Tuesday, July 28, 2020

အိမ္တြင္းအၾကမ္းဖက္မႈ


အိမ်တွင်းအကြမ်းဖက်မှုတဲ့။

အဲဒီစကားလုံး မြင်ရင် ယောက်ျားနဲ့ မိန်းမ ဘယ်သူ့ကို ပြေးမြင်သလဲ။ သေချာပါတယ်။ ၁၀၀ မှာ ၉၉ ယောက်ကတော့ မိန်းမကိုပဲ ပြေးမြင်လိမ့်မယ်။ မိန်းမတွေပဲ ဒီလိုအကြမ်းဖက်ခံရမယ်၊ အနိုင်ကျင့်ခံရမယ်ပေါ့။ ယောက်ျားတွေ အဲ့လိုခံရတယ် ဆိုရင် ဟာသတစ်ခုလို မြင်နေကြတာ။

တကယ်တမ်းတော့ အမျိုးသားတွေဟာလည်း အဲ့လို အနိုင်ကျင့်အကြမ်းဖက်မှုတွေ ကြုံနေရပါတယ်။ အမျိုးသမီးတွေ အနိုင်ကျင့်ခံရတဲ့ ကိစ္စတွေလိုပဲ ဒီပြဿနာဟာလည်း တိမ်မြုပ်နေတယ်။ ဒါကြောင့် အချက်အလက် တိတိကျကျနဲ့ အမျိုးသား ဘယ်နှယောက်ဟာ အနိုင်ကျင့် အကြမ်းဖက်ခံနေရပါတယ် ဆိုတာ ပြောရခက်တယ်။ ManKind Initiative အဖွဲ့ကတော့ အိမ်တွင်းအကြမ်းဖက်မှု ကြုံရတဲ့လူ ၃ ယောက်ရှိတိုင်းမှာ ၁ ယောက်က အမျိုးသားဖြစ်တယ်လို့ ဆိုထားပါတယ်။

ယောက်ျားက မိန်းမကို ရိုက်နှက်ရင် ဆုံးမတာလို့ ထင်ကြသလိုပဲ၊ မိန်းမက ယောက်ျားကို အကြမ်းဖက်တယ် ဆိုတာဟာလည်း ဟာသတစ်ခုလို ဖြစ်နေတယ်။ ရုပ်ရှင်တွေထဲလည်း ဒီလိုပဲ ပုံဖော်ကြတယ်။ (ဒီစာကို ရှယ်မဲ့သူတွေထဲတောင် ဟာသ Caption တွေ ရေးပြီး ရှယ်ကြသူတွေ ရှိလိမ့်မယ်။)

ဒီတော့ စဉ်းစားစရာ ဖြစ်လာတယ်။ ဘယ်လိုလုပ် ယောက်ျားရင့်မာကြီးက ခွန်အားနည်းတဲ့ မိန်းမသားရဲ့ အနိုင်ကျင့်ခြင်းကို ခံရတာလဲ။

ဒီအတွက် အကြမ်းဖက်မှုဆိုတာ လက်ပါမှ မဟုတ်ဘူး ဆိုတာလေး စရှင်းပြချင်ပါတယ်။

နင်က ဘယ်လောက်စောက်သုံးကျလို့လဲ၊ စောက်ဆံ ဘယ်နှပြား ရှာနိုင်လို့လဲ (ရိုင်းသွားရင် ကန်တော့ပါ) စသဖြင့် အထင်သေးစကားတွေ ပြောနေတာ၊ တခြားယောက်ျားတွေနဲ့ နှိုင်းပြီး ပြောနေတာ၊ လူကြားထဲမှာ အရှက်ခွဲနေတာတွေဟာလည်း စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု မြောက်တာပါပဲ။

သူငယ်ချင်းမိတ်ဆွေ၊ ဆွေမျိုး၊ နောက်ဆုံး မိဘနဲ့ပါ တွေ့ဆုံခွင့် မပေးတာ၊ နေရာတကာ ပြဿနာ ရှာတာ၊ အလွန်အကျွံ သဝန်တိုတာ၊ တရားလွန် ထိန်းချုပ်ထားတာ၊ အပြင်မို့လို့သွားရင် မိနစ်နဲ့အမျှ ရီပို့လုပ်နေရတာ၊ အပေါင်းအသင်းတွေကြားထဲမှာပါ မျက်နှာပျက်ရတာ၊ ပိုက်ဆံသုံးခွင့် မပေးဘဲ ရသမျှ အကုန်ထိန်းချုပ်ထားတာ (ဘတ်ငွေ ဆိုပြီးတောင် ယောက်ျားတွေကြားထဲ ပြောလေ့ရှိကြတဲ့အထိပါ)၊ ယောကျာ်းသဘောကျတဲ့ အရာ၊ တန်ဖိုးထားတဲ့ အရာတွေကို ဖျက်ဆီးလိုက်တာ (ဥပမာ ခွေး၊ ဆုံးသွားတဲ့မိဘနှစ်ပါးရဲ့ ဓါတ်ပုံ၊ စာအုပ် စသဖြင့်) ဒါတွေဟာလည်း အကြမ်းဖက်မှု မြောက်ပါတယ်။

အမျိုးသားက ပန်းသေပန်းညှိုး ဖြစ်နေလို့၊ လိင်ပိုင်းဆိုင်ရာ မစွမ်းဆောင်နိုင်လို့ နောက်တစ်ယောက်နဲ့ ပေါ်တင် ဖောက်ပြန်တာတွေလည်း ရှိတာပဲ။ ဒါသည်လည်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုလို့ ဆိုနိုင်တာပဲ။ အမျိုးသမီးတွေ ကြုံရသလောက်တော့ ရာခိုင်နှုန်း မများဘူးပေါ့။ ဒါပေမဲ့ လက်တွေ့ဘဝမှာ တကယ်ဖြစ်ပျက်နေတာတွေပါ။

နောက်ပြီး ကိုယ်ထိလက်ရောက် အကြမ်းဖက်တာတွေရော မရှိဘူးလား။ ပုံမှန်အားဖြင့်တော့ ခွန်အားနည်းတဲ့ အမျိုးသမီးက ပိုအနိုင်ကျင့်ခံရနိုင်တယ် ဆိုပေမဲ့ အမျိုးသားတွေ ခံရတာလည်း ရှိတယ်။

ဘာလို့လဲ။ ခွန်အားကြီးရက်နဲ့ ဘာလို့ ငြိမ်နေတာလဲ။

ရှင်းပါတယ်။ မိန်းမက ယောက်ျားကို ရိုက်ရင် ဘယ်သူမှ အရေးတယူ မလုပ်ပေမဲ့ ယောက်ျားက မိန်းမကို ရိုက်ရင်တော့ ပြဿနာ ကြီးသွားနိုင်လို့ပါ။ ယာဉ်ကြီး ယာဉ်ငယ် ဥပမာလိုပေါ့။ ဘယ်လိုဖြစ်ဖြစ် ယာဉ်ကြီးအမှားပဲ။ သူက ဘယ်လောက်ဆိုးလို့ မိန်းမက ပြန်ရိုက်တာလဲမှ မသိတာ ဆိုပြီး မိန်းမဖြစ်သူရဲ့ အကြမ်းဖက်လုပ်ရပ်ကို ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခြင်း (Self-defense) အဖြစ် သတ်မှတ်လိုက်ကြတာတွေလည်း ရှိတယ်။ ဒီတော့ သူ့အမှားက ကိုယ့်အမှား ဖြစ်သွားတတ်တာပေါ့။

ဆိုရှယ်မီဒီယာခေတ်ဆိုတော့ ဒီအပေါ်သာ တင်လိုက်ရင် ဘာမှန်းညာမှန်းမသိဘဲ ဝင်ဆုံးဖြတ်ပေးမဲ့ လူအုပ်ကြီးကလည်း စောင့်နေတာကိုး။ ဒီတော့ နောက်ဆက်တွဲ ပြဿနာ မတက်အောင် ပိုပြီး ထိန်းချုပ်ရတယ်။ ခွန်အားနည်းသူမို့ ငါ လုပ်လိုက်ရင် တခုခု ဖြစ်သွားမယ် ဆိုပြီး ညှာနေတာလည်း ဖြစ်နိုင်တယ်။

တခြားအကြောင်းရင်းတွေကတော့ ကလေးတွေကြောင့်၊ အိမ်ထောင်ကွဲသွားမှာကို ရှက်လို့၊ မိဘတွေ စိတ်ပူမှာစိုးလို့၊ ပြဿနာပိုကြီးသွားမှာ ကြောက်လို့၊ (အမျိုးသားအချင်းချင်း ချစ်ကြိုက်သူတွေမှာဆို ခွန်အားက သူ့ထက် ပိုကြီးနေလို့)၊ ကူညီမဲ့သူ မရှိမှာစိုးလို့ (စဉ်းစားကြည့်၊ ရဲစခန်းထဲ ဝင်သွား၊ ကျွန်တော့်မိန်းမ ကျွန်တော့်ကို ရိုက်လို့ပါလို့ ဘယ်သူ ဝင်ပြောချင်မလဲ၊ ဘယ်ရဲကရော အရေးတယူ လုပ်မလဲ) နောက်ဆုံးတစ်ခုကတော့ သူ့ကို ချစ်လို့၊ တစ်ချိန် ပြောင်းလဲလာမယ် မျှော်လင့်လို့ စသဖြင့် ရှိနိုင်ပါတယ်။

ယောက်ျားတွေလိုပဲ အဲ့လို အကြမ်းဖက်တတ်တဲ့ မိန်းမတွေမှာလည်း ကိုယ်ရည်ကိုယ်သွေး ပြဿနာ (Personality disorder)၊ ဒေါသ မထိန်းနိုင်တာ၊ လွှမ်းမိုးလိုစိတ် ပြင်းထန်တာ၊ မူးယစ်ဆေး စွဲနေတာ၊ မနာလိုစိတ် ကြီးတာ၊ ငယ်စဉ်က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံခဲ့ရတာ၊ စိတ်ဒဏ်ရာ ကြီးကြီးမားမား ရခဲ့ဖူးတာ၊ စတဲ့ အချက်တွေ တွေ့ရတတ်ပါတယ်။ ဒါကြောင့် ချစ်တာလည်း ချစ်၊ ဒီအချက်တွေရော ကိုယ့်ရည်းစား၊ ကိုယ့်အမျိုးသမီးမှာ ရှိနေလား ဆိုတာလေးလည်း ဆန်းစစ်ကြည့်စေချင်တယ်။

အနိုင်ကျင့် အကြမ်းဖက်တယ်ဆိုတာ ကိုယ့်ထက် အားနည်းတဲ့သူကိုပဲ လုပ်လို့ရတာ။ ယောက်ျားနဲ့ မိန်းမ ယှဉ်လိုက်ရင် ခွန်အား၊ လူမှုပတ်ဝန်းကျင်ရဲ့ သတ်မှတ်ချက်၊ ဝင်ငွေ၊ ဒီလိုအချက်တွေမှာ မိန်းမတွေက အားနည်းကြတယ်။ ဒီတော့ အနိုင်ကျင့်မှုလို့ ပြောလိုက်ရင် သူတို့ကပဲ ခံနေကြရတာ များတယ်။ ဒီအတွက်လည်း မျိုးစုံသော ကာကွယ်မှုတွေ လုပ်နေကြရတာ။

မိန်းမက ပြန်အားသာနေတဲ့ အချက်ကတော့ အဲ့လိုမိန်းမဖြစ်နေခြင်းပဲ။ တစ်ခါတစ်လေမှာ အားနည်းခြင်းဟာ အားသာချက် ဖြစ်သွားတတ်တယ်လေ။

အဲ့လို ရိုက်နှက်နှိပ်စက်ခံနေရရင်လည်း ဘယ်ယောက်ျားကမှ ပုံမတင်သလို Live လည်း မလွှင့်ဘူး။ ရှက်တာကိုး။ သူ့ရဲ့ ယောက်ျားဂုဏ်သိက္ခာ ထိခိုက်တယ် ခံစားရတာကိုး။ ပိုက်ဆံမရှာနိုင်တာကို မိန်းမအများစုဟာ မလုံမလဲ မဖြစ်ကြဘူး။ လိင်ပိုင်းဆိုင်ရာ မစွမ်းဆောင်နိုင်လို့လည်း သူတို့ မရှက်ဘူး။ ဒါပေမဲ့ ယောက်ျားတွေအတွက်ကျ မတူဘူး။

မိန်းကလေးတွေ အနိုင်ကျင့်ခံရတာကို ထုတ်မပြောတာက ရှက်လို့၊ အပြစ်တင်ခံရမှာ၊ နာမည်ပျက်မှာ ကြောက်လို့။ ယောကျာ်းတွေ ထုတ်မပြောတာကတော့ သူတို့ရဲ့ ယောကျ်ားဆိုတဲ့ မာနကြီးကြောင့်ပဲ။ ဒါကြောင့်လည်း ကျွန်တော်တို့ သိပ်ဂုဏ်ယူနေတဲ့ ယောက်ျားကွ ဆိုတဲ့ မာန်တွေက ကျွန်တော်တို့ကို ပြန်ဒုက္ခပေးတတ်တယ် ဆိုတာကို သိစေချင်တယ်။

ငယ်ငယ်က ဘောလီးဝုဒ်ဇာတ်ကားတစ်ကား ကြည့်ဖူးတယ်။ ပြေတီဦးနဲ့ နန္ဒာလှိုင်တောင် မြန်မာမှုပြုပြီး ပြန်ရိုက်ထားသေးတယ်။ ဇာတ်ကားနာမည် မမှတ်မိတော့လို့။

ဇာတ်လမ်းက ဘယ်လိုလဲဆိုတော့ မင်းသားကို သူ့ရည်းစားဟောင်းက တရားစွဲတာ။ သူ့ကို မုဒိမ်းကျင်ဖို့ ကြိုးစားမှုနဲ့။ မင်းသမီးက ရှေ့နေ။ မင်းသားရဲ့ လက်ရှိမိန်းမ။ စစချင်းတော့ သူလည်း မိန်းမချင်း ကိုယ်ချင်းစာပြီး မင်းသားကို ရွံသွားတယ်။ နောက်တော့မှ သူ့ယောက်ျားဘက်ကနေ အမှုပြန်လိုက်တာ။

တကယ်က ဘယ်လိုလဲဆိုတော့ သူတို့နှစ်ယောက်က ရည်းစား။ အဲ့လိုကနေ ဒီမိန်းကလေးက ပိုက်ဆံမက်ပြီး သူဌေးကြီးတစ်ယောက်နဲ့ ယူလိုက်တာ။ ဒါပေမဲ့ အဲ့ဒီသူဌေးကြီးက အသက်ကြီးနေတော့ ပန်းသေပန်းညှိုး ဖြစ်နေတယ်။ ပြောရရင် အိမ်ထောင်ရေးသုခ မခံစားရဘူး။ အဲ့လိုနဲ့ မင်းသားကို တွေ့တော့ သူက ပြန်ဆက်သွယ်။ အတူနေဖို့ ဆွယ်တယ်။ မင်းသားက ငြင်းတယ်။ အဲ့လို သူတို့ ၂ ယောက်တည်း ရှိနေချိန်မှာ ရုတ်တရက် သူဌေးကြီးက ပြန်ရောက်လာတော့ သူ့အဝတ်အစား သူဆွဲဖြဲပစ်ပြီး မင်းသားက သူ့ကို မုဒိမ်းကျင့်ဖို့ ကြိုးစားပါတယ်ဆိုပြီး လုပ်ပစ်လိုက်တာ။ ပြောရရင် ဘယ်မိန်းကလေးကတော့ ဒါမျိုးလုပ်ပါ့မလဲ ဆိုတဲ့ တရားသေ သတ်မှတ်ချက်ကို နင်းပြီး အမှုတည်ဆောက်သွားတာ ဖြစ်ပါတယ်။

လိင်ကိစ္စဆိုလည်း ဘယ်မိန်းကလေးကတော့ စပြောမှာလဲ၊ ဘယ်မိန်းကလေးကတော့ ကိုယ်ထိလက်ရောက် ရိုက်နှက်ပါ့မလဲ၊ ဒီလိုသတ်မှတ်ချက်တွေက အမျိုးသမီးတွေကို အားသာသွားစေတယ်။ ဒါကြောင့်လည်း Gender ဆိုတဲ့ စကားဟာ ယောက်ျားနဲ့လည်း ဆိုင်တယ်လို့ ထပ်ကာထပ်ကာ ပြောနေရခြင်းလည်း ဖြစ်ပါတယ်။

တကယ်တော့ ချစ်သူရည်းစား ထားကြတဲ့အခါ၊ အိမ်ထောင်ပြုကြမယ် ဆိုတဲ့အခါ မိန်းကလေးဘက်ကတင် စဉ်းစားရတာ မဟုတ်ဘူး။ ယောက်ျားကလေးဘက်ကလည်း စဉ်းစားရမယ်။ သားရှင်တွေလည်း သတိထားသင့်တယ်။ ယောက်ျားကလေးပဲ အရှုံးမရှိပါဘူးလို့ မထင်နဲ့။ ရှိတယ်။ ကိုယ့်သားကြောင့်လည်း သူများသမီး ဒုက္ခရောက်နိုင်သလို သူများသမီးကြောင့်လည်း ကိုယ့်သား ဒုက္ခရောက်သွားနိုင်တယ်။

နောက်ပြီး အိမ်တွင်းအကြမ်းဖက်မှုကို အမျိုးသားတွေလည်း ခံနေရပါတယ်လို့ ပြောရင် အဲဒါ ရယ်စရာ မဟုတ်ဘူး ဆိုတာလည်း သိစေချင်တယ်။ ယောက်ျားဆိုတဲ့ မာနကြီးနဲ့ ကြိတ်မှိတ်သည်းခံနေမဲ့အစား အကူအညီ လိုအပ်ခဲ့ရင် ယူဖို့ကိုလည်း တိုက်တွန်းချင်ပါတယ်။

"အကြမ်းဖက်ခံရသူဟာ ရှက်စရာ မလိုဘူး" ဆိုတဲ့ စကားက မိန်းကလေးတွေအတွက်တင် မဟုတ်ဘူး။ ခင်ဗျားတို့၊ ကျွန်တော်တို့ ယောက်ျားတွေအတွက်လည်း မှန်တယ်ဆိုတာ သိထားပါ။

ဒီဆောင်းပါးက ရှိရှိသမျှသော မုဒိမ်းမှု၊ ကာမလိမ်လည်ရယူမှုတွေဟာ အမျိုးသမီးတွေ လိမ်ညာခဲ့ကြတာလို့ မဆိုလိုဘူး။ (နယ်ဘက် ကျေးဘက်တွေမှာဆို အမျိုးသမီးတွေမှာ ဘယ်လောက်တောင် ထိခိုက်ခံစားနေရတယ် ဆိုတာ ကျွန်တော် သိပ်သိတာပေါ့။) ဒီဆောင်းပါးကြောင့် အဲ့လိုတွေ ထောက်လာနိုင်တယ် ဆိုတာလည်း ကျွန်တော် သိတယ်။ အဲ့လို အနိုင်ကျင့်တတ်တဲ့၊ အဆင့်အတန်းမရှိတဲ့ အမျိုးသားတွေကို ကာကွယ်ရေးသားနေတာလည်း မဟုတ်ဘူး။ နောက်ပြီး ရုပ်ရှင်မင်းသားတွေကို တရားစွဲဆိုထားတဲ့ အမှုတွေလည်း ဒီလိုပဲ နေမှာပေါ့လို့ ဆုံးဖြတ်ပေးနေတာ မဟုတ်ဘူး။ အဓိကက သားရှင်တွေ၊ ယောက်ျားကလေးတွေအတွက် ရည်ရွယ်ရေးသားတာပါ။

အမျိုးသမီးဝါဒီတွေအနေနဲ့လည်း အထင်အမြင် မလွဲကြဘူးလို့ မျှော်လင့်ပါတယ်။ လွဲခဲ့ရင်လည်း အရင့်အရင်က ကျွန်တော် လုပ်ဆောင်ခဲ့တာတွေကို ထောက်ညှာပြီး ကျွန်တော့် အရေးအသား အားနည်းမှုကြောင့် လို့သာ နားလည်ခွင့်လွှတ်ပေးစေချင်ပါတယ်။

အကြမ်းဖက်ခံရသူ ၁၀၀ မှာ အယောက် ၇၀ ဖြစ်တဲ့ အမျိုးသမီးတွေအတွက် ရပ်တည်ပေးနေကြတဲ့အချိန်မှာ ကျန်အမျိုးသားအယောက် ၃၀ ကိုလည်း ကျွန်တော်တို့ မေ့မထားသင့်ဘူး မဟုတ်လား။

ဒေါက်တာ ဖြိုးသီဟ
၂၇.၇.၂၀၂၀

Ref:
1) Domestic violence against men – healthdirect
2) Risk Factors for Physical Violence Between Dating Partners: Implications for Gender-Inclusive Prevention and Treatment of Family Violence
3) 45 key facts about male victims of domestic and partner violence – ManKind Initiative

(Zawgyi)

အိမ္တြင္းအၾကမ္းဖက္မွုတဲ့။


အဲဒီစကားလုံး ျမင္ရင္ ေယာက္်ားနဲ႔ မိန္းမ ဘယ္သူ႔ကို ေျပးျမင္သလဲ။ ေသခ်ာပါတယ္။ ၁၀၀ မွာ ၉၉ ေယာက္ကေတာ့ မိန္းမကိုပဲ ေျပးျမင္လိမ့္မယ္။ မိန္းမေတြပဲ ဒီလိုအၾကမ္းဖက္ခံရမယ္၊ အနိုင္က်င့္ခံရမယ္ေပါ့။ ေယာက္်ားေတြ အဲ့လိုခံရတယ္ ဆိုရင္ ဟာသတစ္ခုလို ျမင္ေနၾကတာ။

တကယ္တမ္းေတာ့ အမ်ိဳးသားေတြဟာလည္း အဲ့လို အနိုင္က်င့္အၾကမ္းဖက္မွုေတြ ၾကဳံေနရပါတယ္။ အမ်ိဳးသမီးေတြ အနိုင္က်င့္ခံရတဲ့ ကိစၥေတြလိုပဲ ဒီျပႆနာဟာလည္း တိမ္ျမဳပ္ေနတယ္။ ဒါေၾကာင့္ အခ်က္အလက္ တိတိက်က်နဲ႔ အမ်ိဳးသား ဘယ္ႏွေယာက္ဟာ အနိုင္က်င့္ အၾကမ္းဖက္ခံေနရပါတယ္ ဆိုတာ ေျပာရခက္တယ္။ ManKind Initiative အဖြဲ႕ကေတာ့ အိမ္တြင္းအၾကမ္းဖက္မွု ၾကဳံရတဲ့လူ ၃ ေယာက္ရွိတိုင္းမွာ ၁ ေယာက္က အမ်ိဳးသားျဖစ္တယ္လို့ ဆိုထားပါတယ္။

ေယာက္်ားက မိန္းမကို ရိုက္ႏွက္ရင္ ဆုံးမတာလို့ ထင္ၾကသလိုပဲ၊ မိန္းမက ေယာက္်ားကို အၾကမ္းဖက္တယ္ ဆိုတာဟာလည္း ဟာသတစ္ခုလို ျဖစ္ေနတယ္။ ႐ုပ္ရွင္ေတြထဲလည္း ဒီလိုပဲ ပုံေဖာ္ၾကတယ္။ (ဒီစာကို ရွယ္မဲ့သူေတြထဲေတာင္ ဟာသ Caption ေတြ ေရးၿပီး ရွယ္ၾကသူေတြ ရွိလိမ့္မယ္။)

ဒီေတာ့ စဥ္းစားစရာ ျဖစ္လာတယ္။ ဘယ္လိုလုပ္ ေယာက္်ားရင့္မာႀကီးက ခြန္အားနည္းတဲ့ မိန္းမသားရဲ့ အနိုင္က်င့္ျခင္းကို ခံရတာလဲ။

ဒီအတြက္ အၾကမ္းဖက္မွုဆိုတာ လက္ပါမွ မဟုတ္ဘူး ဆိုတာေလး စရွင္းျပခ်င္ပါတယ္။

နင္က ဘယ္ေလာက္ေစာက္သုံးက်လို့လဲ၊ ေစာက္ဆံ ဘယ္ႏွျပား ရွာနိုင္လို့လဲ (ရိုင္းသြားရင္ ကန္ေတာ့ပါ) စသျဖင့္ အထင္ေသးစကားေတြ ေျပာေနတာ၊ တျခားေယာက္်ားေတြနဲ႔ ႏွိုင္းၿပီး ေျပာေနတာ၊ လူၾကားထဲမွာ အရွက္ခြဲေနတာေတြဟာလည္း စိတ္ပိုင္းဆိုင္ရာ အၾကမ္းဖက္မွု ေျမာက္တာပါပဲ။

သူငယ္ခ်င္းမိတ္ေဆြ၊ ေဆြမ်ိဳး၊ ေနာက္ဆုံး မိဘနဲ႔ပါ ေတြ႕ဆုံခြင့္ မေပးတာ၊ ေနရာတကာ ျပႆနာ ရွာတာ၊ အလြန္အကၽြံ သဝန္တိုတာ၊ တရားလြန္ ထိန္းခ်ဳပ္ထားတာ၊ အျပင္မို့လို့သြားရင္ မိနစ္နဲ႔အမၽွ ရီပို့လုပ္ေနရတာ၊ အေပါင္းအသင္းေတြၾကားထဲမွာပါ မ်က္ႏွာပ်က္ရတာ၊ ပိုက္ဆံသုံးခြင့္ မေပးဘဲ ရသမၽွ အကုန္ထိန္းခ်ဳပ္ထားတာ (ဘတ္ေငြ ဆိုၿပီးေတာင္ ေယာက္်ားေတြၾကားထဲ ေျပာေလ့ရွိၾကတဲ့အထိပါ)၊ ေယာက်ာ္းသေဘာက်တဲ့ အရာ၊ တန္ဖိုးထားတဲ့ အရာေတြကို ဖ်က္ဆီးလိုက္တာ (ဥပမာ ေခြး၊ ဆုံးသြားတဲ့မိဘႏွစ္ပါးရဲ့ ဓါတ္ပုံ၊ စာအုပ္ စသျဖင့္) ဒါေတြဟာလည္း အၾကမ္းဖက္မွု ေျမာက္ပါတယ္။

အမ်ိဳးသားက ပန္းေသပန္းညႇိုး ျဖစ္ေနလို့၊ လိင္ပိုင္းဆိုင္ရာ မစြမ္းေဆာင္နိုင္လို့ ေနာက္တစ္ေယာက္နဲ႔ ေပၚတင္ ေဖာက္ျပန္တာေတြလည္း ရွိတာပဲ။ ဒါသည္လည္း လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မွုလို့ ဆိုနိုင္တာပဲ။ အမ်ိဳးသမီးေတြ ၾကဳံရသေလာက္ေတာ့ ရာခိုင္ႏွုန္း မမ်ားဘူးေပါ့။ ဒါေပမဲ့ လက္ေတြ႕ဘဝမွာ တကယ္ျဖစ္ပ်က္ေနတာေတြပါ။

ေနာက္ၿပီး ကိုယ္ထိလက္ေရာက္ အၾကမ္းဖက္တာေတြေရာ မရွိဘူးလား။ ပုံမွန္အားျဖင့္ေတာ့ ခြန္အားနည္းတဲ့ အမ်ိဳးသမီးက ပိုအနိုင္က်င့္ခံရနိုင္တယ္ ဆိုေပမဲ့ အမ်ိဳးသားေတြ ခံရတာလည္း ရွိတယ္။

ဘာလို့လဲ။ ခြန္အားႀကီးရက္နဲ႔ ဘာလို့ ၿငိမ္ေနတာလဲ။

ရွင္းပါတယ္။ မိန္းမက ေယာက္်ားကို ရိုက္ရင္ ဘယ္သူမွ အေရးတယူ မလုပ္ေပမဲ့ ေယာက္်ားက မိန္းမကို ရိုက္ရင္ေတာ့ ျပႆနာ ႀကီးသြားနိုင္လို့ပါ။ ယာဥ္ႀကီး ယာဥ္ငယ္ ဥပမာလိုေပါ့။ ဘယ္လိုျဖစ္ျဖစ္ ယာဥ္ႀကီးအမွားပဲ။ သူက ဘယ္ေလာက္ဆိုးလို့ မိန္းမက ျပန္ရိုက္တာလဲမွ မသိတာ ဆိုၿပီး မိန္းမျဖစ္သူရဲ့ အၾကမ္းဖက္လုပ္ရပ္ကို ကိုယ့္ကိုယ္ကိုယ္ ကာကြယ္ျခင္း (Self-defense) အျဖစ္ သတ္မွတ္လိုက္ၾကတာေတြလည္း ရွိတယ္။ ဒီေတာ့ သူ႔အမွားက ကိုယ့္အမွား ျဖစ္သြားတတ္တာေပါ့။

ဆိုရွယ္မီဒီယာေခတ္ဆိုေတာ့ ဒီအေပၚသာ တင္လိုက္ရင္ ဘာမွန္းညာမွန္းမသိဘဲ ဝင္ဆုံးျဖတ္ေပးမဲ့ လူအုပ္ႀကီးကလည္း ေစာင့္ေနတာကိုး။ ဒီေတာ့ ေနာက္ဆက္တြဲ ျပႆနာ မတက္ေအာင္ ပိုၿပီး ထိန္းခ်ဳပ္ရတယ္။ ခြန္အားနည္းသူမို့ ငါ လုပ္လိုက္ရင္ တခုခု ျဖစ္သြားမယ္ ဆိုၿပီး ညႇာေနတာလည္း ျဖစ္နိုင္တယ္။

တျခားအေၾကာင္းရင္းေတြကေတာ့ ကေလးေတြေၾကာင့္၊ အိမ္ေထာင္ကြဲသြားမွာကို ရွက္လို့၊ မိဘေတြ စိတ္ပူမွာစိုးလို့၊ ျပႆနာပိုႀကီးသြားမွာ ေၾကာက္လို့၊ (အမ်ိဳးသားအခ်င္းခ်င္း ခ်စ္ႀကိဳက္သူေတြမွာဆို ခြန္အားက သူ႔ထက္ ပိုႀကီးေနလို့)၊ ကူညီမဲ့သူ မရွိမွာစိုးလို့ (စဥ္းစားၾကည့္၊ ရဲစခန္းထဲ ဝင္သြား၊ ကၽြန္ေတာ့္မိန္းမ ကၽြန္ေတာ့္ကို ရိုက္လို့ပါလို့ ဘယ္သူ ဝင္ေျပာခ်င္မလဲ၊ ဘယ္ရဲကေရာ အေရးတယူ လုပ္မလဲ) ေနာက္ဆုံးတစ္ခုကေတာ့ သူ႔ကို ခ်စ္လို့၊ တစ္ခ်ိန္ ေျပာင္းလဲလာမယ္ ေမၽွာ္လင့္လို့ စသျဖင့္ ရွိနိုင္ပါတယ္။

ေယာက္်ားေတြလိုပဲ အဲ့လို အၾကမ္းဖက္တတ္တဲ့ မိန္းမေတြမွာလည္း ကိုယ္ရည္ကိုယ္ေသြး ျပႆနာ (Personality disorder)၊ ေဒါသ မထိန္းနိုင္တာ၊ လႊမ္းမိုးလိုစိတ္ ျပင္းထန္တာ၊ မူးယစ္ေဆး စြဲေနတာ၊ မနာလိုစိတ္ ႀကီးတာ၊ ငယ္စဥ္က လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္ခံခဲ့ရတာ၊ စိတ္ဒဏ္ရာ ႀကီးႀကီးမားမား ရခဲ့ဖူးတာ၊ စတဲ့ အခ်က္ေတြ ေတြ႕ရတတ္ပါတယ္။ ဒါေၾကာင့္ ခ်စ္တာလည္း ခ်စ္၊ ဒီအခ်က္ေတြေရာ ကိုယ့္ရည္းစား၊ ကိုယ့္အမ်ိဳးသမီးမွာ ရွိေနလား ဆိုတာေလးလည္း ဆန္းစစ္ၾကည့္ေစခ်င္တယ္။

အနိုင္က်င့္ အၾကမ္းဖက္တယ္ဆိုတာ ကိုယ့္ထက္ အားနည္းတဲ့သူကိုပဲ လုပ္လို့ရတာ။ ေယာက္်ားနဲ႔ မိန္းမ ယွဥ္လိုက္ရင္ ခြန္အား၊ လူမွုပတ္ဝန္းက်င္ရဲ့ သတ္မွတ္ခ်က္၊ ဝင္ေငြ၊ ဒီလိုအခ်က္ေတြမွာ မိန္းမေတြက အားနည္းၾကတယ္။ ဒီေတာ့ အနိုင္က်င့္မွုလို့ ေျပာလိုက္ရင္ သူတို့ကပဲ ခံေနၾကရတာ မ်ားတယ္။ ဒီအတြက္လည္း မ်ိဳးစုံေသာ ကာကြယ္မွုေတြ လုပ္ေနၾကရတာ။

မိန္းမက ျပန္အားသာေနတဲ့ အခ်က္ကေတာ့ အဲ့လိုမိန္းမျဖစ္ေနျခင္းပဲ။ တစ္ခါတစ္ေလမွာ အားနည္းျခင္းဟာ အားသာခ်က္ ျဖစ္သြားတတ္တယ္ေလ။

အဲ့လို ရိုက္ႏွက္ႏွိပ္စက္ခံေနရရင္လည္း ဘယ္ေယာက္်ားကမွ ပုံမတင္သလို Live လည္း မလႊင့္ဘူး။ ရွက္တာကိုး။ သူ႔ရဲ့ ေယာက္်ားဂုဏ္သိကၡာ ထိခိုက္တယ္ ခံစားရတာကိုး။ ပိုက္ဆံမရွာနိုင္တာကို မိန္းမအမ်ားစုဟာ မလုံမလဲ မျဖစ္ၾကဘူး။ လိင္ပိုင္းဆိုင္ရာ မစြမ္းေဆာင္နိုင္လို့လည္း သူတို့ မရွက္ဘူး။ ဒါေပမဲ့ ေယာက္်ားေတြအတြက္က် မတူဘူး။

မိန္းကေလးေတြ အနိုင္က်င့္ခံရတာကို ထုတ္မေျပာတာက ရွက္လို့၊ အျပစ္တင္ခံရမွာ၊ နာမည္ပ်က္မွာ ေၾကာက္လို့။ ေယာက်ာ္းေတြ ထုတ္မေျပာတာကေတာ့ သူတို့ရဲ့ ေယာက်္ားဆိုတဲ့ မာနႀကီးေၾကာင့္ပဲ။ ဒါေၾကာင့္လည္း ကၽြန္ေတာ္တို့ သိပ္ဂုဏ္ယူေနတဲ့ ေယာက္်ားကြ ဆိုတဲ့ မာန္ေတြက ကၽြန္ေတာ္တို့ကို ျပန္ဒုကၡေပးတတ္တယ္ ဆိုတာကို သိေစခ်င္တယ္။

ငယ္ငယ္က ေဘာလီးဝုဒ္ဇာတ္ကားတစ္ကား ၾကည့္ဖူးတယ္။ ေျပတီဦးနဲ႔ နႏၵာလွိုင္ေတာင္ ျမန္မာမွုျပဳၿပီး ျပန္ရိုက္ထားေသးတယ္။ ဇာတ္ကားနာမည္ မမွတ္မိေတာ့လို့။

ဇာတ္လမ္းက ဘယ္လိုလဲဆိုေတာ့ မင္းသားကို သူ႔ရည္းစားေဟာင္းက တရားစြဲတာ။ သူ႔ကို မုဒိမ္းက်င္ဖို့ ႀကိဳးစားမွုနဲ႔။ မင္းသမီးက ေရွ႕ေန။ မင္းသားရဲ့ လက္ရွိမိန္းမ။ စစခ်င္းေတာ့ သူလည္း မိန္းမခ်င္း ကိုယ္ခ်င္းစာၿပီး မင္းသားကို ရြံသြားတယ္။ ေနာက္ေတာ့မွ သူ႔ေယာက္်ားဘက္ကေန အမွုျပန္လိုက္တာ။

တကယ္က ဘယ္လိုလဲဆိုေတာ့ သူတို့ႏွစ္ေယာက္က ရည္းစား။ အဲ့လိုကေန ဒီမိန္းကေလးက ပိုက္ဆံမက္ၿပီး သူေဌးႀကီးတစ္ေယာက္နဲ႔ ယူလိုက္တာ။ ဒါေပမဲ့ အဲ့ဒီသူေဌးႀကီးက အသက္ႀကီးေနေတာ့ ပန္းေသပန္းညႇိုး ျဖစ္ေနတယ္။ ေျပာရရင္ အိမ္ေထာင္ေရးသုခ မခံစားရဘူး။ အဲ့လိုနဲ႔ မင္းသားကို ေတြ႕ေတာ့ သူက ျပန္ဆက္သြယ္။ အတူေနဖို့ ဆြယ္တယ္။ မင္းသားက ျငင္းတယ္။ အဲ့လို သူတို့ ၂ ေယာက္တည္း ရွိေနခ်ိန္မွာ ႐ုတ္တရက္ သူေဌးႀကီးက ျပန္ေရာက္လာေတာ့ သူ႔အဝတ္အစား သူဆြဲျဖဲပစ္ၿပီး မင္းသားက သူ႔ကို မုဒိမ္းက်င့္ဖို့ ႀကိဳးစားပါတယ္ဆိုၿပီး လုပ္ပစ္လိုက္တာ။ ေျပာရရင္ ဘယ္မိန္းကေလးကေတာ့ ဒါမ်ိဳးလုပ္ပါ့မလဲ ဆိုတဲ့ တရားေသ သတ္မွတ္ခ်က္ကို နင္းၿပီး အမွုတည္ေဆာက္သြားတာ ျဖစ္ပါတယ္။

လိင္ကိစၥဆိုလည္း ဘယ္မိန္းကေလးကေတာ့ စေျပာမွာလဲ၊ ဘယ္မိန္းကေလးကေတာ့ ကိုယ္ထိလက္ေရာက္ ရိုက္ႏွက္ပါ့မလဲ၊ ဒီလိုသတ္မွတ္ခ်က္ေတြက အမ်ိဳးသမီးေတြကို အားသာသြားေစတယ္။ ဒါေၾကာင့္လည္း Gender ဆိုတဲ့ စကားဟာ ေယာက္်ားနဲ႔လည္း ဆိုင္တယ္လို့ ထပ္ကာထပ္ကာ ေျပာေနရျခင္းလည္း ျဖစ္ပါတယ္။

တကယ္ေတာ့ ခ်စ္သူရည္းစား ထားၾကတဲ့အခါ၊ အိမ္ေထာင္ျပဳၾကမယ္ ဆိုတဲ့အခါ မိန္းကေလးဘက္ကတင္ စဥ္းစားရတာ မဟုတ္ဘူး။ ေယာက္်ားကေလးဘက္ကလည္း စဥ္းစားရမယ္။ သားရွင္ေတြလည္း သတိထားသင့္တယ္။ ေယာက္်ားကေလးပဲ အရွုံးမရွိပါဘူးလို့ မထင္နဲ႔။ ရွိတယ္။ ကိုယ့္သားေၾကာင့္လည္း သူမ်ားသမီး ဒုကၡေရာက္နိုင္သလို သူမ်ားသမီးေၾကာင့္လည္း ကိုယ့္သား ဒုကၡေရာက္သြားနိုင္တယ္။

ေနာက္ၿပီး အိမ္တြင္းအၾကမ္းဖက္မွုကို အမ်ိဳးသားေတြလည္း ခံေနရပါတယ္လို့ ေျပာရင္ အဲဒါ ရယ္စရာ မဟုတ္ဘူး ဆိုတာလည္း သိေစခ်င္တယ္။ ေယာက္်ားဆိုတဲ့ မာနႀကီးနဲ႔ ႀကိတ္မွိတ္သည္းခံေနမဲ့အစား အကူအညီ လိုအပ္ခဲ့ရင္ ယူဖို့ကိုလည္း တိုက္တြန္းခ်င္ပါတယ္။

"အၾကမ္းဖက္ခံရသူဟာ ရွက္စရာ မလိုဘူး" ဆိုတဲ့ စကားက မိန္းကေလးေတြအတြက္တင္ မဟုတ္ဘူး။ ခင္ဗ်ားတို့၊ ကၽြန္ေတာ္တို့ ေယာက္်ားေတြအတြက္လည္း မွန္တယ္ဆိုတာ သိထားပါ။

ဒီေဆာင္းပါးက ရွိရွိသမၽွေသာ မုဒိမ္းမွု၊ ကာမလိမ္လည္ရယူမွုေတြဟာ အမ်ိဳးသမီးေတြ လိမ္ညာခဲ့ၾကတာလို့ မဆိုလိုဘူး။ (နယ္ဘက္ ေက်းဘက္ေတြမွာဆို အမ်ိဳးသမီးေတြမွာ ဘယ္ေလာက္ေတာင္ ထိခိုက္ခံစားေနရတယ္ ဆိုတာ ကၽြန္ေတာ္ သိပ္သိတာေပါ့။) ဒီေဆာင္းပါးေၾကာင့္ အဲ့လိုေတြ ေထာက္လာနိုင္တယ္ ဆိုတာလည္း ကၽြန္ေတာ္ သိတယ္။ အဲ့လို အနိုင္က်င့္တတ္တဲ့၊ အဆင့္အတန္းမရွိတဲ့ အမ်ိဳးသားေတြကို ကာကြယ္ေရးသားေနတာလည္း မဟုတ္ဘူး။ ေနာက္ၿပီး ႐ုပ္ရွင္မင္းသားေတြကို တရားစြဲဆိုထားတဲ့ အမွုေတြလည္း ဒီလိုပဲ ေနမွာေပါ့လို့ ဆုံးျဖတ္ေပးေနတာ မဟုတ္ဘူး။ အဓိကက သားရွင္ေတြ၊ ေယာက္်ားကေလးေတြအတြက္ ရည္ရြယ္ေရးသားတာပါ။

အမ်ိဳးသမီးဝါဒီေတြအေနနဲ႔လည္း အထင္အျမင္ မလြဲၾကဘူးလို့ ေမၽွာ္လင့္ပါတယ္။ လြဲခဲ့ရင္လည္း အရင့္အရင္က ကၽြန္ေတာ္ လုပ္ေဆာင္ခဲ့တာေတြကို ေထာက္ညႇာၿပီး ကၽြန္ေတာ့္ အေရးအသား အားနည္းမွုေၾကာင့္ လို့သာ နားလည္ခြင့္လႊတ္ေပးေစခ်င္ပါတယ္။

အၾကမ္းဖက္ခံရသူ ၁၀၀ မွာ အေယာက္ ၇၀ ျဖစ္တဲ့ အမ်ိဳးသမီးေတြအတြက္ ရပ္တည္ေပးေနၾကတဲ့အခ်ိန္မွာ က်န္အမ်ိဳးသားအေယာက္ ၃၀ ကိုလည္း ကၽြန္ေတာ္တို့ ေမ့မထားသင့္ဘူး မဟုတ္လား။

ေဒါက္တာ ၿဖိဳးသီဟ
၂၇.၇.၂၀၂၀

Ref:
1) Domestic violence against men – healthdirect
2) Risk Factors for Physical Violence Between Dating Partners: Implications for Gender-Inclusive Prevention and Treatment of Family Violence
3) 45 key facts about male victims of domestic and partner violence – ManKind Initiative

No comments: