Monday, March 11, 2013

ကျန်းမာရေး အမေးအဖြေ (၁၁၆)


1. ဆရာရေးထားတဲ့ HIV စမ်းသပ်နည်းကို ကျွန်တော်ဖတ်ပြီးသွားပါပြီ။
2. ကျွန်မက အိမ်ထောင်သည်ပါ ကျွန်မလက်ထပ်ထားတာ
3. ကျွန်တော် နာမည်က (့) ပါ၊ အသက်က ၂၅ နှစ်ပါ
4. ဒါဆိုရင် သဘာဝနည်းနဲ့ လိင်တံကြီးထွားအောင်
5. ကျမ အသက် ၃၃ နှစ်ပါ။ ငယ်ငယ်ကတည်းက ရာသီမမှန်ပါဘူး။
6. ကျွန်မ အသက် ၃ဝ။ ၁ နှစ် အရွယ်ကလေး တယောက်ရှိပါတယ်။
7. ကျွန်မ ရာသီမလာတာ ၈ ရက်ကျော်သွားပါပြီ။
8. ကျွန်မ ၂ဝ၊ ၁၊ ၂ဝ၁၃ မှာကလေးမွေးပါတယ်။
9. ကျွန်တော် အသက် ၂၅ နှစ်ပါ။
10. Citalopram Hydrobromide tablets 20mg ဆေးကဘာရောဂါအတွက်သုံးသလဲ
11. သမီးသိချင်တာလေး တစ်ခုပေါ်လာလို့
12. ကျွန်တော် အိမ်ထောင်ကျတာ ၂လကျော်ရှိပါပြီ။
13. ကျွန်တော် လိင်တံထိပ် အရေပြားအောက်က အစိုပြန်နေတာ ဆရာ။
14. ကျွန်မတို့လင်မယား ကလေးရရန် ဆရာဝန်ပြတာ၊ ဆေးစစ်တာတွေ လုပ်ပါတယ်ရှင်။
15. သမီးအသက်က ၃၁ နှစ်ပါဆရာ။ ကလေးလိုချင်လို့..


Wed, Jan 30, 2013 at 8:07 AM
ဆရာရေးထားတဲ့ HIV စမ်းသပ်နည်းကို ကျွန်တော် ဖတ်ပြီးသွားပါပြီ။ ဒါပေမယ့် မရှင်းပါ။ HIV antibody test နှင့် HIV viral load test စမ်းသပ်နည်းတွေကို စစ်ဆေးချင်ပါတယ်။ အမြန်သိချင်ရင် အဲ့ဒီ နည်းနှစ် နည်းရှိတဲ့ အပြင် ဘယ်နည်းက ပိုအဆင်ပြေပါသလဲ။ နောက်သွေးစစ်တဲ့နေရာမှာ ဘယ်လိုပြောပြီး စစ်ရပါသလဲ။ စစ်တဲ့သွေးနာမည်ကို ပြောပြပါ။ ကျွန်တော် သွားစစ်ချင်လို့ပါ။ နောက်စာထဲမှာ ဆရာရေး ထားတာ နှစ်ပါတ်ဆိုတာ နောက်ဆုံးပဲဆိုတော့ ကျွန်တော် တစ်ပါတ်နေပြီးတော့ စစ်ရင်ရော ရပါသလား။ နှစ်ပါတ်ပြည့်မှ စစ်ရပါသလား။ ပိုးရှိရင် အဖြေမှာ ဘယ်လိုရေးပြီး ပိုးမရှိရင် ဘယ်လိုရေးပါသလဲ။ 


မသေချာတဲ့ အပေါင်းပြနိုင်သာဆိုတဲ့ အတွက် အဖြေမှာ အနှုတ်သာပြရင် စိတ်အေးရပြီးပေါ့။
စာတွေထဲမှာ အားလုံးပါပါတယ်။

Sat, Feb 2, 2013 at 7:58 AM
ကျွန်မက အိမ်ထောင်သည်ပါ ကျွန်မ လက်ထပ်ထားတာ လွန်ခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ကပါ။ ယနေ့ဆို ၂ လ ပြည့်ခါနီးပါပြီ။ ကျွန်မ လက်မထပ်ခင် တားဆေး မထိုးခဲ့ဖူးပါဘူး။ ယခု ကျွန်မ ရာသီမလာတာ ၂ လရှိပါပြီ hcg စမ်းကြည့်တော့ ကျွန်မမှာ ကိုယ်ဝန်ရှိတဲ့ သင်္ကေတ မျဉ်း ၂ ကြောင်းပြနေပါတယ်။ ကျွန်မတို့ ဇနီးမောင်နှံ ၂ ယောက်က အခုမှ လက်ထပ်ခါစဆိုတော့ ကလေးယူဖို့ အဆင်သင့် မဖြစ်သေးသလို၊ စီးပွားရေး အခြေအနေအရ လိုလည်း မလိုချင်သေးပါဘူး။ ဆရာ့ကို ကျွန်မ အရင်တစ်ခါ အကူအညီ တောင်းခဲ့ဖူးပါတယ်။ ဆရာကတော့ ဆရာဝန်တို့ ကျင့်ဝတ်အတိုင်း ရှိပြီးသား ကိုယ်ဝန်ကို အဆုံးသတ်ဖို့ အားမပေးခဲ့ပါဘူး။ လေ့လာချင်ရင်တော့ ဆရာရေးထားတဲ့စာတွေ ဖတ်ကြည့်ဖို့ ဆရာညွှန်ကြားခဲ့ပါတယ်။ ကျွန်မ စာတွေရှာဖတ်ကြည့်တော့ RU 486 , Mefipristone တို့ကို သုံးလို့ရတယ်လို့ သိမှတ်ခဲ့ရပါတယ်။ ကျွန်မလည်း အဲဒီဆေးတွေကို မှတ်သားပြီး ဆေးဆိုင်မှာမေးကြည့်တော့ ဒီဆေးတွေ မရကြောင်း၊ cytotec (misoprostol) သာရှိကြောင်း ၊ အသုံးပြုလို့ရကြောင်း အကြံပေးခဲ့ပါတယ်။ ဆေးရောင်းသူက cytotec 200 mg ၂ လုံးကို ၁ နေ့ ၁ လုံး vaginal ထဲထည့်သုံးဖို့ အကြံပေးခဲ့ပါတယ်။ ဒါနဲ့ ကျွန်မ သူပြောတဲ့အတိုင်း ၁ နေ့ ၁ လုံး vaginal ထဲ ထည့်သုံးခဲ့ပါတယ်။ ပထမ ၁ ရက် ညဘက်ထည့်ထားတော့ မနက်ကျတော့ သွေးဆင်းပါတယ်။ သွေးခဲတွေလည်း ပါပါတယ်။ ဒါပေမယ့် နေ့လယ်လောက်မှာ ထပ်မဆင်းတော့ပါဘူး။ ဒုတိယ ညကျတော့ နောက် ၁ လုံးထပ်ထည့်ပါတယ်။ နောက်နေ့ မနက်မှာ အနည်းငယ်သာဆင်းပြီး သွေးစ လေးတွေပဲ ထွက်ပြီး ရပ်သွားခဲ့ပါတယ်။ ကျွန်မ jan 30 နဲ့ jan 31 ရက်နေ့မှာ သုံးခဲ့ပါတယ်။ ယနေ့ မနက်မှာတော့ ကျွန်မ hcg ပြန်တိုင်းကြည့်တဲ့အခါ မျဉ်း ၂ ကြောင်း ထပ်ပေါ်နေပါတယ်။ ဒါဆို ကျွန်မကိုယ်ဝန်က ရှိသေးတယ်လို့ ကျွန်မထင်ပါတယ်။ ဆရာရှင့် ကျွန်မ ဘာဆက်လုပ်ရမလဲ မသိဘူး ဖြစ်နေပါတယ်။ ကျွန်မ အဖြစ်ချင်ဆုံးက (လုံးဝ) ကလေး မလိုချင်သေးပါဘူး။ အခုလို ကျွန်မ စမိပြီဆိုတော့ ကလေးယူရမယ်ဆိုရင်လည်း ကျွန်မသုံးတဲ့ဆေးတွေကြောင့် ကလေးမပြည့်စုံမှာကိုလည်း တွေးပူမိပါတယ်။ ကျေးဇူးပြုပြီး ကျွန်မရဲ့အခက်အခဲကို ပြေရှင်းဖို့ နောက်တစ်ဖန် ပြန်ကြိုးစားဖို့ ဆရာညွှန်ကြားပေးပါလို့ ကျွန်မအနူးအညွတ် အကူအညီတောင်းပါတယ်ရှင့်။


ဆရာ့စာတွေထဲမှာ ပါပါတယ်။ ကိုယ်ဝန်ရှိတာနဲ့ ဆီး-သွေးကိုစစ်ရင် ကိုယ်ဝန်ရှိနေတာဖြစ်ဖြစ်၊ ပျက်သွားတာဖြစ်ဖြစ်၊ ဖျက်လိုက်တာဖြစ်ဖြစ် ဟော်မုန်းက စမ်းသပ်လို့ရနိုင်တဲ့ အဆင့်ရှိနေသေးရင် အပေါင်း (နှစ်ကြောင်း) ပြနေပါအုံးမယ်။

Fri, Feb 1, 2013 at 8:17 PM
ကျွန်တော် နာမည်က (့) ပါ။ အသက်က ၂၅ နှစ်ပါ။ Varicocele သွေးကြောထုံးရောဂါ ခံစားနေရတာ ကြာပါပြီ။ ဆေးရုံမှာ ခွဲစိပ်ဖို့ လုပ်တော့လည်း ခွဲဖို့မလိုဘူးဆိုပြီး ခွဲမပေးပါဘူး။ ဆေးကတော့ paracetamol, Ibuprofen တို့ သောက်ခိုင်းပါတယ်။ ခဏပဲ သက်သာပါတယ်။ ရောဂါက နည်းနည်း အားစိုက်တဲ့ လုပ်တွေ လုပ်မိတာ နဲ့ ၂-၃ ရက်လောက် နာပါတယ်။ တခြားအချိန်မှာတော့ နည်းနည်း လေးသလို အကြော ခုနေသလို ခံစားရ ပါတယ်။ embolization ဆေးနဲ့ သွေးကြောပိတ်နည်း ကုသလို့ ရတယ်လို့လည်း သိရလို့ လမ်းညွှန်ပေးပါအုံး ခင်ဗျာ။ သောက်ရမည့်ဆေးအညွန်း လေးများလည်း လမ်းညွန်ပေးပါ ခင်ဗျာ။


Varicocele (ဗေရီကိုဆီးလ်)

Fri, Feb 1, 2013 at 2:55 PM
ဒါဆိုရင် သဘာဝနည်းနဲ့လိင်တံကြီးထွားအောင် ဘယ်လို လုပ်ရမှာလဲခင်ဗျား


အရင်မေးတာ မသိပါ။ ဆရာ့ဆီက ပို့ထားတာထဲ ပါ-မပါလဲ မသိပါ။ ရှာဖတ်နိုင်ပါတယ်။

Fri, Feb 1, 2013 at 1:01 PM
ကျမအသက် ၃၃ နှစ်ပါ။ ငယ်ငယ်ကတည်းက ရာသီမမှန်ပါဘူး။ အမြဲတမ်းနောက်ကျပြီမှ လာပါတယ်။ လာရင်လည်း တရက်က သွေးမဆင်းပါဘူး။ အညိုရောင်တွေပဲ ဆင်းပါတယ်။ နောက်နေ့ တရက်လာပြီး မလာတော့ပါဘူး။ သူများနိုင်ငံမှာ ဆိုတော့ ကုသဖို့ အဆင်မပြေပါဘူးရှင်။ ကျမ လူလွတ်ပါ။ အရင် ၂ ပတ်လောက်က သူနဲ့ဆက်ဆံသလို ဖြစ်ခဲ့ပါတယ်။ သူက မပြီပါဘူး။ ခနလေးပါပဲ။ အခုတော့ ကျမအင်္ဂါက ယားပြီယောင်နေပါတယ်။ အဖြူ အဝါ အစိမ်းလိုလို အရည်တွေ ဆင်းပါတယ်။ ဆီးလည်း ခဏခဏ သွားပါတယ်။ အနံ့လည်း မနံပါဘူး။ ဆရာ့ဆောင်းပါးတွေ လိုက်ဖတ်တော့လည်း ကျမဘာဖြစ်တာလည်း မသိတော့လို့ ဆရာ့ကို အားကိုးပြီ မေးပို့ရတာပါဆရာ။ သားအိမ်ကလည်း ကျချင်သလိုဖြစ်နေတာ အရမ်းကိုနေရခက်ပါတယ်။

ဒီစာထဲမှာ ဆေးနည်းပါပါတယ်။

Vaginal Discharge မွေးလမ်းကြောင်းမှ အပြူဆင်းခြင်း


Thu, Jan 31, 2013 at 11:49 AM
ကျွန်မ အသက် ၃ဝ။ ၁ နှစ်အရွယ်ကလေး တယောက်ရှိပါတယ်။ ကလေးကနို့ဖြတ်လိုက်ပါပြီ။ ကိုယ်ဝန် တားဆေးထိုး နေရာကနေ ကိုယ်ဝန်တားဆေး သောက်ဆေး ပြောင်းချင်ပါတယ်။ ကိုယ်ဝန်တားဆေးထိုး တာကို တာရှည်ဆို မကောင်းဘူးလိုလည်း ကြားဘူးလိုပါ။ နောက်တခါ ဆေးထိုးရမဲ့ ရက်က Feb 3 ရက်ပါ။ အဲဒီရက်က စလို့ သောက်ဆေး စသောက်ရမှာပါလား။ ဘယ်လိုသောက်ရမလဲ။ ဘာတားဆေး သောက်သင့် ပါသလဲ။ ခေါင်းနည်းနည်း မူးတတ်လိုပါ။ marvelon သောက်မယ်လို စဉ်းစားထားပါတယ်။ လမ်းညွန်ပေးပါ ဆရာရှင့်။


ရေးထားတာတွေ ရှိတယ်။ အားရင် ဖတ်ပါ။
ခပ်တိုတိုပြောရရင် တားဆေးကို ရာသီစလာတဲ့ နေ့ကနေသောက်ရတာဖြစ်တယ်။ တချို့က ထိုးဆေးထိုးနေချိန်မှာ ရာသီ မလာတတ်ဘူး။ မေးတဲ့သူက နောက်ဆုံးရာသီရက်ပြောပါ။
Birth Control Methods How Decide ကိုယ်ဝန် တားနည်း-တားဆေး ဘယ်လိုရွေးမလဲ http://dts-medicaleducation-adultblogspotin/2012/03/birth-control-how-decidehtml
Birth Control Pill Types ကိုယ်ဝန်တားစားဆေး ဘယ်ဟာရွေးမလဲ http://dts-medicaleducation-adultblogspotin/2012/03/birth-control-pill-typeshtml
Birth Control Pills 25 FAQs ကိုယ်ဝန်တား စားဆေး အမေး-အဖြေ ၂၅ ခု http://dts-medicaleducation-adultblogspotin/2012/05/birth-control-pills-faqshtml
Birth control pills for emergency contraception ပုံမှန်တားဆေးကို အရေးပေါ်အသုံးချနည်း http://dts-medicaleducation-adultblogspotin/2012/09/birth-control-pills-for-emergencyhtml
Birth Control Risk ကိုယ်ဝန်တားဆေး နဲ့ သွေးခဲခြင်း http://dts-medicaleducation-adultblogspotin/2012/03/birth-control-riskhtml


ဆရာရှင့်ဆေးစထိုးတကည်း ကရာသီ မလာတော့ပါဘူး။ ကလေးမွေးပြီး45 ရက်ပြည်ကတည်းက အခုထိထိုးနေတာ။ တခါမှရာသီပြန်မလာပါ။ ကလေး က ၁နှစ်နဲ ၁လရှိပါပြီ။

အဲဒါဆိုရင် တားဆေး-စားဆေးကို ဘယ်အချိန်က စသောက်သောက် ရပါတယ်။ ရာသီလာနေသူတွေဆိုရင် ဆေးထိုး-စယးဆေးသောက်ပြီး ၇ ရက်နေမှသာ အကာကွယ်စပေးတယ်။

Fri, Feb 1, 2013 at 8:57 AM
ကျွန်မ ရာသီမလာတာ ၈ ရက်ကျော်သွားပါပြီ။ ပုံမှန် ၂၆ရက်နေ့ဆိုလာနေကျပါ လွဲလဲ ရှေ့ ၂ ရက် နောက် ၂ ရက်ပါပဲ။ ခုက ၁ပတ်တောင်ကျော်နေပြီ ဆိုတော့ ဘာများလုပ်သင့်ပါသလဲ။ နေရထိုင်ရတာလဲ မကောင်းဘူး။ ပုံမှန်ထက် ပိုပူနေသလိုလည်း ခံစားရတယ်။ ညဘက်အိပ်ရင် ချွေးအရမ်းထွက်တယ်။ အထူးသဖြင့် လည်ဂုတ်မှာပါ။ ဘာဆေးများ သောက်သင့်ပါသလဲ။ အိမ်ထောင်မရှိသူတွေမှာ ရာသီထိန်ရင် ဘယ်နှစ်ရက်လောက် ရှိတတ်ပါသလဲဆိုတာ သိချင်လို့ပါဆရာ။


ဖြစ်တဲ့သူရဲ့ အသက် မသိရပါ။ အိမထောင်ရေး မသိပါ။ ဆက်ဆံမှု မသိပါ။ အရင်ကကော အခုလိုဖြစ်ဘူးလား မသိရပါ။ ကိုယ်ဝန်အတွက် သံသယထားစရာမရှိသူဆိုရင် မစိုးရိမ်သင့်ပါ။ ဆေးစစ်းဘူးလား မသိရပါ။ အသက်ကြည့်မှ မှန်းလို့ရမယ်။ စိုးရိမ်ရင် OG ပြာပါ။ သိချင်သေးမေးပါ။

Fri, Feb 1, 2013 at 8:18 AM
ကျွန်တော် HIV ပိုး သံသယရှိတဲ့ အချိန်ရဲ့ သုံးရက်အကြာမှာ ထူးထူးခြားခြား ကိုယ်မှာ ယားယားလာပါတယ်။ လည်ပင်းတွေ လက်တွေခြေထောက်တွေမှာ။ အဲ့ဒါရောဂါနဲ့ သက်ဆိုင်မှု ရှိပါသလား။ လေးရက်လောက် ရှိပါပြီး။ နောက်တစ်ခုက ကျွန်တော် HIV ပိုးကို စောစောသိချင်ပြီး ဆရာ့စာထဲက စစ်နည်းတွေကို ဖတ်ပြီးပါပြီး။ ဒါပေမယ့် သွေးစစ်နေရာတွေကို သွားစစ်တော့ သုံးလနေ စစ်တာနှင့် ပိုးကို တိုက်ရိုက် စစ်တာ နှစ် မျိုးပဲ ရှိကြောင်း ပြောပါသည်။ တိုက်ရိုက်စစ်တာက ယခု ကျွန်တော်နေတဲ့ နယ်မြို့မှာမရ။ ဈေးက အလွန်ကြီးပြီး နိုင်ငံခြားနဲ့ ချိတ်ပြီး စစ်ရတာတဲ့။ ဆရာ့စာထဲက တခြား အမြန်စစ်နည်းတွေက ဘယ်လိုပြောပြီး စစ်ရပါသလဲ။ သူတို့ကအဲ့ နှစ်နည်းရှိတယ်တဲ့။ ကျွန်တော့်ကို ဖြစ်နိုင်ရင် အမြန်သိအောင် စစ်လို့ရအောင် ဆရာအကောင်းဆုံး လမ်းညွန်းပေးပါ။


ဆေးစစ်တာတိုင်းက ရှိ-မရှိ သိချင်လို့သာဖြစ်ပါတယ်။ ကုသဘို့ မဟုတ်ပါ။ ဒီပိုးကို တွေ့တိုင်းလဲ ဆေးသောက် ဆေးထိုး လုပ်ရတာမဟုတ်ပါ။ စစ်ပြီး အဖြေမှားသိရတာက မစစ်တာထက်ဆိုးတယ်။ ယားတာက သံသယဝင်တဲ့ပိုးကြောင့် မဖြစ်လောက်ပါ။ (အလာဂျီ) တခုခုရတာဖြစ်မယ်။ ဒီပိုးကနေ အဲလိုမဖြစ်ပါ။ ပိုးဝင်ခံရအုံးတော့ ဘာမှ မခံစားရသေးပါ။ (အလာဂျီ) ဆေးနည်းတွေဖတ်နိုင်ပါတယ်။

Thu, Jan 31, 2013 at 9:47 PM
ကျွန်မ ၂ဝ၊ ၁၊ ၂ဝ၁၃ မှာကလေးမွေးပါတယ်။ လေးရက်မြောက်နေ့မှာ ကလေးအသားဝါလို့ ဆေးရုံပြန်တက်ရပါတယ်။ ဆေးရုံ ဆင်းပြီးနောက်ပိုင်း ဆေးခန်း ခဏခဏသွားပြီး ကလေး သွေးစစ်ရပါတယ်။

26.1.2013 နေ့မှာ ကျွန်မယောကျာ်းက အနာဆေးထည့်ပေးတော့ ချုပ်ရိုးဖြည်နည်းနည်းတည်ပြီး တစ်ကြိုးလွတ်နေပါတယ်။ အခု နှစ်ကြိုး လွတ်ပြီး အောက်ဘက်မှာ လက်မဝက်လောက် အနာလိုမျိုးပွင့်နေပါတယ် ဆရာ။ အနာရင်းသလိုလဲ ဖြစ်နေပါတယ်။ အရမ်းလဲ နာပါတယ်ဆရာ။ ဆေးထည့်တိုင်းလဲ ငိုနေရပါတယ်ရှင်။ အန်တီဗိုက်တစ် လုပ်ရမယ်လို့လဲ ပြောပါတယ်ဆရာ။ အဲ့ဒါ ဘာလုပ်ရတာကို ပြောတာလဲ သိပါရစေရှင်။ အနာကို တခြားဘယ်နည်းနဲ့ အနာသက်သာအောင်၊ အနာမရင်းအောင်၊ အနာအမြန်ဆုံး ကျက်အောင် လုပ်ရမလဲလို့ လမ်းညွှန်ပေးပါဦး ဆရာ။ အခုတော့ သူငယ်ချင်း တစ်ယောက်ညွှန်တဲ့ Ibuprofen သောက် ပါတယ် ဆရာ။

မေးတာ၊ ရေးတာက ရောထွေးနေတယ်။ ကလေး၊ ကျမယောက်ျား၊ ကျမ။ သိချင်တာက ဘယ်သူ့အတွက်လဲ။ ချုပ်ရိုးဆိုတာ ဝမ်းဗိုက်ခွဲမွေးတာလား၊ မွေးလမ်းကြောင်းချဲ့တာလား။ ပြောပြတဲ့ဆေးဆိုတာ ဗက်တီးရီးယားကိုနိုင်တဲ့ ပိုးသေဆေးကို ဆိုလိုတယ်။ ခွဲပေး၊ ချုပ်ပေးတဲ့ဆရာဝန်က သေချာပေါက်ညွှန်မှာပါ။

Thu, Jan 31, 2013 at 8:52 PM
ကျွန်တော် အသက် ၂၅ နှစ်ပါ။ နာမည်က (့) ပါ။ ကျွန်တော့် မိန်းမရာသီလာရက်က ၂၈ ရက်နေ့ ကလာပြီတော့ ၃ဝ ရက်နေ့မှ ပြီးပါတယ်။ ၃၁ တစ်ရက်နေ့မှအတူနေဖြစ်ပါတယ်ဆရာ တားဆေး၊ထိုးဆေး လဲမသုံးထားတော့ ကိုယ်ဝန် ရနိုင်လား ခင်ဗျာ။ ကျွန်တော့် မိန်းမရဲ့နောက်ပေါက်ထဲမှာပြီးပါတယ် ဆရာ အဲ့ဒါကိုယ်ဝန် ရနိုင်လားခင်ဗျာ။


ဆေးပညာ-ကျန်းမာရေးကို ဆရာဝန်ကိုမေး-ရေးရင် တိတိကျကျလေးရေးပါ။ စအို၊ ပါးစပ်ထဲမှာ ယောက်ျား သုက်ရည် လွှတ်ကနေ ကိုယ်ဝန်မရစေပါ။ ဘယ်ရက်မှာဖြစ်ဖြစ် မရစေပါ။ ရာသီရက်တွက်ပြီး ကိုယ်ဝန်တားချင်ရင် ပို့တဲ့စာဖတ်ပါ။

Thu, Jan 31, 2013 at 8:24 PM
Citalopram Hydrobromide tablets 20mg ဆေးကဘာရောဂါအတွက်သုံးသလဲ ဆိုးကျိုး ကောင်းကျိုး သိချင်ပါတယ်။


Citalopram hydrobromide = (Citalopram, Celexa, Cipramil) ဆေးဟာ Antidepressant drug စိတ်မကျဆေး ဖြစ်တယ်။ Selective serotonin reuptake inhibitor (SSRI) အမျိုးအစားဆေးဖြစ်တယ်။

Thu, Jan 31, 2013 at 6:17 PM
သမီးသိချင်တာလေး တစ်ခုပေါ်လာလို့ သမီးကို ကူညီတဲ့အနေနဲ့သိချင်တာလေး ပြေကြားပေးပါနော်။ 12 လပိုင်းလ ကုန်လောက်မှာလိင်ဆက်ဆံမှုပြုလုပ်ခဲ့မယ်ဆိုရင် 1 လပိုင်းလကုန်လောက် (တစ်လတိတိ) မှာ ဆီးစစ်ကြည့်မယ်ဆိုရင် အမှန်ပေါ်နိုင်ပါသလား။ ရာသီလာရမယ့်ရက်မှာ မလာဘူးဖြစ်နေလို့ ဆီးစစ်ကြည့်မိတာပါ။ မရှိဘူးလို့တော့ပြပါတယ်။ သေချာမသေချာသိချင်လို့ပါ။ မသေချာဘူးဆိုရင် ဘယ်အချိန်မှာ ထပ်စစ်သင့်သလဲ ဆိုတာလေးပါ တစ်ချက်လောက် ဖြေကြားပေးပါဦးနော်ဆရာ။


Pregnancy Tests (1) ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်ခြင်း

Thu, Jan 31, 2013 at 3:53 PM
ကျွန်တော် အိမ်ထောင်ကျတာ ၂လကျော်ရှိပါပြီ။ ဒါပေမဲ့ အမျိုးသမီးနဲ့ အတူနေတဲ့အခါ ကျွန်တော်ပြီးတာ ၅ မိနစ် အတွင်းဖြစ်နေလို့ပါဆရာ အဲဒါ ပုံမှန်ဘဲလား။ ပုံမှန်မဟုတ်ဘူး ဆိုရင် ဘယ်လိုလုပ်ရမလဲ ဆရာ။


Male Orgasm (1) ယောက်ျား ပြီးခြင်း (၁) http://dts-medicaleducation-adultblogspotin/2012/03/male-orgasmhtml
Male orgasm (2) ယောက်ျား ပြီးခြင်း (၂) http://dts-medicaleducation-adultblogspotin/2013/01/male-orgasm-2html


Wed, Jan 30, 2013 at 8:18 PM
ကျွန်တော် လိင်တံ ထိပ် အရေပြားအောက်က အစိုပြန်နေတာ ဆရာ။ ဘာဖြစ်တာလဲ မသိလို အမြန်ဆုံး ဖြေကြားပေးပါဆရာ။


ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါကအတိုင်းမေးပါ

Tue, Nov 27, 2012 at 8:33 AM
ကျွန်မတို့ လင်မယား ကလေးရရန် ဆရာဝန်ပြတာ၊ ဆေးစစ်တာတွေ လုပ်ပါတယ်ရှင်။ ကျွန်မသားအိမ် အန်ထရာဆောင်း ရိုက်ထားတာလဲ ကျွန်မ ဆရာ့ဆီ ပြဖူးပါတယ်။ Pap Smear လဲစစ်ပြီး Result ကိုလဲ နားမလည်လို့ ဆရာ့ဆီ Email နဲ့ မေးပြီးပါပြီရှင်။ ကျွန်မ သိချင်တာက သွေးပြူဥတွေ့တာလို့ ဆရာအဖြေမှာ ဖတ်ရပါတယ်။ ပိုးယဉ်ရင် တွေ့တတ်တယ်ဆိုတော့ ဘာပိုးပါလဲရှင်၊ သွေးပြူဥကဘာလို့ PapSmear မှာပေါ်တာပါလဲရှင်၊ ကျွန်မ သိချင်လို့ပါရှင်။ တော်တော်လေး အမေး အမြန်း ထူတယ်လို့ မထင်ပါနဲ့ရှင်။ သူများနိုင်ငံမှာ ဆိုတော့ မေးလို့ရနိုင်တာ ဆရာတစ်ယောက်ထဲ ရှိပါတယ်ရှင့်။ နောက်တစ်ခုက ကျွန်မ ပိုးသတ်ဆေးတွေ သောက်နေစဉ် ရက်အတွင်းမှာလဲ နားတွေ ယားပါတယ်ရှင်၊ နီရဲလာပြီး ဆေးသောက်တာ ကုန်သွားတော့ ခုမယားတော့ပါဘူး။ မလေးမ ဆရာဝန်ပြောတဲ့ အတိုင်း ရာသီလာရင် ဆေး ခန်ပြန်လာပြီး ဆေးယူဆိုလို့ သွားယူပါတယ်။ ကျွန်မ ထင်တာတော့ မျိုးဥကြွေဆေးနဲ့ တူတယ်ဆရာ ဒုတိယ ရက်ကနေ စသောက်ခိုင်းတယ်။ တစ်နေ့ ၂ လုံး ၅ ရက်စာ၊ အမျိုးသားကိုတော့ Homon ဆိုပြီး အိတ်ပေါ်မှာ ရေးထားတယ် ညိုညိုအတောင့်တွေ တစ်နေ့ကို ၂ လုံး ဆေးအဖြူ Homon လို့ရေးထားတယ် တစ်နေ့ ၁လုံး ၂ ပတ်စာ ပေးပါတယ်။ Folic Acid နဲ့ Omega3 ကတော့ ကျွန်မအတွက် တစ်နေ့ ၁လုံး။ အမျိုးသားက Omega3 တစ်နေ့တစ်လုံး သောက်ခိုင်းပါတယ် နေ့စဉ်ပေါ့။ ရာသီကတော့ ရှေ့လ ၃ဝ၁ဝ၂ဝ၁၂ ကစလာတာပါ။ ၃ ရက်နေ့မှာပြီးပါတယ်။ ၅ ရက်ပါရှင်။ ခုဒီလ၂၅ ရက်နေ့က သွေးရောင်နဲနဲလေးတွေ့ ပါတယ်။ ရာသီ လာတာဆိုရင် နောက်နေ့တွေဆို လာပြီဆရာ၊ ခုတော့၂၆ ရက်နေ့ကလဲ ကန်တော့ပါဆရာ၊ အတွင်းခံနဲနဲလေး စွန်းရုံပါဘဲ။ ခုဒီမနက်မှာလဲ ရာသီလာသလို ဂွမ်းထုပ်ခံစရာခုထိ မလိုသေးပါဘူး။ အရင်လတွေဆို အလိုမဟုတ်ပါဘူးရှင်။ ဘာဖြစ်နေတာလဲ ဆိုတာ သိချင်ပါတယ်ရှင်။ နောက်တစ်ခုက မိန်းမတစ်ယောက်က မျိုးဥကြွေဆေးကို ဘယ်နှစ်ကြိမ်သောက်လို့ ရပါသလဲရှင်။ ဆရာ့စာတွေ ထဲမှာရေးထား တာက ၃ လ မှ ၆ လ ထိ ပေးတတ်တယ်လို့ တွေ့ပါတယ်ရှင်။


ခုလိုမေးရတာ အကြောင်းရှိပါတယ် ဆရာ ခုလက်ရှိ မလေး ဆရာဝန်မနဲ့ မပြခင် အရင် ၁ နှစ်လောက်က ကျွန်မ တို့နေတဲ့ နေရာနဲ့တော်တော်ဝေးတဲ့နေရာက မြန်မာ ဆရာဝန်နဲ့ပြတုန်းက ၂ လဘဲ ပြခဲ့ပါတယ်။ သားဖွားမီးယပ် အထူးကုတော့ မဟုတ်ပါဘူး ဆရာ ဒေါက်တာ ကိုကိုကြီးပါဆရာ။ မြန်မာလိုပြောတော့ နားလည်လွယ်တာပေါ့ ဆရာ။ 

သိချင်တာလဲပြန်မေးလို့ရတယ်။ အဲ့ဒီ ဒေါက်တာကလဲ ကျွန်မကို မျိုးဥကြွေဆေး ပထမလက တစ်နေ့ ၁ လုံး ၅ ရက်။ နောက်လ တစ်နေ့ ၂ လုံး ၅ ရက်ပေးပါတယ်။ အဲ့ဒါလဲ ကလေးမရခဲ့ပါဘူး။ စစ်ဆေးမှူတွေတော့ မလုပ်ပေးခဲ့ဘူးဆရာ၊ အမျိုးသားကိုလဲ ဆေးမပေးဘူး။ နောက်ပိုင်း ကျွန်မ စာအုပ်လုပ်တာ ပါမစ်ကပ်ရနဲ့မို့ မသွားဖြစ်တော့ပါဘူး။ ဝေးကလဲဝေးလို့ပါ၊ မျိုးဥကြွေဆေးကို အဲ့ဒီတုန်းက သောက်ခဲ့ ဖူးပါတယ်။ နောက်ပိုင်း ဆရာ့စာတွေ ဖတ်ပြီး မျိုးဥကြွေမကြွေ သိချင်တာနဲ့ Ovulation Test ဝယ်ပြီးတိုင်းပါတယ်ဆရာ ၂ ကြောင်းပြပါတယ်။ မျိုးဥကြွေတာပေါ့နော်။ ခုပြနေတဲ့ မလေးမဆရာဝန်ကိုတော့ မပြောတတ်လို့ မပြောပြတော့ဘူးဆရာ။ ဆရာဆီစာရေးပြီး အကြံဥာဏ်ယူတာပါဆရာ။ ဆရာ ဆီကိုမေးတာ ဒီစာနဲ့ဆို ၃ခါရှိပါပြီဆရာ။ ဆရာစာလဲ သိပ်ရှည်နေပြီ အားနာပါတယ်ဆရာ။ အလုပ်တွေ မအားတဲ့ကြားကပြေကြားပေးနေတဲ့ ဆရာ့ကို အားကိုးပါတယ် လေးစားပါတယ်ရှင်။ ခုလက်ရှိပြနေတဲ့ ဆရာဝန်မဆီလဲ ဆက်ပြသင့် မပြသင့်၊ ဆေးခန်း တစ်ခါသွားရင် တုံကင်ယူရ စောင့်ရနဲ့ တစ်နေကုန် ပါတယ်ဆရာ။ အမျိုးသားကိုတော့ ၃ လ နေမှ စစ်မယ်လို့ ပြောပါတယ်ဆရာ။

• “ပိုးယဉ်ရင် တွေ့တတ်တယ်” ဆိုတာတော့ အရင်ပြေတာကိုပြန်ဖတ်မှ သိတော့ပါမယ်။
• သောက်ခိုင်းတာ မျိုးဥထွက်ဆေးဖြစ်မှာပါ။
• မျိုးဥထွက်တယ်ဆိုတာ ကောင်းတယ်။ တဆင့်တိုးတက်လာတာပေါ့။
• မျိုးဥထွက်ဆေးပေးနည်းလဲ စာထဲမှာရေးထားပါတယ်။ မထွက်သေးသူတွေကို နောက်တခါ ဆေး ၂ ဆ တိုးသောက်စေတယ်။ ၅ဝ ကနေ ၁ဝဝ ဖြစ်မှာပေါ့။
• ကိုယ်ဝန်ရတယ်ဆိုတာ အကြောင်းတရား များတယ်။ မျိုးဥထွက်ရမယ်၊ မျိုးဥနဲ့ သုက်ပိုးတွေ့ရမယ်။ သုက်ပိုးတွေက အရေအတွက်ရော အရည်အသွေးပါ ကောင်းရမယ်။ ပေါင်းစပ်နိုင်အောင် သားအိမ်ပြွန်လမ်း ကောင်းရမယ်။ ပေါင်းစပ်ပြီးရင် သားအိမ်အတွင်းနံရံမှာ လာတွယ်ကပ်ရမယ်။
• အပြူဆင်းတာ ခဏခဏမဖြစ်ဘူးရင် သားအိမ်ပြွန်လမ်းကောင်းနေမှာပါ။
• အမျိုးသားကိုတော့ သုက်ပိုး မစစ်ရသေးရင် စစ်ရမယ်။
• အားဆေးတွေ ကောင်းပါတယ်။
• ဆရာရေးတဲ့ သားသမီးမရသေးတဲ့စာတွေလဲ အချိန်ရရင် ဖတ်ပြီးလိုက်နာပါ။


သမီးအသက်က ၃၁ နှစ်ပါဆရာ။ ကလေးလိုချင်လို့ OG ပြတာ ၁ဝ လပိုင်းကစပြီးပြတာ သုံးလရှိသွားပါပြီဆရာ။ ယောက်ျားကော မိန်းမပါ သောက်ဆေးပေးပါတယ် ဆရာ။ ဒါပေမဲ့ ရာသီကတော့ပုံမှန်ရက်ပဲလာပြီး မထူခြားပါဘူးဆရာ၊ ဒီဇင်ဘာ၂၄ နေ့က နောက်ဆုံးရာသီပေါ်ပါတယ်ဆရာ။ ယခုဇန်နဝါရီလမှာ ရာသီမပေါ်လို့ မနေ့က ၂၉ဝ၁၂ဝ၁၃OG သွားပြရာ၊ သမီးမှာကိုယ်ဝန်လေးပတ်ရှိပြီလို့ ultrasound ရိုက်ပြီး OG ကပြောပါတယ်ဆရာ။ အဲဒီဆရာမကလည်း ကိုယ်ဝန်ရှိနေပြီဆိုတာ အတည်ပြုပေးပါတယ်။ ဆေးခန်းက ပြန်လာတဲ့ ညမှာပဲ သမီးပျို့အန်ပြီး ပင်ပန်းသလိုခံစားရတယ်။ ဝမ်းဗိုက်ရဲ့ ဘယ်ဘက်အောက်နားဆီက စူးစူးစူးစူးနဲ့ ခံစားရပါတယ်။ ဘယ်ဘက်ခြေထောက်လည်း အနည်းငယ် ထုံကျင်သလို ခံစားရပါတယ်။
ပြီးတော့ မိန်းမ ကိုယ်မှသွေးအနည်းငယ် ထွက်လာပါတယ် ဆရာ။ ဆေးရုံကိုသွားပြတော့ pressure ကျနေလို့ ဂလူးကိုစ့် သွင်းပေးပါတယ်။ သူတို့တော့ ကိုယ်ဝန် အဖက်တင်မတင် ဆိုတာ ၅ဝ% စီလို့ ပြောပါတယ် ဆရာ။ ဒီနေ့ သမီးအရင်ပြနေကြ OG ဆရာမကို သွားပြန်ပြတော့ အရမ်းတော့ စိုးရိမ်စရာ မရှိဘူးလို့တော့ ပြောပါတယ်။ 

Dupbaston ခေါ်တဲ့ သောက်ဆေးပေးလိုက်ပါတယ် ဆရာ။ အဲဒီဆေးကို တနေ့ ၂ ကြိမ် အစာစားပြီးတိုင်း သောက်ဖို့မှာပါတယ် ဆရာ။ ဆေးကတော့ ၁ဝ ရက်စာပါဆရာ၊ ၈-၂-၂ဝ၁၃ ရက်နေ့ကြလျှင်နောက်ထပ် ultrasound ထပ်ပြီး ရိုက်ကြည့်မယ် ပြောပါတယ်။ ကလေးကြီးထွားမူ့ ရှိမရှိ ထပ်ပြီး စမ်းသပ်မယ်ပြောပါတယ်။ ယခုလည်း သွေးကတော့ အများကြီး မဟုတ်ပေမဲ့ ယခုချိန်ထိ အနည်းငယ် ဆင်းနေပါတယ်။ အဲဒါ စိုးရိမ်ရလား ကလေးရော အဖက်တင်ပါ့ မလားဆရာ။
သိပ်ကြီး မစိုးရိမ်ပါနဲ့။ လုံးဝနားနေပါ။ ဆေးရုံတက်နေရသလိ နားပါ။ စိတ်ကိုလဲ အပြုသဘောမွေးပါ။ ကံကောင်းအောင်လဲ ပြုလုပ်ပါ။

Pregnancy and Bleeding During Early Stage ကိုယ်ဝန်နုစဉ် သွေးဆင်းခြင်း


Sat, Feb 2, 2013 at 10:07 AM
ကျန်တော်နာမည်က (့) ပါ။ (့) မှာနေပါတယ်။ ကျန်တော် ပွင့်ပွင်လင်းလင်းပဲပြောပါ့မယ်။ ကျန်တော် ခုခံစားနေရတာက ကတ်ပယ်အိတ်ထဲက ဝှေးစေ့က နည်းနည်းရောင်ပြီး နာလာတယ် ပြီးတော့ ပြွန်ချောင်းလို ပာာမျိုးကလည်း ရောင်လာပါတယ်။ အဲတာက ကျန်တော် တစ်ကိုယ်တည်း အာသာပြေမှ ဖြစ်ဖြစ် လာတတ်တာပါ။ ဒီတိုင်းနေရင် ဘာမှတော့မဖြစ်ပါဘူး။ ကျန်တော် တစ်ကိုယ်တည်း အာသာပြေတာ စွဲလမ်းမှုလိုဖြစ်နေပါတယ်။ ပြီးတော့ အကြိမ်ရေတွက်လည်း များနေပါတယ်။ (၁) ကျန်တော် အဲလိုနာလာတာ ဘယ်လိုဆိုးကျိုးဖြစ်လာနိုင်ပါသလဲဆရာခင်ဗျား။ (၂) တစ်ကိုယ်တည်းအာသာပြေတာကိုရော အကြိမ်ရေတွက်များလာရင် ပန်းသေရောဂါ ဖြစ်နိုင် မဖြစ်နိင်။ (၃) ဆိုးကျိုးတွေ ဘယ်လိုဖြစ်နိုင်သလဲ သိချင်ပါတယ်။ အသက်-၂၂နှစ်။ အိမ်ထောင်- မရှိ။ လိင်နှင့်ပတ်သက်သောရောဂါ အခြားရောဂါလည်း မရှိပါ၊ လိင်ဆက်ဆံဖူးခြင်းမရှိပါ။

အာသာပြေတဲ့အတွက် ဘာမှ မဖြစ်စေပါ။ စာ ၂ ပုဒ်ပို့လိုက်ပါတယ်။ အကြောရောင်တာလဲ စာတပုဒ်ပို့ပါတယ်။

Questions by a bachelor ဘယ်နှစ်ကြိမ် ပြေမလဲ-နေသလဲ
Masturbation (မာစတာဘေးရှင်း)
Epididymitis and Orchitis ကျား အစေ့-အကြောရောင်ခြင်း

ယမုန်နာဆေးခန်း - အမေးအဖြေ (၁၁၆) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

No comments: