Saturday, April 11, 2020

COVID-19 နဲ႔ လက္ရွိအေျခအေနကို သုံးသပ္ျခင္း (၀၈-၀၄-၂၀၂၀)

COVID-19 နဲ႔ လက္ရွိအေျခအေနကို သုံးသပ္ျခင္း (၀၈-၀၄-၂၀၂၀)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


ၿပီးခဲ့တဲ့လ WHO pandemic လို့ မထုတ္ျပန္ခင္ အစာအိမ္အူလမ္းေၾကာင္းေရာဂါ လကၡဏာ နဲ႔ COVID-19 အေၾကာင္းကိုေရးခဲ့ပါတယ္။ အျမဲတန္းမွန္မွန္လုပ္ေနၾကျဖစ္တဲ့  PRL (peer review learning) session ကို ကၽြန္ေတာ္တို့ Singapore GI အဖြဲ႕သားေတြ video conference  နဲ႔  ဒီလ အစပိုင္းမွာ လုပ္ၾကတဲ့အခါမွာလည္း စကၤာပူမွာ ေတြ႕ၾကဳံရတဲ့ အစာအိမ္အူလမ္းေၾကာင္း ေရာဂါလကၡဏာနဲ႔ COVID-19 cases အေၾကာင္းေတြကို ေဆြးေႏြးျဖစ္ၾကပါတယ္။ GI symptoms ေတြနဲ႔ လာတာ မမ်ားေပမဲ့လည္း အခုလိုအခ်ိန္မွာ ဝမ္းပ်က္ဝမ္းေလၽွာ၊ဝမ္းဗိုက္ေအာင့္ၿပီး ဖ်ားရင္ COVID ကိုလည္း စဥ္းစားသင့္ေၾကာင္း သိေစခ်င္ပါတယ္။ ၿပီးေတာ့ အခုလို အခ်ိန္မ်ိဳးမွာ အေရးေပၚအေျခအေနမ်ိဳး (ဥပမာ ေသြးအန္ ေသြးဝမ္းသြားၿပီး စိုးရိမ္ရတဲ့ အေျခအေန) မဟုတ္ရင္ အစာအိမ္ နဲ႔ အူမႀကီးမွန္ေျပာင္းမၾကည့္သင့္ပါဘူး။ လိုအပ္လို့ ၾကည့္ရရင္ေတာင္ case အားလုံးကို suspectes case လို့ သေဘာထားၿပီး မွန္ေျပာင္းအခန္းမွာရွိတဲ့လူအားလုံး ဝတ္စုံျပည့္ (full PPE) ဝတ္ရမဲ့အျပင္ အခန္းကလည္း negative pressure room ျဖစ္သင့္တယ္လို့ ကမၻာမွာရွိတဲ့ GI society ေတြက အႀကံျပဳထားပါတယ္။ ကၽြန္ေတာ္တို့ စကၤာပူ GI society ကလည္း အလားတူ recommendation ထုတ္ထားပါတယ္။

အခုဆို ဘယ္သတင္းဘဲၾကည့္ၾကည့္၊ ဘယ္ Facebook page ကို ဖတ္ဖတ္ COVID-19 နဲ႔ပတ္သက္ၿပီးဘဲ ေရးေနၾကပါတယ္။ ဒီပိုးက အသစ္ျဖစ္ေတာ့ မသိတဲ့ အခ်က္အလက္ေတြမ်ားတဲ့အျပင္ ေရးၾကတဲ့သူေတြရဲ့ ရွုေဒါင့္ေတြ မတူၾကတဲ့အတြက္ ဖတ္တဲ့သူေတြအေနနဲ႔ တခါတေလ ဇေဝဇဝါျဖစ္စရာအေၾကာင္းေလးေတြရွိပါတယ္။ ေနရာေပၚလိုက္ၿပီး covid မွာ မ်ိဳးကြဲ (strain) ေတြရွိေနတာကိုလည္းေတြ႕ရွိေနၾကပါၿပီ။ နိုင္ငံမတူလို့ ေရေျမသဘာဝ၊ရာသီဥတု၊ လူမွုဓေလ့ စရိုက္ ကြဲျပားၿပီး  နိုင္ငံေတာ္က ကိုင္တြယ္ေျဖရွင္းတဲ့ နည္း strategy ေတြမတူလို့ ေရာဂါျဖစ္ပြါးမွု၊ ေရာဂါျပင္းထန္မွု နဲ႔ အေသအေပ်ာက္ႏွုန္းေတြမတူၾကတာေတြကို အားလုံးသိၾကတဲ့အတိုင္းပါဘဲ။ ဘယ္သူမွန္တယ္၊ ဘယ္သူလိုတယ္လို့ေျပာလို့မရပါဘူး။ ကိုယ့္နိုင္ငံနဲ႔ဆီေလ်ာ္တဲ့ နည္းကို သုံးရမွာပါ။ အဲဒီလိုသုံးတဲ့ေနရာမွာ တာဝန္ရွိသူမ်ား၊ က်န္းမာေရးဝန္ထမ္းမ်ာနဲ႔ ျပည္သူလူထုတရပ္လုံး တသားတည္းျဖစ္ဘို့လိုပါတယ္။

ID physician မဟုတ္တဲ့ကၽြန္ေတာ့္အေနနဲ႔ ဒီပိုးအေၾကာင္း အေသးစိတ္မေျပာနိုင္ေပမဲ့ လက္ရွိ ကမၻာ့နိုင္ငံေတြမွာ က်င့္သုံးတဲ့ strategy နဲ႔ ျဖစ္ေနတဲ့အေျခအေနေတြထဲက ျပည္သူမ်ားသိသင့္တဲ့ အထူးသျဖင့္ ေရာဂါရွာေဖြျခင္း (Test), ကာကြယ္ျခင္း (Prevention) နဲ႔  ကုသျခင္း (Treatment) ေတြကို general physician တေယာက္အေနနဲ႔ ႀကိဳးစားၿပီးသုံးသပ္တင္ျပေပးပါမယ္။

ေရာဂါရွာေဖြျခင္း (Test)
~~~~~~~~~~~~~~~~
- ဘာ test လုပ္မွာလဲ?
- Test လုပ္တဲ့ရည္ရြယ္ခ်က္ကဘာလဲ?

Swab ယူၿပီး Virus ပိုးကို စစ္တဲ့ test (RT-PCR) က လုပ္သင္တဲ့ test ပါ။ ဒါေပမဲ့ ဒီ test လုပ္ဘို့ သတ္မွတ္တဲ့ အရည္အေသြးရွိတဲ့ ဓါတ္ခြဲခန္း၊ ပစၥည္း နဲ႔ ကၽြမ္းက်င္ပညာရွင္ေတြလိုပါတယ္။ ဒါေၾကာင့္ နိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ ဒီ test နဲ႔ တစ္ရက္ အေရအတြက္ မ်ားမ်ား မလုပ္နိုင္ၾကပါဘူး။ ေဆးပညာမွာ ဘယ္ test မဆို ၁၀၀%  sensitive and specific ျဖစ္တဲ့ test မရွိပါ။ ဒီ test မွာလည္း sample ယူတဲ့ေနရာမွာ လိုအပ္မွုရွိနိုင္သလို သယ္ယူရကအစ စက္မွာ runတဲ့အထိ အဆင့္တိုင္းမွာ လိုအပ္ခ်က္ရွိနိုင္ပါတယ္။ ဒါေၾကာင့္ ဒုတိယအႀကိမ္၊ တတိယအႀကိမ္စစ္မွ positive ျဖစ္တာေတြကိုေတြ႕ေနရတာပါ။

ဒီေနရာမွာ လက္ရွိရရွိေနတဲ့ rapid test လို့ေျပာတဲ့ test အေၾကာင္း ေျပာခ်င္ပါတယ္။ Serology Test လို့ ေခၚတဲ့ rapid test ဟာ ပိုးကိုစစ္တာမဟုတ္ပါဘူး။ ပိုး ကိုယ္ခႏၶာထဲဝင္ရင္ ခႏၶာကိုယ္က ထုတ္တဲ့ antibody (IgM & IgG) ရွိမရွိကို စစ္တာပါ။ ဒီေတာ့ ေရာဂါ လကၡဏာျပတဲ့ ပထမ ၁-၂ပတ္မွာ စစ္ရင္ antibody ေတြ႕ဘို့ ေတာ္ေတာ့္ကို နည္း(low sensitivity) တဲ့အတြက္ စစ္တာကို မတိုက္တြန္းေၾကာင္း Singapore MOH က က်န္းမာေရးဝန္ထမ္းေတြ အသိေပးထားပါတယ္။ ပိုးရွိရက္နဲ႔ မရွိဘူးလို့ အေျဖထြက္ရင္ (false negative) စစ္ေဆးခံရသူက ေနထိုင္စားေသာက္မွု မဆင္ျခင္ရင္ တျခားသူကို ပိုးျဖန္႔သလိုျဖစ္ေနမွာပါ။ တကယ္လို့ positive ျဖစ္ရင္ေတာင္ ပိုး၀င္ထားၿပီး antibody ထြက္တာကိုဘဲ သိနိုင္တာပါ။ ထြက္တဲ့ antibody က ထိုသူကိုအျပည့္အဝ ကာကြယ္နိုင္ မနိုင္၊ သူမ်ားကို ေရာဂါကူးနိုင္ မနိုင္ ဆိုတာကို မသိနိုင္တဲ့အတြက္ အခုအခ်ိန္မွာ ဒီ rapid test ကို လုပ္တဲ့အခါ positive ထြက္ရင္ ပိုတိက်တဲ့  RT-PCR နဲ႔တြဲလုပ္သင့္ေၾကာင္း ပညာရွင္ေတြက အႀကံျပဳထားပါတယ္။

ဒီေနရာမွာ ဘယ္သူေတြကို စစ္မလဲဆိုတာ ေမးစရာရွိပါတယ္။ ဒါကိုသိဘို့ စစ္ရတဲ့ရည္ရြယ္ခ်က္ကိုရွင္းရွင္းလင္းလင္းသိဘို့လိုပါတယ္။ အခုအခ်ိန္မွာ ေရာဂါပိုးကို နိုင္နင္းေပ်ာက္ကင္းနိုင္တဲ့ အမ်ားလက္ခံထားတဲ့ ေဆးရယ္လို့ သတ္သတ္မွတ္မွတ္မရွိေသးတဲ့အတြက္ public health ရွုေဒါင့္ကၾကည့္ရင္ လူမ်ားမ်ားမကူးစက္ေအာင္ကာကြယ္ဘို့က အဓိကပါ။ အဲဒီေတာ့အထူးသျဖင့္ သံသယရွိဘြယ္ covid ေရာဂါလကၡဏာရွိၿပီး ေဆး႐ုံတက္ဘို့ လိုအပ္တဲ့ ေရာဂါျပင္းထန္မွုရွိလာရင္ စစ္သင့္ပါတယ္။ ဒါမွ တျခားေရာဂါနဲ႔ ေဆး႐ုံတက္ေနတဲ့ လူနာေတြကို မကူးစက္ေအာင္ကာကြယ္နိုင္သလို ကၽြန္ေတာ္ တို့လို က်န္းမာေရးဝန္ထမ္းေတြလည္း positive လူနာၾကည့္တဲ့အခါ လိုအပ္တဲ့ ကာကြယ္မွု (ဥပမာ PPE) ေတြလုပ္နိုင္မွာပါ။ ၿပီးရင္ endemic area က လာတဲ့လူေတြကိုလည္းစစ္သင့္ပါတယ္။ လိုအပ္ရင္ quarantine လုပ္ရပါမယ္။

အဲဒီလူအုပ္စုၿပီးရင္ ေရာဂါလကၡဏာရွိေပမဲ့ မျပင္းထန္တဲ့သူ (mild symptomatic) ေတြကို စစ္မလားဆိုတာပါဘဲ။ အခုဆို ေရာဂါလကၡဏာမျပဘဲ ေရာဂါပိုးရွိေနတဲ့ (asymptomatic carrier) ေတြလည္း ပတ္ဝန္းက်င္မွာ ရွိေနတယ္ဆိုတဲ့ အေထာက္အထားေတြ နိုင္ငံေတာ္ေတာ္မ်ားမ်ားမွာေတြ႕ေနရပါၿပီ။ ပိုးကူးစက္ခံရသူေတြရဲ့ အမ်ားစုဟာ အခုလို mild symptoms ရွိတဲ့သူ နဲ႔ asymptomatic carrier ေတြပါ။ ဒီအေျခအေနကို ကိုင္တြယ္ေျဖရွင္းတာ တိုင္းျပည္တခုနဲ႔တခုမတူပါ။ swab Test နဲ႔ မ်ားမ်ားစစ္နိုင္ရင္ေတာ့ ပိုးရွိသူမ်ားမ်ားေတြ႕မွာပါ။ အေမရိကန္၊ ကိုရီးယား မွာလိုေပါ့။ ဒါေပမဲ့ အဲဒီလို လုပ္နိုင္ဘို့ လူအင္အား၊ ေငြပစၥည္းအင္အားရွိမွလုပ္နိုင္မွာမ်ိဳ့ နိုင္ငံေတာ္ေတာ္မ်ားမ်ား မလုပ္နိုင္ပါဘူး။ ၿပီးေတာ့ အဲဒီအုပ္စုထဲက positive ျဖစ္ရင္လည္း နိုင္ငံအမ်ားစုမွာ home quarantine နည္းကို သုံးၾကပါတယ္။ ဒီေတာ့ cost effectiveness ျဖစ္မျဖစ္ ခ်င့္ခ်ိန္ရပါမယ္။ home quarantine နည္းနဲ႔ ကူးစက္မွုႏွုန္းေႏွးၿပီးေလ်ာ့က်လာတဲ့အေထာက္အထားေတြအမ်ားႀကီးရွိေနပါၿပီ။ positive ျဖစ္တဲ့လူတိုင္းကို ေဆး႐ုံတင္ေနရင္ က်န္းမာေရးဝန္ထမ္းေတြၾကာရင္ ေျခကုန္လက္ပန္းၾကလာမွာပါ။

ကာကြယ္ျခင္း (Prevention)
~~~~~~~~~~~~~~~~~~
- ဘယ္လိုကာကြယ္မလဲ?

ျဖစ္ေနတဲ့ အေျခအေနေလးကေန ေနာက္ေျခလွမ္းတလွမ္းဆုတ္ၾကည့္လိုက္ရင္ ကာကြယ္မွုက ပိုအေရးႀကီးတာ ျမင္ေလာက္ပါၿပီ။ ဘယ္လို ကာကြယ္မွုကို ေျပာတာပါလဲ။ တကမၻာလုံးနီးပါးလိုလို လူစုလူေဝးမလုပ္ဘဲ၊ မလိုအပ္ရင္ အိမ္အျပင္မထြက္၊ အိမ္မွာဘဲေနတဲ့ နည္းကို ၾကည့္သုံးေနၾကပါၿပီ။  extended family ေတြကိုေတာင္ တအိမ္တည္းမေနရင္ အိမ္လည္မသြားဘို့ စကၤာပူအစိုးရက တိုက္တြန္းထားပါတယ္။ အဲဒီနည္းနဲ႔  mild symptoms ရွိတဲ့သူဘဲျဖစ္ျဖစ္၊ asymptomatic carrier ကဘဲျဖစ္ျဖစ္ ပိုးကို တျခားသူဆီမကူးေအာင္ ကာကြယ္နိုင္လို့ ပိုးျပန္႔ပြါးမွုေတြက်ဆင္းလာတဲ့ အေထာက္အထားေတြစေတြ႕ေနရပါၿပီ။ ဒီလိုလုပ္ရာမွာ ကမၻာမွာရွိတဲ့ နိုင္ငံေတြအားလုံးပူးေပါင္းလုပ္ၾကဘို့ လိုအပ္ေၾကာင္း နိုင္ငံေခါင္းေဆာင္ေတြက ေျပာေနၾကပါၿပီ။ ဘယ္ေလာက္ၾကာၾကာလုပ္ရမယ္ဆိုတာကိုေတာ့ ဘယ္သူမွ တိတိက်က်မေျပာနိုင္ေသးပါဘူး။ ၾကာလာခဲ့ရင္ေတာ့ ကမၻာ့စီးပြါးေရးကို ပိုမိုထိခိုက္လာမွာေတာ့ေသခ်ာပါတယ္။

ၿပီးေတာ့ အရင္ကေရးထားတဲ့ personal hygiene က အေရးပါဆဲပါ။ လက္ကို အနည္းဆုံးစကၠန္႔(၂၀) ပိုးသတ္ေဆးပါတဲ့ ဆပ္ျပာနဲ႔ေဆးပါ ၊ သို့မဟုတ္ alcohol ပါတဲ့ hand sanitizer သုံးပါ။ မၾကာခဏေဆးပါ။ကိုယ္ခံအားေကာင္းေနေအာင္ သင့္တင့္မၽွတတဲ့ အစားကို မွန္မွန္စားပါ၊ အိပ္ေရးဝေအာင္အိပ္ပါ၊ စိတ္ပူပင္မွုနည္းေအာင္ေနပါ။

ၿပီးတဲ့လက ေရးတုန္းက face mask ကို ေရာဂါလကၡဏာရွိသူေတြဝတ္သင့္ေၾကာင္းေရးခဲ့ပါတယ္။ အခုအခါမွာ လိုအပ္လို့ အိမ္ျပင္ထြက္ရင္ လူတိုင္းဝတ္သင့္ေၾကာင္း စကၤာပူဝန္ႀကီးခ်ဳပ္က ျပည္သူေတြကိုေျပာၾကားရာမွာ America မွာရွိတဲ့ CDC ရဲ့ အႀကံျပဳခ်က္ကို ကိုးကားၿပီးေျပာသြားခဲ့ပါတယ္။ Asymptomatic carrier ေတြရွိေနတဲ့ အေထာက္အထားေတြမ်ားလာတာေၾကာင့္ မိမိမွာ ရွိမွန္းမသိဘဲရွိေနရင္ တျခားသူကို ကူးစက္ေစနိုင္ပါတယ္။ ဒါေၾကာင့္ အားလုံးတာဝန္သိစြာ လိုက္နာၾကဘို့လိုပါတယ္။

ကုသျခင္း (Treatment)
~~~~~~~~~~~~~~~~

တိတိက်က်ထိထိမိမိကုနိုင္တဲ့ေဆးေတြကို စမ္းသပ္ေနဆဲပါ။ ေဆးအသစ္ထုတ္ဘို့ဆိုတာ phase ၃ခု ျဖတ္ေက်ာ္ရပါတယ္။ ကာကြယ္ေဆး (vaccine) လည္းအလားတူပါဘဲ။ ႂကြက္ေတြမွာ စမ္းတဲ့phase I နဲ႔ သာမန္လူေကာင္းေတြမွာ ေဆးရဲ့လွုပ္ရွားမွုနဲ႔ ခႏၶာကိုယ္က တုန္႔ျပန္မွု (pharmacokinetics and pharmacodynamics) ကို စမ္းတဲ့ phase II အဆင့္ေတြမွာ ေအာင္မွ phase III ဆိုတဲ့ လူနာေတြမွာ စမ္းတဲ့အဆင့္ေရာက္ပါတယ္။ Phase III ေအာင္လို့ ခြင့္ျပဳခ်က္ရရင္ စသုံးလို့ရပါၿပီ။ ဒါေတြအားလုံးအတြက္ ႏွစ္နဲ႔ခ်ီၿပီးၾကာပါတယ္။ Phase III မွာ ေကာင္းရင္ေတာင္ ေရရွည္ ေဘးထြက္ဆိုးက်ိဳး (longterm side effects) ရွိမရွိ ေဆးကို သုံးေနရင္း Phase IV အေနနဲ႔ ႏွစ္အေတာ္ၾကာစမ္းရပါတယ္။ Phase IV ရဲ့ side effect ေတြကို လက္မခံနိုင္လို့ ႐ုပ္သိမ္းသြားတဲ့ေဆးေတြလည္း အမ်ားႀကီးပါ။ ဒါေၾကာင့္ အခုအခ်ိန္မွာ ျမန္ျမန္ဆန္ဆန္ရနိုင္ေအာင္ တျခားေရာဂါေတြမွာသုံးတဲ့ေဆးေတြထဲက သင့္ေတာ္မဲ့ေဆးေတြကို COVID-19 လူနာေတြကိုေပးၿပီး စမ္းသပ္ေနၾကပါတယ္။ ေဆးဆိုတာ ေကာင္းက်ိဳးရဘို့ ေသာက္တဲ့အတြက္ ေဘးထြက္ဆိုးက်ိဳးေတြမ်ားရင္ အလြန္သတိထားရပါမယ္။ ေျပာခ်င္တာကေတာ့ ဆရာဝန္ မညႊန္ၾကားဘဲ မိမိသေဘာနဲ႔ COVID-19 ကာကြယ္ေဆး/ေပ်ာက္ေဆးဆိုၿပီးမေသာက္မိဘို့ အေရးႀကီးပါတယ္။

အသက္ႀကီးတဲ့သူ၊ အသက္မႀကီးေသာ္လည္းတျခားေရာဂါရွိတဲ့သူ၊ ကိုယ္ခံအားနည္းေစတဲ့ေဆးေတြေသာက္ေနသူေတြ သံသယျဖစ္ဘြယ္ေရာဂါလကၡဏာေတြရွိလာရင္ အခုလိုအေျခအေနအတြက္ဖြင့္ထားတဲ့ ေဆး႐ုံ ေဆးခန္းေတြမွာရွိတဲ့ တတ္သိနားလည္တဲ့ပညာရွင္ဆရာဝန္ေတြနဲ႔ ေစာေစာစီးစီး ျပသၾကဘို့ အႀကံျပဳခ်င္ပါတယ္။

Corona virus ပိုး ကူးစက္ျခင္းမွ ကင္းေဝးနိုင္ၾကပါေစ။
Corona virus ပိုး ျပန္႔ပြါးမွုကို အခ်ိန္မွီထိန္းခ်ဳပ္နိုင္ၾကပါေစ။
Corona virus ပိုး ကမၻာေျမမွ အျမန္ဆုံး ပေပ်ာက္နိုင္ပါေစ။

Dr Thwin Maung Aye
Consultant Gastroenterologist & Hepatologist
MBBS(Yangon), MRCP (UK), FRCP (Edinburgh), FAMS Gastroenterology (Singapore)
Thwin’s Liver & Gastro Clinic, Gleneagles Medical Centre, Singapore

(Unicode)

COVID-19 နဲ့ လက်ရှိအခြေအနေကို သုံးသပ်ခြင်း (၀၈-၀၄-၂၀၂၀)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ပြီးခဲ့တဲ့လ WHO pandemic လို့ မထုတ်ပြန်ခင် အစာအိမ်အူလမ်းကြောင်းရောဂါ လက္ခဏာ နဲ့ COVID-19 အကြောင်းကိုရေးခဲ့ပါတယ်။ အမြဲတန်းမှန်မှန်လုပ်နေကြဖြစ်တဲ့  PRL (peer review learning) session ကို ကျွန်တော်တို့ Singapore GI အဖွဲ့သားတွေ video conference  နဲ့  ဒီလ အစပိုင်းမှာ လုပ်ကြတဲ့အခါမှာလည်း စင်္ကာပူမှာ တွေ့ကြုံရတဲ့ အစာအိမ်အူလမ်းကြောင်း ရောဂါလက္ခဏာနဲ့ COVID-19 cases အကြောင်းတွေကို ဆွေးနွေးဖြစ်ကြပါတယ်။ GI symptoms တွေနဲ့ လာတာ မများပေမဲ့လည်း အခုလိုအချိန်မှာ ဝမ်းပျက်ဝမ်းလျှော၊ဝမ်းဗိုက်အောင့်ပြီး ဖျားရင် COVID ကိုလည်း စဉ်းစားသင့်ကြောင်း သိစေချင်ပါတယ်။ ပြီးတော့ အခုလို အချိန်မျိုးမှာ အရေးပေါ်အခြေအနေမျိုး (ဥပမာ သွေးအန် သွေးဝမ်းသွားပြီး စိုးရိမ်ရတဲ့ အခြေအနေ) မဟုတ်ရင် အစာအိမ် နဲ့ အူမကြီးမှန်ပြောင်းမကြည့်သင့်ပါဘူး။ လိုအပ်လို့ ကြည့်ရရင်တောင် case အားလုံးကို suspectes case လို့ သဘောထားပြီး မှန်ပြောင်းအခန်းမှာရှိတဲ့လူအားလုံး ဝတ်စုံပြည့် (full PPE) ဝတ်ရမဲ့အပြင် အခန်းကလည်း negative pressure room ဖြစ်သင့်တယ်လို့ ကမ္ဘာမှာရှိတဲ့ GI society တွေက အကြံပြုထားပါတယ်။ ကျွန်တော်တို့ စင်္ကာပူ GI society ကလည်း အလားတူ recommendation ထုတ်ထားပါတယ်။

အခုဆို ဘယ်သတင်းဘဲကြည့်ကြည့်၊ ဘယ် Facebook page ကို ဖတ်ဖတ် COVID-19 နဲ့ပတ်သက်ပြီးဘဲ ရေးနေကြပါတယ်။ ဒီပိုးက အသစ်ဖြစ်တော့ မသိတဲ့ အချက်အလက်တွေများတဲ့အပြင် ရေးကြတဲ့သူတွေရဲ့ ရှုဒေါင့်တွေ မတူကြတဲ့အတွက် ဖတ်တဲ့သူတွေအနေနဲ့ တခါတလေ ဇဝေဇဝါဖြစ်စရာအကြောင်းလေးတွေရှိပါတယ်။ နေရာပေါ်လိုက်ပြီး covid မှာ မျိုးကွဲ (strain) တွေရှိနေတာကိုလည်းတွေ့ရှိနေကြပါပြီ။ နိုင်ငံမတူလို့ ရေမြေသဘာဝ၊ရာသီဥတု၊ လူမှုဓလေ့ စရိုက် ကွဲပြားပြီး  နိုင်ငံတော်က ကိုင်တွယ်ဖြေရှင်းတဲ့ နည်း strategy တွေမတူလို့ ရောဂါဖြစ်ပွါးမှု၊ ရောဂါပြင်းထန်မှု နဲ့ အသေအပျောက်နှုန်းတွေမတူကြတာတွေကို အားလုံးသိကြတဲ့အတိုင်းပါဘဲ။ ဘယ်သူမှန်တယ်၊ ဘယ်သူလိုတယ်လို့ပြောလို့မရပါဘူး။ ကိုယ့်နိုင်ငံနဲ့ဆီလျော်တဲ့ နည်းကို သုံးရမှာပါ။ အဲဒီလိုသုံးတဲ့နေရာမှာ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းမျာနဲ့ ပြည်သူလူထုတရပ်လုံး တသားတည်းဖြစ်ဘို့လိုပါတယ်။

ID physician မဟုတ်တဲ့ကျွန်တော့်အနေနဲ့ ဒီပိုးအကြောင်း အသေးစိတ်မပြောနိုင်ပေမဲ့ လက်ရှိ ကမ္ဘာ့နိုင်ငံတွေမှာ ကျင့်သုံးတဲ့ strategy နဲ့ ဖြစ်နေတဲ့အခြေအနေတွေထဲက ပြည်သူများသိသင့်တဲ့ အထူးသဖြင့် ရောဂါရှာဖွေခြင်း (Test), ကာကွယ်ခြင်း (Prevention) နဲ့  ကုသခြင်း (Treatment) တွေကို general physician တယောက်အနေနဲ့ ကြိုးစားပြီးသုံးသပ်တင်ပြပေးပါမယ်။

ရောဂါရှာဖွေခြင်း (Test)
~~~~~~~~~~~~~~~~
- ဘာ test လုပ်မှာလဲ?
- Test လုပ်တဲ့ရည်ရွယ်ချက်ကဘာလဲ?

Swab ယူပြီး Virus ပိုးကို စစ်တဲ့ test (RT-PCR) က လုပ်သင်တဲ့ test ပါ။ ဒါပေမဲ့ ဒီ test လုပ်ဘို့ သတ်မှတ်တဲ့ အရည်အသွေးရှိတဲ့ ဓါတ်ခွဲခန်း၊ ပစ္စည်း နဲ့ ကျွမ်းကျင်ပညာရှင်တွေလိုပါတယ်။ ဒါကြောင့် နိုင်ငံတော်တော်များများမှာ ဒီ test နဲ့ တစ်ရက် အရေအတွက် များများ မလုပ်နိုင်ကြပါဘူး။ ဆေးပညာမှာ ဘယ် test မဆို ၁၀၀%  sensitive and specific ဖြစ်တဲ့ test မရှိပါ။ ဒီ test မှာလည်း sample ယူတဲ့နေရာမှာ လိုအပ်မှုရှိနိုင်သလို သယ်ယူရကအစ စက်မှာ runတဲ့အထိ အဆင့်တိုင်းမှာ လိုအပ်ချက်ရှိနိုင်ပါတယ်။ ဒါကြောင့် ဒုတိယအကြိမ်၊ တတိယအကြိမ်စစ်မှ positive ဖြစ်တာတွေကိုတွေ့နေရတာပါ။

ဒီနေရာမှာ လက်ရှိရရှိနေတဲ့ rapid test လို့ပြောတဲ့ test အကြောင်း ပြောချင်ပါတယ်။ Serology Test လို့ ခေါ်တဲ့ rapid test ဟာ ပိုးကိုစစ်တာမဟုတ်ပါဘူး။ ပိုး ကိုယ်ခန္ဓာထဲဝင်ရင် ခန္ဓာကိုယ်က ထုတ်တဲ့ antibody (IgM & IgG) ရှိမရှိကို စစ်တာပါ။ ဒီတော့ ရောဂါ လက္ခဏာပြတဲ့ ပထမ ၁-၂ပတ်မှာ စစ်ရင် antibody တွေ့ဘို့ တော်တော့်ကို နည်း(low sensitivity) တဲ့အတွက် စစ်တာကို မတိုက်တွန်းကြောင်း Singapore MOH က ကျန်းမာရေးဝန်ထမ်းတွေ အသိပေးထားပါတယ်။ ပိုးရှိရက်နဲ့ မရှိဘူးလို့ အဖြေထွက်ရင် (false negative) စစ်ဆေးခံရသူက နေထိုင်စားသောက်မှု မဆင်ခြင်ရင် တခြားသူကို ပိုးဖြန့်သလိုဖြစ်နေမှာပါ။ တကယ်လို့ positive ဖြစ်ရင်တောင် ပိုးဝင်ထားပြီး antibody ထွက်တာကိုဘဲ သိနိုင်တာပါ။ ထွက်တဲ့ antibody က ထိုသူကိုအပြည့်အဝ ကာကွယ်နိုင် မနိုင်၊ သူများကို ရောဂါကူးနိုင် မနိုင် ဆိုတာကို မသိနိုင်တဲ့အတွက် အခုအချိန်မှာ ဒီ rapid test ကို လုပ်တဲ့အခါ positive ထွက်ရင် ပိုတိကျတဲ့  RT-PCR နဲ့တွဲလုပ်သင့်ကြောင်း ပညာရှင်တွေက အကြံပြုထားပါတယ်။

ဒီနေရာမှာ ဘယ်သူတွေကို စစ်မလဲဆိုတာ မေးစရာရှိပါတယ်။ ဒါကိုသိဘို့ စစ်ရတဲ့ရည်ရွယ်ချက်ကိုရှင်းရှင်းလင်းလင်းသိဘို့လိုပါတယ်။ အခုအချိန်မှာ ရောဂါပိုးကို နိုင်နင်းပျောက်ကင်းနိုင်တဲ့ အများလက်ခံထားတဲ့ ဆေးရယ်လို့ သတ်သတ်မှတ်မှတ်မရှိသေးတဲ့အတွက် public health ရှုဒေါင့်ကကြည့်ရင် လူများများမကူးစက်အောင်ကာကွယ်ဘို့က အဓိကပါ။ အဲဒီတော့အထူးသဖြင့် သံသယရှိဘွယ် covid ရောဂါလက္ခဏာရှိပြီး ဆေးရုံတက်ဘို့ လိုအပ်တဲ့ ရောဂါပြင်းထန်မှုရှိလာရင် စစ်သင့်ပါတယ်။ ဒါမှ တခြားရောဂါနဲ့ ဆေးရုံတက်နေတဲ့ လူနာတွေကို မကူးစက်အောင်ကာကွယ်နိုင်သလို ကျွန်တော် တို့လို ကျန်းမာရေးဝန်ထမ်းတွေလည်း positive လူနာကြည့်တဲ့အခါ လိုအပ်တဲ့ ကာကွယ်မှု (ဥပမာ PPE) တွေလုပ်နိုင်မှာပါ။ ပြီးရင် endemic area က လာတဲ့လူတွေကိုလည်းစစ်သင့်ပါတယ်။ လိုအပ်ရင် quarantine လုပ်ရပါမယ်။

အဲဒီလူအုပ်စုပြီးရင် ရောဂါလက္ခဏာရှိပေမဲ့ မပြင်းထန်တဲ့သူ (mild symptomatic) တွေကို စစ်မလားဆိုတာပါဘဲ။ အခုဆို ရောဂါလက္ခဏာမပြဘဲ ရောဂါပိုးရှိနေတဲ့ (asymptomatic carrier) တွေလည်း ပတ်ဝန်းကျင်မှာ ရှိနေတယ်ဆိုတဲ့ အထောက်အထားတွေ နိုင်ငံတော်တော်များများမှာတွေ့နေရပါပြီ။ ပိုးကူးစက်ခံရသူတွေရဲ့ အများစုဟာ အခုလို mild symptoms ရှိတဲ့သူ နဲ့ asymptomatic carrier တွေပါ။ ဒီအခြေအနေကို ကိုင်တွယ်ဖြေရှင်းတာ တိုင်းပြည်တခုနဲ့တခုမတူပါ။ swab Test နဲ့ များများစစ်နိုင်ရင်တော့ ပိုးရှိသူများများတွေ့မှာပါ။ အမေရိကန်၊ ကိုရီးယား မှာလိုပေါ့။ ဒါပေမဲ့ အဲဒီလို လုပ်နိုင်ဘို့ လူအင်အား၊ ငွေပစ္စည်းအင်အားရှိမှလုပ်နိုင်မှာမျို့ နိုင်ငံတော်တော်များများ မလုပ်နိုင်ပါဘူး။ ပြီးတော့ အဲဒီအုပ်စုထဲက positive ဖြစ်ရင်လည်း နိုင်ငံအများစုမှာ home quarantine နည်းကို သုံးကြပါတယ်။ ဒီတော့ cost effectiveness ဖြစ်မဖြစ် ချင့်ချိန်ရပါမယ်။ home quarantine နည်းနဲ့ ကူးစက်မှုနှုန်းနှေးပြီးလျော့ကျလာတဲ့အထောက်အထားတွေအများကြီးရှိနေပါပြီ။ positive ဖြစ်တဲ့လူတိုင်းကို ဆေးရုံတင်နေရင် ကျန်းမာရေးဝန်ထမ်းတွေကြာရင် ခြေကုန်လက်ပန်းကြလာမှာပါ။

ကာကွယ်ခြင်း (Prevention)
~~~~~~~~~~~~~~~~~~
- ဘယ်လိုကာကွယ်မလဲ?

ဖြစ်နေတဲ့ အခြေအနေလေးကနေ နောက်ခြေလှမ်းတလှမ်းဆုတ်ကြည့်လိုက်ရင် ကာကွယ်မှုက ပိုအရေးကြီးတာ မြင်လောက်ပါပြီ။ ဘယ်လို ကာကွယ်မှုကို ပြောတာပါလဲ။ တကမ္ဘာလုံးနီးပါးလိုလို လူစုလူဝေးမလုပ်ဘဲ၊ မလိုအပ်ရင် အိမ်အပြင်မထွက်၊ အိမ်မှာဘဲနေတဲ့ နည်းကို ကြည့်သုံးနေကြပါပြီ။  extended family တွေကိုတောင် တအိမ်တည်းမနေရင် အိမ်လည်မသွားဘို့ စင်္ကာပူအစိုးရက တိုက်တွန်းထားပါတယ်။ အဲဒီနည်းနဲ့  mild symptoms ရှိတဲ့သူဘဲဖြစ်ဖြစ်၊ asymptomatic carrier ကဘဲဖြစ်ဖြစ် ပိုးကို တခြားသူဆီမကူးအောင် ကာကွယ်နိုင်လို့ ပိုးပြန့်ပွါးမှုတွေကျဆင်းလာတဲ့ အထောက်အထားတွေစတွေ့နေရပါပြီ။ ဒီလိုလုပ်ရာမှာ ကမ္ဘာမှာရှိတဲ့ နိုင်ငံတွေအားလုံးပူးပေါင်းလုပ်ကြဘို့ လိုအပ်ကြောင်း နိုင်ငံခေါင်းဆောင်တွေက ပြောနေကြပါပြီ။ ဘယ်လောက်ကြာကြာလုပ်ရမယ်ဆိုတာကိုတော့ ဘယ်သူမှ တိတိကျကျမပြောနိုင်သေးပါဘူး။ ကြာလာခဲ့ရင်တော့ ကမ္ဘာ့စီးပွါးရေးကို ပိုမိုထိခိုက်လာမှာတော့သေချာပါတယ်။

ပြီးတော့ အရင်ကရေးထားတဲ့ personal hygiene က အရေးပါဆဲပါ။ လက်ကို အနည်းဆုံးစက္ကန့်(၂၀) ပိုးသတ်ဆေးပါတဲ့ ဆပ်ပြာနဲ့ဆေးပါ ၊ သို့မဟုတ် alcohol ပါတဲ့ hand sanitizer သုံးပါ။ မကြာခဏဆေးပါ။ကိုယ်ခံအားကောင်းနေအောင် သင့်တင့်မျှတတဲ့ အစားကို မှန်မှန်စားပါ၊ အိပ်ရေးဝအောင်အိပ်ပါ၊ စိတ်ပူပင်မှုနည်းအောင်နေပါ။

ပြီးတဲ့လက ရေးတုန်းက face mask ကို ရောဂါလက္ခဏာရှိသူတွေဝတ်သင့်ကြောင်းရေးခဲ့ပါတယ်။ အခုအခါမှာ လိုအပ်လို့ အိမ်ပြင်ထွက်ရင် လူတိုင်းဝတ်သင့်ကြောင်း စင်္ကာပူဝန်ကြီးချုပ်က ပြည်သူတွေကိုပြောကြားရာမှာ America မှာရှိတဲ့ CDC ရဲ့ အကြံပြုချက်ကို ကိုးကားပြီးပြောသွားခဲ့ပါတယ်။ Asymptomatic carrier တွေရှိနေတဲ့ အထောက်အထားတွေများလာတာကြောင့် မိမိမှာ ရှိမှန်းမသိဘဲရှိနေရင် တခြားသူကို ကူးစက်စေနိုင်ပါတယ်။ ဒါကြောင့် အားလုံးတာဝန်သိစွာ လိုက်နာကြဘို့လိုပါတယ်။

ကုသခြင်း (Treatment)
~~~~~~~~~~~~~~~~

တိတိကျကျထိထိမိမိကုနိုင်တဲ့ဆေးတွေကို စမ်းသပ်နေဆဲပါ။ ဆေးအသစ်ထုတ်ဘို့ဆိုတာ phase ၃ခု ဖြတ်ကျော်ရပါတယ်။ ကာကွယ်ဆေး (vaccine) လည်းအလားတူပါဘဲ။ ကြွက်တွေမှာ စမ်းတဲ့phase I နဲ့ သာမန်လူကောင်းတွေမှာ ဆေးရဲ့လှုပ်ရှားမှုနဲ့ ခန္ဓာကိုယ်က တုန့်ပြန်မှု (pharmacokinetics and pharmacodynamics) ကို စမ်းတဲ့ phase II အဆင့်တွေမှာ အောင်မှ phase III ဆိုတဲ့ လူနာတွေမှာ စမ်းတဲ့အဆင့်ရောက်ပါတယ်။ Phase III အောင်လို့ ခွင့်ပြုချက်ရရင် စသုံးလို့ရပါပြီ။ ဒါတွေအားလုံးအတွက် နှစ်နဲ့ချီပြီးကြာပါတယ်။ Phase III မှာ ကောင်းရင်တောင် ရေရှည် ဘေးထွက်ဆိုးကျိုး (longterm side effects) ရှိမရှိ ဆေးကို သုံးနေရင်း Phase IV အနေနဲ့ နှစ်အတော်ကြာစမ်းရပါတယ်။ Phase IV ရဲ့ side effect တွေကို လက်မခံနိုင်လို့ ရုပ်သိမ်းသွားတဲ့ဆေးတွေလည်း အများကြီးပါ။ ဒါကြောင့် အခုအချိန်မှာ မြန်မြန်ဆန်ဆန်ရနိုင်အောင် တခြားရောဂါတွေမှာသုံးတဲ့ဆေးတွေထဲက သင့်တော်မဲ့ဆေးတွေကို COVID-19 လူနာတွေကိုပေးပြီး စမ်းသပ်နေကြပါတယ်။ ဆေးဆိုတာ ကောင်းကျိုးရဘို့ သောက်တဲ့အတွက် ဘေးထွက်ဆိုးကျိုးတွေများရင် အလွန်သတိထားရပါမယ်။ ပြောချင်တာကတော့ ဆရာဝန် မညွှန်ကြားဘဲ မိမိသဘောနဲ့ COVID-19 ကာကွယ်ဆေး/ပျောက်ဆေးဆိုပြီးမသောက်မိဘို့ အရေးကြီးပါတယ်။

အသက်ကြီးတဲ့သူ၊ အသက်မကြီးသော်လည်းတခြားရောဂါရှိတဲ့သူ၊ ကိုယ်ခံအားနည်းစေတဲ့ဆေးတွေသောက်နေသူတွေ သံသယဖြစ်ဘွယ်ရောဂါလက္ခဏာတွေရှိလာရင် အခုလိုအခြေအနေအတွက်ဖွင့်ထားတဲ့ ဆေးရုံ ဆေးခန်းတွေမှာရှိတဲ့ တတ်သိနားလည်တဲ့ပညာရှင်ဆရာဝန်တွေနဲ့ စောစောစီးစီး ပြသကြဘို့ အကြံပြုချင်ပါတယ်။

Corona virus ပိုး ကူးစက်ခြင်းမှ ကင်းဝေးနိုင်ကြပါစေ။
Corona virus ပိုး ပြန့်ပွါးမှုကို အချိန်မှီထိန်းချုပ်နိုင်ကြပါစေ။
Corona virus ပိုး ကမ္ဘာမြေမှ အမြန်ဆုံး ပပျောက်နိုင်ပါစေ။

Dr Thwin Maung Aye
Consultant Gastroenterologist & Hepatologist
MBBS(Yangon), MRCP (UK), FRCP (Edinburgh), FAMS Gastroenterology (Singapore)
Thwin’s Liver & Gastro Clinic, Gleneagles Medical Centre, Singapore

No comments: