Thursday, April 9, 2020

“အဆင္ေျပသလိုနဲ႔ ေျပမေနတဲ့ ဆက္ဆံေရးေတြအေၾကာင္း”


(ဖတ္ၿပီး စဥ္းစားရန္ ၾကာခ်ိန္ - ၁၂ မိနစ္)

ဒီစာက 18+ ေတာင္မကေလာက္ဘူး။ ေရးတဲ့ ကၽြန္ေတာ္ကိုယ္တိုင္ေတာင္ အေတာ္အားတင္း ေရးယူရတဲ့ ေဆာင္းပါးမို့ ရွက္တတ္သူေတြ၊ ငယ္ရြယ္သူေတြ၊ မိန္းကေလးေတြအေနနဲ႔ေတာ့ သတိထား ဖတ္ေစခ်င္ပါတယ္။

ကဲ စမယ္ေနာ္။ ေဆာင္းပါးက ရွည္ပါတယ္။ ဖတ္တဲ့သူ နည္းေတာ့လည္း ဆဲခံရတာ နည္းမယ္ေလ ဆိုတဲ့ ေမၽွာ္လင့္ခ်က္နဲ႔ သိပ္မခ်ဳံ႕ေတာ့ဘဲ ဆိုလိုရင္းမိေအာင္ ေရးလိုက္ပါတယ္။

ကၽြန္ေတာ္ အလုပ္သင္ဆရာဝန္ဘဝက စကားနည္းနည္းၾကမ္းတဲ့ စီနီယာတစ္ေယာက္ ေျပာတာ ၾကားဖူးတယ္။ ကေလးေမြးၿပီးစ အမ်ိဳးသမီးေတြကို ေျပာတာပါ။ ဟဲ့ နင္တို့ ေယာက္်ား မႀကိဳက္ေတာ့မွာစိုးလို့ ဆိုၿပီး ကေလးကို နို့မတိုက္ဘဲ မေနနဲ႔၊ ေမြးစ ၆ လက မိခင္နို့တစ္မ်ိဳးတည္း တိုက္တာ အေကာင္းဆုံးတဲ့။ အဲ့တုန္းကေတာ့ ခုေလာက္ အေတြ႕အၾကဳံ မစုံေသးေတာ့ (အလုပ္အေတြ႕အၾကဳံ ေျပာပါတယ္) ရယ္စရာအေနနဲ႔ပဲ ျပဳံးမိခဲ့တာေပါ့ေလ။ ေနာက္ေတာ့ အိမ္ေထာင္ေရးကိစၥေတြနဲ႔ ခ်ိန္ထိုးစဥ္းစားတတ္လာတယ္။

စိတ္ထဲေတာ့ နည္းနည္း ျပင္ဆင္ထား။ ေရးေတာ့မယ္ေနာ္။

ကေလးနို့တိုက္လိုက္ၿပီဆိုရင္ အမ်ိဳးသမီးတစ္ေယာက္ရဲ့ ရင္သားဟာ အရင္လိုေတာ့ မဟုတ္ေတာ့တာ ေသခ်ာတယ္။ ဒါဆို လိင္မွုဆိုင္ရာ ဆြဲေဆာင္မွုအပိုင္းမွာ အားနည္းသြားမွာေပါ့။

ဒါေပမဲ့ ဘယ္ေယာက္်ားက ဝန္ခံမလဲ။ ၿပီးေတာ့ ကိုယ့္ကေလးကို နို့တိုက္ထားရတာေလ။ ဖြင့္သာ ေျပာၾကည့္လိုက္၊ ဘယ္ေလာက္ေတာင္ လူမဆန္ၿပီး တဏွာစိတ္ႀကီးတဲ့ ေယာက္်ားျဖစ္သြားမလဲ။ ဘယ္လိုမွ သေဘာမက်ေတာ့လို့ ရင္သားတင္းေစတဲ့ လိမ္းေဆး ဝယ္ေပးမယ္ဆိုရင္ေရာ အမ်ိဳးသမီးက ဘယ္လိုထင္မလဲ။ ဘယ္လိုပဲ မျဖစ္သင့္ပါဘူး ေျပာေျပာ မႀကိဳက္တာကလည္း မႀကိဳက္ေတာ့တာပဲ။

ဒါဆို အမ်ိဳးသမီးေတြကေရာ ကေလးနို့မတိုက္ရေတာ့ဘူးလား။ ဒီလိုလည္း မဟုတ္ျပန္ဘူး။ ဒါျဖင့္ ေယာက္်ားက သေဘာမက်ေတာ့ဘူးဆို ဘယ္လိုလုပ္မလဲ။ ေနာက္တစ္ေယာက္ဆီ ထြက္ေပါက္ေပးခိုင္းရမွာလား။ ဒီလိုေတာ့ ဘယ္ျဖစ္မလဲ။ အဲ့ေလာက္ေတာ့ သေဘာထား မႀကီးနိုင္ပါဘူး။ ရွင္တို့ပဲ စဥ္းစားၾကည့္၊ ရွင္တို့ ေယာက္်ားေတြ ပန္းေသပန္းညႇိုး ျဖစ္ေနလို့ ကၽြန္မတို့က ေနာက္တစ္ေယာက္နဲ႔ အတူေနမယ္၊ Sex အတြက္ပဲ၊ အခ်စ္မပါဘူး ဆိုရင္ေရာ လက္ခံမလား။ အမေလး ေဝးေသး။ အေျပာနဲ႔ေတာင္ လက္မခံနိုင္ဘူး။

ဆိုေတာ့ ဒီလိုကိစၥေတြအတြက္က ဘယ္သူ႔မွာမွ အေျဖ တိတိက်က် မရွိဘူး။ ေျပာရရင္ ေတာ္ေတာ္ေလးေတာ့ ရွုပ္တဲ့ ဇာတ္လမ္း။

အိမ္ေထာင္တစ္ခုျဖစ္ျဖစ္၊ RS ျဖစ္ျဖစ္ ကြဲရတဲ့ အေၾကာင္းရင္းေတြထဲမွာ ေယာက္်ားေရာ၊ မိန္းမေရာ မျဖစ္ေစခ်င္တဲ့ အေၾကာင္းရင္းက ဘာလဲဆို လိင္ကိစၥပဲ။ ဘယ္လိုပဲ အဲဒါ အဆင္မေျပလို့ ကြဲရတာ ျဖစ္ေနဦးေတာ့၊ ဘယ္ေတာ့မွ ဝန္မခံဘူး။ စဥ္းစားၾကည့္ေလ၊ ဒါေလးအတြက္နဲ႔ ကြဲရလား ဆိုၿပီး ဘယ္ေလာက္ေတာင္ ကဲ့ရဲ့ခံၾကရမလဲ။

ဟိုတေလာက တအားနာမည္ႀကီးသြားတဲ့ Now & Ever ဇာတ္ကားမွာ သတိထားမိတာေလးတစ္ခု ရွိတယ္။ မင္းသမီးက ညအိပ္ဝတ္စုံေလး ဝတ္ၿပီး မင္းသားျပန္အလာကို ေစာင့္ေနတယ္။ ျပန္လည္း လာေရာ မင္းသားက အိပ္ရာတန္းဝင္ၿပီး ကိုယ္ပင္ပန္းလာတယ္လို့ ေျပာလိုက္တယ္။ အဲဒီမွာ တစ္႐ုံလုံး ဝါးလုံးကြဲ ရယ္ၾကေရာ။ ဆိုလိုတာက ေယာက္်ားျဖစ္ျဖစ္ မိန္းမျဖစ္ျဖစ္ရဲ့ Sexual pleasure မျပည့္ဝျခင္းသည္ ကၽြန္ေတာ္တို့ ျမန္မာ့အသိုင္းအဝိုင္းမွာေတာ့ ရယ္စရာပဲ။ ဒီကိစၥႀကီးကို တအားေရွ႕တန္းတင္ေနရင္ ဒီလူက ပုံမွန္မဟုတ္ဘူးပဲ။ ဆိုေတာ့ အဆင္ကလည္း မေျပ၊ မေျပေၾကာင္းကိုလည္း ေျပာမရ၊ ေျဖရွင္းမရနဲ႔ တအုံ႔ေႏြးေႏြးေတြ ျဖစ္ၿပီး ေနာက္ဆက္တြဲ ေဖာက္ျပန္တဲ့ ျပႆနာေတြ တက္ေရာ။

ဒီပို့စ္ကို ဖတ္ေနတဲ့ အမ်ိဳးသမီးေတြကို အရင္ေမးၾကည့္မယ္။ ကိုယ့္ဟာကိုယ္သာ စိတ္ထဲက ေျဖပါ။

ကိုယ့္ဘဝမွာ လိင္ဆႏၵျပည့္ဝျခင္း (Orgasm) ဆိုတာ ျဖစ္ဖူးလား။ ၾကားေတာင္ ၾကားဖူးရဲ့လား။ လိင္ကိစၥဆိုတာ ေယာက္်ားကို လိုက္ေလ်ာရတဲ့ကိစၥတစ္ခုလို့ပဲ ျမင္ထားသလား။

အမ်ိဳးသားေတြကိုလည္း ေမးဦးမယ္။

ကိုယ့္ရဲ့ အမ်ိဳးသမီးကို လိင္မွုကိစၥနဲ႔ ပတ္သက္ၿပီး ဘယ္ေလာက္ စိတ္တိုင္းက်သလဲ။ အေပးအယူ မၽွေနသလဲ။ ကိုယ္ကေရာ ကိုယ့္အမ်ိဳးသမီးရဲ့ ဆႏၵကို ေလးစားဖူးသလား။ ထည့္တြက္ဖူးသလား။ လိုခ်င္ရင္ ခ်က္ခ်င္း၊ ၿပီးရင္ လွည့္မၾကည့္ေတာ့ဘဲ ထားသြားတတ္သလား။

ဟိုရက္က ဆရာတစ္ေယာက္က ေရးတယ္။ လိင္ဆက္ဆံတာက ကိုယ္ခံအားကို တက္ေစတာမို့ ခုလို COVID ျဖစ္ေနခ်ိန္နဲ႔ အေတာ္ပဲ ဆိုၿပီး။ အဲဒီမွာ အစ္မတစ္ေယာက္က ကြန္မန႔္ဝင္ေပးတယ္။ ဆရာ့ပို့စ္ကို ဖတ္ၿပီး ကၽြန္မတို့ မိန္းမေတြေတာ့ ေသပါၿပီတဲ့။ ဆိုလိုတာက လိင္ဆက္ဆံတယ္ဆိုတာ အမ်ိဳးသားကို အမ်ိဳးသမီးက လိုက္ေလ်ာရတာလို့ပဲ အမ်ားစုက ထင္ေနၾကတယ္။

ေယာက္်ားက အတင္းေတာင္းဆို၊ မိန္းမက မတတ္သာလို့ ေခါင္းညိမ့္။ သူလိုခ်င္တာ ရသြားၿပီပဲ ထင္တတ္ၾကတယ္။ တကယ္ေတာ့ အဲ့လို စိတ္မပါေပမဲ့ ကိုယ္က အတင္းေျပာေနလို့ ခြင့္ျပဳလိုက္တာကို ေက်နပ္ေနရေအာင္ ငယ္ငယ္ကလို အေမ့ကို စာတစ္နာရီက်က္ၿပီးရင္ ဂိမ္းခဏေဆာ့မယ္ေနာ္လို့ ပူဆာေနတာမ်ိဳးလည္း မဟုတ္။ လိင္ကိစၥဆိုတာ တစ္ဖက္သတ္ လိုက္ေလ်ာရတာ မဟုတ္ဘဲ ႏွစ္ေယာက္အတူ အေပးအယူမၽွမၽွနဲ႔ ျဖတ္သန္းမွ ၾကည္ႏူးစရာေကာင္းတဲ့ ပန္းခင္းလမ္းေလးပါ။ ဒီေတာ့ ထုတ္သာ မေျပာၾကတာ ဒီျပႆနာေတြက ရွိေနတာပဲ။

လိင္ကိစၥမွာ ပြင့္လင္းဖို့ လိုတယ္ ဆိုတာကလည္း ေျပာေတာ့သာ လြယ္တာ။ တကယ္က် ခက္တယ္။ အေျခခံ Foundation ေတြ လိုတယ္။

နံပါတ္ ၁ - လိင္ကိစၥနဲ႔ ပတ္သက္တဲ့ စိတ္ဆႏၵ တူရမယ္။ ကိုယ္က ပုံစံတစ္ခုနဲ႔ ေနမယ္ ေျပာလိုက္။ ရွက္စရာႀကီးဆို ေသၿပီပဲ။ ဘာမွ ေရွ႕ဆက္လို့ မရေတာ့ဘူး။ ဒါေၾကာင့္ နိုင္ငံျခားက စုံတြဲေတြ Living together ေနၾကတာ။ အဲ့လိုအေသးစိတ္ေတြ သိရေအာင္ေလ။

နံပါတ္ ၂ - ယုံၾကည္စိတ္ခ်မွု။ ကိုယ့္စိတ္ဆႏၵေတြ ပြင့္ပြင့္လင္းလင္း ေျပာၾကၿပီ ထား။ ေယာက္်ားရဲ့ စိတ္ထဲမွာ ငါ့မိန္းမကေတာ့ ဒီလိုပါလား၊ ငါမ်ား တစ္ေနရာရာ အခ်ိန္အၾကာႀကီး ခရီးသြားျဖစ္ရင္ ေနာက္ကြယ္မွာမ်ား ေဖာက္ျပန္ေနမလားလို့ ေတြးေနမယ္ဆို အဆင္မေျပေတာ့ဘူး။ မိန္းမရဲ့ စိတ္ထဲမွာလည္း ငါ့ေယာက္်ားမ်ား ငါ့ကို အထင္ေသးသြားမလား ပူေနရင္ ဘယ္လိုမွ မပြင့္လင္းေတာ့ဘူး။

နံပါတ္ ၃ - တန္ဖိုးထားမွု။ ဒီလိုလိင္ကိစၥဆိုတာ လူတစ္ေယာက္ရဲ့ သာမန္အစိတ္အပိုင္းတစ္ခုပါပဲ ဆိုတာမ်ိဳး ျမင္ထားဖို့ လိုမယ္။ ဒီကိစၥမွာ စိတ္အားထက္သန္တာနဲ႔ ကိုယ္က်င့္သိကၡာ မေကာင္းတဲ့သူလို ျမင္ေနလို့ မရဘူး။ တစ္ေယာက္နဲ႔ တစ္ေယာက္ ခ်စ္တင္းေႏွာၾကတဲ့အခါမွာလည္း အမ်ိဳးသမီးရဲ့ စိတ္ထဲမွာ ဒီကိစၥကို လိုခ်င္မွ ငါ့အနားကပ္တယ္ ဆိုတာမ်ိဳး မဟုတ္ဘဲ ငါ့ကို တန္ဖိုးထားၿပီး ခ်စ္ပါလား၊ ငါ့ဆႏၵေတြကို ထည့္စဥ္းစားေပးပါလားဆိုတဲ့ ခံစားခ်က္မ်ိဳး ရွိဖို့ လိုမယ္။

အဲဒီအေျခခံအုတ္ျမစ္ ၃ ခု မရွိခဲ့ဘဲနဲ႔လည္း ပြင့္လင္းလို့က မရနိုင္ဘူး။ ဒီေတာ့ ထုတ္သာမေျပာတာ၊ ၂ ဖက္လုံးက အဆင္မေျပၾကဘူး။

အဲဒီလို မေျပၾကတာခ်င္း အတူတူမွာမွ ေယာက္်ားေတြကေတာ့ ပိုေဖာက္ျပန္ၾကတာ ေတြ႕ရတယ္။ ဘာလို့လဲ စဥ္းစားၾကည့္မိတယ္။

မိန္းမေတြက အိမ္ေထာင္ျပဳတယ္ဆိုတာ အားကိုးစရာ ရွာတာ။ ေယာက္်ားေတြက အားကိုးရွာဖို့ ဆိုၿပီး အိမ္ေထာင္ျပဳခဲ့တာ မဟုတ္ဘူး။ ဒီေတာ့ အိမ္ေထာင္တစ္ခုကို အဆုံးသတ္ဖို့ ဆုံးျဖတ္ခ်က္ခ်ဖို့က ေယာက္်ားေတြအတြက္ ပိုလြယ္တယ္။

ကိုယ္တိုင္ေတာင္ ကိုယ္ပိုင္ဝင္ေငြမရွိတာ ေနာက္တစ္ေယာက္နဲ႔ ဘယ္လိုေဖာက္ျပန္မလဲ။ ဒါေၾကာင့္ မိန္းမဘက္က ေဖာက္ျပန္ေနတယ္ဆို ၾကည့္လိုက္။ အဲ့အမ်ိဳးသမီးက မိဘကေသာ္လည္းေကာင္း ကိုယ္တိုင္ကေသာ္လည္းေကာင္း ခ်မ္းသာေနတာ မ်ားတယ္။

ေယာက္်ားေတြက သူတို့ကိုယ္သူတို့ မိန္းမေတြထက္ တစ္ဆင့္ျမင့္တယ္လို့ ခံယူထားၾကေတာ့ အမ်ားစုသည္ ကိုယ္တိုင္သာ ၂ ေယာက္ထားခ်င္ ထားမယ္။ လင္ငယ္ေတာ့ မျဖစ္ခ်င္ၾကဘူး။ လင္ငယ္အျဖစ္နဲ႔ ေနတဲ့သူေတြကိုလည္း ၾကည့္လိုက္။ ဘာမွ သုံးမရလို့ ခ်ဴေနတဲ့သူေတြခ်ည္းပဲ။ အခ်စ္အတြက္နဲ႔ ဘယ္သူမွ ဒါမ်ိဳးဘ၀ အေရာက္မခံဘူး။

အမ်ိဳးသမီးေတြက် မတူဘူး။ ျပဳစုပ်ိဳးေထာင္ခံခဲ့ရတဲ့ ပုံစံအရ သူတို့ကိုယ္သူတို့ အားနည္းတယ္လို့ ယူဆထားၾကတယ္။ သမၼတ ကလင္တန္နဲ႔ ၿငိစြန္းခဲ့လို့ နာမည္ပ်က္ခဲ့ရတဲ့ ေမာ္နီကာ လူဝင္းစကီးက အင္တာဗ်ဴးတစ္ခုမွာ ေျဖသတဲ့။ သူ႔ကို ဘာလို့ အိမ္ေထာင္ရွိတဲ့သူေတြနဲ႔ပဲ ၿငိစြန္းရတာလဲ လို့ေမးေတာ့ ကၽြန္မက ဝတယ္ေလ၊ ဒီေတာ့ ကၽြန္မကိုယ္ကၽြန္မ ေယာက္်ားေတြရဲ့ ပထမေနရာနဲ႔ မထိုက္တန္ဘူး၊ ဒုတိယေနရာမွာပဲ ရွိသင့္တယ္လို့ အားငယ္မိတာလည္း ပါတယ္တဲ့။ ေျပာခ်င္တာက အဲ့လိုအငုံ႔စိတ္မ်ိဳး ကၽြန္ေတာ္တို့ ေယာက္်ားေတြမွာ အေတာ္နည္းတယ္။ တခုခု လိုခ်င္လို့သာ အငယ္အေႏွာင္းေနရာမွာ ေနေနၾကတာပဲ။

မိန္းမတစ္ေယာက္ ေယာက္်ားဆီက လိုခ်င္တာသည္ Commitment (ကတိကဝတ္) နဲ႔ Safety (လုံျခဳံမွု)။ အသက္ငယ္ဖို့၊ ေခ်ာေမာဖို့၊ လိင္ကိစၥမွာ ဆြဲေဆာင္နိုင္ဖို့ေတြက အဓိက မဟုတ္ဘူး။ မိန္းမတစ္ေယာက္ဆီက ေယာက္်ားေတြ လိုခ်င္တာက်ေတာ့ အဲဒါေတြ ျဖစ္ေနေရာ။

ေနာက္ၿပီး မိန္းမေတြက ဒီ Sex ကိစၥဆိုတာ သူတို့နဲ႔ မဆိုင္ဘူးလို့ ထင္ထားၾကတယ္။ ေယာက္်ား မိန္းမသဘာဝအရလည္း ေယာက္်ားေတြက လိင္မွုကိစၥကို ပိုၿပီး တပ္မက္ၾကတယ္။ တစ္ကိုယ္ရည္အာသာေျဖတဲ့ အခ်ိဳးအစားမွာ ႀကိဳက္တဲ့ သုေတသနစစ္တမ္းကို ၾကည့္လိုက္၊ အမ်ိဳးသားရာခိုင္ႏွုန္းက ပိုမ်ားတယ္။

ဒါေတြက လိင္ကိစၥမွာ အဆင္မေျပၾကတာခ်င္းအတူတူ ေယာက္်ားေတြက ဘာလို့ ပိုေဖာက္ျပန္ရသလဲ ဆိုတဲ့ အေၾကာင္းရင္းေတြကို စဥ္းစားမိသေလာက္ ေရးလိုက္ရတာပဲ။

အခ်စ္မွာ Sex မပါဘူးလို့ေတာ့ မထင္ပါနဲ႔။ Triangle of love မွာ တစ္ခုက Commitment ၊ ေနာက္တစ္ခုက ရင္းႏွီးကၽြမ္းဝင္မွု (Intimacy)၊ ေနာက္ဆုံးတစ္ခုကေတာ့ တပ္မက္တဲ့စိတ္ (Passion) ပါတဲ့။ လိင္ကိစၥဆိုတာ အဲဒီ Passion ေအာက္ထဲမွာ ပါေနတဲ့ အရာႀကီးေပါ့။ ရိုးရိုးေလးပဲ စဥ္းစားၾကည့္လိုက္ပါ။ အခ်စ္မွာ လိင္ကိစၥသာ မပါဘူးဆို ကၽြန္ေတာ္ အလုပ္လက္မဲ့ ျဖစ္တာ ၾကာေပါ့။ ကိုယ္ဝန္တားစရာ၊ သားဆက္ျခားစရာ မရွိေတာ့လို့ေလ။

ဆိုလိုခ်င္တာကေတာ့ Healthy relationship တစ္ခု တည္ေဆာက္ဖို့မွာ လိင္မွုကိစၥဟာ ဘယ္သူမွ ဝန္မခံၾကေပမဲ့ အေရးႀကီးတဲ့ အစိတ္အပိုင္းတစ္ခုအေနနဲ႔ ပါဝင္ေနတယ္ ဆိုတာပါပဲ။ ကၽြန္ေတာ္ ခုနက ေမးခဲ့တဲ့ ေမးခြန္းေတြကိုမ်ား ေသခ်ာမေျဖနိုင္ခဲ့ဘူးဆိုရင္ ကိုယ့္ရဲ့ အိမ္ေထာင္ေရးကလည္း အခ်ိန္မေရြး ေပါက္ကြဲသြားနိုင္တဲ့ မိုင္းဗုံးတစ္လုံးပဲ ဆိုတာကို စိတ္ထဲမွာ ႀကိဳျပင္ထားေစခ်င္တယ္။ သူမ်ားအိမ္ေထာင္ေရးကို ေသခ်ာမသိဘဲ ဘယ္သူမွန္တယ္ မွားတယ္ ဝင္ဆုံးျဖတ္ေနတာထက္စာရင္ ကိုယ့္အိမ္ေထာင္ေရးကို ခုထက္ ပိုက်န္းမာလာေအာင္ ဘယ္လိုလုပ္မလဲ စဥ္းစားေစခ်င္ပါတယ္။

ေဖာက္ျပန္တာ မွန္တယ္လို့ ေျပာေနတာ မဟုတ္သလို၊ ေဖာက္ျပန္သူေတြဘက္က ေရွ႕ေနလိုက္ေနတာလည္း မဟုတ္ပါဘူး။ တကယ္လို့မ်ား အဲ့လို ထင္ျမင္ခဲ့တယ္ဆိုလည္း ကၽြန္ေတာ္ အရင့္အရင္က ေရးခဲ့ဖူးတဲ့ ေဆာင္းပါးေတြကို ေထာက္ရွုၿပီး နားလည္ေပးၾကပါ။ ေယာက္်ားတစ္ေယာက္ရဲ့ အျမင္ကို ဖတ္ရတာေပါ့ေလလို့ပဲ သေဘာထားေပးပါ။

တကယ္လို့မ်ား ဆိုလိုရင္းကို သေဘာေပါက္ခဲ့မယ္ဆိုရင္ေတာ့ျဖင့္ မရွိေသးတဲ့ အိမ္ေထာင္ေရးျဖစ္ျဖစ္၊ ရွိလာေတာ့မယ့္ အိမ္ေထာင္ေရးျဖစ္ျဖစ္၊ ရွိေနၿပီးတဲ့ အိမ္ေထာင္ေရးျဖစ္ျဖစ္ အဆင္ေျပေအာင္ တည္ေဆာက္နိုင္ဖို့ အခ်စ္အျပင္ ဘာ​​​ေတြ လိုဦးမယ္ဆိုတာေလး ေတြးမိသြားမွာပါ။ တစ္​ေယာက္ဆႏၵကို တစ္​ေယာက္က ​ေလးစားၿပီး အျပန္အလွန္ ညႇိုႏွိုင္းရင္း၊ နားလည္မွု၊ ယုံၾကည္မွု၊ ပြင့္လင္းမွု​ေတြနဲ႔ ခိုင္မာတဲ့ ဆက္ဆံ​ေရးတစ္ခုကို တည္​ေဆာက္နိုင္ၾက​ေစဖို့ ရည္ရြယ္ပါတယ္။

ေဒါက္တာ ၿဖိဳးသီဟ
၇.၄.၂၀၂၀

(Unicode)

“အဆင်ပြေသလိုနဲ့ ပြေမနေတဲ့ ဆက်ဆံရေးတွေအကြောင်း”

(ဖတ်ပြီး စဉ်းစားရန် ကြာချိန် - ၁၂ မိနစ်)

ဒီစာက 18+ တောင်မကလောက်ဘူး။ ရေးတဲ့ ကျွန်တော်ကိုယ်တိုင်တောင် အတော်အားတင်း ရေးယူရတဲ့ ဆောင်းပါးမို့ ရှက်တတ်သူတွေ၊ ငယ်ရွယ်သူတွေ၊ မိန်းကလေးတွေအနေနဲ့တော့ သတိထား ဖတ်စေချင်ပါတယ်။

ကဲ စမယ်နော်။ ဆောင်းပါးက ရှည်ပါတယ်။ ဖတ်တဲ့သူ နည်းတော့လည်း ဆဲခံရတာ နည်းမယ်လေ ဆိုတဲ့ မျှော်လင့်ချက်နဲ့ သိပ်မချုံ့တော့ဘဲ ဆိုလိုရင်းမိအောင် ရေးလိုက်ပါတယ်။

ကျွန်တော် အလုပ်သင်ဆရာဝန်ဘဝက စကားနည်းနည်းကြမ်းတဲ့ စီနီယာတစ်ယောက် ပြောတာ ကြားဖူးတယ်။ ကလေးမွေးပြီးစ အမျိုးသမီးတွေကို ပြောတာပါ။ ဟဲ့ နင်တို့ ယောက်ျား မကြိုက်တော့မှာစိုးလို့ ဆိုပြီး ကလေးကို နို့မတိုက်ဘဲ မနေနဲ့၊ မွေးစ ၆ လက မိခင်နို့တစ်မျိုးတည်း တိုက်တာ အကောင်းဆုံးတဲ့။ အဲ့တုန်းကတော့ ခုလောက် အတွေ့အကြုံ မစုံသေးတော့ (အလုပ်အတွေ့အကြုံ ပြောပါတယ်) ရယ်စရာအနေနဲ့ပဲ ပြုံးမိခဲ့တာပေါ့လေ။ နောက်တော့ အိမ်ထောင်ရေးကိစ္စတွေနဲ့ ချိန်ထိုးစဉ်းစားတတ်လာတယ်။

စိတ်ထဲတော့ နည်းနည်း ပြင်ဆင်ထား။ ရေးတော့မယ်နော်။

ကလေးနို့တိုက်လိုက်ပြီဆိုရင် အမျိုးသမီးတစ်ယောက်ရဲ့ ရင်သားဟာ အရင်လိုတော့ မဟုတ်တော့တာ သေချာတယ်။ ဒါဆို လိင်မှုဆိုင်ရာ ဆွဲဆောင်မှုအပိုင်းမှာ အားနည်းသွားမှာပေါ့။

ဒါပေမဲ့ ဘယ်ယောက်ျားက ဝန်ခံမလဲ။ ပြီးတော့ ကိုယ့်ကလေးကို နို့တိုက်ထားရတာလေ။ ဖွင့်သာ ပြောကြည့်လိုက်၊ ဘယ်လောက်တောင် လူမဆန်ပြီး တဏှာစိတ်ကြီးတဲ့ ယောက်ျားဖြစ်သွားမလဲ။ ဘယ်လိုမှ သဘောမကျတော့လို့ ရင်သားတင်းစေတဲ့ လိမ်းဆေး ဝယ်ပေးမယ်ဆိုရင်ရော အမျိုးသမီးက ဘယ်လိုထင်မလဲ။ ဘယ်လိုပဲ မဖြစ်သင့်ပါဘူး ပြောပြော မကြိုက်တာကလည်း မကြိုက်တော့တာပဲ။

ဒါဆို အမျိုးသမီးတွေကရော ကလေးနို့မတိုက်ရတော့ဘူးလား။ ဒီလိုလည်း မဟုတ်ပြန်ဘူး။ ဒါဖြင့် ယောက်ျားက သဘောမကျတော့ဘူးဆို ဘယ်လိုလုပ်မလဲ။ နောက်တစ်ယောက်ဆီ ထွက်ပေါက်ပေးခိုင်းရမှာလား။ ဒီလိုတော့ ဘယ်ဖြစ်မလဲ။ အဲ့လောက်တော့ သဘောထား မကြီးနိုင်ပါဘူး။ ရှင်တို့ပဲ စဉ်းစားကြည့်၊ ရှင်တို့ ယောက်ျားတွေ ပန်းသေပန်းညှိုး ဖြစ်နေလို့ ကျွန်မတို့က နောက်တစ်ယောက်နဲ့ အတူနေမယ်၊ Sex အတွက်ပဲ၊ အချစ်မပါဘူး ဆိုရင်ရော လက်ခံမလား။ အမလေး ဝေးသေး။ အပြောနဲ့တောင် လက်မခံနိုင်ဘူး။

ဆိုတော့ ဒီလိုကိစ္စတွေအတွက်က ဘယ်သူ့မှာမှ အဖြေ တိတိကျကျ မရှိဘူး။ ပြောရရင် တော်တော်လေးတော့ ရှုပ်တဲ့ ဇာတ်လမ်း။

အိမ်ထောင်တစ်ခုဖြစ်ဖြစ်၊ RS ဖြစ်ဖြစ် ကွဲရတဲ့ အကြောင်းရင်းတွေထဲမှာ ယောက်ျားရော၊ မိန်းမရော မဖြစ်စေချင်တဲ့ အကြောင်းရင်းက ဘာလဲဆို လိင်ကိစ္စပဲ။ ဘယ်လိုပဲ အဲဒါ အဆင်မပြေလို့ ကွဲရတာ ဖြစ်နေဦးတော့၊ ဘယ်တော့မှ ဝန်မခံဘူး။ စဉ်းစားကြည့်လေ၊ ဒါလေးအတွက်နဲ့ ကွဲရလား ဆိုပြီး ဘယ်လောက်တောင် ကဲ့ရဲ့ခံကြရမလဲ။

ဟိုတလောက တအားနာမည်ကြီးသွားတဲ့ Now & Ever ဇာတ်ကားမှာ သတိထားမိတာလေးတစ်ခု ရှိတယ်။ မင်းသမီးက ညအိပ်ဝတ်စုံလေး ဝတ်ပြီး မင်းသားပြန်အလာကို စောင့်နေတယ်။ ပြန်လည်း လာရော မင်းသားက အိပ်ရာတန်းဝင်ပြီး ကိုယ်ပင်ပန်းလာတယ်လို့ ပြောလိုက်တယ်။ အဲဒီမှာ တစ်ရုံလုံး ဝါးလုံးကွဲ ရယ်ကြရော။ ဆိုလိုတာက ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ်ရဲ့ Sexual pleasure မပြည့်ဝခြင်းသည် ကျွန်တော်တို့ မြန်မာ့အသိုင်းအဝိုင်းမှာတော့ ရယ်စရာပဲ။ ဒီကိစ္စကြီးကို တအားရှေ့တန်းတင်နေရင် ဒီလူက ပုံမှန်မဟုတ်ဘူးပဲ။ ဆိုတော့ အဆင်ကလည်း မပြေ၊ မပြေကြောင်းကိုလည်း ပြောမရ၊ ဖြေရှင်းမရနဲ့ တအုံ့နွေးနွေးတွေ ဖြစ်ပြီး နောက်ဆက်တွဲ ဖောက်ပြန်တဲ့ ပြဿနာတွေ တက်ရော။

ဒီပို့စ်ကို ဖတ်နေတဲ့ အမျိုးသမီးတွေကို အရင်မေးကြည့်မယ်။ ကိုယ့်ဟာကိုယ်သာ စိတ်ထဲက ဖြေပါ။

ကိုယ့်ဘဝမှာ လိင်ဆန္ဒပြည့်ဝခြင်း (Orgasm) ဆိုတာ ဖြစ်ဖူးလား။ ကြားတောင် ကြားဖူးရဲ့လား။ လိင်ကိစ္စဆိုတာ ယောက်ျားကို လိုက်လျောရတဲ့ကိစ္စတစ်ခုလို့ပဲ မြင်ထားသလား။

အမျိုးသားတွေကိုလည်း မေးဦးမယ်။

ကိုယ့်ရဲ့ အမျိုးသမီးကို လိင်မှုကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လောက် စိတ်တိုင်းကျသလဲ။ အပေးအယူ မျှနေသလဲ။ ကိုယ်ကရော ကိုယ့်အမျိုးသမီးရဲ့ ဆန္ဒကို လေးစားဖူးသလား။ ထည့်တွက်ဖူးသလား။ လိုချင်ရင် ချက်ချင်း၊ ပြီးရင် လှည့်မကြည့်တော့ဘဲ ထားသွားတတ်သလား။

ဟိုရက်က ဆရာတစ်ယောက်က ရေးတယ်။ လိင်ဆက်ဆံတာက ကိုယ်ခံအားကို တက်စေတာမို့ ခုလို COVID ဖြစ်နေချိန်နဲ့ အတော်ပဲ ဆိုပြီး။ အဲဒီမှာ အစ်မတစ်ယောက်က ကွန်မန့်ဝင်ပေးတယ်။ ဆရာ့ပို့စ်ကို ဖတ်ပြီး ကျွန်မတို့ မိန်းမတွေတော့ သေပါပြီတဲ့။ ဆိုလိုတာက လိင်ဆက်ဆံတယ်ဆိုတာ အမျိုးသားကို အမျိုးသမီးက လိုက်လျောရတာလို့ပဲ အများစုက ထင်နေကြတယ်။

ယောက်ျားက အတင်းတောင်းဆို၊ မိန်းမက မတတ်သာလို့ ခေါင်းညိမ့်။ သူလိုချင်တာ ရသွားပြီပဲ ထင်တတ်ကြတယ်။ တကယ်တော့ အဲ့လို စိတ်မပါပေမဲ့ ကိုယ်က အတင်းပြောနေလို့ ခွင့်ပြုလိုက်တာကို ကျေနပ်နေရအောင် ငယ်ငယ်ကလို အမေ့ကို စာတစ်နာရီကျက်ပြီးရင် ဂိမ်းခဏဆော့မယ်နော်လို့ ပူဆာနေတာမျိုးလည်း မဟုတ်။ လိင်ကိစ္စဆိုတာ တစ်ဖက်သတ် လိုက်လျောရတာ မဟုတ်ဘဲ နှစ်ယောက်အတူ အပေးအယူမျှမျှနဲ့ ဖြတ်သန်းမှ ကြည်နူးစရာကောင်းတဲ့ ပန်းခင်းလမ်းလေးပါ။ ဒီတော့ ထုတ်သာ မပြောကြတာ ဒီပြဿနာတွေက ရှိနေတာပဲ။

လိင်ကိစ္စမှာ ပွင့်လင်းဖို့ လိုတယ် ဆိုတာကလည်း ပြောတော့သာ လွယ်တာ။ တကယ်ကျ ခက်တယ်။ အခြေခံ Foundation တွေ လိုတယ်။

နံပါတ် ၁ - လိင်ကိစ္စနဲ့ ပတ်သက်တဲ့ စိတ်ဆန္ဒ တူရမယ်။ ကိုယ်က ပုံစံတစ်ခုနဲ့ နေမယ် ပြောလိုက်။ ရှက်စရာကြီးဆို သေပြီပဲ။ ဘာမှ ရှေ့ဆက်လို့ မရတော့ဘူး။ ဒါကြောင့် နိုင်ငံခြားက စုံတွဲတွေ Living together နေကြတာ။ အဲ့လိုအသေးစိတ်တွေ သိရအောင်လေ။

နံပါတ် ၂ - ယုံကြည်စိတ်ချမှု။ ကိုယ့်စိတ်ဆန္ဒတွေ ပွင့်ပွင့်လင်းလင်း ပြောကြပြီ ထား။ ယောက်ျားရဲ့ စိတ်ထဲမှာ ငါ့မိန်းမကတော့ ဒီလိုပါလား၊ ငါများ တစ်နေရာရာ အချိန်အကြာကြီး ခရီးသွားဖြစ်ရင် နောက်ကွယ်မှာများ ဖောက်ပြန်နေမလားလို့ တွေးနေမယ်ဆို အဆင်မပြေတော့ဘူး။ မိန်းမရဲ့ စိတ်ထဲမှာလည်း ငါ့ယောက်ျားများ ငါ့ကို အထင်သေးသွားမလား ပူနေရင် ဘယ်လိုမှ မပွင့်လင်းတော့ဘူး။

နံပါတ် ၃ - တန်ဖိုးထားမှု။ ဒီလိုလိင်ကိစ္စဆိုတာ လူတစ်ယောက်ရဲ့ သာမန်အစိတ်အပိုင်းတစ်ခုပါပဲ ဆိုတာမျိုး မြင်ထားဖို့ လိုမယ်။ ဒီကိစ္စမှာ စိတ်အားထက်သန်တာနဲ့ ကိုယ်ကျင့်သိက္ခာ မကောင်းတဲ့သူလို မြင်နေလို့ မရဘူး။ တစ်ယောက်နဲ့ တစ်ယောက် ချစ်တင်းနှောကြတဲ့အခါမှာလည်း အမျိုးသမီးရဲ့ စိတ်ထဲမှာ ဒီကိစ္စကို လိုချင်မှ ငါ့အနားကပ်တယ် ဆိုတာမျိုး မဟုတ်ဘဲ ငါ့ကို တန်ဖိုးထားပြီး ချစ်ပါလား၊ ငါ့ဆန္ဒတွေကို ထည့်စဉ်းစားပေးပါလားဆိုတဲ့ ခံစားချက်မျိုး ရှိဖို့ လိုမယ်။

အဲဒီအခြေခံအုတ်မြစ် ၃ ခု မရှိခဲ့ဘဲနဲ့လည်း ပွင့်လင်းလို့က မရနိုင်ဘူး။ ဒီတော့ ထုတ်သာမပြောတာ၊ ၂ ဖက်လုံးက အဆင်မပြေကြဘူး။

အဲဒီလို မပြေကြတာချင်း အတူတူမှာမှ ယောက်ျားတွေကတော့ ပိုဖောက်ပြန်ကြတာ တွေ့ရတယ်။ ဘာလို့လဲ စဉ်းစားကြည့်မိတယ်။

မိန်းမတွေက အိမ်ထောင်ပြုတယ်ဆိုတာ အားကိုးစရာ ရှာတာ။ ယောက်ျားတွေက အားကိုးရှာဖို့ ဆိုပြီး အိမ်ထောင်ပြုခဲ့တာ မဟုတ်ဘူး။ ဒီတော့ အိမ်ထောင်တစ်ခုကို အဆုံးသတ်ဖို့ ဆုံးဖြတ်ချက်ချဖို့က ယောက်ျားတွေအတွက် ပိုလွယ်တယ်။

ကိုယ်တိုင်တောင် ကိုယ်ပိုင်ဝင်ငွေမရှိတာ နောက်တစ်ယောက်နဲ့ ဘယ်လိုဖောက်ပြန်မလဲ။ ဒါကြောင့် မိန်းမဘက်က ဖောက်ပြန်နေတယ်ဆို ကြည့်လိုက်။ အဲ့အမျိုးသမီးက မိဘကသော်လည်းကောင်း ကိုယ်တိုင်ကသော်လည်းကောင်း ချမ်းသာနေတာ များတယ်။

ယောက်ျားတွေက သူတို့ကိုယ်သူတို့ မိန်းမတွေထက် တစ်ဆင့်မြင့်တယ်လို့ ခံယူထားကြတော့ အများစုသည် ကိုယ်တိုင်သာ ၂ ယောက်ထားချင် ထားမယ်။ လင်ငယ်တော့ မဖြစ်ချင်ကြဘူး။ လင်ငယ်အဖြစ်နဲ့ နေတဲ့သူတွေကိုလည်း ကြည့်လိုက်။ ဘာမှ သုံးမရလို့ ချူနေတဲ့သူတွေချည်းပဲ။ အချစ်အတွက်နဲ့ ဘယ်သူမှ ဒါမျိုးဘဝ အရောက်မခံဘူး။

အမျိုးသမီးတွေကျ မတူဘူး။ ပြုစုပျိုးထောင်ခံခဲ့ရတဲ့ ပုံစံအရ သူတို့ကိုယ်သူတို့ အားနည်းတယ်လို့ ယူဆထားကြတယ်။ သမ္မတ ကလင်တန်နဲ့ ငြိစွန်းခဲ့လို့ နာမည်ပျက်ခဲ့ရတဲ့ မော်နီကာ လူဝင်းစကီးက အင်တာဗျူးတစ်ခုမှာ ဖြေသတဲ့။ သူ့ကို ဘာလို့ အိမ်ထောင်ရှိတဲ့သူတွေနဲ့ပဲ ငြိစွန်းရတာလဲ လို့မေးတော့ ကျွန်မက ဝတယ်လေ၊ ဒီတော့ ကျွန်မကိုယ်ကျွန်မ ယောက်ျားတွေရဲ့ ပထမနေရာနဲ့ မထိုက်တန်ဘူး၊ ဒုတိယနေရာမှာပဲ ရှိသင့်တယ်လို့ အားငယ်မိတာလည်း ပါတယ်တဲ့။ ပြောချင်တာက အဲ့လိုအငုံ့စိတ်မျိုး ကျွန်တော်တို့ ယောက်ျားတွေမှာ အတော်နည်းတယ်။ တခုခု လိုချင်လို့သာ အငယ်အနှောင်းနေရာမှာ နေနေကြတာပဲ။

မိန်းမတစ်ယောက် ယောက်ျားဆီက လိုချင်တာသည် Commitment (ကတိကဝတ်) နဲ့ Safety (လုံခြုံမှု)။ အသက်ငယ်ဖို့၊ ချောမောဖို့၊ လိင်ကိစ္စမှာ ဆွဲဆောင်နိုင်ဖို့တွေက အဓိက မဟုတ်ဘူး။ မိန်းမတစ်ယောက်ဆီက ယောက်ျားတွေ လိုချင်တာကျတော့ အဲဒါတွေ ဖြစ်နေရော။

နောက်ပြီး မိန်းမတွေက ဒီ Sex ကိစ္စဆိုတာ သူတို့နဲ့ မဆိုင်ဘူးလို့ ထင်ထားကြတယ်။ ယောက်ျား မိန်းမသဘာဝအရလည်း ယောက်ျားတွေက လိင်မှုကိစ္စကို ပိုပြီး တပ်မက်ကြတယ်။ တစ်ကိုယ်ရည်အာသာဖြေတဲ့ အချိုးအစားမှာ ကြိုက်တဲ့ သုတေသနစစ်တမ်းကို ကြည့်လိုက်၊ အမျိုးသားရာခိုင်နှုန်းက ပိုများတယ်။

ဒါတွေက လိင်ကိစ္စမှာ အဆင်မပြေကြတာချင်းအတူတူ ယောက်ျားတွေက ဘာလို့ ပိုဖောက်ပြန်ရသလဲ ဆိုတဲ့ အကြောင်းရင်းတွေကို စဉ်းစားမိသလောက် ရေးလိုက်ရတာပဲ။

အချစ်မှာ Sex မပါဘူးလို့တော့ မထင်ပါနဲ့။ Triangle of love မှာ တစ်ခုက Commitment ၊ နောက်တစ်ခုက ရင်းနှီးကျွမ်းဝင်မှု (Intimacy)၊ နောက်ဆုံးတစ်ခုကတော့ တပ်မက်တဲ့စိတ် (Passion) ပါတဲ့။ လိင်ကိစ္စဆိုတာ အဲဒီ Passion အောက်ထဲမှာ ပါနေတဲ့ အရာကြီးပေါ့။ ရိုးရိုးလေးပဲ စဉ်းစားကြည့်လိုက်ပါ။ အချစ်မှာ လိင်ကိစ္စသာ မပါဘူးဆို ကျွန်တော် အလုပ်လက်မဲ့ ဖြစ်တာ ကြာပေါ့။ ကိုယ်ဝန်တားစရာ၊ သားဆက်ခြားစရာ မရှိတော့လို့လေ။

ဆိုလိုချင်တာကတော့ Healthy relationship တစ်ခု တည်ဆောက်ဖို့မှာ လိင်မှုကိစ္စဟာ ဘယ်သူမှ ဝန်မခံကြပေမဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်နေတယ် ဆိုတာပါပဲ။ ကျွန်တော် ခုနက မေးခဲ့တဲ့ မေးခွန်းတွေကိုများ သေချာမဖြေနိုင်ခဲ့ဘူးဆိုရင် ကိုယ့်ရဲ့ အိမ်ထောင်ရေးကလည်း အချိန်မရွေး ပေါက်ကွဲသွားနိုင်တဲ့ မိုင်းဗုံးတစ်လုံးပဲ ဆိုတာကို စိတ်ထဲမှာ ကြိုပြင်ထားစေချင်တယ်။ သူများအိမ်ထောင်ရေးကို သေချာမသိဘဲ ဘယ်သူမှန်တယ် မှားတယ် ဝင်ဆုံးဖြတ်နေတာထက်စာရင် ကိုယ့်အိမ်ထောင်ရေးကို ခုထက် ပိုကျန်းမာလာအောင် ဘယ်လိုလုပ်မလဲ စဉ်းစားစေချင်ပါတယ်။

ဖောက်ပြန်တာ မှန်တယ်လို့ ပြောနေတာ မဟုတ်သလို၊ ဖောက်ပြန်သူတွေဘက်က ရှေ့နေလိုက်နေတာလည်း မဟုတ်ပါဘူး။ တကယ်လို့များ အဲ့လို ထင်မြင်ခဲ့တယ်ဆိုလည်း ကျွန်တော် အရင့်အရင်က ရေးခဲ့ဖူးတဲ့ ဆောင်းပါးတွေကို ထောက်ရှုပြီး နားလည်ပေးကြပါ။ ယောက်ျားတစ်ယောက်ရဲ့ အမြင်ကို ဖတ်ရတာပေါ့လေလို့ပဲ သဘောထားပေးပါ။

တကယ်လို့များ ဆိုလိုရင်းကို သဘောပေါက်ခဲ့မယ်ဆိုရင်တော့ဖြင့် မရှိသေးတဲ့ အိမ်ထောင်ရေးဖြစ်ဖြစ်၊ ရှိလာတော့မယ့် အိမ်ထောင်ရေးဖြစ်ဖြစ်၊ ရှိနေပြီးတဲ့ အိမ်ထောင်ရေးဖြစ်ဖြစ် အဆင်ပြေအောင် တည်ဆောက်နိုင်ဖို့ အချစ်အပြင် ဘာ​​​တွေ လိုဦးမယ်ဆိုတာလေး တွေးမိသွားမှာပါ။ တစ်​ယောက်ဆန္ဒကို တစ်​ယောက်က ​လေးစားပြီး အပြန်အလှန် ညှိုနှိုင်းရင်း၊ နားလည်မှု၊ ယုံကြည်မှု၊ ပွင့်လင်းမှု​တွေနဲ့ ခိုင်မာတဲ့ ဆက်ဆံ​ရေးတစ်ခုကို တည်​ဆောက်နိုင်ကြ​စေဖို့ ရည်ရွယ်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၇.၄.၂၀၂၀