Sunday, April 19, 2020

ကိုဗစ်ကာလမှာ အလုပ်ခွင်ပြန်ဝင်ရမယ့်သူတွေ ဂရုစိုက်နိုင်စေဖို့


ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ထားတဲ့ COVID_19 ဟာ ကူးစက်မှုမြန်ဆန်စွာနဲ့ လူတစ်ဦးကနေ တစ်ဦးကို ကူးစက်နေပါတယ်။ ရောဂါဖြစ်သူတွေမှာ နေပြန်ကောင်းလာသူတွေရှိသလို သေဆုံးသူတွေလည်းရှိနေပါတယ်။ ဒီပြင်းထန်းလှတဲ့ရောဂါအတွက် ကာကွယ်ဆေးက စမ်းသပ်နေဆဲဖြစ်သလို ကုသနိုင်တဲ့ဆေးရယ်လို့လည်း တိတိကျကျ ရှိမနေပါဘူး။

ဒီတော့ အကောင်းဆုံးနည်းလမ်းက “ Prevention is Better than Cure” (ကာကွယ်ခြင်းက ကုသခြင်းထက် ပိုထိရောက်တယ်) ဆိုတဲ့စကားအတိုင်း မဖြစ်ခင်က ကြိုတင်ကာကွယ်တာပါပဲ။ ကာလရှည် ပိတ်ရက်နဲ့ Work from Home ကာလတွေပြီးလို့ မဖြစ်မနေ ရုံးပြန်တက်ရတော့မယ်။ ကိုယ်တိုင်လည်း ရောဂါ ကူးစက်ခံရမှာ စိုးရိမ်တယ် မိသားစုကိုလည်း ကိုယ့်ကြောင့် ရောဂါမကူးစက်စေချင်ဘူးဆိုရင်တော့ ဒီနည်းလမ်းလေးတွေအတိုင်း ကိုဗစ်ကို ကာကွယ်လိုက်ပါ။

ကိုဗစ်ကာလမှာ အလုပ်ခွင် ပြန်ဝင်ရမယ့်သူလေးတွေ လိုက်နာဖို့လိုမယ့် အချက်တွေက ဘာတွေများလဲ……….
အလုပ်သွားတဲ့အခါ သတိထားလုပ်ဆောင်ရမှာတွေက

အလုပ်ခွင်ရောက်တာနဲ့ လက်ဆေးပါ

အလုပ်ခွင်ကို ရောက်ပြီဆိုတာနဲ့ ဘာကိုမှ ကိုင်တွယ်ထိတေါ့မှုမပြုခင် လက်ဆေးဘေစင်ဆီကို အရင်သွားလို့ ရေနဲ့ ဆပ်ပြာသုံးပြီး စက္ကန့် ၂၀ ကြာ သေချာလေး လက်ဆေးပါ။ ပြီးမှ အလုပ်စားပွဲကို ကိုယ်တွယ်ထိတွေ့တာမျိုးလုပ်ပါ။

ကိုင်ဆောင်လာတဲ့ ပစ္စည်းတွေကို ပိုးသတ်ပါ

စပရေးဗူးတစ်ခုထဲကို အရက်ပြန် ဒါမှမဟုတ် အစွန်းချွတ်ဆေးကို အရည်ဖျော်လို့ထည့်ထားပြီး ကိုင်ဆောင်လာတဲ့ ပစ္စည်းတွေကို ပိုးသတ် သန့်စင်ပါ။

အလုပ်စားပွဲကို ပိုးသတ်ပါ

အလုပ်စားပွဲကိုလည်း ပိုးသတ်ဖို့မမေ့ပါနဲ့။ အရက်ပြန် ဂွမ်းစကို သုံးလို့ရသလို Dettol လိုမျိုး ပိုးမွှားတွေကို ဖယ်ရှားပေးနိုင်တဲ့ဆေးရည်နဲ့ ရေကိုရောစပ်လို့ အဝတ်စသန့်သန့်နဲ့ တိုက်ပေးလို့လည်းရပါတယ်။ လက်ပ်တော့ နဲ့ ဖုန်းတွေကိုပါ သန့်စင်ပါ။

သန့်စင်မှုတွေပြီးတိုင်း လက်ဆေးပါ

ဒီလိုမျိုး ပိုးသတ်သန့်စင်မှုတွေ လုပ်ပြီးတိုင်းမှာ လက်ကို ရေနဲ့ ဆပ်ပြာ အသုံးပြုပြီး သေချာ စွာ သန့်စင်ဆေးကြောပါ။

ကော်ဖီခွက်၊ ရေခွက်တွေကို သီးခြားထားပါ

အလုပ်ခွင်မှာ အသုံးပြုတဲ့ ကော်ဖီခွက်ရေခွက်တွေကို အခြားသူတွေရဲ့ ကော်ဖီခွက်တွေ ရေခွက်တွေနဲ့ ရောမထားပါနဲ့။ သီးသန့်ထားပါ။ မလွယ်ကူဘူးဆိုရင် အသုံးပြုခါနီးတိုင်း ရေနဲ့ဆပ်ပြာအသုံးပြုဆေး​ကြောပြီးမှ သောက်ပါ။ ခွက်တွေကို လုပ်ဖော်ကိုင်ဖက်အချင်းချင်း မျှဝေသုံးစွဲတာမျိုး မလုပ်ပါနဲ့။

ရေများများသောက်ပါ

အလုပ်များနေသည့်တိုင် ကျန်းမာရေးအတွက် အရေးကြီးတဲ့ ရေဓာတ် လိုအပ်ချက်ကို ပြည့်ဝအောင် ဖြည့်ပါ။ ရေခဏခဏ ထသောက်ရမှာ အဆင်မပြေဘူးဆိုရင် ရေဗူးနဲ့ထည့်ထားပြီး သောက်ပါ။

လက်ဆွဲနှုတ်ဆက်မှုကို ရှောင်ပါ

အလုပ်ခွင်မှာ တစ်ဦးနဲ့တစ်ဦး ယဉ်ကျေးမှုအရ နှုတ်ဆက်တဲ့အခါမျိုးမှာ လက်ဆွဲနှုတ်ဆက်တာမျိုး မလုပ်ပါနဲ့။ ရောဂါပိုးတွေ ကူးစက်နိုင်ခြေ များတဲ့ အပြုအမူတစ်ရပ်ဖြစ်နေတာကြောင့်ပါ။ ဒါကြောင့် လက်ဆွဲနှုတ်ဆက်မှုအစား အခြားနည်းလမ်းတွေဖြစ်တဲ့ လက်အုပ်ချီပြီး နှုတ်ဆက်တာမျိုး၊ ပြုံးပြနှုတ်ဆက်တာမျိုး၊ ခေါင်းညိတ် အသိအမှတ်ပြုတာမျိုးတွေကို အစားထိုး အသုံးပြုပါ။ Good Morning ပါလို့ အော်ပြီး နှုတ်ဆက်ရင်တောင် အဆင်ပြေပါတယ်နော်။

အစားမစားခင် လက်ဆေးပါ

နေ့လယ်စားစားတော့မယ်ဆိုရင် ထမင်းဗူးဆိုရင်တော့ ထမင်းဗူးရဲ့ အပြင်ဘက်ကို ရေနဲ့ဆပ်ပြာအသုံးပြုဆေးကြောလို့ တစ်သျှူးနဲ့ ခြောက်အောင်သုတ်ပါ။ ထမင်းဗူးကို အိတ်နဲ့ထည့်လာတာဆိုရင်တော့ လက်ကို သေချာဆေးပြီး ထုတ်လိုက်ရုံပါ။ wet tissue အသုံးပြုပြီး ထမင်းဗူးအပြင်ဘက်ကို သန့်စင်ပေးလို့လည်းရပါတယ်။ ဇွန်းနဲ့ထည့်စားမယ့် ပန်းကန်၊ လက်တွေကို ဆပ်ပြာနဲ့ရေအသုံးပြုလို့ သေချာစွာဆေးကြောပြီးမှာ သုံးဆောင်ပါ။

အချိုရည်ဗူးတွေ

အချိုရည်သောက်တတ်တယ်ဆိုရင်တော့ အချိုရည်ဗူးကို မသောက်ခင်မှာ ရေနဲ့ဆပ်ပြာ အသုံးပြုဆေးကြောပြီး တစ်သျှူးနဲ့ ခြောက်အောင် သုတ်ပြီးမှ သောက်သုံးပါ။

လူစုလူဝေးကိုရှောင်ပါ

အစည်းအဝေးခန်းမှာတောင် ဖြစ်နိုင်ရင် တစ်ယောက်နဲ့ တစ်ယောက် ၃ ပေခွာပြီး နေပါ။ လူစုလူဝေးဖြစ်နေတဲ့နေရာတွေကို မသွားဘဲ ရှောင်ပါ။ အလုပ်ခွင်ထဲမှာ တစ်ယောက်နဲ့ တစ်ယောက် ပူးပူးကပ်ကပ်မနေကြပါနဲ့။

မျက်နှာကို လက်နဲ့မကိုင်ပါနဲ့

COVID_19 ဗိုင်းရပ်စ်က မျက်နှာပြင်တွေအပေါ်မှာ ၇၂ နာရီကြာ ရှင်သန်နေနိုင်တာကြောင့် ဖုန်းတွေ၊ လက်ပ်တော့ကီးဘုတ်တေါနဲ့ အခြားသောအသုံးအဆောင်တွေကို ကိုင်တွယ်ဖိတွေ့ပြီး မျက်နှာကို ကိုင်တွယ်ထိတွေ့တာက တော်တော်လေး အန္တရာယ်များပါတယ်။ဒါကြောင့် မျက်နှာကို လက်နဲ့ ထိတွေ့မှုမဖြစ်အောင် ဂရုစိုက်ပါ။

နှာချေ၊ချောင်းဆိုးတဲ့အခါ သတိထားပါ

နှာချေ၊ချောင်းဆိုးတဲ့အခါ နှာခေါင်း နဲ့ ပါးစပ်ကို တစ်သျှူးစနဲ့အုပ်ထားပြီး ဆိုးပါ။ ပြီးတာနဲ့ တစ်သျှူးစကို အမှိုက်ပုံးထဲ သေချာစွာ စွန့်ပစ်ပါ။ တစ်သျှူး အလွယ်တကူမရှိတဲ့အခါ တံတောင်ကွေးထဲကို ချေလို့ ရပါတယ်။

နှာခေါင်းစည်းသုံးပါ

အလုပ်ကြောင့် မဖြစ်မနေလူထူတဲ့နေရာကို သွားရမယ် ဒါမှမဟုတ် ရုံးဆင်းရုံးတက်ကို အများပြည်သူသုံး သယ်ယူပို့ဆာင်ရေးစနစ်ကို သုံးတဲ့အခါမျိုးမှာ နှာခေါင်းစည်းကို သေချာစွာတပ်ဆင်ရပါမယ်။

အိမ်ထဲမဝင်ခင် ပိုးသတ်ပါ!
အလုပ်ကနေ အိမ်ပြန်လာတဲ့အခါ ကိုယ့်ကြောင့် မိသားစုဝင်တွေကို ရောဂါပိုး ကူးစက်တာမျိုး မဖြစ်စေဖို့ဆိုရင်

ဘာကိုမှ မထိပါနဲ့ – အိမ်ကိုပြန်ရောက်ရောက်ချင်းမှာ ဘာကိုမှ မထိမိစေဖို့ သတိထားပါ။ အကြောင်းက လက်အပါအဝင် တစ်ကိုယ်လုံးမှာ ရောဂါပိုးတွေ ကပ်ပါလာနိုင်တာကြောင့်ပါ။ လက်ကို အရင်ဆေးဖို့ လုပ်ပါ။

ဖိနပ်ကို အိမ်အပြင်ဘက်မှာ ချွတ်ပါ – ဖိနပ်က နေရာအနှံ့ကို နင်းထားတာကြောင့် COVID_19 အပါအဝင် အမျိုးမျိုးသော ရောဂါတွေ ကပ်ပါလာနိုင်ပါတယ်။ ဒါကြောင့် အကောင်းဆုံးက ဖိနပ်ကို အိမ်ခန်းအပြင်ဘက်မှာ ချွတ်ပါ။

အိတ်တွေကို အဝင်ဝမှာ ခဏလောက်ထားပေးပါ – ရုံးသွားတဲ့အခါ ယူဆောင်သွားတဲ့ အိတ်တွေ နဲ့ ထမင်းချိုင့်စတဲ့ အသုံးအဆောင်တွေကို အဝင်ဝမှာ ခြင်းတစ်လုံးထားလို့ ခဏ စုထည့်ထားပေးပါ။ ကားသော့၊ ပိုက်ဆံအိတ်ပါမကျန်ပေါ့။ နာရီဝက်လောက် ဖြစ်ဖြစ်ပေါ့။ ပြီးရင်တော့ ရေမလိုလက်သန့်ဆေးလို အရာနဲ့ ပိုးသတ်ပြီးမှ အထဲကို ယူဖို့လုပ်ပါ။ အရက်ပြန်ကို အသုံးပြုပေးလို့လည်း ရပါတယ်။

လက်ကိုင်ဖုန်းကို သန့်စင်ပါ – တစ်နေ့တာမှာ ထိတွေ့ထားတဲ့ ဖုန်းကိုလည်း သန့်စင်ဖို့ မမေ့ပါနဲ့။ လက်ပ်တော့ကိုရောပေါ့။ သန့်စင်ဆေးရည်နဲ့ သေချာလေး သန့်စင်ပေးပါ။ မျက်မှန်ကို သန့်စင်ဖို့လည်း မမေ့ပါနဲ့။

လက်ဆေးပါ – အပြင်ကပြန်လာတိုင်း ဘာကိုမှ ကိုင်တွယ်ထိတွေ့တာမျိုးမလုပ်ပါနဲ့ဦး။ ကိုယ့်ရဲ့ အိမ်မွေးတိရစ္ဆာန်လေး တွေကိုတောင် မထိတွေ့ပါနဲ့ဦး။ လက်ကို ရေနဲ့ ဆပ်ပြာသုံးလို့ စက္ကန့် ၂၀ ကြာ သေချာလေး ဆေးကြောပါ။

အဝတ်အစား ချက်ချင်းလဲပါ – အဝတ်အစားတွေမှာလည်း ရောဂါပိုးတွေ ကပ်ညှိလာနိုင်ပါတယ်။ ဒါကြောင့် အိမ်ရောက်ပြီဆိုတာနဲ့ ရေချိုးပြီး အဝတ်အစားကိုလဲဖို့လည်း ချက်ချင်းဆိုသလို လုပ်သင့်ပါတယ်။ ဖြစ်နိုင်ရင် ချွတ်လိုက်တဲ့ အဝတ်အစားကို ချက်ချင်း ဆပ်ပြာရည်စိမ်လိုက်ပါ။

နှာခေါင်းစည်းတွေ လက်အိတ်တွေကို သေချာစွန့်ပစ်ပါ – အများသုံး သယ်ယူဖို့ဆောင်ရေး စနစ်ကို အသုံးပြုနေရတယ်၊ ရောဂါပိုးတွေ ကူးစက်မှာစိုးလို့ ကာကွယ်တဲ့အနေနဲ့ နှာခေါင်းစည်းတပ်တယ်၊ လက်အိတ်တွေ သုံးတယ်ဆိုရင်တော့ အိမ်ထဲကို မဝင်ခင်မှာ အမှိုက်ပုံးထဲကို သေချာလေး စွန့်ပစ်ပါ။

တစ်ကိုယ်ရေသန့်ရှင်းရေးသုံး ပစ္စည်းတွေကို သီးသန့်ခွဲထားပါ

သွားပွတ်တံ၊ တဘက်ကစလို့ တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် အသုံးပြုတဲ့ ပစ္စည်းတွေကို သီးခြား ခွဲထားပေးပါ။ အခြားမိသားစုဝင်တွေရဲ့ ပစ္စည်းတွေနဲ့ ရောမထားပါနဲ့။

ဒီအချက်တွေအပြင် အာဟာရပြည့်ဝအောင်စားမယ်၊ တစ်ကိုယ်ရေ သန့်ရှင်းရေးဂရုစိုက်မယ်၊ သွားလေရာကို ရေမလိုလက်သန့်ဆေးရည်ယူသွားလို့ လိုအပ်တဲ့အခါတိုင်း လက်ကို သန့်စင်မယ်၊ အိပ်ရေးဝဝအိပ်မယ်၊ သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်မယ်ဆိုရင် ကိုဗစ်ကို ထိုက်သင့်သလောက် ကာကွယ်နိုင်မှာပါ။

Org. တင္ဆက္သူ - Hello ဆရာ၀န္

(Zawgyi)

ကိုဗစ္ကာလမွာ အလုပ္ခြင္ျပန္ဝင္ရမယ့္သူေတြ ဂ႐ုစိုက္ႏိုင္ေစဖို႔


ေရးသားသူ Aye Thi Mon
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win


ကမာၻ႔ကပ္ေရာဂါအျဖစ္ သတ္မွတ္ထားတဲ့ COVID_19 ဟာ ကူးစက္မႈျမန္ဆန္စြာနဲ႔ လူတစ္ဦးကေန တစ္ဦးကို ကူးစက္ေနပါတယ္။ ေရာဂါျဖစ္သူေတြမွာ ေနျပန္ေကာင္းလာသူေတြရွိသလို ေသဆုံးသူေတြလည္းရွိေနပါတယ္။ ဒီျပင္းထန္းလွတဲ့ေရာဂါအတြက္ ကာကြယ္ေဆးက စမ္းသပ္ေနဆဲျဖစ္သလို ကုသႏိုင္တဲ့ေဆးရယ္လို႔လည္း တိတိက်က် ရွိမေနပါဘူး။

ဒီေတာ့ အေကာင္းဆုံးနည္းလမ္းက “ Prevention is Better than Cure” (ကာကြယ္ျခင္းက ကုသျခင္းထက္ ပိုထိေရာက္တယ္) ဆိုတဲ့စကားအတိုင္း မျဖစ္ခင္က ႀကိဳတင္ကာကြယ္တာပါပဲ။ ကာလရွည္ ပိတ္ရက္နဲ႔ Work from Home ကာလေတြၿပီးလို႔ မျဖစ္မေန ႐ုံးျပန္တက္ရေတာ့မယ္။ ကိုယ္တိုင္လည္း ေရာဂါ ကူးစက္ခံရမွာ စိုးရိမ္တယ္ မိသားစုကိုလည္း ကိုယ့္ေၾကာင့္ ေရာဂါမကူးစက္ေစခ်င္ဘူးဆိုရင္ေတာ့ ဒီနည္းလမ္းေလးေတြအတိုင္း ကိုဗစ္ကို ကာကြယ္လိုက္ပါ။

ကိုဗစ္ကာလမွာ အလုပ္ခြင္ ျပန္ဝင္ရမယ့္သူေလးေတြ လိုက္နာဖို႔လိုမယ့္ အခ်က္ေတြက ဘာေတြမ်ားလဲ……….
အလုပ္သြားတဲ့အခါ သတိထားလုပ္ေဆာင္ရမွာေတြက

အလုပ္ခြင္ေရာက္တာနဲ႔ လက္ေဆးပါ

အလုပ္ခြင္ကို ေရာက္ၿပီဆိုတာနဲ႔ ဘာကိုမွ ကိုင္တြယ္ထိေတါ့မႈမျပဳခင္ လက္ေဆးေဘစင္ဆီကို အရင္သြားလို႔ ေရနဲ႔ ဆပ္ျပာသုံးၿပီး စကၠန႔္ ၂၀ ၾကာ ေသခ်ာေလး လက္ေဆးပါ။ ၿပီးမွ အလုပ္စားပြဲကို ကိုယ္တြယ္ထိေတြ႕တာမ်ိဳးလုပ္ပါ။

ကိုင္ေဆာင္လာတဲ့ ပစၥည္းေတြကို ပိုးသတ္ပါ

စပေရးဗူးတစ္ခုထဲကို အရက္ျပန္ ဒါမွမဟုတ္ အစြန္းခြၽတ္ေဆးကို အရည္ေဖ်ာ္လို႔ထည့္ထားၿပီး ကိုင္ေဆာင္လာတဲ့ ပစၥည္းေတြကို ပိုးသတ္ သန႔္စင္ပါ။

အလုပ္စားပြဲကို ပိုးသတ္ပါ

အလုပ္စားပြဲကိုလည္း ပိုးသတ္ဖို႔မေမ့ပါနဲ႔။ အရက္ျပန္ ဂြမ္းစကို သုံးလို႔ရသလို Dettol လိုမ်ိဳး ပိုးမႊားေတြကို ဖယ္ရွားေပးႏိုင္တဲ့ေဆးရည္နဲ႔ ေရကိုေရာစပ္လို႔ အဝတ္စသန႔္သန႔္နဲ႔ တိုက္ေပးလို႔လည္းရပါတယ္။ လက္ပ္ေတာ့ နဲ႔ ဖုန္းေတြကိုပါ သန႔္စင္ပါ။

သန႔္စင္မႈေတြၿပီးတိုင္း လက္ေဆးပါ

ဒီလိုမ်ိဳး ပိုးသတ္သန႔္စင္မႈေတြ လုပ္ၿပီးတိုင္းမွာ လက္ကို ေရနဲ႔ ဆပ္ျပာ အသုံးျပဳၿပီး ေသခ်ာ စြာ သန႔္စင္ေဆးေၾကာပါ။

ေကာ္ဖီခြက္၊ ေရခြက္ေတြကို သီးျခားထားပါ

အလုပ္ခြင္မွာ အသုံးျပဳတဲ့ ေကာ္ဖီခြက္ေရခြက္ေတြကို အျခားသူေတြရဲ႕ ေကာ္ဖီခြက္ေတြ ေရခြက္ေတြနဲ႔ ေရာမထားပါနဲ႔။ သီးသန႔္ထားပါ။ မလြယ္ကူဘူးဆိုရင္ အသုံးျပဳခါနီးတိုင္း ေရနဲ႔ဆပ္ျပာအသုံးျပဳေဆး​ေၾကာၿပီးမွ ေသာက္ပါ။ ခြက္ေတြကို လုပ္ေဖာ္ကိုင္ဖက္အခ်င္းခ်င္း မွ်ေဝသုံးစြဲတာမ်ိဳး မလုပ္ပါနဲ႔။

ေရမ်ားမ်ားေသာက္ပါ

အလုပ္မ်ားေနသည့္တိုင္ က်န္းမာေရးအတြက္ အေရးႀကီးတဲ့ ေရဓာတ္ လိုအပ္ခ်က္ကို ျပည့္ဝေအာင္ ျဖည့္ပါ။ ေရခဏခဏ ထေသာက္ရမွာ အဆင္မေျပဘူးဆိုရင္ ေရဗူးနဲ႔ထည့္ထားၿပီး ေသာက္ပါ။

လက္ဆြဲႏႈတ္ဆက္မႈကို ေရွာင္ပါ

အလုပ္ခြင္မွာ တစ္ဦးနဲ႔တစ္ဦး ယဥ္ေက်းမႈအရ ႏႈတ္ဆက္တဲ့အခါမ်ိဳးမွာ လက္ဆြဲႏႈတ္ဆက္တာမ်ိဳး မလုပ္ပါနဲ႔။ ေရာဂါပိုးေတြ ကူးစက္ႏိုင္ေျခ မ်ားတဲ့ အျပဳအမူတစ္ရပ္ျဖစ္ေနတာေၾကာင့္ပါ။ ဒါေၾကာင့္ လက္ဆြဲႏႈတ္ဆက္မႈအစား အျခားနည္းလမ္းေတြျဖစ္တဲ့ လက္အုပ္ခ်ီၿပီး ႏႈတ္ဆက္တာမ်ိဳး၊ ၿပဳံးျပႏႈတ္ဆက္တာမ်ိဳး၊ ေခါင္းညိတ္ အသိအမွတ္ျပဳတာမ်ိဳးေတြကို အစားထိုး အသုံးျပဳပါ။ Good Morning ပါလို႔ ေအာ္ၿပီး ႏႈတ္ဆက္ရင္ေတာင္ အဆင္ေျပပါတယ္ေနာ္။

အစားမစားခင္ လက္ေဆးပါ

ေန႔လယ္စားစားေတာ့မယ္ဆိုရင္ ထမင္းဗူးဆိုရင္ေတာ့ ထမင္းဗူးရဲ႕ အျပင္ဘက္ကို ေရနဲ႔ဆပ္ျပာအသုံးျပဳေဆးေၾကာလို႔ တစ္သွ်ဴးနဲ႔ ေျခာက္ေအာင္သုတ္ပါ။ ထမင္းဗူးကို အိတ္နဲ႔ထည့္လာတာဆိုရင္ေတာ့ လက္ကို ေသခ်ာေဆးၿပီး ထုတ္လိုက္႐ုံပါ။ wet tissue အသုံးျပဳၿပီး ထမင္းဗူးအျပင္ဘက္ကို သန႔္စင္ေပးလို႔လည္းရပါတယ္။ ဇြန္းနဲ႔ထည့္စားမယ့္ ပန္းကန္၊ လက္ေတြကို ဆပ္ျပာနဲ႔ေရအသုံးျပဳလို႔ ေသခ်ာစြာေဆးေၾကာၿပီးမွာ သုံးေဆာင္ပါ။

အခ်ိဳရည္ဗူးေတြ

အခ်ိဳရည္ေသာက္တတ္တယ္ဆိုရင္ေတာ့ အခ်ိဳရည္ဗူးကို မေသာက္ခင္မွာ ေရနဲ႔ဆပ္ျပာ အသုံးျပဳေဆးေၾကာၿပီး တစ္သွ်ဴးနဲ႔ ေျခာက္ေအာင္ သုတ္ၿပီးမွ ေသာက္သုံးပါ။

လူစုလူေဝးကိုေရွာင္ပါ

အစည္းအေဝးခန္းမွာေတာင္ ျဖစ္ႏိုင္ရင္ တစ္ေယာက္နဲ႔ တစ္ေယာက္ ၃ ေပခြာၿပီး ေနပါ။ လူစုလူေဝးျဖစ္ေနတဲ့ေနရာေတြကို မသြားဘဲ ေရွာင္ပါ။ အလုပ္ခြင္ထဲမွာ တစ္ေယာက္နဲ႔ တစ္ေယာက္ ပူးပူးကပ္ကပ္မေနၾကပါနဲ႔။

မ်က္ႏွာကို လက္နဲ႔မကိုင္ပါနဲ႔

COVID_19 ဗိုင္းရပ္စ္က မ်က္ႏွာျပင္ေတြအေပၚမွာ ၇၂ နာရီၾကာ ရွင္သန္ေနႏိုင္တာေၾကာင့္ ဖုန္းေတြ၊ လက္ပ္ေတာ့ကီးဘုတ္ေတါနဲ႔ အျခားေသာအသုံးအေဆာင္ေတြကို ကိုင္တြယ္ဖိေတြ႕ၿပီး မ်က္ႏွာကို ကိုင္တြယ္ထိေတြ႕တာက ေတာ္ေတာ္ေလး အႏၲရာယ္မ်ားပါတယ္။ဒါေၾကာင့္ မ်က္ႏွာကို လက္နဲ႔ ထိေတြ႕မႈမျဖစ္ေအာင္ ဂ႐ုစိုက္ပါ။

ႏွာေခ်၊ေခ်ာင္းဆိုးတဲ့အခါ သတိထားပါ

ႏွာေခ်၊ေခ်ာင္းဆိုးတဲ့အခါ ႏွာေခါင္း နဲ႔ ပါးစပ္ကို တစ္သွ်ဴးစနဲ႔အုပ္ထားၿပီး ဆိုးပါ။ ၿပီးတာနဲ႔ တစ္သွ်ဴးစကို အမႈိက္ပုံးထဲ ေသခ်ာစြာ စြန႔္ပစ္ပါ။ တစ္သွ်ဴး အလြယ္တကူမရွိတဲ့အခါ တံေတာင္ေကြးထဲကို ေခ်လို႔ ရပါတယ္။

ႏွာေခါင္းစည္းသုံးပါ

အလုပ္ေၾကာင့္ မျဖစ္မေနလူထူတဲ့ေနရာကို သြားရမယ္ ဒါမွမဟုတ္ ႐ုံးဆင္း႐ုံးတက္ကို အမ်ားျပည္သူသုံး သယ္ယူပို႔ဆာင္ေရးစနစ္ကို သုံးတဲ့အခါမ်ိဳးမွာ ႏွာေခါင္းစည္းကို ေသခ်ာစြာတပ္ဆင္ရပါမယ္။

အိမ္ထဲမဝင္ခင္ ပိုးသတ္ပါ!
အလုပ္ကေန အိမ္ျပန္လာတဲ့အခါ ကိုယ့္ေၾကာင့္ မိသားစုဝင္ေတြကို ေရာဂါပိုး ကူးစက္တာမ်ိဳး မျဖစ္ေစဖို႔ဆိုရင္

ဘာကိုမွ မထိပါနဲ႔ – အိမ္ကိုျပန္ေရာက္ေရာက္ခ်င္းမွာ ဘာကိုမွ မထိမိေစဖို႔ သတိထားပါ။ အေၾကာင္းက လက္အပါအဝင္ တစ္ကိုယ္လုံးမွာ ေရာဂါပိုးေတြ ကပ္ပါလာႏိုင္တာေၾကာင့္ပါ။ လက္ကို အရင္ေဆးဖို႔ လုပ္ပါ။

ဖိနပ္ကို အိမ္အျပင္ဘက္မွာ ခြၽတ္ပါ – ဖိနပ္က ေနရာအႏွံ႔ကို နင္းထားတာေၾကာင့္ COVID_19 အပါအဝင္ အမ်ိဳးမ်ိဳးေသာ ေရာဂါေတြ ကပ္ပါလာႏိုင္ပါတယ္။ ဒါေၾကာင့္ အေကာင္းဆုံးက ဖိနပ္ကို အိမ္ခန္းအျပင္ဘက္မွာ ခြၽတ္ပါ။

အိတ္ေတြကို အဝင္ဝမွာ ခဏေလာက္ထားေပးပါ – ႐ုံးသြားတဲ့အခါ ယူေဆာင္သြားတဲ့ အိတ္ေတြ နဲ႔ ထမင္းခ်ိဳင့္စတဲ့ အသုံးအေဆာင္ေတြကို အဝင္ဝမွာ ျခင္းတစ္လုံးထားလို႔ ခဏ စုထည့္ထားေပးပါ။ ကားေသာ့၊ ပိုက္ဆံအိတ္ပါမက်န္ေပါ့။ နာရီဝက္ေလာက္ ျဖစ္ျဖစ္ေပါ့။ ၿပီးရင္ေတာ့ ေရမလိုလက္သန႔္ေဆးလို အရာနဲ႔ ပိုးသတ္ၿပီးမွ အထဲကို ယူဖို႔လုပ္ပါ။ အရက္ျပန္ကို အသုံးျပဳေပးလို႔လည္း ရပါတယ္။

လက္ကိုင္ဖုန္းကို သန႔္စင္ပါ – တစ္ေန႔တာမွာ ထိေတြ႕ထားတဲ့ ဖုန္းကိုလည္း သန႔္စင္ဖို႔ မေမ့ပါနဲ႔။ လက္ပ္ေတာ့ကိုေရာေပါ့။ သန႔္စင္ေဆးရည္နဲ႔ ေသခ်ာေလး သန႔္စင္ေပးပါ။ မ်က္မွန္ကို သန႔္စင္ဖို႔လည္း မေမ့ပါနဲ႔။

လက္ေဆးပါ – အျပင္ကျပန္လာတိုင္း ဘာကိုမွ ကိုင္တြယ္ထိေတြ႕တာမ်ိဳးမလုပ္ပါနဲ႔ဦး။ ကိုယ့္ရဲ႕ အိမ္ေမြးတိရစာၦန္ေလး ေတြကိုေတာင္ မထိေတြ႕ပါနဲ႔ဦး။ လက္ကို ေရနဲ႔ ဆပ္ျပာသုံးလို႔ စကၠန႔္ ၂၀ ၾကာ ေသခ်ာေလး ေဆးေၾကာပါ။

အဝတ္အစား ခ်က္ခ်င္းလဲပါ – အဝတ္အစားေတြမွာလည္း ေရာဂါပိုးေတြ ကပ္ညႇိလာႏိုင္ပါတယ္။ ဒါေၾကာင့္ အိမ္ေရာက္ၿပီဆိုတာနဲ႔ ေရခ်ိဳးၿပီး အဝတ္အစားကိုလဲဖို႔လည္း ခ်က္ခ်င္းဆိုသလို လုပ္သင့္ပါတယ္။ ျဖစ္ႏိုင္ရင္ ခြၽတ္လိုက္တဲ့ အဝတ္အစားကို ခ်က္ခ်င္း ဆပ္ျပာရည္စိမ္လိုက္ပါ။

ႏွာေခါင္းစည္းေတြ လက္အိတ္ေတြကို ေသခ်ာစြန႔္ပစ္ပါ – အမ်ားသုံး သယ္ယူဖို႔ေဆာင္ေရး စနစ္ကို အသုံးျပဳေနရတယ္၊ ေရာဂါပိုးေတြ ကူးစက္မွာစိုးလို႔ ကာကြယ္တဲ့အေနနဲ႔ ႏွာေခါင္းစည္းတပ္တယ္၊ လက္အိတ္ေတြ သုံးတယ္ဆိုရင္ေတာ့ အိမ္ထဲကို မဝင္ခင္မွာ အမႈိက္ပုံးထဲကို ေသခ်ာေလး စြန႔္ပစ္ပါ။

တစ္ကိုယ္ေရသန္႔ရွင္းေရးသုံး ပစၥည္းေတြကို သီးသန႔္ခြဲထားပါ

သြားပြတ္တံ၊ တဘက္ကစလို႔ တစ္ကိုယ္ေရ သန႔္ရွင္းေရးအတြက္ အသုံးျပဳတဲ့ ပစၥည္းေတြကို သီးျခား ခြဲထားေပးပါ။ အျခားမိသားစုဝင္ေတြရဲ႕ ပစၥည္းေတြနဲ႔ ေရာမထားပါနဲ႔။

ဒီအခ်က္ေတြအျပင္ အာဟာရျပည့္ဝေအာင္စားမယ္၊ တစ္ကိုယ္ေရ သန႔္ရွင္းေရးဂ႐ုစိုက္မယ္၊ သြားေလရာကို ေရမလိုလက္သန႔္ေဆးရည္ယူသြားလို႔ လိုအပ္တဲ့အခါတိုင္း လက္ကို သန႔္စင္မယ္၊ အိပ္ေရးဝဝအိပ္မယ္၊ သင့္တင့္တဲ့ ကိုယ္လက္လႈပ္ရွားမႈလုပ္မယ္ဆိုရင္ ကိုဗစ္ကို ထိုက္သင့္သေလာက္ ကာကြယ္ႏိုင္မွာပါ။

Org. တငၦက္သဴ - Hello ဆရာ၀ႏ္ 

No comments: