အာလူးအနှစ် မုန့်တီသုပ်
(Potato Paste Rice Noodle Salad)
...............................
အသုပ်ဆိုရင် လူတိုင်း ကြိုက်နှစ်သက်ကြပါတယ်။ မုန့်တီသုပ်က အာလူးအနှစ်နှင့် အချိုသုပ်လေးပါ။ မိသားစု၊ သူငယ်ချင်းမိတ်ဆွေတို့ကို သုပ်ပြီးကျွေးရင် မျက်နှာရစေတဲ့ အသုပ်ဖြစ်တာကြောင့် သုပ်စားကြည့်လိုက်နော်။
ပါဝင်ပစ္စည်းများ
• မုန့်တီဖတ် - ၂၅ ကျပ်သား
• အာလူး - ၃-၄ လုံး
• ကြက်သွန်ဖြူဆီချက် - စားပွဲဇွန်း ၄-၅ ဇွန်း
• ကြက်သွန်နီကြော် - စားပွဲဇွန်း ၁ ၁/၂ ဇွန်း
• ပူဒီနာ - ၃ ပင် ( အရွက်များြွေခထားပါ)
• သံပရာသီး - ၂ လုံး (အရည်ညှစ်ပြီး လိုသလောက်ထည့်ပါ)
• ငံပြာရည် - လက်ဖက်ရည်ဇွန်း ၃ ဇွန်း
• ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ကြက်ဥပြုတ် - ၃ လုံး (ပါးပါးစိတ်ထားပါ)
ပြုလုပ်နည်း
၁။ ဇောက်နက်အိုးထဲ ကြက်သွန်ဖြူ ဓားပြားရိုက်ပြီး ချင်း၊ ဆားနှင့် အာလူးများထည့် ပြုတ်ထားပါ။ နူးအောင်ပြုတ်၍ အအေးခံထားပြီး အခွံနွှာထားပါ။
၂။ ဖန်ဇလုံထဲ အာလူးအခွံနွှာထားသော အာလူး၊ ဆား၊ ကြက်သွန်ဖြူဆီချက်တို့ဖြင့် သေချာညက်အောင် နယ်ပါ။
၃။ ဖန်ဇလုံအကြီးထဲ ပူဒီနာ၊ ကြက်ဥပြုတ်မှလွဲ၍ ပါဝင်ပစ္စည်းများအားလုံးထည့်ပြီး အာလူးအနှစ်ကို လိုသလောက်ထည့်ကာ သေချာနှံ့အောင် နယ်သုပ်ပါ။ ကိုယ့် စိတ်တိုင်းကျ အချဉ်၊ အငန်ကို ကြိုက်သလိုထည့်ပါ။ ကြက်ဥပြုတ်အစိတ်များနှင့် ပူဒီနာရွက်များထည့်ပြီး ဆားမြည်း၍ လိုတာထပ်ဖြည့်ပြီး ချက်ချင်းသုံးဆောင်ပါ။
...................
Syi Lwin Food Garden
ဝက်သားခေါက်ဆွဲ
ဝက်သားဟင်းအတွက်လိုအပ်တာတွေကတော့….
ဝက်သားဂုတ်သား - ၅၀ ဂရမ် (အနေတော်အရွယ်တုံးထားပါ)
ကြက်သွန်နီ - ၁၀၀ ဂရမ်
ကြက်သွန်ဖြူ - ၂၀ ဂရမ်
ငရုတ်သီးမှုန့် - စားပွဲဇွန်း ၁ ဇွန်း
ငံပြာရည် - စားပွဲဇွန်း ၁ ၁/၂ ဇွန်း
အသားမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဆီ - စားပွဲဇွန်း ၄ ဇွန်း
ရေ - 1.2 လီတာ
ဆီချက်အနီအတွက်လိုအပ်တာတွေကတော့…..
ဆီ - စားပွဲဇွန်း ၁၅ ဇွန်း
ငရုတ်သီးမှုန့် - စားပွဲဇွန်း ၂ ဇွန်း
နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
ဆား - အနည်းငယ်
ငရုတ်သီးကြော်အတွက်လိုအပ်တာတွေကတော့…….
ငရုတ်သီးအကြမ်းမှုန့် - စားပွဲဇွန်း ၃ ဇွန်း
ကြက်သွန်ဖြူ - ၃ တက် (ထောင်းထားပါ)
ဆီ - စားပွဲဇွန်း ၄ ဇွန်း
ဆား - အနည်းငယ်
ဝက်သားခေါက်ဆွဲအတွက်လိုအပ်တာတွေကတော့…………..
ကြက်ဥခေါက်ဆွဲအစို - ၁၅၀ ဂရမ် (မုန့်ကြွပ်ကြော်ရန်အတွက်)
ကြက်ဥခေါက်ဆွဲအစို - ၇၂၀ ဂရမ်
နံနံပင် - ၅ပင် (ပါးပါးလှီးထားပါ)
ကြက်သွန်မြိတ် - ၃ ပင် (ပါးပါးလှီးထားပါ)
ကြက်သွန်နီ - ၄ လုံး (ပါးပါးလှီးထားပါ)
ငံပြာရည် - စားပွဲဇွန်း ၃ ဇွန်း
ပဲမှုန့်အကျက် - စားပွဲဇွန်း ၆ / ၇ ဇွန်း
သံပရာသီး - ၃ လုံး
အဆင့်ဆင့်ချက်ပြုတ်နည်း
1. ဝက်သားဟင်းချက်ရန်အတွက် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးကို ထောင်းထားပါ။
2. ပြီးလျှင် ထောင်းထားတဲ့ အနှစ်ကို ဆီသတ်ပါ။ အနံ့မွှေးလာသည်နှင့် ဝက်သားထည့်ပြီး မွှေပေးပါ။
3. ဝက်သားအသားတင်းလာသည်နှင့် ရေထည့်ပါ။ ရေဆူလာရင် ငံပြာရည် နဲ့ အသားထည့်ပြီး ဝက်သားနူးသည်အထိချက်ပါ။
4. ဝက်သားချက်နေစဉ်မှာ မုန့်ကြွပ်ကြော်ရန်အတွက် အိုးထဲကို ဆီ ၁၅ ဇွန်းထည့်ပါ။
5. ဆီပူသည်နှင့် ခေါက်ဆွဲ ၁၅၀ ဂရမ်ထည့်ပြီး ကြွပ်သည်အထိကြော်ပြီး ဆယ်ထားပါ။
6. ပြီးလျှင် အိုးထဲမှာ ကျန်တဲ့ဆီထဲကို ငရုတ်သီးမှုန့်နဲ့ နနွင်းမှုန့်ထည့်ပြီး မွှေပါ။ ပြီးလျှင် မီးပိတ်ပြီး ဆားအနည်းငယ်ထည့်ပြီး မွှေပေးပါ။ ပြီးနောက် ပန်းကန်ထဲထည့်ပြီး အအေးခံထားပါ။
7. ငရုတ်သီးကြော်ဖို့အတွက် ဆီအိုးတည်ပါ။ ဆီ ၄ ဇွန်းထည့်ပါ။ ဆီပူတာနဲ့ ထောင်းထားတဲ့ ကြက်သွန်ဖြူ ဆီသတ်ပါ။
8. ကြက်သွန်ဖြူမွှေးလာတာနဲ့ ငရုတ်သီးအကြမ်းမှုန့်ထည့်ပြီး ကြော်ပါ။ ဆားထည့်ပါ။ ပြီးလျှင် ပန်းကန်ထဲပြောင်းထည့်ထားပါ။
9. စားသုံးမည်ဆိုပါက ပန်းကန်ထဲကို တစ်ယောက်စာခေါက်ဆွဲထည့်ပါ။ ပြီးလျှင် ပဲမှုန့်အကျက် စားပွဲဇွန်း ၁ ဇွန်း၊ ဆီချက် စားပွဲဇွန်း ၁ဇွန်း၊ ငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ဝက်သားဟင်းရည် ၂ ဇွန်းနဲ့ဝက်သား၊ နံနံပင်၊ ကြက်သွန်မြိတ်၊ ငရုတ်သီးကြော်ထည့်ပြီး နယ်ပါ။ ပြီးနောက် ပါးပါးလှီးထားတဲ့ ကြက်သွန်နီကို သံပရာရည်ညှစ်ပြီး ဝက်သားခေါက်ဆွဲသုပ်နဲ့တွဲပြီး သုံးဆောင်ပါ။
ရိုးရာပတ်ထိုင်း ခေါက်ဆွဲကြော်/ ကွေ့တီယိုပတ်ထိုင်း
(Classic Pad Thai Noodle (or) Kuay Tiaw Pad Thai)
................................
ဒီလအတွက် ဖော်ပြပေးလိုတဲ့ ဟင်းလျာလေးတစ်မျိုးကတော့ ထိုင်းအစားအစာ တစ်မျိုးဖြစ်ပြီး လူကြိုက်များထင်ရှားတဲ့ "ပတ်ထိုင်း ဆန်ပြားကြော်" လို့ခေါ်တဲ့ "Classic Pad Thai Noodle (or) Kuay Tiaw Pad Thai" ဆန်ပြားခေါက်ဆွဲကြော်ပဲ ဖြစ်ပါ တယ်။ ချဉ်ငန်စပ်အရသာကို ကြိုက်နှစ်သက်တဲ့ ကျွန်တော်တို့ မြန်မာတွေအတွက် ခံတွင်းတွေ့စေမယ့် အစားအစာတစ်မျိုးပါပဲ။ ပြင်ဆင်ရတာ လွယ်ကူပြီး စားခါနီးမှ ပူပူလေးကြော်စားရတဲ့ အစားအစာမျိုးပါ။ ကဲ… ချက်ကြည့်ရအောင် ..OK...
ပါဝင်ပစ္စည်းများ
• ဆန်ခေါက်ဆွဲ (အစိမ်း) - ၁၆၀ ဂရမ်
• ပုစွန်ကျား - ၅ ကောင်
• ဝက်သုံးထပ်သားပြားအငန် - ၂ ပြား
• ဝက်အူချောင်း - ၁ ချောင်း
• ကြက်ဥ - ၁ လုံး
• ကြက်သွန်ဖြူ - ၃ မြွှာ (နုပ်နုပ်စဉ်းပြီး)
• ကြက်သွန်ဖြူ - ၂ မြွှာ (ပါးပါးလှီးပြီး)
• ပုစွန်ခြောက် - ၁ ဇွန်း (ရေစိမ်ပြီး)
• မုန်လာဥ ဆားစိမ် - ၁ ဇွန်း
• ရှမ်းငရုတ်သီး (အနီ) - ၁ တောင့်
• မြေပဲလှော် - ၁ ဇွန်း (ထောင်းပြီး)
• ပဲပင်ပေါက် - အနည်းငယ်
• ပန်းငရုတ်သီးမှုန့် - လက်ဖက်ဇွန်း ဝ.၅ ဇွန်း
• သံပရာသီး - ၁ စိတ်
ပတ်ထိုင်းဆော့စ်တွင် ပါဝင်ပစ္စည်းများ
• မန်ကျည်းမှည့် - ၂ ဇွန်း
• ရေသန့်  - ၂၀ဝ မီလီလီတာ
• သကြားညို - ၂ ဇွန်း
• ငါးငံပြာရည် - ၁ ဇွန်း
• ပဲပိစပ်အငန် - ၁ ဇွန်း
• ကြက်သွန်နီ - ၁ လုံး
• ကြက်သွန်ဖြူ - ၂ မြွှာ
• မုန်လာဥဆားစိမ် - ၁ ဇွန်း
• နေကြာဆီ - ၂ ဇွန်း
ပြုလုပ်နည်း
၁။ ပတ်ထိုင်းဆော့စ်အတွက် ပါဝင်ပစ္စည်းများထဲမှ နေကြာ ဆီကို အပူပေး၍ အသင့် လှီးထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် မုန်လာဥဆားစိမ်တို့ကို ဆီသတ်ပါ။ အသင့်ဖျော်ထားသော မန်ကျည်းမှည့်၊ သကြားညို၊ ရေသန့်၊ ငါးငံပြာရည်နှင့် ပဲပိစပ်အငန်တို့ကို ထည့်ချက်၍ မီးပျော့ပျော့မှာ ၃၀ မိနစ်ခန့်  ပျစ်အောင်မွှေပြီး ကျိုထား ပါ။
၂။ ဒယ်အိုးထဲမှာ ဝက်သုံးထပ်သားပြားအငန်ကို အပူပေးပြီး အနည်းငယ်ဆီထွက်လာလျှင် နေကြာဆီထည့်၍ အသင့် နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူကို အနည်းငယ် ညိုလာသည်အထိ ဆီသတ်ပါ။
၃။ ကြက်သွန်ဖြူ အနည်းငယ်မွှေးလာလျှင် လှီးထားသော မုန်လာဥဆားစိမ်နှင့် ရေစိမ်ထားသော ပုစွန်ခြောက်ကို ထည့်ကြော်ပါ။
၎။ မုန်လာဥဆားစိမ်နှင့် ပုစွန်ခြောက် မွှေးလာလျှင် အသင့် သန့်စင်ထားသော ပုစွန်ကျားနှင့် ဝက်အူချောင်းထည့် ကြော်၍ ပုစွန်ကျား အရောင်နီလာလျှင် ဒယ်အိုးထဲမှ ဆယ်ယူပြီး ဖယ်ထားပါ။
၅။ ဒယ်အိုးထဲ နေကြာဆီ အနည်းငယ်ထပ်ထည့်ပြီး ပူလာ လျှင် ဆန်ခေါက်ဆွဲ ထည့်ကြော်၍ ဆန်ခေါက်ဆွဲမွှေး လာလျှင် ဒယ်အိုးထဲမှာ ဘေးကပ်ထားပြီး အသင့်ချက် ထားသော ပတ်ထိုင်းဆော့စ် ထည့်ကြော်၍ ဆန်ခေါက် ဆွဲ အနည်းငယ်ပျော့အောင် ကြော်ပါ။
၆။ ဆန်ခေါက်ဆွဲမွှေးပြီးပျော့လာလျှင် အသင့်ကြော်ထား သော ပုစွန်ကျားနှင့် ဝက်အူချောင်း ပြန်ထည့်၍ သမ အောင် ကြော်ပါ။
၇ ။ ဆန်ခေါက်ဆွဲကျက်လျှင် ဒယ်အိုးထဲမှာ ဘေးကပ်၍ ဖယ် ထားပြီး နေကြာဆီ အနည်းငယ်ထပ်ဖြည့်၍ ကြက်ဥ ဖောက်ထည့်ကြော်ပါ။ ကြက်ဥ အနည်းငယ် ကျက်လျှင် အသင့်ကြော်ထားသော ဆန်ခေါက်ဆွဲနှင့် သမအောင် မွှေကြော်ပါ။
၈။ ဆန်ခေါက်ဆွဲကျက်လျှင် ရှမ်းငရုတ်နီ၊ ကြက်သွန်ဖြူနှင့် ပဲပင်ပေါက်တို့ ထည့်ကြော်ပြီး မီးပိတ်လိုက်ပါ။
၉။ အသင့်ကြော်ထားသော ရိုးရာ ပတ်ထိုင်းခေါက်ဆွဲ ကြော်ကို နှစ်သက်ရာ ပန်းကန်ထဲထည့်၍ အသင့် ထောင်းထားသော မြေပဲလှော်ဖြူးပေးပြီး ပဲပင်ပေါက် အနည်းငယ်အုပ်၍ သံပရာရည် ညှစ်ဆမ်းပြီး တည်ခင်း ပါ။
....................
Celebrity Chef ကိုဆန်နီ
တို့ဟူးနွေး
အိစံအမျိုးသားရဲ့ အဘွားတို့ secret recipe မှာပါတဲ့ လျှို့ဝှက်ချက်ကတော့ တို့ဟူးကျိုတဲ့အထဲကို ဆီထည့်တာပါ။ အဲ့လို ဆီထည့်တော့ တို့ဟူးအသားလေးကို ပိုနူးညံ့စေပြီး ပိုစားကောင်းစေပါတယ်။
နောက်ထပ် တို့ဟူးနွေးမှာ အရမ်းအရေးကြီးတဲ့ ငရုတ်ဆီမွှေးလုပ်နည်းလေးကိုလဲ ထည့်ရေးထားပါတယ်။ အခုတော့ တို့ဟူးနွေးလုပ်နည်းလေးကို အရင်လုပ်ကြည့်ရအောင်နော်။
ပါဝင်သောပစ္စည်းများ (တို့ဟူးနွေးပဲရည်လုပ်ရန်အတွက်)(၇ ပွဲစာ)
၁။ တို့ဟူးမှုန့် - ၁ ခွက် (သို့) ၁၀၀ ဂရမ်
၂။ ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၃။ သကြား - ထမင်းစားဇွန်း ၁ ဇွန်း
၎။ ရေ
၅။ ဆီ - ထမင်းစားဇွန်း ၄ ဇွန်း
၆။ ဆနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
ပြုလုပ်နည်း
၁။ တို့ဟူးမှုန့်ကို Blender(ဖျော်ရည်ဖျော်စက်) ထဲထည့်၊ ရေ တခွက်ထည့်ပြီး တို့ဟူးမှုန့်များ အရည်ပျော်သွားပြီး ညက်တဲ့အထိကြိတ်ပါ။
၂။ အိုးကြီးကြီး တလုံးထဲကို ရေ ၁ လီတာခွဲထည့်၊ ဆား၊ သကြား နှင့် ဆီတို့ကိုထည့်ရ်ျ ပွက်လာအောင်တည်ပါ။ ပွက်လာလျှင် ဆနွင်းထည့်ပါ။ (ရေနည်းနည်းပဲထည့်ပြီး ပဲရည်မြန်မြန်လုပ်မည်ဆိုလျှင် ပဲစိမ်းအနံ့ နံနေတတ်ပါတယ်။)
၃။ ထို့နောက် အရည်ဖျော်ထားသော တို့ဟူးအရည်များကို ဇကာခံရ်ျထည့်ပါ။ (ဇကာမခံပဲထည့်လျှင် တို့ဟူးအခဲများပါသွားတတ်ပါတယ်။ တို့ဟူးအခဲပါသွားလျှင် တို့ဟူးအရည်ကအခဲအခဲတွေဖြစ်နေတတ်ပါတယ်။)
၎။ တို့ဟူးအရည်ထည့်ပြီးတာနဲ့ ဆက်တိုက်မွှေနေပါ။ ကော်ရည်လိုအနေအထားမျိုးရောက်လျှင် မီးအေးအေးလေးမှာပဲ တို့ဟူးရည်အိုးကိုတည်ထားပါ။ (မစားခင်အထိကို မီးဖိုပေါ်မှာပဲ မီးအနိမ့်ဆုံးအပူချိန်နဲ့ထားရပါတယ်။ မီးပိတ်လိုက်ရင် တို့ဟူးတွေက အရည်တွေဖြစ်မနေပဲ အခဲအခဲတွေဖြစ်နေတတ်ပါတယ်။) တည်ထားရင်းနဲ့ အရည်တွေပျစ်နေတယ်ထင်ရင် ရေနည်းနည်းချင်းထည့်လို့ရပါတယ်။
၅။ ဒါကတော့ တို့ဟူးနွေးအတွက် တို့ဟူးနွေးပဲရည်ရပါပြီ။
----------------------------------------------
ငရုတ်သီးဆီမွှေးအတွက်
ပါဝင်သောပစ္စည်းများ
၁။ ဆီ - ၂ ခွက်
၂။ ရှောက်ကောအလုံး (တရုတ်ဖာလာစေ့အမည်းရောင်) - ၃ လုံး
၃။ နာနတ်ပွင့် (ပါကော) - ၅ ခု
၎။ စီချွမ်းငရုတ်ကောင်းစေ့ (ဟွာခြောက်အစေ့) - လက်ဖက်ရည်ဇွန်း လေးပုံတပုံ (အစေ့မရှိလို့ အမှုန့်ထည့်မည်ဆိုလျှင် ဆားဖြူးသလိုမျိုးနည်းနည်းပဲထည့်ရမှာပါ။)
၅။ တရုတ်မဆလာ (five spice) - လက်ဖက်ရည်ဇွန်း တ ဇွန်း
၆။ ငရုတ်သီးအကြမ်းမှုန့် - ထမင်းစားဇွန်း ၅ ဇွန်း
၇။ အရောင်တင်မှုန့် - ထမင်းစားဇွန်း ၁ ဇွန်း
၈။ ငရုတ်သီးခြောက် - ၇ ခု
ပြုလုပ်နည်း
၁။ ဆီကို ဒယ်အိုးထဲထည့်၊ တရုတ်ဖာလာစေ့နှင့် နာနတ်ပွင့် ပါတခါထဲထည့်ပြီးမှ မီးဖိုပေါ်မှာအပူပေးပါ။
၂။ အပူခံသော ပန်းကန်(သို့) စတီးဇလုံထဲကို စီချွမ်းငရုတ်ကောင်းစေ့ (ဟွာခြောက်အစေ့) နှင့် ငရုတ်သီးခြောက်ကိုထည့်ထားပါ။
၃။ ဆီအိုးမှာ ဆီအရမ်းပူလာလျှင် ဟွာခြောက်နှင့် ငရုတ်သီးခြောက်ထည့်ထားသော စတီးဇလုံထဲကို လောင်းချပါ။
၎။ ၁ မိနစ်လောက်နေမှ တရုတ်မဆလာ၊ ငရုတ်သီးအကြမ်းမှုန့်၊ အရောင်တင်မှုန့်တို့ကိုထည့်ပါ။ (ဆီအရမ်းပူနေတာကို ချက်ချင်းထည့်လိုက်လျှင် ငရုတ်သီးမှုန့်တို့ အခြားအမှုန့်တွေက မည်းပြီးကျွမ်းသွားတတ်ပါတယ်။
၅။ တို့ဟူးနွေးအတွက် ငရုတ်သီးဆီမွှေးရပါပြီ။

တို့ဟူးနွေးအတွက် ကြက်သားချက်
ပါဝင်သောပစ္စည်းများ
၁။ ကြက်သား အသားချည်း ၂၅ ကျပ်သား
၂။ ဆီ - ထမင်းစားဇွန်း ၆ ဇွန်း
၃။ ကြက်သွန်ဖြူ - ၃ မွှာ
၎။ ပဲငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်းခွဲ
၅။ ပဲငံပြာရည်အပျစ် - လက်ဖက်ရည်ဇွန်း တဝက်
၆။ သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၇။ တရုတ်မဆလာ - လက်ဖက်ရည်ဇွန်း တဝက်
ပြုလုပ်နည်း
၁။ ကြက်သား၂၅ ကျပ်သားကို အတုံးသေးသေးလေးတွေတုံးပါ။ ကြက်သွန်ဖြူကို တောက်တောက်စဉ်းထားပါ။
၂။ ဒယ်အိုးထဲကိုဆီထည့် ဆီပူလာလျှင် ကြက်သွန်ဖြူကိုဆီသတ်ပါ။ ကြက်သွန်ဖြူအနံ့မွှေးလာလျှင် ကြက်သားကိုထည့်လုံးပါ။ တရုတ်မဆလာ လက်ဖက်ရည်ဇွန်း တဝက်ထည့်၊ ပဲငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်းခွဲ၊ ကြာ်ညို့ လက်ဖက်ရည်ဇွန်း တ၀က်၊ သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ ဖြင့် ကြက်သားကို ရေခြောက်သွားသည်အထိ ခြောက်ခြောက်လေးချက်ထားပါ။ (အခြားရှမ်းခေါက်ဆွဲတွေမှာထည့်သလို ကြက်သားကို အရည်လေးနဲ့ချက်ချင်လဲရပါတယ်။ တို့ဟူးနွေးအတွက်ကတော့ ကြက်သားကို ခြောက်ခြောက်လေးဆီပြန်အောင်ချက်တာပိုကောင်းပါတယ်။
------------------------------------------------
တို့ဟူးနွေးတပွဲစာအတွက် (တပွဲစာ)
ပါဝင်သောပစ္စည်းများ
၁။ ရှမ်းခေါက်ဆွဲဖတ် - လက်တဆုပ်စာ
၂။ တို့ဟူးနွေးပဲရည် - ယောက်ချိုဇွန်း ၁ ဇွန်းခွဲ (သို့) ၂ ဇွန်း
၃။ ချက်ထားသော ကြက်သား - ထမင်းစားဇွန်း ၂ ဇွန်းစာ
၎။ ပဲငံပြာရည် အကျဲ- ထမင်းစားဇွန်း လေးပုံ ၃ ပုံ (သို့) ၁ ဇွန်း

၆။ သကြား (သို့) အချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
၇။ မြေပဲထောင်း - လက်ဖက်ရည်ဇွန်း တဇွန်း မောက်မောက်
၈။ နှမ်းလှော် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
၉။ ပါးပါးလှီးထားသော ကြက်သွန်မြိတ် - အနည်းငယ်
၁၀။ ပါးပါးလှီးထားသော နံနံပင် - အနည်းငယ်
၁၁။ ကြက်သွန်ဖြူ ဆီချက် - လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ (ကြက်သွန်ဖြူဖတ်အပါအဝင်) (တို့ဟူးနွေးမှာ ကြက်သွန်ဖြူကြော်အဖတ်လေးတွေပါရင်ပိုစားကောင်းပါတယ်။)
၁၂။ ငရုတ်သီးဆီမွှေး - ထမင်းစားဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
၁။ ရှမ်းခေါက်ဆွဲဖတ်ကို လိုချင်သောအနေအထားရအောင်ပြုတ်ပါ။
၂။ ထို့နောက် ပန်းကန်ထဲကို ရှမ်းခေါက်ဆွဲအဖတ်အရင်ထည့်၊ အပေါ်ကနေ တို့ဟူးနွေးပဲရည်ကိုထည့်ပါ။
၃။ ပြီးလျှင် ချက်ထားသော ကြက်သားကိုထည့်၊ ကျန်သောပစ္စည်းများအားလုံးကိုထည့်ပြီး အနံ့မွှေးမွှေးနဲ့ အလွန်စားကောင်းသော တို့ဟူးနွေးကို ပြုလုပ်နိုင်ပါပြီရှင်။
#တို့ဟူးနွေး #Eisanshomemadeinspiration
ရခိုင်မုန့်တီ (၁၀ယောက်စာ)
သင်္ကြန်တွင်း လုပ်စားနိင်ဖို့ ရခိုင် မုန့်တီပါ။ လုပ်ရတာလည်း လွယ်တာမို့ ရခိုင်မုန့်တီကို ခုပဲ လုပ်စားကြည့်ရအောင်…
မုန့်တီဟင်းရည်တွင် ပါဝင်ပစ္စည်းများ
ငါးရွှေ – ၃၀ ကျပ်သား (၄၈၀ ဂရမ်)
ငါးပိ – စားပွဲတင်ဇွန်း ၂ဇွန်း
ကြက်သွန်ဖြူ – ၁၀ မွှာ (မညက်တညက် ထောင်းပါ)
ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၂ဇွန်းခွဲ
ကြက်သွန်နီ – ၄ဥ (၄စိပ်စိပ်ပါ)
ရေ – ၁၀ခွက် (Measurement ခွက်)
ဆား – စားပွဲတင်ဇွန်း ၂ဇွန်းခွဲ
ပတဲကော – ၂ပင် (မညက်တညက် ထောင်းပြီ ချည်ထားပါ)
(ပတဲကောပုံပါ။ ဟင်းချက်ညီအစ်မ အကူအညီနဲ့ ဒီပုံလေးကို ရရှိလို့ ကျေးဇူးပါနော်.. )
ပြင်ဆင်ရန် ပါဝင်ပစ္စည်းများ
မုန့်ဟင်းခါးဖတ် – ၈၀ကျပ်သား (၁၂၈၀ ဂရမ်)
ပဲကြော် – ၁၅ခု
ငရုတ်သီးစိမ်း – ၃၀ ဂရမ် (ရေနွေးဖြင့် ပြုတ်ပြီ ထောင်းပေးကာ ငရုတ်သီးပြုတ်ရည် ၁ဇွန်းခန့်ထည့်ပါ)
မန်ကျည်းရည် – ခွက်ဝက်
ကြက်သွန်နီ – ၅ခု (ပါးပါးလှီးပါ)
နံနံပင် – လက်တဆုတ်စာ (ပါးပါးလှီးပါ)
ငါးဖယ် – ၂၀ကျပ်သား (၃၂၀ ဂရမ်)
ငါးငံပြာရည်
ပြင်ဆင်နည်း
၁။ အရင်ဆုံး ဒယ်အိုးတစ်ခုထဲ ငရုတ်သီးစိမ်းအညှာခွေထည့်ပြီ ၂မိနစ်ခန့် ပြုတ်ပေးပါ။
၂။ ပြီမှ ပြုတ်ထားသော ငရုတ်သီးစိမ်းများကို မညက်တညက် ထောင်းပေးပြီ ခွက်တစ်ခုထဲတွင် ထည့်ထားပါ။
၃။ ငါးဖယ်ကို (ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ငရုတ်သီးမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း)) တို့ဖြင့် သမအောင် နုယ်ပြီ ငါးဖယ်ကို အပြားလေးများ လုပ်ပေးပါ။
၎။ ပြီနောက် ဒယ်ထဲ ဆီများများ ထည့်ပြီ ငါးဖယ် အညှိရောင်သန်းသည်အထိ ကြော်ပေးပါ။
၅။ ထို့နောက် ကြော်ထားသော ငါးဖယ်ကို ပါးပါးလှီးပေးကာ ပန်းကန်တစ်ခုထဲ ဖယ်ထားပါ။
မုန့်တီဟင်းရည် ချက်နည်း
၁။ အရင်ဆုံး ငါးရွှေများ ရေမြုပ်ရုံထည့်ပြီ ၃-၄မိနစ်ခန့် ပြုတ်ပေးပါ။
၂။ ပြီလျှင် ငါးကို အရိုးများမပါအောင် အသားနွှင်းပေးပြီ သက်သက်ဖယ်ထားပါ။ ငါးပြုတ်ရည်ကို သိမ်းထားပေးပါ။
၃။ မုန့်တီ ဟင်းရည် စချက်လို့ရပါပြီ။
၃။ ဒယ်အိုးကြီးထဲ မုန့်တီဟင်းရည်အတွက် ပါဝင်သည့် (ဒယ်အိုးထဲ ရေ(၁၀ခွက်)၊ ငါးပြုတ်ရည်၊ ငါးပိ၊ ကြက်သွန်ဖြူ၊ ပတဲကော၊ ဆား) တို့ကို တည်ထားပါ။
၎။ မုန့်တီဟင်းရည် ပွက်ပွက်ဆူလာလျှင် အသားနွှင်းထားသော ငါး၊ ငရုတ်ကောင်းမှုန့်များကို ဖြူးပေးပါ။
၅။ နောက်ဆုံးမှ ကြက်သွန်နီ လေးစိပ်စိပ်ထားသည်များကို ထည့်ပြီ ၁မိနစ်ခန့်တည်ကာ မီးပိတ်လိုက်ပါ။
၆။ မုန့်တီဟင်းရည် ရပြီဆိုလျှင် ပန်းကန်တစ်ခုထဲ မုန့်ဖတ်၊ ငါးဖယ်၊ ပဲကြော်၊ ကြက်သွန်နီ တို့ကို ထည့်ပြီ အပေါ်မှ မုန့်ဟင်းရည်(ယောက်ချို ၁ဇွန်း)ကို လောင်းထည့်လိုက်ပါ။
ရ။ အပေါ်မှ နံနံပင်ဖြူးပြီ အရသာအတွက် ငါးငံပြာရည်၊ ငရုတ်သီးစိမ်း၊ မန်ကျည်းရည်တို့ကို ထည့်ကာ ရခိုင်မုန့်တီကို စိတ်ကြိုက် သုံးဆောင်နိုင်ပါပြီ…
Wutyee Food House

No comments:
Post a Comment