မေး။ ။ အေအိုင်ဒီအက်စ် ရောဂါ ကာကွယ်ဖို့ ဘာကြောင့် အရေးကြီး တာလဲ။
ဖြေ။ ။ အခြား ကူးစက်ရောဂါတွေလို ရောဂါပိုး ရှိနေတဲ့ သူတွေ၊ ရောဂါဖြန့်ဝေနိုင်တဲ့သူတွေကို ကြိုတင်မသိနိုင်လို့ပါ။ အိတ်ခ်ျအိုင်ဗွီပိုး ရှိနေတဲ့ လူတွေဟာ သူ့နဂို အတိုင်း ကျန်းမာတဲ့ ပုံသဏ္ဍန်အတိုင်းပဲ ရှိနေတတ်ပါတယ်။ ရောဂါပိုး ရှိနေပေမယ့် ရောဂါလက္ခဏာမပြတော့ ရောဂါပိုး ရှိတဲ့လူတွေဟာ ဘယ်သူဘယ်ဝါဆိုတာ ဘယ်လိုမှ မသိနိုင်ပါဘူး။ မသိတော့ မရှောင်နိုင်ပါဘူး။ ရော၈၈ါလက္ခဏာမပြတဲ့ ကာလကလဲ ၅ နှစ်၊ ၁၀ နှစ် ဆိုတော့ အဲဒီ ၅ နှစ်၊ ၁၀ နှစ်အတွင်းမှာ လူအများကြီးကို ကူးစက်ကုန်ပြန်တယ်။ ယနေ့ ကမ္ဘာမှာ နေ့စဉ် လူပေါင်း ၁၆၀၀၀ လောက် အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရပါတယ်။
ရောဂါဖြစ်သူ အများစုဟာ အသက် ၂၀-၄၀ ကြားက လူငယ်တွေ၊ အလ်ုလုပ်နိုင်ကိုင်နိုင်တဲ့ သူတွေဖြစ်တယ်။ မိသားစု တစ်ခုလုံးကို ရှာဖွေကျွေးမွေးနေတဲ့ သူမို့ သူတို့ သေဆုံးတဲ့အခါ သူတို့ကို မှီခိုနေတဲ့ မိသားစုတစ်ခုလုံး ဒုက္ခရောက်ကြရတယ်။ အိမ်ထောင်ဦးစီးတင် မဟုတ်ပါဘူး၊ ဇနီးမယားကို ကူးစက်လို့ အိမ်ရှင်မပါ သေသွားခဲ့ရင် ကျန်ခဲ့တဲ့ အဖေအို၊ အမေအိုနဲ့ အရွယ်မရောက်သေးတဲ့ ကလေးတွေကို ပြုစုစောင့်ရှောက်မဲ့ သူမရှိတော့ပါဘူး။ စီးပွားရေး ဒုက္ခ လူမှုရေး ဒုက္ခ၊ စိတ်ဒုက္ခ အကြပ်အတည်းမျိုးစုံကို ကြုံတွေ့ကြရတယ်။
ရောဂါ ပျောက်ကင်းအောင် ကုသနိုင်တဲ့ ဆေးရော၊ ကာကွယ်ဆေးပါ မရှိသေးပါဘူး။ လူမျိုးမရွေး၊ ကျားမမရွေး၊ လူတန်းစား မရွေး၊ အချိန်မရွေး၊ နေရာမရွေး၊ အသက်အရွယ်မရွေး ဖြစ်နိုင်တာမို့ လူမသိသူမသိဘဲ တရိပ်ရိပ် ပြန့်ပွားနေတဲ့ ဒီရောဂါ အန္တရာဆိုးကြီးကို မဖြစ်ခင်က ကြိုတင်ကာကွယ်ဖို့ အရေးကြီးလှပါတယ်။
မေး။ ။ အေအိုင်ဒီအက်စ် ရောဂါ မဖြစ်အောင် ကာကွယ်ဖို့ လွယ်ကူပေမယ့်လည်း ဘာကြောင့် အေအိုင်ဒီအက်စ်ရောဂါ ဖြစ်နေကြတာပါလဲ။
ဖြေ။ ။ ရောဂါ ကူးစက်လွယ်တဲ့ အပြုအမှုတွေဟာ ဆွဲဆောင်မှုရှိတဲ့၊ စိတ်လှုပ်ရှားစေတဲ့ အရာတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအပြုအမှုတွေကို အမြဲရှောင်ကြဉ်ဖို့ ဆုံးဖြတ်ချက် မှန်မှန်မချနိုင်ရင်၊ စိတ်ဒာတ်ခိုင်မာမှု မရှိရင် အေအိုင်ဒီအက်စ် ရောဂါ ဖြစ်ကုန်ကြတာပါပဲ။ ရောဂါပိုး ကူးနိုင်တဲ့ နည်းလမ်းတွေ၊ ရောဂါအကြောင်းတွေကို သိရုံနဲ့ မကာကွယ်နိုင်ပါဘူး။ ဒီရောဂါဟာ ကိုယ်နဲ့လည်း ဆိုင်တယ်ဆိုတာ လက်ခံယုံကြည်ရမယ်။ လက်ခံယုံကြည်တဲ့ အတိုင်း ကာကွယ်ဖို့ ဝီရိယလည်း ရှိရမယ်။ ကာကွယ်ဖို့ နည်းလမ်းတွေကိုလည်း မှန်မှန် ကန်ကန် နားလည် သေဘာပေါက်ဖို့ လိုပါတယ်။
မေး။ ။ ဒီရောဂါ အကြောင်း ဘယ်သူတွေသိထားသင့်ပါသလဲ။
ဖြေ။ ။ လူတန်းစား မရွေး ဖြစ်နိုင်တာမို့ လူတိုင်း သိထားသင့်ပါတယ်။ အေအိုင်ဒီအက်စ် ပျံ့ပွားမှုဟာ လူတစ်ယောက်စီ၊ တစ်ယောက်စီရဲ့ အပြုအမှု၊ စည်းကမ်းရှိမှု၊ စည်းစောင့်မှု၊ သစ္စာရှိမှုတွေ အပေါ်မှာ မူတည်နေပါတယ်။ တစ်ချို့ဆိုရင် ကိုယ့်မှာ ရောဂါပိုး ရှိတယ်ဆိုတာကို ကိုယ်တိုင်မသိဘူး။ ကိုယ့်ဆီက ဘယ်သူတွေ ကူးသွားပြီဆိုတာလည်း မသိဘူး။ ဒါကြောင့် လူတိုင်း လူတိုင်းဟာ ဘာကို လုပ်သင့်တယ်၊ ဘာကို မလုပ်သင့်ဘူး၊ ဘာတွေ ရှောင်ရမယ်ဆိုတာ ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း သိထားဖို့ လိုပါတယ်။
မေး။ ။ ပြည့်တန်ဆာတွေဆီက မကူးအောင် ရောဂါပိုး ရှိတဲ့ ပြည့်တန်ဆာတေါကို သီးခြားထားလိုက်ရင် မကောင်းဘူးလား။
ဖြေ။ ။ ပြည့်တန်ဆာတွေ အားလုံးကို ရှာဖွေဖော်ထုတ်ဖို့ ခက်ပါတယ်။ အဓိကရောဂါ ဖြန့်နေတဲ့သူတွေ အထဲမှာ ပြည့်တန်ဆာတွေနဲ့ ဆက်ဆံတဲ့ အမျိုးသားတွေ ပါပါတယ်။ သူတို့ကိုကော ဘယ်လို ရှာဖွေဖော်ထုတ်မလဲ။ ပြည့်တန်ဆာတော့ မဟုတ်ဘူး၊ ဒါပေမယ့် လိင်အဖော်များတယ်၊ အပျော်အဖော်ပဲ ထားတယ်ဆိုတဲ့ လူတွေကိုလည်း ချန်ထားလို့ မရပါဘူး။ ဒါကြောင့် ပြည့်တန်ဆာတွေကိုပဲ သီးခြားထားလို့ ရောဂါမကာကွယ်နိုင်ပါဘူး။ တကယ်တော့ ရောဂါပိုး ရှိတဲ့သူတွေကို ရှာဖွေဖော်ထုတ်ဖို့ မလိုပါဘူး။ အကျိုးလည်း မရှိပါဘူး။ ရောဂါရတယ်ဆိုတာ ဘယ်သူ့ကြောင့်မှ မဟုတ်ပါဘူး။ ကိုယ့်ကြောင့်ပါပဲ။ ကိုယ်ကရောဂါ ရနိုင်တဲ့ အပြုအမူတွေလုပ်ရင်၊ ဒါမှ မဟုတ် ကြုံရရင် ရောဂါရမှာပါပဲ။ ရောဂါ မရအောင် လူတိုင်း ဆင်ခြင်စောင့် ထိန်းပြီး နေထိုင်ဖို့သာ အရေးကြီးပါတယ်။ ရောဂါကာကွယ်တဲ့ နည်းလမ်းတွေကို လူတိုင်း မှန်မှန် ကန်ကန်နားလည် သဘောပေါက်ထားဖို့သာ အရေးကြီးပါတယ်။
မေး။ ။ မိခင်ကနေ ကလေးကို မကူးအောင် ကာကွယ်ဖို့ နည်းလမ်းများ ရှိပါသလား။
ဖြေ။ ။ ရောဂါပိုး ရှိတဲ့ မိခင်ကနေ၊ ကလေးကို ကိုယ်ဝန်ဆောင်တဲ့ အချိန်၊ မီးဖွားချိန်၊ နို့တိုက်တဲ့ အချန်တွေမှာ ကူးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်မှ ကလေးကို ကူးစက်နှုန်းဟာ ၃ောယက်မွေးရင် ၁ ယောက်ကို ကူးနိုင်ပါတယ်။ ယခုခေတ်ပေါ် ကုထုံးတစ်ချို့က ရောဂါ ကူးစက်မှုနှုန်းကို တစ်ဝက်ကျော်ကျော် လျော့ချနိုင်ပါတယ်။ ကူးစက်မှုနှုန်း လျော့ကျအောင် မိခင်နဲ့ ကလေးကို အေဇက်တီ ဆေးတိုက်လို့ ရပါတယ်။ မကြာသေးမီက ဆေးသိပ္ပံပညာရှင်တွေဟာ အေဇက်တီ ဆေးထက် ဈေးနှုန်းသက်သာပြီး အာနိသင်လည်း ပိုထိရောက်တဲ့ “နီဗွီရာပင်း” လို့ ခေါ်တဲ့ ဆေးတစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ယခုအခါ တချို့နိုင်ငံတွေမှာ စမ်းသပ်သုံးစွဲလျက် ရှိပါတယ်။
မေး။ ။ လိင်ဆက်ဆံရာကနေ ရောဂါပိုး မကူးအောင် ဘယ်လိုနေရပါမလဲ။
ဖြေ။ ။ လက်မထပ်ခင် ဖိုမဆက်ဆံတာ၊ လိင်တူ ဆက်ဆံတာ ရှောင်ပါ။ လက်ထပ်ပြီး တစ်ယောက်နဲ့ တစ်ယောက် သစ္စာရှိရှိနေပေမယ့်လည်း လက်မထပ်ခင်က ပါလာတဲ့ ရောဂါပိုးကြောင့် နျစ်ယောက်စလုံး ဒုက္ခရောက်နိုင်ပါတယ်။ သွေးစစ်ပြီးမှ အိမ်ထောင်ပြုတာ ပိုးကောင်းပါတယ်။ လက်ထပ်ပြီးရင် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် သစ္စာရှိပါ။ အိမ်ထောင်ပြင်ပမှာ လိင်ဆက်ဆံတာကို ရှောင်ပါ။ ဇနီးမယားက သစ္စာရှိရှိ၊ အိမ်ရှင်မ ဝတ္တရားကျေအောင် နေပေမယ့်လည်း လင်ယောက်ျားက ဖောက်ပြန်ရင် ရောဂါပိုးတွေ ကူးလာအုံးမှာပါ။ ဒါကြောင့် အပျော်အဖော်မထားပါနဲ့။ ပျော်ပါးချင်ရင် ကွန်ဒုံးသုံးပါ။
တစ်ချို့က ပြည့်တန်ဆာနဲ့ ဆက်ဆံမှ ရော၈ါကူးမယ်၊ ကိုယ့်အတွက် သီးသန့်ထားတဲ့ အပျော်အဖော်နဲ့ ဆက်ဆံရင် ရောဂါမကူးနိုင်ဘူးလို့ ထင်ကြပါတယ်။ အိတ်ခ်ျအိုင်ဗွီပိုး ရှိတဲ့ သူတွေဟာ ရော၈ါလက္ခဏာ မပြသေးတဲ့ အချိန်မှာ “သန့်သန့်လေး” ပုံစံမျိုးပဲ ရှိမယ်ဆိုတာ သဘောပေါက်ပါ။ လိင်အပျော်အပါး လိုက်စားတာ ရှောင်ပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း နားလည်ဖို့ လိုပါတယ်။ ဥပမာနဲ့ ပြောရမယ်ဆိုရင် တောက တောင်သူဦးကြီး တစ်ယောက်ဟာ မြို့တက်ပြီး ပဲရောင်းတယ်။ ငွေရွှင်တော့ ဗွီဒီယိုရုံ သွားတယ်။ ပြီးတော့ အဆွယ်ကောင်းလို့ ပျော်ပါးမိတယ်။
ဒီလိုပဲ ပေါ်တုန်း၊ ငွေရွှင်တုန်း ဖြစ်သွားတဲ့ ကိစ္စကို ဦးကြီးက အပျော်အပါး လိုက်စားတာ မဟုတ်လို့ သူ့မှာ ရောဂါမကူးနိုင်ဘူးလို့ ထင်ပါတယ်။
တကယ်ရောဂါဖြစ်လာတော့မှ တစ်ကြိမ်တစ်ခါဟာလည်း အန္တရယ်ပဲဆိုပြီး သဘောပေါက်တော့တယ်။ ဒါကြောင့် လိင်ဆက်ဆံရာကနေ ရောဂါပိုး မကူးရအောင် အိမ်ထောင် ပြင်ပမှာ လိင်ဆင်ဆံတိုင်း ကွန်ဒုံးသုံးပါ။ ရောဂါ ရနိုင်တဲ့ အမူအကျင့်ရှိသူတွေ၊ ရောဂါပိုး ရှိနေသူတွေဟာ မိမိရဲ့ အိမ်ထောင်ဖက်ကို မကူးစက်အောင် အိမ်ထောင်ဖက်နဲ့ လိင်ဆက်ဆံတဲ့ အခါမှာလည်း ကွန်ဒုံးကို သုံးရပါမယ်။
မေး။ ။ ဆယ်ကျော်သက် အရွယ်တွေကို အေအိုင်ဒီအက်စ် ရောဂါအကြောင်း ပညာပေးသင့်ပါသလား။
ဖြေ။ ။ ပညာပေးသင့်ပါတယ်။ ယနေ့ ကမ္ဘာပေါ်မှာ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရသူတွေရဲ့ ၅၀% ဟာ အသက် ၁၀ နှစ်မှ ၂၄ နှစ်ကြားက လူငယ်လူရွယ်တွေ ဖြစ်ပါတယ်။ လူငယ်လူရွယ်မှာ အဖြစ်များရတာကလည်း လူငယ်သဘာဝနဲ့ ဆက်နွယ်နေပါတယ်။ လူငယ်သဘာဝ စူးစမ်းတယ်၊ စွန့်စားချင်တယ်၊ လူကြီးမိဘပြောစကားထက် သူငယ်ချင်း အပေါင်းအသင်းပြောစကားကို ပိုယုံတယ်၊ အပေါင်းအသင်း မင်တယ်၊ မကောင်းမှန်း သိရက်နဲ့ အပေါင်းအသင်းတွေက မြှောက်ပင့်ပေးရင် သောက်စားပျော်ပါတာ၊ မူးယစ်ဆေး သုံးတာ လုပ်မိတတ်ကြပါတယ်။ ဆယ်ကျော်သက် အရွယ်မှာ လုပ်မိတဲ့ အမှား တစ်ခုကြောင့် ဘဝတစ်ခုလုံး အညွှန့်တုံး သွားနိုင်ပါတယ်။ ဆက်ကျေ်သက် အရွယ်ကတည်းက ရောဂါ မရအောင် ဘယ်လိုနေထိုင်ပြုမူရမယ်ဆိုတာ သိနားလည် သွားရင် အဲဒီအသိဥာဏ်နဲ့ သူတို့ရဲ့ အပေါင်းအသင်းတွေကိုသာမက သူတို့ရဲ့ အိမ်ထောင်ဖက်နဲ့ သားသမီးတွေကို ပါ ရောဂါအန္တရာယ်ဘေးက ဆက်လက်ကာကွယ်သွားနိုင်မှာပါ။ ဒါကြောင့် ဆယ်ကျော်သက်အရွယ်တွေကို အေအိုင်ဒီအက်စ် ရောဂါ အကြောင်းပညာပေးဖို့ သိပ်အရေးကြီး ပါတယ်။
ကျန်းမာရေး ဦးစီးဌာနနှင့် ကမ္ဘာ့ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (မြန်မာ) တို့ ပူးပေါင်းထုတ်ဝေသော “HIV/AIDS အမေးအဖြေများ” ဟု အမည်ရသော စာအုပ်မှ ပြန်လည် ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။
No comments:
Post a Comment