“လက္ထပ္ဖို့ မဆုံးျဖတ္ခင္ သူဟာ ဘယ္လိုပုံစံမ်ိဳးနဲ႔ ျပဳစုပ်ိဳးေထာင္ခံခဲ့ရသလဲ ဆိုတာကို သိေအာင္လုပ္ပါ။”
(ဖတ္ရန္ ၾကာခ်ိန္ ၄ မိနစ္)
ေဆာင္းပါးေခါင္းစဥ္က ရွည္ပါတယ္။ သို့ေသာ္ ေအာက္က စာေတြ ဆက္မဖတ္ျဖစ္ေတာင္ ဒါေလးတစ္ေၾကာင္းပဲ မွတ္မိသြားဦးေတာ့ ေက်နပ္ၿပီ ဆိုတဲ့ သေဘာနဲ႔ ေပးထားတာပါ။
ခ်စ္သူအျဖစ္ အေျဖမေပးခင္၊ လက္ထပ္ဖို့ မစဥ္းစားခင္ တစ္ေယာက္ကို တစ္ေယာက္ ေလ့လာၾကပါတယ္။ ပညာ၊ အဆင့္အတန္း၊ အသိုက္အဝိုင္း၊ စိတ္ေနစိတ္ထား၊ အမူအက်င့္ စသျဖင့္ေပါ့ေလ။ အဲဒီထဲမွာ ထည့္မစဥ္းစားမိတာ၊ ေလ့လာရလည္း ခက္တာတစ္ခုကေတာ့ တိမ္ျမဳပ္ေနတဲ့ စိတ္ဒဏ္ရာေတြအေၾကာင္းပါပဲ။
ဒီအတိုင္း ၾကည့္လိုက္ရင္ စမတ္က်တယ္။ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မွု ရွိတယ္ ထင္ရေပမဲ့ တကယ္တမ္းမွာ စိတ္ဒဏ္ရာ တေပြ႕တပိုက္နဲ႔ ျဖစ္ေနသူေတြ တစ္ပုံႀကီးပါပဲ။ တခ်ိဳ့လည္း ကိုယ့္ဟာကိုယ္ သိတယ္။ တခ်ိဳ့လည္း ေပါင္းၾကည့္ရင္းနဲ႔မွ ေဘးလူအေနနဲ႔ ျမင္လာရတာမ်ိဳး။ အဲဒါကို သတိထားမိလိုက္ရင္ ပိုၿပီးလည္း သူ႔ကို နားလည္သြားနိုင္လိမ့္မယ္။ ကိုယ္နဲ႔ သူနဲ႔ရဲ့ Relationship ကလည္း ခုထက္ပို အဆင္ေျပလာပါလိမ့္မယ္။
တကယ္တမ္း ေျပာရရင္ အနည္းနဲ႔အမ်ားပဲ ကြာတာပါ။ ကၽြန္ေတာ္တို့ ေတာ္ေတာ္မ်ားမ်ားမွာ အဲ့လို စိတ္ဒဏ္ရာေတြ ရွိတတ္ၾကပါတယ္။ အဲ့လိုဒဏ္ရာေတြ၊ ကၽြန္ေတာ္တို့ရဲ့ ေတြးေခၚပုံ၊ ရွုျမင္ပုံ၊ စဥ္းစားပုံေတြက ကၽြန္ေတာ္တိုရဲ့ ငယ္ဘ၀ အေတြ႕အၾကဳံေတြနဲ႔ အမ်ားႀကီး ပတ္သက္ဆက္စပ္ပါတယ္။ အဲဒီလို ငယ္ဘ၀ အေတြ႕အၾကဳံေတြထဲမွာ ထိပ္ပိုင္းက ပါေနတာကေတာ့ မိဘရဲ့အုပ္ထိန္းမွုပုံစံပါပဲ။ ဒါေၾကာင့္ သူ ငယ္ငယ္က ဘယ္လိုေတြ ၾကဳံေတြ႕ခဲ့ရသလဲ၊ သူ႔မိဘက ဘယ္လိုလဲ ဆိုတာကို သိေအာင္ လုပ္ပါလို့ အႀကံေပးရတာပါ။
ကၽြန္ေတာ္ ေရးတာဆိုေတာ့ အမ်ိဳးသားေတြအေၾကာင္းကိုပဲ အသားေပး ေရးထားပါတယ္။ ကၽြန္မတို့ အမ်ိဳးသမီးေတြက ဘယ္လို ဘာညာ အခ်င္းခ်င္း ေျပာေန႐ုံနဲ႔ေတာ့ Healthy Relationship တစ္ခု တည္ေဆာက္နိုင္ဖို့ မလုံေလာက္ဘူးမို့လား။ ဒါေၾကာင့္ ဖတ္ၾကည့္ၾကည့္ပါ။
၁။ သားေယာက္်ားေလးကို ဘယ္လိုဆုံးမထားသလဲ
ဒါကေတာ့ မိန္းကေလးေတြအတြက္ပဲ ရည္ရြယ္ပါတယ္။ ကၽြန္ေတာ္တို့မွာ ရွိေနတဲ့ ေယာက္်ား ဆိုတာ ဘယ္လို၊ မိန္းမ ဆိုတာ ဘယ္လို စတဲ့ သတ္မွတ္ခ်က္ေတြက မိဘဆီကတစ္ဆင့္ လက္လႊဲယူခဲ့ၾကရတာ မ်ားပါတယ္။ ဒါေၾကာင့္ သူ႔မိဘက ေယာက္်ားနဲ႔ မိန္းမအေပၚ အေတာ္ေလး ခြဲျခားဆက္ဆံတဲ့သူမ်ိဳး၊ သားရွင္ ဆိုၿပီး လက္မေထာင္တတ္တဲ့ လူစားမ်ိဳးေတြဆို နည္းနည္း သတိထားသင့္ပါတယ္။
တစ္ခ်ိန္က်ရင္ နင့္မိန္းမက အိမ္မွုကိစၥလည္း မနိုင္ဘူး၊ တစ္ခ်ိန္လုံး အျပင္ခ်ည္း ထြက္ေနတာပဲ၊ ငါ့သား ေယာက္်ားဆိုတာ ေလွကား ၃ ထစ္ဆင္းရင္ လူပ်ိဳ ျပန္ျဖစ္တယ္၊ ေယာက္်ားေလးဆိုမွေတာ့ ဒီေလာက္က အနည္းအပါး ရွိမွာပဲ၊ နင္က ခြင့္လႊတ္ေပးရမွာေပါ့ စသျဖင့္ ေျပာလာတတ္လို့ပါ။
၂။ Self-image
ပထမတစ္ခ်က္ကလို ပ်ိဳးေထာင္ပုံသြင္းခံခဲ့ရေတာ့ ကၽြန္ေတာ္တို့ ေယာက္်ားေတြရဲ့ စိတ္ထဲမွာ ငါတို့က ျမင့္ျမတ္တယ္၊ မိန္းမေတြထက္ တစ္ဆင့္ျမင့္တယ္ ဆိုတဲ့ အသိက ဝင္လာပါတယ္။ ငါတို့ပဲ ဦးေဆာင္မယ္၊ ငါတို့ပဲ လုပ္ေပးမယ္၊ ငါတို့က အိမ္ေထာင္ဦးစီး၊ မင္းဘဝႀကီးကို ဘယ္လိုထားမယ္၊ လိုေလေသးမရွိေအာင္၊ အမ်ားအားက်ရေအာင္ ဖန္ဆင္းေပးမယ္ စသျဖင့္ ေတြးထားတတ္ၾကတယ္။
အိုေခ၊ ကိုယ္ကလည္း အရည္အခ်င္း ရွိတယ္၊ အဲ့လို ဦးေဆာင္နိုင္တယ္ဆို ျပႆနာ မရွိပါဘူး။ ဒါေပမဲ့ ကိုယ္တိုင္က အရည္အခ်င္း မရွိလို့ေသာ္လည္းေကာင္း၊ မိန္းမက ပိုေတာ္ေနလို့ေသာ္လည္းေကာင္း၊ က်န္းမာေရး အေျခအေနေၾကာင့္ျဖစ္ျဖစ္၊ ေမၽွာ္လင့္မထားတဲ့ ျပႆနာ (ခုလို Covid) ေၾကာင့္ျဖစ္ျဖစ္ အလုပ္ျပဳတ္သြားတဲ့အခါမွာေသာ္လည္းေကာင္း အဲဒီ ျပႆနာက စတက္လာပါတယ္။ ကၽြန္ေတာ္တို့ရဲ့ အတၱ (Ego) ကို လာထိတာေပါ့။
ကၽြန္ေတာ္တို့ေတြကေလ ပြဲတစ္ခုကို သြားတဲ့အခါ ဒါ ကၽြန္မအမ်ိဳးသားေလ ဆိုၿပီး မိတ္ဆက္ခံခ်င္တာ မဟုတ္ပါဘူး။ ဒါ ကၽြန္ေတာ့္အမ်ိဳးသမီးပါလို့ပဲ မိတ္ဆက္ေပးခ်င္တာပါ။ ဒါ အမ်ိဳးသားအမ်ားစုရဲ့ ဆႏၵပဲ။ ဒါကို သေဘာမေပါက္တဲ့အခါ ငါ ဒီေလာက္ လိုေလေသးမရွိ ထားေပးပါရက္နဲ႔၊ နင္ေတာင္ ဘာမွ ရွာေကၽြးစရာ မလိုဘူး အဲဒါကိုေတာင္ ေဖာက္ျပန္ရလား ဆိုၿပီး အျပစ္တင္ၾကေရာ။
တကယ္ေတာ့ အစ္မတို့ ညီမတို့ဆီမွာ မရခဲ့တဲ့ ကိုယ့္ကိုယ္ကိုယ္ ေလးစားမွု (Self-esteem) က အဲ့ေကာင္မေလးနဲ႔မွ သြားရတာပါ။ လွတာ၊ ငယ္တာေတြနဲ႔ပဲလည္း အခါခပ္သိမ္း ဆိုင္တာ မဟုတ္ပါဘူး။ ဒါကို ေယာက္်ားအခ်င္းခ်င္းပဲ နားလည္ၾကပါတယ္။ အိမ္တြင္းအၾကမ္းဖက္မွုေတြမွာဆိုလည္း ဒီလို ကိုယ့္ကိုယ္ကိုယ္ ေလးစားမွု ေပ်ာက္ဆုံးေနျခင္းက အေၾကာင္းရင္းတစ္ခုအေနနဲ႔ ပါဝင္ေနတယ္။ သူ႔ထက္ ခြန္အားနည္းတဲ့ မိန္းမကို နိုင္စားျခင္းကေနမွ အဲဒီလို Self-esteem ကို ရေနတာကိုး။
အဲဒီလို အသုံးမက်ျခင္း၊ မေအာင္ျမင္ျခင္းေတြကို ထပ္ၿပီး အားျဖည့္ေပးလိုက္တာက သူတို့ကိုယ္သူတို့ ျမင္ထားတဲ့ Self-image ပဲ။
သူ႔ရဲ့ ငယ္ဘဝမွာ မင္းက ေသာက္သုံးကို မက်ဘူး။ မင္း ေယာက္်ားျဖစ္ၿပီး ဒါေလးေတာင္ မလုပ္တတ္ဘူးလား၊ မင္း အသက္ႀကီးလာရင္ မင္းမိသားစုကို မင္းဘယ္လိုဦးေဆာင္မလဲ စတဲ့ အျပစ္တင္သံေတြနဲ႔ ျပည့္ႏွက္ေနခဲ့မယ္။
ဒါမွမဟုတ္လည္း ကေလးတစ္ေယာက္လိုပဲ ထားခံခဲ့ရမယ္၊ ဟိုဟာဆိုလည္း မလုပ္နဲ႔၊ ဒီဟာဆိုလည္း ဟယ္ သားတစ္ေယာက္တည္း မျဖစ္ပါဘူး၊ စိတ္မခ်ဘူး၊ အေမတို့ပါ လိုက္မယ္ စသျဖင့္ လုပ္ခံခဲ့ရမယ္ ဆိုရင္ သူ႔မွာ Negative self-image ရွိေနလိမ့္မယ္။
အဲဒီအခါ ကိုယ့္ကိုယ္ကိုယ္ ေလးစားမွုက ေပ်ာက္လာမယ္။ ဘယ္သူနဲ႔မဆို သူ႔မိန္းမကို အထင္လြဲမယ္။ သူ႔မိန္းမက သူ႔ထက္ တျခားတစ္ေယာက္ကို ပိုအားကိုးေနတယ္၊ အထင္ႀကီးေနတယ္ ဆိုတဲ့ ခံစားခ်က္က ေယာက္်ားတစ္ေယာက္အတြက္ သိပ္ခံရခက္တယ္။
မထက္ျမက္ရဘူး မေျပာပါဘူး။ ကိုယ့္ေယာက္်ားရဲ့ Self-image က ဘယ္လိုေနတယ္ ဆိုတာေလး ထည့္စဥ္းစားေစခ်င္တာ။ သူ႔ကို တစ္ေန႔တစ္ေန႔ အသုံးဝင္ေနတယ္ ဆိုတဲ့ ခံစားခ်က္မ်ိဳး ရေအာင္ လုပ္ေစခ်င္တာ။
ပြဲတစ္ခုမွာ တက္ေရာက္လာသူ အစ္မတစ္ေယာက္က ထေဆြးေႏြးတယ္။ သူက သူတို့မိသားစုမွာ ဝင္ေငြရွာသူ။ သူ႔အမ်ိဳးသားက အိမ္မွုကိစၥလုပ္တယ္၊ ေနာက္ကေန အကုန္ပံ့ပိုးေပးတယ္။ စစခ်င္းေတာ့ တဲ့၊ သူ႔ေယာက္်ားကို ေနာက္ၾကေျပာင္ၾကတယ္ေပါ့ေလ။ မင္းက မိန္းမရ ကံေကာင္းတယ္ ဘာညာေပါ့။ ေနာက္ေတာ့ သူက အဲ့လိုေနာက္တာကို မႀကိဳက္ေၾကာင္း ျပတ္ျပတ္သားသား ေျပာတယ္၊ သူ႔ေယာက္်ားက သူတို့ မိသားစုအတြက္ ဘယ္ေလာက္အေရးပါေၾကာင္း လူပုံအလယ္ အျမဲ ရွင္းျပတယ္၊ အခြင့္ၾကဳံတိုင္းလည္း သူ႔ေယာက္်ားကို ခ်ီးက်ဴးတယ္၊ ဒီလိုနဲ႔ တျဖည္းျဖည္း အဆင္ေျပလာပါတယ္ ဆိုၿပီး ေဝမၽွသြားပါတယ္။
သူ အဲ့လိုလုပ္လိုက္တာနဲ႔ပဲ သူ႔ေယာက္်ားရဲ့ စိတ္ေတြ တကယ္အဆင္ေျပမေျပေတာ့ ကၽြန္ေတာ္လည္း မသိဘူးေပါ့။ သို့ေသာ္ ေယာက္်ားေတြရဲ့ စိတ္ကို နားလည္ၿပီးမွ လုပ္သြားတဲ့ ခ်ဥ္းကပ္မွုေလးကို သေဘာက်လို့ ေဝမၽွခ်င္တာပါပဲ။
၃။ အိမ္ေထာင္ေရးကို အယုံအၾကည္ မရွိမွု
ငယ္ငယ္ကတည္းက အေဖနဲ႔ အေမ ရန္ျဖစ္တာကို အျမဲျမင္ေတြ႕ ၾကားသိေနခဲ့ရမယ္ဆိုရင္ သူ႔အတြက္ေတာ့ အိမ္ေထာင္ေရးဆိုတာ ေပ်ာ္ရႊင္မွုေတြကို အဆုံးသတ္ေစတဲ့ အရာအျဖစ္ စြဲေနတတ္တယ္။ တစ္ေယာက္ေယာက္နဲ႔ တစ္ဘဝလုံး အတူတူ ျဖတ္သန္းရမွာႀကီးကို စိုးရိမ္တယ္။ ငါ ဘယ္သူနဲ႔မွ အဲ့လို အဆင္ေျပေအာင္ ေနနိုင္မွာ မဟုတ္ဘူးလို့ ထင္မယ္။ လူေတြဟာ ေျပာင္းလဲသြားမွာပဲ ဆိုတဲ့ အျမင္မ်ိဳးနဲ႔ပဲ ၾကည့္မိေနမယ္။ အဲ့လိုလူမ်ိဳးက ရည္းစားသာ ထားမယ္။ လက္ထပ္ဖို့က် တြန႔္ဆုတ္ေနတတ္တယ္။ အဲဒါ အေပ်ာ္ႀကံတာ မဟုတ္ဘူး။ မခ်စ္တာ မဟုတ္ဘူး။ သူ႔မွာ ရွိေနတဲ့ စိတ္ဒဏ္ရာအစြဲတစ္ခုပဲ။ နည္းနည္းေလး အဆင္မေျပ ျဖစ္ရင္ကို ႀကိဳးစားညႇိႏွိုင္းတာမ်ိဳး မလုပ္ေတာ့ဘဲ ျမန္ျမန္ဆန္ဆန္ အဆုံးသတ္ပစ္လိုက္တတ္တယ္။ တကယ္က ျပႆနာက သိပ္မႀကီးဘူး။ ငါနဲ႔ေတာ့ မျဖစ္ပါဘူး ဆိုတဲ့ အစြဲက အဓိက ျပႆနာေပးေနတာ။ အဲဒါကို ေျပေပ်ာက္ေအာင္ အေတာ္ေလး ေဖးေဖးမမနဲ႔ စိတ္ရွည္ေပးရပါလိမ့္မယ္။
၄။ တစ္ဖက္သားအေပၚ ယုံၾကည္မွု နည္းပါးတာ
ကၽြန္ေတာ္တို့ သတိထားမိသည္ျဖစ္ေစ၊ မထားမိသည္ျဖစ္ေစ၊ ကိုယ့္ဘဝရဲ့ ပထမဦးဆုံး Idol ဟာ အေဖနဲ႔ အေမပဲ။ ကိုယ္ ခပ္ငယ္ငယ္မွာ အေဖက သစၥာေဖာက္သြားမယ္၊ အေမ့ပါးစပ္က ထြက္သမၽွစကားက အလိမ္အညာေတြခ်ည္း ျဖစ္ေနမယ္ ဆိုရင္ အဲဒီကေလးက အသက္ႀကီးလာတဲ့အခါ လူေတြကို အယုံအၾကည္နည္းမယ္။ မယုံရင္ မီးပြိဳင့္မွာ စံပယ္ပန္း ေရာင္းတဲ့ ကေလးေတြကို ပိုက္ဆံ ေနာက္မွ ျပန္လာေပးမယ္၊ ေလာေလာဆယ္ ပန္းအရင္ေပးလိုက္ ဆို ေပးမလား မေပးဘူးလား စမ္းၾကည့္ပါ။ ေပးမွာ မဟုတ္ပါဘူး။ ဘာလို့လဲ။ မယုံလို့ပါ။ လူေတြကို ယုံရင္ ငါပဲ ခံရမွာ ဆိုတဲ့ အသိကို သူတို့ဘဝက သင္ေပးထားလို့ပါ။
အဲဒီအခါ ကိုယ့္ရဲ့ ဘာမဟုတ္တဲ့ ဖုံးကြယ္မွုေလးတစ္ခုကတင္ သူ႔ကို ဒဏ္ရာေတြ ရေစလိမ့္မယ္။ မေျပာပေလာက္တဲ့ အထင္လြဲစရာေလးက သူနဲ႔ကိုယ္နဲ႔ ဆက္ဆံေရးကို အဖုအထစ္ ျဖစ္ေစလိမ့္မယ္။
ကိုယ့္ဘက္က ၾကည့္ရင္ေတာ့ ငါ့ကို မယုံတာလား၊ ငါ့ကို ေစာ္ကားတယ္ေပါ့။ တကယ္ေတာ့ သူကိုယ္က အယုံအၾကည္ နည္းတာပါ။ ဒါကို နားလည္ေပးၿပီး သတိထားေပးမယ္ဆိုရင္ အဆင္ေျပနိုင္ပါတယ္။
စိတ္ဒဏ္ရာ ဆိုတဲ့ Psychological trauma က ကူးစက္ေရာဂါေတာ့ မဟုတ္ေပမဲ့ သူ႔ကိုယ္သူ သတိမထားမိရင္ ေဘးပတ္ဝန္းက်င္ကို ဒုကၡလိုက္ေပးတတ္တဲ့ သေဘာရွိတယ္။ ေနာက္ဆုံး ကိုယ္ကေန ကိုယ့္လိုပဲ စိတ္ဒဏ္ရာအျပည့္နဲ႔ ျဖစ္ေနမဲ့ ေကာင္ကေလး၊ ေကာင္မကေလးေတြကို လူ႔ေလာကႀကီးဆီ ထပ္တင္ပို့လိုက္သလို ျဖစ္သြားတတ္ပါတယ္။
ဒါေၾကာင့္ ကိုယ့္မွာ ရွိေနတဲ့ စိတ္ဒဏ္ရာေတြကို သတိထားမိေအာင္ လုပ္ပါ။ စိတ္ပိုင္းဆိုင္ရာနဲ႔ ပတ္သက္တဲ့ စာအုပ္ေတြ၊ အဲ့လို စိတ္ဒဏ္ရာေတြအေၾကာင္း ေသေသခ်ာခ်ာ ေရးဖြဲ႕ထားတဲ့ ဝတၳဳေတြ ဖတ္ပါ။ လိုအပ္ရင္လည္း ကၽြမ္းက်င္သူနဲ႔ ေဆြးေႏြးၾကည့္ပါ။ မရွက္ပါနဲ႔။ ရွက္စရာလည္း မဟုတ္ပါဘူး။ မရွိဘူး မျဖစ္ဘူးဆိုၿပီး အတင္းခ်ိဳးႏွိမ္ထားတာက ပိုဆိုးေစပါတယ္။ ကိုယ့္လက္တြဲေဖာ္ကိုလည္း ပြင့္ပြင့္လင္းလင္း ေျပာျပထားပါ။ သူ႔မွာေရာ ဘယ္လိုစိတ္ဒဏ္ရာေတြ ရွိေနလဲ သိေအာင္လုပ္ပါ။ နားလည္ေပးပါ။ ေဖးမေပးပါ။
အၿပီးသတ္ ေပ်ာက္မေပ်ာက္ေတာ့ မသိေပမဲ့၊ ရွိေနမွန္း မသိတာ၊ အတင္းဖုံးကြယ္ ျငင္းဆန္ထားတာထက္စာရင္ အရွိအတိုင္း လက္ခံေပးလိုက္တာ၊ ကုစားဖို့ ႀကိဳးစားတာက ပိုေကာင္းတယ္ဆိုတာေတာ့ အေသအခ်ာပါပဲ။
ေဒါက္တာ ၿဖိဳးသီဟ
၁၄.၄.၂၀၂၀
(Unicode)
“လက်ထပ်ဖို့ မဆုံးဖြတ်ခင် သူဟာ ဘယ်လိုပုံစံမျိုးနဲ့ ပြုစုပျိုးထောင်ခံခဲ့ရသလဲ ဆိုတာကို သိအောင်လုပ်ပါ။”
(ဖတ်ရန် ကြာချိန် ၄ မိနစ်)
ဆောင်းပါးခေါင်းစဉ်က ရှည်ပါတယ်။ သို့သော် အောက်က စာတွေ ဆက်မဖတ်ဖြစ်တောင် ဒါလေးတစ်ကြောင်းပဲ မှတ်မိသွားဦးတော့ ကျေနပ်ပြီ ဆိုတဲ့ သဘောနဲ့ ပေးထားတာပါ။
ချစ်သူအဖြစ် အဖြေမပေးခင်၊ လက်ထပ်ဖို့ မစဉ်းစားခင် တစ်ယောက်ကို တစ်ယောက် လေ့လာကြပါတယ်။ ပညာ၊ အဆင့်အတန်း၊ အသိုက်အဝိုင်း၊ စိတ်နေစိတ်ထား၊ အမူအကျင့် စသဖြင့်ပေါ့လေ။ အဲဒီထဲမှာ ထည့်မစဉ်းစားမိတာ၊ လေ့လာရလည်း ခက်တာတစ်ခုကတော့ တိမ်မြုပ်နေတဲ့ စိတ်ဒဏ်ရာတွေအကြောင်းပါပဲ။
ဒီအတိုင်း ကြည့်လိုက်ရင် စမတ်ကျတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတယ် ထင်ရပေမဲ့ တကယ်တမ်းမှာ စိတ်ဒဏ်ရာ တပွေ့တပိုက်နဲ့ ဖြစ်နေသူတွေ တစ်ပုံကြီးပါပဲ။ တချို့လည်း ကိုယ့်ဟာကိုယ် သိတယ်။ တချို့လည်း ပေါင်းကြည့်ရင်းနဲ့မှ ဘေးလူအနေနဲ့ မြင်လာရတာမျိုး။ အဲဒါကို သတိထားမိလိုက်ရင် ပိုပြီးလည်း သူ့ကို နားလည်သွားနိုင်လိမ့်မယ်။ ကိုယ်နဲ့ သူနဲ့ရဲ့ Relationship ကလည်း ခုထက်ပို အဆင်ပြေလာပါလိမ့်မယ်။
တကယ်တမ်း ပြောရရင် အနည်းနဲ့အများပဲ ကွာတာပါ။ ကျွန်တော်တို့ တော်တော်များများမှာ အဲ့လို စိတ်ဒဏ်ရာတွေ ရှိတတ်ကြပါတယ်။ အဲ့လိုဒဏ်ရာတွေ၊ ကျွန်တော်တို့ရဲ့ တွေးခေါ်ပုံ၊ ရှုမြင်ပုံ၊ စဉ်းစားပုံတွေက ကျွန်တော်တိုရဲ့ ငယ်ဘ၀ အတွေ့အကြုံတွေနဲ့ အများကြီး ပတ်သက်ဆက်စပ်ပါတယ်။ အဲဒီလို ငယ်ဘ၀ အတွေ့အကြုံတွေထဲမှာ ထိပ်ပိုင်းက ပါနေတာကတော့ မိဘရဲ့အုပ်ထိန်းမှုပုံစံပါပဲ။ ဒါကြောင့် သူ ငယ်ငယ်က ဘယ်လိုတွေ ကြုံတွေ့ခဲ့ရသလဲ၊ သူ့မိဘက ဘယ်လိုလဲ ဆိုတာကို သိအောင် လုပ်ပါလို့ အကြံပေးရတာပါ။
ကျွန်တော် ရေးတာဆိုတော့ အမျိုးသားတွေအကြောင်းကိုပဲ အသားပေး ရေးထားပါတယ်။ ကျွန်မတို့ အမျိုးသမီးတွေက ဘယ်လို ဘာညာ အချင်းချင်း ပြောနေရုံနဲ့တော့ Healthy Relationship တစ်ခု တည်ဆောက်နိုင်ဖို့ မလုံလောက်ဘူးမို့လား။ ဒါကြောင့် ဖတ်ကြည့်ကြည့်ပါ။
၁။ သားယောက်ျားလေးကို ဘယ်လိုဆုံးမထားသလဲ
ဒါကတော့ မိန်းကလေးတွေအတွက်ပဲ ရည်ရွယ်ပါတယ်။ ကျွန်တော်တို့မှာ ရှိနေတဲ့ ယောက်ျား ဆိုတာ ဘယ်လို၊ မိန်းမ ဆိုတာ ဘယ်လို စတဲ့ သတ်မှတ်ချက်တွေက မိဘဆီကတစ်ဆင့် လက်လွှဲယူခဲ့ကြရတာ များပါတယ်။ ဒါကြောင့် သူ့မိဘက ယောက်ျားနဲ့ မိန်းမအပေါ် အတော်လေး ခွဲခြားဆက်ဆံတဲ့သူမျိုး၊ သားရှင် ဆိုပြီး လက်မထောင်တတ်တဲ့ လူစားမျိုးတွေဆို နည်းနည်း သတိထားသင့်ပါတယ်။
တစ်ချိန်ကျရင် နင့်မိန်းမက အိမ်မှုကိစ္စလည်း မနိုင်ဘူး၊ တစ်ချိန်လုံး အပြင်ချည်း ထွက်နေတာပဲ၊ ငါ့သား ယောက်ျားဆိုတာ လှေကား ၃ ထစ်ဆင်းရင် လူပျို ပြန်ဖြစ်တယ်၊ ယောက်ျားလေးဆိုမှတော့ ဒီလောက်က အနည်းအပါး ရှိမှာပဲ၊ နင်က ခွင့်လွှတ်ပေးရမှာပေါ့ စသဖြင့် ပြောလာတတ်လို့ပါ။
၂။ Self-image
ပထမတစ်ချက်ကလို ပျိုးထောင်ပုံသွင်းခံခဲ့ရတော့ ကျွန်တော်တို့ ယောက်ျားတွေရဲ့ စိတ်ထဲမှာ ငါတို့က မြင့်မြတ်တယ်၊ မိန်းမတွေထက် တစ်ဆင့်မြင့်တယ် ဆိုတဲ့ အသိက ဝင်လာပါတယ်။ ငါတို့ပဲ ဦးဆောင်မယ်၊ ငါတို့ပဲ လုပ်ပေးမယ်၊ ငါတို့က အိမ်ထောင်ဦးစီး၊ မင်းဘဝကြီးကို ဘယ်လိုထားမယ်၊ လိုလေသေးမရှိအောင်၊ အများအားကျရအောင် ဖန်ဆင်းပေးမယ် စသဖြင့် တွေးထားတတ်ကြတယ်။
အိုခေ၊ ကိုယ်ကလည်း အရည်အချင်း ရှိတယ်၊ အဲ့လို ဦးဆောင်နိုင်တယ်ဆို ပြဿနာ မရှိပါဘူး။ ဒါပေမဲ့ ကိုယ်တိုင်က အရည်အချင်း မရှိလို့သော်လည်းကောင်း၊ မိန်းမက ပိုတော်နေလို့သော်လည်းကောင်း၊ ကျန်းမာရေး အခြေအနေကြောင့်ဖြစ်ဖြစ်၊ မျှော်လင့်မထားတဲ့ ပြဿနာ (ခုလို Covid) ကြောင့်ဖြစ်ဖြစ် အလုပ်ပြုတ်သွားတဲ့အခါမှာသော်လည်းကောင်း အဲဒီ ပြဿနာက စတက်လာပါတယ်။ ကျွန်တော်တို့ရဲ့ အတ္တ (Ego) ကို လာထိတာပေါ့။
ကျွန်တော်တို့တွေကလေ ပွဲတစ်ခုကို သွားတဲ့အခါ ဒါ ကျွန်မအမျိုးသားလေ ဆိုပြီး မိတ်ဆက်ခံချင်တာ မဟုတ်ပါဘူး။ ဒါ ကျွန်တော့်အမျိုးသမီးပါလို့ပဲ မိတ်ဆက်ပေးချင်တာပါ။ ဒါ အမျိုးသားအများစုရဲ့ ဆန္ဒပဲ။ ဒါကို သဘောမပေါက်တဲ့အခါ ငါ ဒီလောက် လိုလေသေးမရှိ ထားပေးပါရက်နဲ့၊ နင်တောင် ဘာမှ ရှာကျွေးစရာ မလိုဘူး အဲဒါကိုတောင် ဖောက်ပြန်ရလား ဆိုပြီး အပြစ်တင်ကြရော။
တကယ်တော့ အစ်မတို့ ညီမတို့ဆီမှာ မရခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ် လေးစားမှု (Self-esteem) က အဲ့ကောင်မလေးနဲ့မှ သွားရတာပါ။ လှတာ၊ ငယ်တာတွေနဲ့ပဲလည်း အခါခပ်သိမ်း ဆိုင်တာ မဟုတ်ပါဘူး။ ဒါကို ယောက်ျားအချင်းချင်းပဲ နားလည်ကြပါတယ်။ အိမ်တွင်းအကြမ်းဖက်မှုတွေမှာဆိုလည်း ဒီလို ကိုယ့်ကိုယ်ကိုယ် လေးစားမှု ပျောက်ဆုံးနေခြင်းက အကြောင်းရင်းတစ်ခုအနေနဲ့ ပါဝင်နေတယ်။ သူ့ထက် ခွန်အားနည်းတဲ့ မိန်းမကို နိုင်စားခြင်းကနေမှ အဲဒီလို Self-esteem ကို ရနေတာကိုး။
အဲဒီလို အသုံးမကျခြင်း၊ မအောင်မြင်ခြင်းတွေကို ထပ်ပြီး အားဖြည့်ပေးလိုက်တာက သူတို့ကိုယ်သူတို့ မြင်ထားတဲ့ Self-image ပဲ။
သူ့ရဲ့ ငယ်ဘဝမှာ မင်းက သောက်သုံးကို မကျဘူး။ မင်း ယောက်ျားဖြစ်ပြီး ဒါလေးတောင် မလုပ်တတ်ဘူးလား၊ မင်း အသက်ကြီးလာရင် မင်းမိသားစုကို မင်းဘယ်လိုဦးဆောင်မလဲ စတဲ့ အပြစ်တင်သံတွေနဲ့ ပြည့်နှက်နေခဲ့မယ်။
ဒါမှမဟုတ်လည်း ကလေးတစ်ယောက်လိုပဲ ထားခံခဲ့ရမယ်၊ ဟိုဟာဆိုလည်း မလုပ်နဲ့၊ ဒီဟာဆိုလည်း ဟယ် သားတစ်ယောက်တည်း မဖြစ်ပါဘူး၊ စိတ်မချဘူး၊ အမေတို့ပါ လိုက်မယ် စသဖြင့် လုပ်ခံခဲ့ရမယ် ဆိုရင် သူ့မှာ Negative self-image ရှိနေလိမ့်မယ်။
အဲဒီအခါ ကိုယ့်ကိုယ်ကိုယ် လေးစားမှုက ပျောက်လာမယ်။ ဘယ်သူနဲ့မဆို သူ့မိန်းမကို အထင်လွဲမယ်။ သူ့မိန်းမက သူ့ထက် တခြားတစ်ယောက်ကို ပိုအားကိုးနေတယ်၊ အထင်ကြီးနေတယ် ဆိုတဲ့ ခံစားချက်က ယောက်ျားတစ်ယောက်အတွက် သိပ်ခံရခက်တယ်။
မထက်မြက်ရဘူး မပြောပါဘူး။ ကိုယ့်ယောက်ျားရဲ့ Self-image က ဘယ်လိုနေတယ် ဆိုတာလေး ထည့်စဉ်းစားစေချင်တာ။ သူ့ကို တစ်နေ့တစ်နေ့ အသုံးဝင်နေတယ် ဆိုတဲ့ ခံစားချက်မျိုး ရအောင် လုပ်စေချင်တာ။
ပွဲတစ်ခုမှာ တက်ရောက်လာသူ အစ်မတစ်ယောက်က ထဆွေးနွေးတယ်။ သူက သူတို့မိသားစုမှာ ဝင်ငွေရှာသူ။ သူ့အမျိုးသားက အိမ်မှုကိစ္စလုပ်တယ်၊ နောက်ကနေ အကုန်ပံ့ပိုးပေးတယ်။ စစချင်းတော့ တဲ့၊ သူ့ယောက်ျားကို နောက်ကြပြောင်ကြတယ်ပေါ့လေ။ မင်းက မိန်းမရ ကံကောင်းတယ် ဘာညာပေါ့။ နောက်တော့ သူက အဲ့လိုနောက်တာကို မကြိုက်ကြောင်း ပြတ်ပြတ်သားသား ပြောတယ်၊ သူ့ယောက်ျားက သူတို့ မိသားစုအတွက် ဘယ်လောက်အရေးပါကြောင်း လူပုံအလယ် အမြဲ ရှင်းပြတယ်၊ အခွင့်ကြုံတိုင်းလည်း သူ့ယောက်ျားကို ချီးကျူးတယ်၊ ဒီလိုနဲ့ တဖြည်းဖြည်း အဆင်ပြေလာပါတယ် ဆိုပြီး ဝေမျှသွားပါတယ်။
သူ အဲ့လိုလုပ်လိုက်တာနဲ့ပဲ သူ့ယောက်ျားရဲ့ စိတ်တွေ တကယ်အဆင်ပြေမပြေတော့ ကျွန်တော်လည်း မသိဘူးပေါ့။ သို့သော် ယောက်ျားတွေရဲ့ စိတ်ကို နားလည်ပြီးမှ လုပ်သွားတဲ့ ချဉ်းကပ်မှုလေးကို သဘောကျလို့ ဝေမျှချင်တာပါပဲ။
၃။ အိမ်ထောင်ရေးကို အယုံအကြည် မရှိမှု
ငယ်ငယ်ကတည်းက အဖေနဲ့ အမေ ရန်ဖြစ်တာကို အမြဲမြင်တွေ့ ကြားသိနေခဲ့ရမယ်ဆိုရင် သူ့အတွက်တော့ အိမ်ထောင်ရေးဆိုတာ ပျော်ရွှင်မှုတွေကို အဆုံးသတ်စေတဲ့ အရာအဖြစ် စွဲနေတတ်တယ်။ တစ်ယောက်ယောက်နဲ့ တစ်ဘဝလုံး အတူတူ ဖြတ်သန်းရမှာကြီးကို စိုးရိမ်တယ်။ ငါ ဘယ်သူနဲ့မှ အဲ့လို အဆင်ပြေအောင် နေနိုင်မှာ မဟုတ်ဘူးလို့ ထင်မယ်။ လူတွေဟာ ပြောင်းလဲသွားမှာပဲ ဆိုတဲ့ အမြင်မျိုးနဲ့ပဲ ကြည့်မိနေမယ်။ အဲ့လိုလူမျိုးက ရည်းစားသာ ထားမယ်။ လက်ထပ်ဖို့ကျ တွန့်ဆုတ်နေတတ်တယ်။ အဲဒါ အပျော်ကြံတာ မဟုတ်ဘူး။ မချစ်တာ မဟုတ်ဘူး။ သူ့မှာ ရှိနေတဲ့ စိတ်ဒဏ်ရာအစွဲတစ်ခုပဲ။ နည်းနည်းလေး အဆင်မပြေ ဖြစ်ရင်ကို ကြိုးစားညှိနှိုင်းတာမျိုး မလုပ်တော့ဘဲ မြန်မြန်ဆန်ဆန် အဆုံးသတ်ပစ်လိုက်တတ်တယ်။ တကယ်က ပြဿနာက သိပ်မကြီးဘူး။ ငါနဲ့တော့ မဖြစ်ပါဘူး ဆိုတဲ့ အစွဲက အဓိက ပြဿနာပေးနေတာ။ အဲဒါကို ပြေပျောက်အောင် အတော်လေး ဖေးဖေးမမနဲ့ စိတ်ရှည်ပေးရပါလိမ့်မယ်။
၄။ တစ်ဖက်သားအပေါ် ယုံကြည်မှု နည်းပါးတာ
ကျွန်တော်တို့ သတိထားမိသည်ဖြစ်စေ၊ မထားမိသည်ဖြစ်စေ၊ ကိုယ့်ဘဝရဲ့ ပထမဦးဆုံး Idol ဟာ အဖေနဲ့ အမေပဲ။ ကိုယ် ခပ်ငယ်ငယ်မှာ အဖေက သစ္စာဖောက်သွားမယ်၊ အမေ့ပါးစပ်က ထွက်သမျှစကားက အလိမ်အညာတွေချည်း ဖြစ်နေမယ် ဆိုရင် အဲဒီကလေးက အသက်ကြီးလာတဲ့အခါ လူတွေကို အယုံအကြည်နည်းမယ်။ မယုံရင် မီးပွိုင့်မှာ စံပယ်ပန်း ရောင်းတဲ့ ကလေးတွေကို ပိုက်ဆံ နောက်မှ ပြန်လာပေးမယ်၊ လောလောဆယ် ပန်းအရင်ပေးလိုက် ဆို ပေးမလား မပေးဘူးလား စမ်းကြည့်ပါ။ ပေးမှာ မဟုတ်ပါဘူး။ ဘာလို့လဲ။ မယုံလို့ပါ။ လူတွေကို ယုံရင် ငါပဲ ခံရမှာ ဆိုတဲ့ အသိကို သူတို့ဘဝက သင်ပေးထားလို့ပါ။
အဲဒီအခါ ကိုယ့်ရဲ့ ဘာမဟုတ်တဲ့ ဖုံးကွယ်မှုလေးတစ်ခုကတင် သူ့ကို ဒဏ်ရာတွေ ရစေလိမ့်မယ်။ မပြောပလောက်တဲ့ အထင်လွဲစရာလေးက သူနဲ့ကိုယ်နဲ့ ဆက်ဆံရေးကို အဖုအထစ် ဖြစ်စေလိမ့်မယ်။
ကိုယ့်ဘက်က ကြည့်ရင်တော့ ငါ့ကို မယုံတာလား၊ ငါ့ကို စော်ကားတယ်ပေါ့။ တကယ်တော့ သူကိုယ်က အယုံအကြည် နည်းတာပါ။ ဒါကို နားလည်ပေးပြီး သတိထားပေးမယ်ဆိုရင် အဆင်ပြေနိုင်ပါတယ်။
စိတ်ဒဏ်ရာ ဆိုတဲ့ Psychological trauma က ကူးစက်ရောဂါတော့ မဟုတ်ပေမဲ့ သူ့ကိုယ်သူ သတိမထားမိရင် ဘေးပတ်ဝန်းကျင်ကို ဒုက္ခလိုက်ပေးတတ်တဲ့ သဘောရှိတယ်။ နောက်ဆုံး ကိုယ်ကနေ ကိုယ့်လိုပဲ စိတ်ဒဏ်ရာအပြည့်နဲ့ ဖြစ်နေမဲ့ ကောင်ကလေး၊ ကောင်မကလေးတွေကို လူ့လောကကြီးဆီ ထပ်တင်ပို့လိုက်သလို ဖြစ်သွားတတ်ပါတယ်။
ဒါကြောင့် ကိုယ့်မှာ ရှိနေတဲ့ စိတ်ဒဏ်ရာတွေကို သတိထားမိအောင် လုပ်ပါ။ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ စာအုပ်တွေ၊ အဲ့လို စိတ်ဒဏ်ရာတွေအကြောင်း သေသေချာချာ ရေးဖွဲ့ထားတဲ့ ဝတ္ထုတွေ ဖတ်ပါ။ လိုအပ်ရင်လည်း ကျွမ်းကျင်သူနဲ့ ဆွေးနွေးကြည့်ပါ။ မရှက်ပါနဲ့။ ရှက်စရာလည်း မဟုတ်ပါဘူး။ မရှိဘူး မဖြစ်ဘူးဆိုပြီး အတင်းချိုးနှိမ်ထားတာက ပိုဆိုးစေပါတယ်။ ကိုယ့်လက်တွဲဖော်ကိုလည်း ပွင့်ပွင့်လင်းလင်း ပြောပြထားပါ။ သူ့မှာရော ဘယ်လိုစိတ်ဒဏ်ရာတွေ ရှိနေလဲ သိအောင်လုပ်ပါ။ နားလည်ပေးပါ။ ဖေးမပေးပါ။
အပြီးသတ် ပျောက်မပျောက်တော့ မသိပေမဲ့၊ ရှိနေမှန်း မသိတာ၊ အတင်းဖုံးကွယ် ငြင်းဆန်ထားတာထက်စာရင် အရှိအတိုင်း လက်ခံပေးလိုက်တာ၊ ကုစားဖို့ ကြိုးစားတာက ပိုကောင်းတယ်ဆိုတာတော့ အသေအချာပါပဲ။
ဒေါက်တာ ဖြိုးသီဟ

No comments:
Post a Comment