Friday, March 15, 2013

ကိုရီးယား သစ်တော်သီးပေါင်း



သူငယ်ချင်းတွေပဲဖြစ်ဖြစ် ကျွန်တော်ကိုယ်တိုင်ပဲဖြစ်ဖြစ် နေမကောင်းချင်သလိုလိုဖြစ်ရင် တော်တော်နေရခက်တာပဲ။ အမေကတော့ပြောတယ် ဗီတာမင်စီသောက် ဗီတာမင်စီဓာတ်ပါတာစားတဲ့ ဒါဆိုဖျားဖို့ခဲယဉ်းတယ်ဆိုပဲ။ 

သူငယ်ချင်းတစ်ယောက်ကတော့ ကြက်သားကို ကြက်သွန်ဖြူကဲပြီးပေါင်းစား စွပ်ပြုလုပ်သောက်တယ်။ 

ကိုရီးယား သစ်တော်သီးပေါင်း
ယခုဖော်ပြပါ အချိုပွဲဟာ အချိုပွဲသက်သက်အနေနဲ့သာမကဘဲ အအေးမိ ဖျားနာသူများအတွက် ဆေးတစ်ခွက်လို အသုံးဝင်တဲ့ ဓာတ်စာအနေနဲ့ပါ စားသုံးနိုင်ပါတယ်

ပါဝင်ပစ္စည်းများ
ကိုရီးယားသစ်တော် သို့မဟုတ် ရွှေသစ်တော် တစ်လုံး(တစ်ပေါင်အရွယ်ခန့်)၊ ခြစ်ထားသောချင်း လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ ပျားရည် ထမင်းစားဇွန်း နှစ်ဇွန်း၊ သစ်ကြံပိုးခေါက်အမှုန့် လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း၊ ထင်းရှုးအဆန် ထမင်းစားဇွန်း တစ်ဇွန်း၊ တရုတ်ဆီးသီးခြောက် နှစ်လုံး(အစေ့ထုတ်ထားပါ)။

ပြုလုပ်နည်း
သစ်တော်သီးကို ရေဆေး၍ ခြောက်အောင် သုတ်ပါ။ သစ်တော်သီးထိပ်ပိုင်းကို တစ်လက်မအထူခန့်လှီးဖြတ်ပြီး အဖုံး လုပ်ပါ။ သစ်တော်သီးအစေ့များနှင့် အူတိုင်ကို ဇွန်းသေးသေးဖြင့် ကော်ထုတ်ပစ်ပါ။

အူတိုင်ဖယ်ထုတ်ပြီးသော သစ်တော်သီးခွက်ထဲသို့ ပါဝင်ပစ္စည်းများ အားလုံးထည့်ပါ။ ပြီးလျှင် လှီးဖြတ်ထားသော သစ်တော်သီးအဖုံးဖြင့် ဖုံးပါ။

သစ်တော်သီးကို အပူခံနိုင်သောခွက်ထဲထည့်ကာ မီးအနေတော်အပူပေးကာ ရေနွေးငွေ့ဖြင့် တစ်နာရီခန့်ပေါင်းပါ။
အချိုပွဲအနေနဲ့ဆိုရင်တော့ ပူပူဖြစ်စေ၊ အအေးခံပြီးတော့ဖြစ်စေစားနိုင်ပြီး အအေးမိဖျားနာနေရင်တော့ ပူပူလေးစားပါက ယူပစ်သလို ပျောက်ကင်းစေနိုင်ပါတယ်။

No comments: