Thursday, July 16, 2020
ဝိတ်ချ သူများလွဲမှားလေ့ရှိသော အချက်များ
ဝိတ်ချ သူများလွဲမှားလေ့ရှိသော အချက်များ
👇👇👇👇👇👇👇👇👇👇👇👇
ညစာရှောင်ခြင်း
..............................
အဆီတွေတက်လာလို့ ပြန်ချရပြီဆိုရင်
 ပထမဆုံးလုပ်လေ့ရှိတာက များသာအားဖြင့် ညစာရှောင်ကြတာပါ ။တနေ့တာစားသုံးနေတဲ့ကယ်လိုရီအနည်းအများကို မထိန်းချုပ်ပဲ ညစာပဲရှောင်နေလို့ကတော့ တသက်လုံး အဆီမကျပါဘူး။
ဆိုလိုတာက အရင်ဦးဆုံး သင့် ခန္ဓာကိုယ်ကြီးရဲ့ တနေ့တာကယ်လိုရီလိုအပ်ချက်ကို သိအောင်အရင်လုပ်ပါ။
 ပြီးရင် အဆိုပါ ကယ်လိုရီကိုထိန်းချုပ်ပြီးလျော့စားပါ အဲ့လိုသာစားရင် ညဘက်လဲ ဗိုက်ဝအောင်စားလို့ရပါတယ်။
 သင်က ကယ်လိုရီ 1800 လိုအပ်သည်ကိုတနေ့လုံးကယ်လိုရီ2000 လောက်စားပြီး ညဘက်ကျမှ မစားတော့ဘူး လုပ်၍တော့မရပါ။
ရေနွေးထဲသံပုရာသီးစိမ်သောက်ခြင်း
.....................................................................
တော်တော်များများတွေ့ဘူးတယ် အဆီချမယ် ဝိတ်ချမယ်ဆိုတာနဲ့ အဲ့တာကြီးပဲတနေကုန်ထိုင်သောက်နေတာ
ဒီကိစ္စ ဘယ်ကစလဲတော့မသိပါ။ green tea ပူပူလေးသောက်တာက ပြသနာမရှိပေမယ့် ရေနွေးထဲသံပုရာရည်ညှစ်သောက်စိမ်သောက်တာကတော့ အဆင်မပြေပါဘူး။
သံပုရာသီးမှာ vitamin c ကြွယ်ဝစွာ ပါဝင်ပါတယ်၊
vitamin c က antioxidant ဖြစ်လို့ ကိုယ်တွင်းရောင်ရမ်းခြင်းတွေကိုသက်သာစတယ်၊
 ခန္ဓာကိုယ်က သံဓာတ်စုပ်ယူမှုကို တိုးမြှင့်ပေးတာကြောင့်ကိုယ်ခံအားကောင်းစေတယ်၊
 အနာကျက်မြန်တယ်၊
 vitamin c ထိုးဆေးဆိုရင်ကင်ဆာဆဲလ်တွေကိုတောင် ထပ်မပွားစေဘူး ပျောက်ကင်းစေတယ် မဖြစ်အောင်ကာကွယ်မှုအနည်းငယ်ပေးတယ်၊
 အစရှိသဖြင့် ကောင်းကျိုးတွေအများကြီးရှိတယ်။ ဒါပေမယ့် ရေနွေးအပူထဲ ညှစ်ထည့်ပြီးသောက်လိုက်တော့ ဒီအာနိသင်တွေက ရေအပူထဲမှာ သဲထဲရေသွန်သလို ပျောက်ကွယ်သွားရပါတယ်။ ကောင်းကျိုးမရှိပါဘူး။ ပြီးတော့
Vitamin c က သွေးတွင်း ကိုလက်စတော ကိုထိန်းချုပ်ပေးတာပါ external fat ကိုတော့မကျစေနိုင်ပါဘူး ။
ကာဗိုဟိုက်ဒရိတ်အလွန်လျော့ချခြင်းလုံးဝမစားခြင်း
.....................................................................................................
ခန္ဓာကိုယ်က ကာဗိုဟိုက်ဒရိတ်ကိုပထမဦးစားပေးစွမ်းအင်သုံးတာပါ။သူ့ကို အလုံးစုံဖြတ်ချလိုက်ဖို့အဆင်မပြေပါဘူး။ သူ့ရဲ့ ခန္ဓာကိုယ်တွင်း လုပ်ငန်းလုပ်ဆောင်ချက်တွေက များစွာကိုရှိပါတယ်။
သူ့ကိုလုံးဝဖြတ်ချလိုက်တဲ့ diet က keto diet မှာတွေ့ရပါတယ် ။ ဒါပေမယ့် keto အကြောင်းတော့ မပြောရဲပါဘူး ကြောက်လို့ပါ။😳
အဆီချပြီဆိုရင်တော့ ကာဗိုဟိုက်ဒရိတ်ကရတဲ့ ကယ်လိုရီကို ဦးစားပေးပြီးလျော့ရမှာအသေချာဖြစ်ပေမယ့်
 ဘယ်လောက်လျော့မလဲ ဘာကိုရွေးချယ်စားရမလဲ ဆိုတာ ကျွမ်းကျင်သူရဲ့အကူအညီကိုယူရပါတယ်။
 ကာဗိုဟိုက်ဒရိတ်လုံးဝမစားခြင်းရဲ့ဆိုးကျိုးများကို ယခင်ကတည်းက ပို့စ်တစ်ခုဖြင့် ရေးသားထားပြီးပါပြီ ရှာဖတ်ပါ။
အသီးပဲစား၍ဝိတ်ချခြင်း
...............................................
တစ်ချို့အသီးတွေမှာ ဖရက်တိုစ့်သကြား ပေါများစွာပါဝင်ပါတယ်။
 အဲ့အသီးတွေကလဲ အများကြီးဆိုတော့ list ရေးချမနေတော့ပဲ ကိုယ့်ဟာကိုယ်သာ google မှာရှာကြည့်ပါ။
ဖရက်တို့စ်သကြားဟာ မစားလဲဘာမှမဖြစ်ပါဘူး သူကိုခန္ဓာကိုယ်ကစွမ်းအင်အဖြစ်အသုံးမပြုနိုင်ပဲ စားသုံးလိုက်တာနဲ့ အဆီဆဲလ်တွေထဲ သွား၍ သိုမှီးပါတယ်။ ခန္ဓာကိုယ်က အသုံးပြုနိုင်တဲ့ သကြားဟာ glucose ပဲဖြစ်ပါတယ်။
ပြီးတော့ အချို့အသီးတွေဟာ GI ရော GL ရောမြင့်မားစွာပါဝင်နေတော့ ဝိတ်ချချင်သူ တခါတလေ အသီးလေးဘာလေးစားချင်ရင် google ကနေ low gi fruits ဆိုပြီးသာရှာစားပါ။
 gi နည်းလေ ကောင်းလေပေါ့ ကျနော်ကတော့ ဝိတ်ချသူအသီးစားတာထက် အရွက်တွေအများကြီးစားတာကိုပိုလို့အားပေးပါတယ်။
နေ့ခင်းဘက်အိပ်ရင်ကယ်လိုရီတက်ခြင်း
..............................................................................
တစ်ချို့သူတွေကမေးကြတယ်လေရှုတာတောင်ဝနေတာဆရာတဲ့ နေ့ခင်းဘက်အိပ်ရင်ရောဝလားတဲ့။
 ဆရာတယောက်ကပြောဖူးတယ်နေ့ခင်းဘက်အိပ်ရင်ကယ်လိုရီတက်တယ်လို့ပြောတယ်တဲ့။
ကျနော်လဲ နည်းနည်းတော့မျက်လုံးပြုးသွားတယ် 😂
နေ့ခင်းဘက်ခဏအိပ်တယ်ဆိုတာ ကောင်းကျိုးအချို့ရှိပါတယ်။သင့်မှာအချိန်ရှိတယ်ဆိုရင် ခဏအိပ်ပါ အဆီမတက်စေရပါဘူး ကျနော်အာမခံပါတယ်။
ကွာလတီကောင်းသော အာဟာရများမမှီဝဲခြင်း
.........................................................................................
သင်ကယ်လိုရီကို အတိအကျထိန်းချုပ်နေပြီ ကယ်လိုရီနည်းတာတွေကိုရွေးချယ်စားသုံးနေပြီ ဒါပေမယ့် ခဏခဏဆာနေတယ် ပြီးတော့ လေ့ကျင့်ခန်းလုပ်နေတဲ့သူဆိုရင် ခန္ဓာကိုယ်က ဝိတ်တွေကျသွားပေမယ့် ကျစ်ကျစ်လစ်လစ်ဖြစ်မလာဘူးဆိုရင်
 သင်စားတဲ့အာဟာရရဲ့ quality က မကောင်းလို့ပါ အဆာခံပြီး ခန္ဓာကိုယ်အတွက် အကျိုးရှိမယ့်အစားစာမျိုးကိုသာမှီဝဲပါ ကျန်းမာရေးကောင်းခြင်းနဲ့ လူမှုဘဝသာယာခြင်းတွေ အဆစ်ပါလာမှာပါ။
Detox များ ပိန်ဆေးများသာတနေကုန်သောက်ခြင်း
....................................................................................................
တစ်ချို့ဆို အဲ့တာတွေပဲထိုင်သောက်နေတာ
Detox ကတော့ အကျိုးအတန်အသင့်ရှိပေမယ့် အဆီချတဲ့နေရာမှာတော့မဟုတ်ဘူး။
ပိန်ဆေးတွေရဲ့ ကောင်းကျိုးကပြောမပြတက်ဘူး။
 အမှန်ကရှိကိုမရှိတာ  ပိန်ဆေးတွေကလူကို ဒုက္ခရောက်သွားစေတဲ့ စျေးပေါတဲ့အမျိုးအစားရယ်။
 နောက်တစ်ခုကစျေးကြီးတယ်လူကိုတော့ ဒုက္ခမရောက်ဘူး vitamin လေးတွေ collegen လေးတွေအနည်းငယ်ပါမယ်
 ပြီးရင် တနေကုန် ဘာမှမစားခိုင်းပဲသူ့ကိုပဲထိုင်သောက်ပြီးဝိတ်ကျစေတဲ့ အမျိုးအစားရယ် ဆိုပြီး နှစ်ခုပဲရှိတယ်။
 အနည်းဆုံးတော့ပိန်ဆေးတွေရဲ့ဆိုးကျိုးက အာဟာရချို့တဲ့ပြီး သတိလစ်တာ ဝမ်းလျှောတာ အသည်းကျောက်ကပ်ထိခိုက်တာ Hypoglecmia ရုတ်တရက်ဝင်လာတာ ကနေ အသက်သေဆုံးတာတွေထိဖြစ်နိုင်တယ်။
သင်ကိုယ်တိုင်က မသောက်ရမနေနိုင် ယုံကြည်နေတယ်ဆိုရင်တော့ စျေးကြီးတဲ့ brand လေးရွေးသောက် သူတို့ကတော့ side effect နည်းတာပေါ့ အာဟာရလေးလဲ ပြည့်ဝအောင်စားပေးပေါ့။
Cardioနှင့် HIIT exerciseများဦးစားပေး များပြားလွန်းခြင်း
............................................................................................................
ကခုန်ခြင်း ပြေးခြင်း အစရှိတဲ့ cardio exercise နှင့် HIIT exercises တွေကို ပထမဦးစားပေးအနေဖြင့်
 ဆော့ကစားနေတာက သင့်ရဲ့ body goal ကိုရောက်ဖို့ပိုဝေးသွားစေတယ်။
ဝိတ်ကတော့ ကျတဲ့သူက လွှတ်ကိုကျတာပါဝိတ်ကျမြန်တယ် များတယ်ဆိုတာ ကောင်းတဲ့ကိစ္စမဟုတ်ပါ။
ခန္ဓာကိုယ်က ပထမဦးစားပေးစွမ်းအင်အနေဖြင့် ကျနော်တို့စားသုံးထားတဲ့ ကာဗိုဟိုက်ဒရိတ်တွေကို glucose အဖြစ်ပြောင်းလဲအသုံးပြုတာဖြစ်တယ်။
 ပိုလျှံတာကို ကြွက်သားဆဲလ်တွေ နှင့်အသည်းထဲမှာ ATP အဖြစ်သိမ်းဆည်းထားတယ် အဲ့ထက်ပိုလျှံတာကိုတော့ အဆီအဖြစ်သိုလှောင်တာပါ။
သုတေသန ပြုချက်တွေအရ ကြွက်သားတွေကိုHIIT exercise ပြင်အားလောက်ဖြင့် မရပ်မနားလှုပ်ရှားနေမယ်ဆိုရင် ပြုလုပ်သည့်ပြင်းအားအနိမ့်အမြင့်ပေါ်မူတည်ပြီး ပထမ စက္ကန့့်လေးဆယ်ကနေနှစ်မိနစ်အထိသာ ကြွက်သားဆဲလ်တွေထဲက ATP တွေကိုထုတ်ယူသုံးဆွဲနေတာပါ။
ဒိထက်ပိုပြီး မရပ်မနားလှုပ်ရှားနေမယ်ဆိုရင် နှစ်မိနစ်နောက်ပိုင်းမှာ သင့်ရဲ့ အဆီဆဲလ်တွေကိုရော* ကြွက်သားအမျှင်*
 တွေကိုပါ အသုံးပြုပြီး ခန္ဓာကိုယ်က စွမ်းအင်ထုတ်လုပ်နေမှာဖြစ်ပါတယ်။
 ကြွက်သားအမျှင်တွေလောင်ကျွမ်းတယ်ဆိုတာ ကောင်းတဲ့ကိစ္စလုံးဝမဟုတ်ပါဘူး ကြွက်သားဆဲလ်ATP တွေလျော့နည်းကုန်တဲ့အတွက် ဆဲလ်တွေရဲ့ ကယ်လိုရီလောင်ကျွမ်းအသုံးပြုနှုန်းတွေလျော့ကျပြီး သင့်ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကိုနှေးကွေးသွားတေယ်။
ဒါ့ကြောင့် ပထမဦးစွာ resistance training တွေအသုံးပြုပြီး ကြွက်သားဆဲလ် ATP အတွင်းမှာ သိုမှီးထားတဲ့ glucose များကို အသုံးပြုပါ ပြီးမှ HIIT exercise များကို သင့်တော်သလိုချိန်ညှိပြီးကစား၍သော်လည်းကောင်း cardio exercise များကို ပြင်းအားနည်းနည်းဖြင့် အချိန်ကြာကြာကစား၍သော်လည်းကောင်း ဆော့ကစားပါ။
အားလုံးပဲကျန်းမာလှပပါစေ
#Credit
#swehlaingwin#avrilshine
#mftatrainer
#fitnessnutritionspecalist
#healthfitnessconnections
(Zawgyi)
👇👇👇👇👇👇👇👇👇👇👇👇
ညစာရှောင်ခြင်း
..............................
.....................................................................
 အနာကျက်မြန်တယ်၊
.....................................................................................................
...............................................
..............................................................................
.........................................................................................
....................................................................................................
 အမှန်ကရှိကိုမရှိတာ  ပိန်ဆေးတွေကလူကို ဒုက္ခရောက်သွားစေတဲ့ ဈေးပေါတဲ့အမျိုးအစားရယ်။
 နောက်တစ်ခုကဈေးကြီးတယ်လူကိုတော့ ဒုက္ခမရောက်ဘူး vitamin လေးတွေ collegen လေးတွေအနည်းငယ်ပါမယ်
သင်ကိုယ်တိုင်က မသောက်ရမနေနိုင် ယုံကြည်နေတယ်ဆိုရင်တော့ ဈေးကြီးတဲ့ brand လေးရွေးသောက် သူတို့ကတော့ side effect နည်းတာပေါ့ အာဟာရလေးလဲ ပြည့်ဝအောင်စားပေးပေါ့။
............................................................................................................
သုတေသန ပြုချက်တွေအရ ကြွက်သားတွေကိုHIIT exercise ပြင်အားလောက်ဖြင့် မရပ်မနားလှုပ်ရှားနေမယ်ဆိုရင် ပြုလုပ်သည့်ပြင်းအားအနိမ့်အမြင့်ပေါ်မူတည်ပြီး ပထမ စက္ကန့်လေးဆယ်ကနေနှစ်မိနစ်အထိသာ ကြွက်သားဆဲလ်တွေထဲက ATP တွေကိုထုတ်ယူသုံးဆွဲနေတာပါ။
#Credit
#mftatrainer
No comments: