Saturday, July 11, 2020

တိုဟူးေႏြး _ Khaja ခါဂ်ာ _Pasta_ကိုရီးယားပဲေခါက္ဆြဲ

Khaja ခါဂျာ
----------------


 ပွဲဈေးတန်း၊ မုန့်ဈေးတန်းတွေမှာ မြင်လိုက်ရရင် ခါဂျာအရှည်ကြီးတွေကို ဝယ်မစားရမနေနိုင်အောင် ပါပဲ။ ဝါးဗန်းကြီးထဲမှာ ထပ်ထားတဲ့ ခါဂျာအထပ်ထပ် တွေက ပွဲဈေးတန်းလာသူတွေကို ဆွဲဆောင်မှု အရမ်း ရှိလှတယ်။ ဒီခါဂျာလုပ်နည်းကတော့ အသေးစား လေးဖြစ်လို့ မီနီ ခါဂျာလို့ ခေါ်ရမယ်ထင်တယ်။

ပါဝင်ပစ္စည်းများ
ဂျုံမှုန့် - ၁၂၀ ဂရမ်
ဆီ - စားပွဲဇွန်း ၃ ဇွန်း
ဆား - အနည်းငယ်
ရေ - စားပွဲဇွန်း ၄ ဇွန်း
သကြားရည်အတွက် လိုအပ်တာတွေကတော့
သကြား - ၁ ခွက်
ရေ - ခွက်တစ်ဝက်

ပြုလုပ်နည်း
 ဂျုံမှုန့်နဲ့ ဆားကို ဇလုံထဲ ထည့်ပါ။  ဆီထည့်ပြီး အရင်နယ်ရပါမယ်။ အားလုံးနှံ့သွားပြီဆိုမှ ရေကို နည်းနည်းချင်းစီ ထည့်ပြီး နယ်ရပါမယ်။ ဇလုံထဲမှာ ဂျုံမှုန့် လုံးဝမမြင်ရတော့တဲ့အထိ နယ်ပါ။ ဒါဆိုရင် မုန့်သားရပါပြီ။ အဖုံးဖုံးထားပါ။ သကြားကျိုဖို့အတွက် အိုးအသေးတစ်လုံးထဲကို သကြားနဲ့ရေထည့်ပြီး ပျစ်အောင် ကျိုရပါမယ်။ ပျစ်လာရင် လက်နဲ့ စမ်းကြည့် ပါ။ လက်မှာ စေးကပ်နေပြီဆိုရင် ရပါပြီ။ စားပွဲကို ဂျုံ အနည်းငယ် ဖြူးပါ။ နယ်ထားတဲ့ မုန့်သားကို စားပွဲပေါ် တင်ပြီး နယ်ပါ။ မုန့်သားချောလာရင် ရပါပြီ။ ပြီးလျှင် မုန့်သားကို ၅ ပိုင်း ဖြတ်ပါ။ ဖြတ်ထားတဲ့တစ်ပိုင်းစီကို အလုံးဖြစ်အောင် ပြန်လုံးပါ။ တစ်လုံးစီကို ယူပြီး ဂျုံ ဖြူးထားတဲ့ စားပွဲပေါ် မှာ စက်ဝိုင်းပုံရအောင် တလိမ့် တုံးနဲ့ လိမ့်ပါ။ ကော်ပြန့်ဖတ်လို ပါးနေရပါမယ်။ ဘယ် လောက်ကြီးအောင် လိမ့်ရမလဲဆိုရင် အသားကင်တဲ့ ဝါးချောင်းအရှည်စာလောက် ရှိရပါမယ်။ လိမ့်ပြီးရင် ဘေးနားမှာထားပါ။ နောက်တစ်ချပ်ရအောင်လိမ့်ပါ။ ပြီးလျှင် ဘေးမှာချထားတဲ့ ပထမအချပ်ပေါ်ကို ဆီသုတ်ပါ။ ဂျုံအနည်းငယ် ဖြူးပါ။ ပြီးလျှင် ဒုတိယ အချပ်ကို ပထမအချပ်ပေါ် တင်ထားပါ။ ကျန်တဲ့ ၃ ချပ် ကိုလည်း ဆက်ပြီး ထပ်ပါ။ ထပ်တိုင်းမှာ ဆီသုတ် ဂျုံ ဖြူးရမှာ ဖြစ်ပါတယ်။ ၅ ချပ် မြောက် အထပ်ပေါ်ကို  လည်း ဆီသုတ် ဂျုံဖြူးပါ။ ပြီးလျှင် ဆလင်ဒါပုံစံအရှည် ဖြစ်အောင် လိပ်ပါ။
 လိပ်တဲ့အခါမှာ အစွန်ဆုံးအထပ်တွေမှာ ကွာကျ နေရင် ရေနည်းနည်းစွတ်ပြီး ဖိပေးပါ။ ပြီးလျှင် အပိုင်း ၈ ပိုင်း ဖြတ်ပါ။ မုန့်သား အရစ်ပေါင်းများစွာပါတဲ့
မုန့်သားအဝိုင်း ၈ ဝိုင်းရပါမယ်။ တစ်ပိုင်းကို ယူပြီး ထောင်ထား ပါ။ ပြီးလျှင် လက်နဲ့ အသာဖိချပါ။ မုန့်သား အရှည်အချောင်း ရပါမယ်။ ကျန်တဲ့ ရ ခုကိုလည်း ဆက်လုပ်ပါ။ ပြီးလျှင် ဆီအိုးထဲ ထည့်ပြီး ကြော်ပါ။ နီညိုရောင်သန်းရင် ဆယ်ထားပါ။ အားလုံးကြော်ပြီး သွားရင်  တစ်ခုချင်းစီကို သကြားရည်မှာ နှစ်ပြီး ဆယ် ထားပါ။
-------------------------
Myint Oo Tha

တိုဟူးနွေး
----------------


မွှေးတိုဟူးမှုန့်                         - ၁၅၀ ဂရမ်
ရေ                                       -  ၆၀၀ မီလီလီတာ
ဆား                                       - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဆီ                                         - စားပွဲဇွန်း ၂ ဇွန်း
သကြား                                 - စားပွဲဇွန်း ၁ ဇွန်း
နနွင်းမှုန့်                                -  အနည်းငယ်

ပြုလုပ်ပုံ
1. တိုဟူးမှုန့် ကို ရေ ၆၀၀ မီလီလီတာနဲ့ ဖျော်ပါ။( blender ထဲထည့်ပြီးကြိတ်လည်းရပါတယ်)
2. ပြီးလျှင် အိုးထဲ ဖျော်ထားတဲ့တိုဟူး၊ ဆား၊ သကြား၊ ဆီ၊ နနွင်းမှုန့် ထည့်ပြီး ကျိုပါ။
3. ရေ ၁လီတာကို ဖြည်းဖြည်းချင်းထည့်ပြီး ကျိုပါ။
4. အဆက်မပြတ်မွှေပေးရပါမယ်။ တိုဟူးနွေးက အေးလာရင် ပျစ်သွားတဲ့အတွက် ခပ်ပျစ်ပျစ်အနေထားမှာ ချထားပါ။

ကြက်သားဟင်းချက်ရန် လိုအပ်တာတွေကတော့…
     ကြက်ရင်ပုံသား                                     -  ၃၀၀ ဂရမ်
     ချင်းရည်                                             -   စားပွဲဇွန်း ၁/၂ ဇွန်း
ကြက်သွန်ဖြူရည်                                         -  စားပွဲဇွန်း ၁/၂ ဇွန်း
ရှောက်ကောမှုန့်                                          - အနည်းငယ်
ပါကောမှုန့်                                                  - အနည်းငယ်
ဆား                                                         - အနည်းငယ်
အရသာမှုန့်                                              -  လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ပဲငံပြာရည်အကြည်                                     - စားပွဲဇွန်း ၁ ဇွန်း
ခရမ်းချဉ်သီး                                              -  ၁၅၀ ဂရမ်
ဆီ                                                          -   စားပွဲဇွန်း ၅ ဇွန်း
ရေ

ချက်နည်းအဆင့်ဆင့်
1. ကြက်သားကို ချင်းရည်၊ကြက်သွန်ဖြူရည်၊ ရှောက်ကောမှုန့်၊ ပါကောမှုန့်၊ ဆား၊ အရသာမှုန့်၊ ပဲငံပြာရည်ထည့်ပြီး နှပ်ထားပါ။
2. ခရမ်းချဉ်သီးကို စက်ဖြင့်ကြိတ်ထားပါ။
3. ဆီအိုးတည်ပါ။ ဆီပူလျှင် ကြိတ်ထားတဲ့ ခရမ်းချဉ်သီးထည့်ပြီး အနှစ်ရအောင် ချက်ပါ။
4. ပြီးလျှင် နှပ်ထားတဲ့ ကြက်သားထည့်ပြီး ချက်ပါ။
5. လိုအပ်ပါက ရေနည်းနည်းထည့်ပြီး ကြက်သားအိအောင်ချက်ပါ။
   
နှမ်းဆီမွှေးအတွက် လိုအပ်တာတွေကတော့…….
ဆီ                                                        - ၂၅၀ မီလီလီတာ
နှမ်းလှော်                                              -  စားပွဲဇွန်း ၃ ဇွန်း
ရှောက်ကောမှုန့်                                     - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပါကောမှုန့်                                            - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
တရုတ်မဆလာ                                        - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း
1. ဆီကို ပူအောင်တည်ပါ။ မီးပိတ်ပြီး နှမ်းလှော်ထည့်ပါ။
2. ဆီငွေ့သေသွားမှ ရှောက်ကောမှုန့်၊ ပါကောမှုန့်၊ တရုတ်မဆလာထည့်ပါ။

ငရုတ်သီးကြော်အတွက် လိုအပ်တာတွေကတော့
ငရုတ်သီးအကြမ်းမှုန့်                               -   စားပွဲဇွန်း ၅ ဇွန်း
စီချွမ်းငရုတ်ကောင်းစေ့                             -  စားပွဲဇွန်း ၁ ဇွန်း
ကြက်သွန်နီ                                                 - ၅၀ ဂရမ်(ပါးပါးလှီးထားပါ)
ကြက်သွန်ဖြူ                                               -  ၂၀ ဂရမ် (.ပါးပါးလှီးထားပါ)
ဆား                                                       -  အနည်းငယ်
အရသာမှုန့်                                          - အနည်းငယ်
ဆီ                                            - စားပွဲဇွန်း ၁၀ ဇွန်း

ပြုလုပ်ပုံ
1. ဆီအိုးတည်ပါ။ ဆီပူလာရင် ကြက်သွန်နီ၊ ကြက်သွန်ဖြူကို ကြွပ်အောင် ကြော်ပါ။
2. ပြီးမှ ငရုတ်သီးအကြမ်းဖတ် နဲ့ စီချွမ်းငရုတ်ကောင်း၊ ဆားထည့်ပြီး ေမွှေပေးပါ။

တိုဟူးနွေး ပွဲပြင်ရန် လိုအပ်တာတွေကတော့…
ရှမ်းခေါက်ဆွဲ
ကြက်သွန်ဖြူဆီချက်
နှမ်းဆီမွှေး
ပဲငံပြာရည်အကြည်
ပဲငံပြာရည်အနောက်
မြေပဲလှော်ထောင်း
ကြက်သားဟင်း
ငရုတ်သီးကြော်
ကြက်သွန်မြိတ်
ရှမ်းချဉ်

1. ရှမ်းတိုဟူးနွေး တစ်ပွဲအတွက် ပြုတ်ထားတဲ့ ရှမ်းခေါက်ဆွဲကို ပန်းကန်ထဲထည့်ပါ။ ပြီးလျှင် ကျိုထားတဲ့ တိူဟူးနွေး ထည့်ပါ။ အရသာအတွက် ပဲငံပြာရည်အကြည်နဲ့အနောက်၊ နှမ်းဆီမွှေး၊ ကြက်သားဟင်း၊ မြေပဲထောင်း၊ ငရုတ်သီးကြော်၊ ကြက်သွန်မြိတ်၊ ရှမ်းချဉ်ထည့်ပြီး သုံးဆောင်ပါ။

ခရမ်းချဉ်သီးအနှစ်ပါစတာ (Pasta in Tomato Sauce)
-----------------------------------------------------------------


ပါဝင်ပစ္စည်းများ
• ပါစတာခေါက်ဆွဲ - ၂ဝဝ ဂရမ်
• သံလွင်ဆီ - စားပွဲဇွန်း ၂ ဇွန်း
• ထောပတ် - ၂၀ ဂရမ်
• ပြင်သစ်ပင်စိမ်းရွက် - ၃ ဂရမ်
• ကြက်သွန်ဖြူ - ၁၀ ဂရမ်
• ကြက်သွန်နီ - ၂၅ ဂရမ်
• ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
• ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ချိစ် (Parmesan Cheese) - ၁၀ ဂရမ်
• ကြက်သား - ၁၅၀ ဂရမ်
•  ခရမ်းချဉ်သီးအနှစ် - ၇၀ ဂရမ်
•  ကြက်ပြုတ်ရည် - ၂ဝဝ မီလီလီတာ
•  သကြား - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ပြုလုပ်နည်း
၁။ ရေပွက်ပွက်ဆူနေသော အိုးထဲသို့ ဆားနှင့် သံလွင်ဆီအား ထည့်ပြီး ပါစတာ ခေါက်ဆွဲကို ၈ မိနစ်ခန့်ပြုတ်ပေးပါ။ ခေါက်ဆွဲရပါက ဆန်ခါထဲထည့်ကာ သံလွင်ဆီ အနည်းငယ်ထည့်ပြီးခေါက်ဆွဲများ စေးကပ်မသွားအောင် နယ်ပေးထားပါ။
၂။ ကြက်သားကို ပါးပါးလေးလှီးပြီး ဆား၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် နယ်ထားပေးပါ။
၃။ အိုးထဲသို့ ထောပတ်ထည့်ပြီး ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကိုထည့်ပြီး ဆီသတ် ပေးပါ။ သံလွင်ဆီ အနည်းငယ်နှင့် ပြင်သစ်ပင်စိမ်းရွက် အနည်းငယ် ထည့်ပေးပါ။ အရသာနယ်ထားသော ကြက်သားကို ထည့်ပြီး ကြော်ပေးပါ။ ကြက်ပြုတ်ရည်နှင့် ခရမ်းချဉ်သီးအနှစ်အား ထည့်ပေးပါ။ အရသာအတွက် ဆား၊ သကြားနှင့် ငရုတ် ကောင်းမှုန့် ထည့်ပေးပါ။ ထည့်ထားသော ကြက်ပြုတ်ရည်များ တစ်ဝက်ခန့် ခန်းသွားပါက ပြုတ်ထားသော ပါစတာခေါက်ဆွဲနှင့် ချိစ်အမှုန့်များကို ထည့်ပြီး မွှေပေးပါ။ ထောပတ်အနည်းငယ် ထပ်ထည့်ပြီး မွှေပေးကာ အပေါ်မှ ပြင်သစ် ပင်စိမ်းအုပ်ကာ သုံးဆောင်နိုင်ပါပြီ။
------------------------------------------------
Htain Lin Maung

ကိုရီးယားပဲခေါက်ဆွဲ (Korean Bean Noodle)
-------------------------------------------------------


ပါဝင်ပစ္စည်းများ
• ခေါက်ဆွဲ - ၁၅၀ ဂရမ်
• ကိုရီးယားပဲအနှစ် - ၇၀ ဂရမ်
• သကြား - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
• ပဲငံပြာရည်အနောက် - စားပွဲဇွန်း ၁ ဇွန်း
• တရုတ်ကြက်သွန်မြိတ် - ၃၀ ဂရမ်
• ဂေါ်ဖီထုပ် - ၅၀ ဂရမ်
• အာလူး - ၈၀ ဂရမ်
• ချင်း - ၇ ဂရမ်
• ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း ၁/၃ ဇွန်း
• ရေ - ၂ဝဝ လီတာ
• ကော်မှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ဆီ - စားပွဲဇွန်း ၇ ဇွန်း (ကြော်ရန်)

ပြုလုပ်နည်း
၁။ ကိုရီးယားပဲအနှစ်ကို ဆီများများထည့်၍ မီးအေးအေးဖြင့် ၃ မိနစ်ခန့် ကြော်ပြီး ပဲအနှစ်ကို ဆီစစ်ကာ ပန်းကန်ထဲ ထည့်ထားပါ။
၂။ ချင်းကို ပါးပါးလှီးပါ။ အာလူးကို အခွံနွှာ၍ ရေဆေးပြီး လက်တစ်ဆစ်ခန့် အတုံးလေး
တွေ လှီးပါ။ ဂေါ်ဖီထုပ်ကိုလည်း လေးထောင့်အကွက်လေးတွေ နွှာ၍ လှီးပါ။ တရုတ် ကြက်သွန်မြိတ်ကိုလည်း လက်တစ်ဆစ်ခန့် အရွယ်လေးတွေ လှီးထားပါ။
၃။ အိုးထဲ ဆီအနည်းငယ်ထည့်၍ ပါးပါးလှီးထားသော ချင်းထည့်ပြီး ဆီသတ်ပါ။ လှီးထားသော အသီးအရွက်များကို ထည့်ပြီး အနည်းငယ် နွမ်းသွားအောင် ကြော်ပါ။ ကြော်ထားသော ပဲအနှစ်များကို  ထည့်ပါ။ ရေနှင့် အရသာအတွက် ဆား၊ သကြားနှင့် ပဲငံပြာရည်အနောက်တို့ကို ထည့်ပါ။ ထည့်ထားသောအရာများ အားလုံး သမအောင် မွှေပြီး ကော်မှုန့်ကို ရေဖြင့် ဖျော်ထည့်၍ မွှေပေးပါ။ အရသာကို မြည်းစမ်းပြီး ငရုတ် ကောင်းမှုန့်ထည့်ပါ။ ပြုတ်ထားသော ခေါက်ဆွဲကို ပန်းကန်ထဲ ထည့်ထားပါ။ ချက်ထား သော ပဲအနှစ်ကို ခေါက်ဆွဲအပေါ်မှာ လောင်းချပြီး သုံးဆောင်နိုင်ပါပြီ။
--------------------------
 Htain Lin Maung


(Zawgyi)

Khaja ခါဂ်ာ
----------------


 ပြဲေဈးတန္း၊ မုန႔္ေဈးတန္းေတြမွာ ျမင္လိုက္ရရင္ ခါဂ်ာအရွည္ႀကီးေတြကို ဝယ္မစားရမေနနိုင္ေအာင္ ပါပဲ။ ဝါးဗန္းႀကီးထဲမွာ ထပ္ထားတဲ့ ခါဂ်ာအထပ္ထပ္ ေတြက ပြဲေဈးတန္းလာသူေတြကို ဆြဲေဆာင္မွု အရမ္း ရွိလွတယ္။ ဒီခါဂ်ာလုပ္နည္းကေတာ့ အေသးစား ေလးျဖစ္လို့ မီနီ ခါဂ်ာလို့ ေခၚရမယ္ထင္တယ္။

ပါဝင္ပစၥည္းမ်ား
ဂ်ဳံမွုန႔္ - ၁၂၀ ဂရမ္
ဆီ - စားပြဲဇြန္း ၃ ဇြန္း
ဆား - အနည္းငယ္
ေရ - စားပြဲဇြန္း ၄ ဇြန္း
သၾကားရည္အတြက္ လိုအပ္တာေတြကေတာ့
သၾကား - ၁ ခြက္
ေရ - ခြက္တစ္ဝက္

ျပဳလုပ္နည္း
 ဂ်ဳံမွုန႔္နဲ႔ ဆားကို ဇလုံထဲ ထည့္ပါ။  ဆီထည့္ၿပီး အရင္နယ္ရပါမယ္။ အားလုံးႏွံ့သြားၿပီဆိုမွ ေရကို နည္းနည္းခ်င္းစီ ထည့္ၿပီး နယ္ရပါမယ္။ ဇလုံထဲမွာ ဂ်ံဳမွုန႔္ လုံးဝမျမင္ရေတာ့တဲ့အထိ နယ္ပါ။ ဒါဆိုရင္ မုန႔္သားရပါၿပီ။ အဖုံးဖုံးထားပါ။ သၾကားက်ိဳဖို့အတြက္ အိုးအေသးတစ္လုံးထဲကို သၾကားနဲ႔ေရထည့္ၿပီး ပ်စ္ေအာင္ က်ိဳရပါမယ္။ ပ်စ္လာရင္ လက္နဲ႔ စမ္းၾကည့္ ပါ။ လက္မွာ ေစးကပ္ေနၿပီဆိုရင္ ရပါၿပီ။ စားပြဲကို ဂ်ံဳ အနည္းငယ္ ျဖဴးပါ။ နယ္ထားတဲ့ မုန႔္သားကို စားပြဲေပၚ တင္ၿပီး နယ္ပါ။ မုန႔္သားေခ်ာလာရင္ ရပါၿပီ။ ၿပီးလၽွင္ မုန႔္သားကို ၅ ပိုင္း ျဖတ္ပါ။

 ျဖတ္ထားတဲ့တစ္ပိုင္းစီကို အလုံးျဖစ္ေအာင္ ျပန္လုံးပါ။ တစ္လုံးစီကို ယူၿပီး ဂ်ံဳ ျဖဴးထားတဲ့ စားပြဲေပၚ မွာ စက္ဝိုင္းပုံရေအာင္ တလိမ့္ တုံးနဲ႔ လိမ့္ပါ။ ေကာ္ျပန႔္ဖတ္လို ပါးေနရပါမယ္။ ဘယ္ ေလာက္ႀကီးေအာင္ လိမ့္ရမလဲဆိုရင္ အသားကင္တဲ့ ဝါးေခ်ာင္းအရွည္စာေလာက္ ရွိရပါမယ္။ လိမ့္ၿပီးရင္ ေဘးနားမွာထားပါ။ ေနာက္တစ္ခ်ပ္ရေအာင္လိမ့္ပါ။ ၿပီးလၽွင္ ေဘးမွာခ်ထားတဲ့ ပထမအခ်ပ္ေပၚကို ဆီသုတ္ပါ။ ဂ်ံဳအနည္းငယ္ ျဖဴးပါ။ ၿပီးလၽွင္ ဒုတိယ အခ်ပ္ကို ပထမအခ်ပ္ေပၚ တင္ထားပါ။ က်န္တဲ့ ၃ ခ်ပ္ ကိုလည္း ဆက္ၿပီး ထပ္ပါ။ ထပ္တိုင္းမွာ ဆီသုတ္ ဂ်ံဳ ျဖဴးရမွာ ျဖစ္ပါတယ္။ ၅ ခ်ပ္ ေျမာက္ အထပ္ေပၚကို  လည္း ဆီသုတ္ ဂ်ံဳျဖဴးပါ။ ၿပီးလၽွင္ ဆလင္ဒါပုံစံအရွည္ ျဖစ္ေအာင္ လိပ္ပါ။

 လိပ္တဲ့အခါမွာ အစြန္ဆုံးအထပ္ေတြမွာ ကြာက် ေနရင္ ေရနည္းနည္းစြတ္ၿပီး ဖိေပးပါ။ ၿပီးလၽွင္ အပိုင္း ၈ ပိုင္း ျဖတ္ပါ။ မုန႔္သား အရစ္ေပါင္းမ်ားစြာပါတဲ့မုန႔္သားအဝိုင္း ၈ ဝိုင္းရပါမယ္။ တစ္ပိုင္းကို ယူၿပီး ေထာင္ထား ပါ။ ၿပီးလၽွင္ လက္နဲ႔ အသာဖိခ်ပါ။ မုန႔္သား အရွည္အေခ်ာင္း ရပါမယ္။ က်န္တဲ့ ရ ခုကိုလည္း ဆက္လုပ္ပါ။ ၿပီးလၽွင္ ဆီအိုးထဲ ထည့္ၿပီး ေၾကာ္ပါ။ နီညိဳေရာင္သန္းရင္ ဆယ္ထားပါ။ အားလုံးေၾကာ္ၿပီး သြားရင္  တစ္ခုခ်င္းစီကို သၾကားရည္မွာ ႏွစ္ၿပီး ဆယ္ ထားပါ။
-------------------------
Myint Oo Tha

တိုဟူးေႏြး
----------------


ေမႊးတိုဟူးမွုန႔္                         - ၁၅၀ ဂရမ္
ေရ                                       -  ၆၀၀ မီလီလီတာ
ဆား                                       - လက္ဖက္ရည္ဇြန္း ၁ ဇြန္း
ဆီ                                         - စားပြဲဇြန္း ၂ ဇြန္း
သၾကား                                 - စားပြဲဇြန္း ၁ ဇြန္း
နႏြင္းမွုန႔္                                -  အနည္းငယ္

ျပဳလုပ္ပုံ
1. တိုဟူးမွုန႔္ ကို ေရ ၆၀၀ မီလီလီတာနဲ႔ ေဖ်ာ္ပါ။( blender ထဲထည့္ၿပီးႀကိတ္လည္းရပါတယ္)
2. ၿပီးလၽွင္ အိုးထဲ ေဖ်ာ္ထားတဲ့တိုဟူး၊ ဆား၊ သၾကား၊ ဆီ၊ နႏြင္းမွုန႔္ ထည့္ၿပီး က်ိဳပါ။
3. ေရ ၁လီတာကို ျဖည္းျဖည္းခ်င္းထည့္ၿပီး က်ိဳပါ။
4. အဆက္မျပတ္ေမႊေပးရပါမယ္။ တိုဟူးေႏြးက ေအးလာရင္ ပ်စ္သြားတဲ့အတြက္ ခပ္ပ်စ္ပ်စ္အေနထားမွာ ခ်ထားပါ။

ၾကက္သားဟင္းခ်က္ရန္ လိုအပ္တာေတြကေတာ့…
     ၾကက္ရင္ပုံသား                                     -  ၃၀၀ ဂရမ္
     ခ်င္းရည္                                             -   စားပြဲဇြန္း ၁/၂ ဇြန္း
ၾကက္သြန္ျဖဴရည္                                         -  စားပြဲဇြန္း ၁/၂ ဇြန္း
ေရွာက္ေကာမွုန႔္                                          - အနည္းငယ္
ပါေကာမွုန႔္                                                  - အနည္းငယ္
ဆား                                                         - အနည္းငယ္
အရသာမွုန႔္                                              -  လက္ဖက္ရည္ဇြန္း ၂ ဇြန္း
ပဲငံျပာရည္အၾကည္                                     - စားပြဲဇြန္း ၁ ဇြန္း
ခရမ္းခ်ဥ္သီး                                              -  ၁၅၀ ဂရမ္
ဆီ                                                          -   စားပြဲဇြန္း ၅ ဇြန္း
ေရ

ခ်က္နည္းအဆင့္ဆင့္
1. ၾကက္သားကို ခ်င္းရည္၊ၾကက္သြန္ျဖဴရည္၊ ေရွာက္ေကာမွုန႔္၊ ပါေကာမွုန႔္၊ ဆား၊ အရသာမွုန႔္၊ ပဲငံျပာရည္ထည့္ၿပီး ႏွပ္ထားပါ။
2. ခရမ္းခ်ဥ္သီးကို စက္ျဖင့္ႀကိတ္ထားပါ။
3. ဆီအိုးတည္ပါ။ ဆီပူလၽွင္ ႀကိတ္ထားတဲ့ ခရမ္းခ်ဥ္သီးထည့္ၿပီး အႏွစ္ရေအာင္ ခ်က္ပါ။
4. ၿပီးလၽွင္ ႏွပ္ထားတဲ့ ၾကက္သားထည့္ၿပီး ခ်က္ပါ။
5. လိုအပ္ပါက ေရနည္းနည္းထည့္ၿပီး ၾကက္သားအိေအာင္ခ်က္ပါ။
   
ႏွမ္းဆီေမႊးအတြက္ လိုအပ္တာေတြကေတာ့…….
ဆီ                                                        - ၂၅၀ မီလီလီတာ
ႏွမ္းေလွာ္                                              -  စားပြဲဇြန္း ၃ ဇြန္း
ေရွာက္ေကာမွုန႔္                                     - လက္ဖက္ရည္ဇြန္း ၁ ဇြန္း
ပါေကာမွုန႔္                                            - လက္ဖက္ရည္ဇြန္း ၁ ဇြန္း
တ႐ုတ္မဆလာ                                        - လက္ဖက္ရည္ဇြန္း ၁ ဇြန္း

ျပဳလုပ္နည္း
1. ဆီကို ပူေအာင္တည္ပါ။ မီးပိတ္ၿပီး ႏွမ္းေလွာ္ထည့္ပါ။
2. ဆီေငြ႕ေသသြားမွ ေရွာက္ေကာမွုန႔္၊ ပါေကာမွုန႔္၊ တ႐ုတ္မဆလာထည့္ပါ။

င႐ုတ္သီးေၾကာ္အတြက္ လိုအပ္တာေတြကေတာ့
င႐ုတ္သီးအၾကမ္းမွုန႔္                               -   စားပြဲဇြန္း ၅ ဇြန္း
စီခၽြမ္းင႐ုတ္ေကာင္းေစ့                             -  စားပြဲဇြန္း ၁ ဇြန္း
ၾကက္သြန္နီ                                                 - ၅၀ ဂရမ္(ပါးပါးလွီးထားပါ)
ၾကက္သြန္ျဖဴ                                               -  ၂၀ ဂရမ္ (.ပါးပါးလွီးထားပါ)
ဆား                                                       -  အနည္းငယ္
အရသာမွုန႔္                                          - အနည္းငယ္
ဆီ                                            - စားပြဲဇြန္း ၁၀ ဇြန္း

ျပဳလုပ္ပုံ
1. ဆီအိုးတည္ပါ။ ဆီပူလာရင္ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴကို ႂကြပ္ေအာင္ ေၾကာ္ပါ။
2. ၿပီးမွ င႐ုတ္သီးအၾကမ္းဖတ္ နဲ႔ စီခၽြမ္းင႐ုတ္ေကာင္း၊ ဆားထည့္ၿပီး ေေမႊေပးပါ။

တိုဟူးေႏြး ပြဲျပင္ရန္ လိုအပ္တာေတြကေတာ့…
ရွမ္းေခါက္ဆြဲ
ၾကက္သြန္ျဖဴဆီခ်က္
ႏွမ္းဆီေမႊး
ပဲငံျပာရည္အၾကည္
ပဲငံျပာရည္အေနာက္
ေျမပဲေလွာ္ေထာင္း
ၾကက္သားဟင္း
င႐ုတ္သီးေၾကာ္
ၾကက္သြန္ၿမိတ္
ရွမ္းခ်ဥ္

1. ရွမ္းတိုဟူးေႏြး တစ္ပြဲအတြက္ ျပဳတ္ထားတဲ့ ရွမ္းေခါက္ဆြဲကို ပန္းကန္ထဲထည့္ပါ။ ၿပီးလၽွင္ က်ိဳထားတဲ့ တိူဟူးေႏြး ထည့္ပါ။ အရသာအတြက္ ပဲငံျပာရည္အၾကည္နဲ႔အေနာက္၊ ႏွမ္းဆီေမႊး၊ ၾကက္သားဟင္း၊ ေျမပဲေထာင္း၊ င႐ုတ္သီးေၾကာ္၊ ၾကက္သြန္ၿမိတ္၊ ရွမ္းခ်ဥ္ထည့္ၿပီး သုံးေဆာင္ပါ။

ခရမ္းခ်ဥ္သီးအႏွစ္ပါစတာ (Pasta in Tomato Sauce)
-----------------------------------------------------------------


ပါဝင္ပစၥည္းမ်ား
• ပါစတာေခါက္ဆြဲ - ၂ဝဝ ဂရမ္
• သံလြင္ဆီ - စားပြဲဇြန္း ၂ ဇြန္း
• ေထာပတ္ - ၂၀ ဂရမ္
• ျပင္သစ္ပင္စိမ္းရြက္ - ၃ ဂရမ္
• ၾကက္သြန္ျဖဴ - ၁၀ ဂရမ္
• ၾကက္သြန္နီ - ၂၅ ဂရမ္
• င႐ုတ္ေကာင္းမွုန႔္ - လက္ဖက္ရည္ဇြန္း ၁/၂ ဇြန္း
• ဆား - လက္ဖက္ရည္ဇြန္း ၁ ဇြန္း
• ခ်ိစ္ (Parmesan Cheese) - ၁၀ ဂရမ္
• ၾကက္သား - ၁၅၀ ဂရမ္
•  ခရမ္းခ်ဥ္သီးအႏွစ္ - ၇၀ ဂရမ္
•  ၾကက္ျပဳတ္ရည္ - ၂ဝဝ မီလီလီတာ
•  သၾကား - လက္ဖက္ရည္ဇြန္း ၁/၂ ဇြန္း

ျပဳလုပ္နည္း
၁။ ေရပြက္ပြက္ဆူေနေသာ အိုးထဲသို့ ဆားႏွင့္ သံလြင္ဆီအား ထည့္ၿပီး ပါစတာ ေခါက္ဆြဲကို ၈ မိနစ္ခန႔္ျပဳတ္ေပးပါ။ ေခါက္ဆြဲရပါက ဆန္ခါထဲထည့္ကာ သံလြင္ဆီ အနည္းငယ္ထည့္ၿပီးေခါက္ဆြဲမ်ား ေစးကပ္မသြားေအာင္ နယ္ေပးထားပါ။
၂။ ၾကက္သားကို ပါးပါးေလးလွီးၿပီး ဆား၊ င႐ုတ္ေကာင္းမွုန႔္တို့ျဖင့္ နယ္ထားေပးပါ။
၃။ အိုးထဲသို့ ေထာပတ္ထည့္ၿပီး ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီတို့ကိုထည့္ၿပီး ဆီသတ္ ေပးပါ။ သံလြင္ဆီ အနည္းငယ္ႏွင့္ ျပင္သစ္ပင္စိမ္းရြက္ အနည္းငယ္ ထည့္ေပးပါ။ အရသာနယ္ထားေသာ ၾကက္သားကို ထည့္ၿပီး ေၾကာ္ေပးပါ။ ၾကက္ျပဳတ္ရည္ႏွင့္ ခရမ္းခ်ဥ္သီးအႏွစ္အား ထည့္ေပးပါ။ အရသာအတြက္ ဆား၊ သၾကားႏွင့္ င႐ုတ္ ေကာင္းမွုန႔္ ထည့္ေပးပါ။ ထည့္ထားေသာ ၾကက္ျပဳတ္ရည္မ်ား တစ္ဝက္ခန႔္ ခန္းသြားပါက ျပဳတ္ထားေသာ ပါစတာေခါက္ဆြဲႏွင့္ ခ်ိစ္အမွုန႔္မ်ားကို ထည့္ၿပီး ေမႊေပးပါ။ ေထာပတ္အနည္းငယ္ ထပ္ထည့္ၿပီး ေမႊေပးကာ အေပၚမွ ျပင္သစ္ ပင္စိမ္းအုပ္ကာ သုံးေဆာင္နိုင္ပါၿပီ။
------------------------------------------------
Htain Lin Maung

ကိုရီးယားပဲေခါက္ဆြဲ (Korean Bean Noodle)
-------------------------------------------------------


ပါဝင္ပစၥည္းမ်ား
• ေခါက္ဆြဲ - ၁၅၀ ဂရမ္
• ကိုရီးယားပဲအႏွစ္ - ၇၀ ဂရမ္
• သၾကား - လက္ဖက္ရည္ဇြန္း ၂ ဇြန္း
• ပဲငံျပာရည္အေနာက္ - စားပြဲဇြန္း ၁ ဇြန္း
• တ႐ုတ္ၾကက္သြန္ၿမိတ္ - ၃၀ ဂရမ္
• ေဂၚဖီထုပ္ - ၅၀ ဂရမ္
• အာလူး - ၈၀ ဂရမ္
• ခ်င္း - ၇ ဂရမ္
• ဆား - လက္ဖက္ရည္ဇြန္း ၁ ဇြန္း
• င႐ုတ္ေကာင္းမွုန႔္ - လက္ဖက္ရည္ဇြန္း ၁/၃ ဇြန္း
• ေရ - ၂ဝဝ လီတာ
• ေကာ္မွုန႔္ - လက္ဖက္ရည္ဇြန္း ၁ ဇြန္း
• ဆီ - စားပြဲဇြန္း ၇ ဇြန္း (ေၾကာ္ရန္)

ျပဳလုပ္နည္း
၁။ ကိုရီးယားပဲအႏွစ္ကို ဆီမ်ားမ်ားထည့္၍ မီးေအးေအးျဖင့္ ၃ မိနစ္ခန႔္ ေၾကာ္ၿပီး ပဲအႏွစ္ကို ဆီစစ္ကာ ပန္းကန္ထဲ ထည့္ထားပါ။
၂။ ခ်င္းကို ပါးပါးလွီးပါ။ အာလူးကို အခြံႏႊာ၍ ေရေဆးၿပီး လက္တစ္ဆစ္ခန႔္ အတုံးေလး
ေတြ လွီးပါ။ ေဂၚဖီထုပ္ကိုလည္း ေလးေထာင့္အကြက္ေလးေတြ ႏႊာ၍ လွီးပါ။ တ႐ုတ္ ၾကက္သြန္ၿမိတ္ကိုလည္း လက္တစ္ဆစ္ခန႔္ အရြယ္ေလးေတြ လွီးထားပါ။
၃။ အိုးထဲ ဆီအနည္းငယ္ထည့္၍ ပါးပါးလွီးထားေသာ ခ်င္းထည့္ၿပီး ဆီသတ္ပါ။ လွီးထားေသာ အသီးအရြက္မ်ားကို ထည့္ၿပီး အနည္းငယ္ ႏြမ္းသြားေအာင္ ေၾကာ္ပါ။ ေၾကာ္ထားေသာ ပဲအႏွစ္မ်ားကို  ထည့္ပါ။ ေရႏွင့္ အရသာအတြက္ ဆား၊ သၾကားႏွင့္ ပဲငံျပာရည္အေနာက္တို့ကို ထည့္ပါ။ ထည့္ထားေသာအရာမ်ား အားလုံး သမေအာင္ ေမႊၿပီး ေကာ္မွုန႔္ကို ေရျဖင့္ ေဖ်ာ္ထည့္၍ ေမႊေပးပါ။ အရသာကို ျမည္းစမ္းၿပီး င႐ုတ္ ေကာင္းမွုန႔္ထည့္ပါ။ ျပဳတ္ထားေသာ ေခါက္ဆြဲကို ပန္းကန္ထဲ ထည့္ထားပါ။ ခ်က္ထား ေသာ ပဲအႏွစ္ကို ေခါက္ဆြဲအေပၚမွာ ေလာင္းခ်ၿပီး သုံးေဆာင္နိုင္ပါၿပီ။
--------------------------
 Htain Lin Maung

No comments: