Saturday, April 18, 2020

မုဒိတာဦးဏှောက်ဖြင့် မုဒိတာတိုင်းပြည်ကို တည်ဆောက်ခြင်း - (တတိယပိုင်း) - အပိုင်း(၂)

မုဒိတာဦးနှောက်ရှိတဲ့ပုဂ္ဂိုလ်က
သူများကြီးပွားတာကိုကြည့်ပြီးတော့
ကြောက်စိတ်မဖြစ်ဘူး
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
မုဒိတာဦးဏှောက်ဖြင့် မုဒိတာတိုင်းပြည်ကို တည်ဆောက်ခြင်း - (တတိယပိုင်း) - အပိုင်း(၄)


★ ဒိန်းမတ်နိုင်ငံမှာ ကလေးတွေကို အတန်းကျောင်းမှာ stress သိပ်များအောင် မလုပ်ဖူး။ မလုပ်ရုံတင်မကဘူး ပြဿနာနဲ့ တွေ့တဲ့အခါမှာ resilience - စိတ်ဓါတ်ကြံ့ခိုင်မှု ရှိအောင် ၆နှစ်သားကနေ ၁၆နှစ်သားထိ တစ်ပတ်ကိုတစ်ခါ ပြဿနာအကြောင်းဆွေးနွေးကြတယ်၊ကျောင်းမှာ ပုံမှန် အဲလိုဆွေးနွေးကြတယ်။

★ အိမ်မှာလည်း အဲဒီအကျင့်ကေါင်းနဲ့ အဲလိုဆွေးနွေးတယ်။ အဲဒီလို ဆွေးနွေးတဲ့အတွက်ကြောင့်မို့လို့ ပြဿနာအကြောင်း ဆွေးနွေးပြီဆိုရင် သူတို့ရဲ့ကျောင်းသားတွေက ဦနှောက်ထဲက ဒီ amygdala active မဖြစ်ဘူး။ ပြဿနာ အကြောင်း အကြိတ်အနယ် ဆွေးနွေးလည်း Hippocampus ပဲ active ဖြစ်နေတုန်းရှိသေးတယ်။

★ အဲဒါကြောင့် ပညာရေးမှာ သူများက ၂နှစ်သင်ရမယ့်ဟာ သူတို့က ၁နှစ်နဲ့ရချင်ရမယ် အဲဒီလိုလူမျိုးတွေက၊ သူများ ၃နှစ်လောက်သင်ရတဲ့ဟာ သူတို့ ၁နှစ်နဲ့ရချင်ရမယ်။ EQ နဲ့ IQ နှစ်ခု ဆက်စပ်ပြီး အလုပ်လုပ်ပုံလေးကို ပြောပါတယ်။

★ အခု ဦးနှောက်ထဲက Hippocampus အားကောင်းအောင်၊  ACC အားကောင်းအောင်ဆိုရင် အခု ဘုန်းဘုန်းတို့ ကောင်းတာတွေကို ပြန်တွေးပြီးတော့ မုဒိတာဖြစ်တယ်ဆိုတာ စိတ်ထဲမှာ ဂုဏ်ယူစရာရှိတာကို ဂုဏ်ယူရင် စိတ်က အဲဒီလို ပျော်နေရင် စိတ်ထဲမှာ အလိုလိုနေရင်းနဲ့ လုံခြုံတယ်လို့ ခံစားရတယ်၊ secure ဖြစ်တယ်။

★ ကိုယ့်ရဲ့စိတ်ထဲမှာ secure ဖြစ်တဲ့လူက တခြားလူတွေကို ပြောင်လှောင်တာတွေ၊ အထင်သေးတာတွေ၊ အကျိုးမဲ့အောင် လုပ်တာတွေ၊ မလုပ်တော့ဘူး။ ဘာဖြစ်လို့တုန်းဆိုတော့ သူ့ကိုယ်၌ကကိုယ်က အလိုလိုနေရင်း ပျော်ရွှင်နေလို့။

★ စိတ်ထဲမှာ ပူလောင်နေတဲ့လူ၊ ပူလောင်နေမှန်းလည်း မသိတဲ့လူ၊ emotional turmoil ဆိုတာ စိတ်ခံစားမှုပိုင်းဆိုင်ရာမှာ ယောက်ယက်ခတ်နေတဲ့ လူတွေကမှ သူများကိုဒုက္ခပေးတာ။

★ အဲဒီလူတွေ လူကြီးတွေဖြစ်သွားရင် သူတို့က emotional stability - စိတ်ခံစားမှုတည်ငြိမ်ခြင်း မရှိတဲ့အခါကျတော့ တခြားလူတွေ၊ သူနဲ့အတူ အလုပ်လုပ်တဲ့လူတွေကို ဒုက္ခပေးတယ်။

★ ဒုက္ခပေးချင်လို့ ဒုက္ခပေးတာ မဟုတ်ဘူး။ စိတ်ပုတ်လို့ ဒုက္ခပေးနေတာ မဟုတ်ဘူး။ Stress ကို မကိုင်တွယ်တတ်တာနဲ့ စပြီးတော့ ဦးနှောက်က ပြောင်းသွားတာ။

So we need to change our brain.
 ဦးနှောက်ကိုပြောင်းရမယ်။

ဦးနှောက်ကို ပြောင်းဖို့အတွက် ဘာလိုတုန်း။
You need to change our emotions.

★ Emotion ကို positive emotion ဖြစ်အောင်လုပ်ရမယ်။ ဒါကြောင့် ပြီးခဲ့တဲ့ နှစ်(၂၀)လောက်ကစပြီးတော့ ဟားဗဒ်ကနေစလုပ်လိုက်တဲ့ Positive pyschology အခု နေရာတိုင်းလုပ်တယ်။ Positive ဖြစ်တဲ့ value တွေကို အားပေးတာ၊ preserve လုပ်တာပေါ့။

★ ကျေးဇူးတရားသိတာတို့၊ ကောင်းတာတွေ တွေးပြီးတော့ စိတ်ထဲမှာ ပီတိဖြစ်တာတို့  အထူးသဖြင့် တခြားလူတွေရဲ့ ကောင်းကွက်ကို ဖြစ်နိုင်ရင် အခက်ဆုံးကတော့ ကိုယ့်နဲ့ မတည့်တဲ့လူ ကိုယ့်နဲ့ ဘာမှ အကျိုးစီးပွား မဆက်စပ်တဲ့လူ အဲဒီလူရဲ့ကောင်းကွက်ကို မြင်နိုင်တယ်ဆိုရင် ဒီလူရဲ့ဦးနှောက်က ဒီရှေ့က ဦးနှောက်က အရမ်းအားကောင်းသွားပြီ။

★ သူများက သူ့ကို ဘာမှ မဟုတ်တာလေးနဲ့ လာပြီးတော့ jealous ဖြစ်ရင်၊ ကိုယ့်ကို လာပြီးတော့ဝေဖန်တယ်ဆိုရင် မတုန်လှုပ်တော့ဘူး။

★ ဘာဖြစ်လို့တုန်းဆိုတော့ သူရဲ့ amygdala က မကြီးဘူး။ ဒီ amygdala က ကြီးတဲ့အခါကျမှ ဒီနှောက်က ကြီးတဲ့အခါကျမှ သူက နည်းနည်းလေး အပြောခံရတာနဲ့ ဆွေ့ဆွေ့ခုန်ုခုန်ဖြစ်နေတာ။

★ ဒါကြောင့် မုဒိတာဦးနှောက်လို့ ဘုန်းဘုန်းပြောတာက ACC နဲ့ Hippocampus ဒါရှေ့ဦးနှောက်။ ACC - A က Anterior, C က Cingulate, နောက်ထပ် C က Cortex ။ Anterior Cingulate Cortex and Hippocampus အဲဒီနှစ်နေရာ အားကောင်းတဲ့ဦးနှောက်က မုဒိတာဦးနှောက်။

★ မုဒိတာဦးနှောက်ရှိတဲ့ ပုဂ္ဂိုလ်က တခြားလူတွေရဲ့ ပျော်ရွှင်မှုကိုကြည့်ပြီး အလိုလိုနေရင်း သူ့စိတ်ထဲမှာ They don’t feel threaten. ကြောက်စိတ်မဝင်ဘူး။

★ သူများကြီးပွားတာကို ကြည့်ပြီးတော့ ကြောက်စိတ်ဝင်တယ်ဆိုတာ ကိုယ်ကိုယ်၌ကကိုယ်က ကိုယ့်ရဲ့အောင်မြင်မှုကို ဂုဏ်မယူနိုင်လို့၊ ဂုဏ်မယူသေးလို့။

★ ကိုယ့်အောင်မြင်မှုကို ဂုဏ်ယူတယ်ဆိုရင်၊ ပြီးတော့ ကိုယ့်သူငယ်ချင်းအောင်မြင်မှုကိုလည်း ဂုဏ်ယူတယ်ဆိုရင် ဒီလူ သူ့စိတ်ထဲမှာ လုံလုံခြုံခြုံရှိတယ်။

ဆက်လက်ဖော်ပြပါမည်။

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ
🙏🙏🙏

(၄.၁.၂၀၂၀) ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ကျင်းပခဲ့သော တရားသင်တန်း (ပထမနေ့-  တတိယအချိန်) တွင် ဟောကြားတော်မူခဲ့သော “မုဒိတာ ဦးဏှောက်ဖြင့် မုဒိတာ တိုင်းပြည်ကို တည်ဆောက်ခြင်း – Building A Joyous Nation with A Happy Brain” တရားတော်မှ ရေးသားပူဇော်ပါသည်။

မုဒိတာဦးနှောက် ဖန်တီးဖို့အတွက်
သေးငယ်တဲ့အရာလေးတွေကို အထင်မသေးနဲ့
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
မုဒိတာဦးဏှောက်ဖြင့် မုဒိတာတိုင်းပြည်ကို တည်ဆောက်ခြင်း - (တတိယပိုင်း) - အပိုင်း(၅)

★ မုဒိတာဦးနှောက်ရှိတဲ့ ပုဂ္ဂိုလ်က တခြားလူတွေရဲ့ ပျော်ရွှင်မှုကိုကြည့်ပြီး အလိုလိုနေရင်း သူ့စိတ်ထဲမှာ They don’t feel threaten. ကြောက်စိတ်မဝင်ဘူး။ သူများကြီးပွားတာကို ကြည့်ပြီးတော့ ကြောက်စိတ်ဝင်တယ်ဆိုတာ ကိုယ် ကိုယ်၌ကကိုယ်က ကိုယ့်ရဲ့အောင်မြင်မှုကို ဂုဏ်မယူနိုင်လို့၊ ဂုဏ်မယူသေးလို့။

★ ကိုယ့်အောင်မြင်မှုကို ဂုဏ်ယူတယ်ဆိုရင် ကိုယ့်သူငယ်ချင်းအောင်မြင်မှုကို ဂုဏ်ယူတယ်ဆိုရင် ဒီလူ သူ့စိတ်ထဲမှာ လုံလုံခြုံခြုံရှိတယ်။ ဒါကြောင့် ဘုန်းဘုန်းတို့ ဒီ exercise လေးလုပ်မယ်။ Exercise လေးမလုပ်ခင်မှာ video clip နောက်တစ်ခုကြည့်မယ်။ ဒီနေ့အတွက် နောက်ဆုံးတစ်ခု။

★ ဒီဟာကတော့ ဒီစာအုပ်ကို ရေးတဲ့ ပုဂ္ဂိုလ် Hardwiring Happiness ဆိုပြီးတော့ ရေးတယ်။ ဒါ Buddha’s Brain ရေးတဲ့ ဆရာတစ်ဦးပါ။

 ★ ကောင်းတာတွေကို များများတွေးပါတဲ့။ ကောင်းတာကို များများတွေးရင် ဦးနှောက်ထဲမှာရှိတဲ့ Negativity Bias လို့ခေါ်တဲ့ မကောင်းတာကိုပဲ သတိထားမိတဲ့စိတ်က ပြောင်းလဲသွားလိမ့်တဲ့။ ကောင်းတာတွေကို ခံစားရလိမ့်မယ်တဲ့။

★ သူ ဥပမာလေးနဲ့ ပြလိမ့်မယ်။ သူ ဦးနှောက်ပုံစံလေး ဆွဲပြတယ်။ အဲဒီထဲမှာ အနီရောင်အလုံးတွေ အများကြီးရှိတယ်။ အနီရောင်အလုံးတွေက amygdala ၊ အစိမ်းရောင်က Hippocampus နဲ့ ACC ၊ ပထမဆုံး တွေ့ရမယ့်ဟာကျတော့ အနီရောင်အလုံးတွေ အများကြီးရှိမယ်။ လူတိုင်းလူတိုင်းက စိုးရိမ်စိတ်တွေ ကြောက်စိတ်တွေများတယ်။

★ အဲဒီအနီရောင်အလုံးတွေ နည်းနည်းသွားပြီးတော့ အစိမ်းရောင်အလုံးတွေ များသွားအောင်ဆိုရင် #မုဒိတာများများ လုပ်ပေးရမယ်။

★ သူရဲ့ ဘဝကနေ စပြီးတော့ ပြောပါတယ်။ သူရဲ့ဘဝကတော့ ငယ်ငယ်နဲ့ အတန်းကျော်တဲ့ စာတော်တဲ့လူဆိုတော့လေ သူ့ထက်ကြီးတဲ့လူတွေက သူ့ကိုလှောင်ပြောင်ကြတယ်။

★ အားကစားလုပ်တယ်ဆိုရင်လည်း မခေါ်ဘူး။ တစ်ခုခုလုပ်တယ်ဆိုလည်း ကျောင်းမှာ သူ့ကို အဖော်မလုပ်ချင်ဘူး။  အဲဒီလိုနဲ့ သူက မကျေနပ်တဲ့စိတ်တွေ အားငယ်တဲ့စိတ်တွေဖြစ်တယ်။ ဒါပေမဲ့ အိမ်မှာ နွေးထွေးတဲ့အတွက်ကြောင့်မို့လို့ သူများလောက်တော့ မဆိုးဘူးပေါ့။

★ အဲဒါတက္ကသိုလ် ရောက်သွားတဲ့အခါကျတော့ တက္ကသိုလ်ကလူတွေက ပိုပြီးတော့ mature ဖြစ်တယ်ဆိုတော့ သူ့ကို ခေါ်ကြပြောကြတယ်တဲ့။ အဲလို ခေါ်ပြတဲ့အခါမှာ နွေးထွေးတဲ့စိတ်လေးတွေ ဖြစ်လာတယ်၊ ပျော်ရွှင်ဖွယ် ဖြစ်လာတယ်။ စိတ်ပြောင်းသွားတယ်။

★ အမှန်က စိတ်ပြောင်းသွားတာ မဟုတ်ဘူး။ စိတ်လောက်ပဲ ပြောင်းသွားတာ မဟုတ်ဘူးတဲ့၊ သူ့ ဦးနှောက်က ပြောင်းသွားတယ်လို့ ကြီးလာတဲ့အခါကျတော့ Neuropsychologist ဖြစ်လာတဲ့အခါကျတော့ သူ အဲဒါလေး နားလည်တယ်တဲ့။

★ အဲလိုဖြစ်အောင်ဆို ဘယ်လိုလုပ်ရမှာတုန်းဆို မြတ်စွာဘုရားဟောထားတဲ့ ဓမ္မပဒထဲမှာရှိတဲ့ စာပိုဒ် နံပါတ် (၁၂၂) သူကိုးကားပြီးတော့ အဲဒီ ဓမ္မပဒပါဠိတော်ကို ဘယ်လိုမြင်တုန်းဆိုတော့ The Law of Little Things တဲ့ - သေးငယ်တဲ့အရာများရဲ့ နိယာမ။

★ မနက်ကပြောသလို စိတ်ဖိစီးမှုက နည်းနည်းနဲ့ သူကအများကြီး ဖြစ်သွားတယ်။ အခုဟာလည်းပဲ ပျော်ရွှင်မှုဟာ နည်းနည်းနဲ့လေး အများကြီးဖြစ်သွားတယ်။ သေးငယ်တဲ့အရာတွေ အားရှိတယ်။  မိထွေးတော်ဂေါ်တမီ ၀တ္ထု မနက်က ဘုန်းဘုန်း ပြောသလို။

★ အဲဒီအကြောင်း များများတွေးရင် ဥပမာ လူသားတွေက ဘာကောင်းတာတုန်း၊ ဘာတော်တာတုန်းဆို ကောင်းတဲ့အတွေ့အကြုံကို ဖန်တီးတဲ့နေရာမှာ ဟင်းကောင်းအောင် ချက်မယ်၊ အဝတ်စားကောင်းကောင်း ချုပ်ဝတ်မယ်၊  အရမ်းလှတဲ့နေရာမှာ selfie ရိုက်ပြီးတော့ Facebook ပေါ်တင်တယ်။ အဲဒါတော်တာ။

★ ဒါပေမဲ့ အဲဒီကောင်းတဲ့ အတွေ့အကြုံတွေကို စိတ်ထဲမှာ တည်မြဲအောင် လုပ်တာတော့ မြန်တယ်တဲ့။ သူအသုံးပြုတဲ့စကား -

We are very good at learning from bad things and very bad learning from good things.

★ ကောင်းတဲ့အရာအကြောင်း လေ့လာတဲ့နေရာမှာတော့ ညံ့တယ်တဲ့။ ညံ့တဲ့အရာ လေ့လာတဲ့နေရာမှာကျတော့ တော်တယ်တဲ့။ သူစကားလုံးကို ပြောင်းပြန်သုံးပြီးတော့ ကဗျာဆန်ဆန် သူပြောလိမ်မယ်။

★ အဲဒီထဲမှာ သူပြောတဲ့နည်းက Heal - ကုစားတာ။ ဒဏ်ရာကို ကုစားတာ၊ အပြင်ဒဏ်ရာ အတွင်းဒဏ်ရာ ကုစားတာ။

H - have a good experience
E - Enrich
A - Absorb
L - Link

Have a good experience - ကောင်းတဲ့အတွေ့အကြုံ ဖန်တီးပါ၊ ရှာပါ။

ပြီးရင် Enriching -  အဲဒီအကြောင်းကို ခဏခဏတွေးပါ။

Absorbing - မသိစိတ်ထဲရောက်အောင် အချိန်ပေးပါ။

Linking - အဲဒီလိုစိတ်ထဲမှာ ကောင်းတာတွေ အများကြီးရောက်လာပြီဆိုရင် ပီတိတွေ အများကြီး ရောက်လာပြီဆိုရင် အဲဒီကောင်းတဲ့ဟာတွေနဲ့ ကိုယ့်ရဲ့ဘဝထဲမှာ မကောင်းတဲ့အရာတွေနှိုင်းယှဉ်ပြီးတော့ ကြည့်ပါ။ မကောင်းတဲ့အရာတွေရဲ့ effect က သူ့ဟာသူ နည်းသွားလိမ့်မယ်။ ဒါ မုဒိတာဦးနှောက်ကို ဖန်တီးဖို့အတွက်။

★ သူပြောတာ အကြီးအသေးအနေနဲ့ဆိုရင် ဥပမာ ဘုန်းဘုန်းတို့ အခု ဇန်နဝါရီလ ၄ရက်နေ့က နှစ်သက်ကူး၊ နှစ်တခါသစ်တဲ့အခါကျမှ နှစ်သစ်တစ်ခါရောက်လာတဲ့အခါကျမှ လူတွေက ပျော်ကြရွှင်ကြ အဲဒီလိုဖြစ်တယ်ဆိုရင် ဒါ ပျော်ရွှင်စရာ အကြီးကြီးရောက်လာတဲ့အခါကျမှ ကိုယ်ကကိုယ်ပျော်ရွှင်တယ်။

★ သူ့ထက်ငယ်တာ ဂရုစိုက်ပြီးတော့ ပျော်ရွှင်တယ်ဆိုရင် ဥပမာ နှစ်ထက်ငယ်တာ လ၊ လအသစ်တခါရောက်လာတိုင်း ကိုယ်ပျော်ရွှင်တယ်ဆိုရင် ၁၂ကြိမ်ပျော်တယ်။

★ နှစ်ဆိုရင် ရက်ပေါင်း ၃၆၅ရက်ကြာမှ တခါပျော်နိုင်တယ်။ သူ့ထက် သေးငယ်တဲ့အရာတွေကို ကြည့်ပြီးတော့ ပျော်ရွှင်နိုင်တယ်ဆိုရင်တော့ ရက်ပေါင်း ၃၆၅ရက်ထဲမှာ ၁၂ကြိမ်ပျော်နိုင်တယ်။

★ အဲဒီထက်ပိုပြီးတော့ သေးတဲ့ အရာကို သေးငယ်တဲ့ experience လေး positive experience အဲဒါလေးကို မြင်အောင်ကြည့်ပြီးတော့ ပျော်ရွှင်နိုင်တယ်ဆိုရင်တော့ လထက်သေးတာက ရက်သတ္တပတ်ဆိုရင် တစ်လကို လေးကြိမ်ပျော်နိုင်တယ်။ လေးဆဖြစ်သွားတယ်။

★ တစ်နှစ်ကို ၁၂ကြိမ်ပျော်နိုင်တာကနေ တစ်နှစ်ကို အကြိမ်ပေါင်း ၄၈ကြိမ်ပျော်နိုင်တယ်။ သူ့ထက်ငယ်တာက ရက် ၃၆၅။ ဒါကြောင့် သေးငယ်တဲ့အရာလေးတွေကို အထင်မသေးနဲ့။

★ “ဥဒဗိန္ဒု နိပါတေန၊ ဥဒကုမ္ဘောပိ ပူရတိ” တစ်စက်စက်စီ ကျလာတဲ့ရေ အိုးကြီးကို ပြည့်စေတယ်။ တစ်ရက်ဆိုတဲ့ဟာကျတော့  ရက်ပေါင်း ၃၆၅ တစ်နေ့ကို တစ်ကြိမ်ပျော်နိုင်ရင် ဒီရှေ့ကဦးနှောက်က အားကောင်းသွားတယ် တစ်နေ့ကို တစ်ကြိမ်ပျော်နိုင်ရင်။

ဆက်လက်ဖော်ပြပါမည်။

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ
🙏🙏🙏

(၄.၁.၂၀၂၀) ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ကျင်းပခဲ့သော တရားသင်တန်း (ပထမနေ့-  တတိယအချိန်) တွင် ဟောကြားတော်မူခဲ့သော “မုဒိတာ ဦးဏှောက်ဖြင့် မုဒိတာ တိုင်းပြည်ကို တည်ဆောက်ခြင်း – Building A Joyous Nation with A Happy Brain” တရားတော်မှ ရေးသားပူဇော်ပါသည်။

မုဒိတာဦးနှောက် အားကောင်းဖို့ဆိုတာ
ကိုယ့်လက်ထဲမှာပဲ ရှိတယ်
▬▬▬▬▬▬▬▬▬▬▬▬▬▬▬
မုဒိတာဦးဏှောက်ဖြင့် မုဒိတာတိုင်းပြည်ကို တည်ဆောက်ခြင်း
(တတိယပိုင်း) - အပိုင်း(၆)

★ “ဥဒဗိန္ဒု နိပါတေန၊ ဥဒကုမ္ဘောပိ ပူရတိ” တစ်စက်စက်စီ ကျလာတဲ့ရေ အိုးကြီးကို ပြည့်စေတယ်။ တစ်ရက်ဆိုတဲ့ဟာကျတော့  ရက်ပေါင်း ၃၆၅ တစ်နေ့ကို တစ်ကြိမ်ပျော်နိုင်ရင် ဒီရှေ့ကဦးနှောက်က အားကောင်းသွားတယ် တစ်နေ့ကို တစ်ကြိမ်ပျော်နိုင်ရင်။

★ အဲဒီထက် သေးငယ်တဲ့အရာလေးတွေကို မြင်တဲ့ပုဂ္ဂိုလ်ကျတော့ ဥပမာ ရေသောက်ချင်တဲ့အခါ ရေပုလင်းအနားမှာရှိတယ်။ ကိုယ်ကိုယ်တိုင် ရေတွင်းလည်း မတူးတတ်ဘူး။ ရေတွေကို သွယ်တဲ့နေရာမှာလည်း ကိုယ်ကိုယ်တိုင်က အလုပ်လုပ်ပြီးတော့ ဒီထဲမှာ တိုက်ရိုက် contribute လုပ်တာ မပါသေးဘူး။

★ ဒါပေမဲ့ ဒီရေ ကိုယ်လိုအပ်တဲ့အချိန်မှာ ကုန်ကျမှုနည်းနည်းနဲ့ ဒီရေက ကိုယ်လိုအပ်တဲ့အချိန်မှာ ရှိနေတယ်။ ဒါက ပျော်ရွှင်မှုကို လျှပ်တပြတ်တွေးတတ်လို့မြင်တာ။ အဲဒီထက် ပိုပြီးတော့ တွေးတတ်ရင် ဒီရေသန့်ဗူး ကိုယ့်ရှေ့မှာရောက်အောင် ရင်းနှီးမြှုပ်နှံတဲ့လူတွေ ရှိတယ်။

★ ရေဘက်ဆိုင်ရာ အင်ဂျင်နီယာတွေရှိတယ်၊ စက်ရုံလုပ်တဲ့လူတွေ ရှိတယ်။ နည်းပညာကို လုပ်ထားတဲ့လူတွေရှိတယ်။  အဲဒီလူတွေဆီကို စိတ်ရောက်သွားရင် တစ်မိနစ်လောက်ပဲ ကြာတယ်။ အဲဒီ တစ်မိနစ်အတွင်းမှာ ဒီရေကို သောက်ရတဲ့အတွက်ကြောင့်မို့လို့ ရရှိတဲ့ပျော်ရွှင်မှုက အများကြီကြီးသွားတယ်။

★ ဘာဖြစ်လို့တုန်း ကိုယ့်ရဲ့အောင်မြင်မှုတင် မကတော့ဘူး၊ ကိုယ့်ရဲ့လုပ်အားတွေ ကိုယ်က ဂုဏ်ယူသလို၊ တခြားသူအများရဲ့ လုပ်အားကိုလည်း ကိုယ်က ဂုဏ်ယူတယ်။ ဘုန်းဘုန်း ဒီနေ့  ဒီဟာတွေ ရှင်းပြနိုင်အောင်ဆိုရင် ကြည့် စားပွဲပေါ်မှာ  စာအုပ်တွေအများကြီး။

★ အဲဒီဆရာတွေ တချို့စာအုပ်တွေက articles သုံးဆယ်ကျော်တယ်။ တစ်ခုတစ်ခုကို တစ်ခါဆိုရင် တချို့ဟာတွေဆိုရင် ပါမောက္ခနှစ်ယောက်လောက်ရေးတယ်။ အဲဒီ ပါမောက္ခကြီးတွေ ပါမောက္ခဖြစ်သည်အထိဆိုရင် သူတို့ အကြာကြီးစာသင်ရတာ၊ လေ့လာရတာ။

★ သူ့ကို လူတွေအများကြီးက ထောက်ပံ့ပြီးတော့မှ သူက အဲဒီကိုရောက်တယ်။ သူကလည်း တကယ့်ကို ကြိုးစားတာ။ အဲဒါကြောင့် ဒီစာအုပ်လေးတွေ ကိုယ့်နားမှာ ရှိနေတဲ့အခါကျတော့ ကိုယ့်အကျိုးကျေးဇူးကို လိုလားတဲ့ ပညာရှိတွေက အမြဲတမ်း ကိုယ့်ကိုစောင့်ရှောက်တယ်လို့ စိတ်ထဲမှာ နွေးထွေးတယ်။ သွားပြီးတော့ link လုပ်လိုက်တာကိုး။

★ အဲဒီလို စိတ်ကိုလေ့ကျင့်ထားတယ်ဆိုရင်တော့တဲ့ တစ်နှစ်ကို ရက်သုံးရာနဲ့ခြောက်ဆယ့်ငါး ရှိတယ်၊ အကြိမ်ပေါင်း ၃၆၅ ၀မ်းသာတဲ့ပုဂ္ဂိုလ်က တစ်နှစ်မှာ New year တစ်ရက်ပဲ ၀မ်းသာတဲ့ပုဂ္ဂိုလ်ရဲ့ ဦးနှောက်နဲ့ဆိုရင် အဆပေါင်း ဘယ်လောက်ကွာတုန်း၊ ၃၆၅ဆ ပျော်ရွှင်နိုင်စွမ်း၊ ဦးနှောက်ရဲ့ size ကွာတယ်။

★ ဒါက တစ်နေ့ကို တစ်ကြိမ်ပဲ ပြောတယ်။ တစ်ကယ်လို့ တစ်နာရီကို တစ်ကြိမ်ပျော်နိုင်တယ်ဆိုရင်တော့ အများကြီးဖြစ်သွားပြီ။ အခုဟာက နာရီနဲ့ပြောတာလေ။ time နဲ့ ပြောတာ။ time နဲ့ မပြောဘဲနဲ့ social connection နဲ့ ပြောမယ်ဆိုရင် ခုနတုန်းက ရေအကြောင်းပြောတယ်။

★ အခု ဒီမှာ ပန်းလေးတွေ လှလှလေးတွေ လုပ်ထားတာ။ ဒီမှာ ပန်းလာထိုးတဲ့ ဆရာမတွေက ကိုယ်တိုင်စိုက်ထားတာ မဟုတ်ဘူး။ သူများစိုက်ထားတဲ့ ပန်းကို သူတို့က မနေ့ညက ဘုန်းဘုန်းကြားတယ် မနက်၁နာရီခွဲထိ ပန်းထိုးတယ်။

★ ပန်းထိုးတယ်ဆိုတော့ ထိုးတတ်တဲ့ပညာရယ်၊ ဒီပန်းတွေကို ၀ယ်ပြီးတော့ ငွေကုန်ကြေးကျဝယ်ပြီးတော့ ယူလာပြီးတော့ ထိုးတာလေ၊ ကိုယ့်ဟာကိုယ် ပြန်တွေးရင် မုဒိတာဖြစ်စရာ။

★ ကိုယ့်ရဲ့မုဒိတာ ပိုပြီးတော့ ကြီးအောင်ဆိုရင် ပန်းစိုက်တဲ့လူတွေလည်း သတိရရမယ်၊ ဂရုစိုက်ရမယ်။ သူ့ကိုလည်း သွားပြီးတော့ သတိရ။ အဲဒီပန်းကို စိုက်ပြီးတော့ နေ့တိုင်းနေ့တိုင်း ရေလောင်းတာလေ၊ ဘယ်သူပဲဖြစ်ဖြစ် ဒီပန်းကို လိုအပ်တဲ့အချိန်မှာ လာဝယ်သွားရင် စိတ်ချမ်းသာပါစေ အဲဒီစိတ်နဲ့။

★ ကိုယ့်ကိုသိပြီးတော့ ကိုယ့်အတွက် လုပ်ထားတာလည်း မဟုတ်ဘူး။ သူ့ဝမ်းစာအတွက် လုပ်ထားတာ ဟုတ်တာပေါ့။ ဒါပေမဲ့ ပန်းကို လှလှပပလုပ်တယ်ဆိုတော့ ပရော်ဖက်ရှင်နယ်ဖြစ်တယ်။ စိတ်ကောင်းနဲ့ လုပ်တာ။ အဲဒီပန်းက ဒီကိုရောက်လာအောင် ပန်းက ဘယ်နှစ်မျိုးတောင်ရှိတုန်းဆို ပန်းတွေ အမျိုးစုံပဲ။

★ တစ်မျိုးတစ်မျိုးကို မြေဘယ်လောက်လောက်လိုမှာတုန်း မြေအများကြီးလိုမှာ။ အမျိုးပေါင်း များတာကိုး။ အဲဒီပန်းတွေ ဒီထဲမှာ လာရောင်းတာ စိုက်တဲ့လူကိုယ်တိုင် လာရောင်းတာလည်း ဖြစ်ချင်ဖြစ်မယ်။ ကြားထဲက ကုန်သည်တွေက သွားဝယ်ပြီးတော့ လာရောင်းတာလည်း ဖြစ်ရင်ဖြစ်မယ်။ အဲဒါကျ သူတို့ရဲကအခန်းကဏ္ဍပါ ပါလိမ့်မယ်။

★ ခြံထဲကနေပြီးတော့ ရန်ကုန်မြို့ထဲရောက်အောင် ဒီပန်းတွေကို သယ်လာတဲ့ စက်တွေလည်းရှိတယ်၊ Mechaninal အင်ဂျင်နီယာတွေ အခန်းကဏ္ဍရှိသေးတယ်။ Investors တွေ share-holders တွေ အခန်းကဏ္ဍရှိမယ်။

★ လူတိုင်းလူတိုင်းက ကိုယ်ဒီနေရာကိုရောက်အောင် လမ်းလျှောက်လာအောင် လမ်းတွေခင်းပေးတယ် တံတားတွေခင်းပေးတယ်။ အဲလိုစိတ်ထဲမှာ ခံစားရတယ်။  အဲဒီလိုလုပ်ရင် ဒီပန်းရဲ့တန်ဖိုးက အဆပေါင်းမမြောက်မြားစွာ တက်သွားတယ်။ ရက်ပေါင်း ၃၆၅ရက်ထိ စောင့်ဖို့မလိုတော့ဘူး ဒီမှာတင် အဆပေါင်းမြောက်များစွာ။

★ အဲဒီလို Emotion ရဲ့ အခန်းကဏ္ဍကို ကြည့်လိုက်တဲ့အခါမှာ ကိုယ့်ရဲ့ emotion က ဘယ်နေရာမှာ သူက boundary တွေ ဖြစ်တတ်တုန်း၊ တံတိုင်းတွေခြားတတ်တုန်းဆိုရင် ကိုယ်နဲ့ရင်းနှီးတဲ့လူ၊ ပန်းထိုးတဲ့အခါကျမှ ကိုယ်က ၀မ်းသာနိုင်တယ်ဆိုရင် အဲဒါ ပန်းထိုးတဲ့လူနဲ့ မသိရင် ကိုယ့်ဝမ်းသာနိုင်တဲ့အစွမ်းက ပီတိဖြစ်နိုင်တဲ့အစွမ်းက သေးသွားမယ်။

★ ကိုယ်နဲ့ မတည့်တဲ့လူ ပန်းထိုးတာတောင်မှ အဲဒီအလှကို မြင်နိုင်တယ်ဆိုရင်တော့ ကိုယ့်ရဲ့ ၀မ်းသာနိုင်စွမ်းက အရမ်းကို ကြီးမားသွားပြီ။

🔺ဒါကြောင့် မုဒိတာဦးနှောက်က တစ်ယောက်နဲ့တစ်ယောက် size ချင်း မတူဘူးတဲ့။ ဒါပေမဲ့ ဒီမုဒိတာ ဦးနှောက်က ဘယ်လောက်ကြီးတယ်ဆိုတာ ကိုယ့်လက်ထဲမှာ ရှိတယ်။ It is all in your hands. ကိုယ့်လက်ထဲမှာရှိတယ်။

ဆက်လက်ဖော်ပြပါမည်။

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ
🙏🙏🙏

(၄.၁.၂၀၂၀) ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ကျင်းပခဲ့သော တရားသင်တန်း (ပထမနေ့-  တတိယအချိန်) တွင် ဟောကြားတော်မူခဲ့သော “မုဒိတာ ဦးဏှောက်ဖြင့် မုဒိတာ တိုင်းပြည်ကို တည်ဆောက်ခြင်း – Building A Joyous Nation with A Happy Brain” တရားတော်မှ ရေးသားပူဇော်ပါသည်။

စိတ်ကောင်းထားတတ်မှ ပျော်ရွှင်တယ်
▬▬▬▬▬▬▬▬▬▬▬▬▬▬▬
မုဒိတာဦးဏှောက်ဖြင့် မုဒိတာတိုင်းပြည်ကို တည်ဆောက်ခြင်း - (တတိယပိုင်း) - အပိုင်း(၇)

★ ဘုန်းဘုန်းက စာအုပ်တစ်အုပ်ကို ကြည့်တယ်ဆိုရင် ဒီစာအုပ်ထဲမှာ Hardwiring Happines, သူကိုးကားတဲ့အထဲမှာ အစောဆုံးကတော့ နှစ်ပေါင်း ၂၆၀၀ က ဗုဒ္ဓမြတ်စွာဘုရားကို ကိုးကားထားတယ်။ ဒီရှေ့ဆုံးမှာ ကိုးကားထားတယ်။

★ အဲဒီနောက် ဒီနောက်မှာလည်းတခါ သူကိုကားထားတဲ့ videography က စာမျက်နှာ ၁၅မျက်နှာလောက်ရှိတယ်။ အဲဒီဆရာကြီးတွေရဲ့ ဗဟုသုတကို မှီငြမ်းပြီးတော့ သူ ဒီဟာတွေကို develope လုပ်ထားတာ။

The New Brain Science of Contentment, Calm, and Confidence.

★ ဒီလိုလုပ်ထားတယ်ဆိုရင်တော့ Happiness ကိုယ့်ရဲ့ဦးနှောက်ထဲမှာ မုဒိတာက Hardwire လုပ်ထားတာ။ အသေချည်ထားတာ။ ကြိုးသေးသေးလေးနဲ့ ချည်ထားတာပေါ့နော်။ အသေချည်ထားတာ ကျကျနနချည်ထားတာ။ အဲဒီလို မုဒိတာ ဦးနှောက်နဲ့ ရေတစ်ခွက်သောက်ရင် အဲဒီရေ မုဒိတာစိတ် ပိုပြီးတော့ဖြစ်နိုင်တယ်။

★ ခန္ဓာကိုယ် ပိုပြီးတော့ ကျန်းမာစေတယ်။ Oxytocin သူက အဲဒီ ဟော်မုန်းထုတ်ပေးတာကိုး။ ဒိုဖာမင် (dopamine) အဲဒီ ဟော်မုန်း ထုတ်ပေးတာကိုး။ တစ်ခြားလူတစ်ယောက် ရေဆာလို့ သူရေသောက်တာကြည့်ပြီးတော့ ကိုယ်က မုဒိတာဖြစ်နေတာပေါ့။

★ ခန္ဓာကိုယ်က လိုအပ်တဲ့ရေကို လိုအပ်တဲ့အချိန်မှာ သူ ဒီရေတွေသောက်နိုင်တယ်။ ကိုယ့်ပိုက်ဆံတောင် မကုန်ရဘူး။ ဒီမှာ မုဒိတာတရား အလိုလိုနေရင်းဖြစ်တာ။ မုဒိတာ ဦးနှောက်က အလိုလိုနေရင်းနဲ့ အားကောင်းတယ်။ ဒါ စိတ်ထားတတ်တယ်။ ဒါ စိတ်ကောင်းထားတတ်တယ်။

★ အဲဒီလိုမဟုတ်ရင် အဲဒီလိုမလုပ်ရင် စိတ်က ဒီတိုင်းမနေပါဘူး၊ အလိုလိုနေရင်းနဲ့ အောင်မြင်တဲ့လူတွေကို အမြင်ကတ်တယ်။ ဒီလူက အခုမှ ဒီလို။ အဲဒါမျိုးပေါ့။

★ ဘာဖြစ်လို့ အဲဒီလိုလုပ်တာတုန်း။ Because you feels threaten.  သူတို့အောင်မြင်မှုက ကိုယ့်ကိုလာပြီးတော့ ခြိမ်းခြောက်နေတယ်လို့ စိတ်ထဲမှာ ခံစားရလို့၊ ကြောက်စိတ်ဖြစ်နေလို့။

★ အဲဒါကို “ဣဿာမစ္ဆိရိယ” လို့ခေါ်တယ်။ သူတို့က အဘိဓမ္မာထဲမှာ ဒီ Buddhist Psychology ထဲမှာ ဒေါသရဲ့အုပ်စုထဲမှာပါတယ်။ Destructive ဖြစ်တဲ့ အုပ်စုထဲမှာ ပါတယ်။ မုဒိတာဦးနှောက်ရှိသမျှ ကောင်းတဲ့ဦးနှောက်တွေ ကို destroy လုပ်တယ်တဲ့  ဣဿာမစ္ဆိရိယ က။

★ ဟင်းကောင်းရှေ့မှာရှိရဲ့နဲ့ ဟင်းကောင်းအရသာ မမြင်နိုင်ဘူး။ အရမ်းဈေးကြီးတဲ့ အဝတ်အစားဝတ်ထားလည်း စိတ်ထဲမှာ ပျော်ရွှင်မှု မရှိဘူး။ လုံခြုံတယ်လို့ မခံစားရဘူး။ ဘာဖြစ်လို့ အဲဒီ Emotional burden တွေဖြစ်နေတာတုန်းဆိုတော့  မုဒိတာ ဦးနှောက် မရှိလို့တဲ့။

★ မုဒိတာဦးနှောက် မရှိလို့ သွားပြီးတော့ ဟားမတိုက်နဲ့။ ငါတို့က မုဒိတာဦးနှောက်ရှိတယ်၊ သူတို့က မုဒိတာဦးနှောက်မရှိဘူး ဆိုပြီးတော့ အဲဒီလို သွားမမြင်နဲ့။ မုဒိတာ ဦးနှောက်မရှိသေးတဲ့လူတွေကို ကရုဏာထားရမယ်။

★ အဲဒီလိုလုပ်တဲ့အခါကျမှ ကိုယ့်ရဲ့မုဒိတာဦးနှောက်က နောက်ဆုတ်မသွားဘူး။ သေးမသွားဘူး။ တခြားလူတွေ မပျော်နိုင်တာကို ကြည့်ပြီးတော့ ကိုယ်က ၀မ်းသာရင် ကိုယ့်ပျော်ရွှင်မှုလည်း အလိုအလျောက် ပျောက်သွားတယ်။

★ ဒါကြောင့် ပျော်ရွှင်မှုဆိုတာ စိတ်ကောင်းပေါ်မှာ မူတည်တယ်။ စိတ်ကောင်းထားတတ်မှ ပျော်ရွှင်တယ်။ စိတ်ကောင်းထားတယ်ဆိုတဲ့ ပါဠိစကားကို “ယောနိသောမနသိကာရ” လို့ခေါ်တယ်။ ယောနိသောမနသိကာရ စိတ်ထားတတ်တာ။

★ အဲဒီစိတ်ထားတယ်ဆိုတဲ့ ယောနိသောမနသိကာရ မပါဘဲနဲ့ ဘာကုသိုလ်မှ မဖြစ်ဘူးတဲ့။ မြတ်စွာဘုရားတိုက်ရိုက် မိန့်တဲ့စကား။

★ ဒါကြောင့် ဒီဗီဒီယိုလေးကြည့်မယ်။

https://youtu.be/jpuDyGgIeh0
Hardwiring happiness: Dr. Rick Hanson at TEDxMarin 2013

နောက်ဆုံးမှာ ဗုဒ္ဓမိန့် ဓမ္မပဒဂါထာကို ကိုးကားသွားတယ်။

Do not think lightly of good, saying, it will not come to me. Drop by drop is the water pot filled.

Likewise, the wise one, gathering it little by little, fills oneself with good.

ဓမ္မပဒ ဂါထာ ၁၂၂။

ဆက်လက်ဖော်ပြပါမည်။

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ
🙏🙏🙏

(၄.၁.၂၀၂၀) ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ကျင်းပခဲ့သော တရားသင်တန်း (ပထမနေ့-  တတိယအချိန်) တွင် ဟောကြားတော်မူခဲ့သော “မုဒိတာ ဦးဏှောက်ဖြင့် မုဒိတာ တိုင်းပြည်ကို တည်ဆောက်ခြင်း – Building A Joyous Nation with A Happy Brain” တရားတော်မှ ရေးသားပူဇော်ပါသည်။

No comments: