Tuesday, April 2, 2019

Xiaomi Mi 9 : A Persona.


Tech Gadget's Imperfect In-Depth Reviews : Part - 13


Price-to-Performance ဆိုတာက Xiaomi ဖုန်းတိုင်းရဲ့ အလိုအလျောက် Winning Factor တစ်ခုပါ။ ပေးရတဲ့ဈေးနဲ့ အတန်ဆုံး၊ အကောင်းဆုံး စွမ်းဆောင်ရည်ကို အမြဲတမ်းရတယ်.. ဈေးပိုပေးရတဲ့ Flagship တွေမှာပါတဲ့ Feature တွေဆိုတာလည်း သာမန်သုံးတဲ့ပုံစံအတွက် အသုံးမဝင်ဘူးလို့ ပြောလို့ရတာမျိုးတွေပဲ ချန်ခဲ့တော့ For Most People, this is serious Winning Machine တစ်ခုပါ။

အခု Mi 9 ဆိုတာကလည်း Xiaomi ရဲ့ လက်ရှိမှာ အကောင်းဆုံးသော Flagship (သို့) Xiaomi ရဲ့ ထုံးစံအတိုင်း အကောင်းဆုံးသော စွမ်းဆောင်ရည်တစ်ခုကို ဈေးအနည်းဆုံးပေးပြီး ဝယ်နိုင်တဲ့ Flagship.

And we had some days to play with Mi 9 for this kinda review/persona article.

Before any introduction - let's start off with the #ShapeShifter

#Design 

Mi 8 တုန်းက ကျွန်တော်တို့ မကောင်းပြောခဲ့ဆုံးအပိုင်းဖြစ်တဲ့ Design.. နောက်ပြီး Build Quality ပိုင်း။ ဝမ်းသာမိတဲ့တချက်က Mi 9 မှာ ဒါကို အဓိကအနေနဲ့ ပြင်ပေးထားတယ် - It's really good now.

စစခြင်း ဒီ Mi 9 ရဲ့ Fully Rounded Design က အရင်ဆုံး ကျွန်တော်တို့ အရမ်းကိုကြိုက်ခဲ့တဲ့ Mi 5 တုန်းက Feeling ကို ပြန်ပေးနိုင်သလိုခံစားရတယ် - အဲ့ဒီတစ်ချက်ထဲနဲ့တင် Mi 9 ကို တော်တော်လေးကြိုက်မိတယ်။ နောက်တစ်ခုက ရထားတဲ့ Color က Holographic Illusion Blue ဖြစ်နေတော့ ဓါတ်ပုံနဲ့ ရိုက်လို့မလွယ်ပေမယ့် မျက်စိအမြင်မှာ Subtle ဖြစ်သလို အရမ်းကို Bright ဖြစ်လွန်း၊ ကွဲထွက်လွန်းတဲ့ Gradient Color ဖြစ်နေတယ်။ ဒါပေမယ့် ဒါကြောင့် Mi 9 ကို Shape Shifter တစ်ယောက်လို့ ပြောဖို့က စောနေသေးတယ် - Why? လူတိုင်းက Gradient Game ကို လုပ်နေတဲ့အချိန်မှာ Mi 9 ထက်ကောင်းတဲ့ Gradient ဖုန်းထွက်လာဖို့က အချိန်အများကြီးစောင့်စရာမလိုတော့တာပါ - အခုတောင် ထွက်ကောင်းထွက်နေပြီးလောက်ပါပြီ။ (Yes, I'm talking to you - Huawei P30 Pro)

ကျန်တဲ့အပိုင်းတွေကရော... Button Feedback က အပြစ်ရှာဖို့ခက်တယ်ဆိုပေမယ့် Upper Highend ဖုန်းတစ်ခုနဲ့ ပိုတူနေပါသေးတယ်။ ကျွန်တော်တို့ Flagship ဖုန်းတွေမှာ အကြိုက်ဆုံးဖြစ်နေသေးတဲ့ Samsung ၊ iPhone နဲ့ တခြား ဖုန်းတွေရဲ့ Feedback နဲ့ ယှဉ်လိုက်ရင် နည်းနည်းလေးကို မသိမသာတစ်ခုခုလိုနေသလို ခံစားရပါတယ်။ It's good but not great enough to choose over the actual flagships.

ကောင်းတာတစ်ခုက Button Placement ကောင်းတယ်၊ ကျေးဇူးတင်ဖို့ကောင်းသလို သဘောလည်းကျမိတာက Camera Setup ကို iPhone နဲ့တူအောင် မလုပ်တော့တာပါ (iPhone XS က Triple Camera မဟုတ်လို့လားတော့ မသိပေမယ့်ပေါ့)။ နောက်ပြီး အပေါ်ဆုံးက Camera Ring ကို Reflect ဖြစ်အောင် လုပ်ထားတာက Unique ဖြစ်နေပါတယ်။

အဲ့တော့ Mi 9 ရဲ့ Hand Feeling ကို မပြောခင် Design ပိုင်း... အထူးသဖြင့် နောက်ကျောဘက် Design က OnePlus 6T လို၊ ဒါမှမဟုတ် ပိုသာနိုင်တဲ့ ဒီဈေးမှာ အကောင်းဆုံး Design တစ်ခုရှိနေပါတယ်။ ဒါပေမယ့် အရှေ့ဘက် Design ကို မပြောခင်အထိပါပဲ။

ဘယ်လိုဖြစ်သလဲဆိုရင် နောက်ဖက် Design က တကယ်ကို Impressive ဖြစ်အောင် လုပ်လာနိုင်ပြီး အရှေ့ဘက် Display ပိုင်းကြတော့ သာမန်ဖုန်းတစ်ခုထက်မပိုတော့တာပါ။ Infinity U လိုမျိုး "U" ပုံစံ Hardware ကနေ Selfie Camera Notch ကို "V" ပုံစံမကျတကျ Teardrop ပုံစံ Notch ဖြစ်အောင် Software နဲ့ ပြန်ပြင်တာကတော်တော်လေးကိုဆိုးပြီးတော့ OLED Display ရဲ့ Pixel တွေ သေနေရမယ့် Black က အလင်းရောင်အောက်မှာ ကြည့်လိုက်တာနဲ့တင် သေသေချာချာကို မြင်နေရပါတယ်။ ဒါပေမယ့်လည်း Display အကြောင်းကတော့ နောက်မှဆက်ပြောတာပေါ့။

နောက်တစ်ခု Bug အကြီးအကျယ်ဖြစ်တာက ဘယ်လိုမှကို ဒီ Specs သုံးထားတဲ့ Flagship ဖုန်းတစ်ခုမှာမဖြစ်သင့်တဲ့ Notification Light ကို *** တလွဲနေရာမှာ သုံးထားတာပါ။ Redmi Note 7 မှာထဲက တော်တော်လေးကို အဆင်မပြေတဲ့နေရာရောက်နေပေမယ့် လက်ခံဖြစ်လိုက်တာက Redmi Note 7 က AOD မရတဲ့ LCD Display ပါ - အဲ့တော့ Charging ဝင်မဝင်၊ Noti တက်မတက်က အဲ့ဒီဘယ်လိုမှ လွယ်လွယ်မမြင်နိုင်တဲ့ ကပ်သီးကပ်သပ်နေရာမှာထားလို့ရပါတယ် - ဒါပေမယ့် Mi 9 က ဈေး ၄ ဆလောက်ကွာတဲ့ AOD ပါတဲ့ AMOLED Display သုံးထားတဲ့ Flagship ပါ။ ဘယ်လိုမှာ Symmetrical မဖြစ်၊ လုံးဝ Off ဖြစ်နေတဲ့ အရောင်မှိန်မှိန် Notification Light က Charging Sign ၊ Notification တွေမှာ AOD ထက် ပိုသာတယ်၊ ကျိန်းသေသုံးမှရဦးမယ်ဆိုတဲ့သူတွေရှိရင် အကြောင်းပြချက်ကောင်းကောင်းကို အောက်က Comment မှာ မြင်ချင်ပါတယ်။ အခုတော့ Notification Light တစ်ခုထဲက Flagship မဖြစ်သင့်တဲ့ Design Flaw တစ်ခုဖြစ်နေပြီးတော့ AOD ကို ကောင်းကောင်းအသုံးမချနိုင်တဲ့ Xiaomi ကိုပဲ အပြစ်တင်သင့်သလားဆိုတာမျိုး ဖြစ်နေပါပြီ။

Chin ကတော့ Mi 8 ဒါမှမဟုတ် Redmi Note 7 တွေနဲ့ ယှဉ်ရင် သိသိသာသာပိုသေးတယ်၊ ဒါပေမယ့် ကျွန်တော်တို့အတွက်တော့ Chin တစ်ခုပဲပိုသေးတယ်ဆိုပေမယ့် ကျန်တဲ့ Display အပေါ်ပိုင်း၊ ဒါမှမဟုတ် ဘေးဘောင်တွေနဲ့ ယှဉ်လိုက်ရင် သိသိသာသာကွာခြားသွားတယ်ဆိုတဲ့ Feeling မရတာတော့အမှန်ပါ။ ဒါက Mi 9 ကို စမ်းနေတဲ့အချိန်မှာ S10+ ကိုပါ ယှဉ်သုံးနေတာကြောင့်ဖြစ်နိုင်ပြီးတော့ S10+ မှာ မနှစ်ကနဲ့လုံးဝမတူတော့တဲ့ Full Screen Display Experience ပုံစံရနေတဲ့အချိန်မှာ Mi 9 က OnePlus 6T လိုမျိုး Feeling ပဲ ပြန်ရပါတယ်။ နောက်ဖက် Design ကို တော်တော်သဘောကျမိပေမယ့် Front Design ကတော့ Expectation ကို သိပ်မရောက်လိုက်ဘူးပဲပြောရမှာပါ။

Let's Move On.

#Display

A Good Enough Display.

Mi 9 ရဲ့ Display က Mi 8 သုံးနေတဲ့သူတွေအတွက် သိသာတဲ့ Upgrade ဖြစ်လာမှာမဟုတ်ပါဘူး။ Good Enough Brightness ရှိတယ်၊ Color တွေကလည်း ဒီအတိုင်း Good Enough အဆင့်မှာပဲရှိတယ်၊ နောက်ဆုံး Color Accuracy ပိုင်းမှာလည်း 103% NTSC လို့ပြောထားပေမယ့် ဒီ Numbers တွေက Flagship တွေနဲ့ ယှဉ်ရင် Just Good Enough ဆိုတာနဲ့ပဲ အဆုံးသတ်ပါတယ်။

အလွယ်ဆုံးပြောရမယ်ဆိုရင် Mi 9 ရဲ့ Display က နေရောင်အောက်မှာ သုံးတာပဲဖြစ်ဖြစ်၊ ရုပ်ရှင်ကြည့်၊ ဂိမ်းဆော့တာတွေမှာ အဆင်ပြေမယ်၊ တချို့ Display ဦးစားပေးထားတဲ့ Highend ဖုန်းတွေက တခါတလေပိုကောင်းနိုင်ပေမယ့် တခြား Specs ပိုလျော့မယ်... အဲ့လိုဆိုပြီး ဒီ Mi 9 Display ကို တကယ့် Flagship တွေနဲ့ ယှဉ်နိုင်တယ်ဆိုပြီး ပြောနေမယ်ဆိုရင်လည်း We might just smile.

Ranking ပေးရမယ်ဆိုရင် Mi 9 Display က OnePlus 6T နဲ့ သူမသာ၊ ကိုယ်မသာ Level တစ်ခုမှာရှိတယ် (ဒါတောင် OnePlus 6T က 90% DCI-P3 အထိ Support ရတော့ ပို Color Accurate ဖြစ်နိုင်သေးတယ်) ကျန်တဲ့ Galaxy S9 ၊ Note 9 ၊ S10 တွေကို မမှီသလို iPhone X ၊ XS နဲ့ Pixel 3 Display ကို မမှီတဲ့အခြေအနေတစ်ခုမှာ ရပ်ပါတယ်။

အမြင်ပိုင်းအရပြောရင်တော့ Mi 8 လောက် Saturation မများတော့ပဲ Brightness ပိုကောင်းလာတယ်။ သာမန်သုံးလို့အဆင်ပြေတယ်ဆိုတာက အကောင်းဆုံး Verdict ပါ။

ဒီမှာပြောရမှာက Samsung လိုမျိုး Color AOD Display တွေရလာတယ်... မနှစ်က Tech Gadget အနေနဲ့ အပြစ်ရှာအဖြစ်ဆုံး Feature က ပြောခဲ့သလိုပဲ ၁ နှစ်အကြာမှာ Upgrade လုပ်နိုင်တာကိုတော့ သဘောကျပါတယ်။ ဒါပေမယ့် လက်ရှိ AOD ကို ကောင်းကောင်းအသုံးချနိုင်တဲ့ Samsung နဲ့ Pixel ဖုန်းတွေကို အဲ့လောက်ထိ မမှီသေးဘူးလို့ ပြောလို့ရပါသေးတယ်။ Maybe wait another year?

Fingerprint ကတော့ Mi 8 Pro ကို မစမ်းဘူးပေမယ့် OnePlus 6T Speed လောက်ရှိတယ်၊ ဒါပေမယ့် Vivo V15 Pro ဒါမှမဟုတ် S10 ရဲ့ Ultrasonic Fingerprint က ပိုမြန်သေးတယ်။


#Performance

A Beast - And We are not talking the Benchmark Numbers.

Snapdragon 845 သုံးနေတဲ့သူတစ်ယောက်အနေနဲ့တောင် ကျိန်းသေပြောနိုင်တာက ဒီ SD 855 က တကယ်ကို Real Life မှာ ပိုမြန်တယ်ဆိုတာပါ။ Mi 9 ကို Upgrade လုပ်မယ်ဆို ကျိန်းသေနောင်တရမှာမဟုတ်တာက ဒီ Performance ပါ။ PUBG လိုမျိုး Game တွေမှာ ပိုပြီး မြင်ရတဲ့ Texture တွေ၊ Details တွေတစ်ခုထဲနဲ့တင် Game ဦးစားပေးတဲ့သူဆိုရင် ဒီ SD 855 Era က Performance ပိုင်းမှာ Upgrade လုပ်သင့်နေပါပြီ။ SD 845 တုန်းက SD 835 နဲ့ ယှဉ်ရင် သိပ်မသိသာပေမယ့် ဒီ SD 855 ကတော့ သိသာသွားတယ်ပဲ ပြောရတော့မှာပါ။

ဒါပေမယ့် Game မဆော့ပဲ ပုံမှန်ပဲ သုံးမယ်ဆိုရင်တော့ ပြောနေကြအတိုင်း သိသာဦးမှာမဟုတ်ပါဘူး။ SD 675 လောက်သုံးထားတဲ့ဖုန်းဆိုရင်တောင် တော်ေ်တ်ာမြန်နေပြီး ဒီ SD 855 နဲ့ အရမ်း Sensitive မဖြစ်ရင် ဒါမှမဟုတ် သုံးထားတဲ့ Software ပေါ်မှုတည်ပြီး ကွာခြားမှုက သိဖို့ခက်တာနဲ့ လုံးဝမသိနိုင်တဲ့ အခြေအနေတစ်ခုဖြစ်နေပါပြီ။

ဒီလိုမျိုး Intensive Workload တွေမှာ ပိုကောင်းတာမှန်ပေမယ့် Heat Issue ကလည်း အထူးသဖြင့် Mi 9 မှာ ပိုရှိပါတယ်။ Mi 8 တုန်းကလိုမျိုး Throttling ဖြစ်တဲ့အဆင့်မဟုတ်ပေမယ့် ပုံမှန်မြင်နေကြ SD 845 ဖုန်းတွေနဲ့ ယှဉ်ရင်တော့ နည်းနည်းပိုပြီး Heat ရှိနေပါတယ်။ So, have that in mind.

အဲ့တော့ ခုနပြောသလို Gaming ပိုင်းမှာတော့ Difference က သိသာပေမယ့် ပုံမှန်သုံးတဲ့နေရာမှာတော့ Mi 9 က OnePlus 6T လောက်မြန်နိုင်မလားဆိုရင် I don't know actually ဆိုတာက ပိုမှန်ဦးမှာပါ။ အဲ့တော့ အခု Xiaomi ဖုန်းကိုင်နေပြီးတော့ Mi 9 ကို Upgrade လုပ်ရင် ကျိန်းသေပိုမြန်တဲ့ Experience ရမယ်၊ တခြားဖုန်းတွေဆိုရင်တော့ ဖုန်းပေါ်မှုတည်ပြီး Overall Experience က ကွာခြားနိုင်ပါသေးတယ်။

#Camera

Mi 9 Camera ကို ပြောရမယ်ဆိုရင် စပြီးစမ်းဖြစ်လိုက်တာနဲ့ ပြောဖို့စကားတွေက ရှိပြီးသားပါ။ ဒါပေမယ့် ဒီကြားထဲ မြင်မိတဲ့ကိစ္စတစ်ချို့ကြောင့် အရင် Tech Gadget အတွက် Good Camera on Mobile Phone ဆိုတာကို အရင်ပြောပါမယ်။

အရင်ဆုံး စမတ်ဖုန်းကင်မရာကောင်းမကောင်းဆိုတာကို ဘာနဲ့ဆုံးဖြတ်သလဲ?

အရင်ဆုံးအဖြေက တူညီတဲ့ Shutter Click ပြီးတဲ့အချိန်၊ လူတိုင်းရိုက်မယ့် Auto Mode တစ်ခုမှာ Camera Sensor ၊ ISP တွေကနေ ထွက်လာတဲ့ End Result ဓါတ်ပုံက ကောင်းနေဖို့ပါ။ တနည်းပြောရရင် Straight out of Camera - SOOC Result ပါ။

အဲ့ဒီအတွက် Tech Gadget စမ်းဖြစ်တဲ့ Testing Environment က တစ်ခုထဲပါ - It's all about what Smartphone can do. NOT PERSON BEHIND THE CAMERA.

အဲ့တော့ AI Auto ၊ HDR Auto အကုန်လုံး Auto Mode မှာပဲ တူညီတဲ့ အခြေအနေတစ်ခုမှာ ဘယ်ဖုန်းက ဘယ်လိုဓါတ်ပုံထွက်လာသလဲဆိုတာကို စမ်းပါတယ် - Night Mode လို Extra Feature လည်း တူတူပါပဲ။ We don't care what Sensors, Tech or whatever Software Optimization They Use.

အဲ့တော့ Mi 9...

အရင်ဆုံး Mi 9 လက်ထဲမရောက်ခင် Announce လုပ်ပြီးတဲ့ အချိန်မှာ S10 ကို Exclusive အနေနဲ့ စမ်းဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ S10 ရဲ့ Camera က S9 ဒါမှမဟုတ် Note 9 ကနေ တချို့နေရာတွေကလွဲပြီး သိသိသာသာ Improve မဖြစ်လာဘူးထင်မိတော့ စိတ်ထဲတွေးမိတာက Mi 9 Camera ကို S10 မှီဖို့ခက်လိမ့်မယ်ဆိုပြီးပါ။ ဒါက မနှစ်က Mi 8 က ထင်ထားတဲ့ Expectation တွေကို တော်တော်လေးကျော်နိုင်ခဲ့လို့ပါ။

ဒါပေမယ့် Mi 9 ကို တကယ်စမ်းဖြစ်ပြီး လက်ထဲမှာလည်း S10 ရှိနေတော့ Mi 9 ရဲ့ Camera က Pixel 3 မဟုတ်တဲ့ S10 နဲ့ ယှဉ်ရင်တောင် လိုအပ်ချက်တွေ တော်တော်လေးကို မြင်လာပါတယ်။

အရင်ဆုံး အလင်းရောင်ကောင်းကောင်းရတဲ့ ပုံမှန်ဓါတ်ပုံတွေ၊ တော်တော်လေးကို ကောင်းတယ် - Flagship Level ရှိတယ်။ S10 လို Overexpose မဖြစ်သလို Pixel လိုမျိုး Contrast အရမ်းမများနေဘူး။ သာမန် Point & Shoot အနေနဲ့ ပေးရတဲ့ဈေးနဲ့ စိတ်ကျေနပ်တယ်။ အထူးသဖြင့် Color တွေ၊ Contrast တွေအကုန်လုံး Balance ဖြစ်နေတဲ့ Flagship Level Camera ကို လိုချင်တယ်ဆိုရင် Mi 9 က S10 ထက်တောင် ပိုရွေးချယ်သင့်တယ်။

ဒါပေမယ့် လူပုံတွေရိုက်တဲ့နေရာတွေ၊ Portrait ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် နည်းနည်း လှုပ်နေတဲ့ Subject တွေကို ရိုက်တဲ့နေရာတွေမှာ Details ပိုင်းတွေ၊ Focus Reliability ပိုင်းတွေမှာ Mi 9 က စိတ်ကျေနပ်မှုကို အဲ့လောက်မပေးနိုင်ဘူး။ ဓါတ်ပုံတွေက Flagship ဖုန်းတစ်ခုဆိုတဲ့ Standard အနေနဲ့တိုင်းလို့ မရသလိုဖြစ်နေတယ် - ဒါက Huawei Mate 20 Pro ၊ S10 နဲ့ Pixel 3 တွေကြောင့် မတရားဘူးပြောရင်လည်း ပြောနိုင်မှာပေါ့။

ဒီလိုမျိုး စိတ်ထဲလိုနေတယ်ဆိုတဲ့ ခံစားချက်က Mi 9 မှာ OIS မပါတာကြောင့် အဓိကဖြစ်လာတာပါ။ နောက်ပြီး Sony IMX586 ဖြစ်နေပြီး SD 855 ကြောင့် 48MP Sensor ကို Redmi Note 7 လိုမဟုတ်ပဲ Processing နိုင်တယ်ဆိုပေမယ့် AI က Color ပိုင်းကို အဲ့လောက်ထိ အဆင်ပြေအောင် မလုပ်နိုင်သလို Dynamic Range ကလည်း Default 12MP Mode မှာ ပိုကောင်းပြီးတော့ 48MP Mode က Zoom လုပ်ပြီး Details တွေလိုချင်တာ၊ ဒါမှမဟုတ် Lighting ကောင်းကောင်း Scene တစ်ခုမှာတော့ ကောင်းကောင်းအဆင်ပြေပြီး ပုံမှန်အတွက်ကတော့ 12MP ကပဲ ပိုကောင်းဦးမှာပါ။

နောက်တစ်ခုက Portrait အတွက် Telephoto Lens ကို ဆက်သုံးနေတာပါ။ ကျွန်တော်တို့ OnePlus 5T ထဲက Portrait အတွက် Tele Lens ကို Drop သင့်တယ်လို့ ပြောနေတာ အခု S10 မှာစပြီး Drop လိုက်ပြီ.. ဒါပေမယ့် Mi 9 ကတော့ ဆက်သုံးနေတုန်း။ ထွက်လာတဲ့ Result မှာ Crop ထားတဲ့ FoV က အဆင်ပြေတယ်ဆိုပေမယ့် Low Light Portrait တွေမှာတော့ ပိုပြီးရုန်းကန်ရတုန်းပါ။ Maybe Mi 9 က ဒီနှစ်အစောပိုင်း Flagship ဖုန်းတွေထဲမှာ တစ်ခုထဲသော Tele Lens ကို Portrait အတွက် သုံးတဲ့ဖုန်းဖြစ်လာနိုင်ပါတယ်။ Edge Detection ပိုင်းမှာလည်း Tele Lens ဖြစ်နေလို့ သိသာတဲ့အားသာချက်ရှိနေတာလည်း မဟုတ်၊ Non-Human Subject ဆို ပိုဆိုးပြန်တော့ ဒါက Tech Gadget ရဲ့ Tele Lens တိုင်းကို အပြစ်ပြောဖြစ်တာက Mi 9 တစ်ခုထဲအတွက် ကံမကောင်းစွာဖြစ်သွားတာပါ။

ကျန်တဲ့ Lens တစ်ခုအကြောင်းမပြောခင် Mi 9 ရဲ့ Camera ကို Mi 8 နဲ့ ယှဉ်ပြီး ဆုံးဖြတ်မယ်ဆိုရင် ပိုကောင်းလာတာမှန်ပေမယ့် တခြားလက်ရှိ Flagship တွေနဲ့ ယှဉ်တဲ့အချိန်မှာရော၊ Mi 8 ကိုယ်တိုင်နဲ့ ယှဉ်ရင်ရော လုံးဝ အားနည်းချက်မရှိပဲ အားသာချက်တွေပဲရှိတဲ့ Camera Performance ရော၊ Experience ရော ပြန်မရပါဘူး။ ဒါက OIS မပါတာကြောင့်အဓိကဖြစ်သွားပြီးတော့ Maybe 48MP Sensor တွေက အဲ့လောက်ထိ Optimize မလုပ်နိုင်သေးတာကြောင့်ဖြစ်မှာပါ။

ကဲ... ကျန်တဲ့ 117° Ultrawide Lens.

Normal Camera ထက် Quality ပိုလျော့ပြီး Frame ထဲ Subject တွေပိုထည့်ချင်တယ်ဆိုရင်တော့ အဆင်ပြေတယ်။ ဒါပေမယ့် အဆင်ပြေတယ်ဆိုတာကို ကျော်ပြီး ပြောပါဆိုရင် ပြောဖို့ခက်ပြန်တယ်။

ဘာကြောင့်လဲဆိုရင် Mi 9 ရဲ့ 117° Wide Angle Lens က S10 ရဲ့ 123° Lens လောက် Dramatic မဖြစ်သလို Side by Side ယှဉ်ရင် Quality လည်း သိသိသာသာကို ပိုလျော့တယ်။ အဲ့လိုဆိုပြီး Huawei Mate 20 Pro လိုမျိုး AI က ဒီပုံကတော့ Wide Angle Shot နဲ့ ရိုက်သင့်တယ်ဆိုပြီး Suggest မလုပ်ပေးနိုင်ပြန်ဘူး။ အဲ့တော့ ဒီ Versatile ပိုဖြစ်တဲ့ Ultrawide Lens ပါတာက မပါတာထက်တော့ ပိုကောင်းတယ် - ဒါပေမယ့် ခုနကပြောသလို ဒီလို Ultrawide Lens ပါပြီးသား တခြား Flagship ဖုန်းတွေကို မယှဉ်နိုင်ပြန်ဘူး။

ခဏနားပြီး ကျွန်တော်တို့ အဆိုးတွေကြီးပဲ ဆက်တိုက်ပြောနေဖြစ်သလား ပြန်ကြည့်ရအောင်။

တခါတလေ Xiaomi ဖုန်းတွေကို Review လုပ်တိုင်း ဖြစ်တဲ့ Feeling က ဒီ Mi 9 မှာလည်းဖြစ်ပါတယ်။ ဘယ်လိုပဲ ဒီဈေးမှာ ဒီ Specs တွေ၊ ဒီ Performance တွေက လက်ခံသင့်တယ် - အကောင်းဆုံးလို့တောင် ချီးကျူးလို့ရတယ်ပဲပြောပြော ကျွန်တော်တို့အနေနဲ့ နံပါတ် (၁) အနေနဲ့ ဈေးကို Review ထဲမှာတောင် ထည့်မပြောတတ်တဲ့အချိန်၊ Performance မှာလည်း ကိုယ်ခံစားရတဲ့အတိုင်းကလွဲပြီး ကျန်တာမပြောတဲ့အချိန်မှာ Xiaomi ရဲ့ အဓိကအားသာချက်တွေကို လှစ်လှူရှုမိသလိုဖြစ်နိုင်ပါတယ်။ အခု Mi 9 ရဲ့ Camera ပိုင်းက Samsung ၊ Apple ၊ Huawei နဲ့ Pixel ဖုန်းတွေလို Flagship တွေကို မမှီပါဘူး - ဒါပေမယ့် ဒီ Flagship ဖုန်းတွေကို ဖယ်ထုတ်လိုက်ပြီး Highend တွေနဲ့ ယှဉ်မယ်ဆိုရင် သူအကောင်းဆုံးပါ - OnePlus 7 ကို စောင့်ကြည့်ရမှာက လွဲရင်ပေါ့။

နောက်ထပ် Samsung S10 ထက် ပိုကောင်းမယ်ထင်ထားပေမယ့် မကောင်းခဲ့ပြန်တဲ့ Night Mode.

Samsung Galaxy S10 ရဲ့ Scene Optimizer On မှာ Auto အလုပ်လုပ်တဲ့ Bright Night Feature က Pixel ရဲ့ Night Sight ၊ Huawei ရဲ့ Night Mode အနောက်မှာ ရှိပါတယ်။ ဒါပေမယ့် Mi 9 ရဲ့ Night Mode က S10 ထက် ပိုပြီးဆိုးသလိုခံစားရပါတယ်။ ဒါကလည်း အခြေအနေပေါ်မှုတည်ပြီးပါ။

ဘာကိုပြောချင်သလဲဆိုရင် Mi 9 ရဲ့ Night Mode က လုံးဝမှောင်တဲ့အချိန်တွေ၊ Lighting တော်တော်နည်းတဲ့နေရာတွေမှာ Wow ဖြစ်စေနိုင်တဲ့ Night Mode မျိုးမဟုတ်ပဲ အလင်းရောင်ရှိနေမှ၊ မီးတွေကို ရိုက်နေမှ ပုံကောင်းကောင်းထွက်တဲ့ Enhanced Low Light Mode ပုံစံပိုဖြစ်ပါတယ်။ ဒါကလည်း ခုနက အားနည်းချက်ဖြစ်ခဲ့တဲ့ OIS မပါတာကြောင့်လည်းပါနေပြန်ပါတယ်။

ဘာကိုပြောချင်တာလဲ? 

တကယ်လို့ အလင်းရောင်လုံးဝမရှိတဲ့၊ တော်တော်ကို နည်းတဲ့နေရာမှာ ရိုက်မယ်ဆိုရင် Mi 9 မှာ Handheld ကို ကောင်းကောင်းထိန်းနိုင်တဲ့ OIS မရှိတဲ့အတွက် ISO ကို စွတ်တင်ပါတယ် - 25,600 အထိပါ။ အဲ့တော့ Night Mode ရဲ့ Long Exposure ပုံစံ Photo Stitching လုပ်တဲ့ Feature က တခြားဖုန်းတွေက လုပ်နိုင်သလောက်မလုပ်နိုင်တော့ပါဘူး။ နောက်ပြီး လောလောဆယ်အထိ ကျွန်တော်တို့ မြင်သလောက်က Xiaomi ရဲ့ Night Mode က Pixel ဒါမှမဟုတ် Huawei ရဲ့ Night Mode နဲ့ ယှဉ်ရင် AI က ဝင်ပါတာပိုကောင်းတယ်ဆိုတဲ့ Result ကို သိပ်မရောက်ပြန်ပါဘူး။ အဲ့တော့ Mi 9 ရဲ့ Night Mode ကောင်းကြောင်း ကြွားထားတဲ့ မီးရောင်တွေ၊ အလင်းရောင်ပါတဲ့ Scene တွေကို ရိုက်ထားတဲ့ပုံတွေကို မြင်ကြဦးမှာပါ။ ဒါပေမယ့် Enhanced Low Light Mode လို့ မတပ်ပဲ Night Mode လို့တပ်ထားတော့ Mi 9 ကို တကယ် Mate 20 Pro နဲ့ Pixel 3 တွေမှာ Wow ဖြစ်စေတဲ့ Condition အတိုင်း Night Mode ကို Extreme Test လုပ်မယ်ဆိုရင် Fail ဦးမှာပါ။

Xiaomi အနေနဲ့တော့ ဒီ Night Mode ကို Competition ထဲ ပြိုင်နိုင်ဖို့ အချိန်တော်တော်ယူရဦးမှာပါ။ အဲ့တော့ Night Mode ဆိုတာ Manual Mode LE ရိုက်တာနဲ့ တူတူပဲဆိုတဲ့ Concept ကိုင်ထားတဲ့သူတွေကတော့ ညဘက်ရိုက်မယ်ဆိုရင် Tripod ပဲ ယူသွားပြီး ရိုက်တာက လုံးဝအလင်းရောင်မရှိတဲ့အချိန်မှာ Night Mode ထက်ပိုကောင်းမှာပါ။

Selfie မှာတော့ Improve ဖြစ်လာတယ်... ပိုကောင်းလာတယ်။ iPhone XS or Mate 20 Pro ထက် ပိုကောင်းတယ် - S10 နဲ့ Pixel 3 ရဲ့ အနောက်မှာ ရှိတယ်။

#Battery

Battery ပိုင်းမှာ တဖက်ကတွေ့ဖူးသမျှထဲမှာ တော်တော်ကောင်းပြီး နောက်တဖက်မှာတော့ တော်တော်လေးကို အဆင်မပြေပါဘူး။

အရင်ဆုံးကောင်းတယ်ဆိုတာက Charging ပိုင်းမှာပါ - ကျွန်တော်တို့ 27W Charger မရှိတဲ့အတွက် အမြန်ဆုံးဖြစ်နိုင်မယ်ထင်တဲ့ 45W USB-C PD Charger နဲ့ပဲ အားသွင်းဖြစ်ပါတယ်။ 20% ကနေ စအားသွင်းပြီးတော့ Wi-Fi on, Mobile Data On, Screen Locked အဆင့်နဲ့ အားသွင်းတဲ့နှုန်းက ဒီအတိုင်းပါ။

15 Min Charging - 45% (from 20%)
30 Min Charging - 66%
45 Min Charging - 85%
1 Hr Charging      - 96%
1 Hr 6 Min Charging - 100%

ဒီနှုန်းက လက်ရှိအချိန်မှာ Tech Gadget အနေနဲ့ စမ်းရသလောက် Mate 20 Pro ရဲ့ 4200mAh Battery ကို 40W Charging နဲ့ ပြန်သွင်းတာတဲ့အချိန်ထက် ၁၀ မိနစ်အောက် ပိုများနေသေးတာကလွဲရင် လက်ရှိမှာ အကောင်းဆုံး Charging Speed ပါ - Definitely Faster than Mi 8 ၊ Mi 8 SE.

ဒီရလဒ်က Xiaomi ရဲ့ Official 27W Charger နဲ့ဆိုရင် နည်းနည်းပိုမြန်ကောင်းပိုမြန်နိုင်တယ်၊ နောက်ပြီး 20W Wireless Charging ကလည်း မစမ်းနိုင်ခဲ့ပြန်ပါဘူး။

ဒီလို Charging ကောင်းတယ်ဆိုပေမယ့် မကောင်းတဲ့အချက်က သုံးတဲ့နေရာမှာ Battery တော်တော်ဆိုးဆိုးရွားရွားကို မခံတာပါ။ ဒါက YouTube Battery Test တွေလိုမျိုး တခုထဲ ယှဉ်သုံးနေတာထက် ပုံမှန်ဖုန်းတစ်လုံးအနေနဲ့ သုံးနေတဲ့အချိန်မှာပါ။ Mi 9 ရဲ့ Battery က S10 နဲ့ မတိမ်းမယိမ်းကို ဖြစ်နေပြီးတော့ တခါတလေ Game ဆော့တဲ့အချိန်မှာ Battery ပိုစားပါတယ်။ Screen Time ကို ၆ နာရီရဖို့ကို တော်တော်လေးကို Wi-Fi ပဲချိတ်သုံး၊ AOD ပိတ်၊ တခြား Battery စားတာမသုံးနေပဲ Social Media လောက်ပဲ သုံးနေမှရတာပါ။ အမြဲတမ်းမဟုတ်ပေမယ့် Heat ပါတက်လာတဲ့အချိန်တွေဆိုရင် Mi 9 မှာ Wi-Fi နဲ့ 70% Brightness လောက်နဲ့ PUBG နာရီဝက်လောက်ဆော့တာက Battery 9% ကနေ 11% လောက်ထိ လျော့ပါတယ်။

အဲ့တော့ Mi 9 က တရက်လုံး အားပြန်မသွင်းပဲ သုံးနိုင်တဲ့ဖုန်းမဟုတ်ပြန်ပါဘူး - Battery Optimized ဖြစ်အောင်ဆိုပြီး Background Apps တွေပိတ်ထားတာမဟုတ်ရင်တော့ ဒီမတရားမြန်တဲ့ Charging Speed နဲ့ အားပြန်သွင်းရမှာပါ။ တကယ်လို့ နေပူလို့ Heat တက်ပြီး အားကုန်မြန်တာဆိုရင်လည်း နောက်ဆိုဖုန်းတွေကို မိုးရာသီတစ်ခုထဲမှာပဲ Review လုပ်ဖို့ စဉ်းစားရမှာပေါ့။

#Software

MIUI China ROM အကြောင်းကတော့ ကျွန်တော်တို့ RMN7 မှာ ပြောပြီးဖြစ်တော့ ကျော်ပါမယ်။ ဒီမှာ အဓိကပြောချင်တာက Xiaomi အနေနဲ့ အခုမှ Flagship ဖုန်းတွေကို နည်းန်ည်းပိုပြီး Exclusive Feature ပေးလာတာပါ။

အရင်တုန်းကလို MIUI က ဒီ ၁ သိန်းကျော်ဖုန်းမှာရော.. ၇ သိန်းကျော်ဖုန်းမှာရော တူတူပဲဆိုတာကနေ ကွဲထွက်လာတဲ့ Feature တစ်ခုကို Mi 9 မှာ စမြင်လာရပါပြီ။ အဲ့ဒါက တော်တော်လေးကို စစခြင်းအနေနဲ့ အဆင်ပြေတဲ့ Dark Mode ပါ။ အမှန်အတိုင်းပြောရရင် ဒီ Dark Mode က OneUI ရဲ့ Night Mode လောက်မလှဘူးလို့ မြင်တယ်၊ ပြီးတော့ MIUI 6 ကနေ MIUI 7 အပြောင်းမှာ Setting Icon တွေလှသွားသလိုမျိုး မဖြစ်ပေမယ့် ဒီလိုပြောင်းလဲတာကို တော်တော်လေး သဘောကျမိပါတယ်။ အနည်းဆုံး မျက်စိအားသိပ်မစိုက်ရတာနဲ့ Battery သက်သာတာပေါ့။

တစ်ခုထပ်တွေးမိတာက Xiaomi ရဲ့ MIUI က Mi 9 နောက်ပိုင်းမှာ Flagship တွေအတွက်ပဲဆိုပြီး Feature သီးသန့်ထည့်လာစေချင်တာပါ။ ဒါက Xiaomi ရဲ့ အရင်တုန်းက အားသာချက်ပေမယ့် Xiaomi ရဲ့ Mi 9 လိုဖုန်းတွေက ၈ သိန်းနီးပါးဖြစ်လာပါပြီ။ We are hoping to see more Flagships only features on MIUI.

ကျန်တဲ့ MIUI ပိုင်းမှာတုန်းကတော့ Mi 8 တုန်းကလို သုံးနေတုန်းမှာ စိတ်ထဲ Bug ဖြစ်တာတော်တော်နည်းသွားတယ်၊ RMN7 တုန်းကလို Lag ဖြစ်တာတွေ၊ Hang တာတွေလည်း မရှိတော့ဘူး။ အဲ့တော့ ပြောခဲ့တဲ့ China ROM ဖြစ်နေတာကလွဲရင် Mi 9 က သုံးရတာ အဆင်ပြေတယ်။

တစ်ခုမကြိုက်သေးတာက Mi AI ပါ - ဒီအတိုင်း နားမလည်တဲ့ Chinese Version AI တစ်ခုအစား Google Assistant က အများကြီး ပိုကောင်းမှာပါ။ So, wait for more Expensive Global Version?

Well, let's end this.

A Persona.

အရာအားလုံးနီးပါးမှာ တမင်ပဲဖြစ်ဖြစ်၊ ဒီအတိုင်း သတ်မှတ်ခံလိုက်ရတာပဲဖြစ်ဖြစ် ကိုယ်ပိုင် Image တစ်ခုရှိပါတယ်။ ဖုန်းအနေနဲ့ ကြည့်မယ်ဆိုရင် Apple ဆိုတာက Luxury Statement တစ်ခု၊ Samsung ဆိုတာနဲ့ Display ကောင်းတဲ့ Flagship တစ်ခု ၊ Huawei  ဒါမှမဟုတ် Pixel ဆိုတာနဲ့ Camera လိုမျိုးပေါ့။

ဒီနေရာမှာ Xiaomi ဆိုတာနဲ့ဖြစ်လာတဲ့ Image တစ်ခုက ဈေးသက်သာပြီး စွမ်းဆောင်ရည်ကောင်းတာပါ။ ဒါပေမယ့် ကျွန်တော်တို့အတွက် ဒီအချိန်က Brand Image ဆိုတာထက် Persona (သို့) လူအများစုကို ဒီပုံစံတစ်ခုပဲ မြင်နေအောင် Xiaomi က Acting လုပ်နေတဲ့ Mask တစ်ခုလို့ပဲ မြင်ပါတယ်။ တနည်းပြောရရင် Xiaomi ကနေ Mi 9 ကို ဒီဈေးကလွဲပြီး ၁၀ သိန်းအထက်ခေါ်လို့ မရလောက်အောင် Flagship ဖုန်းတစ်ခုရဲ့ Feature တွေကို ဖြုတ်ထားတာကြောင့်ပါ။

ဒါက Mi 8 တွေ၊ အရင်ထွက်ပြီးသား Mi Series ဖုန်းတွေထက် Mi 9 မှာ ပိုပြီး မြင်သာသွားပါတယ်။

Mi 9 ရဲ့ Performance က SD 855 ကြောင့် လုံးဝ Top-notch အဆင့်မှာရှိပါတယ်။ ဈေးအရလည်း တော်တော်လေးကိုတန်နေပြန်ပါတယ်။ ဒါပေမယ့် Performance တစ်ခုထဲကြောင့် ၈ သိန်းနီးပါးပေးဝယ်သင့်ပြီလား?

ဒီမေးခွန်းက S10e သာ မထွက်ခဲ့ပဲ S10 ဈေးက Mi 9 ထက် ၅ သိန်းကျော် ၆ သိန်းလောက်များနေရင် မေးမိမှာမဟုတ်ပါဘူး။ ဒါပေမယ့် S10e ထွက်လာတော့ ဈေး ၃ သိန်းကျော်ကွာတာက တန်ရဲ့လားဆိုတာကို ပြန်မေးမိတာပါ။

S10e နဲ့ ယှဉ်မယ်ဆိုရင် Mi 9 ကို ပိုကောင်းတယ်ပြောမိမှာက Performance နဲ့ လုံးဝအလင်းရောင်ကောင်းကောင်းရတဲ့ Daytime Shot တွေပဲရှိမှာပါ။ ကျန်တဲ့ Stereo Speakers ၊ Water Resistant ၊ Better Display ၊ Overall Better Camera Quality နဲ့ Better Software ဆိုတာတွေမှာ S10 က သာနေဦးမယ်။ ဒါတွေအကုန်လုံးကို လွှတ်ပြီး Mi 9 မှာ နေလို့ရလားဆိုရင် ယှဉ်မသုံးကြည့်ပဲ Specs ပဲကြည့်ပြီး ဆုံးဖြတ်ရင်တော့ရတယ်... ဒါပေမယ့် ကျွန်တော်တို့ S10 နဲ့ Mi 9 ယှဉ်စမ်းနေတဲ့အချိန်မှာ Review လုပ်ပြီးတာနဲ့ S10 ကိုပဲ Secondary အနေနဲ့ သုံးနေဖြစ်တော့တာပါ။ It's really a better experience on S10 Series.

ကျွန်တော်တို့အတွက်တော့ ဒီနှစ်အတွက် Flagship ဖုန်းတွေထဲမှာ S10e က Compromise အနည်းဆုံး Flagship Level ရောက်တဲ့ဖုန်းတစ်ခုဖြစ်လာတယ်။ Mi 9 ကြတော့ Recommend ပေးဖို့က ၇ သိန်းအောက်၊ ၆ သိန်းလောက် ရောက်အောင်စောင့်ရင်စောင့်၊ မစောင့်ရင် ဒါမှမဟုတ် Global ROM ပဲ ဝယ်ချင်တယ်ဆိုရင် ဈေးပိုပေးပြီး Better Phone ဖြစ်နေတဲ့ S10e ပဲ ဝယ်ဖို့ ပြောမိမှာပါ။

Mi 9 ရဲ့ မပေးဖြစ်ခဲ့တဲ့ နောက်ထပ်ခေါင်းစဉ်တစ်ခုက "Becoming OnePlus" ပါ။


Mi 9 မှာ Processor Upgrade ဖြစ်တာနဲ့ Charging Upgrade ကလွဲပြီး တခြား Flagship Feature တွေမပါပဲ ဈေးပိုကြီးလာတာပါ။ Just Like OnePlus.

အဲ့တော့ကာ... ဒီလိုမျိုး Flagship Feature တွေကို အပိုတွေပဲလို့ သတ်မှတ်နေတာ၊ ဒါမှမဟုတ် ဘယ်လိုမှ ၁၀ သိန်းကျော် Flagship ဖုန်းဝယ်ဖို့ စိတ်ကူးမရှိတာကလွဲရင် Mi 9 က အခုဒီဈေးနဲ့ ကျိန်းသေဝယ်ဖို့ တန်တယ်ဆိုပြီး မပြောနိုင်တဲ့ဖုန်းတစ်ခုဖြစ်လာပါတယ်။ ပိုပေးပြီး တကယ့် Flagship ဝယ်ရင်ဝယ်၊ မဝယ်ရင် ဈေးကျတာပဲစောင့်ဖို့ ဆိုတာက Tech Gadget ရဲ့ Recommendation ပါ။

Well, thanks for reading.

မူလရေးသားတင်ဆက်သော Page - TechGadgetMM 

No comments: