Monday, July 13, 2020

ကပ်ရောဂါကာလ အလုပ်လျှောက်ကြသောအခါ

ကပ်ရောဂါကာလ အလုပ်လျှောက်ကြသောအခါ


အလုပ်လက်မဲ့သူတို့ရဲ့ကမ္ဘာမှာ ကျွန်တော် သူစိမ်းတစ်ယောက်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့လဲ ကိုဗစ်ကြောင့် ဝန်ထမ်းဦးရေလျှော့ချတဲ့အထဲ ပါသွားတဲ့အခါမှာတော့ တခြားလူတွေ အများကြီးနဲ့ယှဉ်ပြီး အလုပ်ရှာရတော့မဲ့အရေးကြောင့် ကျွန်တော် တော်တော်စိတ်အိုက်သွားခဲ့ပါတယ်။ ဒါပေမဲ့လည်း နှစ်ပတ်အတွင်း နိုင်ငံတကာဘဏ်ကြီးတစ်ခုမှာ မန်နေဂျာရာထူးကို ကျွန်တော် ပြန်ရခဲ့ပါတယ်။ အဲဒါ ကျွန်တော်သိပ်တော်လို့များလား။ မဟုတ်လောက်ပါဘူး။ ကျွန်တော့်လို အရည်အချင်းနဲ့အတွေ့အကြုံရှိသူတွေ အများကြီးပါ။ ကျွန်တော်သာသွားတယ်ဆိုတာ အလုပ်ရှာတတဲ့နေရာမှာစနစ်ကျခဲ့လို့ပါပဲ။ ကိုဗစ်ကြောင့် အလုပ်ပြုတ်သွားခဲ့တဲ့ မိတ်ဆွေများအတွက်လဲ ကျွန်တော်ဘယ်လိုလုပ်ခဲ့တယ်ဆိုတာကို မျှဝေသွားချင်ပါတယ်။

၁။ အလုပ်ကို တစ်နေရာတည်း မလျှောက်ပါနဲ့။
သင် နောက်ဆုံးအလုပ်မှာ လုပ်ခဲ့တာတွေအပြင် တခြားသင်လုပ်နိုင်တာတွေကို စဉ်းစားပါ။ သင့်စွမ်းရည်တွေကို စဉ်းစားပါ။ ၀ါသနာအရ လုပ်နေပေမဲ့ ကျွမ်းကျွမ်းကျင်ကျင်ဖြစ်နေတာလေးတွေကိုလည်း ထည့်တွက်ပါ။ အဲဒီမှာတင် သင်လျှောက်လို့ရတဲ့အလုပ်အမျိုးအစားဟာ အများကြီးတိုးလာပါလိမ့်မယ်။ ကျွန်တော့်တုန်းကဆိုရင် LinkedIn တစ်ခုတည်းမှာ အလုပ် ၉ရနေရာ လျှောက်ခဲ့ပါတယ်။ Email တွေ ပို့ထားတာလည်း အများကြီးပါ။

၂။ အလုပ်တောင်းမယ်ဆိုရင် တိတိကျကျပြောခဲ့ပါ။
အလုပ်ရှာနေတဲ့လူတိုင်းက ကိုယ်နဲ့ခင်မင်တဲ့လူတွေနဲ့တွေ့ရင် အလုပ်ရှိရင်ပြောဦးနော်၊ အလုပ်ရှိရင် ကျွန်တော်၊ ကျွန်မကို သတိရနော် ပြောတတ်ကြပါတယ်။ အဲဒါက ဝေ၀ါးနေတဲ့စကားဖြစ်ပြီး သင်ဘာလုပ်တတ်သလဲဆိုတာမပေါ်လွင်တဲ့အတွက် တကယ်အလုပ်ပေါ်လာတဲ့ အခါမှ သင့်အကြောင်းကို သူတို့စဉ်းစားမိဖို့ ဝေးသွားပါလိမ့်မယ်။

သင် အဲဒီလိုမှာထားခဲ့မယ်ဆိုရင် သူတို့ကုမ္ပဏီမှာ ဘာအလုပ်တွေပေါ်တတ်သလဲ၊ ဘယ်လိုနေရာတွေလွတ်နိုင်မလဲ၊ အဲဒါတွေနဲ့ကိုက်ညီ တဲ့ အရည်အချင်း သင့်မှာဘာတွေရှိသလဲလေ့လာပြီး ဘယ်လိုအလုပ်ဆိုရင်တော့ သင်ကျွမ်းကျွမ်းကျင်ကျင်လုပ်နိုင်တဲ့အတွက် နေရာလွတ်ရင် ခေါ်ပေးပါဆိုတာကို ထိရောက်တဲ့လူကိုပြောထားခဲ့ဖို့လိုပါမယ်။

၃။ မြန်မြန်ဆန်ဆန်လှုပ်ရှားပါ ဒါပေမဲ့ ရိုးရိုးရှင်းရှင်းပြောပါ။
၂၀၁၅ခုနှစ်တုန်းက ကျွန်တော်အလုပ်လုပ်နေတဲ့ FM Radio ပိတ်သွားပါတယ်။ ကျွန်တော့်လုပ်ဖော်ကိုင်ဖက်တွေက ရှစ်ယောက်ဆိုတော့ ကျွန်တော်တို့ ကိုးယောက်က ချက်ချင်းကြီး အလုပ်လက်မဲ့ဖြစ်သွားပါတယ်။ လုပ်တတ်တဲ့ အလုပ်ချင်းကလဲတူနေတော့ ကျွန်တော်တို့ အလုပ်သွားရှာတဲ့နေရာချင်း တူနေတော့တာပေါ့။ ခုနကပဲ တစ်ယောက်လာမေးသွားသေးတယ်။ လူမလိုသေးဘူးနော်ဆိုတဲ့စကားကို တစ်ကြိမ်ထက်ပိုကြားလာရတယ်။ ဒီတော့ လမ်းကြောင်းပြောင်းရတာပေါ့။ ကျွန်တော့်လုပ်ဖော်ကိုင်ဖက်တွေက မန်နေဂျာတွေကို ထမင်း ဖိတ်ကျွေးပြီး အလုပ်တောင်းကြတယ်။ ကျွန်တော်ကတော့ ရိုးရိုးအလုပ်လျှောက်မနေဘဲ မန်နေဂျာနဲ့တွေ့ဆုံခွင့်တိုက်ရိုက်တောင်းလိုက် တယ်။ တစ်ယောက်နဲ့အဆင်ပြေသွားတယ်။ သူ့ဆီမှာတော့ လူမလိုဘူး၊ သူ့ညီမဆီမှာလူလိုတယ်ဆိုပြီး ဆက်သွယ်ပေးတယ်။ ကျွန်တော်လည်း ချက်ချင်းသွားလိုက်တာ အလုပ်ချက်ချင်းခန့်လိုက်တာပဲ။

၄။ သင့်ကိုယ်ပိုင်အတွေးအမြင်ကိုပြောပါ။
အလုပ်လျှောက်တယ်၊ အင်တာဗျူးတယ်၊ မန်နေဂျာကမေးခွန်းမေးတဲ့အခါမှာ သူကြားချင်တာကို ရွေးဖြေတာမျိုးတော့မလုပ်ပါနဲ့။ ကုမ္ပဏီ တစ်ခုက သင့်ကို အင်တာဗျူးခေါ်တယ်ဆိုကတည်းက သင်ဟာအလုပ်အတွက် လိုအပ်တဲ့ အရည်အချင်းပြည့်စုံလို့ဆိုတာ ပေါ်လွင်ပါတယ်။ အဲဒီလိုအရည်အချင်းရှိတဲ့ လူတွေပဲ သူတို့ခေါ်ထားမှာပါ။ တခြားလူတွေနဲ့ သင်နဲ့မတူဘဲ သင်ကပိုသာတယ်ဆိုတာ ပြောနိုင်ဖို့လိုပါတယ်။ အဓိကကတော့ သင့်ရဲ့ Soft Skill လို့ခေါ်တဲ့ စကားပြောဆိုမှု၊ ဆက်ဆံရေး၊ တွေးခေါ်မြော်မြင်မှုအစရှိတာတွေဟာ သာလွန်ကောင်းမွန်ကြောင်း သင်ပြောပြနိုင်ရပါမယ်။

အဲဒီလိုပြောတဲ့အခါမှာလည်း အပ်ကြောင်းထပ်နေတဲ့ အသင်းအဖွဲ့နဲ့ပျော်သူပါတို့၊ ဖိအားကိုခံနိုင်ပါတယ်တို့၊ တစ်ယောက်တည်းဆို ပိုတော်တယ်တို့ သွားလုပ်မနေပါနဲ့။ လူတိုင်းဒါပဲလာလာပြောလို့ သူတို့ရိုးနေပြီဖြစ်တဲ့ စကားတွေပါ။ သူတို့ပြောတာကို သေသေချာချာ နားထောင်ပါ။ သေသေချာချာဖြေပါ။ သူတို့ကြိုက်အောင်ဖြေမယ်မဟုတ်ဘဲ သူတို့မကြိုက်လဲကိစ္စမရှိဘူးဆိုတဲ့ ယုံကြည်ချက်နဲ့ ကိုယ့်အတွေးအမြင်တွေကို ထိထိရောက်ရောက်ပြောပြပါ။ လူတစ်ဦးချင်းစီရဲ့ မတူညီတဲ့ ၀ိသေသလက္ခဏာတွေကိုသူတို့ သဘောကျမှာ ဖြစ်ကြောင်း လေ့လာရေးသားတင်ပြလိုက်ရပါတယ်။

TMK

(Zawgyi)

ကပ္ေရာဂါကာလ အလုပ္ေလွ်ာက္ၾကေသာအခါ


အလုပ္လက္မဲ့သူတို႔ရဲ႕ကမၻာမွာ ကၽြန္ေတာ္ သူစိမ္းတစ္ေယာက္ေတာ့ မဟုတ္ပါဘူး။ ဒါေပမဲ့လဲ ကိုဗစ္ေၾကာင့္ ၀န္ထမ္းဦးေရေလွ်ာ့ခ်တဲ့အထဲ ပါသြားတဲ့အခါမွာေတာ့ တျခားလူေတြ အမ်ားၾကီးနဲ႔ယွဥ္ျပီး အလုပ္ရွာရေတာ့မဲ့အေရးေၾကာင့္ ကၽြန္ေတာ္ ေတာ္ေတာ္စိတ္အိုက္သြားခဲ့ပါတယ္။ ဒါေပမဲ့လည္း ႏွစ္ပတ္အတြင္း ႏိုင္ငံတကာဘဏ္ၾကီးတစ္ခုမွာ မန္ေနဂ်ာရာထူးကို ကၽြန္ေတာ္ ျပန္ရခဲ့ပါတယ္။ အဲဒါ ကၽြန္ေတာ္သိပ္ေတာ္လို႔မ်ားလား။ မဟုတ္ေလာက္ပါဘူး။ ကၽြန္ေတာ့္လို အရည္အခ်င္းနဲ႔အေတြ႕အၾကံဳရွိသူေတြ အမ်ားၾကီးပါ။ ကၽြန္ေတာ္သာသြားတယ္ဆိုတာ အလုပ္ရွာတတဲ့ေနရာမွာစနစ္က်ခဲ့လို႔ပါပဲ။ ကိုဗစ္ေၾကာင့္ အလုပ္ျပဳတ္သြားခဲ့တဲ့ မိတ္ေဆြမ်ားအတြက္လဲ ကၽြန္ေတာ္ဘယ္လုိလုပ္ခဲ့တယ္ဆိုတာကို မွ်ေ၀သြားခ်င္ပါတယ္။

၁။ အလုပ္ကို တစ္ေနရာတည္း မေလွ်ာက္ပါနဲ႔။
သင္ ေနာက္ဆံုးအလုပ္မွာ လုပ္ခဲ့တာေတြအျပင္ တျခားသင္လုပ္ႏိုင္တာေတြကို စဥ္းစားပါ။ သင့္စြမ္းရည္ေတြကို စဥ္းစားပါ။ ၀ါသနာအရ လုပ္ေနေပမဲ့ ကၽြမ္းကၽြမ္းက်င္က်င္ျဖစ္ေနတာေလးေတြကိုလည္း ထည့္တြက္ပါ။ အဲဒီမွာတင္ သင္ေလွ်ာက္လို႔ရတဲ့အလုပ္အမ်ိဳးအစားဟာ အမ်ားၾကီးတိုးလာပါလိမ့္မယ္။ ကၽြန္ေတာ့္တုန္းကဆိုရင္ LinkedIn တစ္ခုတည္းမွာ အလုပ္ ၉၇ေနရာ ေလွ်ာက္ခဲ့ပါတယ္။ Email ေတြ ပို႔ထားတာလည္း အမ်ားၾကီးပါ။

၂။ အလုပ္ေတာင္းမယ္ဆိုရင္ တိတိက်က်ေျပာခဲ့ပါ။
အလုပ္ရွာေနတဲ့လူတိုင္းက ကိုယ္နဲ႔ခင္မင္တဲ့လူေတြနဲ႔ေတြ႕ရင္ အလုပ္ရွိရင္ေျပာဦးေနာ္၊ အလုပ္ရွိရင္ ကၽြန္ေတာ္၊ ကၽြန္မကို သတိရေနာ္ ေျပာတတ္ၾကပါတယ္။ အဲဒါက ေ၀၀ါးေနတဲ့စကားျဖစ္ျပီး သင္ဘာလုပ္တတ္သလဲဆိုတာမေပၚလြင္တဲ့အတြက္ တကယ္အလုပ္ေပၚလာတဲ့ အခါမွ သင့္အေၾကာင္းကို သူတို႔စဥ္းစားမိဖို႔ ေ၀းသြားပါလိမ့္မယ္။

သင္ အဲဒီလိုမွာထားခဲ့မယ္ဆိုရင္ သူတို႔ကုမၸဏီမွာ ဘာအလုပ္ေတြေပၚတတ္သလဲ၊ ဘယ္လိုေနရာေတြလြတ္ႏိုင္မလဲ၊ အဲဒါေတြနဲ႔ကိုက္ညီ တဲ့ အရည္အခ်င္း သင့္မွာဘာေတြရွိသလဲေလ့လာျပီး ဘယ္လိုအလုပ္ဆိုရင္ေတာ့ သင္ကၽြမ္းကၽြမ္းက်င္က်င္လုပ္ႏိုင္တဲ့အတြက္ ေနရာလြတ္ရင္ ေခၚေပးပါဆိုတာကို ထိေရာက္တဲ့လူကိုေျပာထားခဲ့ဖို႔လိုပါမယ္။

၃။ ျမန္ျမန္ဆန္ဆန္လႈပ္ရွားပါ ဒါေပမဲ့ ရိုးရိုးရွင္းရွင္းေျပာပါ။
၂၀၁၅ခုႏွစ္တုန္းက ကၽြန္ေတာ္အလုပ္လုပ္ေနတဲ့ FM Radio ပိတ္သြားပါတယ္။ ကၽြန္ေတာ့္လုပ္ေဖာ္ကိုင္ဖက္ေတြက ရွစ္ေယာက္ဆိုေတာ့ ကၽြန္ေတာ္တို႔ ကိုးေယာက္က ခ်က္ခ်င္းၾကီး အလုပ္လက္မဲ့ျဖစ္သြားပါတယ္။ လုပ္တတ္တဲ့ အလုပ္ခ်င္းကလဲတူေနေတာ့ ကၽြန္ေတာ္တို႔ အလုပ္သြားရွာတဲ့ေနရာခ်င္း တူေနေတာ့တာေပါ့။ ခုနကပဲ တစ္ေယာက္လာေမးသြားေသးတယ္။ လူမလိုေသးဘူးေနာ္ဆိုတဲ့စကားကို တစ္ၾကိမ္ထက္ပိုၾကားလာရတယ္။ ဒီေတာ့ လမ္းေၾကာင္းေျပာင္းရတာေပါ့။ ကၽြန္ေတာ့္လုပ္ေဖာ္ကိုင္ဖက္ေတြက မန္ေနဂ်ာေတြကို ထမင္း ဖိတ္ေကၽြးျပီး အလုပ္ေတာင္းၾကတယ္။ ကၽြန္ေတာ္ကေတာ့ ရိုးရိုးအလုပ္ေလွ်ာက္မေနဘဲ မန္ေနဂ်ာနဲ႔ေတြ႕ဆံုခြင့္တိုက္ရိုက္ေတာင္းလိုက္ တယ္။ တစ္ေယာက္နဲ႔အဆင္ေျပသြားတယ္။ သူ႕ဆီမွာေတာ့ လူမလိုဘူး၊ သူ႕ညီမဆီမွာလူလိုတယ္ဆိုျပီး ဆက္သြယ္ေပးတယ္။ ကၽြန္ေတာ္လည္း ခ်က္ခ်င္းသြားလိုက္တာ အလုပ္ခ်က္ခ်င္းခန္႔လိုက္တာပဲ။

၄။ သင့္ကိုယ္ပိုင္အေတြးအျမင္ကိုေျပာပါ။
အလုပ္ေလွ်ာက္တယ္၊ အင္တာဗ်ဴးတယ္၊ မန္ေနဂ်ာကေမးခြန္းေမးတဲ့အခါမွာ သူၾကားခ်င္တာကို ေရြးေျဖတာမ်ိဳးေတာ့မလုပ္ပါနဲ႔။ ကုမၸဏီ တစ္ခုက သင့္ကို အင္တာဗ်ဴးေခၚတယ္ဆိုကတည္းက သင္ဟာအလုပ္အတြက္ လိုအပ္တဲ့ အရည္အခ်င္းျပည့္စံုလို႔ဆိုတာ ေပၚလြင္ပါတယ္။ အဲဒီလိုအရည္အခ်င္းရွိတဲ့ လူေတြပဲ သူတို႔ေခၚထားမွာပါ။ တျခားလူေတြနဲ႔ သင္နဲ႔မတူဘဲ သင္ကပိုသာတယ္ဆိုတာ ေျပာႏိုင္ဖို႔လိုပါတယ္။ အဓိကကေတာ့ သင့္ရဲ႕ Soft Skill လို႔ေခၚတဲ့ စကားေျပာဆိုမႈ၊ ဆက္ဆံေရး၊ ေတြးေခၚေျမာ္ျမင္မႈအစရွိတာေတြဟာ သာလြန္ေကာင္းမြန္ေၾကာင္း သင္ေျပာျပႏိုင္ရပါမယ္။

အဲဒီလိုေျပာတဲ့အခါမွာလည္း အပ္ေၾကာင္းထပ္ေနတဲ့ အသင္းအဖြဲ႔နဲ႔ေပ်ာ္သူပါတို႔၊ ဖိအားကိုခံႏိုင္ပါတယ္တို႔၊ တစ္ေယာက္တည္းဆို ပိုေတာ္တယ္တို႔ သြားလုပ္မေနပါနဲ႔။ လူတိုင္းဒါပဲလာလာေျပာလို႔ သူတို႔ရိုးေနျပီျဖစ္တဲ့ စကားေတြပါ။ သူတို႔ေျပာတာကို ေသေသခ်ာခ်ာ နားေထာင္ပါ။ ေသေသခ်ာခ်ာေျဖပါ။ သူတို႕ၾကိဳက္ေအာင္ေျဖမယ္မဟုတ္ဘဲ သူတို႔မၾကိဳက္လဲကိစၥမရွိဘူးဆိုတဲ့ ယံုၾကည္ခ်က္နဲ႔ ကိုယ့္အေတြးအျမင္ေတြကို ထိထိေရာက္ေရာက္ေျပာျပပါ။ လူတစ္ဦးခ်င္းစီရဲ႕ မတူညီတဲ့ ၀ိေသသလကၡဏာေတြကိုသူတို႔ သေဘာက်မွာ ျဖစ္ေၾကာင္း ေလ့လာေရးသားတင္ျပလိုက္ရပါတယ္။

TMK

No comments: