အခက်အခဲ ကိုလည်း ကူညီနိုင် ပါလိမ့်မယ်။

(၄) ဝမ်းပျက်စေနိုင်သော အစာအသောက်များ ရှောင်ပါ

ခရီးသွားတော့မယ်ဆိုရင် ဝမ်းပျက်စေနိုင်သော အစားအစာများကို မစားပါနဲ့။ တစ်ချို့ဒေသ တွေမှ အလွယ်တကူ အပေါ့အပါး သွားနိုင်သလို တစ်ချို့ဒေသ တွေကြတော့ အခက်အခဲတွေ ရှိလို့ပါ။

(၅) ဖုန်းဘတ္တရီအပိုထည့်ဖို့ မမေ့ပါနဲ့

ဖုန်းဟာ မိမိအတွက် အရေးကြီးပါတယ်။ အကြောင်းကြောင်းကြောင့် အရေးကြီး ကိစ္စရှိရင် အားကုန် သွားပါက ဒုက္ခရောက်ပါလိမ့်မယ်။ ဒါကြောင့် ဖုန်းဘတ္တရီ အပိုဖြစ်ဖြစ် ပါဝါပန့်ခ် ဖြစ်ဖြစ် ဆောင်ထားစေချင် ပါတယ်။ တစ်ချို့ဒေသ များက လျှပ်စစ် အလွယ် တကူ မရနိုင်လို့ပါ။

(၆) ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံအကုန်ထည့်မထားပါနဲ့

ဒီအချက် ကလည်း လိုအပ်ပါတယ်။ တစ်ခါတစ်လေ ပိုက်ဆံအိတ် ကျပျောက်တာ ဖြစ်ဖြစ် ခါးပိုက်နိုက်ခံရတာ ဖြစ်ဖြစ် ငွေလိုအပ်ရင် သုံးနိုင်အောင် ပိုက်ဆံကို ခွဲထည့်ထားပါ။

(၇) ရွှေများနှင့် လက်ဝတ်ရတနာများ မဝတ်ဆင်ပါနဲ့

လုံးလုံး မဝတ်နဲ့လို့ ပြောတာမဟုတ်ပါဘူး။ တစ်ခါတစ်လေ ထိုလက်ဝတ် ရတနာတွေက မိမိကိုယ် ဒုက္ခပေးတတ်လို့ပါ။

ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com

No comments: