Wednesday, July 22, 2020

HIV ပိုးကူးစက်ခံရတာ သိနိုင်မယ့် ရှေ့ပြေးလက္ခဏာတွေ

HIV ပိုးကူးစက်ခံရတာ သိနိုင်မယ့် ရှေ့ပြေးလက္ခဏာတွေ


ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

HIV ဟာ ကိုယ်ခံအားစနစ်ကို တိုက်ခိုက်တဲ့ ဗိုင်းရပ်စ်ပိုး ဖြစ်ပါတယ်။ ခန္ဓါကိုယ်ကို ကျန်းမာစေဖို့နဲ့ ရောဂါတွေ အလွယ်တကူ ဖြစ်မလာအောင် ခုခံတားဆီးပေးနိုင်တဲ့ CD4 ဆဲလ်တွေကို အဓိက ဖျက်ဆီးပါတယ်။ တခြားသော ရောဂါပိုးတွေနဲ့ မတူပဲ HIV ဗိုင်းရပ်စ်ပိုးကို ကိုယ်ခံအားစနစ်က တိုက်ဖျက်လို့ မရပါဘူး။

HIV ပိုးဟာ သွေးကနေ တစ်ဆင့် ကူးစက်နိုင်သလို၊ ရောဂါပိုးရှိတဲ့ မိခင်ကနေလည်း ကလေးကို ကူးစက်နိုင်ပါတယ်။ အများဆုံး ကူးစက်နိုင်တဲ့ နည်းလမ်းကတော့ ရောဂါပိုးရှိသူနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံရာကနေ သုက်၊ သွေးတွေဟာ ကိုယ်ခန္ဓါထဲ ဝင်ရောက်ပြီး ကူးစက်နိုင်ပါတယ်။

HIV ပိုးကူးစက်ခံရပြီဆိုတာ ဘယ်လိုသိနိုင်မလဲ။
ပိုးကူးစက်ခံရတဲ့ လက္ခဏာတွေဟာ လူတစ်ဦးနဲ့ တစ်ဦး မတူညီနိုင်ပါဘူး။ တချို့တွေမှာ ရောဂါလက္ခဏာတွေ အမျိုးမျိုး ပြနိုင်သလို လက္ခဏာလုံးဝမပြတဲ့ သူတွေလည်း ရှိပါတယ်။ ဒါကြောင့် ကိုယ်က လိင်အပျော်အပါး လိုက်စားတတ်တဲ့သူ၊ တစ်ဦးထက်ပိုတဲ့ လိင်ဆက်ဆံဖော်တွေ ရှိတယ်ဆိုရင် ၃လ တစ်ကြိမ် သွေးစစ်ပါ။ လိင်ဆက်ဆံတဲ့အခါမှာလည်း အကာအကွယ်ကို အမြဲသုံးပေးပါ။

HIV ပိုး ကူးစက်ခံရပြီးနောက် ပထမအဆင့် လက္ခဏာတွေက ဘာတွေလဲ။
HIV ပိုး ကူးစက်ခံရပြီး ၂ပတ်ကနေ ၄ပတ်အတွင်းမှာ အအေးမိတုပ်ကွေးနဲ့ ရောဂါလက္ခဏာချင်း ဆင်တူတဲ့ ရှေ့ပြေးလက္ခဏာတွေကို တွေ့ရပါတယ်။ HIV ပိုး ကူးစက်ခံရတဲ့ ပထမအဆင့်မှာ အများဆုံး တွေ့ရတဲ့ လက္ခဏာတွေကတော့

ကိုယ်ခန္ဓါမှာ အဖုအပိမ့်ထွက်တာ၊
အပြင်းဖျားတာ၊
လည်ချောင်းနာတာ၊
ပြင်းပြင်းထန်ထန် ခေါင်းမူးတာတို့ပဲ ဖြစ်ပါတယ်။
ဒီလို လက္ခဏာတွေအပြင် တွေ့နိုင်ခြေနည်းတဲ့ ရောဂါလက္ခဏာတွေကတော့

အလွန်အမင်းမောပန်းတာ၊
ခံတွင်း ဒါမှမဟုတ် လိင်အင်္ဂါပတ်လည်မှာ ulcer လို အနာပေါက်တာ၊
ကြွက်သား နာကျင်ကိုက်ခဲတာ၊
အရိုးအဆစ်ကိုက်တာ၊
မူးဝေအော့အန်တာ၊
ညအိပ်နေရင်း ချွေးထွက်တာတို့ပဲ ဖြစ်ပါတယ်။
HIV ပိုး ကူးစက်ခံရပြီး ဖြစ်ပေါ်လာတဲ့ ဒီရှေ့ပြေးလက္ခဏာတွေဟာ တစ်ပတ်ကနေ ၂ပတ်အထိ ကြာနိုင်ပါတယ်။ ပုံမှန်အားဖြင့် တုပ်ကွေး၊ အအေးမိတဲ့ ရောဂါလက္ခဏာနဲ့ ဆင်တူပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ပိုးကူးစက်ခံရပြီလို့ သံသယရှိရင်တော့ ဆရာဝန်နဲ့ သေချာပြသပြီး စစ်ဆေးမှုခံယူရပါမယ်။

HIV ပိုး ကူးစက်ခံရပြီး ဒုတိယအဆင့်
ပိုးကူးစက်ခံရပြီး ပျမ်းမျှအားဖြင့် တစ်လအတွင်းမှာ ရှေ့ပြေးလက္ခဏာတွေ တွေ့ရတတ်ပါတယ်။ ဒီလက္ခဏာတွေ ပျောက်ကင်းသက်သာပြီး နောက် လတွေ နှစ်တွေနဲ့ ချီပြီး တခြားသော လက္ခဏာတွေ ထပ်ပြီး မဖြစ်လာပါဘူး။ ဒီအဆင့်မှာ တခြားသော ရောဂါလက္ခဏာတွေ မပြသေးပေမဲ့ HIV ဗိုင်းရပ်စ်ပိုးဟာ ကိုယ်ခန္ဓာထဲမှာ အလျင်အမြန် ပွားများနေပါတယ်။ ဒါ့အပြင် တခြားသော ဗိုင်းရပ်စ်ပိုးတွေ ခန္ဓာကိုယ်တွင်း အလွယ်တကူ ဝင်လာစေနိုင်ဖို့အတွက် CD4 လို့ ခေါ်တဲ့ ကိုယ်ခံအားစနစ်ထဲက ဆဲလ်တွေကို တိုက်ခိုက်နေပါပြီ။ ဒါကြောင့် ကိုယ့်မှာ ဘယ်လိုရောဂါလက္ခဏာမှ မပြသည့်တိုင်အောင် ကျန်းမာရေးကို အမြဲစစ်ဆေးနေဖို့ လိုအပ်ပါတယ်။

HIV ပိုး ကူးစက်ခံရပြီး တတိယအဆင့်
ကုသမှုမရှိတဲ့ သူတွေမှာ HIV ပိုးက အနှေးနဲ့ အမြန် ကိုယ်ခံအားစနစ်ကို ဖျက်ဆီးပစ်ပါတယ်။ ဒါကြောင့် ၃လတစ်ကြိမ် သွေးစစ်ဖို့ လိုအပ်ပြီး ကိုယ့်မှာ ရောဂါပိုးရှိလာရင်လည်း HIV ဗိုင်းရပ်စ်ပိုးကို မပြန့်ပွားအောင် ထိန်းပေးနိုင်မယ့် ဆေးတွေကို နေ့စဉ် အချိန်မှန် မပျက်မကွက် သောက်ပေးဖို့ လိုအပ်ပါတယ်။

ဒီလိုမျိုးကုသမှုမခံယူတဲ့သူတွေမှာ တတိယအဆင့်အနေနဲ့ HIV ရဲ့ နောက်ဆုံးအဆင့် တစ်နည်းအားဖြင့် ခုခံအားကျဆင်းမှုရောဂါဖစ်တဲ့ AIDS ရောဂါအခြေအနေကို ရောက်ရှိလို့လာပါပြီ။ ဒီအဆင့်ကိုရောက်နေတဲ့ ပိုးကူးစက်ခံရသူတွေမှာ ကိုယ်ခံအားစနစ်ဟာ ဆိုးရွားစွာ ထိခိုက်နေမှာဖြစ်ပြီး တခြားသော ရောဂါတွေ ဝင်လာနိုင်ခြေ အလွန်မြင့်လာပါတယ်။ သာမန်လူတွေမှာ အလွယ်တကူ တိုက်ခိုက်နိုင်တဲ့ ရောဂါပိုးတွေတောင်မှ HIV ပိုးကြောင့် ကိုယ်ခံအားနည်းနေတဲ့ သူတွေအတွက် အလွန်အန္တရာယ်ရှိပါတယ်။

ဒီအဆင့်မှာ မကြာခဏ အအေးမိ၊ ဖျားနာမယ်၊ မှိုရောဂါတွေ ဖြစ်လွယ်မယ်။ တခြားသော လက္ခဏာတွေအနေနဲ့

မူးဝေအော့အန်တာ၊
ဆက်တိုက် ဝမ်းလျှောတာ၊
နာတာရှည် ဖျားနာတာ၊
ကိုယ်အလေးချိန် အလျင်အမြန်ကျဆင်းတာ၊
ချောင်းမကြာခဏဆိုးတာ၊
အသက်ရှူမဝတာ၊
ဖျားနေချိန် ကိုယ်လက်ချမ်းတုန်တာ၊ ညဘက်တွေမှာ ချွေးထွက်တာ၊
ကိုယ်ခန္ဓာအနှံ့၊ ခံတွင်း၊ နှာခေါင်း၊ လိင်အင်္ဂါမှာ အဖုအပိမ့်တွေ၊ အနာတွေ ဖြစ်တာ၊
မှတ်ဉာဏ်ချို့ယွင်းတာ၊ မကြာခဏမေ့တတ်တာ၊ ဦးနှောက်နဲ့ အာရုံကြော ထိခိုက်တာ အစရှိတဲ့ လက္ခဏာတွေကို HIV ရဲ့ နောက်ဆုံးအဆင့်မှာ တွေ့နိုင်ပါတယ်။
HIV နဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အရာတွေ။
HIV ရောဂါပိုးဟာ အသက်အရွယ်မရွေး၊ ကျား၊ မ မရွေး ကူးစက်နိုင်ပါတယ်။ သွေး၊ သုက်ရည်၊ မိန်းမကိုယ်က ထွက်တဲ့ အရည်တွေကို ထိတွေ့မိရာကနေ ကူးစက်နိုင်တယ်။ ကွန်ဒုံးမသုံးပဲ အကာအကွယ်မဲ့လိင်ဆက်ဆံခြင်း၊ ဆေးထိုးအပ်ကို တစ်ဦးထက်ပိုပြီး ဝေမျှသုံးစွဲရာကနေ ကူးစက်နိုင်ပါတယ်။ အသားချင်းထိတာ၊ ပွေ့ဖက်နမ်းရှုပ်တာ၊ တံတွေးကနေတစ်ဆင့် HIV ပိုး မကူးစက်နိုင်ပါဘူး။

ကိုယ်ဟာ လိင်မှုကိစ္စမှာ တက်ကြွတဲ့သူဆိုရင် HIV ရောဂါပိုး ကူးစက်နိုင်ပုံ၊ ဖြစ်လာနိုင်တဲ့ လက္ခဏာတွေ၊ ရောဂါပိုးကို ထိန်းပေးထားနိုင်တဲ့ နည်းလမ်းတွေကို သိထားဖို့ လိုအပ်သလို ၃လတစ်ကြိမ် သွေးပုံမှန်စစ်ပေးဖို့ လိုအပ်ပါတယ်။ ပိုးကူးစက်ခံရတဲ့အခါမှာလည်း ဆရာဝန်က ပေးတဲ့ ပိုးထိန်းဆေးတွေကို နေ့စဉ်အချိန်မှန် သောက်ပေးပါ။ ကျန်းမာပြီး အာဟာရဖြစ်စေတဲ့ အစားအစာတွေကို ရွေးချယ်စားသုံးပေးပါ။ ကိုယ်လက်လေ့ကျင့်ခန်း အားကစားလုပ်ပါ။ မှန်ကန်တဲ့ စားသောက်နေထိုင်မှုပုံစံနဲ့ ဆေးကိုသာ ဂရုတစိုက် သောက်မယ်ဆိုရင်တော့ HIV ပိုးရှိနေတဲ့သူ ဖြစ်နေရင်တောင် သာမန်လူတွေလို ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည်နေထိုင်သွားနိုင်ပါတယ်။

(Zawgyi)

HIV ပိုးကူးစက္ခံရတာ သိနိုင္မယ့္ ေရွ႕ေျပးလကၡဏာေတြ


ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
ေရးသားသူ Ye Myo Myat

HIV ဟာ ကိုယ္ခံအားစနစ္ကို တိုက္ခိုက္တဲ့ ဗိုင္းရပ္စ္ပိုး ျဖစ္ပါတယ္။ ခႏၶါကိုယ္ကို က်န္းမာေစဖို႔နဲ႔ ေရာဂါေတြ အလြယ္တကူ ျဖစ္မလာေအာင္ ခုခံတားဆီးေပးနိုင္တဲ့ CD4 ဆဲလ္ေတြကို အဓိက ဖ်က္ဆီးပါတယ္။ တျခားေသာ ေရာဂါပိုးေတြနဲ႔ မတူပဲ HIV ဗိုင္းရပ္စ္ပိုးကို ကိုယ္ခံအားစနစ္က တိုက္ဖ်က္လို႔ မရပါဘူး။

HIV ပိုးဟာ ေသြးကေန တစ္ဆင့္ ကူးစက္နိုင္သလို၊ ေရာဂါပိုးရွိတဲ့ မိခင္ကေနလည္း ကေလးကို ကူးစက္နိုင္ပါတယ္။ အမ်ားဆုံး ကူးစက္နိုင္တဲ့ နည္းလမ္းကေတာ့ ေရာဂါပိုးရွိသူနဲ႔ အကာအကြယ္မဲ့ လိင္ဆက္ဆံရာကေန သုက္၊ ေသြးေတြဟာ ကိုယ္ခႏၶါထဲ ဝင္ေရာက္ၿပီး ကူးစက္နိုင္ပါတယ္။

HIV ပိုးကူးစက္ခံရၿပီဆိုတာ ဘယ္လိုသိနိုင္မလဲ။
ပိုးကူးစက္ခံရတဲ့ လကၡဏာေတြဟာ လူတစ္ဦးနဲ႔ တစ္ဦး မတူညီနိုင္ပါဘူး။ တခ်ိဳ႕ေတြမွာ ေရာဂါလကၡဏာေတြ အမ်ိဳးမ်ိဳး ျပနိုင္သလို လကၡဏာလုံးဝမျပတဲ့ သူေတြလည္း ရွိပါတယ္။ ဒါေၾကာင့္ ကိုယ္က လိင္အေပ်ာ္အပါး လိုက္စားတတ္တဲ့သူ၊ တစ္ဦးထက္ပိုတဲ့ လိင္ဆက္ဆံေဖာ္ေတြ ရွိတယ္ဆိုရင္ ၃လ တစ္ႀကိမ္ ေသြးစစ္ပါ။ လိင္ဆက္ဆံတဲ့အခါမွာလည္း အကာအကြယ္ကို အျမဲသုံးေပးပါ။

HIV ပိုး ကူးစက္ခံရၿပီးေနာက္ ပထမအဆင့္ လကၡဏာေတြက ဘာေတြလဲ။
HIV ပိုး ကူးစက္ခံရၿပီး ၂ပတ္ကေန ၄ပတ္အတြင္းမွာ အေအးမိတုပ္ေကြးနဲ႔ ေရာဂါလကၡဏာခ်င္း ဆင္တူတဲ့ ေရွ႕ေျပးလကၡဏာေတြကို ေတြ႕ရပါတယ္။ HIV ပိုး ကူးစက္ခံရတဲ့ ပထမအဆင့္မွာ အမ်ားဆုံး ေတြ႕ရတဲ့ လကၡဏာေတြကေတာ့

ကိုယ္ခႏၶါမွာ အဖုအပိမ့္ထြက္တာ၊
အျပင္းဖ်ားတာ၊
လည္ေခ်ာင္းနာတာ၊
ျပင္းျပင္းထန္ထန္ ေခါင္းမူးတာတို႔ပဲ ျဖစ္ပါတယ္။
ဒီလို လကၡဏာေတြအျပင္ ေတြ႕နိုင္ေျခနည္းတဲ့ ေရာဂါလကၡဏာေတြကေတာ့

အလြန္အမင္းေမာပန္းတာ၊
ခံတြင္း ဒါမွမဟုတ္ လိင္အဂၤါပတ္လည္မွာ ulcer လို အနာေပါက္တာ၊
ႂကြက္သား နာက်င္ကိုက္ခဲတာ၊
အရိုးအဆစ္ကိုက္တာ၊
မူးေဝေအာ့အန္တာ၊
ညအိပ္ေနရင္း ေခၽြးထြက္တာတို႔ပဲ ျဖစ္ပါတယ္။
HIV ပိုး ကူးစက္ခံရၿပီး ျဖစ္ေပၚလာတဲ့ ဒီေရွ႕ေျပးလကၡဏာေတြဟာ တစ္ပတ္ကေန ၂ပတ္အထိ ၾကာနိုင္ပါတယ္။ ပုံမွန္အားျဖင့္ တုပ္ေကြး၊ အေအးမိတဲ့ ေရာဂါလကၡဏာနဲ႔ ဆင္တူပါတယ္။ ဒါေၾကာင့္ ကိုယ့္ကိုယ္ကို ပိုးကူးစက္ခံရၿပီလို႔ သံသယရွိရင္ေတာ့ ဆရာဝန္နဲ႔ ေသခ်ာျပသၿပီး စစ္ေဆးမႈခံယူရပါမယ္။

HIV ပိုး ကူးစက္ခံရၿပီး ဒုတိယအဆင့္
ပိုးကူးစက္ခံရၿပီး ပ်မ္းမၽွအားျဖင့္ တစ္လအတြင္းမွာ ေရွ႕ေျပးလကၡဏာေတြ ေတြ႕ရတတ္ပါတယ္။ ဒီလကၡဏာေတြ ေပ်ာက္ကင္းသက္သာၿပီး ေနာက္ လေတြ ႏွစ္ေတြနဲ႔ ခ်ီၿပီး တျခားေသာ လကၡဏာေတြ ထပ္ၿပီး မျဖစ္လာပါဘူး။ ဒီအဆင့္မွာ တျခားေသာ ေရာဂါလကၡဏာေတြ မျပေသးေပမဲ့ HIV ဗိုင္းရပ္စ္ပိုးဟာ ကိုယ္ခႏၶာထဲမွာ အလ်င္အျမန္ ပြားမ်ားေနပါတယ္။ ဒါ့အျပင္ တျခားေသာ ဗိုင္းရပ္စ္ပိုးေတြ ခႏၶာကိုယ္တြင္း အလြယ္တကူ ဝင္လာေစနိုင္ဖို႔အတြက္ CD4 လို႔ ေခၚတဲ့ ကိုယ္ခံအားစနစ္ထဲက ဆဲလ္ေတြကို တိုက္ခိုက္ေနပါၿပီ။ ဒါေၾကာင့္ ကိုယ့္မွာ ဘယ္လိုေရာဂါလကၡဏာမွ မျပသည့္တိုင္ေအာင္ က်န္းမာေရးကို အျမဲစစ္ေဆးေနဖို႔ လိုအပ္ပါတယ္။

HIV ပိုး ကူးစက္ခံရၿပီး တတိယအဆင့္
ကုသမႈမရွိတဲ့ သူေတြမွာ HIV ပိုးက အေႏွးနဲ႔ အျမန္ ကိုယ္ခံအားစနစ္ကို ဖ်က္ဆီးပစ္ပါတယ္။ ဒါေၾကာင့္ ၃လတစ္ႀကိမ္ ေသြးစစ္ဖို႔ လိုအပ္ၿပီး ကိုယ့္မွာ ေရာဂါပိုးရွိလာရင္လည္း HIV ဗိုင္းရပ္စ္ပိုးကို မျပန႔္ပြားေအာင္ ထိန္းေပးနိုင္မယ့္ ေဆးေတြကို ေန႔စဥ္ အခ်ိန္မွန္ မပ်က္မကြက္ ေသာက္ေပးဖို႔ လိုအပ္ပါတယ္။

ဒီလိုမ်ိဳးကုသမႈမခံယူတဲ့သူေတြမွာ တတိယအဆင့္အေနနဲ႔ HIV ရဲ့ ေနာက္ဆုံးအဆင့္ တစ္နည္းအားျဖင့္ ခုခံအားက်ဆင္းမႈေရာဂါဖစ္တဲ့ AIDS ေရာဂါအေျခအေနကို ေရာက္ရွိလို႔လာပါၿပီ။ ဒီအဆင့္ကိုေရာက္ေနတဲ့ ပိုးကူးစက္ခံရသူေတြမွာ ကိုယ္ခံအားစနစ္ဟာ ဆိုးရြားစြာ ထိခိုက္ေနမွာျဖစ္ၿပီး တျခားေသာ ေရာဂါေတြ ဝင္လာနိုင္ေၿခ အလြန္ျမင့္လာပါတယ္။ သာမန္လူေတြမွာ အလြယ္တကူ တိုက္ခိုက္နိုင္တဲ့ ေရာဂါပိုးေတြေတာင္မွ HIV ပိုးေၾကာင့္ ကိုယ္ခံအားနည္းေနတဲ့ သူေတြအတြက္ အလြန္အႏၲရာယ္ရွိပါတယ္။

ဒီအဆင့္မွာ မၾကာခဏ အေအးမိ၊ ဖ်ားနာမယ္၊ မွိုေရာဂါေတြ ျဖစ္လြယ္မယ္။ တျခားေသာ လကၡဏာေတြအေနနဲ႔

မူးေဝေအာ့အန္တာ၊
ဆက္တိုက္ ဝမ္းေလၽွာတာ၊
နာတာရွည္ ဖ်ားနာတာ၊
ကိုယ္အေလးခ်ိန္ အလ်င္အျမန္က်ဆင္းတာ၊
ေခ်ာင္းမၾကာခဏဆိုးတာ၊
အသက္ရႉမဝတာ၊
ဖ်ားေနခ်ိန္ ကိုယ္လက္ခ်မ္းတုန္တာ၊ ညဘက္ေတြမွာ ေခၽြးထြက္တာ၊
ကိုယ္ခႏၶာအႏွံ့၊ ခံတြင္း၊ ႏွာေခါင္း၊ လိင္အဂၤါမွာ အဖုအပိမ့္ေတြ၊ အနာေတြ ျဖစ္တာ၊
မွတ္ဉာဏ္ခ်ိဳ႕ယြင္းတာ၊ မၾကာခဏေမ့တတ္တာ၊ ဦးေႏွာက္နဲ႔ အာ႐ုံေၾကာ ထိခိုက္တာ အစရွိတဲ့ လကၡဏာေတြကို HIV ရဲ့ ေနာက္ဆုံးအဆင့္မွာ ေတြ႕နိုင္ပါတယ္။

HIV နဲ႔ ပတ္သက္ၿပီး သိထားသင့္တဲ့ အရာေတြ။
HIV ေရာဂါပိုးဟာ အသက္အရြယ္မေရြး၊ က်ား၊ မ မေရြး ကူးစက္နိုင္ပါတယ္။ ေသြး၊ သုက္ရည္၊ မိန္းမကိုယ္က ထြက္တဲ့ အရည္ေတြကို ထိေတြ႕မိရာကေန ကူးစက္နိုင္တယ္။ ကြန္ဒုံးမသုံးပဲ အကာအကြယ္မဲ့လိင္ဆက္ဆံျခင္း၊ ေဆးထိုးအပ္ကို တစ္ဦးထက္ပိုၿပီး ေဝမၽွသုံးစြဲရာကေန ကူးစက္နိုင္ပါတယ္။ အသားခ်င္းထိတာ၊ ေပြ႕ဖက္နမ္းရႈပ္တာ၊ တံေတြးကေနတစ္ဆင့္ HIV ပိုး မကူးစက္နိုင္ပါဘူး။

ကိုယ္ဟာ လိင္မႈကိစၥမွာ တက္ႂကြတဲ့သူဆိုရင္ HIV ေရာဂါပိုး ကူးစက္နိုင္ပုံ၊ ျဖစ္လာနိုင္တဲ့ လကၡဏာေတြ၊ ေရာဂါပိုးကို ထိန္းေပးထားနိုင္တဲ့ နည္းလမ္းေတြကို သိထားဖို႔ လိုအပ္သလို ၃လတစ္ႀကိမ္ ေသြးပုံမွန္စစ္ေပးဖို႔ လိုအပ္ပါတယ္။ ပိုးကူးစက္ခံရတဲ့အခါမွာလည္း ဆရာဝန္က ေပးတဲ့ ပိုးထိန္းေဆးေတြကို ေန႔စဥ္အခ်ိန္မွန္ ေသာက္ေပးပါ။ က်န္းမာၿပီး အာဟာရျဖစ္ေစတဲ့ အစားအစာေတြကို ေရြးခ်ယ္စားသုံးေပးပါ။ ကိုယ္လက္ေလ့က်င့္ခန္း အားကစားလုပ္ပါ။ မွန္ကန္တဲ့ စားေသာက္ေနထိုင္မႈပုံစံနဲ႔ ေဆးကိုသာ ဂ႐ုတစိုက္ ေသာက္မယ္ဆိုရင္ေတာ့ HIV ပိုးရွိေနတဲ့သူ ျဖစ္ေနရင္ေတာင္ သာမန္လူေတြလို က်န္းက်န္းမာမာနဲ႔ အသက္ရွည္ရွည္ေနထိုင္သြားနိုင္ပါတယ္။

No comments: