Friday, February 10, 2012

Food ID

လူတွေ နေ့စဉ်ချက်ပြုတ်စားသုံးကြတဲ့ ဟင်းလျာတွေထဲမှာ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုနေတဲ့ ကြက်သွန်ထဲမှာမှ အမျိုးအစား တွေ ကွဲကွဲပြားပြား ရှိနေပါသေးတယ်။ ကြက်သွန်ဟာ ဘယ်လိုအမျိုးအစားပဲဖြစ်ဖြစ် ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ စားသောက်ကုန် တစ်မျိုးဖြစ်တာတော့ အသေအချာပါပဲ။

(၁) Yellow Onion

Bombay Onion လို့ခေါ်ဝေါ်ကြတဲ့ ဒီကြက်သွန်နီဥတစ်မျိုးဟာ ကြီးမားတဲ့အဖြူရောင်အသား ရှိပါတယ်။ အရသာပြင်းပြီး ခြောက် သွေ့ ကာ အ၀ါရောင်သန်းတဲ့ အခွံညိုတွေနဲ့ ဖုံးအုပ်ထားတာဖြစ်ပါတယ်။

(၂) Big Red Onion

Spanish onion လို့ လူသိများတဲ့ ဒီကြက်သွန်အမျိုးအစားကတော့ ခရမ်းရောင်သမ်းတဲ့ အနီရောင်အတွင်းသား ရှိပါတယ်။ ချိုမြမြ အရသာကို ပေးစွမ်းပါတယ်။

(၃) Shallots

ကြက်သွန်နီအုပ်စုထဲမှာပဲပါဝင်တဲ့ Shallots ဟာ အဖြူရောင်နဲ့ ခရမ်းရောင် ရောယှက်တဲ့အတွင်းသားရှိပြီး ကြက်သွန်နီနဲ့ ကြက်သွန်ဖြူ ရဲ့ကြား ချိုမြတဲ့အရသာရှိပါတယ်။ ခြောက်သွေ့ပြီး အခွံပါးတဲ့ဥမျိုးကို ရွေးဝယ်သင့်ပါတယ်။

(၄) Garlic

ဟင်းလျာတွေတိုင်းမှာ မရှိမဖြစ်ပါဝင်လေ့ရှိတာကတော့ Garlic လို့ခေါ်တဲ့ ကြက်သွန်ဖြူပါပဲ။ ကြက်သွန်ဖြူ ၀ယ်ယူတဲ့အခါ အညှောက် မထွက်တဲ့ ထိပ်ဝိုင်းဝိုင်းအမျိုးအစားကို ရွေးချယ်ဝယ်ယူပါ။

(၅) Rose Onion

အရသာပြင်းပြီး စူးရှတဲ့ ဒီကြက်သွန်အမျိုးအစားဟာ အရွယ်အစားအမျိုးမျိုး ရရှိနိုင်ပါတယ်။ လုံးဝန်းပြီး ကြေးနီရောင်အခွံရှိတဲ့ဥမျိုးကို ရွေး ချယ်သင့်ပါတယ်။ ဟင်းလျာအမျိုးမျိုးမှာ ပုံစံအမျိုးမျိုးနဲ့ထည့်သွင်းချက်ပြုတ်ကြပါတယ်။

(၆) Green Onion

ကြက်သွန်မြိတ်ကတော့ ကြက်သွန်ဥဖြစ်လာတော့မယ့် ကြက်သွန်ပင်အနုလေးတွေ ဖြစ်ပါတယ်။ အမြစ်တွေကို လှီးထုတ်ပစ်ပြီး ဥနဲ့ အရွက်တွေကို ရေစင်စင်ဆေးကာ ရိပ်ရိပ်လေးလှီးပြီး စားသုံးလေ့ရှိကြပါတယ်။ စွပ်ပြုတ်နဲ့ အသုပ်တွေထဲမှာလည်း ထည့်သွင်းစား သုံးနိုင်ပါတယ်။

No comments: