Tuesday, September 17, 2013

ကချင် ကြက်သားပေါင်း


အချက်အပြုတ်နည်းလမ်းတွေကို မတင်ဖြစ်တာကြာပြီဒီနေ့တော့ ညီမလေးဝတ်ရည်ရဲ့ဘလော့ခ်ကိုသွားကြည့်တာ သဘောကျဖွယ် ကြက်သားကချင်ပေါင်းပေါင်းတဲ့နည်းကိုတွေ့တာနဲ့ပြန်လည်ဝေမျှလိုက်ပါတယ်။ သူ့ဘလော့ခ်မှာတော့ ချက်နည်းပေါင်းများစွာရှိတာပေါ့နော် ဒါပေမဲ့ ကျွန်တော် စားချင် ကြိုက်လည်းကြိုက်တဲ့ဟင်းချက်နည်းလေးတွေကို ပြန်ကူးပြီး ဝေမျှဖြစ်တာပါ။

သူငယ်ချင်းတို့ စားမြိန်ကြပါစေ….


ကချင် ကြက်သားပေါင်း

အရသာစပ်စပ်လေးနဲ့ ကချင် ကြက်သားပေါင်းပါ။ ကြက်သားကို ငရုတ်သီးပွနီ၊ ဂျင်း၊ ကြက်သွန်နီ အနည်းငယ် နုပ်ထားပြီမှ ပေါင်းထားမို့ သူအရသာက ကြက်သားထဲ ပြန်စိမ့်ဝင်ပြီ စပ်စပ်လေးနဲ့ တမျိုးစားလို့ ကောင်းပါတယ်။
ပါဝင်ပစ္စည်းများ
  • ကြက်ပေါင် – ၄၅၀ ဂရမ် (အတုံးလတ်များ တုံးပါ)
  • ကြက်သွန်ဖြူ – ၅မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စဉ်းပါ)
  • ဂျင်း (သို့) ဂျင်းမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်းစာ (ပါးပါးလှီးပါ)
  • ငရုတ်သီးပွနီ – ၄ခု (ရေနွေးနဲ့ပြုတ်ပြီ မညက်တညက်ထောင်းထားပါ)
  • ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၅ပုံ၁ပုံ
  • နံနံစေ့မှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ရေ (သို့) ဆန်ဝိုင် – စားပွဲတင်ဇွန်း ၂ဇွန်း
  • ကြက်သွန်မြိတ် – ၁ခု (ပါးပါးလှီးထားပါ)
ချက်ပြုတ်နည်းများ
၁။ အရင်ဆုံး (ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ ငရုတ်သီးပွနီ(ထောင်းပြီသား)၊ ဆနွင်းမှုန့်၊ နံနံစေ့မှုန့်၊ ရေ(သို့) ဆန်ဝိုင်)တို့ကို ကြိတ်စက်ထဲထည့်ပြီ သမအောင် ကြိတ်ပေးပါ။


၂။ ပြီလျှင် ကြက်သားများဖြင့် ကြိတ်ထားသည့် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးပွတို့ဖြင့် သမအောင် ရောနုယ်ပြီ ၁၀မိနစ်ခန့် နုပ်ထားပါ။

၃။ ထို့နောက် ပေါင်းအိုးတွင် ရေများများထည့်ပြီ ကြက်သားနူသည်အထိ မိနစ်၄၀ခန့် တည်ပေးပါ။

၎။ ကြက်သားပေါင်း ကျက်ပြီဆိုလျှင် ကြက်သားများကို ပေါင်း၍ ထွက်လာသော ကြက်ပေါင်းရည်များဖြင့် ဒယ်ထဲ ရေခမ်းသည်အထိ ပြန်တည်ပေးပါ။

၅။ နောက်ဆုံးမှ ကြက်သွန်မြိတ်လေးများ ဖြူးပြီ ကချင် ကြက်သားပေါင်းကို သုံးဆောင်လို့ရပါပြီ…


Credit: http://www.wutyeefoodhouse.com/?p=6274%2F

No comments: