Wednesday, July 15, 2020

ပန်းချီကားကို မြတ်နိုးတတ်လာပြီဆိုရင်

ပန်းချီကားကို မြတ်နိုးတတ်လာပြီဆိုရင်
----------------------------


ပန်းချီဆရာတစ်ချို့က ပန်းချီကားကို အတွေးနဲ့ရေးကြပါတယ်၊ တစ်ချို့က ပညာနဲ့ရေးတယ်၊ တစ်ချို့က သမ္ဘာနဲ့ရေးကြတယ်။

ပန်းချီချစ်မြတ်နိုးသူများကလည်း ပန်းချီကားများကို ရတနာတစ်ခုလို ရင်းနှီးမြှပ်နှံဖို့ ဝယ်ယူစုဆောင်းကြပါတယ်၊ တစ်ချို့က ရင်ထဲမှာငြိသွားလို့ဝယ်တယ်၊ တစ်ချို့က အမှတ်တရအနေနဲ့ဝယ်ကြတယ်။

ပတ္တမြားတွေမှာ အရည်အသွေးအမျိုးမျိုးရှိသလို၊ ရေမွှေးမှာ အဆင့်အတန်းအမျိုးမျိုးရှိသလို၊ ပန်းချီကားမှာလည်း တန်ဖိုးအမျိုးမျိုးရှိပါတယ်။

❤ နောင်တစ်ချိန်မှာ သေချာပေါက်တန်ဖိုးတက်မယ့် ဂန္တဝင်တွင်မယ့်အလားအလာရှိသော ပန်းချီကား၊
❤ နာမည်ကျော်နေသောပန်းချီကား၊
❤ အနုပညာမြောက်နေသော ပန်းချီကား၊
❤ လက်ရာသိပ်ကောင်းတဲ့ ပန်းချီကား၊
❤ နာမည်ကြီးပန်းချီအနုပညာရှင်၏ ပန်းချီကား၊
❤ အမှတ်တရလက်ဆောင်ဖြစ်တဲ့ပန်းချီကား၊
❤ နာမည်ကြီးပန်းချီကားကို ပုံစံတူကူးရေးထားသောပန်းချီကား... စသည်ဖြင့်

တန်ဖိုးကြီးသောအရာဆိုသည်မှာ ရှားပါးလွန်းတဲ့အရာမျိုးပါ။
အတုမရှိ အတူမရှိနိုင်တဲ့အရာမျိုးကို ပိုင်ဆိုင်ရခြင်းအတွက် နေ့တိုင်းတစ်သိမ့်သိမ့် ဂုဏ်ယူကျေနပ်နိုင်နေတဲ့သူ၊ တစ်စိမ့်စိမ့်ကြည့်တိုင်း နောင်တကင်းလျှက် ကြည်နူးနေချင်သူဟာလည်း ကမ္ဘာမှာအများကြီးမရှိပါဘူး။
လူကုံထံတွေဟာ သူတို့ရင်းနှီးမြှုပ်နှံစုဆောင်းထားကြတဲ့ ပန်းချီကားများအတွက် အမြဲတမ်းဂုဏ်ယူတတ်ကြပါတယ်။

ပန်းချီအနုပညာဖြစ်သော ပန်းချီကားများကိုဝယ်ယူစုဆောင်းလိုပါက

⭐ ကမ္ဘာပေါ် မှာတစ်ကားတည်းသာရှိသော နာမည်ကျော်ပန်းချီကားလို့ ယုံကြည်ရရင် ဝယ်ယူစုဆောင်းပါ။
( နာမည်ကျော်ပန်းချီကားများမှာ အတုတွေရှိပါတယ်။ အတုဟာ အစစ်လိုတန်ဖိုးကြီးကြီးမပေးရပါဘူး။ အတုဟာ အတုပါပဲ။ အတုဂုဏ်ယူနိုင်ခြင်း၊ ပြည့်ဝစွာကျေနပ်နိုင်ခွင့်မရခြင်း၊ ဝံ့ကြွားစွာ ထုတ်ဖော်မရဲခြင်း စတဲ့ခံစားချက်တွေကို ရတတ်ပါတယ်။ )

⭐ အနုပညာလက်ရာသိပ်ကောင်းတဲ့ ပန်းချီကားမျိုးကို ဝယ်ယူစုဆောင်းပါ။
( ပန်းချီအနုပညာရဲ့ နက်ရှိုင်းမှုကိုတော့ ကြည့်တတ် ခံစားတတ်ဖို့ လိုပါတယ်။ ပန်းချီကား ကြည့်တတ်၊ ခံစားတတ်တဲ့ ပညာရှင်တစ်ချို့ရဲ့ ထောက်ခံချက်၊ မှတ်ချက်တွေကိုလည်း မေးမြန်း နားစွင့်နိုင်ပါတယ်။
လက်ရာသိပ်ကောင်းတဲ့ပန်းချီကားဆိုတာ ပန်းချီပညာသင်ယူသူတိုင်း မဖန်တီးနိုင်ပါဘူး။
ပန်းချီ ပညာ၊ သမ္ဘာ၊ မှော်၊ ပါရမီ ရင့်သန်သူဟာ လောကမှာ အများကြီးမရှိလို့ အလွန်လက်ရာမြောက်တဲ့အနုပညာပစ္စည်းကို ပိုင်ဆိုင်ခွင့်ရခြင်းအတွက် အမြဲတမ်းစိတ်ချမ်းသာ ဂုဏ်ယူနိုင်သလို တစ်ချိန်မှာ သေချာပေါက်တန်ဖိုးတက်သွားမယ့် ရင်းနှီးမြှုပ်နှံခြင်းပါ။ )


⭐ ရင်ထဲမှာ ထိထိရှရှခံစားရတဲ့ပန်းချီကားမျိုးကို ဝယ်ယူစုဆောင်းပါ။
( ဘယ်တော့မှ နောင်တမရနိုင်သလို ပန်းချီကားကြောင့် ဘဝအတွက် ကောင်းတဲ့ အတွေးအမြင်သစ်တွေ၊ နည်းလမ်းတွေ၊ စိတ်ကူးစိတ်သန်း၊ စိတ်နေစိတ်ထားတွေကို ရစေပါတယ်။ အဲ့ဒီလိုပန်းချီကားမျိုးကို အိမ်မှာ၊ ရုံးခန်းထဲမှာ ချိတ်ဆွဲထားနိုင်ပါတယ်။ )

⭐ နာမည်ကြီးပန်းချီဆရာရေးတဲ့ ပန်းချီကားအစစ်ကို ဝယ်ယူစုဆောင်းပါ။
( မိမိဟာ ဘယ်လိုပြည့်ဝ၊ ခမ်းနားစွာနေထိုင်ကြောင်း၊ မိမိစိတ်နေသဘောထားဟာ ဘယ်လောက်ကြီးမြင့်တယ်ဆိုတဲ့အကြောင်း နဲ့ လောကမှာ မိမိရပ်တည်နေတဲ့အဆင့်အတန်းကို သင့်ရဲ့ မိတ်ဆွေများ၊ ဧည့်သည်များကို ပန်းချီကားက ပြောပြပေးနေပါလိမ့်မယ်။ )

⭐ အမှတ်တရလက်ဆောင်ပေးဖို့ ကြိုက်နှစ်သက်တဲ့ ပန်းချီကားကို ဝယ်ယူပါ။
( ပန်းချီကားကို လက်ဆောင်ပေးခြင်းဆိုတဲ့အဓိပ္ပါယ်ဟာ သူ့ကို တန်ဖိုးထားကြောင်း၊ လေးလေးနက်နက် ခင်မင်ကြောင်း ပြသခြင်းမည်ပါတယ်။ လက်ခံရရှိသူက မိမိကို အမြဲအမှတ်ရနေစေပါတယ်။ တစ်ခြားသူများထက် မှတ်မှတ်သားသားပိုရှိသွားပြီး ပိုပြီးအရေးပေးခံရမယ့်အခွင့်အရေးကို ဖြစ်ပေါ်စေပါတယ်။ )

ဒါတွေကို သတိပြုပါ
➡ နာမည်ကြီးပန်းချီဆရာ၏ လက်မှတ်ကို တုထိုးထားသောပန်းချီကား။
➡ နိုင်ငံခြား သို့မဟုတ် ပြည်တွင်းက ပန်းချီကားများကို ကူးရေးပြီး လက်မှတ်ထိုးထားသောပန်းချီကား။
➡ ပန်းချီကား ပုံသဏ္ဍာန်၊ အရောင်၊ ဖွဲ့စည်းပုံတစ်ခုထဲကို အထပ်ထပ်အခါခါ ပုံစံတူအများကြီးထုတ်လုပ်ထားသောပန်းချီကား။

Artissmile Art House
YOUR SMILE = YOUR SATISFACTION = OUR GOAL

(Zawgyi) 

ပန္းခ်ီကားကို ျမတ္နိုးတတ္လာၿပီဆိုရင္
----------------------------


ပန္းခ်ီဆရာတစ္ခ်ိဳ့က ပန္းခ်ီကားကို အေတြးနဲ႔ေရးၾကပါတယ္၊ တစ္ခ်ိဳ့က ပညာနဲ႔ေရးတယ္၊ တစ္ခ်ိဳ့က သမၻာနဲ႔ေရးၾကတယ္။

ပန္းခ်ီခ်စ္ျမတ္နိုးသူမ်ားကလည္း ပန္းခ်ီကားမ်ားကို ရတနာတစ္ခုလို ရင္းႏွီးျမႇပ္ႏွံဖို့ ဝယ္ယူစုေဆာင္းၾကပါတယ္၊ တစ္ခ်ိဳ့က ရင္ထဲမွာၿငိသြားလို့ဝယ္တယ္၊ တစ္ခ်ိဳ့က အမွတ္တရအေနနဲ႔ဝယ္ၾကတယ္။

ပတၱျမားေတြမွာ အရည္အေသြးအမ်ိဳးမ်ိဳးရွိသလို၊ ေရေမႊးမွာ အဆင့္အတန္းအမ်ိဳးမ်ိဳးရွိသလို၊ ပန္းခ်ီကားမွာလည္း တန္ဖိုးအမ်ိဳးမ်ိဳးရွိပါတယ္။

❤ ေနာင္တစ္ခ်ိန္မွာ ေသခ်ာေပါက္တန္ဖိုးတက္မယ့္ ဂႏၲဝင္တြင္မယ့္အလားအလာရွိေသာ ပန္းခ်ီကား၊
❤ နာမည္ေက်ာ္ေနေသာပန္းခ်ီကား၊
❤ အႏုပညာေျမာက္ေနေသာ ပန္းခ်ီကား၊
❤ လက္ရာသိပ္ေကာင္းတဲ့ ပန္းခ်ီကား၊
❤ နာမည္ႀကီးပန္းခ်ီအႏုပညာရွင္၏ ပန္းခ်ီကား၊
❤ အမွတ္တရလက္ေဆာင္ျဖစ္တဲ့ပန္းခ်ီကား၊
❤ နာမည္ႀကီးပန္းခ်ီကားကို ပုံစံတူကူးေရးထားေသာပန္းခ်ီကား... စသည္ျဖင့္

တန္ဖိုးႀကီးေသာအရာဆိုသည္မွာ ရွားပါးလြန္းတဲ့အရာမ်ိဳးပါ။
အတုမရွိ အတူမရွိနိုင္တဲ့အရာမ်ိဳးကို ပိုင္ဆိုင္ရျခင္းအတြက္ ေန႔တိုင္းတစ္သိမ့္သိမ့္ ဂုဏ္ယူေက်နပ္နိုင္ေနတဲ့သူ၊ တစ္စိမ့္စိမ့္ၾကည့္တိုင္း ေနာင္တကင္းလၽွက္ ၾကည္ႏူးေနခ်င္သူဟာလည္း ကမၻာမွာအမ်ားႀကီးမရွိပါဘူး။
လူကုံထံေတြဟာ သူတို့ရင္းႏွီးျမႇုပ္ႏွံစုေဆာင္းထားၾကတဲ့ ပန္းခ်ီကားမ်ားအတြက္ အျမဲတမ္းဂုဏ္ယူတတ္ၾကပါတယ္။

ပန္းခ်ီအႏုပညာျဖစ္ေသာ ပန္းခ်ီကားမ်ားကိုဝယ္ယူစုေဆာင္းလိုပါက

⭐ ကမၻာေပၚ မွာတစ္ကားတည္းသာရွိေသာ နာမည္ေက်ာ္ပန္းခ်ီကားလို့ ယုံၾကည္ရရင္ ဝယ္ယူစုေဆာင္းပါ။
( နာမည္ေက်ာ္ပန္းခ်ီကားမ်ားမွာ အတုေတြရွိပါတယ္။ အတုဟာ အစစ္လိုတန္ဖိုးႀကီးႀကီးမေပးရပါဘူး။ အတုဟာ အတုပါပဲ။ အတုဂုဏ္ယူနိုင္ျခင္း၊ ျပည့္ဝစြာေက်နပ္နိုင္ခြင့္မရျခင္း၊ ဝံ့ႂကြားစြာ ထုတ္ေဖာ္မရဲျခင္း စတဲ့ခံစားခ်က္ေတြကို ရတတ္ပါတယ္။ )

⭐ အႏုပညာလက္ရာသိပ္ေကာင္းတဲ့ ပန္းခ်ီကားမ်ိဳးကို ဝယ္ယူစုေဆာင္းပါ။
( ပန္းခ်ီအႏုပညာရဲ့ နက္ရွိုင္းမွုကိုေတာ့ ၾကည့္တတ္ ခံစားတတ္ဖို့ လိုပါတယ္။ ပန္းခ်ီကား ၾကည့္တတ္၊ ခံစားတတ္တဲ့ ပညာရွင္တစ္ခ်ိဳ့ရဲ့ ေထာက္ခံခ်က္၊ မွတ္ခ်က္ေတြကိုလည္း ေမးျမန္း နားစြင့္နိုင္ပါတယ္။
လက္ရာသိပ္ေကာင္းတဲ့ပန္းခ်ီကားဆိုတာ ပန္းခ်ီပညာသင္ယူသူတိုင္း မဖန္တီးနိုင္ပါဘူး။
ပန္းခ်ီ ပညာ၊ သမၻာ၊ ေမွာ္၊ ပါရမီ ရင့္သန္သူဟာ ေလာကမွာ အမ်ားႀကီးမရွိလို့ အလြန္လက္ရာေျမာက္တဲ့အႏုပညာပစၥည္းကို ပိုင္ဆိုင္ခြင့္ရျခင္းအတြက္ အျမဲတမ္းစိတ္ခ်မ္းသာ ဂုဏ္ယူနိုင္သလို တစ္ခ်ိန္မွာ ေသခ်ာေပါက္တန္ဖိုးတက္သြားမယ့္ ရင္းႏွီးျမႇုပ္ႏွံျခင္းပါ။ )

⭐ ရင္ထဲမွာ ထိထိရွရွခံစားရတဲ့ပန္းခ်ီကားမ်ိဳးကို ဝယ္ယူစုေဆာင္းပါ။
( ဘယ္ေတာ့မွ ေနာင္တမရနိုင္သလို ပန္းခ်ီကားေၾကာင့္ ဘဝအတြက္ ေကာင္းတဲ့ အေတြးအျမင္သစ္ေတြ၊ နည္းလမ္းေတြ၊ စိတ္ကူးစိတ္သန္း၊ စိတ္ေနစိတ္ထားေတြကို ရေစပါတယ္။ အဲ့ဒီလိုပန္းခ်ီကားမ်ိဳးကို အိမ္မွာ၊ ႐ုံးခန္းထဲမွာ ခ်ိတ္ဆြဲထားနိုင္ပါတယ္။ )

⭐ နာမည္ႀကီးပန္းခ်ီဆရာေရးတဲ့ ပန္းခ်ီကားအစစ္ကို ဝယ္ယူစုေဆာင္းပါ။
( မိမိဟာ ဘယ္လိုျပည့္ဝ၊ ခမ္းနားစြာေနထိုင္ေၾကာင္း၊ မိမိစိတ္ေနသေဘာထားဟာ ဘယ္ေလာက္ႀကီးျမင့္တယ္ဆိုတဲ့အေၾကာင္း နဲ႔ ေလာကမွာ မိမိရပ္တည္ေနတဲ့အဆင့္အတန္းကို သင့္ရဲ့ မိတ္ေဆြမ်ား၊ ဧည့္သည္မ်ားကို ပန္းခ်ီကားက ေျပာျပေပးေနပါလိမ့္မယ္။ )

⭐ အမွတ္တရလက္ေဆာင္ေပးဖို့ ႀကိဳက္ႏွစ္သက္တဲ့ ပန္းခ်ီကားကို ဝယ္ယူပါ။
( ပန္းခ်ီကားကို လက္ေဆာင္ေပးျခင္းဆိုတဲ့အဓိပၸါယ္ဟာ သူ႔ကို တန္ဖိုးထားေၾကာင္း၊ ေလးေလးနက္နက္ ခင္မင္ေၾကာင္း ျပသျခင္းမည္ပါတယ္။ လက္ခံရရွိသူက မိမိကို အျမဲအမွတ္ရေနေစပါတယ္။ တစ္ျခားသူမ်ားထက္ မွတ္မွတ္သားသားပိုရွိသြားၿပီး ပိုၿပီးအေရးေပးခံရမယ့္အခြင့္အေရးကို ျဖစ္ေပၚေစပါတယ္။ )


ဒါေတြကို သတိျပဳပါ
➡ နာမည္ႀကီးပန္းခ်ီဆရာ၏ လက္မွတ္ကို တုထိုးထားေသာပန္းခ်ီကား။
➡ နိုင္ငံျခား သို့မဟုတ္ ျပည္တြင္းက ပန္းခ်ီကားမ်ားကို ကူးေရးၿပီး လက္မွတ္ထိုးထားေသာပန္းခ်ီကား။
➡ ပန္းခ်ီကား ပုံသ႑ာန္၊ အေရာင္၊ ဖြဲ႕စည္းပုံတစ္ခုထဲကို အထပ္ထပ္အခါခါ ပုံစံတူအမ်ားႀကီးထုတ္လုပ္ထားေသာပန္းခ်ီကား။

Artissmile Art House
YOUR SMILE = YOUR SATISFACTION = OUR GOAL

No comments: