Wednesday, April 8, 2020

မုဒိတာဦးဏှောက်ဖြင့် မုဒိတာတိုင်းပြည်ကိုတည်ဆောက်ခြင်း (တတိယပိုင်း) - အပိုင်း(၁)

နာကျင်မှုကို ကြင်နာမှုနဲ့ ကြည့်တတ်ရင် 
နာကြည်းမှု မဖြစ်တော့ဘူး
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬



မုဒိတာဦးဏှောက်ဖြင့်
မုဒိတာတိုင်းပြည်ကိုတည်ဆောက်ခြင်း
(တတိယပိုင်း) - အပိုင်း(၁)

★ မုဒိတာဆိုတာ ကောင်းတာတွေကို တွေးခိုင်းတာ။ ကရုဏာဆိုတာကတော့ မကောင်းတာကို ကောင်းအောင် တွေးခိုင်းတာ ကရုဏာက။ ပြဿနာရှိတဲ့အခါမှာ ကရုဏာနဲ့တွေးတယ်ဆိုတာက စာနာတဲ့စိတ်နဲ့ တွေးလိုက်တာ။ သနားတဲ့စိတ်နဲ့ တွေးလိုက်တာ။

★ မိခင်က သူ့ရဲ့ကလေး နေကောင်းဘူးဆိုရင် သူ့ကလေး ပြဿနာရှိရင် အဲဒီပြဿနာ ဘယ်လို ပြေလည်အောင်လုပ်ရမှာတုန်းဆိုပြီးတော့ သွားတွေးတာ။ ပြဿနာက မကောင်းဘူးလို့ ပြောရင်၊ ကိုယ်က အဲဒီပြဿနာကို ကောင်းတဲ့အတွေးနဲ့ ကောင်းတဲ့အမြင်နဲ့ ကြည့်တယ်ပေါ့။ အဲဒါ ကရုဏာလို့ခေါ်တယ်။

★ နာကျင်စရာတွေကို နာကြည်းစရာမဖြစ်အောင် ကြင်နာမှုနဲ့ကြည့်တာ။ ကြင်နာမှုက ကရုဏာ။ နာကျင်စရာဆိုတာက ဒုက္ခ။ နာကြည်းတယ်ဆိုတာက သူက ဒေါသတို့ ကိလေသာဖြစ်သွားတာ။ နာကျင်စရာက ရိုးရိုးလူ့ဘဝရဲ့ပြဿနာ။

★ ကျောင်းတက်တယ်ဆိုရင် ကားကြပ်တာတို့ နောက်ပြီးတော့ ပညာလေ့လာတဲ့အခါမှာ သူ့ခေတ်အလိုက် သူ့အခါလိုက် သူက အစစအရာရာကို အချိန်နဲ့ ပိုက်ဆံနဲ့ တွက်တဲ့အခါကျတော့ ၆-နှစ်ဆိုရင် ပညာဘယ်လောက်တတ်ရမယ်။

★ ၆-နှစ်ဆိုရင် ကျောင်းသားတစ်ယောက်တစ်ယောက် ငွေကုန်ကြေးကျ ဘယ်လောက်ပဲ ရှိရမယ်ဆိုပြီးတော့ နိုင်ငံတော်အနေနဲ့ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ သူတို့တွက်ချက်ပြီးတော့ လုပ်တဲ့အတွက်ကြောင့်မို့လို့ အေးအေးဆေးဆေး အချိန်ယူပြီးတော့ လေ့လာခွင့်မရဘူး။ လေ့လာခွင့်ဖို့အတွက် luxury မရှိတော့ဘူး။

★ သင်ချင်တာတွေများ လုပ်ချင်တာတွေများ လူရဲ့သဘောက ဆန္ဒတွေများတဲ့အတွက်ကြောင့်မို့လို့ လေ့လာစရာတွေလည်း များတယ်။ ကိုယ်တစ်ဦးတည်း ဆန္ဒမဟုတ်ဘူး၊ အများရဲ့ဆန္ဒ၊ အများရဲ့ မျှော်လင့်ချက်တွေလည်းများ၊ အဲဒီ မျှော်လင့်ချက်တွေ များတာနဲ့အမျှ ကိုယ်လေ့လာရမယ့် အတတ်ပညာတွေလည်း အရင်ခေတ်တွေထက် များလာတယ်။

★ အဲဒီလို ဖြစ်တဲ့အခါကျတော့ နာကျင်မှုဆိုတာက ကျောင်းသားတွေအနေနဲ့ ကျောင်းတက်တယ်ဆိုရင် pressure တော့ရှိတယ်။ Stress ကလည်း ရှိတယ်။ ဒါမျိုးတွေပေါ့။ ဒါမျိုးတွေ ရှိတယ်။ စိတ်ဖိစီးမှု ရှိတယ်၊ Stress ရှိတယ်။ ဒီနာကျင်မှုကို ကိုယ်က ကြည့်တတ်ရင် common humanity ဆိုတာပေါ့နော် ငါ တစ်ယောက်တည်း မဟုတ်ဘူး။

★ ငါ တစ်ယောက်တည်းလို့ မြင်တဲ့ပုဂ္ဂိုလ်ကမှ isolation ထဲ ၀င်သွားတာ။ အဲဒီလို isolated ဖြစ်အောင် မတွေးဘဲနဲ့၊ ဒါမျိုးက လူတိုင်းဖြစ်တတ်တယ်။ အင်ဂျင်နီယာကျောင်းသားမှ မဟုတ်ဘူး၊ လေးတန်းကျောင်းသား၊ ငါးတန်းကျောင်းသားတွေလည်း သူ့ stress နဲ့ သူ ရှိတယ်။

★ ဆရာ/ဆရာမတွေလည်း သူ့ stress နဲ့သူ ရှိတယ်။ မိဘကလည်း သူ့ဟာနဲ့သူ ရှိတယ်။ ဘတ်စ်ကားမောင်းတဲ့ ဒရိုင်ဘာတွေ သူတို့မှာ သူတို့ stress ရှိတယ်။

🔺 အဲဒီလို နေရာတိုင်းမှာ နာကျင်မှုဆိုတဲ့ stress ၊ နာကျင်မှုဆိုတဲ့ ပြဿနာ၊ အဲဒီပြဿနာ တွေ့တယ်ဆိုရင် ငါ မှ ဖြစ်ရတယ်ဆိုတဲ့ စိတ်ပေါ့နော်၊ အဲဒီအတွေး မဝင်တော့ဘူး။

★ အဲဒါကြောင့် နာကျင်မှုကို ကြည့်တတ်ရင်၊ အထူးသဖြင့် ကြင်နာမှုနဲ့ ကြည့်တတ်ရင် နာကြည်းမှု မဖြစ်တော့ဘူး။ လောကကြီးကို စိတ်နာတာတို့ လူတွေကို စိတ်နာတာတို့ အဲဒါမျိုးတွေ မဖြစ်တော့ဘူး။ လူ့လောကကြီးထဲမှာ နေရတာ ပျော်ပျော်ရွှင်ရွှင်ရှိတယ်။

★ အဲဒါကြောင့် ကရုဏာဆိုတာက Compassion ဆိုတာက suffering ကို focus လုပ်တယ်။ အဆင်မပြေမှုကို focus လုပ်တယ်။ Focus လုပ်တဲ့နေရာမှာ စိတ်ဓါတ်မကျအောင် focus လုပ်တဲ့နည်း အဲဒါကြောင့်မို့လို့ လူပြိန်းစကားနဲ့ ပြောရရင် မကောင်းတာကို ကောင်းအောင်ကြည့်တာက ဒါ ကရုဏာ။

★ ကောင်းတာကို မြင်အောင် ကြည့်တာကျတော့ မုဒိတာ။ ဘဝမှာ ကောင်းတာ အများကြီး ရှိတယ်။ YTU ကျောင်း တတ်နိုင်သည်အထိဆိုရင် စာတွေလုပ်လိုက်ရတာ ဆယ်တန်းအထိ စာတွေကြိုးစားခဲ့ရတာ။

★ အဲဒီ ကြိုးစားခဲ့တဲ့ စာတွေကို ကြိုးစားခဲ့တဲ့ အကြောင်းတွေကို ပြန်တွေးပြီးတော့၊ ကိုယ့်ဟာကိုယ် ဂုဏ်ယူတာ။ ကိုယ့်ဟာကိုယ် ပီတိဖြစ်တာ။ အဲဒါကို မုဒိတာလို့ ခေါ်တယ်။

★ လူအများစု ဒီဟာကို မတွေးဖြစ်ဘူး။ မတွေးဖြစ်တဲ့အခါကျတော့ ဘုန်းဘုန်း စာအုပ်ခေါင်းစည်းပေးထားသလို ပျော်နိုင်ပါရဲ့နဲ့ ပျော်ဖို့မေ့နေတာပေါ့။ ပျော်နိုင်တဲ့လူထဲမှာ ပါတယ်။ ဒါပေမဲ့ ပျော်ဖို့ မေ့နေတာ။

★ YTU ကျောင်းသားကို တခြားအင်ဂျင်နီယာကျောင်းသားတွေလည်းပဲ အားကျတယ်၊ အင်ဂျင်နီယာ မေဂျာမဟုတ်တဲ့ကျောင်းသားတွေလည်းပဲ အားကျတယ်၊ ပျော်မှာပဲ အရမ်းကို ဂုဏ်ယူစရာကောင်းမှာပဲ ဒီလိုထင်ကြတာ။

★ ကိုယ်ကိုယ်တိုင်ကျတော့ ကိုယ်ကြိုးစားခဲ့တဲ့ဟာတွေကို ကိုယ်က ပြန်ပြီးတော့ တွေးတဲ့အကျင့် ပီတိဖြစ်တဲ့အကျင့် လုပ်မထားတဲ့အခါကျတော့ တော်ရုံတန်ရုံ ပီတိမဖြစ်နိုင်ဘူး။ ၀မ်းမြောက်တဲ့စိတ် မဖြစ်နိုင်ဘူး။ Happiness မဖြစ်နိုင်ဘူး။

★ ဘုန်းဘုန်းတို့ရဲ့ ဦးနှောက်က နောက်က ဦးနှောက်နဲ့ ရှေ့ကဦးနှောက်မှာ နောက်က ဦးနှောက် amygdala ဆိုတာ fear center ကြောက်စိတ်အခြေခံတဲ့ ဦးနှောက်။ ကြောက်စရာတွေကို ကိုယ်လိုက်တွေးတာလေ။ စာကျက်ရအုန်းမယ်။ စာမေးပွဲ ကျမှာစိုးလို့။ အကြောက်တရားကို အခြေခံပြီးတော့ စာကျက်တယ်။

★ အကြောက်တရား အခြေခံပြီးတော့ စာကြည့်တယ်။ ဒါက နောက်ကဦးနှောက်ကို သွားပြီးတော့ activate လုပ်နေတာပေါ့။ အမှန်ကတော့ ဥပမာ architecture တက်တဲ့ ကျောင်းသားဆိုရင် ဒို့နိုင်ငံမှာ architecture က ဘယ်လိုလိုအပ်တယ်၊ အဲဒီလို ပြဿနာတွေကို လေ့လာ၊ ပြဿနာအကြီးတွေကို လေ့လာ။

★ အဲဒီ ပြဿနာအကြီးကြီးတွေကို လေ့လာပြီးတော့  အဲဒီပြဿနာတွေကို ဝိုင်းဝန်းဖြေရှင်းပေးချင်တဲ့စိတ် မွေးရင် ရှေ့ကဦးနှောက် Hippocampus ဦးနှောက်က အလုပ်လုပ်တယ်တဲ့။

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ
🙏🙏🙏

(၄.၁.၂၀၂၀) ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ကျင်းပခဲ့သော တရားသင်တန်း (ပထမနေ့-  တတိယအချိန်) တွင် ဟောကြားတော်မူခဲ့သော “မုဒိတာ ဦးဏှောက်ဖြင့် မုဒိတာ တိုင်းပြည်ကို တည်ဆောက်ခြင်း – Building A Joyous Nation with A Happy Brain” တရားတော်မှ ရေးသားပူဇော်ပါသည်။

ကြောက်စိတ်ဖြစ်တဲ့အချိန် တုန့်ပြန်တဲ့ဦးနှောက်နှင့်
စိတ်ခံစားမှုကို ကိုင်တွယ်နိုင်တဲ့ ဦးနှောက်
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
မုဒိတာဦးဏှောက်ဖြင့် မုဒိတာတိုင်းပြည်ကို တည်ဆောက်ခြင်း
(တတိယပိုင်း) - အပိုင်း(၂)

★ Biology ဘုန်းဘုန်း မလေ့လာဖူးပါဘူး၊ အခု ဘုန်းဘုန်းပြောမယ့်ဟာ demonstrate လုပ်မယ့်ဟာ ဟားဗဒ်တက္ကသိုလ်ဆေးကျောင်းက Prof. Daniel Siegel ရဲ့ demonstration လေးပါ။

★ လက်ကို ဒီလိုလုပ်ကြည့် (ဖြန့်ထားသည့်အနေအထား) ပြီးရင် လက်မကိုခေါက်လိုက် ခေါက်ပြီးရင် လက်လေးချောင်းကို သူ့အပေါ်မှာ ခေါက်ပြီးတော့ အုပ်ထားလိုက်။ ဒါက ဦးနှောက်ရဲ့ ပုံစံတဲ့။ အဓိက အရေးကြီးတဲ့နေရာပေါ့။ အဓိကအရေးကြီးတယ်ဆိုတာ ဦးနှောက်က ဒေသတွေ အများကြီးရှိတယ်။

★ ဒီစာအုပ်ထဲမှာတောင်မှ အရေးကြီးတဲ့ဒေသ ရှစ်ခုကိုပြထားတာ။ ဒါပေမဲ့ အခုပြတဲ့နေရာက အရေးကြီးတဲ့ဒေသ နှစ်ခုကိုပြတာ။ အဲတော့ ဒီဒေသက ဒီလက်ညှိုးနဲ့ဟာက Amygdala, အဲဒီ  Amygdala ဆိုတဲ့ ဦးနှောက်က Fight and Flight ကိုလုပ်တာ။

★ ဘာလို့ fight လုပ်တာတုန်း၊ ဘာလို့  flight  လုပ်တာတုန်း။ ကြောက်လို့။ အကြောက်တရား ရှိလို့ အဲဒါကို fear center လို့ခေါ်တယ် ဒီနေရာ (Amygdala) ဦးနှောက်ရဲ့ နောက်ပိုင်းမှာ ရှိတယ်။ ဒီဦးနှောက်က တိရိစ္ဆာန်လည်း ရှိတယ်။ တိရိစ္ဆာန်ထဲမှာ သူတို့ကိုလိုက်တဲ့ အကောင်ကြီးတွေ ရှိတယ်ဆိုရင် ပြန်ပြီးတော့ fight လုပ်တယ်။

★ Fight လုပ်လို့ မရတော့ဘူးဆိုရင် ထွက်ပြေးတာ။ Fight လုပ်တဲ့နေရာမှာလည်းပဲ ရှိသမျှအင်အား အစွမ်းကုန်သုံးတယ်။ Fight လုပ်လို့ မနိုင်တော့ဘူး ထွက်ပြေးရမယ်ဆိုလည်း ရှိတဲ့အင်အားအစွမ်းကုန်သုံးတယ်။

★ အဲဒီဟာလုပ်ဖို့အတွက် ကြောက်စိတ်ဝင်ပြီဆိုရင် သူက Stress အရမ်းဖြစ်တဲ့အခါကျတော့ Cortisol hormone ထွက်တဲ့အခါမှာ တကိုယ်လုံးက ဘုန်းဘုန်းတို့ရဲ့ Organ တွေ heart တို့ lung တို့ အကုန်လုံး တင်းကုန်တာ tense ဖြစ်ကုန်တာ။

★ အဲဒီမှာ ရှိသမျှအင်အားတွေ အကုန်လုံး အဆင်သင့်လုပ်ထားတယ်။ ရှိသမျှ ဂလူးကို့စ်တွေ အကုန်လုံး ယူထားပြီးတော့ အင်အားတွေ အဆင်သင့်လုပ်ထားတယ်။ Fight မယ်ဆိုရင်လည်းပဲ အစွမ်းကုန် fight လုပ်တာ။ Flight လုပ်မယ်ဆိုလည်း အစွမ်းကုန် ထွက်ပြေးနိုင်အောင် အန္တရာယ်တွေ။

★ ဘာဖြစ်လို့တုန်း သူက Survival instinct အသက်ရှင်နိုင်ဖို့အတွက် သေရေးရှင်ရေး။ အဲဒီဟာက တောထဲမှာ ကျားလိုက်ခံရတာလေ၊ ဘတ်စ်ကားပေါ်မှာ ဘတ်စ်ကားတိုးစီးရတာ ကျားလိုက်တာ မဟုတ်ဘူး။ အဲဒီကျားလိုက်တဲ့နေရာမှာ အသုံးပြုတဲ့ ဦးနှောက်ကို ဘတ်စ်ကားစောင့်တဲ့နေရာမှာ သွားပြီးတော့ အသုံးပြုတယ်။

★ ကျားတကယ်လိုက်တဲ့အခါကျတော့ ထွက်ပြေးဖို့ အားမရှိတော့ဘူး။ ကျားတကယ်လိုက်တယ်ဆိုတော့ ဘယ်နေရာမှာလိုက်တုန်း စာမေးပွဲခန်းထဲမှာလိုက်တယ်၊ အဲဒီအချိန်ကျတော့ ကိုယ်က အင်အားမရှိတော့ဘူး။ အတွေးတွေက သိပ်မထွက်တော့ဘူး။

★ အဲဒါကြောင့် ဒီ Amygdala ဆိုတဲ့ ဦးနှောက်ကို သူလိုအပ်တဲ့နေရာမှာပဲ သူသုံးနိုင်အောင် stress က လူတိုင်းရှိတယ်၊ မနက်က ပြောသလို၊ ဒါပေမဲ့ stress ကို manage လုပ်နိုင်ရမယ်၊ level တစ်ခုမှာ manage လုပ်နိုင်ရမယ်။ healthy ဖြစ်အောင် manage လုပ်နိုင်ရမယ်။

★ အဲဒီ amygdala ဦးနှောက်ရဲ့နောက်ပိုင်းက ဒီနေရာလေးက အလုပ်လုပ်တာများရင် ရှေ့ကဦးနှောက် Hippocampus ဆိုတဲ့ ရှေ့ကဦးနှောက်က အလုပ်မလုပ်ဘူး။ ဒီနှစ်ခု တစ်ပြိုက်နက် အလုပ်မလုပ်ဘူး။ သူက neuro connection ဆိုတာ ရှိသေးတယ်။ သူတို့ပြောတာ။

★ Neuro connection ဆိုတာ ကိုယ့်ရဲ့အတွေးက ကြောက်တဲ့အတွေးဖြစ်ဖို့ ကိုယ်နဲ့ပြိုင်ဖက်အကြောင်းတွေးပြီးတော့ ကိုယ်က ကိုယ့်ထက်သာမှာကိုကြောက်တယ်။ အဲဒီကြောက်စိတ်ကြောင့် ဒီ amygdala က အလုပ်လုပ်တာ။ သူက အလုပ်လုပ်ရင် တစ်ခါကြောက်ရင် အဲဒီမှာ Neuro connection ကတစ်ခါပေါ်တာ။ တစ်ခါကြောက်ရင် တစ်ခါပေါ်လိုက်။

★ များများကြောက်စိတ်ဖြစ်ရင် ဒီက Neuro connection က ပိုပြီးတော့ အားကောင်းလာတယ်။ အဲဒီအချိန်မှာ ဒီ Hippocampus က neuro connection တွေကို သေစေတယ်။ အေလုပ်မလုပ်ဘူး။ ဒီ Hippocampus area က သူဘာလုပ်တာတုန်းဆို -

The Hippocampus plays a part in both memory and emotion regulation.
[Ref: Siddhartha's brain]

★ ကိုယ့်ရဲ့ စိတ်ခံစားမှုကို regulate လုပ်တဲ့နေရာမှာ control လုပ်တဲ့နေရာမှာ manage လုပ်တဲ့နေရာမှာ အဲဒီ hippocampus က အလုပ်လုပ်တယ်။ တကယ်လို့ ဒီဟာကပဲ အလုပ်လုပ်တာများတယ် amygdala ကပဲ အလုပ်လုပ်တာများတယ်ဆိုရင် ဒီလူက သူ့စိတ်ကိုသူ မထိန်းနိုင်တော့ဘူး။

★ သူ့ဒေါသသူ မထိန်းနိုင်ဘူး။ ဘာမှမဟုတ်တာလေးနဲ့ ဒေါသဖြစ်တယ်။ ဘာမှ မဟုတ်တာလေးနဲ့ ဒေါသဖြစ်တယ်ဆိုရင် ဒါ လုပ်ငန်းရှင်ဆိုရင်လည်း customer တွေ နဲ့ ဆက်ဆံရေးပျက်မှာပဲ။

★ အသင်းနဲ့ အဖွဲ့နဲ့ အလုပ်လုပ်ရတယ်ဆိုရင်လည်း အစည်းအဝေးတက်တိုင်း အစည်းအဝေးတက်တိုင်း သူများနဲ့ ပြဿနာဖြစ်တယ်။ သူ့လုပ်ငန်းမှာ သူ job satisfaction ပျော်ရွှင်မှုနည်းလို့ သူနဲ့အလုပ်လုပ်တဲ့လူတွေနည်းလို့။

★ ဒါကြောင့် Hippocampus က #မှတ်ဉာဏ်ကောင်းအောင်လည်း လုပ်တယ်၊ emotion regulation လည်းလုပ်တယ်။

The amygdala has a central role in establishing fear responses.

Amygdala ကျတော့ ကြောက်စရာကောင်းတဲ့နေရာတွေမှာ တုန့်ပြန်တဲ့ ဦးနှောက်ပါ။

It seems the anterior cingulate cortex (ACC) and hippocampus are vital for extinguishing fear responses and keeping it that way.

★ ကြောက်စရာမကောင်းတဲ့အရာကို ကြောက်စရာလို့တွေးပြီးတော့ ကျားလိုက်တဲ့အလား Fight and Flight mode ထဲကို ၀င်သွားတာ။ အဲဒီလို တုန့်ပြန့်တာ အဲဒါ amygdala ၊ အဲဒီလို မဖြစ်အောင် hippocampus က အားကောင်းနေဖို့ healthy ဖြစ်နေဖို့ အရေးကြီးတယ်။

★ Hippocampus healthy ဖြစ်နေဖို့ဆိုရင် Emotion ကို သွားပြီးတော့ ကိုင်ရတယ်။ သူနဲ့  connect ဖြစ်တဲ့ emotion က ဘာတုန်း။ Positive emotion ။ ကရုဏာ - compassion ကိုလည်း positive emotion လို့ပြောတယ်။ မုဒိတာလည်း positive emotion လို့ပြောတယ်။

★ နောက်ပြီးတော့ Hippocampus ဆိုတာက စိတ်တည်ငြိမ်တယ် calming - စိတ်တည်ငြိမ်တယ်။ ဆုံးဖြတ်တဲ့နေရာမှာ တကယ်လို့ hippocampus ဦးနှောက်နဲ့ ဆုံးဖြတ်တယ်ဆိုရင် မှန်တာများတယ်တဲ့၊ amygdala ဦးနှောက်နဲ့ ဆုံးဖြတ်တယ်ဆိုရင် မှားတာများတယ်။

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ
🙏🙏🙏

(၄.၁.၂၀၂၀) ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ကျင်းပခဲ့သော တရားသင်တန်း (ပထမနေ့-  တတိယအချိန်) တွင် ဟောကြားတော်မူခဲ့သော “မုဒိတာ ဦးဏှောက်ဖြင့် မုဒိတာ တိုင်းပြည်ကို တည်ဆောက်ခြင်း – Building A Joyous Nation with A Happy Brain” တရားတော်မှ ရေးသားပူဇော်ပါသည်။

တရားထိုင်တဲ့လူက တရားမထိုင်တဲ့လူထက်
ဆုံးဖြတ်ချက်မှန်တယ် ဦးနှောက်ပိုကောင်းတယ်
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
မုဒိတာဦးဏှောက်ဖြင့် မုဒိတာတိုင်းပြည်ကို တည်ဆောက်ခြင်း - (တတိယပိုင်း) - အပိုင်း(၃)

This year, a team of scientists from the University of British Columbia and the Chemnitz University of Technology were able to pool data from more than 20 studies to determine which areas of the brain are consistently affected.

★ Columbia တက္ကသိုလ်နဲ့ Chemnitz နည်းပညာတက္ကသိုလ်က သူများတွေလုပ်ထားတဲ့ သုတေသနနှစ်ဆယ်ကို ပေါင်းစပ်ပြီးတော့ review လုပ်တယ်တဲ့။ Review လုပ်တဲ့နေရာမှာ ဦးနှောက်ရဲ့ဘယ်နေရာကို၊ emotion က ဦးနှောက်ရဲ့ဘယ်နေရာကို သွားပြီးတော့ ထိခိုက်တုန်း။

★ ဒေါသ ဘယ်နေရာ သွားထိခိုက်တုန်း။ ကြောက်စိတ်က ဘယ်နေရာ သွားထိခိုက်တုန်း။ တစ်ယောက်နဲ့တစ်ယောက် jealous ဖြစ်ပြီးတော့ အတင်းပြောလာပြီဆိုရင် ဦးနှောက်ရဲ့ဘယ်နေရာ သွားပြီးတော့ effect ဖြစ်တုန်း အဲဒါမျိုး။

They identified at least eight different regions. ရှစ်နေရာ။
Here we will focus on two that we believe to be of particular interest to business professionals.

★ ခုနတုန်းက ဘုန်းဘုန်းပြောတဲ့နေရာနှစ်နေရာ (amygdala and hippocampus) ကို ဒီစာအုပ်က ပြောတယ်။ ဒါ Harvard Business Review က Mindfulness ဆိုတဲ့စာအုပ်။

The first is the anterior cingulate cortex (ACC), a structure located deep inside the forehead, behind the brain's frontal lobe.  (ACC နဲ့ Hippocampus က ဒီရှေ့မှာရှိပါတယ်။)

The ACC is associated with self-regulation, meaning the ability to purposefully direct attention and behavior, suppress inappropriate knee-jerk responses, and switch strategies flexibly.

★ ရှေ့ဦးနှောက်ကောင်းတဲ့လူတွေက ကိုယ့်ရဲ့ အာရုံ ကိုယ့်ရဲ့စိတ်ကို လိုအပ်တဲ့နေရာမှာ ကိုယ့်ရဲ့ attention ကို လိုအပ်တဲ့နေရာမှာ အသုံးချတာ။ သူရဲ့ attention ကို ဘယ် emotion ကမှ လာပြီး hijack မလုပ်ဘူးပြောတာ။

★ ဥပမာ လူနှစ်ယောက်ရုံးမှာ တစ်ယေက်ကိုတစ်ယောက် jealous ဖြစ်နေတယ်ဆိုရင် jealousy က သူတို့ရဲကအတွေးကို hijack လုပ်ထားတယ်။ သူတို့အချင်းချင်းနဲ့ ပတ်သတ်ပြီးတော့ ဆုံးဖြတ်တဲ့နေရာမှာ သူတို့က အများကြီးဘက်လိုက်မှာပဲ bias ဖြစ်မှာပဲ။

★ ဒါကြောင့် သူတို့ရဲ့အတွေးတွေက သူတို့ဆုံးဖြတ်ချက်တွေက မမှန်ဘူး။ ACC ကျတော့ ကိုယ့်ရဲ့ attention ကို လိုအပ်တဲ့နေရာမှာ အသုံးပြုနိုင်တယ်တဲ့။

suppress inappropriate knee-jerk reponsess-  ချက်ချင်း တုန့်ပြန်တာတို့ တုန့်ပြန်ပြီးမှ နောင်တရတာတို့ အဲဒါမျိုးတွေ မလုပ်ဘူးတဲ့။

switch strategies flexibly - ကိုယ့်ရဲ့ နည်းဗျူးဟာကိုလည်းပဲ အခြေအနေကြည့်ပြီးတော့ ပြောင်းလဲနိုင်တယ်ပေါ့၊ ခေါင်းမမာဘူးပြောတာ။

People with damage to the ACC show impulsivity and unchecked aggression.

★ ဒီရှေ့မှာ ဘုန်းဘုန်းတို့ ရှေ့ကဦးနှောက်က ပျက်စီးသွားတဲ့လူတွေပေါ့နော်၊ ဒဏ်ရာရသွားတဲ့လူတွေပေါ့၊ damage ဆိုတာ ဒဏ်ရာရတဲ့လူတွေက impulsivity  စိတ်ထဲမှာ အလျင်စလိုလုပ်တတ်တဲ့ အကျင့်တွေ ရှိတာတွေ့ရမယ်တဲ့။

★ Lecture တစ်ခု အချိန်မရှိလိုမပြတော့ဘူး။ အဲဒါတော့ ဘာတုန်းဆို ကောင်လေးတစ်ယောက်က အသက်၉နှစ်ပဲ ရှိသေးတယ်၊ သူလောက်ပဲ အသက်၉နှစ် ၁၀နှစ်ရှိတဲ့ ကလေးမလေးကို အားကစားကွင်းထဲမှာ baseball ဒုတ်တံနဲ့လေ သွားပြီးတော့ရိုက်လိုက်တာ။ ဘာမှ အကြောင်းမရှိဘဲ ရိုက်လိုက်တာ။

★ ဦးနှောက်လေ့လာတဲ့ ပညာရှင်တွေ မရှိဘူးဆိုလည်း ဒီကလေးကို ဒီလိုပဲ ထောင်ထဲထည့်ထားမှာ ကလေးထောင်။ ကံကောင်းချင်တော့ သူရဲ့ဦးလေးက ဦးနှောက်ကျွမ်းကျင်တဲ့ပညာရှင် ဆရာဝန်လည်းဟုတ်တယ်၊ Neuroscientist လည်း ဟုတ်တယ်။ သူ့ကိုခေါ်ပြီးတော့ ဆေးရုံမှာ fMRI ရိုက်ကြည့်တဲ့အခါကျတော့ ဦးနှောက်ထဲမှာ အထူးသဖြင့် ရှေ့က အလုံးလေး tumor ရှိနေတာပေါ့။

★ Tumor ရှိလို့ သူအဲဒီလိုလုပ်တာ။ အလိုလိုနေရင်းနဲ့ စိတ်ဆိုး ဘာမှ သူ့ကို ကောင်းတာပြောလို့မရဘူး။ အဲဒါနဲ့ သူ့ကို အဲဒါလေး ခွဲထုတ်ပစ်လိုက်တာ ခွဲ့ပစ်တဲ့အခါကျတော့ အကြင်နာဆုံး ကလေးထဲမှာ ဒီကလေးလေးပါတယ်တဲ့။ လုံးဝပြောင်းသွားတာ။

★ ဆိုလိုတာက ဒီရှေ့က ACC ဒဏ်ရာရတဲ့ ပုဂ္ဂိုလ်တွက impulsivity စိတ်လိုက်မာန်ပါ လုပ်တတ်တယ်။ unchecked aggression - control မရှိတဲ့ aggression ရန်လိုမှုတွေ ရှိတတ်တယ်။

Those with impaired connections between this and other brain regions perform poorly on tests of mental flexibility:

★ အခြေအနေကိုကြည့်ပြီးတော့ သုံးသပ်တတ်တဲ့ flexibility စွမ်းရည်၊ အဲဒီစွမ်းရည်က တကယ်လို့ ရှေ့ကဦးနှောက်နဲ့ တခြားဒေသဦးနှောက်တွေ ဆက်သွယ်တဲ့နေရာမှာ wiring ခေါ်တာပေါ့။ ဦးနှောက် wiring မကောင်းဘူးဆိုရင် အဲဒီလူတွေက အရမ်းကို ခေါင်းမာတယ်လို့ ပြောတယ်။

they hold onto ineffective problem-solving strategies rather than adapting their behavior.

★ အလုပ်မဖြစ်တော့တဲ့ ခေတ်မမှီတော့တဲ့ အခြေအနေပြောင်းသွားလို့ မဆီလျော်တော့တဲ့ ပြဿနာ ဖြေရှင်းပုံ ဖြေရှင်းနည်းတွေကို သူက အသေစွဲထားတာတဲ့။

Meditators, on the other hand, demonstrate superior performance on tests of self-regulation, resisting distractions and making correct answers more often than non-meditators.

★ တရားထိုင်တဲ့လူတွေကျတောတဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်တဲ့နေရာမှာ ပိုပြီးတော့ ကောင်းတာ performance ပိုကောင်းတယ်တဲ့။ နောက်ပြီးတော့ resisting distractions ဆိုတာက ဘေးက distraction တွေ ကိုလည်းပဲ သူတို့စိတ်ကို သူတို့ control လုပ်နိုင်တယ်။

Making correct answers more often than non-meditators. - တရားမထိုင်တဲ့ လူတွေနဲ့စာရင် သူတို့က ဆုံးဖြတ်ချက်ပိုပြီးတော့ မှန်တယ်တဲ့။

They also show more activity in the ACC than non-meditators.

★ တရားထိုင်တဲ့လူတွေရဲ့ ရှေ့က ဦးနှောက်က တရားမထိုင်တဲ့လူတွေရဲ့ ရှေ့ကဦးနှောက်ထက် ပိုပြီး activity များတယ်တဲ့။ ပိုပြီးတော့ healthy ဖြစ်တယ်ပေါ့။

★ အဲဒါကြောင့် ရိပ်သာသွားပြီးတော့ တရားမထိုင်တဲ့လူတွေအနေနဲ့ စိတ်အားငယ်ပုံတွေကို အိမ်ကနေပြီးတော့ ကျောင်းလာတယ်ဆိုရင် အများရဲ့ပြဿနာတွေး၊ အများရဲ့ပြဿနာတစ်ခုခုတွေး၊ တိုင်းပြည်ရဲ့ပြဿနာ တစ်ခုခုတွေး တွေးပြီးတော့ အဲဒီပြဿနာကို ဖြေရှင်းပေးချင်တဲ့စိတ်လေး တစ်နေ့ကို နည်းနည်းမွေး၊ တစ်နေ့ကို နည်းနည်းမွေး။

★ ကားပေါ်မှာ အချိန်အကြာကြီးထိုင်ရတာပဲ ဒီအကြောင်းလေးတွေ ၁၀မိနစ်လောက် ၅မိနစ်လောက် အချိန်ပေးပြီးတော့တွေးရင် ကိုယ့်ရှေ့က ဦးနှောက်က ကောင်းသွားတာ။ ပိုကောင်းသွားတာ။ ရှေ့ကဦးနှောက်က ကောင်းတဲ့လူ စာကျက်တာလည်း သူပိုမှတ်မိတယ်၊ ပိုပြီးတော့လည်း နားလည်တယ်။

ဆက်လက်ဖော်ပြပါမည်။

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ
🙏🙏🙏

(၄.၁.၂၀၂၀) ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ကျင်းပခဲ့သော တရားသင်တန်း (ပထမနေ့-  တတိယအချိန်) တွင် ဟောကြားတော်မူခဲ့သော “မုဒိတာ ဦးဏှောက်ဖြင့် မုဒိတာ တိုင်းပြည်ကို တည်ဆောက်ခြင်း – Building A Joyous Nation with A Happy Brain” တရားတော်မှ ရေးသားပူဇော်ပါသည်။

No comments: