Tuesday, September 3, 2013

ကိုယ်ဝန်ဆောင်ချိန် ရှောင်သင့်သော ဆေးဝါးများ



ကိုယ်ဝန် ဆောင်ချိန် ပထမ သုံးလ တာအတွင်းဟာ ကိုယ်ဝန်ဆောင်သည် တွေအတွက် အရမ်းကို နုနယ်တဲ့အချိန် ပဲဖြစ်ပါတယ်။ ဒီအချိန်မှာ ကိုယ်ဝန်ရှိနေ မှန်းမသိဘဲ တချို့ဆေးဝါးတွေကို သောက် သုံးမိမယ်ဆိုရင်တော့ သင့်ရင်သွေးလေး ကို ထိခိုက်စေနိုင် ပါတယ်။ ဒါကြောင့် ရှောင် သင့်တဲ့ဆေးဝါး တချို့ကို ဖော်ပြပေးလိုက် ပါတယ်။

နာကျင်မှုကို သက်သာစေသော ဆေးဝါးများ
သန္ဓေသားကို ထိခိုက်နိုင်ပါတယ်။ ခေါင်း ကိုက်တာမျိုးနဲ့ ကိုယ်လက်ကိုက်ခဲတာမျိုး တွေအတွက် သဘာဝနည်းနဲ့သာ ကုသမှု ခံယူပါ။ နှိပ်နယ်ပေးတဲ့ နည်းလမ်းတွေက ကိုယ်ဝန်ဆောင်ချိန်မှာ ခေါင်းကိုက်တာ နဲ့ ကိုယ်လက်ကိုက်ခဲတာတွေအတွက် အကောင်းဆုံးနည်းလမ်းတွေပဲဖြစ်ပါတယ်။

မှိုစွဲနာကို သက်သာစေသော ဆေးဝါးများ
ရောဂါပိုး ဝင်တာကြောင့် အသုံးပြုရ တဲ့ မှိုစွဲနာရောဂါသက်သာစေတဲ့ ဆေးဝါး တွေကို ကိုယ်ဝန်ဆောင်ချိန်မှာ အသုံးမပြု သင့်ပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် သင်က အသုံးပြုနေရတယ်ဆိုရင် ဆရာ ဝန်ကို တခြားဆေးပြောင်း သုံးဖို့ အကြံ တောင်းပါ။

ဝက်ခြံအတွက် သောက်ဆေးများ
နေရတဲ့ တချို့ဆေးဝါးတွေက ဟော်မုန်း ပြောင်းလဲမှုကို ဖြစ်စေပြီး ဝက်ခြံကို သက်သာစေတယ်ဆိုပေမယ့် ကိုယ်ဝန် ဆောင်ချိန်မှာတော့ ရှောင်သင့်ပါတယ်။

အအေးမိချိန် အလွယ်သောက်တတ်သော ဆေးဝါးများ
အရင်က အအေးမိချိန်မျိုးတွေမှာ အလွယ်တကူပဲသောက်တတ်ကြတဲ့ အ အေးမိပျောက်ဆေးတွေဟာ ပါရာစီတ မောသာပါဝင်တယ်ဆိုပေမယ့် ပါရာစီ တမော ပမာဏများများက ကိုယ်ဝန် ဆောင်ချိန်မှာ ကလေးငယ်ကို ထိခိုက် စေပါတယ်။ အထူးသဖြင့် ကလေးငယ် လနုနေစဉ်မှာပါ။ ရှူဆေးရှူတာမျိုးနဲ့ သဘာဝကုထုံးတွေကိုသာ ခံယူသင့်ပါ တယ်။

ဓာတ်မတဘ့်မှုကို သက်သာစေသော ဆေးဝါးများ
ကိုယ်ဝန်ဆောင်ချိန်မှာ ဓာတ်မ တည့်တဲ့ဆေးဝါးတွေက ရင်သွေးငယ်ကို ဒုက္ခပေးနိုင်တာကြောင့် သင့်မှာ ဓာတ်မ တည့်တဲ့ ပြဿနာရှိတယ်ဆိုရင် မဖြစ် ခင်ကတည်းက ကြိုတင်ရှောင်ရှားနိုင်စေ ဖို့ အထူးဂရုပြုပါ။ မတော်တဆကြောင့် ဓာတ်မတည့်မှုဖြစ်ခဲ့တယ်ဆိုရင်လည်း ဆေးဝါးတွေကို အရင်မသောက်ဘဲ ဆ ဆရာဝန်နဲ့ တိုင်ပင်ပါ။ရေများများသောက်တာက ဓာတ်မတည့်မှုကို လျှော့ချပေးနိုင်ပါတယ်။ တာက ဓာတ်မတည့်မှုကို လျှော့ချပေး နိုင်ပါတယ်။

စိတ်ကျရောဂါဆေးများ
စိတ်ကျရောဂါကြောင့် သောက်နေ ရတဲ့ ဆေးဝါးတွေဟာ ကိုယ်ဝန်ဆောင် နှစ်ပတ်တာကာလမှာဆိုရင် သန္ဓေသား ကို ထိခိုက်စေနိုင်ပါတယ်။ ကလေးငယ်ရဲ့ အသက်ရှူလမ်းကြောင်းစနစ်ကို ထိခိုက် စေနိုင်တာကြောင့် ဆရာဝန်ရဲ့အကြံ ဥာဏ်ကို ယူသင့်ပါတယ်။

ပဋိဇီဝ ပိုးသတ်ဆေးများ
ဆောင်ချိန်မှာ လုံးဝမသောက် သင့်ပါဘူး။ မဖြစ်မနေသောက် နေရသူဆိုရင်လည်း ဆရာဝန်နဲ့တိုင်ပင်ပါ။ သင်နဲ့ သင့်ရင်သွေး ငယ်အတွက် စိတ်ချရစေမယ့် ပိုးသတ် ဆေးမျိုးကို ပြောင်းလဲပေး ပါလိမ့်မယ်။

အချို့ကာကွယ်ဆေးများ
အသည်းရောဂါ ဘီပိုးကာကွယ်ဆေးလိုမျိုးတွေကို ကိုယ်ဝန်ဆောင်ချိန်မှာ မထိုးသင့်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန် မှာ ကာကွယ်ဆေးထိုးဖို့လိုအပ်ရင် ဆရာ ဝန်က ညွှန်ကြားပါလိမ့်မယ်။ ကိုယ့်သ ဘောနဲ့ ကိုယ်ကာကွယ်ဆေးထိုးမယ်ဆို ရင်တော့ မထိုးခင် နားလည်တဲ့ ဆရာ ဝန်နဲ့ အရင်ဆုံးတိုင်ပင်ပြီးမှ ထိုးသင့်၊ မထိုးသင့်ကို ဆုံးဖြတ်ပါ။

စိတ်ငြိမ်ဆေးများ
စိတ်လှုပ်ရှားမှုဖြစ်လာချိန်မျိုးမှာ အရေးပေါ်ထိုးရတဲ့ စိတ်ငြိမ်ဆေးလိုဆေး မျိုးတွေကို ကိုယ်ဝန်ဆောင်သည်တွေမှာ ရှောင်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် နှစ်ပတ်အတွင်းမှာ ယင်းဆေးဝါးကို သုံးမိ ရင် ကိုယ်ဝန်ပျက်ကျတဲ့အထိဖြစ်နိုင်ပါ တယ်။

ဆေးဖက်ဝင် ဆေးပင်များ
ဆေးဖက်ဝင် ဆေးပင်အချို့ကို ကိုယ် ဝန်ဆောင်ချိန်မှာ ကိုယ့်သဘောနဲ့ကိုယ် မစားပါနဲ့။ ယင်းအပင်တွေက သိပ္ပံနည်း ကျ စစ်ဆေးထားတာမျိုး မရှိတဲ့ အပြင် အန္တရာယ် လည်းများ ပါတယ်။ ဘယ်လို ဆေးဖက်ဝင် အပင်မျိုးကို မဆို ကိုယ်ဝန် ဆောင်ချိန်မှာတော့ ရှောင်ပါ။  

သဲသဲ

Credit: Good Health Journal

No comments: