Friday, April 26, 2019

အမဲသားလုံး ခေါက်ဆွဲပြုတ် - ပုစွန်လက်ဖက်ထမင်းကြော် - အသီးစုံ ရေခဲချောင်း

အမဲသားလုံး ခေါက်ဆွဲပြုတ်  (Beef Ball Noodle Soup)
.........................................


 ဒီလအတွက် ပရိသတ်ကြီးကို ဖော်ပြပေးလိုတဲ့ အစားအစာတစ်မျိုးကတော့ ပြင်ဆင်ရတာလွယ်ကူပြီး အင်ဒိုချိုင်းနား အစားအစာကို အခြေခံပြင်ဆင်ထားတဲ့ ‘‘Beef Ball Noodle Soup'' (အမဲလုံး ခေါက်ဆွဲပြုတ်) ဟင်းလျာလေးပါပဲ။ အမဲလုံးကို ဇီရာ၊ နံနံစေ့ စတဲ့ဟင်းခတ်အမွှေးအကြိုင်များနဲ့ ပြင်ဆင်ထားပြီး အရသာရှိပြီး အစာကြေလွယ်စေတဲ့ ဟင်းရည်နဲ့ တွဲဖက်ပြင်ဆင်ထားတာမို့ အာဟာရလည်းဖြစ်စေမှာပါ။ ဂျုံခေါက်ဆွဲ နဲ့ မုန်ညင်းစိမ်းလေးပါ တွဲဖက်ထားလိုက်တော့ တစ်နေ့တာလိုအပ်တဲ့ အာဟာရဓာတ် တွေလည်း ပြည့်စုံသွားတာပေါ့ဗျာ။ ကဲ... ထူးခြားတဲ့ အမဲလုံးခေါက်ဆွဲပြုတ်လေး ပြင်ဆင်ကြည့်ကြရအောင်... OK

ပါဝင်ပစ္စည်းများ
• အမဲသား စဉ်းကော - ၁၅  ကျပ်သား
• ငါးဖယ်ခြစ် - ၅  ကျပ်သား
• ပြောင်းဖူးမှုန့်  - ၂  ဇွန်း
• ကြက်ဥ  - ၁ လုံး    
• ကြက်သားအရသာမှုန့်  - ၂ ဇွန်း
• ငရုတ်ကောင်းမှုန့်  - အနည်းငယ်
• ကြက်သွန်ဖြူ  - ၅ မြွှာ
• ချင်းအရည် - အနည်းငယ်
• ပင်စိမ်းရွက် - အနည်းငယ်
• လေးညှင်းပွင့် - ၂  ပွင့်
• ဖာလာစေ့ - ၂ စေ့  
• နာနတ်ပွင့် - ၁ ပွင့်    
• သစ်ကြံပိုးခေါက် - ၁ ချောင်း  
• ဇီရာစေ့ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• နံနံစေ့ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• အမဲသား အရသာအနှစ် - ၁  ဇွန်း
• ကော်မှုန့်  - ၁  ဇွန်း
• မုန်ညင်းစိမ်း - အနည်းငယ်
• ရေသန့်  - ၁  လီတာ
• ပဲငံပြာရည်အငန် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ပဲငံပြာရည်အချို  - လက်ဖက်ရည်ဇွန်း ၅ ဇွန်း
• ငရုတ်ချဉ်ဆော့စ် - အနည်းငယ်
 (ငါးပိထောင်းငရုတ်ချဉ်)
• သံပရာရည် - ၁ စိတ်
• ဂျုံခေါက်ဆွဲ   - ၁၀ဝ ဂရမ်
• ဆား - အနည်းငယ်

ပြုလုပ်နည်း
၁ ။  အမဲသား စဉ်းကောကို ငါးဖယ်ခြစ်၊ ပြောင်းဖူးမှုန့်၊ ကြက်သား အရသာမှုန့်၊ ကြက်ဥ၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်ဖြူ၊ ချင်းအရည်၊ ပင်စိမ်းရွက်တို့နှင့် ရောကြိတ်ပါ။ ဇီရာစေ့၊ နံနံစေ့တို့ကိုလည်း အနည်းငယ်လှော်၍ထောင်းပြီး ရောမွှေ၍ အမဲအသားလုံး ပြင်ဆင်ထားပါ။
၂ ။ ရေသန့်ထဲ အမဲသားအရသာအနှစ်၊ ပဲငံပြာရည်အငန်၊ ပဲငံပြာ ရည်အချို၊ ငရုတ်ကောင်းမှုန့်၊ လေးညှင်းပွင့်၊ ဖာလာစေ့၊ နာနတ် ပွင့်၊ သစ်ကြံပိုးခေါက်၊ ကြက်သွန်ဖြူတို့ကို ထည့်ပြီး မီးမှန်မှန်ဖြင့် ဆူပွက်အောင်ကျိုပါ။ ကော်မှုန့်အနည်းငယ် ကို ရေဖြင့်ဖျော်ပြီး ဟင်းရည်ပျစ်အောင်ချက်၍ အသင့်လုံးထားသော အမဲသားလုံး များ ထည့်ပြီး အမဲသားလုံးရေပေါ်လာသည်အထိ ပြုတ်ထားပါ။
၃။ အမဲအသားလုံးဟင်းရည်ကျက်လျှင် ဆား၊ ငရုတ်ကောင်းမှုန့်၊ ပဲငံပြာရည်အငန်၊ ပဲငံပြာရည်အချို၊ ကြက်သားအရသာမှုန့်တို့ နှင့် အရသာထိန်းညှိပြီး ဂျုံခေါက်ဆွဲ ထည့်ပြုတ်၍ မုန်ညင်းစိမ်း အုပ်ထားပါ။
၎။ အမဲအသားလုံးခေါက်ဆွဲပြုတ် ကျက်လျှင် ငါးပိထောင်းငရုတ် ချဉ်၊ သံပရာသီးစိတ်တို့နှင့် တွဲဖက်ပြီး ပင်စိမ်းရွက်နှင့် အလှ ဆင် တည်ခင်းပါ။
....................
Celebrity Chef  ကိုဆန်နီ

ကင်းမွန်ငါးအသားလုံးနှင့် ငါးအသားပြား ခေါက်ဆွဲပြုတ်
(Fish Ball & Fish Cake Noodle Soup)
.....................................


 နောက်ထပ်ဖော်ပြပေးလိုက်တဲ့ ဟင်းလျာလေးကတော့ စင်ကာပူ၊ မလေးရှားနိုင်ငံတို့မှာ လူကြိုက်များပြီး အရသာအလွန်ကောင်းတဲ့ ကင်းမွန်ငါးအသားလုံးနှင့် ငါးအသားပြား ခေါက်ဆွဲပြုတ်တစ်မျိုးပါပဲ။ ဟင်းရည်ကို ကြက်ပြုတ်ရည်နဲ့အတူ ငါးနီတူခြောက်လေးတွေပါ ထည့်ပြုတ်ထားတဲ့အရသာကလည်း တစ်မူထူးခြား ပါတယ်။ ကိုယ်တိုင်လည်း ပြင်ဆင်ချက်ပြုတ်ကြည့်စေချင်ပါတယ်။ ပြင်ဆင်ရတာလွယ်ကူပြီး အရသာလည်း အလွန် ထူးခြားပါတယ်။ ဖြည့်စွက်စာအနေနဲ့ ပဲပြား၊ မုန်ညင်းစိမ်းနဲ့ ဂျုံခေါက်ဆွဲလေးပါ ထည့်ထားတာမို့ အာဟာရလည်း ဖြစ်စေပါတယ်။ ကဲ... ပြင်ဆင်ရတာလွယ်ကူမြန်ဆန်ပြီး အာဟာရပြည့်စေတဲ့ ကင်းမွန်ငါးအသားလုံးနှင့် ငါးအသားပြား ခေါက်ဆွဲပြုတ်လေး ပြင်ဆင်ကြည့်ကြရအောင်... OK

ပါဝင်ပစ္စည်းများ
• ကင်းမွန်ငါးအသားလုံး - ၅ လုံး
• ကင်းမွန်ငါးအသားပြား - ၁  ပြား
• ကြက်ပြုတ်ရည် - ၃၀ဝ  မီလီလီတာ
• ငါးနီတူခြောက် - ၅၀  ဂရမ်
• ငါးအရသာမှုန့်  - ၁ ဇွန်း
• ပဲငံပြာရည် (အငန်ရည်) - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ဆား - အနည်းငယ်
• ငရုတ်ကောင်းမှုန့် - အနည်းငယ်
• ချင်း - အနည်းငယ်
• ကြက်သွန်ဖြူ - ၃  မြွှာ
• ပဲပြား - ၅  ခု
• ပဲပင်ပေါက် - အနည်းငယ်
• ကြက်သွန်မြိတ် - အနည်းငယ်
• မုန်ညင်းစိမ်း - အနည်းငယ်
• ဂျုံခေါက်ဆွဲ - ၁၀ဝ  ဂရမ်
ငရုတ်သီးစိမ်းနှင့် ပဲငံပြာရည်ဆော့စ်
• ရှမ်းငရုတ်နီ - ၅  တောင့်
• ကြက်သွန်ဖြူ - ၃ မြွှာ
• ပဲငံပြာရည် (အငန်ရည်) - ၁ ဇွန်း
• ငါးငံပြာရည် - အနည်းငယ်
• သံပရာရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• နံနံပင် - အနည်းငယ်
• ရေနွေး - ၁  ဇွန်း

ပြုလုပ်နည်း
၁။ ကြက်ပြုတ်ရည်ကို ငါးနီတူခြောက်၊ ငါးအရသာမှုန့်၊ ချင်း၊ ကြက်သွန်ဖြူ အနည်းငယ်တို့ဖြင့် ကင်းမွန်ငါးအသားလုံးနှင့် ငါးအသားပြားခေါက်ဆွဲပြုတ် မချက်မီ ကြိုတင်ပြင်ဆင်ထားပါ။
၂။ ပဲပြားကို အနည်းငယ်ကြော်ထားပြီး ပဲပင်ပေါက်နှင့် ကင်းမွန်ငါးအသားလုံးကို သန့်စင်ထား၍ ငါးအသားပြားကို ပါးပါးလှီးထားပါ။
၃။ အသင့်ပြင်ဆင်ထားသော ကြက်ပြုတ်ရည်ကို ဆူပွက်အောင်တည်ပြီး ဆား၊ ငရုတ်ကောင်းမှုန့်၊ ပဲငံပြာရည်အငန် ရည်တို့ဖြင့် ထိန်းညှိ၍ အသင့်ပြင်ဆင်ထားသော ငါးအသားလုံးနှင့် ငါးအသားပြား ထည့်ချက်ထားပါ။
၎။ ကြက်သွန်ဖြူနှင့် ရှမ်းငရုတ်နီကို ပါးပါးလှီးထားပြီး ပဲငံပြာရည်၊ ငါးငံပြာရည်၊ ရေနွေးအနည်းငယ်တို့ဖြင့် အရသာ ထိန်းညှိပြီး နံနံပင်အုပ်၍ သံပရာရည်အနည်းငယ် ညှစ်ပြီး ငရုတ်သီးစိမ်းနှင့် ပဲငံပြာရည်ဆော့စ်ကို ပြင်ဆင်ထားပါ။
၅။ ဂျုံခေါက်ဆွဲကို ၂ မိနစ်ခန့် အနည်းငယ်နူးအောင်ပြုတ်ပြီး ရေစစ်၍ ဟင်းချိုပန်းကန်ထဲထည့်ပါ။ မုန်ညင်းစိမ်းအနည်း ငယ်အုပ်ပြီး အသင့်ပြင်ဆင်ထားသော ကင်းမွန် ငါးအသား လုံးနှင့် ငါးအသားပြား ဟင်းချိုရည်ကို လောင်းထည့်ထားပါ။
၆။ ကင်းမွန်ငါးအသားလုံးနှင့် ငါးအသားပြားခေါက်ဆွဲပြုတ်ကို ပဲပင်ပေါက်နှင့် အသင့်ကြော်ပြီး လှီးထားသော ပဲပြားတို့ အုပ်၍ အသင့်လှီးထားသော ကြက်သွန်မြိတ် အနည်းငယ် ဖြူးပြီး အသင့်ပြင်ဆင်ထားသော ငရုတ်သီးစိမ်းနှင့် ပဲငံပြာရည်ဆော့စ်ဖြင့် တွဲဖက် တည်ခင်းပါ။
....................
Celebrity Chef  ကိုဆန်နီ

ပုစွန်လက်ဖက်ထမင်းကြော်
...............................


 ဒီပုစွန်လက်ဖက်ထမင်းကြော်က စားနေကျ ထမင်းကြော် ကို ပုံစံတစ်မျိုးလေးပြောင်းပြီး လက်ဖက်ချဉ်စပ်လေး ထည့် ကြော်ထားတာပါ။ ကြည့်လိုက်ရအောင် . . . ။

ပါဝင်ပစ္စည်းများ
• ပုစွန် - ၁၀ဝ ဂရမ်
• ထမင်း - ၁ ပွဲစာ
• လက်ဖက်ချဉ်စပ် (နှပ်) - စားပွဲဇွန်း ၂ ဇွန်း
• ဆီ - စားပွဲဇွန်း ၁ ဇွန်း
• ကြက်ဥ - ၁ လုံး
• ငရုတ်သီးစိမ်း - ၃ တောင့်ခန့်
• ကြက်သွန်ဖြူ - ၃ မြွှာ
• ရှောက်ရွက် - ၂ ရွက်ခန့်
• ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
• ငံပြာရည် - အနည်းငယ်

ပြုလုပ်နည်း
၁။ ပုစွန်ကို အခွံနွှာပြီး ဆေးကြောသန့်စင်ထားပါ။
၂။ ကြက်သွန်ဖြူကို နုပ်နုပ်စဉ်းပြီး ဆီသတ်ပါ။
၃။ ကြက်သွန်ဖြူ အနံ့မွှေးလာပြီဆိုလျှင် ကြက်ဥထည့်ပြီး မွှေပါ။
၎။ ကြက်ဥ ကျက်ပြီဆိုလျှင် ပုစွန်၊ လက်ဖက်ချဉ်စပ်နှင့် ပါးပါးလှီးထားတဲ့ ငရုတ်သီးတို့ကို ထည့်ပါ။
၅။ ပြီးလျှင် အရသာများနှင့် ထမင်းထည့်ပါ။
၆။ ထမင်းလည်းကျက်ပြီ၊ အနံ့၊ အရသာလည်း ပြည့်စုံပြီ ဆိုလျှင် ပါးပါးလှီးဖြတ်ထားတဲ့ ရှောက်ရွက်များထည့်ပြီး သုံးဆောင်နိုင်ပါပြီ။

အသီးစုံ ရေခဲချောင်း (၁၀ ချောင်း +) (Fruity Ice Popsicle)
........................................


 ပူအိုက်သော ရာသီမှာ အသီးအနှံများဖြင့် ပြုလုပ်ထားတဲ့ အိမ်လုပ် ရေခဲချောင်းတစ်ချောင်းရဲ့  အရသာက ရင်ကိုအေးမြ ချိုစိမ့်လို့ သွားစေပါတယ်။ လုပ်စားကြည့်နော် . . . ။

ပါဝင်ပစ္စည်းများ (ကြိုက်နှစ်သက်ရာ အသီး ၃ မျိုး ရွေးပါ)
• ကီဝီသီး - ၂ လုံး  (အခွံနွှာပြီး ပါးပါးလှီးထားပါ) (အခြားအသီးကို အစားထိုးလည်း ရပါတယ်)
• စတော်ဘယ်ရီသီး  - ၁ ခွက် (မုန့်လုပ်ရန် တိုင်းသောခွက်)
• ပင်မှည့်သီးအဝါရောင် - ၅ လုံး (ထက်ခြမ်းခြမ်းပြီး အနှစ်များ ပန်းကန်ထဲ ကော်ထုတ်ထားပါ)
• တယ်သီး  - ၃ လုံး (အခွံနွှာပြီး ပါးပါးလှီးထားပါ) (သရက်သီးအမှည့် အစားထိုးလို့ရပါတယ်)
• စပျစ်သီး အစိမ်း  - ၁၅ ကျပ်သား (အလုံးများြွေခထားပါ)
• စပျစ်သီး အမည်း - ၁၅ ကျပ်သား (အလုံးများြွေခထားပါ)
• အုန်းစိမ်းရည် - ၅ ခွက်
• ပန်းသီးဖျော်ရည် - ၂၅၀ မီလီလီတာ
• အုန်းသီးဖတ်  - စားပွဲဇွန်း ၃ ဇွန်း  (လတ်လတ်ဆတ်ဆတ်ခြစ်ယူထားသော)
• သကြားဖြူ - စားပွဲဇွန်း  ၃ - ၄ ဇွန်း
• ဂျယ်လတန်မှုန့် - လက်ဖက်ရည်ဇွန်း ၃ ၁/၂ ဇွန်း
 (gelatine powder)

ပြုလုပ်နည်း 
၁။  ရေခဲချောင်းခွက်ထဲ ကြိုက်နှစ်သက်ရာ အသီး ၃ မျိုးကို ခပ်ပါးပါးလှီးပြီး ရေခဲချောင်းခွက်ထဲ ထည့်ပါ။
၂။  အုန်းစိမ်းရည် (သို့) ပန်းသီးဖျော်ရည်ထဲ ရေနွေး စားပွဲဇွန်း ၁  ၁/၂ ဇွန်းဖြင့် ဖျော်ထားသော ဂျယ်လတန် မှုန့်များ ထည့်ဖျော်ပါ။
၃။  စိတ်ကြိုက်အသီးများ ထည့်ထားသော ရေခဲခွက်ထဲ အုန်းစိမ်းရည် (သို့) ပန်းသီးဖျော်ရည်များ ရေခဲခွက် မပြည့်တပြည့် လောင်းထည့်ပါ။ ပြီးလျှင် တုတ်တံလေး များ ထိုး၍ ရေခဲသေတ္တာ ရေခဲအကန့်ထဲ ၆-၈ နာရီခန့် ထည့်ပြီးခဲထားပါ။
...................
Syi Lwin Food Garden

No comments: