Monday, September 23, 2013

လေ့ကျင့်ခန်း လုပ်စရာမလိုဘဲ ဇီဝရုပ်ဖြစ်ပျက်မှု မြန်ဆန်စေရန်


လေ့ကျင့်ခန်း လုပ်စရာ မလိုဘဲ ဇီဝ ရုပ်ဖြစ်ပျက်မှု မြန်ဆန်စေတဲ့ နည်းလမ်းတွေ လုပ်ဆောင်ပြီး ကိုယ်အလေးချိန် လျှော့ချ နိုင်ပါတယ်။

နာနတ်သီး စားပါ
နာနတ်သီးမှာ ပါဝင်တဲ့ ဘရိုမီလင် က အစာအိမ်နဲ့ အူလမ်းကြောင်း မအီမ သာဖြစ်မှုတွေကို ကောင်းမွန်စေ တယ်လို့ နယူးယောခ်မှ ဒေါက်တာ ဒန်ဟမ်နာက ပြောပါတယ်။ ဘရိုမီလင်က ပန်ခရိယ ဆဲလ်တွေကို ကူညီပေး တာကြောင့် အစာ ချေဖျက်မှုကို အားပေး ပါတယ်။ ဩဂဲနစ် သီးနှံများ ကိုသာ စားသုံးပါ အသီးအနှံတွေ ဝယ်ယူတဲ့ အခါ သ ဘာဝအတိုင်း စိုက်ပျိုး ထားတဲ့ ဩဂဲ နစ်သီးနှံတွေကို ရွေးချယ် ဝယ်ယူပါ။ လေ့ လာမှုတွေ အရ ပိုးသတ်ဆေးတွေ သုံးထား တဲ့ အသီးအနှံ တွေကို စားသုံး တာကြောင့် အဆီဆဲလ်တွေ ထဲမှာ ပိုးသတ်ဆေး အ ကြွင်းအကျန်တွေ ရှိနေပြီး အဲဒါတွေက ဇီဝဖြစ်ပျက်မှုကို နှေးစေ တယ်လို့ တွေ့ရှိ ထားပါတယ်။

တရားထိုင်ပါ
နေ့စဉ်ပုံမှန် တရားအား ထုတ်တာ က ဇီဝရုပ်ဖြစ် ပျက်မှုကို မြန်စေ ပါတယ်။ စိတ်ဖိစီးမှုက ခန္ဓာကိုယ်ကို အကြီးအကျယ် ထိခိုက်စေပြီး ဗိုက်ပတ် လည်မှာ အဆီပို တွေကို စုစေပါတယ်။ တရား ထိုင်တာက စိတ်ဖိစီးမှု လျှော့ချပေးပြီး ဇီဝရုပ်ဖြစ်ပျက် မှုကို ကောင်းမွန်စေပါတယ်။

လက်ဖက်ရည်ကြမ်း သောက်ပါ
လက်ဖက်ရည်ကို တစ်ကျိုက်ချင်း သောက်တာက ဇီဝရုပ်ဖြစ် ပျက်မှုကို မြန် ဆန်စေပြီး ကိုယ်အလေးချိန် ကျဆင်းစေ ပါတယ်။ လက်ဖက်ရည်ကြမ်းထဲမှာ ကက် တီချင်ပါဝင် တာကြောင့် ဇီဝရုပ်ဖြစ်ပျက် မှုမြန် ဆန်ပြီး သွေးတွင်း မကောင်းတဲ့ ကိုလက် စထရော တွေကိုလည်း လျော့နည်း စေပါတယ်။

ရေအေးအေးနှင့် ချိုးပါ
ခန္ဓာကိုယ် တုန်ယင်မှု ကလည်း ဇီဝ ရုပ်ဖြစ် ပျက်မှုကို ကောင်းစေ ပါတယ်။ ရေ အေးအေးနဲ့ ချိုးတာကြောင့် ချမ်းတုန်လာ တာက ဇီဝရုပ်ဖြစ် ပျက်မှုကို ကောင်းစေပြီး ကြွက်သားတွေ ကျုံ့ညှစ်မှုကို ဖြစ်စေပါ တယ်။ ရေအေးအေးကြောင့် အေးတဲ့ဒဏ် ကို ခံရပေမယ့် ခန္ဓာကိုယ်တွင်း အပူချိန် ပြောင်းလဲမှု မဖြစ်အောင်၊ ပုံမှန် အပူချိန်ကို ပြန်ရအောင် သဘာဝအတိုင်း ထိန်းညို တာက ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းစေ ပါတယ်။

အရက်ကို ထိန်းချုပ်သောက်ပါ
စိတ်ထိခိုက် ခံစား နေရတာ ဒါမှမ ဟုတ် အပေါင်းအသင်း တွေနဲ့ဆုံတွေ့တာ မျိုးတွေမှာ အရက်ကို အလွန်အကျွံ သောက်မိတတ်ပါတယ်။ အရက်နဲ့ အချို ရည်ရောစပ်ပြီး ကော့တေးသောက်တာ၊ ဒါမှမဟုတ် ဝိုင်နှစ်ခွက်၊ ဒါမှမဟုတ် ဘီ ယာနှစ်ပုလင်းသောက်တာကြောင့် ခန္ဓာ ကိုယ်ရဲ့အဆီချေဖျက်နိုင်စွမ်း ၇၃ ရာခိုင် နှုန်းလျော့နည်းစေတယ်လို့ သုတေသန တွေမှာ တွေ့ရှိပါတယ်။ အသည်းက အဲလ်ကိုဟောကို အစီတိတ် အဖြစ် ပြောင်းလဲပြီး လောင်စာ အဖြစ် အသုံးပြု တာကြောင့် ခန္ဓာကိုယ်တွင်း သိုလှောင် ထားတဲ့ အဆီတွေ ဖြိုခွဲမှုလျော့ နည်းသွား ရတာပါ။ 

အချဉ်ဓာတ်ရှိသော သစ်သီးအနံ့ရှူပါ
အချဉ်အရသာ ရှိတဲ့ သစ်သီး တွေရဲ့ ရနံ့ ဒါမှမဟုတ် ပက်ပါမန့် ရနံ့ကို ရှူရှိုက် လိုက်တဲ့ အခါ အာရုံကြော စနစ်ကို လှုံ့ ဆော်တာကြောင့် ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းစေ ပါတယ်။ လေ့ကျင့်ခန်း လုပ်နေ စဉ်မှာ သံပရာရနံ့၊ စတော်ဘယ်ရီ ရနံ့မျိုး ရတဲ့အခါ ခန္ဓာကိုယ်က ကယ်လိုရီအပို တွေ ပိုမိုလောင်ကျွမ်း နိုင်ပါတယ်။

ရေအေးအေးသောက်ပါ
ရေက ခန္ဓာကိုယ်တွင်း လုပ်ငန်း ဆောင်တာတွေ လုပ်ဆောင်ဖို့နဲ့ ဆဲလ်အ တွင်း အစာအာဟာရတွေ ရရှိဖို့အတွက် မရှိမဖြစ်ပါ။ လေ့လာမှု တွေအရ တစ်နေ့ ကို ရေ ၈-၁၂ ဖန်ခွက် သောက်သုံးသူ တွေဟာ တစ်နေ့ကို ရေလေးဖန်ခွက် သောက်သုံး သူတွေထက် ဇီဝရုပ်ဖြစ်ပျက် မှု ပိုမိုမြန်ဆန် တာကို တွေ့ရပါတယ်။ ရေဓာတ်လိုအပ်တဲ့အခါ ခန္ဓာကိုယ်က ဆာလောင်မှုနဲ့ မှားယွင်းပြီး အစာတွေ ပိုစားမိနိုင်ပါတယ်။ ရေကို ပြည့်ပြည့်ဝ၀ သောက်တာက အစာပိုမစားမိအောင် ထိန်းချုပ်ထားပြီးသား ဖြစ်စေပါတယ်။

အပူအစပ် စားပါ
အစပ်စားတဲ့အခါ စပ်လွန်းလို့ မျက် ရည်ထွက်တာ မျိုးတောင် ဖြစ်တတ်ပါ တယ်။ အစပ်စားတဲ့အခါ နှလုံးခုန် နှုန်းမြန် လာတာ၊ အဲဒီအစာကို ချေဖျက်ဖို့ စွမ်း အင်အသုံးပြု ရတာတွေကြောင့် ကယ်လို ရီတွေလောင်ကျွမ်း သွားစေ ပါတယ်။ 

မတ်တတ်ရပ်ပါ
အထိုင်များ တာက ကယ်လိုရီ လောင်ကျွမ်းမှု နည်းတာကြောင့် ကိုယ် အလေးချိန် တက်လာ စေပါတယ်။ မတ် တတ်ရပ်အလုပ် လုပ်ရသူတွေ အနေနဲ့ သိပ်မသိ သာပေမယ့် အထိုင်များ သူတွေ အနေ ဝမ်းဗိုက်ပိုင်းမှာ အဆီပိုတွေ သိသိ သာသာ စုလာတတ် ပါတယ်။ အထိုင်များ သူတွေ အနေနဲ့ ၃၀ မိနစ်လောက် အလုပ် လုပ်ပြီးတိုင်း ၅ မိနစ်လောက် လမ်းထ လျှောက်ပေးပါ။

ကော်ဖီသောက်ပါ
ကဖင်းက နှလုံးခုန်မြန်တာ၊ အသက် ရှူမြန်တာနဲ့ ဇီဝရုပ် ဖြစ်ပျက်မှု မြန်တာ တွေ ဖြစ်စေ ပါတယ်။ ကဖင်း ပါတဲ့ဖျော် ရည်သောက် သူတွေဟာ ကဖင်းမပါတဲ့ ဖျော်ရည်သောက် သူတွေထက် ဇီဝရုပ် ဖြစ်ပျက်မှု ၁၆ ဆ ပိုမို ကောင်းမွန် တာကို တွေ့ရပါတယ်။ ကဖင်းဓာတ် အများအ ပြားသောက်သုံး တာမျိုးကတော့ သင့် ကျန်းမာရေးကို ထိခိုက် နိုင်ပါတယ်။ 

အသက်ရှူလေ့ကျင့်ပါ
အသက်ရှူ လေ့ကျင့်ခန်းက အောက် ဆီဂျင်ကို အလုံအလောက် ရရှိစေပြီး ဇီဝ ရုပ်ဖြစ်ပျက်မှုကို ကောင်းစေ ပါတယ်။ ယောဂကျင့်တာ၊ တရားထိုင် တာတွေ ပြု လုပ်ပေးပါ။  

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Credit: Good Health - အလှအပနှင့်ကျန်းမာရေးဂျာနယ်

No comments: