Friday, August 1, 2014

မူးယစ်ဆေးဝါးနှိမ်နင်းမှုတွေ လုပ်ဆောင်နေပေမယ့် စိုက်ပျိုးဧက တက်လာတာဟာ




မူးယစ်ဆေးဝါးနှိမ်နင်းမှုတွေ လုပ်ဆောင်နေပေမယ့် စိုက်ပျိုးဧက တက်လာတာဟာ သုံးစွဲသူတွေကြောင့်လား၊ စားဝတ်နေရေးကြောင့်လား 

ရန်ကုန်မြို့ရဲ့ လူစည်ကားတဲ့ ကျောက်ကုန်းလမ်းမကြီးဘေး၊ မှတ်တမ်းရုံးမှတ်တိုင်အနီး ဘော လုံးအားကစားကွင်းဘေးမှာ ရုတ် တရက်ကားတစီး ထိုးရပ်လိုက် တယ်။ ကားပေါ်မှ လူလတ်ပိုင်း ရွယ်နှစ်ဦးဟာ ဆင်းလာပြီး ပတ် ဝန်းကျင်ဘေးဘက်ကို အပြန်အလှန် ကြည့်လိုက်တယ်။
ရာသီဥတုကလည်း မိုးတဖွဲဖွဲ ဖြစ်နေတယ်။ အချိန်ကလည်း မနက်စောစောဖြစ်နေတာကြောင့် ဘောလုံးကွင်းဘေးမှာ အပျော်တမ်း ဘောလုံးကစားတာကို ကြည့် နေတဲ့ လူငါးယောက်ခန့်ကလွဲပြီး ပတ်ဝန်းကျင်ဟာ ပျာယာခတ်မှု အားနည်းနေတယ်။

ကားရပ်ပြီး ငါးမိနစ်ခန့်အကြာ မှာ ကားတစ်စီးက ပြန်လည်ထွက်ခွာ သွားပြီး ကျန်ခဲ့တဲ့လူရွယ်တစ် ယောက်မှာ အင်္ကျီအိတ်ကပ်ထဲမှ ဆေးထိုးအပ်အငယ်စားကို ထုတ် ယူလိုက်တယ်။ ပတ်ဝန်းကျင် တစ် ဖက်တစ်ချက်ကို ကြည့်ပြီးနောက် ထိုလူဟာ လက်ဖျံရိုးကို မူးယစ် ဆေးရည်ထိုးသွင်းလိုက်တယ်။

၂ဝ၁၄ ခုနှစ်မှာ တစ်နိုင်ငံလုံး မူးယစ်ဆေးဝါးပပျောက်ဖို့ ၁၅ နှစ် စီမံကိန်းချပြီးလုပ်ဆောင်ခဲ့ပေမယ့် မနှစ်ကထက် ဘိန်းစိုက်ပျိုးထုတ် လုပ်မှုဟာ တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ ၁၃ ရာခိုင်နှုန်းကျော် တိုးလာတယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အဖွဲ့မှသိရပါတယ်။
မြန်မာနိုင်ငံမှာ ၂ဝ၁၃ ခုနှစ် အတွင်း ဘိန်းစိုက်ဧရိယာ ဟက် တာ ၅၁ဝဝဝရှိပြီး ဘိန်းထွက် တန် ချိန်ပေါင်း ၆၉ဝ ထွက်ရှိရာမှ ၂ဝ၁၄ ခုနှစ်မှာ ဘိန်းစိုက်ဧရိယာ ဟက်တာ ၅၇၈ဝဝ စိုက်ပျိုးခဲ့ပြီး ထွက်ရှိခဲ့တဲ့ ဘိန်းတန်ချိန်ပေါင်း ၈၇ဝ အထိတိုးလာကြောင်း အစိုးရက တရားဝင်ထုတ်ပြန်ထားပါတယ်။
စီမံကိန်းစတင်သည့် ၁၉၉ဝ-၂ဝဝဝ ပြည့်နှစ်မှ ၂ဝ၁၃-၂ဝ၁၄ ခုနှစ်အထိ ၁၅ နှစ် စီမံကိန်းချမှတ် ဆောင်ရွက်ခဲ့ရာ ၂ဝဝ၆ ခုနှစ်အထိ ဘိန်းစိုက်ပျိုးမှု သိသာစွာကျဆင်းခဲ့ သော်လည်း ၂ဝဝ၇ ခုနှစ်မှ စတင် ကာ စိုက်ပျိုးထုတ်လုပ်မှု ပြန်လည် မြင့်တက်လာကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ သိရတယ်။
၂ဝ၁၃ ခုနှစ်အတွင်း မြန်မာ နိုင်ငံ မူးယစ်ဗဟိုနှင့်ကုလသမဂ္ဂ အဖွဲ့ မူးယစ်ဆေးဝါးနှင့်မှုခင်းဆိုင် ရာရုံး(UNODC)မှ ထုတ်ပြန်တဲ့ အစီရင်ခံစာတွင် မြန်မာနိုင်ငံမှ ၂ဝ၁၃ ခုနှစ်တွင် ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု ၂၆ရာခိုင်နှုန်းတိုး တက်ခဲ့ပြီး ဒေသတွင်း မက်သာ ဖက်တမင်း စိတ်ကြွဆေးထုတ်လုပ် ရာ အဓိကနိုင်ငံတစ်ခုဖြစ်လာသကဲ့ သို့ အိမ်နီးချင်းနိုင်ငံများမှာလည်း မြန်မာနိုင်ငံက ထုတ်လုပ်သည့် စိတ်ကြွဆေးပြားများ ဖမ်းဆီးရရှိမှု များပြားတယ်လို့ပါရှိပါတယ်။

ဘိန်းစိုက်ပျိုးရာ ဒေသများ သည် ရှမ်းပြည်နယ်အတွင်းမှာ အဓိကထားစိုက်ပျိုးပြီး ကချင်ပြည် နယ်နှင့် ကယားပြည်နယ်တို့မှာ လည်းစိုက်ပျိုးကြောင်း၊ အဓိက လက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပွား ရာဒေသများတွင် အစိုက်များ ကြောင်းသိရပါတယ်။
ဆေးထိုးနေသော လူရွယ်က ဘေးဘီဝဲယာကြည့်ပြီး သူ့ရဲ့ဆေး ထိုးအပ်ကို အသာအယာဘေးကို လွှင့်ပစ်လိုက်တယ်။
''ဘယ်ကနေ ဘယ်လိုဝယ် တယ်တော့မသိဘူး။ ဒါပေမယ့် သူတို့ဆေးသုံးနေတယ်ဆိုတာ သိတယ်။ ကျွန်တော့်သူငယ်ချင်း တစ်ယောက်ဆိုလဲ နှစ်ပင်လိမ် ပြီး(ဆေး၊အရက်) ဆုံးသွားတာ တစ်လပဲရှိသေးတယ်။ လူငယ်ဆို တော့ ဘာရောဂါမှလည်း ကြီး ကြီးမားမားမရှိဘူး။ ရုတ်တရက် ကြီးဆုံးသွားတာ။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာကိုက သုံးစွဲနေသူ တွေအများကြီး ရှိကိုရှိနေတယ်''ဟု အသက် (၂၉)နှစ်အရွယ် ကိုမောင် မောင်လတ်က ဆိုပါတယ်။
ဖေဖော်ဝါရီလအတွင်း တော် ဝင်နှင်းဆီမှာ ပြုလုပ်ခဲ့တဲ့ ပလောင် (တအာင်း)အမျိုးသမီးအဖွဲ့အစည်း မှ တာဝန်ရှိသူတစ်ဦးက မူးယစ် ဆေးဝါးနဲ့ပတ်သက်ပြီး ၄င်းတို့ ဒေသမှာ လူငယ် ၉ဝရာခိုင်နှုန်း လောက် ပျက်စီးနေကြောင်း၊ ဘိန်း မည်း၊ ဘိန်းဖြူ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တာ အလွယ်တကူရနိုင် ကြောင်း ပြောခဲ့ပါတယ်။

ယခုအစိုးရလက်ထက်မှာ မူး ယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်မှု ပပျောက်ရေးအတွက် စီမံကိန်း သက်တမ်းငါးနှစ် ထပ်တိုးလိုက် ပါတယ်။ ထပ်မံတိုးလိုက်တဲ့ ငါးနှစ်တာ စီမံကိန်းကာလအတွင်း မှာ ဘိန်းအဓိကစိုက်ပျိုးရာ ဒေသ များဖြစ်တဲ့ ရှမ်းပြည်နယ်ရှိ မြို့ ၄ဝ၊ ကချင်ပြည်နယ်ရှိမြို့နယ်ခြောက်မြို့ နယ်နဲ့ ကယားပြည်နယ်ရှိ မြို့နယ် သုံးမြို့နယ်၊ ချင်းပြည်နယ်ရှိမြို့နယ် နှစ်မြို့နယ်တို့မှာ အဓိကဆောင် ရွက်သွားမှာဖြစ်တယ်လို့ သိရပါ တယ်။
လက်ရှိ ဒေသတွင်းမှ မူးယစ် ဆေးဝါးဆိုင်ရာ ပြဿနာများမှာ စိုက်ပျိုးမှုမြင့်တက်သည့် ပြဿနာ တစ်ခုတည်းသာမက စိတ်ကြွဆေး ပြားနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးအသစ် ပြဿနာများလည်း ကြီးထွားလျက်ရှိပါတယ်။
မြန်မာနိုင်ငံဟာ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုမှာ ကမ္ဘာ့ဒုတိယ အဆင့်ဖြစ်ပြီး ဘိန်းစိုက်ပျိုး၍ စားဝတ်နေရေး ဖြေရှင်းရသော အိမ်ထောင်စုဦးရေမှာ ပိုမိုများပြား ကြောင်း UNODC ရဲ့အစီရင်ခံစာ မှာပါရှိပါတယ်။
စားဝတ်နေရေး အခက်အခဲ များ ဖြေရှင်းရန်အတွက် ဘိန်း အစားထိုးသီးနှံ စိုက်ပျိုးရန်အတွက် နိုင်ငံတော်အဆင့် ကြိုးပမ်းခဲ့သော် လည်း ယခုအချိန်ထိ ဘိန်းစိုက်ပျိုး မှုလျော့ပါသွားခြင်းမရှိသေးကြောင်း အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရပါတယ်။
ဇူလိုင်လ ဒုတိယပတ်အတွင်း မှာ ဂျပန်နိုင်ငံရဲ့လွှတ်တော်ဥက္ကဋ္ဌ လာရောက်စဉ်မှာလည်း တိုင်းရင်း သားပါတီများမှ ¤င်းတို့ဒေသများ မှာ ဘိန်းအစားထိုးသီးနှံ စိုက်ပျိုး ရန်အတွက် ဖိတ်ခေါ်ကြောင်း၊ ကူညီ ပေးစေလိုကြောင်း ပြောခဲ့ပါတယ်။

ဆေးထိုးအပ်ကို လွှင့်ပစ်ပြီး နောက် ထိုလူရွယ်ဟာ ဘောလုံး ကစားနေတဲ့ ကစားကွင်းနား ကပ်ပြီး ကစားပွဲကြည့်သလိုလို၊ တစ်ဦးတစ်ယောက်ကို စောင့်ဆိုင်း နေသလိုလိုဟန်လုပ်ပြီး ငါးမိနစ်ခန့် အကြာမှာထွက်ခွာသွားပါတယ်။
လာမယ့် ၂ဝ၁၉မှာ တစ်နိုင်ငံ လုံးအတိုင်းအတာနဲ့မူးယစ်ဆေးဝါး ပပျောက်ဖို့ဆိုရင် နိုင်ငံတကာနဲ ပူးပေါင်းပြီး အထူးအစီအမံတွေနဲ့ လုပ်ဆောင်သွားဖို့လိုကြောင်း မူးယစ် ဆေးဝါးတိုက်ဖျက်မှုအဖွဲ့ဝင်များ က သုံးသပ်ထားပါတယ်။

ကြည်ပြာ

No comments: