Wednesday, April 22, 2020

ဆိတ္ေမြးျမဴေရး

ဆိတ္ေမြးျမဴေရး
   
   
ဆိတ္ႏွင့္သိုးမ်ားကို ႏွစ္ေပါင္းမ်ားစြာကပင္အိမ္ေမြးတိရစၦာန္ျဖစ္ ေမြးျမဴခဲ့ၾက သည္။ ဆိတ္ေမြးျမဴျခင္း၏ အဓိကရည္ရြယ္ခ်က္မွာ ႏို႔၊ အသားႏွင့္သားေရရရွိရန္ ပင္ျဖစ္သည္။ ဆိတ္တစ္ေကာင္၏ ကိုယ္အေလးခ်ိန္သည္ ႏြား တစ္ေကာင္၏ ကိုယ္အေလးခ်ိန္၏ရွစ္ပံုတစ္ပံုခန္႔သာျဖစ္ေသာ္လည္း ႏို႔တစ္ပိသာထြက္ရွိႏိုင္ သျဖင့္ ဆိတ္မွာႏြားထက္ႏို႔ထြက္ႏႈန္း ပိုမိုေကာင္းသည္ဟု ဆိုႏိုင္သည္။

 ဆိတ္ႏို႔သည္ ႏြားႏို႔ထက္ ပရိုတိန္းႏွင့္ အဆီဓာတ္ပါ၀င္မႈပိုမိုမ်ားေသာ္ လည္း ဆိတ္ႏို႔အဆီရွိ အဆီခဲကေလးမ်ားသည္ ပိုမိုေသးငယ္သျဖင့္ အစာေၾက လြယ္သည္။သို႔ျဖစ္၍ ဆိတ္ႏို႔သည္ ႏြားႏို႔ထက္ကေလးငယ္မ်ား၊အသက္အရြယ္ ႀကီးရင့္သူမ်ားႏွင့္ လူနာမ်ားအတြက္ ပိုမိုသင့္ေလ်ာ္သည္။ ထို႔ျပင္ ဆိတ္ႏို႔တြင္ ဘက္တီးရီးယားပါ၀င္မႈႏႈန္းသည္ ႏြားႏို႔ထက္ပို၍ နည္းသည္။ ထို႔ျပင္ ဆိတ္ သည္ ႏို႔ညွစ္ရလြယ္ကူသည့္အျပင္ သဘာ၀အရလည္း အၾကမ္းခံႏိုင္၍ အစာ မေရြး စားႏိုင္သည္။ ျမက္၊ သစ္ရြက္အမ်ိဳးမ်ိဳးႏွင့္ သစ္ပင္မ်ား၏ အေခါက္မ်ားကို ခြာ၍ စားတတ္သည္။ ဇီးပင္အပါအ၀င္ဆူးပင္ မ်ားကို ႀကိဳက္ႏွစ္သက္သည္။ ဆိတ္၏အစာအိမ္သည္ အမွ်င္ၾကမ္းမ်ား (လစ္ဂနစ္)ကို ေခ်ဖ်က္ႏိုင္စြမ္းရွိသည္။ သို႔ျဖစ္၍ ဆိတ္မ်ားကို စားက်က္မေကာင္း ေသာ္လည္း ေကာင္းစြာေမြးျမဴႏိုင္ သည္။ ထို႔ျပင္ဆိတ္သည္မ်ိဳးေအာင္ျမင္မႈ ေကာင္းသျဖင့္ ေကာင္ေရပြားမ်ားႏွဳန္းမ်ားသည္။

 ဆိတ္ႏို႔သည္သာ အဟာရဓာတ္မ်ားျပည့္၀သည္မဟုတ္ဘဲ ဆိတ္သား သည္လည္း အရသာရွိ၍ လူတို႔ႀကိဳက္ႏွစ္သက္ၾကသည္။ ထို႔အျပင္ ဆိတ္ သားေရ မွာလည္း ဘိနပ္၊ လက္အိတ္၊ လက္ဆြဲအိတ္၊ ဂ်ာကင္အက်ႌစသည္ျဖင့္ အသံုးျပဳႏိုင္ျခင္းေၾကာင့္ ဆိတ္ေမြးျမဴေရးသည္ ကုန္က်စရိတ္နည္းနည္းျဖင့္ အက်ိဳးအျမတ္မ်ားမ်ားရရွိႏိုင္သည့္ စီးပြားျဖစ္ေမြးျမဴေရးလုပ္ငန္းတစ္ခု ျဖစ္သည္။

ဆိတ္မ်ိဳးမ်ား
ထိန္စမ္းမ်ိဳး
         မႏၲေလးတိုင္းေဒသႀကီး၊ပုပၸားနယ္တစ္၀ုိက္၊  ေကြးတိုင္းေဒသႀကီး၊ ေခ်ာက္ၿမိဳ႕နယ္၊ နတ္ေမာက္ၿမိဳ႕နယ္မ်ားတြင္ ေမြးျမဴေလ့ရွိသည္။ အလံုးအရပ္ ထြားက်ိဳင္းသည္။ ကိုယ္လံုျဖဴ၍ ဦးေခါင္းမဲသည္။ ႏွာေခါင္းပိုင္းအေမြးျဖဴတတ္ သည္။ မုတ္ဆိတ္ဖားၿပီး နားရြက္ရွည္၍ တြဲေလာင္းက်သည္။ ဦးခ်ိဳေနာက္ဖက္ လန္သည္။ ပ်မ္းမွ်ကိုယ္အေလးခ်ိန္အထီး - ၅၀ ကီလို( ၃၇ ပိသာ)၊ အမ - ၂၉ ကီလို(၂၀ ပိသာ)

ဂ်ိတ္နီမ်ိဳး
       မႏၲေလးတိုင္းေဒသႀကီး၊ တံတားဦး၊ စဥ့္ကိုင္၊ ေက်ာက္ဆည္နယ္တြင္  ေမြးျမဴေလ့ရွိသည္။ အရြယ္အစားႀကီးမားသည္။ နီညိဳေရာင္၊ အုန္းခြံေရာင္၊ မန္က်ီးေစ့ေရာင္ရွိသည္။ ကိုယ္အေလးခ်ိန္ အထီး ၅၀ ကီလို (၃၇ ပိသာ)၊ အမ ၄၂ ကီလို(၂၉ ပိသာ)

ေ၀သာလီမ်ိဳး
 မေကြးတိုင္း၊ ပခုကၠဴ၊ ေရစႀကိဳ၊ ေပါက္၊ ၿမိဳင္တစ္၀ိုက္တြင္ ေမြးျမဴေလ့ ရွိသည္။

ဆိတ္တင္းကုပ္ေဆာက္လုပ္ျခင္း

(က) ဆိတ္တင္းကုပ္၏အခင္းကို ေျမႀကီးျဖင့္ ထားမည္ဆိုပါကမာ၍ ေျခာက္ေသြ႔ရမည္ အညစ္အေၾကးမ်ား အလြယ္တကူသိမ္းဆည္း ႏိုင္ရမည္။ မိုးေရႏွင့္အညစ္အေၾကးမ်ား စီးဆင္းႏိုင္ရမည္။
(ခ) ဆိတ္မ်ားနားေနရန္အတြက္ လံုေလာက္ေသာအက်ယ္အ၀န္းရွိ သင့္ သည္။
(ဂ) အမိုးသည္ မိုးေရလံု၍  သက္ကယ္မိုးျဖစ္ပါက တံစက္ၿမိတ္ အနည္းဆံုး(၆)ေပ ရွိသင့္ၿပီး ေခါင္အျမင့္(၁၀)ေပရွိသင့္သည္။ အဓိကမွာ အမိုးကိုဆိတ္ဆြဲ ၍ မစားႏိုင္ေစရန္ျဖစ္သည္။
(ဃ) အခင္းေျခာက္ေသြ႔ေစရန္ႏွင့္သန္႔ရွင္းေရးျပဳလုပ္ရန္ လြယ္ကူမည္။
(င) လံုေလာက္ေသာအလင္းေရာင္ရရွိေစရမည္။
(စ) အစာခြက္၊ ေရခြက္မ်ားစနစ္တက်ထားရွိရမည္။
(ဆ) မိုးမ်ား၍ စိုစြတ္ေသာအရပ္ေဒသမ်ားတြင္ အခင္းကို၀ါးၾကမ္းခင္း သုိ႔မဟုတ္ သစ္သားၾကမ္းခင္းျဖင့္ တည္ေဆာက္ရန္လိုသည္။ အဂၤေတျဖင့္ အခင္းခင္းပါက ေကာက္ရိုး၊ ျမက္ေျခာက္စသည္ျဖင့္ ခင္းေပးရန္လိုအပ္သည္။
(ဇ) ေလစိမ္းမတိုက္ေစရန္ အကာရွိရန္လိုသည္။

ေမြးျမဴေရးနည္းစနစ္မ်ား
(က) ျခံေလွာင္စနစ္(Intensive System)။ မိုးရြာလြန္ေသာအရပ္ေဒသႏွင့္ ရာသီဥတု အလြန္ေအးေသာအရပ္တို႔တြင္ အသံုးျပဳေလ့ရွိ ၾကသည္။ ဤစနစ္တြင္ အဓိကအေရးႀကီးသည့္အခ်က္မ်ားမွာ တိရစၧာန္မ်ားကို အရြယ္အစား ခြဲျခားေမြးျမဴေရး အစာေရစာလံု ေလာက္စြာ ေကြ်းေမြးေရးႏွင့္ သင့္ေလ်ာ္သည့္ ေနရာအက်ယ္ အ၀န္းရွိေရးပင္ျဖစ္သည္။

(ခ) တစ္၀က္လႊတ္ေက်ာင္းစနစ္(Semi Intensive System)။ဆိတ္ေမြးျမဴ ေရးအတြက္ အသင့္ေလ်ာ္ဆံုးျဖစ္သည္။

(ဂ) လႊတ္ေက်ာင္းစနစ္(Free ranged system)။ လႊတ္ေက်ာင္းျခင္းျဖင့္ ေလေကာင္းေလသန္႔ရသည္။ က်န္းမာေရးႏွင့္ျပည့္စံုေစသည္။ ေအးသည့္ အရပ္ တြင္ ဆိတ္ကုိလႊတ္ေက်ာင္းထားႏုိင္ေသာ္ လည္း မုိးေရထဲတြင္ လႊတ္ေက်ာင္းထား၍ မျဖစ္ေပ။

အစာေရစာေကၽြးေမြးျခင္း
      ဆိတ္မ်ားသည္ ျမက္၊ သစ္ရြက္၊ သစ္ေခါက္၊ ျခံဳပင္၊ ဆူးပင္စသည္ျဖင့္ အစာမေရြးစားတတ္သျဖင့္ ဆိတ္စာအတြက္ ပူစရာမလုိဟု အၾကမ္းဖ်င္း ယူဆ၍ ရေသာ္လည္း၊ ထုတ္လုပ္မႈႏႈန္း ျမင့္မားေစေရးအတြက္ အစာ၊ ေရစာ စနစ္တက်ေကၽြးေမြးရန္ လုိအပ္သည္။

 - မည္သည့္အစာမ်ိဳးကုိပင္ ေကၽြးသည္ျဖစ္ေစ၊ အစာခြက္ အတြင္းရွိ အစာေဟာင္းမ်ားကုိ ဖယ္ရွားေပးျပီးမွ အစာသစ္ ထည့္ရမည္။
-  ဆိတ္မ်ား၏ သဘာဝမွာ အစာဝေသာအခါ က်န္ေသာအစာမ်ားကုိ ဖ်က္ဆီး တတ္သျဖင့္ ေမြးျမဴေရးသမား အေနျဖင့္ ဆိတ္ဝေလာက္ ေသာ အစာကုိသာ ခ်င့္ခ်ိန္၍ ေကၽြးသင့္သည္။
-  အခ်ိန္မွန္မွန္အစာေကၽြးျခင္းျဖင့္ ခံတြင္းေကာင္းၿပီး အစာကုိ မက္ေမာ စြာစားေစႏုိင္ပါသည္။
-  ကိုယ္အေလးခ်ိန္ (၁၀၀)ေပါင္ (၃၅ပိႆာ)ခန့္ရွိေသာ ဆိတ္တစ္ ေကာင္အတြက္ တစ္ေန႔လွ်င္ အနည္းဆုံးေအာက္ပါ အစာပမာဏ ခန္႔ ေကၽြးေမြးသင့္သည္-

(၁)   သစ္ရြက္စိမ္းအမ်ိဳးမ်ိဳး ၈၂ က်ပ္သား
(၂)   ေကာက္ရုိး သုိ႔မဟုတ္ ျမက္ေျခာက္  ၈၂ က်ပ္သား
(၃)   အစာႏု               ၂၇.၅    က်ပ္သား   (၁)ေပါင္
မွတ္ခ်က္။ ႏို႔ထြက္ေနေသာ ဆိတ္မမ်ားတြင္ ထြက္ရွိေသာႏို႔အေလးခ်ိန္ ၏ သံုးပံုတစ္ပံု အစာႏုကို ထပ္ေဆာင္း၍ ေကြ်းေမြးရန္လို အပ္သည္။ ထို႔အတူအသားတိုးႏွင့္ ႀကီးထြားမႈအတြက္ အစာႏုကို အထက္ပါပမာဏထက္တစ္ဆခြဲတိုး၍ ေကြ်းရန္ လိုအပ္ပါသည္။

ေရတိုက္ျခင္း
       ခႏၶာကိုယ္ႀကီးထြားဖြံ႔ၿဖိဳးမႈအစာေၾကညက္မႈအတြက္ ေရသည္ အေရး တႀကီးလိုအပ္သည္။ ရာသီဥတုအေျခအေနေပၚမူတည္၍ ေရလိုအပ္ခ်က္ ေျပာင္းလဲေသာ္လည္း ဆိတ္တစ္ေကာင္အတြက္ တစ္ေန႔လွ်င္ အနည္းဆံုး ေသာက္ေရတစ္ဂါလံ လိုအပ္သည္။

ထိန္းသိမ္းေစာင့္ေရွာက္ျခင္း
(က)   ကိုယ္၀န္ေဆာင္ဆိတ္မမ်ားအား ျပဳစုေစာင့္ေရွာက္ျခင္း
 ဆိတ္မမ်ားသည္(၈)လခန္႔တြင္အရြယ္ေရာက္သည္။ မိတ္လိုက္၍ သား ေအာင္ေသာ ဆိတ္မသည္ ပဋိသေႏၶကာလ(၅)လခန္႔တြင္ ဆိတ္ကေလး ေမြးသည္။ဆိတ္မ၏ ကုိယ္ဝန္ေဆာင္ကာလမွာ ပွ်မ္းမွ်(၁၅၀)ရက္ခန္႔ျဖစ္သည္။ ကုိယ္ဝန္ႏုစဥ္ကာလတြင္ အျခားဆိတ္မ်ားႏွင့္ ေရာ၍ လႊတ္ေက်ာင္းႏုိင္သည္။ ဇီးရင့္လာလွ်င္ကား၊ ေမြးဖြားခါနီး တစ္ပတ္အလုိခန္႔တြင္ လႊတ္ေက်ာင္းရာ သုိ႔
မထည့္ဘဲ ဆိတ္တင္းကုပ္တြင္ထားသင့္သည္။

     သားေပါက္ကာနီး ေမြးဖြားရက္ေစ့ခ်ိန္တြင္ အစာေလွ်ာ့၍ ေကၽြးသင့္သည္။

ဝမ္းေပ်ာ့ေစမည့္အစားအစာမ်ားျဖစ္သည့္ ေဂၚဖီရြက္၊ ဆလတ္ရြက္ စသည့္ ဟင္းရြက္အစိမ္းမ်ားပုိမုိေကၽြးေမြးသင့္သည္။ ဆားသည္လည္း ဆိတ္ မ်ားအဖုိ႔ အေရးၾကီးသည္။ တစ္ေန႔ ဆိတ္တစ္ေကာင္လွ်င္ ဆား(၂)က်ပ္ သားခန္႔ေကၽြးသင့္သည္။ ဆိတ္မဇီးရင့္၍ သားေပါက္ကာနီးလွ်င္ အစာစားရပ္ ျခင္း၊ အမ တန္စာအဂၤါစပ္ေရာင္ရမ္းျခင္း၊ ဂဏွာမျငိမ္ျဖစ္ျခင္း၊ ေအာ္ဟစ္ျခင္း၊ လဲေလ်ာင္းျခင္း၊ ႏုိ႔အုံမ်ားႏုိ႔ျပည့္၍မာတင္းလာျခင္း၊ညွစ္၍ၾကည့္ပါက ႏို႔ရည္ျပစ္မ်ားထြက္ျခင္းစသည္တုိ႔ကိုေတြ႔ရွိရသည္။

(ခ) ဆိတ္ငယ္ကေလးမ်ားျပဳစုေစာင့္ေရွာက္ျခင္း
 ေမြးစဆိတ္ငယ္ကေလးမ်ားသည္ မ်ားေသာအားျဖင့္ သန္မာသည္။
 ေမြးဖြားျပီးနာရီပုိင္းအေတာ္ၾကာသည့္အထိ မိခင္ႏုိ႔မစုိ႔ဘဲ ဆိတ္ငယ္မ်ား ခံႏုိင္ ရည္ရွိေသာ္လည္း ေမြးဖြားျပီးလွ်င္ျပီးခ်င္း နာရီပုိင္းအတြင္းမိခင္ႏုိ႔စုို႕ႏိုင္  ေစရန္ ေဆာင္ရြက္ေပးသင့္သည္။ ႏုိ႔ဦးရည္သည္ ဆိတ္ငယ္ကေလးအတြက္ မရွိမျဖစ္လုိအပ္သည္။ ႏုိ႔ဦးရည္သည္ ဆိတ္ငယ္ကေလးမ်ား၊ သာမန္ေရာဂါ မ်ား ခံႏုိင္စြမ္းရွိသည့္ မိခင္၏ ကုိယ္ခံစြမ္းအားမ်ား ပါရွိလာသည့္နည္းတူ ဆိတ္ငယ္အား ဝမ္းေပ်ာ့ေပ်ာ့သြားေစႏုိင္ျခင္းျဖင့္ မိခင္၏ ဝမ္းတြင္း၌ ရွိေနစဥ္ရွိေနမည့္ ငယ္ေခ်းမ်ားပါသြားမည္ျဖစ္သည္။

 အခ်ိဳ႕ဆိတ္မမ်ား တစ္ခါတစ္ရံတြင္သုံးေကာင္ေမြးတတ္သည္။ ဆိတ္မ ၏ ႏုိ႔အုံတြင္ ႏုိ႔တံ (၂) ေခ်ာင္းသာရွိသျဖင့္ ဆိတ္ငယ္မ်ား အလွည့္က် ႏုိ႔စုိ႔ႏိုင္ေစရန္ အလွည့္က်လႊတ္ေပးရမည္။ဆိတ္ငယ္မ်ား ႏွစ္ပတ္သားမွစ၍ အစာႏုႏွင့္ျမက္မ်ားစတင္၍ အေလ့အက်င့္ျပဳလုပ္ေကၽြးေမြးရသည္။ မ်ား ေသာ အားျဖင့္ အသက္(၆)ပတ္သားတြင္ႏုိ႔ခြဲေလ့ရွိရာ၊ အစာႏုစားသည့္ အေလ့ အက်င့္ရျပီးျဖစ္သျဖင့္ ဆိတ္ငယ္မ်ား၏ ၾကီးထြားဖြံ႔ျဖိဳးမႈ အေႏွာင့္အယွက္ မျဖစ္ေတာ့ေပ။


ႏုိ႔စားဆိတ္ႏွင့္အသားစားဆိတ္
ဆိတ္သည္ခႏၶာကိုယ္ေသးငယ္ေသာ္လည္း ႏုိ႔ထြက္ႏႈန္းေကာင္းသည္။ ႏြားနွင့္ ႏိွုင္းင္းယွဥ္လွ်င္ အစာအနည္းငယ္သာေကၽြးရျပီး တန္ဘုိးရွိသည့္နုိ႔ကုိ ေပးစြမ္းနုိင္သျဖင့္ ႏုိ႔စားဆိတ္မ်ား စနစ္တက် ေရြးခ်ယ္ ေမြးျမဴသင့္္သည္။ ဆိတ္သား သည္လည္း ႏူးညံ့ျခင္း၊ အရသာရွိျခင္းေၾကာင့္ လူတုိ႔ႀကိဳက္နွစ္သက္ ၾကသည္။ သုိ႔ျဖစ္၍ေမြးျမဴသူမ်ားအေနျဖင့္ မိမိေမြးျမဴမည့္ရည္ရြယ္ခ်က္ အေပၚ မူတည္၍ စနစ္တက် ေရြးခ်ယ္ေမြးျမဴသင့္သည္။

(က) ႏုိ႔စားဆိတ္။ ႏုိ႔စားဆိတ္မ်ားစြာ ရွိသည္။ ဂ်မနာပါရီ (Jamunapari)၊
 ႏူဘီယံ (Nubian)၊ ဆာနန္ (Saanen)ႏွင့္ အယ္လ္ပုိင္း (Alpine) မ်ိဳးတုိ႔ ျဖစ္သည္။ ႏုိ႔စားဆိတ္သည္ နဖူးက်ယ္၍ ႏႈတ္သီးခၽြန္ရ၏။ မ်က္ႏွာရွည္၍ ဦးခ်ိဳမ်ား ေသးသြယ္ခၽြန္ထက္သည္။ မ်က္လုံးျပဴး၍ အေရာင္ေတာက္ကာ၊ သြက္လက္ ဖ်တ္လတ္ေနသင့္သည္။ ကုိယ္လံုးရွည္လ်ားျပီး ရင္ေခါင္းခ်ိဳင့္ဝွမ္း သြယ္ရမည္၊ ႏုိ႔ထြက္ ေကာင္းေသာ ဆိတ္မ၏ ႏုိ႔အံုသည္ၾကီးမားရုံသာမက ႏူးညံ့ေပ်ာ့ ေျပာင္းရမည္။ အေရခြံပါးရမည္။ ႏုိ႔တံမ်ားသည္ အရြယ္အစားညီ၍ ေသးသြယ္ျပီးတစ္ခုႏွင့္တစ္ခု ခပ္ကြာကြာ ရွိသင့္သည္။

(ခ) အသားစားဆိတ္။ ဆိတ္တုိင္း အသားစား၍ရေသာ္လည္း အသား စား ဆိတ္ဆုိသည္မွာ အသားတုိးႏႈန္းေကာင္းျခင္း၊ အသားႏူးညံ့ျခင္း၊အရသာရွိျခင္း စသည့့္ အရည္အခ်င္းမ်ားႏွင့္ ျပည့္စုံရန္ လုိအပ္သည္။ အသားစားဆိတ္မ်ိဳး အျဖစ္ ဘုိဝါး(Boer)မ်ိဳးႏွင့္ စပိန္မ်ိဳး(Spanish)တုိ႔ကုိ အသုံးျပဳၾကသည္။ အသား စားဆိတ္တြင္ အေကာင္ၾကီးျခင္း၊ ရင္အုပ္က်ယ္ျခင္း၊ အသားတုိးႏႈန္း၊ၾကီးထြား ႏႈန္းျမန္ျခင္း၊ သားေပါက္ေကာင္းျခင္း၊ အသားထြက္ႏႈန္းသည္ အသက္ရွင္စဥ္ အေလးခ်ိန္၏ (၄၅)မွ (၆၂)ရာခိုုင္ႏႈန္းရွိျခင္းစသည့္ အရည္အခ်င္းမ်ားျပည့္စုံရန္ လုိအပ္သည္။

ဆိတ္ေရာဂါမ်ား
(က) အစာမေၾကေရာဂါ (Indigestion)။ အစာစားသုံးျခင္းေလ်ာ့နည္းလာ သည္။ဝမ္းခ်ဳပ္သည္။ က်င္ႀကီး မာေန တတ္သည္။ ဝမ္းေလွ်ာ၍ အရည္ မ်ား သြားတတ္သည္။ တိရစၦာန္ ေငးမိႈင္ ေနတတ္သည္။ ဝမ္းခ်ဳပ္ပါကဝမ္းသြား ေစရန္ ဆားခါးမဂၢနီဆီယမ္ဆာ လဖိတ္) ၆၀-၁၂၀ ဂရမ္ တုိက္ေကၽြးသင့္သည္။ ဝမ္းသြားပါကဝမ္းပိတ္ ေဆးတုိက္ေကၽြးရန္လုိအပ္သည္။

(ခ)  ႏုိ႔အုံေရာင္ေရာဂါ (Mastitis)။ ကုိယ္အပူခ်ိန္တက္ျခင္း၊ ႏုိ႔ထြက္ႏႈန္းရုတ္တရက္က်ဆင္းျခင္း၊ ႏုိ႔သည္အရည္က်ဲလာျခင္းႏွင့္ ေသြးစေသြးနပါလာ ျခင္း၊ ႏုိ႔ညွစ္ရာတြင္နာက်င္ျခင္း၊ ပင္နယ္စလင္ပဋိဇီဝေဆးႏွင့္ စထရက္တုိ မုိင္ဆင္ေဆးေရာ၍၊ ႏုိ႔အုံတြင္းသုိ႔ ေဆးထုိး၍ ကုသရသည္။

(ဂ) ေဒါင့္သန္းေရာဂါ (Anthrax)။ ကၽြဲ၊ ႏြား၊ သုိးႏွင့္ဆိတ္တုိ့တြင္ ျဖစ္ပြား တတ္သည္။ ဘက္ဆီလပ္စ္အန္သရာဆစ္ (Baccillus Anthracis) ေခၚ ဘက္တီးရီးယားေၾကာင့္ ေရာဂါျဖစ္ပြားရသည္။ အလြန္ျပင္းထန္သည့္ အမ်ိဳး အစားျဖစ္ပြားပါက လကၡဏာတစ္စုံ တစ္ရာမျပဘဲ ေသဆုံးသြားတတ္သည္။

 ေသဆုံးျပီးပါက စအုိ၊ ႏွာေခါင္းေပါက္ႏွင့္ အမအဂၤါဇာတ္ တုိ႔မွ ေသြးမဲ မ်ား ထြက္လာျပီးမခဲေခ်။ ကုိယ္ဝန္ေဆာင္တိရစၦာန္မ်ားတြင္ျဖစ္ပြားပါက ဇီးေလွ်ာ တတ္သည္။ ေရာဂါျဖစ္ပြားပါက ပဋိဇီဝေဆးအခ်ိန္အဆမ်ားမ်ားသုံး၍ ကုသ တတ္ သည္။ ေဒါင့္သန္းေရာဂါကာကြယ္ေဆးကုိ သုိး/ဆိတ္တစ္ေကာင္ လွ်င္(၀.၅)စီစီ ထုိးႏွံေပးရမည္။ ေဆးထုိးေပးျပီး(၂-၃)ပတ္ၾကာေသာအခါတြင္
 ေရာဂါခံႏုိင္ရည္ စြမ္းအားျဖစ္ေပၚလာျပီး ခံႏုိင္ရည္စြမ္းအားမွာ တစ္ႏွစ္ခံပါ သည္။ ေသဆုံးေသာ တိရစၦာန္မ်ားကုိ ခြဲစိတ္ျခင္းမျပဳရေပ။ ေျမၾကီးအတြင္း တြင္းနက္နက္တူး၍ ထံုးစေသာ ပုိးသတ္ေဆးျဖန္း၍ ျမွဳပ္ပစ္ရမည္။ သုိ႔မဟုတ္ မီးရႈိ႕ရမည္။

(ဃ) သုိး/ဆိတ္လည္ေခ်ာင္းကြဲေရာဂါ။ ပတ္စက်ဳရဲလား မာတုိဆီဒါး အမွတ္ (၂) (Pasturella Multocida Type-2)ေခၚဘက္တီးရီးယားပိုး ေၾကာင့္ျဖစ္ပြားရသည္။ ႏွာရည္ယုိျခင္း၊ ေခ်ာင္းဆုိးျခင္း၊ ပါးစပ္မွ အျမွဳပ္ထြက္ ျခင္းမ်ား ျဖစ္ လာသည္။အသက္ရွဴႏႈန္းႏွင့္ေသြးခုန္ႏႈန္းျမန္လာျပီး ကုိယ္အပူခ်ိန္ ၁၀၇ ဖာရင္ဟုိက္ အထိျမင့္တက္လာသည္။အစာစားသုံးမႈ ေလ်ာ့သြားျပီး (၁-၂) ရက္အတြင္း ေသဆုံးမႈျဖစ္ႏုိင္ သည္။ ကုသေဆးအျဖစ္ပင္နယ္စလင္ကုိ အသုံးျပဳ ကုသ၍ရသည္။

(င) ခြာနာလွ်ာနာေရာဂါ (Foot and Mouth Disease)။ ဗုိင္းရပ္ေၾကာင့္
 ေရာဂါျဖစ္ပြားရျခင္းျဖစ္ျပီး လွ်ာ၊ ႏွာေခါင္းႏွင့္ ေျခေခ်ာင္းကေလးမ်ားအၾကားႏွင့္ အေရျပားႏွင့္ ခြာအစပ္တုိ႔တြင္ အနာကေလးမ်ား ျဖစ္လာတတ္သည္။ ကုိယ္အပူခ်ိန္ျမင့္တက္သည္။ အာေခါင္၊ ပါးစပ္ႏွင့္ လွ်ာတုိ႔တြင္ အရည္ၾကည္ဖု ကေလးမ်ား ေပါက္လာမည္။ေရာဂါျဖစ္ပြားတတ္ေသာ္လည္း မျပင္းထန္ေပ။
အနာမ်ားကုိ ပုိးသတ္ေဆးအေပ်ာ့မ်ားလိမ္းေပးျခင္းျဖင့္ အျခားေရာဂါ ပုိးမ်ား ဝင္ေရာက္မႈမွ ကာကြယ္ရမည္။

(စ) သုိးဆိတ္ေက်ာက္ေပါက္နာ (Peste des Petits Ruminants)။
 ေက်ာက္ ေပါက္နာသည္ သုိးဆိတ္ႏွစ္မ်ိဳးစလံုး၌ ဗိုင္းရပ္ပုိးေၾကာင့္ ျဖစ္ပြားႏုိင္ သည္မွန္ေသာ္လည္း ဗုိင္းရပ္အမ်ိဳးအစားမတူေပ။ ကုိယ္အပူခ်ိန္ျမင့္မားလာ သည္။မ်က္စိႏွင့္ႏွာေခါင္းမွ မ်က္ရည္ႏွင့္ႏွာရည္မ်ားစီးက်လာသည္။အေမႊး မရွိ
ေသာ အေရျပားေနရာမ်ားႏွင့္ အာေခါင္ႏွင့္ ႏွာေခါင္းတုိ႔တြင္ ေတြ႔ရတတ္သည္။ သုိးႀကီးမ်ားတြင္ျဖစ္ပြားပါက ေက်ာက္ေပါက္နာကုိအၿမီးေအာက္တြင္ ေတြ႔ရ သည္။ေက်ာက္ေပါက္နာမ်ားကုိပုိးသတ္ေဆးျဖင့္ေဆးေၾကာျခင္း၊ ဆာလ္ဖာ သုိ႔မဟုတ္ ပဋိဇီဝေဆးရည္ျပစ္မ်ား သုတ္လိမ္းေပးရမည္။

(ဆ) ကူးစက္တတ္ေသာ ျပည္တည္နာ။  ကူးစက္ျမန္ျပီး ဗုိင္းရပ္ပုိးတစ္မ်ိဳးေၾကာင့္ ျဖစ္ပြားရျခင္းျဖစ္သည္။ ႏႈတ္ခမ္းေထာင့္မ်ားမွ အနာစတင္ျဖစ္ေပၚလာၿပီး ႏႈတ္ခမ္းႏွင့္ ႏႈတ္သီးတစ္ေလွ်ာက္ႏွင့္ ႏွာေခါင္းဆီသုိ႔ျပန္႔၍ သြားသည္။

အမမ်ားတြင္ စအုိပတ္လည္ႏွင့္ အမတန္ဆာ၌ လည္းေကာင္း၊ အထီးမ်ား၌ ကပ္ပယ္အိတ္တြင္လည္းေကာင္း ျဖစ္ပြားတတ္သည္။ အနာကုိကုသရာ၌ အနာေဖးမ်ားကုိခြာပစ္၍ ပဋိဇီဝေဆးမ်ားလိမ္း ေပးရမည္။ အျခားေရာဂါမ်ား မဝင္ ေရာက္ေစရန္ ဆာလဖာလိမ္းေဆး၊ ပဋိဇီဝ လိမ္းေဆးမ်ား သုတ္လိမ္း ေပးသင့္သည္။

(ဆ) သန္ေကာင္ေရာဂါမ်ား
     (၁) အသည္းေနသန္ျပား
     (၂) အစာေခ်အဖြဲ႔အတြင္းေနသန္ျပား
      ကာဗြန္တက္ထရာကလုိရုိဒ္ (Carbon tetrachloride)ေဆး အားဆိတ္ႏွင့္ သုိးမ်ားတြင္ ကုိယ္အေလးခ်ိန္ေပါင္(၁၀၀) အတြက္ (၁)စီစီမွ (၂) စီစီအထိ သတၱဳဆီမ်ားႏွင့္ ေရာ၍ တုိက္ေကြ်းႏုိင္သည္။

သုိးဆိတ္ေမြးျမဴေရးအပါအဝင္  မည္သည့္ေမြးျမဴေရးတြင္မဆုိ  သန္႔ရွင္းေရး စနစ္တက်ေဆာင္ရြက္ျခင္း၊ သန္႔ရွင္းလတ္ဆတ္ေသာ အစာအဟာရ စနစ္တက်ေကၽြးေမြးျခင္း၊ မွန္ကန္သည့္ထိန္းသိမ္းေစာင့္ေရွာက္မႈ ျပဳလုပ္ျခင္း
 ႏွင့္ ေရာဂါကာကြယ္မႈမ်ားကုိ မ်က္ေျခမျပတ္ အစဥ္တစုိက္ေဆာင္ရြက္မည္ ဆုိပါက ေအာင္ျမင္သည့္ ေမြးျမဴေရးလုပ္ငန္းတစ္ခုအျဖစ္ အၿမဲရပ္တည္ႏုိင္ မည္ျဖစ္ပါသည္။

(Unicode)

ဆိတ်မွေးမြူရေး
   

      ဆိတ်နှင့်သိုးများကို နှစ်ပေါင်းများစွာကပင်အိမ်မွေးတိရစ္ဆာန်ဖြစ် မွေးမြူခဲ့ကြ သည်။ ဆိတ်မွေးမြူခြင်း၏ အဓိကရည်ရွယ်ချက်မှာ နို့၊ အသားနှင့်သားရေရရှိရန် ပင်ဖြစ်သည်။ ဆိတ်တစ်ကောင်၏ ကိုယ်အလေးချိန်သည် နွား တစ်ကောင်၏ ကိုယ်အလေးချိန်၏ရှစ်ပုံတစ်ပုံခန့်သာဖြစ်သော်လည်း နို့တစ်ပိသာထွက်ရှိနိုင် သဖြင့် ဆိတ်မှာနွားထက်နို့ထွက်နှုန်း ပိုမိုကောင်းသည်ဟု ဆိုနိုင်သည်။

 ဆိတ်နို့သည် နွားနို့ထက် ပရိုတိန်းနှင့် အဆီဓာတ်ပါဝင်မှုပိုမိုများသော် လည်း ဆိတ်နို့အဆီရှိ အဆီခဲကလေးများသည် ပိုမိုသေးငယ်သဖြင့် အစာကြေ လွယ်သည်။သို့ဖြစ်၍ ဆိတ်နို့သည် နွားနို့ထက်ကလေးငယ်များ၊အသက်အရွယ် ကြီးရင့်သူများနှင့် လူနာများအတွက် ပိုမိုသင့်လျော်သည်။ ထို့ပြင် ဆိတ်နို့တွင် ဘက်တီးရီးယားပါဝင်မှုနှုန်းသည် နွားနို့ထက်ပို၍ နည်းသည်။ ထို့ပြင် ဆိတ် သည် နို့ညှစ်ရလွယ်ကူသည့်အပြင် သဘာဝအရလည်း အကြမ်းခံနိုင်၍ အစာ မရွေး စားနိုင်သည်။ မြက်၊ သစ်ရွက်အမျိုးမျိုးနှင့် သစ်ပင်များ၏ အခေါက်များကို ခွာ၍ စားတတ်သည်။ ဇီးပင်အပါအဝင်ဆူးပင် များကို ကြိုက်နှစ်သက်သည်။ ဆိတ်၏အစာအိမ်သည် အမျှင်ကြမ်းများ (လစ်ဂနစ်)ကို ချေဖျက်နိုင်စွမ်းရှိသည်။ သို့ဖြစ်၍ ဆိတ်များကို စားကျက်မကောင်း သော်လည်း ကောင်းစွာမွေးမြူနိုင် သည်။ ထို့ပြင်ဆိတ်သည်မျိုးအောင်မြင်မှု ကောင်းသဖြင့် ကောင်ရေပွားများနှုန်းများသည်။

 ဆိတ်နို့သည်သာ အဟာရဓာတ်များပြည့်ဝသည်မဟုတ်ဘဲ ဆိတ်သား သည်လည်း အရသာရှိ၍ လူတို့ကြိုက်နှစ်သက်ကြသည်။ ထို့အပြင် ဆိတ် သားရေ မှာလည်း ဘိနပ်၊ လက်အိတ်၊ လက်ဆွဲအိတ်၊ ဂျာကင်အင်္ကျီစသည်ဖြင့် အသုံးပြုနိုင်ခြင်းကြောင့် ဆိတ်မွေးမြူရေးသည် ကုန်ကျစရိတ်နည်းနည်းဖြင့် အကျိုးအမြတ်များများရရှိနိုင်သည့် စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းတစ်ခု ဖြစ်သည်။

ဆိတ်မျိုးများ
ထိန်စမ်းမျိုး
         မန္တလေးတိုင်းဒေသကြီး၊ပုပ္ပားနယ်တစ်ဝိုက်၊  ကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ နတ်မောက်မြို့နယ်များတွင် မွေးမြူလေ့ရှိသည်။ အလုံးအရပ် ထွားကျိုင်းသည်။ ကိုယ်လုံဖြူ၍ ဦးခေါင်းမဲသည်။ နှာခေါင်းပိုင်းအမွေးဖြူတတ် သည်။ မုတ်ဆိတ်ဖားပြီး နားရွက်ရှည်၍ တွဲလောင်းကျသည်။ ဦးချိုနောက်ဖက် လန်သည်။ ပျမ်းမျှကိုယ်အလေးချိန်အထီး - ၅၀ ကီလို( ၃၇ ပိသာ)၊ အမ - ၂၉ ကီလို(၂၀ ပိသာ)

ဂျိတ်နီမျိုး
       မန္တလေးတိုင်းဒေသကြီး၊ တံတားဦး၊ စဉ့်ကိုင်၊ ကျောက်ဆည်နယ်တွင်  မွေးမြူလေ့ရှိသည်။ အရွယ်အစားကြီးမားသည်။ နီညိုရောင်၊ အုန်းခွံရောင်၊ မန်ကျီးစေ့ရောင်ရှိသည်။ ကိုယ်အလေးချိန် အထီး ၅၀ ကီလို (၃၇ ပိသာ)၊ အမ ၄၂ ကီလို(၂၉ ပိသာ)

ဝေသာလီမျိုး
 မကွေးတိုင်း၊ ပခုက္ကူ၊ ရေစကြို၊ ပေါက်၊ မြိုင်တစ်ဝိုက်တွင် မွေးမြူလေ့ ရှိသည်။

ဆိတ်တင်းကုပ်ဆောက်လုပ်ခြင်း

(က) ဆိတ်တင်းကုပ်၏အခင်းကို မြေကြီးဖြင့် ထားမည်ဆိုပါကမာ၍ ခြောက်သွေ့ရမည် အညစ်အကြေးများ အလွယ်တကူသိမ်းဆည်း နိုင်ရမည်။ မိုးရေနှင့်အညစ်အကြေးများ စီးဆင်းနိုင်ရမည်။
(ခ) ဆိတ်များနားနေရန်အတွက် လုံလောက်သောအကျယ်အဝန်းရှိ သင့် သည်။
(ဂ) အမိုးသည် မိုးရေလုံ၍  သက်ကယ်မိုးဖြစ်ပါက တံစက်မြိတ် အနည်းဆုံး(၆)ပေ ရှိသင့်ပြီး ခေါင်အမြင့်(၁၀)ပေရှိသင့်သည်။ အဓိကမှာ အမိုးကိုဆိတ်ဆွဲ ၍ မစားနိုင်စေရန်ဖြစ်သည်။
(ဃ) အခင်းခြောက်သွေ့စေရန်နှင့်သန့်ရှင်းရေးပြုလုပ်ရန် လွယ်ကူမည်။
(င) လုံလောက်သောအလင်းရောင်ရရှိစေရမည်။
(စ) အစာခွက်၊ ရေခွက်များစနစ်တကျထားရှိရမည်။
(ဆ) မိုးများ၍ စိုစွတ်သောအရပ်ဒေသများတွင် အခင်းကိုဝါးကြမ်းခင်း သို့မဟုတ် သစ်သားကြမ်းခင်းဖြင့် တည်ဆောက်ရန်လိုသည်။ အင်္ဂတေဖြင့် အခင်းခင်းပါက ကောက်ရိုး၊ မြက်ခြောက်စသည်ဖြင့် ခင်းပေးရန်လိုအပ်သည်။
(ဇ) လေစိမ်းမတိုက်စေရန် အကာရှိရန်လိုသည်။


မွေးမြူရေးနည်းစနစ်များ
(က) ခြံလှောင်စနစ်(Intensive System)။ မိုးရွာလွန်သောအရပ်ဒေသနှင့် ရာသီဥတု အလွန်အေးသောအရပ်တို့တွင် အသုံးပြုလေ့ရှိ ကြသည်။ ဤစနစ်တွင် အဓိကအရေးကြီးသည့်အချက်များမှာ တိရစ္ဆာန်များကို အရွယ်အစား ခွဲခြားမွေးမြူရေး အစာရေစာလုံ လောက်စွာ ကျွေးမွေးရေးနှင့် သင့်လျော်သည့် နေရာအကျယ် အဝန်းရှိရေးပင်ဖြစ်သည်။

(ခ) တစ်ဝက်လွှတ်ကျောင်းစနစ်(Semi Intensive System)။ဆိတ်မွေးမြူ ရေးအတွက် အသင့်လျော်ဆုံးဖြစ်သည်။

(ဂ) လွှတ်ကျောင်းစနစ်(Free ranged system)။ လွှတ်ကျောင်းခြင်းဖြင့် လေကောင်းလေသန့်ရသည်။ ကျန်းမာရေးနှင့်ပြည့်စုံစေသည်။ အေးသည့် အရပ် တွင် ဆိတ်ကိုလွှတ်ကျောင်းထားနိုင်သော် လည်း မိုးရေထဲတွင် လွှတ်ကျောင်းထား၍ မဖြစ်ပေ။

အစာရေစာကျွေးမွေးခြင်း
      ဆိတ်များသည် မြက်၊ သစ်ရွက်၊ သစ်ခေါက်၊ ခြုံပင်၊ ဆူးပင်စသည်ဖြင့် အစာမရွေးစားတတ်သဖြင့် ဆိတ်စာအတွက် ပူစရာမလိုဟု အကြမ်းဖျင်း ယူဆ၍ ရသော်လည်း၊ ထုတ်လုပ်မှုနှုန်း မြင့်မားစေရေးအတွက် အစာ၊ ရေစာ စနစ်တကျကျွေးမွေးရန် လိုအပ်သည်။

 - မည်သည့်အစာမျိုးကိုပင် ကျွေးသည်ဖြစ်စေ၊ အစာခွက် အတွင်းရှိ အစာဟောင်းများကို ဖယ်ရှားပေးပြီးမှ အစာသစ် ထည့်ရမည်။
-  ဆိတ်များ၏ သဘာဝမှာ အစာဝသောအခါ ကျန်သောအစာများကို ဖျက်ဆီး တတ်သဖြင့် မွေးမြူရေးသမား အနေဖြင့် ဆိတ်ဝလောက် သော အစာကိုသာ ချင့်ချိန်၍ ကျွေးသင့်သည်။
-  အချိန်မှန်မှန်အစာကျွေးခြင်းဖြင့် ခံတွင်းကောင်းပြီး အစာကို မက်မော စွာစားစေနိုင်ပါသည်။
-  ကိုယ်အလေးချိန် (၁၀၀)ပေါင် (၃၅ပိဿာ)ခန့်ရှိသော ဆိတ်တစ် ကောင်အတွက် တစ်နေ့လျှင် အနည်းဆုံးအောက်ပါ အစာပမာဏ ခန့် ကျွေးမွေးသင့်သည်-

(၁)   သစ်ရွက်စိမ်းအမျိုးမျိုး ၈၂ ကျပ်သား
(၂)   ကောက်ရိုး သို့မဟုတ် မြက်ခြောက်  ၈၂ ကျပ်သား
(၃)   အစာနု               ၂၇.၅    ကျပ်သား   (၁)ပေါင်
မှတ်ချက်။ နို့ထွက်နေသော ဆိတ်မများတွင် ထွက်ရှိသောနို့အလေးချိန် ၏ သုံးပုံတစ်ပုံ အစာနုကို ထပ်ဆောင်း၍ ကျွေးမွေးရန်လို အပ်သည်။ ထို့အတူအသားတိုးနှင့် ကြီးထွားမှုအတွက် အစာနုကို အထက်ပါပမာဏထက်တစ်ဆခွဲတိုး၍ ကျွေးရန် လိုအပ်ပါသည်။

ရေတိုက်ခြင်း
       ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုအစာကြေညက်မှုအတွက် ရေသည် အရေး တကြီးလိုအပ်သည်။ ရာသီဥတုအခြေအနေပေါ်မူတည်၍ ရေလိုအပ်ချက် ပြောင်းလဲသော်လည်း ဆိတ်တစ်ကောင်အတွက် တစ်နေ့လျှင် အနည်းဆုံး သောက်ရေတစ်ဂါလံ လိုအပ်သည်။

ထိန်းသိမ်းစောင့်ရှောက်ခြင်း
(က)   ကိုယ်ဝန်ဆောင်ဆိတ်မများအား ပြုစုစောင့်ရှောက်ခြင်း
 ဆိတ်မများသည်(၈)လခန့်တွင်အရွယ်ရောက်သည်။ မိတ်လိုက်၍ သား အောင်သော ဆိတ်မသည် ပဋိသန္ဓေကာလ(၅)လခန့်တွင် ဆိတ်ကလေး မွေးသည်။ဆိတ်မ၏ ကိုယ်ဝန်ဆောင်ကာလမှာ ပျှမ်းမျှ(၁၅၀)ရက်ခန့်ဖြစ်သည်။ ကိုယ်ဝန်နုစဉ်ကာလတွင် အခြားဆိတ်များနှင့် ရော၍ လွှတ်ကျောင်းနိုင်သည်။ ဇီးရင့်လာလျှင်ကား၊ မွေးဖွားခါနီး တစ်ပတ်အလိုခန့်တွင် လွှတ်ကျောင်းရာ သို့
မထည့်ဘဲ ဆိတ်တင်းကုပ်တွင်ထားသင့်သည်။

     သားပေါက်ကာနီး မွေးဖွားရက်စေ့ချိန်တွင် အစာလျှော့၍ ကျွေးသင့်သည်။

ဝမ်းပျော့စေမည့်အစားအစာများဖြစ်သည့် ဂေါ်ဖီရွက်၊ ဆလတ်ရွက် စသည့် ဟင်းရွက်အစိမ်းများပိုမိုကျွေးမွေးသင့်သည်။ ဆားသည်လည်း ဆိတ် များအဖို့ အရေးကြီးသည်။ တစ်နေ့ ဆိတ်တစ်ကောင်လျှင် ဆား(၂)ကျပ် သားခန့်ကျွေးသင့်သည်။ ဆိတ်မဇီးရင့်၍ သားပေါက်ကာနီးလျှင် အစာစားရပ် ခြင်း၊ အမ တန်စာအင်္ဂါစပ်ရောင်ရမ်းခြင်း၊ ဂဏှာမငြိမ်ဖြစ်ခြင်း၊ အော်ဟစ်ခြင်း၊ လဲလျောင်းခြင်း၊ နို့အုံများနို့ပြည့်၍မာတင်းလာခြင်း၊ညှစ်၍ကြည့်ပါက နို့ရည်ပြစ်များထွက်ခြင်းစသည်တို့ကိုတွေ့ရှိရသည်။

(ခ) ဆိတ်ငယ်ကလေးများပြုစုစောင့်ရှောက်ခြင်း
 မွေးစဆိတ်ငယ်ကလေးများသည် များသောအားဖြင့် သန်မာသည်။
 မွေးဖွားပြီးနာရီပိုင်းအတော်ကြာသည့်အထိ မိခင်နို့မစို့ဘဲ ဆိတ်ငယ်များ ခံနိုင် ရည်ရှိသော်လည်း မွေးဖွားပြီးလျှင်ပြီးချင်း နာရီပိုင်းအတွင်းမိခင်နို့စို့နိုင်  စေရန် ဆောင်ရွက်ပေးသင့်သည်။ နို့ဦးရည်သည် ဆိတ်ငယ်ကလေးအတွက် မရှိမဖြစ်လိုအပ်သည်။ နို့ဦးရည်သည် ဆိတ်ငယ်ကလေးများ၊ သာမန်ရောဂါ များ ခံနိုင်စွမ်းရှိသည့် မိခင်၏ ကိုယ်ခံစွမ်းအားများ ပါရှိလာသည့်နည်းတူ ဆိတ်ငယ်အား ဝမ်းပျော့ပျော့သွားစေနိုင်ခြင်းဖြင့် မိခင်၏ ဝမ်းတွင်း၌ ရှိနေစဉ်ရှိနေမည့် ငယ်ချေးများပါသွားမည်ဖြစ်သည်။

 အချို့ဆိတ်မများ တစ်ခါတစ်ရံတွင်သုံးကောင်မွေးတတ်သည်။ ဆိတ်မ ၏ နို့အုံတွင် နို့တံ (၂) ချောင်းသာရှိသဖြင့် ဆိတ်ငယ်များ အလှည့်ကျ နို့စို့နိုင်စေရန် အလှည့်ကျလွှတ်ပေးရမည်။ဆိတ်ငယ်များ နှစ်ပတ်သားမှစ၍ အစာနုနှင့်မြက်များစတင်၍ အလေ့အကျင့်ပြုလုပ်ကျွေးမွေးရသည်။ များ သော အားဖြင့် အသက်(၆)ပတ်သားတွင်နို့ခွဲလေ့ရှိရာ၊ အစာနုစားသည့် အလေ့ အကျင့်ရပြီးဖြစ်သဖြင့် ဆိတ်ငယ်များ၏ ကြီးထွားဖွံ့ဖြိုးမှု အနှောင့်အယှက် မဖြစ်တော့ပေ။

နို့စားဆိတ်နှင့်အသားစားဆိတ်
ဆိတ်သည်ခန္ဓာကိုယ်သေးငယ်သော်လည်း နို့ထွက်နှုန်းကောင်းသည်။ နွားနှင့် နှိုင်းင်းယှဉ်လျှင် အစာအနည်းငယ်သာကျွေးရပြီး တန်ဘိုးရှိသည့်နို့ကို ပေးစွမ်းနိုင်သဖြင့် နို့စားဆိတ်များ စနစ်တကျ ရွေးချယ် မွေးမြူသင့်သည်။ ဆိတ်သား သည်လည်း နူးညံ့ခြင်း၊ အရသာရှိခြင်းကြောင့် လူတို့ကြိုက်နှစ်သက် ကြသည်။ သို့ဖြစ်၍မွေးမြူသူများအနေဖြင့် မိမိမွေးမြူမည့်ရည်ရွယ်ချက် အပေါ် မူတည်၍ စနစ်တကျ ရွေးချယ်မွေးမြူသင့်သည်။

(က) နို့စားဆိတ်။ နို့စားဆိတ်များစွာ ရှိသည်။ ဂျမနာပါရီ (Jamunapari)၊
 နူဘီယံ (Nubian)၊ ဆာနန် (Saanen)နှင့် အယ်လ်ပိုင်း (Alpine) မျိုးတို့ ဖြစ်သည်။ နို့စားဆိတ်သည် နဖူးကျယ်၍ နှုတ်သီးချွန်ရ၏။ မျက်နှာရှည်၍ ဦးချိုများ သေးသွယ်ချွန်ထက်သည်။ မျက်လုံးပြူး၍ အရောင်တောက်ကာ၊ သွက်လက် ဖျတ်လတ်နေသင့်သည်။ ကိုယ်လုံးရှည်လျားပြီး ရင်ခေါင်းချိုင့်ဝှမ်း သွယ်ရမည်၊ နို့ထွက် ကောင်းသော ဆိတ်မ၏ နို့အုံသည်ကြီးမားရုံသာမက နူးညံ့ပျော့ ပြောင်းရမည်။ အရေခွံပါးရမည်။ နို့တံများသည် အရွယ်အစားညီ၍ သေးသွယ်ပြီးတစ်ခုနှင့်တစ်ခု ခပ်ကွာကွာ ရှိသင့်သည်။

(ခ) အသားစားဆိတ်။ ဆိတ်တိုင်း အသားစား၍ရသော်လည်း အသား စား ဆိတ်ဆိုသည်မှာ အသားတိုးနှုန်းကောင်းခြင်း၊ အသားနူးညံ့ခြင်း၊အရသာရှိခြင်း စသည့် အရည်အချင်းများနှင့် ပြည့်စုံရန် လိုအပ်သည်။ အသားစားဆိတ်မျိုး အဖြစ် ဘိုဝါး(Boer)မျိုးနှင့် စပိန်မျိုး(Spanish)တို့ကို အသုံးပြုကြသည်။ အသား စားဆိတ်တွင် အကောင်ကြီးခြင်း၊ ရင်အုပ်ကျယ်ခြင်း၊ အသားတိုးနှုန်း၊ကြီးထွား နှုန်းမြန်ခြင်း၊ သားပေါက်ကောင်းခြင်း၊ အသားထွက်နှုန်းသည် အသက်ရှင်စဉ် အလေးချိန်၏ (၄၅)မှ (၆၂)ရာခိုင်နှုန်းရှိခြင်းစသည့် အရည်အချင်းများပြည့်စုံရန် လိုအပ်သည်။

ဆိတ်ရောဂါများ
(က) အစာမကြေရောဂါ (Indigestion)။ အစာစားသုံးခြင်းလျော့နည်းလာ သည်။ဝမ်းချုပ်သည်။ ကျင်ကြီး မာနေ တတ်သည်။ ဝမ်းလျှော၍ အရည် များ သွားတတ်သည်။ တိရစ္ဆာန် ငေးမှိုင် နေတတ်သည်။ ဝမ်းချုပ်ပါကဝမ်းသွား စေရန် ဆားခါးမဂ္ဂနီဆီယမ်ဆာ လဖိတ်) ၆၀-၁၂၀ ဂရမ် တိုက်ကျွေးသင့်သည်။ ဝမ်းသွားပါကဝမ်းပိတ် ဆေးတိုက်ကျွေးရန်လိုအပ်သည်။

(ခ)  နို့အုံရောင်ရောဂါ (Mastitis)။ ကိုယ်အပူချိန်တက်ခြင်း၊ နို့ထွက်နှုန်းရုတ်တရက်ကျဆင်းခြင်း၊ နို့သည်အရည်ကျဲလာခြင်းနှင့် သွေးစသွေးနပါလာ ခြင်း၊ နို့ညှစ်ရာတွင်နာကျင်ခြင်း၊ ပင်နယ်စလင်ပဋိဇီဝဆေးနှင့် စထရက်တို မိုင်ဆင်ဆေးရော၍၊ နို့အုံတွင်းသို့ ဆေးထိုး၍ ကုသရသည်။

(ဂ) ဒေါင့်သန်းရောဂါ (Anthrax)။ ကျွဲ၊ နွား၊ သိုးနှင့်ဆိတ်တို့တွင် ဖြစ်ပွား တတ်သည်။ ဘက်ဆီလပ်စ်အန်သရာဆစ် (Baccillus Anthracis) ခေါ် ဘက်တီးရီးယားကြောင့် ရောဂါဖြစ်ပွားရသည်။ အလွန်ပြင်းထန်သည့် အမျိုး အစားဖြစ်ပွားပါက လက္ခဏာတစ်စုံ တစ်ရာမပြဘဲ သေဆုံးသွားတတ်သည်။

 သေဆုံးပြီးပါက စအို၊ နှာခေါင်းပေါက်နှင့် အမအင်္ဂါဇာတ် တို့မှ သွေးမဲ များ ထွက်လာပြီးမခဲချေ။ ကိုယ်ဝန်ဆောင်တိရစ္ဆာန်များတွင်ဖြစ်ပွားပါက ဇီးလျှော တတ်သည်။ ရောဂါဖြစ်ပွားပါက ပဋိဇီဝဆေးအချိန်အဆများများသုံး၍ ကုသ တတ် သည်။ ဒေါင့်သန်းရောဂါကာကွယ်ဆေးကို သိုး/ဆိတ်တစ်ကောင် လျှင်(ဝ.၅)စီစီ ထိုးနှံပေးရမည်။ ဆေးထိုးပေးပြီး(၂-၃)ပတ်ကြာသောအခါတွင်
 ရောဂါခံနိုင်ရည် စွမ်းအားဖြစ်ပေါ်လာပြီး ခံနိုင်ရည်စွမ်းအားမှာ တစ်နှစ်ခံပါ သည်။ သေဆုံးသော တိရစ္ဆာန်များကို ခွဲစိတ်ခြင်းမပြုရပေ။ မြေကြီးအတွင်း တွင်းနက်နက်တူး၍ ထုံးစသော ပိုးသတ်ဆေးဖြန်း၍ မြှုပ်ပစ်ရမည်။ သို့မဟုတ် မီးရှို့ရမည်။

(ဃ) သိုး/ဆိတ်လည်ချောင်းကွဲရောဂါ။ ပတ်စကျုရဲလား မာတိုဆီဒါး အမှတ် (၂) (Pasturella Multocida Type-2)ခေါ်ဘက်တီးရီးယားပိုး ကြောင့်ဖြစ်ပွားရသည်။ နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်း၊ ပါးစပ်မှ အမြှုပ်ထွက် ခြင်းများ ဖြစ် လာသည်။အသက်ရှူနှုန်းနှင့်သွေးခုန်နှုန်းမြန်လာပြီး ကိုယ်အပူချိန် ၁၀၇ ဖာရင်ဟိုက် အထိမြင့်တက်လာသည်။အစာစားသုံးမှု လျော့သွားပြီး (၁-၂) ရက်အတွင်း သေဆုံးမှုဖြစ်နိုင် သည်။ ကုသဆေးအဖြစ်ပင်နယ်စလင်ကို အသုံးပြု ကုသ၍ရသည်။

(င) ခွာနာလျှာနာရောဂါ (Foot and Mouth Disease)။ ဗိုင်းရပ်ကြောင့်
 ရောဂါဖြစ်ပွားရခြင်းဖြစ်ပြီး လျှာ၊ နှာခေါင်းနှင့် ခြေချောင်းကလေးများအကြားနှင့် အရေပြားနှင့် ခွာအစပ်တို့တွင် အနာကလေးများ ဖြစ်လာတတ်သည်။ ကိုယ်အပူချိန်မြင့်တက်သည်။ အာခေါင်၊ ပါးစပ်နှင့် လျှာတို့တွင် အရည်ကြည်ဖု ကလေးများ ပေါက်လာမည်။ရောဂါဖြစ်ပွားတတ်သော်လည်း မပြင်းထန်ပေ။
အနာများကို ပိုးသတ်ဆေးအပျော့များလိမ်းပေးခြင်းဖြင့် အခြားရောဂါ ပိုးများ ဝင်ရောက်မှုမှ ကာကွယ်ရမည်။

(စ) သိုးဆိတ်ကျောက်ပေါက်နာ (Peste des Petits Ruminants)။
 ကျောက် ပေါက်နာသည် သိုးဆိတ်နှစ်မျိုးစလုံး၌ ဗိုင်းရပ်ပိုးကြောင့် ဖြစ်ပွားနိုင် သည်မှန်သော်လည်း ဗိုင်းရပ်အမျိုးအစားမတူပေ။ ကိုယ်အပူချိန်မြင့်မားလာ သည်။မျက်စိနှင့်နှာခေါင်းမှ မျက်ရည်နှင့်နှာရည်များစီးကျလာသည်။အမွှေး မရှိ
သော အရေပြားနေရာများနှင့် အာခေါင်နှင့် နှာခေါင်းတို့တွင် တွေ့ရတတ်သည်။ သိုးကြီးများတွင်ဖြစ်ပွားပါက ကျောက်ပေါက်နာကိုအမြီးအောက်တွင် တွေ့ရ သည်။ကျောက်ပေါက်နာများကိုပိုးသတ်ဆေးဖြင့်ဆေးကြောခြင်း၊ ဆာလ်ဖာ သို့မဟုတ် ပဋိဇီဝဆေးရည်ပြစ်များ သုတ်လိမ်းပေးရမည်။

(ဆ) ကူးစက်တတ်သော ပြည်တည်နာ။  ကူးစက်မြန်ပြီး ဗိုင်းရပ်ပိုးတစ်မျိုးကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။ နှုတ်ခမ်းထောင့်များမှ အနာစတင်ဖြစ်ပေါ်လာပြီး နှုတ်ခမ်းနှင့် နှုတ်သီးတစ်လျှောက်နှင့် နှာခေါင်းဆီသို့ပြန့်၍ သွားသည်။

အမများတွင် စအိုပတ်လည်နှင့် အမတန်ဆာ၌ လည်းကောင်း၊ အထီးများ၌ ကပ်ပယ်အိတ်တွင်လည်းကောင်း ဖြစ်ပွားတတ်သည်။ အနာကိုကုသရာ၌ အနာဖေးများကိုခွာပစ်၍ ပဋိဇီဝဆေးများလိမ်း ပေးရမည်။ အခြားရောဂါများ မဝင် ရောက်စေရန် ဆာလဖာလိမ်းဆေး၊ ပဋိဇီဝ လိမ်းဆေးများ သုတ်လိမ်း ပေးသင့်သည်။

(ဆ) သန်ကောင်ရောဂါများ
     (၁) အသည်းနေသန်ပြား
     (၂) အစာချေအဖွဲ့အတွင်းနေသန်ပြား
      ကာဗွန်တက်ထရာကလိုရိုဒ် (Carbon tetrachloride)ဆေး အားဆိတ်နှင့် သိုးများတွင် ကိုယ်အလေးချိန်ပေါင်(၁၀၀) အတွက် (၁)စီစီမှ (၂) စီစီအထိ သတ္တုဆီများနှင့် ရော၍ တိုက်ကျွေးနိုင်သည်။

သိုးဆိတ်မွေးမြူရေးအပါအဝင်  မည်သည့်မွေးမြူရေးတွင်မဆို  သန့်ရှင်းရေး စနစ်တကျဆောင်ရွက်ခြင်း၊ သန့်ရှင်းလတ်ဆတ်သော အစာအဟာရ စနစ်တကျကျွေးမွေးခြင်း၊ မှန်ကန်သည့်ထိန်းသိမ်းစောင့်ရှောက်မှု ပြုလုပ်ခြင်း
 နှင့် ရောဂါကာကွယ်မှုများကို မျက်ခြေမပြတ် အစဉ်တစိုက်ဆောင်ရွက်မည် ဆိုပါက အောင်မြင်သည့် မွေးမြူရေးလုပ်ငန်းတစ်ခုအဖြစ် အမြဲရပ်တည်နိုင် မည်ဖြစ်ပါသည်။

No comments: