Thursday, February 9, 2012

Japan ၀က်သားကြော်


မဂ္ဂဇင်းအတော်များများမှာ ကိုရီးယားအနုပညာဖက်ရှင်အစားအသောက်တွေအကြောင်း စဉ်ဆက်မပြတ်ရေးသားနေတဲ့ ဂျပန်မှာနေထိုင် သူ ကိုဇာနည် (Korean wave)ရဲ့ အချက်အပြုတ်ဆောင်းပါးလေးများထဲက ဒီတစ်လတော့ ဂျပန်ဝက်သားကြော်စားတဲ့နည်းလေးကိုပြန်လည် ကူးယူ ဖော်ပြလိုက်ပါတယ်။

ဝက်သားကြော်

ပါဝင်ပစ္စည်းများ

ဝက်သား - (၁၀)ကျပ်သား

ဆီ - (၄၀) ကျပ်သား

အသားမှုန့် - အနည်းငယ်

ကြက်ဥ - နှစ်လုံး

ပေါင်မုန့်ခြောက် - အနည်းငယ်

ငရုတ်ကောင်းမှုန့်- အနည်းငယ်

ဂေါ်ဖီ၊ ခရမ်းချဉ်သီး - အနည်းငယ်

ပြုလုပ်နည်း

- ၀က်သားလိုင်းသားကို ၂စင်တီမီတာခန့် ခပ်ပါးပါးလှီးပါ။

- လှီးပြီးသား ၀က်သားပြားတွေကို အသားမှုန့်အနည်းငယ်နဲ့ ငရုတ်ကောင်းမှုန့်အနည်းငယ်ဖြူးပြီး ခပ်ဖွဖွနယ်ပေးပါ။

- ကြက်ဥနှစ်လုံးကို ခပ်နာနာ ခလောက်ထားပါ။ ပေါင်မုန့်ခြောက်ကိုခြေပြီး ပန်းကန်ပြားပြန့်ပြန့်ထဲမှာ ဖြန့်ခင်းထားပါ။

- ပြီးရင် အသားမှုန့်နဲ့ ငရုပ်ကောင်းမှုန့်နယ်ထားတဲ့ ၀က်သားပြားကို ကြက်ဥထဲစိမ်ထားပြီး ပေါင်မုန့်ခြောက်နဲ့ကင်ပါ။

- အပူပေးထားတဲ့ဆီထဲကို (၂)မိနစ်ကနေ (၄)မိနစ်ခန့်ကြော်ပြီး ဆီစုပ်စက္ကူ ဒါမှမဟုတ် သတင်းစာသန့်သန့်ပေါ်တင်ကာ ဆီစစ်ပါ။

- ဆီစစ်ပြီးရင်တော့ ပွဲပြင်မယ့် ပန်းကန်ထဲမှာ ၀က်သားကြော်တွေကို လှပအောင်စီပြီး အလယ်ကောင်မှာ ခပ်ပါးပါးလှီးထားတဲ့ ဂေါ်ဖီနဲ့ ခရမ်းချဉ်သီးစိတ်လေးတွေနဲ့အတူ တွဲဖက်သုံးဆောင်နိုင်ပါတယ်။

Cooking Point 1

အသုံးပြုတဲ့ ၀က်သားဟာ အဆီလုံးဝမပါတဲ့ ၀က်သားဖြစ်ရပါမယ်။

Cooking Point 2

ခပ်ပါးပါးလှီးပြီး ကြော်တဲ့အတွက်ကြောင့်မို့ အစာကြေလွယ်တဲ့အတွက် အစာအိမ်အတွက်လည်းကောင်းမွန်ပါတယ်။

Cooking Point 3

လှီးပြီးသား ၀က်သားပြားလေးတွေကို ငရုတ်ကောင်းမှုန့်၊ အသားမှုန့်တို့အပြင် အရသာအဖြစ်နဲ့ ကြက်သွန်ဖြူနုပ်နုပ်စဉ်းလေးတွေ၊ ချင်းနုပ်နုပ်စဉ်းလေးတွေထည့်နယ်ပြီး တစ်မူထားတဲ့ အရသာအသစ်ကိုလည်း ပြုလုပ်နိုင်ပါတယ်။

Cooking Point 4

အသားပြားမှာ ပေါင်မုန့်ခြောက်တွေသေချာစွာကပ်အောင်လို့ လက်နှစ်ဖက်နဲ့ဖိပေးခြင်းကို အကြိမ်ကြိမ်ပြုလုပ်ပါ။

Cooking Point 5

ပေါင်မုန့်ခြောက်ကို ၀ယ်ယူဖို့အဆင်မပြေခဲ့ရင်တော့ ရိုးရိုးပေါင်မုန့်ချပ်ကို မာသွားအောင် နေပူလှန်းပြီး ကြေမွသွားအောင် ထောင်းခြင်းဖြင့်လည်း ပေါင်မုန့်ခြောက်ကို အလွယ်တကူပြုလုပ်နိုင်ပါတယ်။

Cooking Point 6

ကြော်တဲ့အချိန်မှာ ဆီရဲ့အပူချိန်ဟာ အရေးကြီးတာမို့ မီးကို အတိုးအလျော့လုပ်ရင်းနဲ့ ကြော်ရမှာဖြစ်ပြီး တူးမသွားစေဖို့ အထူးသတိပြုရ မှာဖြစ်ပါတယ်။

Cooking Point 7

ဝက်သားပြားတွေ ဆီမြုပ်နိုင်တဲ့ပမာဏအထိ ဆီကို ဒယ်အိုးထဲထည့်ရမှာဖြစ်တာမို့ ခပ်သေးသေးနဲ့ ဇောက်နက်နက် ဒယ်အိုးကိုသုံးပြီး ကြော်တာကအကောင်းဆုံးဖြစ်မယ်လို့ အကြံပြုလိုက်ပါတယ်။

No comments: