Friday, November 14, 2014

မျှော်လိုက်တိုင်းမဝေးစေဖို့ ကွက်လပ်ဖြည့်ရမည့် ဟံသာဝတီလေဆိပ်စီမံကိန်း



မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို မျှော်လင့်လိုက်မိတိုင်း''ရွှေပြည် တော် မျှော်တိုင်းဝေး''ဆိုတဲ့ ရှေးခေတ်စာဆို တော်တွေရဲ့ ဆိုစကားလေးတစ်ခုကို ပြန်လည် ကြားယောင် မိသည်။

ဟုတ်ပါသည်။ မြန်မာနိုင်ငံ၏ စီးပွားရေး အခင်းအကျင်းသစ်မှာ ဖွံ့ဖြိုးတိုးတက်ရေးအ တွက် လုပ်ဆောင်သမျှ ပန်းတိုင်ရောက်ဖို့ဝေး နေဦးမည်လား၊ သို့တည်းမဟုတ် ပျက်သုဉ်း သွားမည်လား။ ယခုလိုအခြေအနေမျိုးတွင် ပြည်သူလူထုအပါအဝင် နိုင်ငံတကာက မေး ခွန်းပေါင်းများစွာဖြင့် စောင့်ကြည့်နေသည်မှာ အမှန်ပင် ဖြစ်သည်။
ရွှေပြည်တော် မျှော်တိုင်းမဝေးစေဖို့ အဘက်ဘက်မှ ထောင့်ပေါင်းစုံက လိုအပ်ချက် များကို ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်သည်မှာ လည်း အမှန်ပင်ဖြစ်သည်။

ယခုဆိုလျှင်လည်း နိုင်ငံတကာနှင့် ရင် ပေါင်တန်းနိုင်ရန်ရည်ရွယ်ပြီး အပြည်ပြည်ဆိုင် ရာ ဟံသာဝတီလေဆိပ်ကြီး ဆောက်လုပ်ရန် တင်ဒါခေါ်ဆိုမှုများ အဆင့်ဆင့်လုပ်ဆောင် ပြီး တင်ဒါအောင်သည့် ကုမ္ပဏီကိုလည်း ကြေ ညာပြီးဖြစ်သည်။

ယင်းသို့ တင်ဒါခေါ်ယူရာတွင်လည်း တင်ဒါရွေးချယ်မှုကို နှစ်နှစ်ကြာ အချိန်ယူခဲ့ရ ပြီး တင်ဒါအောင်ကုမ္ပဏီကိုလည်း နှစ်ကြိမ် တိုင်တိုင် ပြန်လည်ရွေးချယ်ခဲ့ရသည်။

စီမံကိန်း၏ ပထမခြေလှမ်း
*******************************
ဟံသာဝတီလေဆိပ်စီမံကိန်းအတွက် ၂ဝ၁၂ခုနှစ် ဇူလိုင်လကစတင်၍ တင်ဒါခေါ် ယူခဲ့ရာ နိုင်ငံတကာမှ အဖွဲ့ ၃ဝက တင်ဒါ တင်ခဲ့ပြီး တင်ဒါအောင်မြင်သောအဖွဲ့ ခုနစ်ဖွဲ့ ရှိခဲ့ကြောင်း၊ အဆိုပါ ခုနစ်ဖွဲ့ထဲမှ အင်ချွန်း Incheon Airport Consortium နှင့် ယွန်နန် (Yongnam CAPE- JGC- Consortium) အဖွဲ့များက တင်ဒါအောင်မြင်ခဲ့ကြောင်း လေ ကြောင်းညွှန်ကြားမှု ဦးစီးဌာနက ၂ဝ၁၃ခုနှစ် သြဂုတ်လက တရားဝင်ကြေညာခဲ့သည်။

သို့သော်လည်း အင်ချွန်းအဖွဲ့၏ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ထိန်းချုပ်ရန် တောင်းဆိုမှု၊ ငွေကြေးအာမခံချက်ပေးရန် တောင်းဆိုမှုတို့ကြောင့် တင်ဒါလိုလားချက်များ ကွဲလွဲခဲ့သဖြင့် တင်ဒါအောင်မြင်ခဲ့သည့် နှစ်ဖွဲ့ ကို ပြန်လည်စိစစ်ရွေးချယ်ခဲ့ရာမှ ယွန်နန် (Yongnam CAPE- JGC- Consortium) အဖွဲ့ကို တင်ဒါအောင်မြင်သည့်ကုမ္ပဏီအဖြစ် အောက်တိုဘာ ၂၉ရက်တွင် လေကြောင်းညွှန် ကြားမှုဦးစီးဌာနက တရားဝင်ကြေညာသည်။

ယင်းစီမံကိန်းတန်ဖိုးကို အမေရိကန် ဒေါ်လာ ၁၄၄၅သန်းသတ်မှတ်ထားပြီး ဂျပန် အစိုးရထံမှ အမေရိကန်ဒေါ်လာ ၇ဝ၆သန်း JICA ၏ PSLF Muti Doner များမှ ချေး ယူငွေ အမေရိကန်ဒေါ်လာ ၅၁၇သန်းနှင့် ၄င်းတို့၏ ကိုယ်ပိုင် ရင်းနှီးမြှုပ်နှံငွေ အမေရိ ကန်ဒေါ်လာ ၂၂၂သန်းတို့ဖြင့် စီမံကိန်းကို အကောင် အထည်ဖော် ဆောင်ရွက်သွားမည် ဟု လေကြောင်းညွှန်ကြားမှု ဦးစီးဌာနက တရား ဝင် ကြေညာခဲ့ခြင်းဖြစ်သည်။

''ODA ချေးငွေအတွက် ဂျပန်အစိုးရဆီ ကနေ မြန်မာအစိုးရက အာမခံပြီး အတိုးနှုန်း ၃ဒသမ၅ရာခိုင်နှုန်း သို့မဟုတ် လေးရာခိုင်နှုန်း ဖြင့် ချေးပေးရမယ်။ အဲဒီအတွက်လဲ မြန်မာ နိုင်ငံရဲ့ တခြားစီမံကိန်းတွေကို မထိခိုက်နိုင်ပါ ဘူး''ဟု လေကြောင်းညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြော သည်။

ယင်းသို့တင်ဒါခေါ်ယူမှုတွင် တင်ဒါလို လားချက်များကွဲလွဲခဲ့သဖြင့် ဟံသာဝတီလေဆိပ် စီမံကိန်း ရပ်တန့်သွားမည်လား။ သို့တည်းမဟုတ် အစိုးရဘတ်ဂျက်ဖြင့် လုပ်ဆောင်သွားမည်လား ဟူသည့် မေးခွန်းများဖြင့် စီမံကိန်းစတင်ရန် တင်ဒါခေါ်ယူသည့် အခြေအနေတစ်ရပ်မှာပင် အခက်အခဲကြုံတွေ့ခဲ့ရသည်။

သို့သော်လည်း အစိုးရဘက်မှ ဖြေလျှော့ မှု၊ လိုက်လျောမှုများဖြင့် တင်ဒါနောက်တစ်ကြိမ် ပြန်လည်စိစစ်ရွေးချယ်နိုင်ခဲ့ပြီး ရွှေပြည်တော် မျှော်တိုင်းမဝေးဖို့ ပထမခြေလှမ်းကို လှမ်း တက်နိုင်ခဲ့ပြီဖြစ်သည်။

ဘယ်လိုစတင်မလဲ
*********************
စီမံကိန်းအတွက် တင်ဒါကို အောင်မြင် စွာ ရွေးချယ်ခဲ့ပြီးဖြစ်သော်လည်း စီမံကိန်း စတင်ရန်အတွက် တင်ဒါအောင်ကုမ္ပဏီနှင့် လေကြောင်းညွှန်ကြားမှု ဦးစီးဌာနတို့ အသေး စိတ်ညှိနှိုင်းချက်များ လုပ်ဆောင်ရဦးမည်ဖြစ် သည်။

''အခုဒီလထဲမှာ လေဆိပ်လုပ်ငန်းလုပ်ဖို့ ဥပဒေအကြောင်းအရာတွေ၊ ဒီဇိုင်းတွေ၊ မြေ စမ်းတာတွေ၊ ဘဏ္ဍာရေး၊ ချေးငွေတွေနဲ့ လုပ် ငန်းအတွက် တစ်နှစ် ဘယ်လောက်သုံးမယ်ဆို တာတွေကို အသေးစိတ်ဆွေးနွေးမယ်။ နောက် ထပ် လေယာဉ်ကွင်းမှာ ဘာတွေလုပ်မယ်၊ ဘယ်လိုလုပ်မယ်ဆိုတဲ့ အသေးစိတ်ကို ဒီဇင် ဘာလမှာ ထပ်ဆွေးနွေးမယ်''ဟု လေယာဉ် ကွင်း စံချိန်စံညွှန်းပုံ ထုတ်လုပ်မှုဌာနမှ ညွှန်ကြား ရေးမှူး ဦးကျော်စိုးက ပြောသည်။

၂ဝ၁၅ခုနှစ် ဇန်နဝါရီလတွင် တင်ဒါ အောင် ကုမ္ပဏီနှင့် Frame Agreement အ ပြီးသတ် စာချုပ်ချုပ်ဆိုနိုင်မည်ဟု မျှော်မှန်း ကြောင်း၊ ယင်းစာချုပ်ချုပ်ဆိုပြီးပါက ဖေဖော် ဝါရီလတွင် MIC သို့ လုပ်ငန်းဆောင်ရွက်ရန် တင်မည်ဖြစ်ပြီး ၂ဝ၁၅ ပွင့်လင်းရာသီတွင် လုပ်ငန်းများ စတင်နိုင်မည်ဟု မျှော်မှန်းထား ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

ယင်းစီမံကိန်းအတွက် ကုမ္ပဏီဖွဲ့ခြင်း၊ ဝန်ကြီးရုံးတင်ပြခြင်း၊ MIC သို့ တင်ပြခြင်းများ ဆောင်ရွက်၍ တည်ဆောက်မှုကို လေးနှစ် ကြာပြုလုပ်မည်ဖြစ်ကာ လေဆိပ်လုပ်ငန်းများ ကို ၂ဝ၂ဝပြည့်နှစ်တွင် စတင်နိုင်မည်ဟုမျှော် မှန်းထားကြောင်း၊ တစ်နှစ်လျှင် ခရီးသွား ၁၂ သန်း ဝင်ထွက်နိုင်သည့် အပြည်ပြည်ဆိုင်ရာ လေဆိပ်အဖြစ် တည်ဆောက်သွားမည် ဖြစ် ကြောင်း လေကြောင်းညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြော သည်။

အပြည်ပြည်ဆိုင်ရာလေဆိပ်ပီသသည့် လေဆိပ်တစ်ခုဖြစ်ရန် လိုအပ်
မြန်မာနိုင်ငံသည် နိုင်ငံတကာထွက်ပေါက် ဖြစ်ရန်အတွက် Transit ရှိရမည်ဖြစ်သည်။ သို့သော်လည်း လက်ရှိမြန်မာနိုင်ငံ၏ အပြည် ပြည်ဆိုင်ရာလေဆိပ်များသည် Transit မရှိ သည့်အတွက် အပြည်ပြည်ဆိုင်ရာလေဆိပ် မပီသသေးကြောင်း၊ နိုင်ငံတကာသို့ တိုက်ရိုက် ပြေးဆွဲမှုများမရှိသေးဘဲ ထိုင်းနိုင်ငံ၊ မလေးရှား နိုင်ငံတို့မှတစ်ဆင့် နိုင်ငံတကာသို့ သွားရောက် နေကြောင်း၊ ထို့ကြောင့်လည်း ဟံသာဝတီလေ ဆိပ်ကို အပြည်ပြည်ဆိုင်ရာလေဆိပ်အဖြစ် ဆောက်လုပ်မည်ဆိုပါက Transit ထားရှိရန် လိုအပ်ကြောင်း လေကြောင်းလိုင်း အသိုင်းအ ဝိုင်းက ပြောဆိုသည်။

''ဟံသာဝတီလေဆိပ်စီမံကိန်းက ငါးနှစ် စီမံကိန်းဖြစ်တယ်။ ဒီကြားထဲမှာ Election ကလဲ ရှိသေးတယ်။ အဲဒါပြီးရင်တော့ အခြေ အနေတွေ ပြောင်းလဲသွားနိုင်တယ်။ တကယ့် ကို နိုင်ငံတကာလေဆိပ်ကြီးဖြစ်လာဖို့ဆိုတာ နိုင်ငံရေး၊ စီးပွားရေးအပေါ် မူတည်တယ်လေ။ နောက်နှစ်ဆို ဥရောပဘက်က လေကြောင်း လိုင်းတွေဝင်လာတော့မယ်။ ဒီမှာက နိုင်ငံတ ကာထွက်ပေါက် (Gate Way) မဖြစ်သေးဘူး။ လက်ရှိမှာလဲ နိုင်ငံတကာကစောင့်ကြည့်နေတဲ့ အဆင့်ပဲရှိသေးတယ်''ဟု EVA Airlin မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ဘယ်လိုချိတ်ဆက်မလဲ
ဟံသာဝတီလေဆိပ်ကို အပြည်ပြည်ဆိုင် ရာလေဆိပ်အဖြစ် အသုံးပြုသွားမည်ဖြစ်သော် လည်း ရန်ကုန်လေဆိပ်ကို အပြည်ပြည်ဆိုင်ရာ လေဆိပ်အဖြစ် ဆက်လက်ထားရှိသွားမည်ဖြစ် ကြောင်း လေကြောင်းညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြော သည်။

''ဟံသာဝတီလေဆိပ်ကို ပုံမှန်ခရီးစဉ် ပျံသန်းနေတဲ့ ပြည်ပလေကြောင်း လိုင်းတွေပဲ ရွှေ့မှာပါ။ ပြည်ပကလာတဲ့ စင်းလုံးငှား လေ ယာဉ်တွေ၊ ပြည်တွင်းလေကြောင်းလိုင်းတွေ၊ နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်တွေရဲ့ လေ ယာဉ်တွေ အသုံးပြုနေဦးမှာဖြစ်လို့ အပြည် ပြည်ဆိုင်ရာလေဆိပ်အဖြစ် ဆက်ထားမှာပါ'' ဟု ၄င်းက ရှင်းပြသည်။

ဟံသာဝတီလေဆိပ်စီမံကိန်း ဆောက် လုပ်နေစဉ်အတွင်း ရန်ကုန် အပြည်ပြည်ဆိုင် ရာလေဆိပ်တွင် နိုင်ငံတကာလေကြောင်း လိုင်းများ ဆင်းသက်ပျံသန်းနေမည်ဖြစ်ပြီး စီမံကိန်းပြီးစီးမှသာ ယင်းပြည်ပလေကြောင်း လိုင်းများကို ပြောင်းရွှေ့မည်ဖြစ်ကြောင်း ယင်း ဌာနက တရားဝင်ထုတ်ပြန်ထားသည်။

ယခုလက်ရှိတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်စီမံကိန်းကို တင်ဒါအောင်မြင် ခဲ့သော Pioneer Aerodrome Services အဖွဲ့က တစ်နှစ်လျှင် ခရီးသည် ခြောက်သန်း ဆံ့သော လေဆိပ်အဖြစ် ပြန်လည်ပြင်ဆင် တည်ဆောက်လျက်ရှိသည်။

''မြန်မာနိုင်ငံကို လာလည်တဲ့ ခရီးသွား တွေအနေနဲ့ ပြည်တွင်းကို လည်ပတ်ရမှာဆို တော့ ပြည်တွင်းလေကြောင်းလိုင်းတွေရှိတဲ့ ရန်ကုန်လေဆိပ်ကိုသွားဖို့ လိုလာပြီလေ။ အဲဒီ အတွက် ဟံသာဝတီလေဆိပ်နဲ့ ရန်ကုန်လေ ဆိပ်က မိုင် ၅ဝ လောက်ကွာတယ်။ ကားနဲ့ ပုံမှန်သွားရင် နှစ်နာရီလောက်ကြာတယ်။ ပြီး ရင် ယာဉ်ကြောပိတ်မှာနဲ့ဆိုတော့ နှစ်နာရီခွဲ လောက်အချိန်ပေးမှရမှာ။ အဲဒီအတွက် ဘယ် လိုပြင်ဆင်မှာလဲ။ လမ်းကြောင်းတွေ စီစဉ်ပေး ရမယ်။ ကားတွေ စီစဉ်ပေးရမယ်လေ''ဟု ခရီး သွားလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။

ဥပမာအားဖြင့် နယူးယောက်၊ ဘန် ကောက်နှင့် ကိုရီးယားတို့တွင်လည်း ထိုကဲ့သို့ နိုင်ငံတကာလေဆိပ်နှင့် ပြည်တွင်းလေဆိပ် ကို ချိတ်ဆက် အသုံးပြုမှုများရှိကြောင်း၊ ယင်း သို့ ချိတ်ဆက်နိုင်ရန်လည်း လေဆိပ်တစ်ခုနှင့် တစ်ခု အကူးအပြောင်းအတွက် မြေအောက် ရထားများ၊ Express Train နှင့် Express ကားများ စီစဉ်ထားရှိကြောင်း ၄င်းကနိုင်ငံတ ကာနှင့် နှိုင်းယှဉ်ပြောဆိုသည်။

ကုန်ကျစရိတ် ပိုလာနိုင်
**************************
ဟံသာဝတီလေဆိပ်စီမံကိန်းကြီး ပြီးစီး ပါက နိုင်ငံတကာလေကြောင်းလိုင်းများ ပြောင်း ရွှေ့ရမည်ဖြစ်သည်။

ခရီးသွားများအနေဖြင့်လည်း ၄င်းတို့၏သွားလာရေးအတွက် ခရီးစရိတ်ပိုမိုကုန်ကျမည် ဖြစ်သကဲ့သို့ လေကြောင်းလိုင်းများကလည်း ¤င်းတို့၏ဝန်ထမ်းသွားလာရေးစရိတ်၊ အထွေ ထွေစရိတ်များကြောင့် လေယာဉ်ခနှုန်းထား များလည်း ပိုလာနိုင်ကြောင်း ပြည်ပလေ ကြောင်းလိုင်း ကုမ္ပဏီများက သုံးသပ်ကြသည်။

''မလေးရှားတို့၊ ဘန်ကောက်တို့ကနေ ညပိုင်းမှဆိုက်တဲ့ Flight တွေရှိတယ်။ ဒါပေမဲ့ ဒီမှာက ပြည်တွင်းလေဆိပ်တွေကို ညပိုင်းသွား တဲ့ Flight မရှိဘူးလေ။ ရန်ကုန်မှာ တစ်ည တည်းရမှာပဲ။ အဲဒီအတွက် ခရီးသွားတွေအ တွက် ဟိုတယ်ခတွေထပ်ကုန်မယ်''ဟု ၄င်းတို့ က တညီတညွတ်တည်း ပြောသည်။

လေကြောင်းလိုင်းအားလုံး ဟံသာဝတီ လေဆိပ်ပြီးစီးပါက ပြောင်းရွှေ့ရမည်ဟု ကြား သိရပြီး လေယာဉ်များကို ရန်ကုန်လေဆိပ်တွင် ညအိပ် အခြေပြုခွင့်ပေးမည်ဟုလည်း ကြားသိ ရသော်လည်း လေကြောင်းညွှန်ကြားမှု ဦးစီး ဌာနက တိတိကျကျ ထုတ်ပြန်မှုမရှိသေး ကြောင်း၊ အကယ်၍ လေယာဉ်များ ရန်ကုန် တွင် ညအိပ်အခြေပြုပြီး ဟံသာဝတီလေဆိပ် တွင် လေကြောင်းလိုင်း သွားပြေးဆွဲရမည်ဆိုပါက ယင်းလေဆိပ်နှစ်ခုကြား အသွားအပြန် အတွက် လေယာဉ်ဆီဖိုး ငါးသိန်းခန့်ကုန် ကျမည်ဖြစ်ကြောင်း မြန်မာ့လေကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဘက်ဘက်ကစဉ်းစားပြီး ပြင်ဆင်သင့်သည်
***************************************************
ထို့အတွက် ရန်ကုန်မှ သွားမည့် လေ ကြောင်းဝန်ထမ်းများ၏ သွားလာရေး၊ နိုင်ငံ တကာလေကြောင်းလိုင်းများဖြင့် ခရီးသွား မည့် ပြည်သူများသွားလာရေးအတွက် နိုင်ငံ တကာက ဆောင်ရွက်ပေးသကဲ့သို့ မြေအောက် ရထားများ၊ Express Train နှင့် Express ကားများ စီစဉ်ထားရှိရန် လိုအပ်ပေသည်။

''တချို့နိုင်ငံတွေမှာ လေဆိပ်က မြို့နဲ့ဝေး ပေမယ့် လေဆိပ်မှာ ကိုယ်သွားမယ့် Terminal ထိ အမြန်ရထားတွေရှိတယ်။ ရန်ကုန်ကနေလာ မယ့် လူထုအတွက်ရော ရန်ကုန်ကိုသွားမယ့် လူထုအတွက်လဲ စဉ်းစားသင့်တယ်လေ။ နာရီ ဝက် တစ်ခါလောက် ပြေးပေးနိုင်တဲ့ အချိန်မှန် ထွက်နိုင်တဲ့ ရထားတွေလိုအပ်တယ်။ ပြီးတော့ ယာဉ်ကြောပိတ်ဆို့မှုမရှိအောင် လမ်းတွေ ထပ်ချဲ့သင့်တယ်၊ ထပ်ဖောက်သင့်တယ်''ဟု မြန်မာ့လေကြောင်းမှ တာဝန်ရှိသူက သုံးသပ် ပြောဆိုသည်။

ဟံသာဝတီလေဆိပ်နှင့် ရန်ကုန်လေဆိပ် ကို ချိတ်ဆက် အသုံးပြုမည်ဆိုပါကလည်း Link ကောင်းရန် လိုအပ်ကြောင်း၊ ဥပမာ- လေဆိပ်တစ်ခုမှ နောက်ထပ်လေဆိပ်တစ်ခုသို့ လေယာဉ်ရွှေ့ပြောင်းစီးနိုင်ရန် အချိန်သတ်မှတ် ချက်များ ထားရှိရန်လိုကြောင်း၊ ဥပမာအနေ ဖြင့် ဘန်ကောက်နှင့် LA တို့တွင် လေဆိပ် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နိုင်မည့် အချိန်သတ် မှတ်ချက်များကို ၄င်းတို့၏စံနှုန်းအတိုင်း သတ် မှတ်ထားကြောင်းကို EVA Airline မှ တာ ဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

၁၉၉၄ခုနှစ် ဖေဖော်ဝါရီ ၈ရက်ကပြုလုပ် သော အထူးစီမံကိန်းများ အကောင်အထည် ဖော်ရေးအဖွဲ့က ဟံသာဝတီလေဆိပ်စီမံကိန်း အကောင်အထည်ဖော်ရန်ဆုံးဖြတ်ခဲ့ပြီး ရန်ကုန် လေဆိပ်၏ လေယာဉ် အတက်အဆင်းထိခိုက် မှုမရှိနိုင်သည့်နေရာ ၁ဝနေရာကို ရှာဖွေခဲ့ရာမှ ရန်ကုန်မြို့နှင့် မိုင် ၅ဝ ကွာဝေးသော ပဲခူးမြို့ အရှေ့ဘက် ကျောက်တိုင်ကန်ကျေးရွာအနီးရှိ ဂျပန်ခေတ် လေယာဉ်ကွင်းဟောင်းနေရာကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် နိုင်ငံတကာထွက်ပေါက် ဖြစ်လာနိုင်မည့် အပြည်ပြည်ဆိုင်ရာလေဆိပ် တစ်ခု လိုအပ်သည်မှာ အမှန်ပင်ဖြစ်သကဲ့သို့ ရှေးစာဆိုတို့၏ ရွှေပြည်တော် မျှော်တိုင်းမဝေး စေဖို့ အစိုးရ၏ စီမံကိန်းလျာထားချက်များ ဖြစ်မြောက်စေရန် ပြည်တွင်းရှိ စီးပွားရေးလုပ် ငန်းရှင်များ၊ ကျွမ်းကျင်ပညာရှင်များက ဝိုင်းဝန်း အကြံပြု လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း တိုက်တွန်းရေးသားလိုက်သည်။

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

No comments: