Friday, April 17, 2020

ကြက်ကြော်အချိုနှပ် - ရေမုန်ညင်းပဲပုပ်ကြော် - ဝက်အူချောင်းပင်စိမ်းအစပ်ဟင်း - ကြက်ဥပေါင်းချက်



ကြက်ကြော်အချိုနှပ်
--------------------------
ပါဝင်ပစ္စည်းများ
• ကြက်သား  -  ၂၅၀ ဂရမ်
• ခရမ်းချဉ်သီး  -  ၂ လုံး
• ကြက်သွန်ဖြူ  -  ၅ မြွှာ
• ကြက်သွန်နီ  -  ၁ လုံး
• ကော်မှုန့်  -  အနည်းငယ်
• ပဲငံပြာရည်အကြည်  -  အနည်းငယ်
• ပဲငံပြာရည်အနောက်  -  အနည်းငယ်
• ဆား  -  အနည်းငယ်
• ငရုတ်သီးကြော်  -  အနည်းငယ်
• သကြား  -  အနည်းငယ်
• ငရုတ်ကောင်းမှုန့်  -  အနည်းငယ်
• ဆီ  -  အနည်းငယ်
• ကြက်သွန်မြိတ်  -  အနည်းငယ်
• ချင်း  -  အနည်းငယ်
• တရုတ်နံနံပင်  -  အနည်းငယ်
• နှမ်းဆီမွှေး  -  အနည်းငယ်


ပြုလုပ်နည်း
 ကြက်သွန်ဖြူကို ဓားပြားရိုက်ထားပါ။ ပြီးလျှင် ခရမ်း ချဉ်သီး၊ ကြက်သွန်နီနှင့် ချင်းတို့ကို  လှီးထားပါ။ ကြက် သွန်မြိတ်ကို အနေတော်လှီးဖြတ်ပါ။ တရုတ်နံနံကိုလည်း အနေတော် လှီးဖြတ်ပါ။ ကြက်သားကို ငရုတ်ကောင်းမှုန့်၊ သကြား၊ ဆား အနည်းငယ်၊ နှမ်းဆီမွှေး အနည်းငယ်၊ ရေအနည်းငယ်နှင့် ကော်မှုန့် အနည်းငယ် ထည့်ပြီး မွှေပါ။ အရသာနယ်ပြီးလျှင် ဆီပူပူမှာြွကပ်အောင် ကြော်ပါ။
 ဒယ်အိုးကို အပူပေး၍ ဆီထည့်ပြီး ဆီပူလာလျှင် ကြက်သွန်ဖြူနှင့် ချင်းကို ဆီသတ်ပါ။ အနံ့မွှေးလာပြီဆို လျှင် ကြော်ထားသော ကြက်သားထည့်ပါ။ အရသာများ အဖြစ် ပဲငံပြာရည်အကြည်/အနောက်၊ သကြား၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ကို ထည့်ပါ။ ရေ အနည်းငယ် ထည့် ပါ။ ရေဆူလာပြီဆိုလျှင် အကွင်းလိုက်လှီးထားသော ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ တရုတ်နံနံ၊ ကြက်သွန်ဖြူနှင့် ကြက်သွန်မြိတ်တို့ကို ထည့်ပါ။ ကြော်ထားသော ငရုတ်သီးကြော် အနည်းငယ်ထည့်ပါ။ အနံ့အရသာ ပြည့်စုံပြီဆိုလျှင် ပန်းကန်ပြင်ပြီး သုံးဆောင်နိုင်ပါပြီ။
----------------------------------
Eant Wint Htut

ရေမုန်ညင်းပဲပုပ်ကြော် (Stir Fried Watercress)
------------------------------------------------------------


 သဘာဝ အလေ့ကျပေါက်တဲ့ ရေမုန်ညင်းကိုတော့ များသောအားဖြင့် ရှမ်းပြည်နယ်တွေမှာ တွေ့ရတတ်ပါတယ်။ ယခုအခါ ဆိုဖီယာနေတဲ့ နယူးဇီလန်နိုင်ငံမှာလည်း ရာသီဥတုအေးတဲ့ အရပ်ဒေသမို့ ရေမုန်ညင်းတွေကို ကိုယ်တိုင် သွားခူးပြီး ရှမ်းပြည်နယ် အလွမ်းပြေ ကြော်စားဖြစ်တာလေးပါ။ ရေမုန်ညင်းကို သုပ်စား၊ ကြော်စား၊ ဟင်းချိုချက်စား နိုင်ပါတယ်။ ယခုတော့ ရှမ်းပဲပုပ်လေးနဲ့ ကြော်ထားတဲ့နည်းလေး မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
• ရေမုန်ညင်း  -  ၁ ပန်းကန်
• ရှမ်းပဲပုပ်ထောင်း  -  စားပွဲဇွန်း ၁ ဇွန်း
• မြေပဲထောင်း  -  ၂ ဇွန်း
• ဆား  -  အနည်းငယ်
• ဆီ  -  အနည်းငယ်

ပြုလုပ်နည်း
၁။ ဦးစွာ ရေမုန်ညင်းနုနုကို အနေတော်အရွယ်လေးများ ဖြတ်တောက်၍ ရေဆေးပြီး ရေစစ်ထားပါ။
၂။ ရှမ်းပဲပုပ်ကို မီးကင်ပြီး ထောင်းထားပါ။
၃။ မြေပဲဆံကို လှော်ပြီး မညက်တညက် ထောင်းထားပါ။
၎။ အားလုံးအသင့်ဖြစ်လျှင် ကြော်မည့်အိုးကို အပူပေးပြီး ဆီထည့်ပါ။
၅။ ဆီပူလာလျှင် ရေဆေးပြီး ရေစစ်ထားသော ရေမုန်ညင်းကို ထည့်ကြော်ပါ။ ရှမ်းပဲပုပ်ထောင်းနှင့် မြေပဲဆံလှော်ထောင်းတို့ကို ထည့်ပါ။ အသုံးပြုသော ပဲပုပ်ပေါ် မူတည်၍ ဆားကို လိုသလောက် ထည့်ပြီး အားလုံးသမအောင် မွှေပါ။ လိုအပ်လျှင် ရေ အနည်းငယ်ထည့်ပါ။ မီးပြင်းပြင်းဖြင့် ခဏသာ ကြော်ပြီး အရသာအပေါ့အငန် မြည်းကာ ထမင်းပူပူဖြင့် တွဲဖက်တည်ခင်းနိုင်ပါပြီ။
--------------------------------
Sofia

ဝက်အူချောင်းပင်စိမ်းအစပ်ဟင်း
-------------------------------------


ပါဝင်ပစ္စည်းများ
• ဝက်အူချောင်း  -  ၆ ချောင်း
• ပင်စိမ်းရွက်  -  ၂ ဂရမ်
• ကြက်သွန်မြိတ်  -  အနည်းငယ်
• ကြက်သွန်ဖြူ  -  ၅ မြွှာ
• ကြက်သွန်နီ  -  ၂ လုံး
• ငရုတ်သီးအနီ  -  အနည်းငယ်
• ငရုတ်သီးစိမ်း  -  ၅ တောင့်ခန့်
• ဆီ  -  စားပွဲဇွန်း ၂ ဇွန်း
• ဆား  -  အနည်းငယ်
• သကြား  -  အနည်းငယ်
• ငရုတ်ကောင်းမှုန့်  -  အနည်းငယ်
• ငံပြာရည်  -  အနည်းငယ်
• ခရုဆီ  -  စားပွဲဇွန်း ၁ ဇွန်း
• ကော်ရည်  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ပဲငံပြာရည်အကြည်  -  အနည်းငယ်

ပြုလုပ်နည်း
 ကြက်သွန်ဖြူကို ဓားပြားရိုက်ပါ။ ကြက်သွန်နီကို ပါးပါးလှီးပြီး ကြက်သွန်မြိတ်ကို အနေတော်လှီးဖြတ်ပါ။ ပင်စိမ်းအရွက်များြွေခထားပါ။ ငရုတ်သီးများကို ထက်ခြမ်းခြမ်းပါ။ ဝက်အူချောင်းကို အနေတော် လှီးဖြတ်ပါ။ ဒယ်အိုးကို အပူပေး၍ ဆီထည့်ပြီး ဆီပူ လာလျှင် ကြက်သွန်ဖြူ/နီကို ဆီသတ်ပါ။ ကြက်သွန်နံ့ မွှေးလာလျှင် ဝက်အူချောင်းထည့်ပါ။ ဝက်အူချောင်း အနံ့မွှေးလာလျှင် ငရုတ်သီးထည့်ပါ။ အရသာများ
အတွက် ခရုဆီ၊ ပဲငံပြာရည်အကြည်၊ ငံပြာရည်၊ ဆား၊ သကြားနှင့် ငရုတ်ကောင်းတို့ကို ထည့်ပါ။ ရေဆူလာ
လျှင် ကြက်သွန်မြိတ်နှင့် ပင်စိမ်းကို ထည့်ပါ။ အနံ့
အရသာပြည့်စုံလျှင် ကော်ရည်ထည့်ပါ။
------------------------------
Eant Wint Htut

ကြက်ဥပေါင်းချက်
------------------------


 ဒါလေးကတော့ ကြက်ဥကို ငြီးငွေ့လာသူတွေအတွက် စားကောင်း စေမယ့် ကြက်ဥပေါင်းချက်လေးပါ။ စားကောင်းလို့ ချက်စားကြည့်ပါနော်။

ပါဝင်ပစ္စည်းများ
• ကြက်ဥ  -  ၁၀ လုံး  (ကြက်ဥပေါင်းရန်)
• ဂျုံမှုန့်  -  စားပွဲဇွန်း ၂ ဇွန်း
• ချင်းရည်  -  အနည်းငယ်
• ကြက်သွန်ဖြူရည်  -  အနည်းငယ်
• နံနံပင်  -  အနည်းငယ်
• ငရုတ်သီးစိမ်း  -  အနည်းငယ်
• ဆား  -  လက်ဖက်ရည်ဇွန်း ၁  ၁/၂ ဇွန်း

ကြက်ဥပေါင်းနည်း
၁။ ဦးစွာ ကြက်ဥကို ပွလာအောင် ခေါက်ပါ။ နံနံပင်မှလွဲ၍ ကျန်ပါဝင် ပစ္စည်းများအားလုံး ထည့်ခေါက်ပြီး ပေါင်းမည့်ပန်းကန်ထဲ ထည့်၍ အပေါ်မှာ နံနံပင်ဖြူးပြီး ရေနွေးငွေ့နှင့် ကျက်သည်အထိ ပေါင်းပါ။
၂။ ကြက်ဥပေါင်းကို စိတ်ကြိုက်ပုံစံ လှီးထားပါ။

ကြက်ဥပေါင်းချက်ရန် ပါဝင်ပစ္စည်းများ
• ကြက်သွန်နီ  -  ၂ လုံး
• ကြက်သွန်ဖြူ  -  ၁ လုံး
• ခရမ်းချဉ်သီး  -  ၂ လုံး
• ငရုတ်သီးအစိမ်းမှုန့်  -  စားပွဲဇွန်း ၁/၂ ဇွန်း
• ဆီ  -  ၅ ကျပ်သား
• ဆား  -  သင့်ရုံ
• သကြား  -  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
• ငံပြာရည်  -  စားပွဲဇွန်း ၁/၂ ဇွန်း

ပြုလုပ်နည်း
၁။ ကြက်သွန်ဖြူ/နီနှင့် ခရမ်းချဉ်သီးကို လှီးထားပါ။ ဆီပူလာလျှင် ကြက်သွန်ဖြူ/နီကို ဆီသတ်ပါ။
၂။ နွမ်းလာလျှင် ငရုတ်အရောင်တင်မှုန့်၊ ခရမ်းချဉ်သီးနှင့် ငံပြာရည် ထည့်ပါ။ ခရမ်းချဉ်သီးများ လိပ်လာသည်အထိ ဆီသတ်ပါ။ ဆားနှင့် သကြားထည့်ပါ။ ရေနွေးလောင်းပြီး အနှစ်ကျအောင် ချက်ပါ။
၃။ အနှစ်ကျပြီး အရသာရှိပြီဆိုလျှင် လှီးထားတဲ့ ကြက်ဥပေါင်းကို ထည့်ပါ။ ကြက်ဥပေါင်းထည့်ပြီးလျှင် ခဏပဲ ချက်ရပါမယ်။ နောက်ဆုံးမှာ နံနံပင်လေး အုပ်ပါ။ ဆီလည် ရေလည်နဲ့ စားကောင်းစေတဲ့ ဟင်း တစ်မည်ပါ။
--------------------------------------
ပန်းခရေ

No comments: