Friday, April 10, 2020

ထမင်းကြော်အစုံ

ငါးပိရည်ကျိုထမင်းကြော်
-------------------------------


ပါဝင်ပစ္စည်းများ
• ထမင်း  -  ၃ဝဝ ဂရမ်
• ငါးပိရည်  -  စားပွဲဇွန်း ၅ ဇွန်း (ကျိုပြီးသား)
• ကြက်သွန်ဖြူ  -  ၅ ဂရမ်
• ကြက်သား  -  ၅၀ ဂရမ်
• ဆီ  -  စားပွဲဇွန်း ၃ ဇွန်း
• ငရုတ်သီးစိမ်း  -  ၅ ဂရမ် (ထောင်းထားပါ)
• အသီးစုံ  -  ၃၀ ဂရမ်
• နနွင်းမှုန့်  -  အနည်းငယ်
• အရသာမှုန့်  -  စားပွဲဇွန်း ၁ ဇွန်း
• သံပရာသီး  -  ၁ ခြမ်း
• ငရုတ်သီးမှုန့်  -  အနည်းငယ်


ပြုလုပ်နည်း
 ဒယ်အိုးထဲ ဆီထည့်ပြီး အပူပေးပါ။ ဆီပူလာလျှင် ကြက်သွန်ဖြူထည့်ပြီး ဆီသတ်ပါ။ ပြီးလျှင် ကြက်သား၊ ငရုတ်သီးစိမ်းနှင့် နနွင်းမှုန့်တို့ကို ထည့်ပြီး မွှေပါ။ ပြီးလျှင် ငါးပိရည် ထည့်ပြီး ဆူအောင် ခဏတည်ပါ။ ပြီးလျှင် ထမင်း၊ အရသာမှုန့်နှင့် အသီးစုံတို့ကို ထည့်ပြီး နှံ့စပ်အောင် မွှေပါ။ အနံ့မွှေးလာပြီဆိုလျှင် ရပါပြီ။ ကြော်ထားတဲ့ ထမင်းကြော်ကို သံပရာသီးနှင့် ငရုတ်သီးမှုန့်ကို ထည့်ပြီး တွဲဖက်စားသုံးနိုင်ပါပြီ။
--------------------------------
Tin Tin Oo

ကင်မ်ချီထမင်းကြော်
-------------------------


ပါဝင်ပစ္စည်းများ
• ထမင်း  -  ၃ဝဝ ဂရမ်
• ကင်မ်ချီအနှစ်  -  ၁၃၀ ဂရမ်
• ဝက်သား  -  ၆၀ ဂရမ်
• ကြက်သွန်ဖြူ  -  ၃ ဂရမ်
• ဆီ  -  စားပွဲဇွန်း ၃ ဇွန်း
• သကြား  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ပဲငံပြာရည်အကြည်  -  စားပွဲဇွန်း ၁ ဇွန်း
• ကြက်သွန်မြိတ်  -  ၂ ဂရမ်
• ကြက်ဥ  -  ၁ လုံး
• ဆား  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း
 ဦးစွာ ကြက်ဥကို ကြော်ထားပါ။ ဒယ်အိုးထဲ ဆီထည့်၍ ဆီပူလာလျှင် ကြက်သွန်ဖြူ ထည့်ပြီး ဆီသတ်ပါ။ ပြီးလျှင် ဝက်သား၊ ကင်မ်ချီအနှစ်၊ ထမင်း၊ ပဲငံပြာရည် အကြည်၊ ဆား၊ သကြားတို့ကို ထည့်ပြီး နှံ့စပ်အောင် မွှေပါ။ ပြီးလျှင် ကြက်သွန်မြိတ်ထည့်ပါ။ အနံ့မွှေး လာပြီး မိမိစိတ်ကြိုက် ထမင်းအနေအထားရပြီဆိုလျှင် သုံးဆောင်နိုင်ပါပြီ။
-------------------------------
Tin Tin Oo

ကြက်သွန်ဖြူထမင်းကြော်
--------------------------------


ပါဝင်ပစ္စည်းများ
• ထမင်း  -  ၃ဝဝ ဂရမ်
• ကြက်သွန်ဖြူ  -  ၃ ဂရမ် (နုပ်နုပ်စဉ်းပါ)
• ဆီ  -  စားပွဲဇွန်း ၃ ဇွန်း
• သကြား  -  စားပွဲဇွန်း ၁ ဇွန်း
• ကြက်ဥ  -  ၂ လုံး
• ကြက်သွန်မြိတ်  -  ၃ ဂရမ်
• ပဲငံပြာရည်အကြည်  -  စားပွဲဇွန်း ၁ ဇွန်း
• ငရုတ်ကောင်းမှုန့်  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• အရသာမှုန့်  -  အနည်းငယ်
ကြက်သွန်ဖြူကြော်ရန်
• ကြက်သွန်ဖြူ  -  ၂ ဂရမ် (လှီးထားပါ)
• ဆီ  -  စားပွဲဇွန်း ၃ ဇွန်း

ပြုလုပ်နည်း
 ဦးစွာ ကြက်သွန်ဖြူကို ကြော်ထားပါ။
 ပြီးလျှင် ဒယ်အိုးထဲ ဆီထည့်ပြီး ဆီပူလာလျှင် ကြက်သွန်ဖြူဆီသတ်ပါ။ ကြက်သွန်ဖြူ အနီရောင်သန်းလာပြီဆိုလျှင် ကြက်ဥထည့်မွှေပါ။ ပြီးလျှင် ထမင်း၊ ပဲငံပြာရည်အကြည်၊ အရသာမှုန့်၊ သကြား၊ ငရုတ်ကောင်းမှုန့်နှင့် ကြက်သွန်မြိတ်တို့ကို ထည့်ပြီး သမအောင်မွှေပါ။ မိမိစိတ်ကြိုက် ထမင်းအနေအထားရပြီဆိုလျှင် ကြက်သွန်ဖြူကြော်ဖြူးပြီး သုံးဆောင်နိုင်ပါပြီ။
----------------------------------
Tin Tin Oo

ဝက်သားပုံးရည်ကြီးထမင်းကြော်
--------------------------------------


ပါဝင်ပစ္စည်းများ
• ထမင်း  -  ၃ဝဝ ဂရမ်
• ဝက်သား  -  ၆၀ ဂရမ်
• ပုံးရည်ကြီး  -  ၂၀ ဂရမ်
• သကြား  -  စားပွဲဇွန်း ၁ ဇွန်း
• ဆီ  -  စားပွဲဇွန်း ၃ ဇွန်း
• ကြက်သွန်ဖြူ  -  ၅ ဂရမ်
• အသီးစုံ  -  ၃၀ ဂရမ်
• ပဲငံပြာရည်အကြည်  -  စားပွဲဇွန်း ၁ ဇွန်း
• ကြက်သွန်နီ  -  ၁၅ ဂရမ်
• အရသာမှုန့်  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း


ပြုလုပ်နည်း
 ဒယ်အိုးထဲ ဆီထည့်ပြီး အပူပေး၍ ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို ထည့်ပြီး ဆီသတ်ပါ။ အနံ့မွှေးလာပြီဆိုလျှင် ဝက်သားထည့်မွှေပါ။ ပြီးလျှင် သကြား၊ ပဲငံပြာရည် အကြည်နှင့် ပုံးရည်ကြီးတို့ကို ထည့်ပြီး နှံ့စပ်အောင် မွှေပါ။ ပြီးလျှင် ထမင်း၊ အသီးစုံနှင့် အရသာမှုန့် ထည့်ပြီး မွှေပါ။ ဝက်သားနူးပြီး မိမိစိတ်ကြိုက် ထမင်းအနေအထားရပြီ ဆိုလျှင် ဝက်သားပုံးရည်ကြီးထမင်းကြော် ရပါပြီ။
-------------------------------------
Tin Tin Oo

No comments: