Friday, November 20, 2020

ဆိတ်သား(ကီးမား) – ဝက်အူနု/ဝက်အူမကြီးစွပ်ပြုတ် - ပင်လယ်ငါးထမင်းကြော်

ဆိတ်သား(ကီးမား) – ဝက်အူနု/ဝက်အူမကြီးစွပ်ပြုတ် - ပင်လယ်ငါးထမင်းကြော်


ဆိတ်သားကီးမားဟင်း

ကီးမားပလာတာထဲမှာပါတတ်တဲ့ ဆိတ်သားဟင်းကို သပ်သပ်ချက်စားချင်သူများအတွက် ချက်နည်းလေးပါ။



ပါဝင်ပစ္စည်းများ

ဆိတ်သား ၅၀ကျပ်သား၊ ကြက်သွန်နီဥကြီး ၃ဥ၊ ကြက်သွန်ဖြူ ၁ဥ၊ ငရုတ်သီးခြောက် ၅တောင့်၊ ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ သစ်ကြမ်းပိုးခေါက်မှုန့် လက်ဖက်ရည်ဇွန်း ၁ဇွန်း၊ ဖာလာအမှုန့် လက်ဖက်ရည်ဇွန်း ၁ဇွန်း၊ လေးညှင်းအမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ ချင်း လက်တစ်ဆစ်။


ပြင်ဆင်ပြုလုပ်နည်းအဆင့်ဆင့်

ဆိတ်သားကို နုပ်နုပ်စဉ်း (သို့မဟုတ်) အသားကြိတ်စက်ဖြင့် ကြိတ်ပါ။ ဆားသင့်ရုံထည့်။ အထက်ပါ အမွှေးအကြိုင်များထည့်မွှေပါ။

ငရုတ်သီး၊ ကြက်သွန်ဖြူ/နီထောင်းပြီး ဆီသတ်၍ ဆိတ်သားရောချက်ပါ။ ဆီပြန်မှချစားပါ။


ဝက်အူနု/ဝက်အူမကြီးစွပ်ပြုတ်


 

ပါဝင်သောပစ္စည်းများ

ဝက်အူနု (သို့မဟုတ်) အူမကြီး ၅၀ကျပ်သား၊ ကြက်သွန်ဖြူ/နီ ၂ဥစီ၊ ပဲငံပြာရည်/ချင်း သင့်ရုံ။


ပြင်ဆင်ပြုလုပ်နည်းအဆင့်ဆင့်

ဝက်အူနုနှင့် ဝက်အူမကြီးများကို ရေဆေးသန့်စင်ပြီး အတုံးလှလှတုံးကာ ပဲငံပြာရည်နှင့်နယ်ပါ။ သကြား ၁ကျပ်သားကို နီရဲလာအောင် လှော်ပြီး ဝက်အူမကြီးတို့ကိုထည့်လုံးပါ။

ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်းထုထောင်းထည့်ပြီးကျက်သည်အထိပြုတ်ပါ။ အချိုမှုန့်ခတ်ပါ။ ငရုတ်ကောင်းဖြူး၍ သုံးဆောင်ပါ။


ပင်လယ်ငါးထမင်းကြော်


 

ပါဝင်ပစ္စည်းများ

ပင်လယ်ငါးတစ်မျိုးမျိုး ၂၀ကျပ်သား၊ ဘဲဥ ၂လုံး၊ ကြက်သွန်နီဥကြီး ၅ဥ၊ ကြက်သွန်ဖြူ ၂ဥ၊ တရုတ်နံနံပင် သင့်ရုံ၊ တရုတ်ကြက်သွန်မြိတ် သင့်ရုံ၊ ငရုတ်ကောင်းမှုန့်/ဆား သင့်ရုံ၊ ငံပြာရည်အပျစ်/အကျဲ သင့်ရုံ၊ ဆီ ၇ကျပ်ခွဲသား။


ပြင်ဆင်ပြုလုပ်နည်းအဆင့်ဆင့်

ငါးမုတ်၊ ငါးခုံး၊ ငါးရွှေစသော နှစ်သက်ရာ ပင်လယ်ငါးတစ်မျိုးမျိုးကို ပါးပါးလှီးပြီး ဆားနယ်ထားပါ။ ကြက်သွန်နီကို ပါးပါးလှီးပါ။ ချင်းကိုထောင်း၍ ငါးများဖြင့်နယ်ပါ။ ကြက်သွန်ဖြူကို ဓားပြားရိုက်၍ အခွံနွှာထားပါ။ ဆန်နှစ်လုံးခန့်ချက်ထားပါ။

အိုးတွင် ဆီထည့်၍ ကြက်သွန်ဖြူ/နီကိုဆီသတ်ပါ။ နံနံပင်၊ကြက်သွန်မြိတ်ထည့်ပါ။ ကြက်သွန်နွမ်းလျှင် ငါးများထည့်ပါ။

ငါးများနီလာလျှင် ချက်ထားသော ထမင်းများထည့်၍ ဆား၊ပဲငံပြာရည်များ သင့်ရုံထည့်ပါ။ ငရုတ်ကောင်းမှုန့်၊ ဟင်းချိုမှုန့် သင့်ရုံထည့်ပါ။

ဘဲဥနှစ်လုံးကို ခေါက်၍ကြော်ပြီးလျှင် ထမင်းကြော်တွင် အပေါ်မှ ဖုံး၍ပြင်ပါ။


(Zawgyi) 


ဆိတ္သား(ကီးမား) – ၀က္အူႏု/၀က္အူမၾကီးစြပ္ျပဳတ္ - ပင္လယ္ငါးထမင္းေၾကာ္

ဆိတ္သားကီးမားဟင္း



ကီးမားပလာတာထဲမွာပါတတ္တဲ့ ဆိတ္သားဟင္းကို သပ္သပ္ခ်က္စားခ်င္သူမ်ားအတြက္ ခ်က္နည္းေလးပါ။

ပါ၀င္ပစၥည္းမ်ား

ဆိတ္သား ၅၀က်ပ္သား၊ ၾကက္သြန္နီဥၾကီး ၃ဥ၊ ၾကက္သြန္ျဖဴ ၁ဥ၊ ငရုတ္သီးေျခာက္ ၅ေတာင့္၊ ငရုတ္ေကာင္းမႈန္႔ လက္ဖက္ရည္ဇြန္း တစ္ဇြန္း၊ သစ္ၾကမ္းပိုးေခါက္မႈန္႔ လက္ဖက္ရည္ဇြန္း ၁ဇြန္း၊ ဖာလာအမႈန္႔ လက္ဖက္ရည္ဇြန္း ၁ဇြန္း၊ ေလးညွင္းအမႈန္႔ လက္ဖက္ရည္ဇြန္း တစ္ဇြန္း၊ ခ်င္း လက္တစ္ဆစ္။

ျပင္ဆင္ျပဳလုပ္နည္းအဆင့္ဆင့္

ဆိတ္သားကို ႏုပ္ႏုပ္စဥ္း (သို႕မဟုတ္) အသားၾကိတ္စက္ျဖင့္ ၾကိတ္ပါ။ ဆားသင့္ရံုထည့္။ အထက္ပါ အေမႊးအၾကိဳင္မ်ားထည့္ေမႊပါ။

ငရုတ္သီး၊ ၾကက္သြန္ျဖဴ/နီေထာင္းျပီး ဆီသတ္၍ ဆိတ္သားေရာခ်က္ပါ။ ဆီျပန္မွခ်စားပါ။

၀က္အူႏု/၀က္အူမၾကီးစြပ္ျပဳတ္



ပါ၀င္ေသာပစၥည္းမ်ား

၀က္အူႏု (သို႕မဟုတ္) အူမၾကီး ၅၀က်ပ္သား၊ ၾကက္သြန္ျဖဴ/နီ ၂ဥစီ၊ ပဲငံျပာရည္/ခ်င္း သင့္ရံု။

ျပင္ဆင္ျပဳလုပ္နည္းအဆင့္ဆင့္

၀က္အူႏုႏွင့္ ၀က္အူမၾကီးမ်ားကို ေရေဆးသန္႔စင္ျပီး အတံုးလွလွတံုးကာ ပဲငံျပာရည္ႏွင့္နယ္ပါ။ သၾကား ၁က်ပ္သားကို နီရဲလာေအာင္ ေလွာ္ျပီး ၀က္အူမၾကီးတို႔ကိုထည့္လံုးပါ။

ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီ၊ ခ်င္းထုေထာင္းထည့္ျပီးက်က္သည္အထိျပဳတ္ပါ။ အခ်ိဳမႈန္႔ခတ္ပါ။ ငရုတ္ေကာင္းျဖဴး၍ သံုးေဆာင္ပါ။

ပင္လယ္ငါးထမင္းေၾကာ္


 

ပါ၀င္ပစၥည္းမ်ား

ပင္လယ္ငါးတစ္မ်ိဳးမ်ိဳး ၂၀က်ပ္သား၊ ဘဲဥ ၂လံုး၊ ၾကက္သြန္နီဥၾကီး ၅ဥ၊ ၾကက္သြန္ျဖဴ ၂ဥ၊ တရုတ္နံနံပင္ သင့္ရံု၊ တရုတ္ၾကက္သြန္ျမိတ္ သင့္ရံု၊ ငရုတ္ေကာင္းမႈန္႔/ဆား သင့္ရံု၊ ငံျပာရည္အပ်စ္/အက်ဲ သင့္ရံု၊ ဆီ ၇က်ပ္ခြဲသား။

ျပင္ဆင္ျပဳလုပ္နည္းအဆင့္ဆင့္

ငါးမုတ္၊ ငါးခံုး၊ ငါးေရႊစေသာ ႏွစ္သက္ရာ ပင္လယ္ငါးတစ္မ်ိဳးမ်ိဳးကို ပါးပါးလွီးျပီး ဆားနယ္ထားပါ။ ၾကက္သြန္နီကို ပါးပါးလွီးပါ။ ခ်င္းကိုေထာင္း၍ ငါးမ်ားျဖင့္နယ္ပါ။ ၾကက္သြန္ျဖဴကို ဓားျပားရိုက္၍ အခြံႏႊာထားပါ။ ဆန္ႏွစ္လံုးခန္႔ခ်က္ထားပါ။

အိုးတြင္ ဆီထည့္၍ ၾကက္သြန္ျဖဴ/နီကိုဆီသတ္ပါ။ နံနံပင္၊ၾကက္သြန္ျမိတ္ထည့္ပါ။ ၾကက္သြန္ႏြမ္းလွ်င္ ငါးမ်ားထည့္ပါ။

ငါးမ်ားနီလာလွ်င္ ခ်က္ထားေသာ ထမင္းမ်ားထည့္၍ ဆား၊ပဲငံျပာရည္မ်ား သင့္ရံုထည့္ပါ။ ငရုတ္ေကာင္းမႈန္႔၊ ဟင္းခ်ိဳမႈန္႔ သင့္ရံုထည့္ပါ။

ဘဲဥႏွစ္လံုးကို ေခါက္၍ေၾကာ္ျပီးလွ်င္ ထမင္းေၾကာ္တြင္ အေပၚမွ ဖံုး၍ျပင္ပါ။

1 comment:

Unknown said...

ချက်စားကြည့်ပါမယ် ကျေးဇူးပါ