Saturday, August 2, 2014

အော်ရီဒူးဆင်းမ်ကတ် ဝယ်မယ့်လူတွေ စာရင်းပေးလို့ရပြီ


 Viber နှင့် မြန်မာနိုင်ငံ မီဒီယာများ တွေ့ဆုံမူ 

ဇူလိုင်လ ၃၀ ရက်နေ့မှာ Viber နှင့် မြန်မာနိုင်ငံ မီဒီယာများ တွေ့ဆုံခဲ့ကြပါတယ်။ ၎င်းပွဲအခမ်းမှာ Viber မှ မြန်မာနိုင်ငံ တွင်း သုံးစွဲသူ ၅ သန်းရှိနေပြီ ဖြစ်၍ အလွန်ဝမ်းသာကြောင်း မီဒီယာများသို့ ပြောကြား ခဲ့ပါတယ်။ Viber အနေဖြင့်လည်း ၎င်းတို့၏ လုပ်ငန်းများကို ယခုထက် ပိုမိုကောင်းမွန်အောင် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် မြန်မာ့ရိုးရာ စတေကာလေးများ ကိုလည်း မြန်မာပြည်အတွက် Viber မှ ပြုလုပ်ပေး သွားအုံးမည် ဖြစ်ကြောင်း သိရပါတယ်။ Viber မှ နာက်နှစ်ပိုင်းတွင် ဗီဒီယိုခေါ်မူပါ ရရှိအောင် လုပ်ဆောင်အုံးမည် ဖြစ်ကြောင်း သိရပါတယ်။ ကမ္ဘာ့ထိပ်တန်း သုတေသန အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ On Device Research ၏ ထုတ်ပြန်ချက်အရ Viber သည် မြန်မာနိုင်ငံ အတွင်း သုံးစွဲမူ အများဆုံး မိုဘိုင်းအက်ပလီကေးရှင်း တစ်ခု ဖြစ်ကြောင်း သိရှိပါတယ်။

ဒါ့ကြောင့် Viber မှ ၎င်းတို့နှင့် ပူပေါင်းလိုသော မည်သည့်လုပ်ငန်းရှင်ကို မဆို ကြိုဆိုလျက်ရှိကြောင်း သိရှိရပါတယ်။ အသေးစိတ် အချက်အလက်များကို သိရှိလိုပါက www.viber.com တွင် ဝင်ရောက်ကာ ကြည့်ရှုနိုင်ပါကြောင်း သတင်းကောင်း ပါးလိုက်ပါရစေ။ 

ကျော်လင်းနိုင် (ရိုးရာလေး)

အော်ရီဒူးဆင်းမ်ကတ် ဝယ်မယ့်လူတွေ စာရင်းပေးလို့ရပြီ 

ရန်ကုန်မှာ အော်ရီဒူးဖုန်း ဆင်းမ် ကတ်တွေ ဝယ်ချင်တဲ့ သူတွေရဲ့ စာရင်း လိုက်လံကောက် ယူနေပါပြီ။ မန္တလေးမြို့တော်နဲ့ နေပြည်တော်မှာတော့ မနေ့ကတည်းက စတင်ရောင်းချနေပြီ ဖြစ်ပါတယ်။ ဆင်းမ်ကတ် လိုချင်သူတွေဟာ ရန်ကုန်မှာရှိတဲ့ အော်ရီဒူးနဲ့ ချိတ်ဆက်ထားတဲ့ ဖုန်းဆိုင်တွေမှာ လိုချင်တဲ့ ကတ် အရေအတွက်ကို စာရင်းပေးလို့ ရပါပြီ။
ဖုန်းကတ် ဝယ်တဲ့ အခါမှာတော့ နိုင်ငံသားစိစစ်ရေး ကတ်ပြား မိတ္တူတစ်ခု အတွက် တစ်ကတ်စီ ရောင်းပေးမယ်လို့ ပန်းဆိုးတန်း KMD အရောင်းဆိုင်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “ဒီနေ့ရောင်းမယ်၊ မရောင်းဘူး ဆိုတာတော့ မသေချာဘူး။ အခုတော့ ဆီဒိုးနားမှာ(အော်ရီဒူးကလုပ်သည့် အခမ်းအနား) ဆွေးနွေးနေတယ်။ ဆင်းကတ်တွေ အခုရရင်တောင် သူတို့က activate လုပ်ပေးမှရမယ်” လို့ သူက ဆိုပါတယ်။

မဟာဗန္ဓုလမ်းပေါ် လမ်း ၃၀ အနီးမှာရှိတဲ့ MOE II မိုဘိုင်းဖုန်း အရောင်းဆိုင်က တာဝန်ရှိသူ တစ်ဦးကတော့ “မနက်ဖြန်ရောင်းဖို့ အတွက် စာရင်းကောက်တာပါ။ မနက်ဖြန် နံနက် ၉ နာရီမှာ စရောင်းပါမယ်” လို့ ဆိုပါတယ်။ မန္တလေးမြို့တော်နဲ့ နေပြည်တော်မှာ အော်ရီဒူးဆင်းကတ်တွေကို မနေ့က စတင်ရောင်းချခဲ့တဲ့ အတွက် ရန်ကုန်မြို့တော် မှာလည်း ဒီနေ့ စရောင်းနေပြီဆိုတဲ့ သတင်းတွေလည်း ပျံ့နှံ့နေပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ အော်ရီဒူး ကုမ္ပဏီက တာဝန်ရှိသူတစ်ဦးက ဆက်သွယ်မေးမြန်းရာမှာတော့ သြဂုတ်၂ ရက်နေ့မှာ မီဒီယာတွေကို တရားဝင် ရှင်းလင်းပေးမယ်လို့ ပြန်ဖြေပါတယ်။ 

By The Voice Journal

No comments: