Friday, February 17, 2012

Inbox

Keyboard နဲ့ Mouse သုံးစရာမလိုတော့ဘူးဆိုတဲ့ Gmail Motion

အင်တာနက်အွန်လိုင်းပေါ်က ကမ္ဘာ့အကောင်းဆုံး Search Engine အဖြစ်ထင်ရှားလှတဲ့ Google ကနေ Gmail MOtion လို့ခေါ်တဲ့ ၀န် ဆောင်မှုအသစ်တစ်ခုကို စတင်စမ်းသပ်အသုံးချခွင့်ပြုလိုက်ပါပြီ။ သူက ကိုယ့် Email ရေးတာတို့၊ ဖွင့်တာတို့၊ Reply လုပ်တာတို့ကို ကွန်ပျူတာ Keyboard နဲ့ Mouse ကိုတစ်ချက်လေးမှ မကိုင်ဘဲ အမူအယာနဲ့ ကိုယ့်ကွန်ပျူတာမှာရှိတဲ့ WebCam ကနေတစ်ဆင့် စေခိုင်းလို့ရနိုင်အောင် ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ အသစ်အဆန်းဆိုရင် လေ့လာကြည့်ချင်သူများအတွက် လိပ်စာကတော့ http://www.google.com/mail/help/motion.html စနစ် ဖြစ်တယ်လို့ဆိုပါတယ်။ ဘယ်လိုအမူအရာတွေနဲ့ စေခိုင်းရမယ်ဆိုတာ နဲ့တကွရှင်းပြထားပါတယ်။

Window Vista မှာ အင်တာနက်ချိတ်လို့မရခြင်း....

Window Vista သုံးတဲ့ ကွန်ပျူတာအတော်များများ အင်တာနက်ချိတ်ရင် ကြုံရတဲ့ ပြဿနာလေးပါ။ အောက်မှာ ပြထားသလို Network ကိုချိတ်လို့ရနေပြီး အင်တာနက် Connection မ၀င်တဲ့ပြဿနာလေးပါ။

အများအားဖြင့်တော့ သူ့ရဲ့ Window Firewall System က Query.exe ဆိုတဲ့ Filter လေးကြောင့်ဖြစ်တတ်ပါတယ်။ အဲ့ဒါကိုဖြေရှင်းဖို့ Start ကနေ Run ကိုသွားပြီး C:\window\system32 ကို အဆင့်ဆင့်သွားလိုက်ပါ။ ပြီးရင်ပွင့်လာတဲ့ Window ကနေ Query.exe ဆိုတဲ့ Icon လေးကို Scroll down လုပ်ပြီး ရှာကြည့်လိုက်ပါ။ တွေ့ပြီဆိုရင် သူ့အပေါ်မှာ Right click ထောက်ပြီး Properties ကိုနှိပ်ပေးလိုက် ပါ။ ပွင့်လာတဲ့ Properties Window ထဲက Security ဆိုတဲ့ Tab လေးကို ရွေးပေးလိုက်ပါ။ ပြီးရင် Group or User Names: ဆိုတဲ့ Title အောက်က Edit ဆိုတာလေးကို နှိပ်လိုက်ပါ။ ဒါဆိုရင် Permissions for query.exe ဆိုတဲ့ Window လေးပေါ်လာပါလိမ့်မယ်။ ပြီးရင် Administrators ဆိုတာကိုရွေးပေးပြီးရင် အောက်က Premissions for Administrators ဆိုတဲ့ Title အောက်မှာ Full control, Modify, Read & Execute စတဲ့ Function လေးတွေအားလုံးကို Allow ဆိုတဲ့အကွက်လေးတွေပေါ်မှာ အမှန်ခြစ်လေးတွေ လိုက်ပေးလိုက်ပါ။ ပြီးရင် Group or User Names ဆိုတဲ့နေရာလေးမှာ Users ဆိုတာလေးကို ပြန်ရွေးပြီး အောက်က Box လေးမှာခုနကအတိုင်း အမှန်ခြစ်လေးတွေ လိုက်ပေးလိုက်ပါ။ အားလုံးပြီးသွားရင်တော့ Apply ကိုနှိပ်ပြီး အဆင့်ဆင့်ပြန်ထွက်သွားပါ။ ပြီးရင် ကိုယ့်စက်ကို Restart ပေးလိုက်ပါ။ စက်ပြန်ပွင့်လာတဲ့အချိန်ကျရင် Network and Sharing Center ကိုသွားကြည့်လိုက်ပါ။

အောက်မှာပြထားတဲ့ Network and Sharing Center ဆိုတဲ့ပုံလေးမှာ ကွန်နက်ဖြစ်နေကြောင်း ပေါ်နေတာကို ၀မ်းသာစွာတွေ့ရမှာ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ အင်တာနက် စသုံးလို့ရသွားပါပြီ။

Alex Aung

No comments: